အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

Narcolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Narcolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ) ကဘာလဲ။ ရုတ်တရက် အိပ်ပျော်သွားတတ်သော ရောဂါဆိုသည်မှာ နာတာရှည် ရောဂါတစ်ခုဖြစ်သည်။ ထိုရောဂါတွင် လူနာသည် ဘယ်လောက်ပဲ အိပ်ထားအိပ်ထား အချိန်မရွေး၊ နေရာမရွေး အထိန်းအချုပ်မရှိ အိပ်မောကျသွားနိုင်သည်။ ထိုလူနာသည် ၁၀-၁၅ မိနစ်လောက် အိပ်မောကျသွားပြီးနောက် ပြန်ကောင်းသွားသည်။ သို့သော် ထို နေကောင်းခြင်းသည်လည်း သိပ်မကြာလိုက် နောက်တစ်ကြိမ် ထပ် အိပ်မောကျသွားနိုင်ပါသည်။ ရုတ်တရက်အိပ်ပျော်သွားတတ်သောရောဂါသည် ကားမောင်းနေစဉ် ၊ အလုပ်လုပ်နေစဉ် (သို့) စကားပြောနေစဉ်များတွင်လည်း ဖြစ်နိုင်သည်။ ဘဝတစ်လျှောက်လုံးဖြစ်နေသည့် ရောဂါဖြစ်ပြီး ကုသနိုင်သော နည်းလမ်းမရှိပါ။ သို့သော် ကောင်းကောင်းမွန်မွန် ကုသမှုခံယူပြီး ကျန်းမာသော ဘဝနေထိုင်မှုပုံစံအတိုင်း နေထိုင်လျှင် ထိုအခြေအနေကို ထိန်းချုပ်နိုင်ပါသည်။ Narcolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ မည်သူမဆို ဤရောဂါဖြစ်နိုင်ပါသည်။ အသက်အရွယ်အားလုံးတွင် အထင်ရှားဆုံးအရွယ်မှာ ၁၅ နှစ် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

Hypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ) ကဘာလဲ။ အအိပ်လွန်တဲ့ ပြဿနာဆိုတာ နေ့အချိန်မှာအလွန်အမင်း အိပ်စက်နေတာ၊ အိပ်ချိန်အရမ်းလွန်နေတာဖြစ်ပြီး သူဟာနေ့အချိန်မှာတောင် အနေနိုင်လောက်အောင် အိပ်နေတာ ဖြစ်ပါတယ်။ အအိပ်လွန်တဲ့ ပြဿနာခံစားနေရတဲ့လူက အလုပ်မှာဖြစ်ဖြစ်၊ ကားမောင်းနေစဉ်မှာဖြစ်ဖြစ် အချိန်အရွေး အိပ်ပျော်နိုင်ပါတယ်။ အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေဖြစ်တဲ့ အားအင်ကုန်ခမ်းခြင်းနှင့် သေချာစဉ်းစားတွေးတောနိုင်တာ မရှိတော့ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ Hypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ) က ဘယ်လောက်အဖြစ်များသလဲ အအိပ်လွန်တဲ့ ပြဿနာက လူဦးရေရဲ့ ၅ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးအဖြစ်များပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။ လက္ခဏာများHypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အအိပ်လွန်တဲ့ ပြဿနာရှိတဲ့လူက နေ့အချိန် အလုပ်မှာ၊ အစားစားနေချိန်မှာ ၊စကားပြောနေချိန်မှာ ခဏခဏအိပ်ပျော်တဲ့ပြီး ညဘက်မှာ အိပ်စက်ခြင်းမရှိဘဲ ခနခနနိုးနေတဲ့အတွက် ပင်ပန်းတာမျိုး […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

Obstructive Sleep Apnea (အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Obstructive Sleep Apnea (အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်း ) ကဘာလဲ။ Sleep Apnea ဆိုတာကတော့ အိပ်ပျော်နေစဉ်မှာ အသက်ရှူခြင်းကို ကြိန်ဖန်များစွာ အနှောက်အယှက်ဖြစ်စေတဲ့ အိပ်စက်ခြင်းဆိုင်ရာ မူမမှန်တဲ့ ရောဂါတစ်ခုပါ။ ရလဒ်အနေနဲ့ကတော့ ဒီအခြေအနေရှိသူတစ်ယောက်ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အထူးသဖြင့် ဦးနှောက်ဟာ အောက်စီဂျင်မလုံလောက်တော့ဘဲ အိပ်ရေးမဝတာကြောင့် နေ့ဘက်တွေမှာပါ တစ်နေကုန်လုံး ပင်ပန်းနေတတ်တာပါ။ Sleep Apneaမှာ အဓိက ပုံစံ ၂မျိုးရှိပါတယ်။ Obstructive sleep apnea: လေပြွန်ပိတ်ခြင်းကြောင့်ဖြစ်ရတဲ့ အဖြစ်များတဲ့ ပုံစံ။ Central Sleep apnea: ဒါကတော့ လေပြွန်ပိတ်လို့ဖြစ်ရတာမဟုတ်ပါဘဲ အသက်ရှူစနစ်ထိန်းချုပ်တဲ့နေရာက မတည်ငြိမ်မှုကြောင့်ဖြစ်ရတာပါ။ ဦးနှောက်က ကြွက်သားတွေကို အသက်ရှူဖို့ သတင်းမပို့နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ Obstructive Sleep Apnea (အိပ်ပျော်နေစဉ် အသက်ရှူကြပ်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

Snoring ( ဟောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Snoring ( ဟောက်ခြင်း) ကဘာလဲ။ အိပ်စက်နေစဉ် အသက်ရှူလမ်းကြောင်း ခေတ္တပိတ်သွားတာကြောင့် ထွက်လာတတ်သည့် ကြမ်းရှသောအသံဖြစ်တယ်။ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရှိ တစ်သျှူးများတစ်ခုနှင့်တစ်ခု ထိရိုက်မိမှုကြောင့် တုန်ခါပြီးထွက်လာသောအသံဖြစ်တယ်။ တခါတရံမှာတော့ ဟောက်ခြင်းဟာ အရေးကြီးသော ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လည်းဖြစ်နိုင်တယ်။ ညတိုင်းလည်းဟောက်နိုင်သလို တစ်ညတလေမှဟောက်တတ်တာမျိုးလည်းရှိနိုင်ပါတယ်။ ဆိုးဆိုးရွားရွားဟောက်ခြင်းတွေဟာ ညဘက်တွေမှာ မကြာခဏနိုးစေခြင်း၊ နေ့ဘက်အိပ်ငိုက်ခြင်းတွေနဲ့ မိမိအဖော်အိပ်ခြင်းတို့ကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ Snoring ( ဟောက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး ယောကျာ်းတွေမှာ ပိုဖြစ်လေ့ရှိတယ်။ အရွယ်မရွေးဟောက်နိုင်ပြီး ဟောက်စေတတ်တဲ့အချက်တချို့ကိုရှောင်ခြင်းဖြင့် လျှော့ချထိန်းချုပ်နိုင်ပါလိမ့်မယ်။ အသေးစိတ်ကိုဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ လက္ခဏာများSnoring ( ဟောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အိပ်နေစဉ်အသံထွက်ဆူညံစေခြင်း နေ့ဘက်အလွန်အမင်းအိပ်ငိုက်ခြင်း အာရုံစိုက်ရခက်ခြင်း မနက်ခင်းတွင်ခေါင်းကိုက်ခြင်း လည်ချောင်းနာခြင်း ကောင်းမွန်သောအိပ်စက်မှုမရခြင်း သွေးတိုးခြင်း ညဘက်တွင်ရင်ဘတ်အောင့်ခြင်း တစ်ဖက်သားအိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေခြင်း လည်ချောင်းတစ်ဆို့မှုဖြင့် နိုးလာရတတ်ခြင်း ဟောက်ခြင်းဟာ တခါတရံအိပ်နေစဉ် အသက်ရှူကြပ်မှုနှင့် စပ်ဆက်နေတတ်ပါတယ်။ ဟောက်တိုင်းထိုသို့မဟုတ်ပေမယ့် အထက်ပါလက္ခဏာတွေနဲ့ တိုက်ဆိုင်နေရင်တော့ အိပ်နေစဉ်အသက်ရှူကြပ်မှုရှိမရှိသိရဖို့ ဆရာဝန်ပြကြည့်သင့်ပါတယ်။ ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့ဆွေးနွေးကြည့်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ တကယ်လို့အထက်ပါလက္ခဏာတွေရှိရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်ပြသင့်တယ်။ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

Nacrolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nacrolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ) ကဘာလဲ။ ရုတ်တရက် အိပ်ပျော်သွားတတ်သော ရောဂါဆိုသည်မှာ နာတာရှည် ရောဂါတစ်ခုဖြစ်သည်။ ထိုရောဂါတွင် လူနာသည် ဘယ်လောက်ပဲ အိပ်ထားအိပ်ထား အချိန်မရွေး၊ နေရာမရွေး အထိန်းအချုပ်မရှိ အိပ်မောကျသွားနိုင်သည်။ ထိုလူနာသည် ၁၀-၁၅ မိနစ်လောက် အိပ်မောကျသွားပြီးနောက် ပြန်ကောင်းသွားသည်။ သို့သော် ထို နေကောင်းခြင်းသည်လည်း သိပ်မကြာလိုက် နောက်တစ်ကြိမ် ထပ် အိပ်မောကျသွားနိုင်ပါသည်။ ရုတ်တရက်အိပ်ပျော်သွားတတ်သောရောဂါသည် ကားမောင်းနေစဉ် ၊ အလုပ်လုပ်နေစဉ် (သို့) စကားပြောနေစဉ်များတွင်လည်း ဖြစ်နိုင်သည်။ ဘဝတစ်လျှောက်လုံးဖြစ်နေသည့် ရောဂါဖြစ်ပြီး ကုသနိုင်သော နည်းလမ်းမရှိပါ။ သို့သော် ကောင်းကောင်းမွန်မွန် ကုသမှုခံယူပြီး ကျန်းမာသော ဘဝနေထိုင်မှုပုံစံအတိုင်း နေထိုင်လျှင် ထိုအခြေအနေကို ထိန်းချုပ်နိုင်ပါသည်။ Nacrolepsy (ရုတ်တရက်အိပ်ပျော်သွားတတ်သော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ မည်သူမဆို ဤရောဂါဖြစ်နိုင်ပါသည်။ အသက်အရွယ်အားလုံးတွင် အထင်ရှားဆုံးအရွယ်မှာ ၁၅ […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

Sleep Apnea (အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Sleep Apnea (အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ) ကဘာလဲ။ အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းသည် အိပ်စက်ခြင်းဆိုင်ရာ ပြင်းထန်သည့်ရောဂါတစ်မျိုး ဖြစ်ပြီး အိပ်ပျော်နေစဉ် အသက်ရှုခဏခဏ ရပ်သွားခြင်းဖြစ်ပါသည်။ ရလဒ်အနေဖြင့် အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းရှိသူ၏ အင်္ဂါများ အထူးသဖြင့် ဦးနှောက်တွင် လုံလောက်သော အောက်စီဂျင် မရရှိတော့ပဲ အိပ်စက်မှုအရည်အသွေးလည်း ကျဆင်းစေပါသည်။ ထို့ကြောင့် နေ့အချိန်တွင် ငိုက်မျဉ်းခြင်းများ ဖြစ်စေပါသည်။ အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း အဓိကနှစ်မျိုး ရှိပါသည်။ လေပြွန်ပိတ်သောကြောင့် အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း – လေပြွန်တွသ် ပိတ်သွားခြင်းကြောင့်ဖြစ်ရသည့် အတွေ့ရများသောပုံစံဖြစ်သည်။ ဗဟိုအာရုံကြောဆိုင်ရာ အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းကတော့ ဦးနှောက်မှ အသက်ရှုထိန်းချုပ်စင်တာ မတည်ငြိမ်ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် အသက်ရှုမည့် ကြွက်သားများကို ဦးနှောက်မှ မလှုံ့စော်နိုင်တော့ခြင်း ဖြစ်လာပါသည်။ Sleep Apnea (အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် […]


ညအိပ်မပျော်ခြင်း

Insomnia (ညအိပ်မပျော်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Insomnia (ညအိပ်မပျော်ခြင်း ) ကဘာလဲ။ ညအိပ်မပျော်ခြင်းသည် အိပ်ပျော်သွားဖို့ရာ ခက်ခဲသည့်အခြေအနေ သို့မဟုတ် ကောင်းကောင်း အိပ်စပ်မရသည့်အခြေအနေ သို့မဟုတ် နှစ်မျိုးလုံး ဖြစ်ပါသည်။ အိပ်ချင်လျှင်နေသော်မှ အိပ်ပျော်အောင် လုပ်မရသည့် နာတာရှည်အခြေအနေတစ်ခုလည်း ဖြစ်၏။ ညအိပ်မပျော်ခြင်းဖြစ်လာလျှင် များသောအားဖြင့် မကြည်မလင်နိုးထရတတ်ပြီး နေ့အချိန်တွင် အလုပ်များကို ကောင်းကောင်းလုပ်နိုင်မည် မဟုတ်ပါ။ Insomnia (ညအိပ်မပျော်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရ မှတ်တမ်းကောက်ယူထားသော လူများ၏ ၂၇%တွင် အိပ်ပျော်ရန် ခက်ခဲကြောင်း တွေ့ရှိရသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များ၏။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများသည် ပြောင်းလဲလွယ်လွန်းပြီး စိတ်ဖိစီးမှုနှင့် စိတ်ဓါတ်ကျမှု ပိုဖြစ်လွယ်သောကြောင့်ပင်။ အသက်အရွယ်မရွေးလည်း ဖြစ်နိုင်သည်။ သို့သော် အသက်ကြီးလေလေ ညအိပ်မပျော်ခြင်းဖြစ်နိုင်ချေ ပိုများလေလေဖြစ်၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အအိပ်လွန်တဲ့ ပြဿနာ

အအိပ်လွန်တဲ့ ပြဿနာဆိုတာ ဘာလဲ။ အအိပ်လွန်တဲ့ ပြဿနာဆိုတာ နေ့အချိန်မှာ အလွန်အမင်း အိပ်စက်နေတာ၊ အိပ်ချိန်အရမ်းများနေတာဖြစ်ပြီး သူဟာနေ့အချိန်မှာတောင် မနေနိုင်လောက်အောင် အိပ်နေတာ ဖြစ်ပါတယ်။ အအိပ်လွန်တဲ့ ပြဿနာခံစားနေရတဲ့လူက အလုပ်မှာဖြစ်ဖြစ်၊ ကားမောင်းနေစဉ်မှာဖြစ်ဖြစ် အချိန်အရွေး အိပ်ပျော်နိုင်ပါတယ်။ အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေဖြစ်တဲ့ အားအင်ကုန်ခမ်းခြင်းနှင့် သေချာစဉ်းစားတွေးတောနိုင်တာ မရှိတော့ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ အအိပ်လွန်တဲ့ ပြဿနာက ဘယ်လောက်အဖြစ်များသလဲ။ အအိပ်လွန်တဲ့ ပြဿနာက လူဦးရေရဲ့ ၅ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးအဖြစ်များပါတယ်။ ရောဂါလက္ခဏာများ အအိပ်လွန်တဲ့ ပြဿနာရဲ့ လက္ခဏာတွေက ဘာတွေလဲ။ အအိပ်လွန်တဲ့ ပြဿနာရှိတဲ့လူက နေ့အချိန် အလုပ်မှာ၊ အစားစားနေချိန်မှာ ၊စကားပြောနေချိန်မှာ ခဏခဏအိပ်ပျော်တဲ့ပြီး ညဘက်မှာ အိပ်စက်ခြင်းမရှိဘဲ ခဏခဏနိုးနေတဲ့အတွက် ပင်ပန်းတာမျိုး ခံစားရနိုင်ပါတယ်။ နေ့ခင်းဘက်မှာ အိပ်နေပေမယ့် ပင်ပန်းတာက မသက်သာပါဘူး။ အချိန်အကြာကြီးအိပ်စက်ရာက နိုးထဖို့ခက်သလို အာရုံမစုစည်းနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ တခြားရောဂါလက္ခဏာတွေကတော့- […]


ညအိပ်မပျော်ခြင်း

အိပ်မပျော်ခြင်းကို ဘယ်လို ထိန်းချုပ်မလဲ

အသည်းကင်ဆာဖြစ်နေစဉ်တွင် အိပ်မပျော်ခြင်းကို ဘယ်လို ထိန်းချုပ်မလဲ။ အိပ်မပျော်ခြင်းသည် ကင်ဆာလူနာများ အထူးသဖြင့် အသည်းကင်ဆာ လူနာများတွင် အဖြစ်များသော ပြဿနာ တစ်ခုဖြစ်သည်။ ၎င်းသည် ကင်ဆာ ကုသမှုနှင့် ရောဂါအဖြေ ရှာမှု၏ ပုံမှန်တုံ့ပြန်မှုတစ်ခု ဖြစ်ပုံပေါ်သည်။ သင်သည် အိပ်ယာပေါ်တွင် လဲလျောင်းပြီး အိပ်ပျော်ရန် နာရီပေါင်းများ စွာ ကြာနေသည်။ သင့် နေ့စဉ်ဘဝကို ဆိုးရွားစွာ ထိခိုက်စေ သော အိပ်မပျော်ခြင်းကို ခံစားနေသဖြင့် ပင်ပန်းနေသော် လည်း အိပ်မပျော်နိုင်ပါ။ အိပ်မပျော်ခြင်းကို ဘယ်လိုကုသမလဲ။ ပထမဦးစွာ ဆေး ကုသမှု လုပ်လိုပါက သင်၏ ကျန်းမာရေး ထောက်ပံ့သူကို မေးမြန်းရန် လိုအပ်သည်။ သို့သော်လည်း ဤဆောင်းပါးတွင် အိပ်စက်မှု ပြဿနာကို ရင်ဆိုင်ရန် ဆေးမပါသော နည်းလမ်း အချို့ကို ဖော်ပြထားသည်။   လှုံ့ဆော်မှု ထိန်းချုပ်ခြင်း […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ရင်ပူခြင်းမဖြစ်အောင် ဘယ်လိုအိပ်စက်မလဲ

သုတေသနပညာရှင်တွေဟာ လူပေါင်း ၁၅၃၀၀ လောက်ကို မေးခွန်းတွေမေးပြီး လေ့လာတဲ့အခါ အဆိုပါ လူတွေထဲက လေးပုံတပုံလောက်ဟာ ညဖက်မှာ ရင်ပူတဲ့ဝေဒနာကို ခံစားရတယ်လို့ ဆိုပါတယ်။ အဆိုပါ ရလာဒ်တွေကို CHEST ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒီပြဿနာဟာ လူတွေကို အိပ်ရေးပျက်စေတဲ့အတွက် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။ မကြာခဏဆိုသလို ရင်ပူခြင်းဝေဒနာကို ခံစားနေရရင် ကြာလာတဲ့အခါ အစာရေမြိုကိုပါ ထိခိုက်စေပါတယ်။ အစာအိမ်ထဲကအက်ဆစ်တွေဟာ အစာအိမ်နဲ့ အူနံရံတွေကို ထိခိုက်ပျက်စီး၊အမာရွတ်ထင်စေကာ ဆဲလ်တွေကိုလည်း ပြောင်းလဲစေတဲ့အတွက် အစာရေမြိုကင်ဆာတွေ ဖြစ်လာစေနိုင်ပါတယ်။ ညဖက်မှာ ဒီဝေဒနာခံစားရမယ်ဆိုရင် အစာရေမြိုထဲမှာ အက်ဆစ်တွေပိုပြီး ကြာကြာရှိနေစေတာမို့ ပိုလို့တောင် ထိခိုက်စေပါသေးတယ်။ အစာအိမ်ထဲက အက်ဆစ်တွေ ဆန်တက်တာကြောင့် ညဖက်ရင်ပူတဲ့ဝေဒနာကို ခံစားရတဲ့အခါ အိပ်ရေးပျက်စေပြီး ကြာလာတဲ့အခါ အိပ်မပျော်တဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်ရစေပါတယ်။ သင့်အနေနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း