brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ထမင်းလုံးတစ္ဆေခြောက်ခြင်း

အိပ်ယာဝင်တဲ့အချိန် အိပ်ပျော်ခါနီးဖြစ်နေတဲ့အချိန် အိပ်မက်လိုလိုနဲ့ ချောက်ထဲလိုမျိုး တစ်ခုခုထဲကျသွားသလိုဖြစ်ပြီး ရင်ထဲမှာအေးခနဲဖြစ်သွား၊ ပြီးရင် ခန္တာကိုယ်မှာရှိတဲ့ ကြွက်သားတွေ ရုတ်တရက် ဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားတာမျိုး လူတိုင်းနီးပါးဖြစ်ဖူးတတ်ပါတယ်။ ဒါဟာ Hypnogogic jerk အရပ်အခေါ်အဝေါ်အရတော့ ထမင်းလုံးတစ္ဆေခြောက်ခြင်းပဲ ဖြစ်ပါသည်။

ထမင်းလုံးတစ္ဆေခြောက်ခြင်း

အိပ်ပျော်ခါနီးအချိန်မှာ ပြုတ်ကျသလိုခံစားရပါတယ်။ အဲဒီနောက် တကိုယ်လုံးဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားပါတယ်။ အဲလိုမျိုးအဖြစ်အပျက်ကို Hypnogogic jerk လို့ခေါ်ပါတယ်။ ဖြစ်နိုင်ချေရှိတာတော့ စိတ်ဖိစီးမှုတွေ၊ ကဖင်းနဲ့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မအိပ်ခင်လုပ်ထားရတာတွေနဲ့သက်ဆိုင်ပါတယ်။ သူလည်းလူဦးရေရဲ့ ၇၀ရာခိုင်နှုန်းလောက်ဖြစ်တတ်တယ်လို့ဆိုပါတယ်။

အိပ်ပျော်ခါနီးအချိန်မှာ တကိုယ်လုံးမှာရှိတဲ့ လူရဲ့ကြွက်သားတွေပါာ ဖြေလျော့ပြီး အနားယူသွားပါတယ်။ အဲဒါကိုဦးနှောက်က နားလည်မှုလွဲသွားပါတယ်။ ဦးနှောက်က အဲလိုကြွက်သားတွေဖြေလျော့ပြီး အနားယူသွားတယ်လို့မထင်ဘဲ တင်းတင်းရင်းရင်းရှိမနေတော့တဲ့အတွက် ခန္ဒါကိုယ်ကြီးပြုတ်ကျသွားတယ်လို့ ဘာသာပြန်လိုက်ပါတယ်။ အဲလိုဘာသာပြန်ရုံတင်မကဘဲ ခန္ဒါကိုယ်ကိုလည်း ပြုတ်ကျတာကို တုန့်ပြန်မှုတွေလုပ်ဖို့စေခိုင်းလိုက်ပါတယ်။ အဲဒီအတွက် ခန္ဒါကိုယ်ကကြွက်သားတွေကလည်း balance ကိုထိန်းဖို့အတွက်ဦးနှောက်ပြောတဲ့အတိုင်း လိုက်လုပ်လိုက်ပါတယ်။

အဲဒီအတွက်ကြောင့် ကျနော်တို့ပြုတ်ကျသလို ရင်ထဲမှာအေးသွားပြီး ကြွက်သားတွေအလုပ်ပြန်လုပ်သွားတဲ့အတွက် ဆတ်ခနဲ့တုန်ပြီး လန့်နိုးသွားတတ်တာဖြစ်ပါတယ်။ သာမန်ဖြစ်တတ်ပေမယ့် မူးယစ်ဆေးတွေဖြစ်တဲ့ မော်ဖင်း၊ ပါီရိုအင်း၊ မက်သဒုန်း စတဲ့ဆေးဝါးတွေအသုံးပြုသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီလိုမျိုး Hypnogogoic jerk ပါာ အိပ်ပျော်ဖို့ခက်တဲ့သူတွေ၊ အိပ်ယာသက်တောင့်သက်သာမရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အထူးသဖြင့် မအိပ်မနေ အလုပ်လုပ်နေရတဲ့သူတွေ(စာမေးပွဲနီးလို့ စာကျက်နေရတာမျိုး၊ အလုပ်ပြီးအောင်လုပ်နေရတာမျိုး)မှာဆိုရင် ပြန်အိပ်တဲ့အခါအိပ်ပျော်ခါနီးအချိန်မှာ ဖြစ်တတ်ပါတယ်။

အဲလိုဦးနှောက်ကို အနားမပေးဘဲ အချိန်ကြာကြာခိုင်းထားတဲ့အခါ ဦးနှောက်ကပိုပြီး အမှားအယွင်းတွေဘာသာပြန်လို့ပါ။ ငယ်တဲ့အချိန်မှာပိုဖြစ်တတ်ပြီး အသက်ကြီးလာတာနဲ့အမျှ နည်းသွားတတ်ပါတယ်။ သူ့ရဲ့အကြီးဆုံးဆိုးကျိုးကတော့ အိပ်ရေးပျက်တာဖြစ်ပါတယ်။ ကျနော်လည်း တခါတလေအရမ်းအိပ်ချင်လို့ အိပ်ပျော်ခါနီးမှာအဲလိုမျိုး Hypnogogoic jerk ဖြစ်သွားရင် လန့်နိုးသွားပြီး ပြန်အိပ်ရခက်သွားတတ်ပါတယ်။ အမြဲတမ်းတော့မပါုတ်ပါဘူး။ ဒါပေမယ့်တချို့သူတွေမှာတော့ ခဏခဏဖြစ်တဲ့အခါနောက်ပိုင်း အိပ်ရမှာကိုကြောက်လာပြီး စိတ်ရောဂါလိုမျိုးဖြစ်သွားတတ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Hmwe San Eain · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။