အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

ညအိပ်မပျော်ခြင်း

ညဘက်အိပ်ရေးပျက်ထားသူတွေအတွက် ဆောင်ရန်ရှောင်ရန်များ

ဟိုးခေတ်က ညမှောင်တာနဲ့ စောစောအိပ်ကြတယ်၊ မနက်အာရုံတက်မှာ အိပ်ရာထပြီး ဆွမ်းချက်တာကစလို့ တစ်နေ့တာအလုပ်တွေစတင်ကြတာ အိမ်တိုင်းလိုလိုပါပဲ။ တိုးတက်လာတဲ့ဒီဘက်ခေတ်မှာတော့ ညအစောပိုင်းအိပ်ဖို့နေနေသာသာ အချိန်တောင်မလောက်လို့ အိပ်ချိန်တွေဖဲ့ပေးနေကြရတာ အများကြီးရယ်။ အလုပ်တွေရှိလို့ညနက်သူတွေရှိသလို ညဘက်အပြင်ထွက်ကြတဲ့ night out အစီအစဉ်တွေကလည်း လူငယ်တွေအတွက်ရေပန်းစားနေကြပြီပေါ့။ အိပ်ချိန်နောက်ကျတဲ့ နောက်တစ်မျိုးကတော့ ညဘက် အိမ်မှာရုပ်ရှင်ကြည့်၊ ဂိမ်းဆော့၊ အင်တာနက်သုံးကြတဲ့ ဇီးကွက်လေးတွေပါ။ ဒီထဲက ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် အိပ်ချိန်မမှန်၊ အိပ်ချိန်မလုံလောက်ရင် ကျန်းမာရေးကို အနည်းနဲ့အများထိခိုက်မှာပါပဲ။ ဒါ့ကြောင့် အိပ်ရေးပျက်ထားတယ်ဆိုပြန်ကုစားမှနောက်ပိုင်းကျန်းမာရေးကို စိတ်မပူရမှာဖြစ်ပါတယ်။ ညကကောင်းကောင်းအိပ်မပျော်ခဲ့ရတဲ့အခါနောက်တစ်နေ့ကျ အလုပ်မှာဘာမှမလုပ်နိုင်တော့ဘူး၊ခေါင်းတွေကိုက်တာ၊ အာရုံစိုက်မရတာ၊ စိတ်မကြည်တာတွေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် အိပ်ရေးပျက်ထားတဲ့ ခန္ဓါကိုယ်ကိုပြန်ဖြည့်ဆည်းပေးရမယ့်အစား ပိုဆိုးစေမယ့် အရာတွေလုပ်မိရင် သွားပြီလေ။ လူက လုံးဝ ဒေါင်းသွားပါလိမ့်မယ်။ မဒေါင်းချင်ရင်တော့ ဒီအချက်တွေ သိထားဖို့လိုမယ်နော်။ အိပ်ရေးပျက်ထားရင်နောက်တစ်နေ့မှာ - အချိန်လွန်အောင်မအိပ်ပါနဲ့ ညကအိပ်ရေးပျက်ထားလို့ဆိုပြီး နောက်တစ်နေ့နေ့လည်ပိုင်းလောက်မှ အိပ်ရာကထတာမျိုး လုပ်တတ်ပါတယ်။ ခေါင်းမူးလို့ဆက်အိပ်တယ်ဆိုပေမယ့် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နေ့ခင်းတစ်ရေးအိပ်ကြမယ်

ထမင်းစားပြီးသွေးလေးလိုက်တာ၊ အိပ်ချင်လာပြီလို့ ခံစားနေရတာကို တင်းခံနေမယ်လို့များတွေးနေလား။ တင်းခံမနေပါနဲ့။နေ့လယ်ခင်း အိပ်ချင်လာရင် အိပ်သာအိပ်လိုက်ပါ။ အိပ်စက်မှုက ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အကျိုးရှိစေတဲ့အရာပါ။နေ့ခင်းဘက်မှာ နာရီဝက် ၄၅ မိနစ်လောက် အိပ်စက်မှုက ဦးနှောက်အတွက်ရော၊ ကိုယ်ခန္ဓါအတွက်ပါအထောက်အကူပြုပေးနိုင်ပါတယ်။ နေ့လယ်ခင်းအိပ်စက်မှုက ဒီလိုမျိုးကောင်းကျိုးတွေရရှိနိုင်ပါတယ် နေ့လယ်ခင်း တစ်ရေးတစ်မောအိပ်စက်မှုက မှတ်ဉာဏ်တိုးစေနိုင်တယ် လေ့လာမှုတွေအရနေ့ခင်းဘက်မှာ အိပ်စက်တာက မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ သတိမေ့တာမျိုး၊ နှုတ်ဖျားလေးတင်မေ့နေတယ်ဆိုတာမျိုးမဖြစ်အောင်နေ့လယ်ခင်းအိပ်စက်ပေးပြီး ဦးနှောက် စွမ်းရည်ကိုမြှင့်တင်ပေးပါ။ ခွန်အားပြည့်စေနိုင်တယ် နေ့ခင်းအိပ်စက်မှု ခန္ဓါကိုယ်ကို ခွန်အားပြည့်စေပြီး ခန္ဓါကိုယ် လှုပ်ရှားမှုကိုပိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့်နေ့ခင်းပိုင်းမှာ တစ်နေ့ကို မိနစ် ၂၀ ခန့်အိပ်စက်ပေးပါ။ ပင်ပန်းနေတဲ့ ခန္ဓါကိုယ်ကို အားပြန်သွင်းပေးရာလည်းရောက်ပါတယ်။ ထမင်းစားပြီး ခဏလောက်တော့ အိပ်စက်အနားယူပေးပါ။ စိတ်ဖိစီးမှုကိုလျော့ပါးစေနိုင်တယ် နေ့ခင်းပုံမှန်အိပ်စက်တဲ့သူတွေက စိတ်ဖိစီးမှုဒဏ်ကနေ ကင်းဝေးကြပါတယ်။နေ့ခင်း ၁ နာရီ ကနေ ၃ နာရီအတွင်းမှာ တစ်ရေးလောက်အိပ်တာက တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ အခြေအနေတွေကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။နေ့ခင်းပိုင်းမှာ နာရီဝက်လောက် […]


ညအိပ်မပျော်ခြင်း

ညဘက်မှာ အိပ်မပျော်တဲ့ ပြဿနာကို အဖြေရှာကြမယ်

လူတစ်ယောက်ရဲ့ တစ်နေ့တာ အလုပ်တွေကို တက်တက်ကြွကြွနဲ့ လုပ်ဆောင်နိုင်စေဖို့ စားသောက်နေထိုင်မှုပုံစံ မှန်ကန်ဖို့ လိုအပ်သလို အိပ်ချိန်ပြည့်ဝမှုဟာလည်း အလွန်အရေးကြီးပါတယ်။ လူတစ်ယောက်မှာ တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၇နာရီကနေ ၈နာရီအထိ ရှိသင့်ပါတယ်။ အိပ်ချိန်ပြည့်ဝမှသာ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်မယ်။ နေ့စဉ် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးနိုင်ပြီး စိတ်ရွှင်လန်းတက်ကြွစေတယ်။ အာရုံစူးစိုက်နိုင်စွမ်း မြင့်တက်လာပြီး ပိုပြီး တီထွင်ကြံဆနိုင်လာမယ်။ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ကျော်လွှားသွားနိုင်ပြီး အောင်မြင်တဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ညဘက်မှာ လူတစ်ယောက် ကောင်းကောင်းအိပ်ပျော်ဖို့အတွက် အလွန်အရေးကြီးတယ်ဆိုတာ သိလောက်မယ်ထင်ပါတယ်။ ကိုယ့်မှာ ညဘက် ကောင်းကောင်းအိပ်မပျော်နိုင်တဲ့ ကျန်းမာရေးပြဿနာ ရှိနေတယ်ဆိုရင် ပေါ့ဆလို့ မဖြစ်ပါဘူး။ အချိန်ကြာသည်အထိ မကုသ၊ မဖြေရှင်းပဲ ထားမယ်ဆိုရင် ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နေ့လယ် တရေးမှေးတတ်တဲ့ အကျင့်ဟာ ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား။

နေ့ခင်းဆို တမှေး အိပ်လိုက်ရမှ၊ နေ့လည်စာလေးစားပြီး ထမင်းလုံးစီလိုက်ရမှ ဆိုတဲ့သူတွေ ရှိပါသလား။ တချို့ နေ့လယ်ခင်း တရေးအိပ်တာ ကို ကျန်းမာရေးအတွက် မကောင်းဘူးလို့ ပြောတဲ့သူရှိသလို တချို့ကျတော့လည်း ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ ပြောကြတဲ့သူတွေလည်းရှိပါတယ်။ ဒီလို နှစ်ခြမ်းကွဲနေတဲ့ အုပ်စုကြီး ဘယ်သူက မှန်လဲ ဘယ်သူမှားလဲ။ နေ့လယ်ခင်း တရေးအိပ်ခြင်း။  အရာရာတိုင်းက အကောင်းနဲ့ အဆိုးအမြဲဒွန်တွဲနေတာပါ။ အသွားမတော် တစ်လှမ်း အစားမတော်တစ်လုတ်ဆိုသလိုပဲ မှန်ကန်တဲ့ ဘောင်ထဲက လုပ်မှသာ ကောင်းကျိုးတွေ ပြည့်ပြည့်ဝဝ ခံစားရမှာပါ။ ဒီလိုပဲ နေ့လယ်ခင်း တရေးအိပ်တာ မှာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ နေ့လယ် တရေးမှေးတတ်တဲ့ အကျင့်ဟာ ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား။ နေ့လယ်ခင်း တရေးအိပ်တာ ဟာ ညဘက်အိပ်မပျော်တဲ့သူတွေအတွက်တော့ တကယ်ကို အားပြည့်စေမယ့် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်စက်မှုပုံစံနဲ့ ကျန်းမာရေး

လူတိုင်းမှာ သူတို့နှစ်သက်တဲ့ အိပ်စက်မှုပုံစံတွေရှိကြပါတယ်။ ကိုယ်အိပ်နေကျအိပ်စက်မှုပုံစံမဟုတ်ရင် အိပ်မပျော်တဲ့သူတွေတောင်ရှိတတ်ကြပါသေးတယ်။ တစ်နေ့တာလုံးပင်ပန်းလာသမျှကိုပြေလျော့စေဖို့ အိပ်စက်တဲ့အခါပြည့်ပြည့်ဝဝလေးဖြစ်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ အိပ်ရာကနိုးလာတော့ ခြေလက်တွေနာနေတယ်၊ တစ်ကိုယ်လုံးတောင့်တင်းနေတာပဲ၊ ဇက်ကြောကြီးကတင်းနေတယ်လို့ ကြုံဖူးမှာပေါ့။ ဒါက အိပ်စက်မှုပုံစံကြောင့်ဖြစ်ရတာပါ။ အိပ်စက်မှုပုံစံကလည်း ကျန်းမာရေးအပေါ်သက်ရောက်မှုလေးတွေရှိနေပါတယ်နော်။ ဒီတစ်ခေါက်တော့ အိပ်စက်မှုပုံစံက ကျန်းမာရေးအပေါ်ဘယ်လိုများသက်ရောက်နေသလဲဆိုတာကိုပြောပြပေးမယ်နော်။ တစ်နေ့တာလုံးမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ရရှိစေဖို့အတွက် တစ်ညတာမှာ အိပ်စက်ချိန် ၇ နာရီ ကနေ ၈ နာရီရှိဖို့လိုပါမယ်နော်။ ဒီလိုအပ်စက်တဲ့အချိန်မှာလည်း အိပ်စက်မှုပုံစံမှန်မှန်လေးအိပ်စက်ပါမှ ခန္ဓာကိုယ်ကပြန်အားပြည့်လာမှာပါ။ အိပ်စက်မှုပုံစံမမှန်တဲ့အခါကျောနဲ့လည်ပင်းကနာကျင်တာ၊ ဗိုက်ထဲက မအီမသာဖြစ်တာ နဲ့ အရွယ်မတိုင်ခင် မျက်နှာမှာအရေးအကြောင်းပေါ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အိပ်စက်မှုပုံစံ ကကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေတာလဲ ပက်လက်အိပ်စက်မှုပုံစံ သင်ဟာ ပက်လက်အိပ်တယ်၊ လက်နှစ်ဘက်ကိုဘေးတစ်ဖက်စီမှာ ဆန့်ဆန့်လေးထားပြီး အိပ်တတ်တာဆိုရင်တော့ကောင်းမွန်တဲ့ အိပ်စက်မှုပုံစံလို့ဆိုရပါမယ်။ ဒီအိပ်စက်မှုပုံစံကကျောရိုးနဲ့လည်ပင်းအရိုးတွေကို ကျန်းမာစေနိုင်ပါတယ်။ အခြားသူတွေထက်တော့ ပိုဟောက်နိုင်ပါတယ်နော်။ Starfish အိပ်စက်မှုပုံစံ ဒီအိပ်စက်မှုပုံစံကတော့ ပက်လက်အနေအထားအိပ်တာဆိုပေမယ့် လက်နှစ်ဖက်ကို အပေါ်မြှောက်ထားတတ်ပါတယ်။ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ

သင်က စူပါဟီးရိုးမဟုတ်ပါဘူး။ ဒါကြောင့် အိပ်စက်ချိန်လိုအပ်မှာပါ။ အလုပ်အရမ်းများလို့ ရံဖန်ရံခါအိပ်ချိန်နောက်ကျတာက ကိစ္စမရှိပေမယ့်နေ့တိုင်းနောက်ကျနေတာကတော့မကောင်းပါဘူး။ ခန္ဓါကိုယ်မှာရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ရရှိတဲ့ အိပ်စက်ချိန်လေးမှာပြည့်ပြည့်ဝဝအိပ်စက်ပြီး အိပ်ရေးမဝတာ။ အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ အကြောင်း ပြောပြပေးပါရစေနော်။ အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ အိပ်မပျော်သူတွေအတွက်အသုံးတည့်မယ့် ယောဂပို့စ်များ ကတော့ နံရံကပ်ပြီးခြေထောက်နှစ်ဖက်စလုံးမြှောက်မယ် အရင်ဆုံးနံရံကို မျက်နှာမူပြီးထိုင်လိုက်ပါ နံရံနဲ့ ၆ လက်မခွာထားပါမယ် ပြီးရင်လှဲချလိုက်ပါ ခြေထောက်ကို နံရံမှီရင်း အပေါ်ကိုဆန့်ထုတ်ပေးပါ လက်တွေကိုဘေးဘက်မှာ လက်ဖဝါးဖြန့်ရက်အနေအထားနဲ့ သက်တောင့်သက်သာလေးချထားပါ အသက်ကိုဖြည်းဖြည်းချင်းရှုပေးပါ အကြောတွေပြေလျော့လာပါလိမ့်မယ် ဒီလေ့ကျင့်ခန်းကို ၂ မိနစ်ကြာလုပ်ပေးပါ။ ခါးလှည့်အကြောလျှော့မယ် ခြေထောက်ကို တင်ပျဉ်ခွေထိုင်လိုက်ပါ။ ညာလက်ကို ဘယ်ဘက်ဒူးခေါင်းပေါ်မှာထားပြီး ဘယ်ဘက်လက်ကို ခါးနောက်ဘက်မှာထားပေးပါ အသက်ရှုထုတ်ရင်း ခါးကိုဖြည်းဖြည်းချင်းအကြောလျှော့ပြီးလျည်ေ့ပးပါ။ခေါင်းကိုပါလိုက်လှည့်ပေးပါ လက်တင်ထားတဲ့ ဒူးရှိရာဘက်ကို မျက်နှာမူပြီး ပခုံးကိုကျော်ကြည့်ပါ။ အသက်ကိုခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ပေးပါ ပြီးရင်ခန္ဓါကိုယ်ကို တည့်တည့်ပြန်နေပါ နောက်တစ်ဖက်ကိုလည်း […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညအိပ်ခါနီး ဒါတွေမစားပါနဲ့

အိပ်ချင်လိုက်တာ၊ မျက်လုံးတွေ စပ်တယ်။ ညက အိပ်ရေးမဝဘူး၊ကောင်းကောင်းအိပ်မပျော်ဘူး။ တစ်နေကုန်ဘယ်လိုကျော်ဖြတ်ရမလဲ မသိဘူး။ အလုပ်ထဲမှာ အိပ်ငိုက်တော့မှာပဲ ဆိုပြီး စိတ်ညစ်နေပြီလား။ ဒီလိုဖြစ်တဲ့အခါ အကြောင်းအရင်းကို စဉ်းစားမိရဲ့လား။ ညမအိပ်ခင်စားမိတဲ့ အစားအစာတွေကြောင့် ညအိပ်ချိန်မှာကောင်းကောင်းအိပ်မပျော်တာမျိုးဖြစ်နိုင်တယ်ဆိုတာကို သိပါရဲ့လား။ ဒီတော့ ညဘက်မှာကောင်းကောင်းအိပ်မပျော်လို့နောက်တစ်နေ့မှာ အလုပ်ထိခိုက်တာမျိုးမဖြစ်စေဖို့အတွက် ညအိပ်ရာမဝင်ခင် ဒါလေးတွေရှောင်ပေးပါနော်။ ဒီတော့ပြည့်ဝစွာအိပ်စက်အနားယူနိုင်စေဖို့ ဘာတွေမစားရဘူးလဲပြောပြမယ်နော် အိပ်စက်မှုက လူတစ်ယောက်ရဲ့ကိုယ်ရောစိတ်ပါကျန်းမာဖို့အတွက်တော်တော်လေးအရေးပါတဲ့အရာပါ။ ဒီတော့ အဖိုးအခမပေးရဘဲ လူတိုင်းအတွက်မွေးရာပါအခွင့်အရေးတစ်ရပ်အနေနဲ့ ပါလာတဲ့ အိပ်စက်မှုကိုပြည့်ပြည့်ဝဝရရှိနိုင်စေဖို့ အိပ်ခါနီးမှာ ဒါတွေမစားပါနဲ့နော်။ ပရိုတင်းများတဲ့အစားအစာတွေ - ပရိုတင်းက တစ်နေ့တာလှုပ်ရှားမှုတွေအတွက် လိုအပ်တယ်ဆိုပေမယ့် ညအိပ်ခါနီးတော့မစားပါနဲ့။ အစာကြေခဲပြီး ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေမှာပါတဲ့tyrosine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်က ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်နီးနေပြီဆိုရင် ချိစ်၊ နို့ထွက်ပစ္စည်းတွေနဲ့ အခြားသောပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကို မစားဖို့ပြောပါရစေ။   ရေလျှော့သောက်ပါ - ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကောင်းမွန်စွာလည်ပတ်နိုင်စေဖို့အတွက်ရေဓါတ်ကလိုအပ်တာမှန်ပေမယ့် ညကောင်းကောင်းအိပ်ပျော်ချင်ရင်တော့ ည […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်တိုင်း ကျန်မားရေးအတွက် အကျိုးရှိသလား ။ ။

အိပ်တယ်ဆိုတာ လူတိုင်း မွေးကတည်းက နေ့တိုင်းလုပ်နေရတဲ့ မလုပ်မဖြစ် အလုပ်တွေထဲက တစ်ခုပါ။ ပြောကြတာတွေရှိပါတယ်။ အိပ်မှအားရှိတာ။ အိပ်ရေးပျက်ရင် မကောင်းဘူးစတာတွေပေါ့။ သူတို့တွေ ပြောကြသလိုမျိုး အိပ်တိုင်း ကောင်းတာလား။ ။ ဘယ်အရာမှ အလွန်အကျွံဆိုရင် မကောင်းပါဘူး။ ဒါကြောင့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားလေး ပေါ်ထွက်လာရတာဖြစ်ပါတယ်။ ဒါဆို ဘယ်လိုမျိုး အိပ်စက်တာက အတော်အသင့်လဲ ။     အသက်အရွယ် မွေးကင်းစ ကလေးငယ် နို့စို့အရွယ်ကလေးငယ် လမ်းလျှောက်တတ်စအရွယ် ကလေးငယ် မူကြိုအရွယ် ကလေးငယ် ကျောင်းနေအရွယ် ကလေးငယ် ဆယ်ကျော်သက် အရွယ်ရောက်ပြီးတဲ့သူ သက်ကြီးရွယ်အို     တစ်နေ့တာ ရှိသင့်တဲ့အိပ်စက်ချိန် ၁၄ နာရီ ကနေ ၁၇ နာရီ ၁၂ နာရီ ကနေ ၁၅ နာရီ ၁၁ နာရီ ကနေ ၁၄ နာရီ ၁၀ နာရီ ကနေ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၆ ချက်

လူအတော်များများသည် ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းမျိုးကို ကြားဖူးကြပါလိမ့်မည်။ ယင်းအပြုအမူသည် အာရှသားများအဖို့ ကြောင်တောင်တောင်နိုင်သော်လည်း အနောက်တိုင်းသားများအဖို့ မဆန်းတော့ပါ။ အောက်ပါတို့သည် ကိုယ်လုံးတီးအိပ်စက်ခြင်းမှ ရရှိနိုင်မည့် သင်မကြားဖူးသေးသော အကျိုးရလဒ်များ ဖြစ်ပါသည်။ ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၆ ချက် ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကို ကြည့်လိုက်ရအောင်လား။ 1. နှစ်ဦးသားချစ်ခြင်းကို တိုးလာစေခြင်း အဝတ်အစားမပါဘဲ အိပ်စက်သူများသည် နှစ်ဦးသားချစ်ခြင်းကို တိုးလာစေကြောင်း ဗြိတိန်ရှိ အိပ်ရာခင်း ကုမ္မဏီတစ်ခုက အရွယ်ရောက်ပြီးသူ ၁၀၀၀ ကို သုတေသနပြုလုပ်ထားပါသည်။ အံ့အားသင့်စရာကောင်းလောက်အောင်ပင် ကိုယ်လုံးတီးအိပ်စက်သူများ၏ ၅၇ %သည် နှစ်ဦးသားချစ်ခြင်းတွင် စိတ်ပျော်ရွှင်မှုများ ရရှိကြပြီး ၄၈%သည် ကိုယ်လုံးတီးအိပ်စက်ခြင်းနှင့် သင့်တင့်ကြောင်း တွေ့ရပါသည်။ 2. အိပ်ရေးဝခြင်း အိပ်ချင်စိတ်ဖြစ်လာရန်အတွက် သင့်ခန္ဓာကိုယ် အတွင်းပိုင်းအပူချိန်သည် ဒီဂရီတစ်ဝက်ခန့် နိမ့်ကျသွားရမည်ဖြစ်ပါသည်။ အိပ်ပျော်နေစေဖို့အတွက် သင့်ဦးနှောက်မှ သင့်ခန္ဓာကိုယ်အပူချိန်ကို အသိအမှတ်မပြုခင် […]


ညအိပ်မပျော်ခြင်း

အိပ်ရာဝင်နောက်ကျခြင်း၊ ကျန်းမာရေး နည်းလမ်း

နောက်ဆုံးစာမေးပွဲများ၊ ကျောင်း ပရောဂျက်များ၊ ကောလိပ် စာတမ်းများ၊ နောက်ဆုံး သတ်မှတ်ရက်များနဲ့ ရုံးမှာ အပြန် နောက်ကျတဲ့အထိ အလုပ်လုပ်ခြင်း၊ ဒါတွေအကုန်လုံးက လူတစ်ယောက်ကို ညထွက်တဲ့ ဇီးကွက်တစ်ကောင်လို ဖြစ်သွားစေပါတယ်။ အိပ်ချိန်နည်းတာက ကျန်းမာရေးအတွက် မကောင်းပါဘူး။ လူ့ခန္ဓါကိုယ်ဆိုတာ နေ့အချိန်မှာ နိုးနေပြီး ညအချိန်ဆို အိပ်စက်ဖို့ အစီအစဉ်ချထားတာပါ။ အိပ်ရာဝင်နောက်ကျတဲ့သူတွေမှာ ဆီးချိုရောဂါ၊ သွေးတွင်း သကြားဓါတ်များခြင်း၊ အဝလွန်ရောဂါ စတာတွေ ပိုဖြစ်လာစေတဲ့အပြင် တခြား ကျန်းမာရေး ပြဿနာတွေဆီကို ချိတ်ဆက်စေပါတယ်။ ဒါ့ကြောင့် အိပ်ရာဝင် နောက်မကျပါစေနဲ့။ ဒါပေမယ့် တခါတလေ ရှောင်လွဲလို့ မရပါဘူး။ တကယ်လို့ အိပ်ရာဝင် နောက်ကျဖို့ လိုပြီဆိုရင် သင်ရိုးရိုးရှင်းရှင်း လုပ်နိုင်တဲ့ ကျန်းမာရေးနည်းလမ်းတွေကို ဒီမှာ ဖော်ပြပေးပါမယ်။ ၁။ အိပ်စက်ခြင်းကို စုထားပါ နေ့ဖက်မှာ ၁၅မိနစ်၊ မိနစ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း