အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ထမင်းလုံးတစ္ဆေခြောက်ခြင်း

အိပ်ယာဝင်တဲ့အချိန် အိပ်ပျော်ခါနီးဖြစ်နေတဲ့အချိန် အိပ်မက်လိုလိုနဲ့ ချောက်ထဲလိုမျိုး တစ်ခုခုထဲကျသွားသလိုဖြစ်ပြီး ရင်ထဲမှာအေးခနဲဖြစ်သွား၊ ပြီးရင် ခန္တာကိုယ်မှာရှိတဲ့ ကြွက်သားတွေ ရုတ်တရက် ဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားတာမျိုး လူတိုင်းနီးပါးဖြစ်ဖူးတတ်ပါတယ်။ ဒါဟာ Hypnogogic jerk အရပ်အခေါ်အဝေါ်အရတော့ ထမင်းလုံးတစ္ဆေခြောက်ခြင်းပဲ ဖြစ်ပါသည်။ အိပ်ပျော်ခါနီးအချိန်မှာ ပြုတ်ကျသလိုခံစားရပါတယ်။ အဲဒီနောက် တကိုယ်လုံးဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားပါတယ်။ အဲလိုမျိုးအဖြစ်အပျက်ကို Hypnogogic jerk လို့ခေါ်ပါတယ်။ ဖြစ်နိုင်ချေရှိတာတော့ စိတ်ဖိစီးမှုတွေ၊ ကဖင်းနဲ့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မအိပ်ခင်လုပ်ထားရတာတွေနဲ့သက်ဆိုင်ပါတယ်။ သူလည်းလူဦးရေရဲ့ ၇၀ရာခိုင်နှုန်းလောက်ဖြစ်တတ်တယ်လို့ဆိုပါတယ်။   အိပ်ပျော်ခါနီးအချိန်မှာ တကိုယ်လုံးမှာရှိတဲ့ လူရဲ့ကြွက်သားတွေပါာ ဖြေလျော့ပြီး အနားယူသွားပါတယ်။ အဲဒါကိုဦးနှောက်က နားလည်မှုလွဲသွားပါတယ်။ ဦးနှောက်က အဲလိုကြွက်သားတွေဖြေလျော့ပြီး အနားယူသွားတယ်လို့မထင်ဘဲ တင်းတင်းရင်းရင်းရှိမနေတော့တဲ့အတွက် ခန္ဒါကိုယ်ကြီးပြုတ်ကျသွားတယ်လို့ ဘာသာပြန်လိုက်ပါတယ်။ အဲလိုဘာသာပြန်ရုံတင်မကဘဲ ခန္ဒါကိုယ်ကိုလည်း ပြုတ်ကျတာကို တုန့်ပြန်မှုတွေလုပ်ဖို့စေခိုင်းလိုက်ပါတယ်။ အဲဒီအတွက် ခန္ဒါကိုယ်ကကြွက်သားတွေကလည်း balance ကိုထိန်းဖို့အတွက်ဦးနှောက်ပြောတဲ့အတိုင်း လိုက်လုပ်လိုက်ပါတယ်။   အဲဒီအတွက်ကြောင့် […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

ဘီလူးစီးခြင်း

ဘီလူးစီးတယ်ဆိုတာကိုယ်တိုင်မကြုံဖူးရင်တောင် လူတိုင်းကြားတော့ကြားဖူးလိမ့်မယ်ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေလက်တွေလှုပ်မရ၊ အော်မရပါစ်မရနဲ့ အတော်ကြီးကိုစိတ်ဒုက္ခရောက်ရတဲ့အချိန်ပါ။ အင်္ဂလိပ်လို Sleep Paralysis လို့ခေါ်ပြီးမြန်မာလိုဘီလူးစီးတယ်လို့ခေါ်တဲ့အခြေအနေတစ်ရပ်ကို တစ်ခါလောက်ကြုံဖူးသွားတာနဲ့ နောက်ထပ်ကြုံဖို့လန့်သွားလောက်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။ Sleep Paralysis ကိုနှစ်မျိုးခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာကလူတိုင်းဖြစ်နိုင်ပေမယ့် RISP ဆိုတာကတော့ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့မူမမှန်တဲ့ရောဂါတစ်မျိုးမျိုးရှိနေသူတွေမှာသာ ပိုဖြစ်တတ်ပါတယ်။ ISP ကလူတစ်ယောက်တစ်သက်မှာ တစ်ခါလောက်ပဲကြုံတတ်ပါတယ်။ RISP ကတော့ခဏခဏပြန်ဖြစ်နေတာပါ။ မြန်မာလိုပြောရရင်တော့ ဘီလူးစီးတယ်ဆိုတာက သာမန်လူမှာဆိုရင် တစ်သက်မှာတစ်ခါလောက်ပဲကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ရောဂါရှိသူတွေမှာဆိုရင် ခဏခဏဖြစ်နိုင်ပါတယ်။ တစ်ညတည်းကိုပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေရှိပါတယ်။ ဘီလူးစီးတာဘာဖြစ်လို့ဖြစ်ရတာလဲဆိုတာကို ဖြေရှင်းဖို့ကတော့ အတော်လက်ဝင်ပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်လည်းဆိုတဲ့ အဖြေအတိအကျတော့မရှိဘဲ သီအိုရီသဘောတရားအရပဲရှိပါသေးတယ်။ လူတစ်ယောက်ရဲ့အိပ်စက်ခြင်းကို REM […]


ညအိပ်မပျော်ခြင်း

ဇီးကွက်နဲ့ ကျန်းမာရေး

ဇီးကွက်နဲ့ ကျန်းမာရေး ခေါင်းစဉ်ကြည့်လိုက်ရင် ရုတ်တရက်ကြောင်သွားပြီး ဘာပါလိမ့်လို့ တွေးမိကြပါလိမ့်မယ်။ တကယ်တမ်း ပြောချင်တာကတော့ ဇီးကွက်ဆိုတာ ညဉ့်နက်မှ(လင်းအားကြီးမှ)အိပ်ပြီး မနက်အတော်နောက်ကျမှ ထတဲ့ပုဂ္ဂိုလ်တွေကို တင်စားပြောချင်တာပါ။ ဒီဖက်ခေတ်မှာ ဖျော်ဖြေရေးကိစ္စတွေကလည်း များလာတာနဲ့အမျှ လင်းအားကြီးတဲ့အထိ မအိပ်ဘဲ ဂိမ်းဆော့သူတွေ၊အင်တာနက်သုံးသူတွေ၊ဒေါင်းလုတ်ဆွဲသူတွေ၊ရုပ်ရှင်ကြည့်သူတွေ၊(ညဉ့်နက်မှ အင်တာနက်ကောင်းလို့) အလုပ်ကြိုးစားလုပ်သူတွေ၊စာအုပ်ဖတ်သူတွေစသဖြင့် ဇီးကွက်ဂိုဏ်းဝင်တွေက ပိုပိုများလာပါတယ်။ အထူးသဖြင့်တော့ လူငယ်တွေပေါ့။ ဒီနေရာမှာ ပြောစရာရှိလာတာတခုက စောစောအိပ်စောစောထသူတွေ နဲ့ ခုနင်ကပြောတဲ့ နောက်ကျမှအိပ်ပြီး နောက်ကျမှအိပ်ယာထတဲ့ ဇီးကွက်တွေ .... ဒီ အုပ်စုနှစ်စုမှာ ဘယ်အုပ်စုရဲ့ အလေ့အထက ကျန်းမာရေးနဲ့ ပိုမိုညီညွတ်သလဲ ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးကြပါမယ်။ နောက်ဆုံးလေ့လာတွေ့ရှိချက်တခုအရ ညဉ့်နက်မှအိပ်ပြီး နေမြင့်မှ အိပ်ယာထတတ်သူတွေဟာ စောစောအိပ် စောစောထလေ့ရှိသူတွေထက် အသက်တိုနိုင်ချေ တစ်ဆယ်ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့နေ့စဉ်ပုံမှန်အသုံးပြုနေကျ အချိန်ကို ဖော်ပြတဲ့ နာရီရှိသလို လူ့ခန္ဓါကိုယ်ထဲမှာလည်း […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကောင်းကောင်းအိပ်ပျော်အောင် ညအိပ်ယာမဝင်ခင် ဘာတွေစားမလဲ

ညဘက်မှာ ဘာကြောင့်မှန်းမသိဘဲ အိပ်မပျော်တာတွေ ရှိသလို အတွေးတွေ လွန်ပြီး အိပ်မပျော်တာတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ လူတစ်ယောက်ဟာ ကျန်းမာရေး ကောင်းမွန်နေစေဖို့အတွက် အိပ်ချိန် လိုအပ်ပါတယ်။ အိပ်ရေးဝဝ အိပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလိုဆိုရင်တော့ ညဘက်အိပ်ပျော်စေနိုင်မယ့် နည်းလမ်းတွေကို လုပ်ဆောင်ရမှာ ဖြစ်သလို အိပ်ပျော်ဖို့ အစားအစာတွေလည်း စားပေးရပါမယ်။ ဗာဒံစေ့ ဗာဒံစေ့ကတော့ ညဘက်အိပ်မပျော်တဲ့သူတွေ စားပေးသင့်တဲ့ အစေ့အဆံ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဗာဒံစေ့မှာ ဖော့စဖော့ရပ်၊ မဂ္ဂနီဆီယမ်တွေ လုံလုံလောက်လောက် ပါဝင်တာကြောင့် နာတာရှည်ရောဂါတွေ ဖြစ်တဲ့ ဆီးချိုရောဂါနဲ့ နှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့ပြင် အမျှင်ဓါတ်လည်း ပါဝင်တာမို့ အဆီလည်း နည်းပါတယ်။ အဓိကကတော့ ဗာဒံစေ့ တစ်အောင်စမှာ ခန္ဓါကိုယ်က လိုအပ်တဲ့ မဂ္ဂနီဆီယမ် (၁၉%) ကို ပေးစွမ်းနိုင်တာကြောင့် အိပ်ပျော်စေပါတယ်။ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်မပျော်ခြင်းဝေဒနာကို ကုစားသက်သာပေးနိုင်မယ့် နည်းလမ်းများ

လူရယ်လို့ ဖြစ်လာပြီဆိုရင် လူတစ်ခု ပူမှုရယ် ဆယ်ကုဋေဆိုသလို ဆင်လည်းဆင့်အထွာ၊ မြင်းလည်း မြင်းအထွာ ရုန်းရကန်ရ လှုပ်ရှားရပါတယ်။ ပညာရှာသူဆိုလည်း ကျောင်းစာတွေ၊ စာမေးပွဲတွေကြောင့်ပူရ၊ စီးပွားရှာသူဆိုလည်း တွက်ရချက်ရ၊ တွေးရတောရ၊ ကြင်ယာရှာသူဆိုလည်း အချစ်စိတ်တွေတက်ရ၊ လွမ်းရဆွေးရနဲ့ စိတ်ဖိစီးမှုတွေကို အနည်းနဲ့အများဆိုသလို ခံစားရတတ်ပါတယ်။ အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေ အများကြီးထဲမှာမှ ဒီစိတ်ဖိစီးမှုဆိုတဲ့အချက်ဟာ ထိပ်ဆုံးမှာ ပြိုင်ဖက်မရှိ ရပ်တည်နေပါတယ်။ ဒါကြောင့် အရွယ်သုံးပါးမရွေး တချိန်ချိန်မှာ ခံစားရလာနိုင်တဲ့ အိပ်မပျော်ခြင်းဝေဒနာကို ကုစားသက်သာပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။   ၁။ အိပ်ရာထဲမှာပဲ ပေကပ်မနေပါနဲ့။ သန်းခေါင်ယံညနက် ကျော်လွန်လာချိန်ထိ အိပ်လို့ရယ်မှ မပျော်နိုင်သေးဘဲ တလူးလူးတလွန့်လွန့်နဲ့ ဖြစ်နေပါသလား။ အိပ်ယာဝင်ပြီး နာရီဝက်၊ တစ်နာရီကြာပြီးတဲ့အထိ မကျိန်းစက်နိုင်သေးဘူးလား။ ဒါဆိုရင် အိပ်ရာထဲမှာပဲ ငြူစူငုတ်တုတ်ကြီး ထိုင်မနေ၊အိပ်မနေပါနဲ့တော့။ အိပ်ရာထဲက ခဏထပြီး စာအုပ်ဖတ်တာပဲဖြစ်ဖြစ်၊ သာယာငြိမ့်ညောင်းတဲ့ […]


ညအိပ်မပျော်ခြင်း

အိပ်မပျော်သော စိတ္တဇညများ

လူအများစုမဟုတ်တောင် အတော်များများကတော့ ဘဝတကွေ့ တစ်ချိန်မဟုတ် တစ်ချိန်မှာ အိပ်၍မပျော်သော ညညသံသရာလည်တတ်ကြဖူးမှာပါ။ ကိုယ်က အိပ်ပျော်အောင် အိပ်ပစ်ချင်လေ ပိုပြီးအိပ်မပျော်လေနဲ့ ဘယ်ညာလူးလွန့်လိုက် ခေါင်းအုံးကို ထုလိုက်နဲ့ မိုးစင်စင်လင်းသွားခဲ့တဲ့ ညတွေကိုလည်း ကြုံကောင်းကြုံခဲ့ရမှာပါ။ အခု ဆောင်းပါးလေးမှာတော့ အိပ်မပျော်ခြင်းနဲ့ ပတ်သက်ပြီး လူတွေ အယူအဆမှားတတ်လေ့ရှိတဲ့ အချက်တွေကို ပြောပြသွားပါမယ်။ ၁။ မအိပ်ခင်လေး တစ်ခွက်တစ်ဖလား ကစ်လိုက်ရင် ကောင်းကောင်းအိပ်ပျော်သတဲ့။ မဟုတ်ပါဘူး။ သောက်လိုက်ရင် မူးမူးနဲ့ အိပ်ပျော်သွားမယ်ထင်ပေမယ့် တကယ်တမ်းကျတော့ သင့်အနေနဲ့ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ဘဲ အိပ်တစ်ဝက်နိုးတစ်ဝက် ဂဏှာမငြိမ်ဖြစ်နေမှာဖြစ်ပြီး မနက်ကျရင်လည်း အစောကြီးနိုးနေမှာဖြစ်တာကြောင့် ကြည်ကြည်လင်လင် ရှိမှာ မဟုတ်ပါဘူး။ ၂။ စိတ်ပိုင်းဆိုင်ရာ ကိစ္စတစ်ခုတည်းကြောင့်ပဲ အိပ်မပျော်တာ။ မဟုတ်ပါဘူး။ စိုးရိမ်သောကတွေ၊ ပူပန်ကြောင့်ကျမှုတွေကြောင့် အိပ်မပျော်ဘူးဆိုတာလည်း မှန်တော့မှန်ပါတယ်။ ရှင်းရှင်းပြောရရင် လူတွေ အိပ်မပျော်ကြရခြင်းရဲ့ နံပါတ်တစ် အကြောင်းရင်းက […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

Nightmare Disorder (အိပ်မက်ဆိုးဝေဒနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်။အိပ်မက်ဆိုးဝေဒနာဆိုတာဘာလဲ။   အိပ်မက်ဆိုးဆိုတာ စိုးရိမ်ကြောင့်ကြမှု၊ ကြောက်ရွံ့မှု စတဲ့ မကောင်းတဲ့စိတ်ခံစားချက်တွေနဲ့ ဆက်စပ်ဖြစ်ပေါ်တဲ့၊ သင့်ကို အိပ်ပျော်နေရာက လန့်နိုးစေနိုင်လောက်တဲ့အထိ အနှောင့်အယှက်ပေးတဲ့ အိပ်မက်ကို ဆိုလိုပါတယ်။ တကယ်လို့ သင်ဟာ မကြာခဏဆိုသလို အိပ်မက်ဆိုးတွေမက်မယ်၊ ကောင်းကောင်း အိပ်မပျော်နိုင်ဘဲဖြစ်မယ်၊ နောက်ဆက်တွဲအနေနဲ့ နေ့ဘက် အလုပ်လုပ်ရာမှာ အနှောင့်အယှက်ဖြစ်လာမယ် ဒါမှမဟုတ် အိပ်ရမှာတောင် ထိတ်လန့်လာမိတယ် ဆိုရင်တော့ ဒါကို အိပ်မက်ဆိုးဝေဒနာလို့ ခေါ်ရမှာဖြစ်ပါတယ်။   အိပ်မက်ဆိုးဝေဒနာဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။   အိပ်မက်ဆိုးမက်တာက အလွန်အဖြစ်များပေမယ့် အိပ်မက်ဆိုးဝေဒနာကတော့ အဖြစ်နည်းပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး ကလေးငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ရံဖန်ရံခါ အိပ်မက်ဆိုးမက်တာမျိုးကတော့ စိုးရိမ်စရာမရှိတာ များပါတယ်။   အသက် ၃နှစ်ကနေ ၆နှစ်အရွယ်ကြားမှာ အိပ်မက်ဆိုးမက်တာ စဖြစ်လေ့ရှိပြီး အသက် ၁၀နှစ်ကျော်လာရင် တဖြည်းဖြည်း အကြိမ်ရေနည်းလာမှာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်နဲ့ လူငယ်ဘဝမှာ မိန်းကလေးတွေက ယောက်ျားလေးတွေထက်စာရင် အိပ်မက်ဆိုး […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ) ကဘာလဲ။ ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ဟာ အိပ်စက်စဉ် ကြုံတွေ့ရတဲ့ပြသနာဖြစ်ပြီး အိပ်နေရာကနေ လန့်နိုးလာတတ်ပါတယ်။ ဒီပြသနာခံစားနေရသူများဟာ ခုခံမလား ထွက်ပြေးမလား စတဲ့စနစ် ဖြစ်ပေါ်လာခြင်းကို ကြုံတွေ့ရပါတယ်။ ကလေးတွေဆိုရင် ငိုယိုအော်ဟစ်ပြီး နိုးလာတတ်ပါတယ်။ ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်းဟာ အိပ်မောအကျဆုံး အချိန်မှာဖြစ်ပြီး အိပ်စက်မှုစက်ဝန်းရဲ့ ပထမတပိုင်းမှာ ဖြစ်တတ်ပါတယ်။ သူဟာ အိပ်မက်ဆိုးများမက်ခြင်းနဲ့ မတူပါဘူး။ ဘီလူးစီးခံရချိန်မှာ လူဟာ အိပ်တဝက်နိုးတဝက်ဖြစ်နေပြီး ပတ်ဝန်းကျင်ကို မသိဘဲ ရှိတတ်ပါတယ်။ နိုးလာရင်လည်း ဘာဖြစ်ခဲ့တယ်ဆိုတာ မမှတ်မိပါဘူး။ Night Terrors (ညအိပ်ရာဝင်ချိန် ဘီလူးစီးခံရခြင်း ) က ဘယ်လောက်အဖြစ်များသလဲ သိပ်တော့မတွေ့ရပါဘူး။ အသက် ၁၂နှစ်အောက် ကလေးတွေမှာတော့ အဓိကဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့ကလေးတွေမှာ အိပ်နေစဉ်ယောင်ပြီး လမ်းလျှောက်တတ်တာမျိုးလည်း တွေ့ရတတ်ပါတယ်။ ကလေးတွေမှာ ၆.၅%လောက် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

REM sleep behavior disorder (REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်REM sleep behavior disorder (REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း ) ကဘာလဲ။ အိပ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ REM, rapid eye movement အချိန်မှာ မျက်လုံးဟာ အလျင်အမြန်ရွေ့လျားပြီး အသက်ရှူမမှန်တာ၊ သွေးပေါင်တက်တာနဲ့ ကြွက်သားများအားလျော့တာတွေ ဖြစ်လာပါတယ်။ သို့သော် ဦးနှောက်ကတော့ တက်ကြွနေပြီး REM အချိန်မှာ ဦးနှောက်အလုပ်လုပ်ပုံကို EEG နဲ့ မှတ်တမ်းတင်ကြည့်လျှင် နိုးနေချိန်နဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။ အများအားဖြင့် REM အချိန်မှာ အိပ်မက်မက်တတ်ပါတယ်။ အိပ်ချိန်စုစုပေါင်းရဲ့ ၂၀-၂၅%ဟာ REM ဖြစ်ပါတယ်။ REM အချိန် အိပ်မက်ယောင်ပြီး လှုပ်ရှားခြင်း (RBD)မှာ ပုံမှန် REM အချိန်မှာ ဖြစ်တတ်တဲ့ ကြွက်သားအားလျော့ခြင်း မရှိတဲ့အတွက် ထိုလူမှာ အိပ်မက်ထဲကအတိုင်း […]


အိပ်စက်ခြင်း

Sleep deprivation (အိပ်ရေးပျက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sleep deprivation (အိပ်ရေးပျက်ခြင်း) ကဘာလဲ။ အိပ်ရေးပျက်တယ်ဆိုတာ လိုအပ်တဲ့ အိပ်စက်မှုမရရှိတာကို ခေါ်တာပါ။ Sleep deprivation (အိပ်ရေးပျက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အိပ်ရေးပျက်တဲ့ဒဏ်ကို အသက်ကြီးတဲ့လူတွေက ခံနိုင်ရည်ရှိကြပြီး ကလေးတွေ၊ လူငယ်တွေကတော့ ခံနိုင်ရည်မရှိကြပါဘူး။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများSleep deprivation (အိပ်ရေးပျက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အိပ်ရေးပျက်ခြင်းရဲ့လက္ခဏာတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ သန်းခြင်း စိတ်အပြောင်းအလဲလွယ်ခြင်း ပင်ပန်းနွမ်းနယ်ခြင်း စိတ်ရှုတ်ခြင်း စိတ်ဓါတ်ကျခြင်း အတွေးအမြင်အသစ်တွေကိုလေ့လာရခက်ခဲခြင်း မေ့တတ်ခြင်း အာရုံမစိုက်နိုင်ခြင်း တုန်တုန်ရီရီဖြစ်ခြင်း အစာစားချင်စိတ်များခြင်း၊ ကာဗွန်ဟိုက်ဒရိတ်အစားအစာများကို တောင့်တခြင်း လိင်စိတ်နည်းပါးခြင်း အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နှင့်တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။ အကြောင်းရင်းများSleep deprivation (အိပ်ရေးပျက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ကိုယ့်ဘာသာအိပ်ချိန်ကိုနည်းပါးစေခြင်း အချို့ချို့သောသူတွေဟာ အိပ်စက်ခြင်းကို အချိန်ဖြုန်းတာလို့ သတ်မှတ်ကြပြီး ဖျော်ဖြေရေးတွေ၊ စာလုပ်ဖို့တွေနဲ့ ပိုက်ဆံတွေရှာဖွေဖို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း