အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

ညအိပ်မပျော်ခြင်း

ညဆိုင်းအလုပ်များ၏ ကျန်းမာရေးအပေါ်သက်ရောက်မှုများ

ညဆိုင်းအလုပ်ဆိုတာဟာ ညဘက်မှာသာအလုပ်လုပ်ရတဲ့ ညအချိန်ပိုင်းအလုပ်ကို ဆိုလိုတာဖြစ်ပါတယ်။ ညဆိုင်းအလုပ်မှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီ ပြင်ပလုပ်ရတဲ့ အလုပ်တွေ ပါဝင်ပါတယ်။ လေ့လာမှုတွေအတော်များများက ညပိုင်းအလုပ်တွေဟာ လူတွေရဲ့ ဘဝကို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေတယ်လို့ ဆိုကြပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာရေးပေါ် ညဆိုင်း အလုပ်လုပ်ခြင်းက ဘယ်လိုအကျိုးသက်ရောက်မှု ရှိလဲဆိုတာဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ မီးသတ်သမား၊ ရဲ၊ သူနာပြု၊ ဆရာဝန်၊ လေယာဉ်မောင်း၊ ကုန်တင်ကား ဒရိုင်ဘာ အစရှိတဲ့သူတွေ လိုမျိုး ညမှာ အလုပ်လုပ်ဖို့ လိုအပ်တဲ့ အလုပ်အမျိုးအစားတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ ညဘက်မှာပဲ အလုပ်လုပ်ရတာသာမက သူတို့အလုပ်ချိန်ဟာ ဒီအတိုင်း သတ်မှတ်ခံထားရပါတယ်။ ညဆိုင်းအလုပ်တွေဟာ နေ့ဘက်အလုပ်တွေထက် အချိန်ပိုပေးကြပြီး လုပ်ခလည်း ပိုရကြပါတယ်။ ဒါပေမယ့် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မနက်ခင်းစောစောထတတ်သည့်အကျင့်ပျိုးထောင်သင့်ပုံ

အကျင့်ပျိုးထောင်သင့်ပုံမနက်အစော အလင်းရောင် မလာသေးခင်အချိန်။ နှိုးစက်သံမြည်လာပြီး နှိုးစက်ကို သင်ပိတ်လိုက်သည်။ ခဏအကြာ သင်ထထိုင်မည်။ သင့်ခြေထောက်များကို အိပ်ရာပေါ်မှ တွဲလောင်းချပြီး သင့်ဖုန်းကိုယူလိုက်မည်။ သင့်ဖုန်းမှအလင်းရောင်သည် သင့်အခန်းကို လင်းသွားစေပေလိမ့်မည်။ သင်ကြားဖူးနေကျ အကြောင်းအရာဖြစ်သော်လည်း ရိုးသားစွာဝန်ခံရလျှင် မနက်စောစောထခြင်းသည် ကျွန်ုပ်တို့အတွက် လွယ်ကူသည်တော့မဟုတ်ပါ။ ၁ နေ့လျှင် ၁ နာရီ လျှော့ချပါသင့်အနေဖြင့်စောစီးစွာနိုးထလိုလျှင် မလိုအပ်သောညနေခင်းအလုပ်များကို လျှော့သင့်ကြောင်း ဒေါက်တာမာ့ခ်စ်ကပြောသည်။ သင့်အနေဖြင့် ထိုကဲ့သို့ပြုလုပ်ရန် ခက်ခဲမည်ကို ကျွန်ုပ်တို့သိပါသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် မိမိတို့ပြုလုပ်ရမည့် အလုပ်များအတွက် အချိန်ပိုလျှံနေသည်ဟု တွက်မိတတ်သည်။ အစီအစဉ်ဆွဲပါအိပ်ရေးဝမှကောင်းစွာ နိုးထနိုင်မည် ဖြစ်သည်။ မအိပ်ခင်နိုးစက် နာရီပေးနေရခြင်းသည် သင်ကောင်းစွာအိပ်ရေးမဝခြင်းကို ညွှန်ပြနေသည်ဟု အမေရိကန်အိပ်စက်ခြင်း ဆေးပညာကျောင်းမှ အကြီးအကဲ Nathaniel Watson က ဆိုပါသည်။ “သင့်အနေဖြင့် ကောင်းစွာအိပ်ရေးဝခဲ့လျှင် နှိုးစက်မလိုဘဲ သင်နိုးထနိုင်လိမ့်မည်။” ကြားလိုက်ရုံဖြင့် လွယ်ကူဟန်ရှိသော်လည်း […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

နေ့လယ်နေ့ခင်း အချိန်ကြာကြာ အိပ်စက်ခြင်းက ဆီးချိုသွေးချိုရောဂါကိုဖြစ်စေနိုင်ပါသည်

ရောဂါဖြစ်စေမှုနေ့လယ်ခင်းတစ်ရေးတမော အိပ်စက်ခြင်းက နွမ်းနယ်မှုကိုလျှော့ချ၍ လန်းဆန်းစေပြီး နေ့တစ်နေ့၏ ကျန်ရှိသောအချိန်များတွင် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ရလွယ်ကူသွက်လက်စေသည်။ သို့သော်လည်း နေ့လယ်ခင်းအိပ်စက်သည့်ကြာချိန်ပေါ်မူတည်၍ အကျိုးကျေးဇူးများလည်းကွာခြားနိုင်ပါသည်။ နေ့လယ်ခင်းအိပ်စက်ရန် အသင့်တော်ဆုံးကြာချိန်စာရေးဆရာဒေါက်တာ YamadaTumatride က လေ့လာချက်အတော်များများတွင် နာရီဝက်လောက် နေ့လယ်ခင်းအိပ်စက်ပါက လန်းဆန်းမှုနှင့် ကိုယ်လက်လှုပ်ရှားမှုများသွက်လက်စေနိုင်သည် ဟုဆိုသည်။ သို့သော်လည်း မိနစ်သုံးဆယ် ၊ နာရီဝက်ထက်ပိုမိုကြာမြင့်အောင်အိပ်စက်ပါက Sleep inertia ဟုခေါ်သောအိပ်စက်ခြင်းမှ နိုးမထချင်သည့် ဖြစ်စဉ်ဖြစ်ပေါ်လာပြီး ကိုယ်လက်နုံးချိခြင်း ၊ ဇဝေဇဝါဖြစ်ခြင်းနှင့် အိပ်ငိုက်ခြင်းတို့ကို ဖြစ်စေပါသည်။ နေ့လယ်ခင်းကြာမြင့်စွာ အိပ်စက်ခြင်းသည် ရေရှည်တွင်ကောင်းကျိုးမပေးသဖြင့် မပြုလုပ်သင့်ပါ။ အိပ်ရေးမဝတတ်သဖြင့် ဗိုက်ဆာခြင်းနှင့် ကစီဓာတ်တို့ကို ချေဖျက်သောလုပ်ငန်းများ ကမောက်ကမဖြစ်ခြင်းအပြင် စိတ်ဖိစီးမှုဆိုင်ရာဟော်မုန်းများထွက်ခြင်းတို့ကိုလည်းဖြစ်စေနိုင်သည်။ သို့ဆိုလျှင် အကျိုးကျေးဇူးကောင်းများရရှိရန် နေ့လယ်ခင်းအိပ်ချိန်ကိုမည်သို့သတ်မှတ်သင့်သနည်း။ ယေဘုအားဖြင့် တအောင့်မှေးစက်ပြီး လန်းဆန်းစွာနိုးထချိန်ကိုယူသင့်သည်။ မိနစ် ၂၀ ခန့်ဆိုလျှင်လုံလောက်နိုင်ပါသည်။ ထိုသို့မှေးစက်ပြီးလျှင်သင့်အနေဖြင့်လန်းဆန်းစွာနိုးထပြီးကျန်ရှိနေသေးသောအလုပ်တာဝန်များကိုသွက်လက်စွာလုပ်ဆောင်နိုင်ပေသည်။ နေ့လယ်နေ့ခင်းကြာမြင့်စွာအိပ်စက်ပါကဆီးချိုသွေးချိုရောဂါဖြစ်စေနိုင်ပုံတိုကျိုတက္ကသိုလ်မှ သုတေသီများ၏အဆိုအရ နေ့လယ်ခင်းတွင် ၁ နာရီထက်ပို၍အိပ်စက်ပါကအမျိုးအစား […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဘက်ကောင်းကောင်းအိပ်တာကြောင့် ရရှိမယ့် အကျိုးထူးအချို့

ညဘက်မှာကောင်းမွန်စွာအိပ်စက်မှုက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါအရေးပါတဲ့အရာတစ်ခုပါ။ ကောင်းမွန်စွာအိပ်စက်အနားယူမှုကို ဘယ်တော့မှ ခပ်ပေါ့ပေါ့လေးမတွေးလိုက်ပါနဲ့။ လူတစ်ယောက်အတွက် ကောင်းမွန်စွာ အိပ်စက်အနားယူမှုက လုပ်သင့်တဲ့အရာတစ်ခုဆိုတာထက်ပိုတဲ့ မရှိမဖြစ်အရေးပါတဲ့ အရာတစ်ခုပါ။ ဒါကြောင့် လူတိုင်းအတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေဖို့အတွက် အရေးပါတဲ့ ပြည့်ဝတဲ့အိပ်စက်ခြင်းကနေ ရရှိနိုင်မယ့် အကျိုးထူးတွေကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ၁. စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်တယ် ပြည့်ဝတဲ့အိပ်စက်မှုကိုမရရှိဘူးဆိုရင် ခန္ဓာကိုယ်က စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပြီး စိတ်ဖိစီးမှုတွေ ကိုခံစားရစေပါတယ်။ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုရှိမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို စိတ်ဖိစီးမှုကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ။ ၂. မှတ်ဉာဏ်ကောင်းစေနိုင်တယ် လူတွေဟာ အရမ်းပင်ပန်းလာတဲ့အခါ ကိစ္စတွေကိုမှတ်မိနိုင်ဖို့ ခက်ခဲလာတာ သတိထားမိလား။ တစ်နည်းအားဖြင့်ပြောရရင် ဒါက သူ့အနေနဲ့ လုံလောက်တဲ့အိပ်စက်ချိန်မရဘူးဆိုတာကို ဦးနှောက်ကပြောနေတဲ့ အသံတစ်ခုပေါ့။ အိပ်စက်တဲ့အခါ ခန္ဓာကိုယ်က အနားယူနေပြီး ဦးနှောက်က မှတ်သားရမယ့်ကိစ္စတွေကိုမှတ်သားနေပါတယ်။ ဒါကြောင့်ပြည့်ဝစွာ အိပ်စက်အနားယူမှုက ခန္ဓာကိုယ် နဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း