အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နာတာရှည် နာကျင်မှုဝေဒနာခံစားနေရသူများတွင် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ရန် သိထားသင့်သည်များ

သင်သည် ညဘက်တွင် အိပ်ရာမှနိုးလာပြီး ပြန်အိပ်မပျော်တော့သည့် အခါမျိုးနှင့် ကြုံဖူးပါသလား။ အကယ်၍သင်သည် နာတာရှည် နာကျင်ခြင်းကို ခံစားနေရလျှင် ၁၀ မိနစ်တာမျှအိပ်ပျော်ရန်ပင် သင့်အတွက်ခက်ခဲနေနိုင်ပါသည်။ ကောင်းမွန်စွာ အိပ်ပျော်မှသာ နေ့စဉ်အလုပ်များလုပ်ဆောင်ရာတွင် အဆင်ပြေမည်ဖြစ်သည်။ အိပ်ရေးမဝလျှင် ဦးနှောက်မကြည်လင်တော့ဘဲ နေ့စဉ်အလုပ်များကို ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် နာကျင်ဝေဒနာခံစားနေရသူများအတွက် ကောင်းမွန်စွာ အိပ်စက်နိုင်မည့်နည်းများကို တင်ပြလိုက်ရပါသည်။   လူတယောက်သည် တနေ့လျှင် ဘယ်လောက်အိပ်စက်သင့်သလဲ။ အသက်အရွယ်ပေါ်မူတည်ပြီး အိပ်ချိန်ကွာခြားမှုရှိသော်လည်း လူတယောက်သည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၇ နာရီမှ ၉ နာရီထိအိပ်စက်ရန်လိုအပ်သည်။ သင်အိပ်စက်နေသော အချိန်တွင် ဦးနှောက်က နောက်နေ့အလုပ်လုပ်နိုင်ရန် အားအင်မွေးနေပါသည်။ ထို့ကြောင့် အိပ်ချိန်လုံလောက်စွာရှိမှ ဦးနှောက်က ကောင်းစွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အပြင် သင်ယူလေ့လာခြင်း၊ ပြသနာများဖြေရှင်းခြင်း ၊ တိကျစွာဆုံးဖြတ်နိုင်ခြင်း နှင့် တီထွင်နိုင်စွမ်းများ တိုးလာခြင်း စသည့် ကောင်းကျိုးများကိုလည်းရရှိနိုင်ပါသည်။ သင်အိပ်စက်နေသော အချိန်တွင် သင့်ခန္ဓာကိုယ်ရှိပျက်စီးနေသော ဆဲလ်များ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အအိပ်များခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

အအိပ်များခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ အိပ်စက်မှုဆိုတာက သက်ရှိသတ္တဝါတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ရှင်သန်မှုလုပ်ငန်းစဉ်တွေထဲကတစ်ရပ်ဖြစ်ပါတယ်။ အိပ်စက်တယ်ဆိုရာမှာလည်း ကျန်းမာရေးအတွက်ကောင်းကျိုးဖြစ်ထွန်းအောင် အိပ်စက်တတ်ဖို့လိုအပ်ပါတယ်။ အိပ်စက်မှုနဲ့ပတ်သက်ပြီး ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိသလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။   အအိပ်များခြင်း (Oversleeping) အသက်အရွယ်ကိုလိုက်ပြီး အိပ်စက်မှုအတိုင်းအတာက လူတစ်ဦးနဲ့တစ်ဦးမှာ မတူညီဘဲကွဲပြားတာမျိုးတွေရှိပါတယ်။ အိပ်စက်မှု အတိုင်းအတာက အသက်အရွယ်၊နေ့စဉ်လှုပ်ရှားနေမှုပုံစံနဲ့နေထိုင်မှုအလေ့အထတွေအပေါ်မှာ မူတည်လေ့ရှိပါတယ်။ ဥပမာပြောပြရရင် စိတ်ဖိစီးနေတဲ့အခါမျိုး (သို့)နေထိုင်မကောင်းတဲ့အခါမျိုးတွေမှာ အိပ်စက်ချိန်ကပုံမှန်ထက်ပိုမိုလိုအပ်တယ်လို့ ခံစားရနိုင်ပါတယ်။   အိပ်ချိန်ဘယ်လောက် လိုအပ်သလဲ။ ညတိုင်းလိုလိုမှာ အိပ်ချြိန်ပည့်ပြည့်ဝဝရရှိဖို့လိုအပ်တယ်ဆိုတဲ့အချက်ကိုကြားဖူးလိမ့်မယ်ထင်ပါတယ်။ အိပ်စက်ချိန်မလုံလောက်တဲ့အခါ ရောဂါလက္ခဏာရပ်တွေ၊ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်လာရမှာဖြစ်ပါတယ်။ အိပ်စက်ချိန်ဘယ်လောက်ရှိသင့်လဲ။ အိပ်စက်ချိန်ကအသက်အရွယ်ပေါ်မှာ များသောအားဖြင့်မူတည်နေတာဖြစ်ပါတယ်။ အိပ်စက်ချိန်တအားနည်းနေတယ်ဆိုရင် ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲရမှာဖြစ်ပြီး ထိုသို့ပြောင်းလဲမှုက အကျိုးသက်ရောက်မှုမရှိဘူးဆိုရင် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုအပ်ပါတယ်။ အိပ်ရေးဝဝအိပ်စက်ခြင်းကကောင်းတဲ့အချက်ဆိုပေမယ့် အိပ်ချိန်အရမ်းများတာကတော့ ကျန်းမာရေးတစ်ခုခုချို့ယွင်းနေပြီဆိုတာကိုပြသတဲ့လက္ခဏာရပ်လည်းဖြစ်နိုင်ပါတယ်။ အိပ်ချိန်တအားများတာကရောဂါခံစားရမှုတွေအထိဖြစ်ပေါ်စေနိုင်ပါတယ်။   အိပ်စက်မှု လမ်းညွှန် အခုလက်ရှိမှာ အမျိုးသားအိပ်စက်ခြင်းအဖွဲ့ ထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။ အသက်အရွယ် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ဘီလူးစီးခြင်း (Sleep Paralysis)

ဘီလူးစီးခြင်း (Sleep Paralysis) အကြောင်း လေ့လာလိုက်ရအောင်လား။ ဘီလူးစီးခြင်း (Sleep Paralysis) ဘီလူးစီးခြင်း (Sleep Paralysis) ဆိုတာ ကိုယ်တိုင်မကြုံဖူးရင်တောင် လူတိုင်းကြားတော့ကြားဖူးလိမ့်မယ်ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေလက်တွေ လှုပ်မရ၊ အော်မရပြုမရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ်လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ခေါ်တဲ့ အခြေအနေတစ်ရပ်ကို တစ်ခါလောက်ကြုံဖူးသွားတာနဲ့ နောက်ထပ်ကြုံဖို့လန့်သွားလောက်ပါတယ်။ ဘီလူးစီးခြင်း (၂)မျိုး ဘီလူးစီးခြင်း (Sleep Paralysis) ကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာက လူတိုင်းဖြစ်နိုင်ပေမယ့် RISP ဆိုတာကတော့ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ မူမမှန်တဲ့ရောဂါတစ်မျိုးမျိုး ရှိနေသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း) ကဘာလဲ။ အိပ်နေရင်းလမ်းထလျှောက်ခြင်းဆိုသည်မှာ လူတယောက်သည် အိပ်ပျော်နေချိန်တွင် မသိစိတ်မှထပြီး လမ်းလျှောက်ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်သည် လူတယောက်သည် နှစ်ခြိုက်စွာအိပ်ပျော်နေသော အဆင့်မှ နိုးလုနီးနီး သို့မဟုတ် နိုးသောအဆင့်သို့ရောက်သွားသောအခါဖြစ်ခြင်းဖြစ်သည်။ အိပ်နေရင်းလမ်းထလျှောက်သူသည် ထိုသို့လျှောက်နေချိန်တွင် မည်သည့်တုန့်ပြန်မှုမျိုးမှမရှိဘဲ၊ သူနိုးလာချိန်တွင်လည်း ဖြစ်ခဲ့သမျှကို မမှတ်မိတော့ချေ။ အချို့သူများသည် စကားပြောနေသောလည်း အသိစိတ်ထိန်းချုပ်မှုမရှိဘဲပြောနေခြင်းမျိုးဖြစ်တတ်သည်။ Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အိပ်နေရင်းလမ်းထလျှောက်ခြင်းသည် အထူးသဖြင့် အသက် ၄နှစ် မှ ၈နှစ်ကြား ကလေးဘဝတွင်ဖြစ်လေ့ရှိသော်လည်း အရွယ်ရောက်ပြီးသူများတွင်လည်းတွေ့ရတတ်သည်။ သို့သော်လည်း ၎င်းကိုဖြစ်စေသောအကြောင်းရင်းများကို သိပြီး ဖြေရှင်းနိုင်ပါသည်။ သင်သိလိုသောအကြောင်းရာများအတွက် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ လက္ခဏာများSleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လူတယောက်သည် အိပ်နေရင်းလမ်းထလျှောက်သောအခါ သူ့အခန်းထဲမှာပင် တိတ်ဆိတ်စွာလျှောက်နေခြင်းမျိုးရှိသလို ပြေးလွှားခြင်း၊ ထွက်ပြေးခြင်းမျိုးလည်းရှိပါသည်။ ပုံမှန်အားဖြင့် အိပ်နေရင်းလမ်းထလျှောက်သူ၏မျက်လုံးများသည် ဖွင့်ထားသော်လည်း အသက်မပါဘဲစိုက်ကြည့်နေတတ်ပြီး တအိမ်လုံးခြေဦးတည့်ရာသွားနေတတ်သည်။ သင်သူ့ကို မေးခွန်းတခုခုမေးလိုက်သောအခါ နှေးနှေးဖြေမည်။ ဖြေချင်မှလဲဖြေလိမ့်မည်။ သူ့ကို မနှိုးဘဲ အိပ်ရာကို ခေါ်သွားလျှင် မိုးလင်းချိန်သူနိုးသောအခါ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နည်းပညာက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီနိုင်မှာလား

ယနေ့ ကျွန်တော်တို့ လူသားတွေဟာ နည်းပညာတွေမရှိဘဲ မနေနိုင်ကြပါဘူး။ ဒါ့ကြောင့် ဒီအချက်ဟာ ကျွန်တော်တို့အတွက်  နည်းပညာသည် တကယ်ပဲ လူတွေကို အိပ်ပျော်အောင် ကူညီပေးနိုင်သလား ဆိုပြီး မေးခွန်းထုတ်စေပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး သိရှိသင့်သည်များကို အောက်ပါဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပါ။ နည်းပညာပစ္စည်းတွေက melatonin ဟော်မုန်းကို ဟန့်တားနိုင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ နည်းပညာရဲ့မိတ်ဆက်ပေးမှု ကျေးဇူးကြောင့် လူမှုဘဝတွေက အရှိန်အဟုန်နဲ့ ပြောင်းလဲခဲ့ပါတယ်။ အမှန်ပါပဲ။ လူတိုင်းရဲ့အိမ်မှာ အနည်းဆုံး တီဗွီ၊ စမတ်ဖုန်းတစ်လုံးနဲ့ အခြားပစ္စည်းတွေ ရှိနေပါပြီ။ ဒါက ဘာကို သက်သေပြလဲဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေက နည်းပညာနဲ့ လည်ပတ်နေတယ်ဆိုတာကိုပါပဲ။ နည်းပညာဟာ ကျွန်တော်တို့ ဘဝအတွက် အစားထိုးမရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ အကယ်၍ သင်ဟာနည်းပညာကြောင့် အိပ်တဲ့အခါ အခက်အခဲတွေ့နေတယ်ဆိုရင် ဒါဟာ အထူးအဆန်းမဟုတ်ပါဘူးလို့ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အသက်အရွယ်အပိုင်းအခြားအလိုက် လိုအပ်တဲ့ အိပ်စက်မှု

လုံလောက်စွာ အိပ်စက်ခြင်းဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ အမေးများတဲ့မေးခွန်းကတော့ အသက်အရွယ် အုပ်စုတစ်ခုစီအတွက် ဘယ်လောက်အိပ်စက်ခြင်းဟာ လုံလောက်ပါသလဲ။ ဒီဆောင်းပါးမှာတော့ စာဖတ်သူတွေကို အသုံးဝင်တဲ့ အချက်အလက်တွေ ပေးမှာ ဖြစ်ပါတယ်။ အိပ်စက်ခြင်းဟာ ဘဝရဲ့ လျှို့ဝှက်တဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး သိပ္ပံပညာရှင်အတော်များများက လူတွေ ဘာကြောင့် အိပ်ရသလဲဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် သူတို့ဟာ အိပ်ရေးဝခြင်းရဲ့ များပြားလှတဲ့ အကျိုးကျေးဇူးတွေကိုတော့ ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။   အိပ်စက်ခြင်းနဲ့ ကျန်းမာရေးအခြေအနေများ အိပ်ရေးပျက်ခြင်းဟာ သင့်ကို ဝစေပါတယ်။ အိပ်ရေးပျက်ခြင်းနဲ့ ဝခြင်းကြားမှာ ကြီးမားတဲ့ ဆက်စပ်မှု ရှိပါတယ်။ အိပ်ရေးပျက်ခြင်းဟာ အဝလွန်ခြင်းရဲ့ အဓိက ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခု လည်းဖြစ်ပါတယ်။ လေ့လာမှုတွေက အိပ်စက်ချိန်နည်းတဲ့ ကလေးနဲ့ လူကြီးတွေဟာ အသက်ကြီးလာတဲ့အခါမှာ အဝလွန်ဖို့ ၈၉% နဲ့ ၅၅% ပိုများတယ်လို့ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) ကဘာလဲ။ အိပ်ခြင်းကိုသက်ရောက်တဲ့ ကစဉ့်ကလျားဖြစ်ခြင်းမှန်သမျှကိုအိပ်စက်မှုဆိုင်ရာ ပြဿနာများလို့ ခေါ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းကြောင့် အိပ်ပျော်နေစဉ်ခေတ္တ အသက်ရှူရပ်ရပ်သောရောဂါ၊ အိပ်မပျော်သောရောဂါ၊ အိပ်နေရင်းလမ်းထလျှောက်သောရောဂါစသဖြင့် အမျိုးအစား(၈) မျိုးလောက်ရှိပါတယ်။ Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) က ဘယ်လောက်အဖြစ်များသလဲ အရမ်းအဖြစ်များပါတယ်။ အမေရိကန်လူဦးရေသန်း၇၀လောက်မှာ တွေ့ရှိရပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကိုရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားပြသင့်ပါတယ်။   လက္ခဏာများSleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဖြစ်တဲ့အမျိုးအစားပေါ်မူတည်ပြီးလက္ခဏာတွေအများကြီးရှိပါတယ်။ အတွေ့ရများတဲ့လက္ခဏာတွေကတော့ အိပ်ရင်းလမ်းလျှောက်ခြင်း၊ ဟောက်ခြင်း၊ အိပ်မပျော်ရောဂါ၊ ခြေလှုပ်သည့်ရောဂါစု၊ အချိန်တိုင်းအိပ်ချင်နေခြင်းနှင့် အိပ်နေစဉ်ခေတ္တအသက်ရှူရပ်ရပ်ခြင်းတို့ ဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါဖော်ပြပါအချက်တွေ ထဲကတစ်ခုခုရှိခဲ့မယ်ဆိုရင် (သို့)သင့်ရဲ့အိပ်စက်ခြင်းနဲ့ပတ်သက်ပြီးမေးခွန်းတွေရှိခဲ့မယ်ဆိုရင် သွားပြသင့်ပါတယ်။ သင့်အခြေအနေအတွက် အသင့်တော်ဆုံးအဖြေကိုရဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ နာတာရှည်အိပ်စက်ရောဂါကသင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ သင့်စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးတွေကိုဆိုးကျိုးပေးနိုင်ပါတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အကြောင်းရင်းများSleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

သဘာဝအလျောက်အိပ်ပျော်စေသောနည်းများ

သားအိမ်ခေါင်းကင်ဆာခံစားနေရတဲ့လူနာတွေကအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တဲ့အိပ်မပျော်တဲ့ ရောဂါတစ်မျိုးကိုခံစားရနိုင်ပါတယ်။ သင့်အနေနဲ့ ဆေးဆိုင်တွေမှာအိပ်ဆေးသွားမဝယ်ခင်အခုပြောပြသွားမယ့်သဘာဝနည်းလမ်းတွေကိုအရင်စမ်းကြည့်ပါ။ သင့်ကို အံ့သြသွားလောက်အောင် ကောင်းကျိုးတွေ ပေးနိုင်ပါလိမ့်မယ်။   နို့ပူပူနွေးနွေးသောက်ပါ။ နို့ကအိပ်မပျော်ခြင်း ကိုကျော်လွှားနိုင်မယ့်အစားအသောက်တွေထဲကတစ်ခုပါ။ နို့ကဦးနှောက်ကို melatonin ထုတ်ဖို့ကူညီပေးတဲ့ကယ်လ်စီယမ်ထုတ်ပေးပါတယ်။ နေ့စဉ်အိပ်ယာမဝင်ခင်နို့ပူပူလေးတစ်ခွက်သောက်ကြည့်ပါ။ နို့ရဲ့ကောင်းကျိုးကတော့သင့်ကိုအေးချမ်းစွာအိပ်စေမှာပါ။   လျှပ်စစ်ကိရိယာတွေအကုန်ပိတ်ထားပါ။ ညဘက် ထိန်လင်းနေတာကသင့်ကိုအိပ်ငိုက်ဖို့အခက်အခဲဖြစ်စေပါတယ်။ သင့်အခန်းကမှောင်နိုင်သမျှမှောင်နေရပါမယ်။ ဒါ့အပြင်သင့်အနေနဲ့အိပ်ယာမဝင်ခင်ဖုန်း၊ TV နဲ့ကွန်ပျူတာစတဲ့လျှပ်စစ်ကိရိယာတွေနဲ့ ဝေးဝေးနေသင့်ပါတယ်။ အိပ်ခါနီးညအချိန်မှာဒါတွေကိုအသုံးပြုခြင်းကအလေ့အကျင့်ဆိုးတစ်ခုဖြစ်တဲ့အတွက် ဖျောက်သင့်ပါတယ်။ လျှပ်စစ်ကိရိယာတွေကထွက်တဲ့အလင်းရောင်ကသင့်ဦးနှောက်အတွက်မကောင်းပါဘူး။ အနည်းဆုံးညမအိပ်ခင်၁နာရီအလိုမှာလျှပ်စစ်ကိရိယာတွေအသုံးပြုခြင်းရပ်လိုက်ပါ။ တကယ်တော့သင့်အခန်းထဲမှာကိုကTV မထားသင့်ပါဘူး။ သင့်အကြိုက်ဆုံးတီဗွီအစီအစဉ်တွေလာရင်လည်း နောက်မှအခွေပြန်ဝယ်ကြည့်ပါ။   လေ့ကျင့်ခန်းစောစောလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက လေ့ကျင့်ခန်းလုပ်နှုန်းနဲ့လုပ်ချိန်အပေါ်မူတည်ပြီးသင့်ရဲ့အိပ်စက်ခြင်းကိုတိုးတက်စေပါတယ်။ လေ့လာမှုတွေအရသင်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာကိုယ်အပူချိန်မြင့်လာပြီးပြန်လည်ထိန်းညှိဖို့အတွက် ခြောက်နာရီအချိန်ပေးရပါတယ်။ ဒါ့ကြောင့်ကောင်းကောင်းအိပ်ပျော်ဖို့အတွက် ကိုယ်ကိုအေးစေပြီးမှအိပ်ယာဝင်သင့်ပါတယ်။ လက်တွေ့စမ်းသပ်မှုတွေအရမနက်မိနစ်၃၀နှုန်းတစ်ပတ်လုံးလေ့ကျင့်ခန်းလုပ်တဲ့အမျိုးသမီးတွေက လေ့ကျင့်ခန်းနည်းနည်းလုပ်တဲ့၊ နောက်ကျမှလုပ်တဲ့အမျိုးသမီးတွေထက်အိပ်ရတာပိုအဆင်ပြေတာတွေ့ရပါတယ်။ မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းကအိပ်စက်ခြင်းအတွက်အကောင်းဆုံးအကျိုးကျေးဇူးပေးပါတယ်။   သင့်ရဲ့အိပ်ယာကိုခွဲထားပါ။ သင့်ရဲ့အိပ်စက်တဲ့နေရာကိုသက်သက်ခွဲထားပါ။ တခြားလှုပ်ရှားမှုတွေဖြစ်တဲ့စားသောက်ခြင်း၊အလုပ်လုပ်ခြင်းစတာတွေနဲ့မသက်ဆိုင်တဲ့နေရာမှာခွဲထားပါ။ ညသန်းခေါင်ကြီးနိုးလာတဲ့အခါကွန်ပျူတာ ၊ တီဗွီတွေသွားဖွင့်မယ့်အစားသင့်ကိုအိပ်ငိုက်စေမယ့်စာအုပ်ဖတ်တာဖြစ်ဖြစ်တရားထိုင်တာဖြစ်ဖြစ်လုပ်ပါ။ တကယ်လို့သင်အိပ်ရေးပျက်တာများနေပြီဆိုရင်တော့သင့်အိပ်ခန်းကို သေချာပြန်စီစဉ်ဖို့လိုပါလိမ့်မယ်။   ရနံ့ကုထုံးကိုစမ်းကြည့်ပါ။ တချို့အဆီတွေကအိပ်စက်ခြင်းအတွက်အကျိုးသက်ရောက်မှုကောင်းပြီးလာဗင်ဒါရနံ့ကလည်းတစ်ခုအပါအဝင်ပါ။ ဒါကအကုန်အကျနည်းပြီးအဆိပ်အတောက်ကင်းတဲ့အိပ်စက်ခြင်းကိုကူညီပေးမယ့်အရာပါ။ လာဗင်ဒါဆီနဲ့မအိပ်ခင်ရေနွေနွေးနဲ့ရေချိုးခြင်းကသင့်ရဲ့ကိုယ်နဲ့စိတ်ကိုအေးချမ်းစေပါလိမ့်မယ်။ သင့်အနေနဲ့ ခေါင်းဦးပေါ်မှာလာဗင်ဒါဆီကိုဖြန်းထားလည်းရပါတယ်။   သင့်အိပ်စက်ခြင်းကိုဘာကတားဆီးနေလဲဆိုတာသိဖို့ကနေထိုင်မှုပုံစံနဲ့ပတ်ဝန်းကျင်ပြောင်းလဲဖို့လိုပါတယ်။ ဒါ့အပြင်အစားအစာ၊အထောက်အကူများ၊ဆေးဖက်ဝင်အပင်တွေကလည်းသင့်ကိုအေးချမ်းစွာအိပ်စက်နိုင်ဖို့ကူညီပေးမှာပါ။ ဒီနည်လမ်းတွေကသင့်ကိုအိပ်ပျော်ဖို့ကူညီရုံသာမကကြွက်သားတွေကိုလည်းပြေလျော့စေပါတယ်။ သဘာဝနည်းလမ်းတွေ၊ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

လေယာဉ်စီးခြင်းကြောင့် ခရီးပန်းတာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ

လေယာဉ်စီးပြီး ခရီးမကြာခဏထွက်လေ့ရှိတဲ့သူတွေအတွက်တော့ ခရီးပန်းတယ်ဆိုတာ မထူးဆန်းတော့ပါဘူး။ အိပ်ရေးမဝတာတွေ၊ နေ့အချိန်အတွင်းမှာ ပင်ပန်းနွမ်းနယ်နေတာတွေ၊ အာရုံစိုက်လို့မရတာတွေနဲ့ အစာအိမ်ပြဿနာတွေဟာ ရှောင်လွှဲလို့မရတဲ့ပြဿနာတွေပါ။ လေယာဉ်ကြောင့်ခရီးပန်းခြင်း ဆိုတာဘာလဲ၊ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာနဲ့ ဒီအခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေကြည့်ရအောင်လား။ Jet Lag ဆိုတာဘာလဲ။ လေယာဉ်ခရီးပန်းခြင်း ဆိုတာ ခရီးသွားအများစုအတွက်တော့ အချိန်အတိုင်းအတာတစ်ခုထိကြာနိုင်တဲ့ အိပ်စက်မှုဆိုင်ရာ ကမောက်ကမပြဿနာတွေ ဖြစ်ခြင်းပါ။ သင်ခရီးသွားတဲ့အခါ အချိန် ဇုန်နှစ်ခုထက်ပိုပြီး အလျင်အမြန် ဖြတ်သန်းသွားတဲ့အခါ မျိုးတွေမှာ လေယာဉ်ခရီးပန်းခြင်း ဖြစ်တတ်ပါတယ်။ တကယ်လို့သင်က အရှေ့ဘက်ကို ခရီးထွက်မယ်ဆိုရင် ဖြတ်ရတဲ့ အချိန်ဇုန်ချင်း တူတာတောင်မှ အနောက်ဘက်ကိုသွားတာထက် ပိုပြီးခရီးပန်းနိုင်ချေရှိပါတယ်။ တကယ်လို့ သင်က သက်ကြီးပိုင်းဖြစ်နေခဲ့မယ်ဆိုရင် ခရီးပန်းတာပိုဖြစ်နိုင်ပြီး သက်သာပျောက်ကင်းဖို့လည်း ပိုပြီးကြာနိုင်ပါလိမ့်မယ်။ ဘာတွေက လေယာဉ် ခရီးပန်းခြင်းကိုဖြစ်စေတာလဲ။ လေယာဉ်ခရီးပန်းခြင်းဆိုတာ အဟုန်နဲ့ ခရီးသွားတဲ့အခါ သင့်အိပ်စက်ခြင်း၊ နိုးထခြင်းတို့ကို ထိန်းချုပ်ပေးတဲ့ ဇီဝနာရီ ကို […]


ရောဂါလက္ခဏာများ

သယ်လ်ဆီးမီးယား (thalassemia) ရောဂါ အကြောင်းသိကောင်းစရာ

thalassemia ရောဂါဆိုတာဘာလဲ။ thalassemia ဆိုတာ မူမမှန်တဲ့ ဟေမိုဂလိုဘင်တွေ ထုတ်တာကြောင့် ဖြစ်ပေါ်လာတဲ့ သွေးရောဂါတမျိုးပါ။ တကယ်လို့ သင့်ကလေးမှာ thalassemia ရောဂါရှိတယ်ဆိုရင် သူတို့ရဲ့ ခန္ဓါကိုယ်ထဲမှာ ဟေမိုဂလိုဘင်ဓါတ်နဲ့ သွေးနီဥတွေဟာ ပုံမှန်ထက် နည်းနေပါလိမ့်မယ်။ ဒီလိုရောဂါမျိုးကို Mediterranean ဒေသ၊အာဖရိက နဲ့ အာရှဒေသက ကလေးတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။thalassemia ရောဂါ အမျိုးအစား အများကြီးရှိပါတယ်။ တချို့အမျိုးအစားတွေက ဘာရောဂါလက္ခဏာမှ မပြသလို တချို့အမျိုးအစားတွေကလည်း အချိန်မီ ကုသမှုမပေးရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ကိုယ့်ကလေးမှာ thalassemia ရှိနေကြောင်း ဘယ်လိုသိမလဲ။ thalassemia ရောဂါရဲ့ လက္ခဏာတွေက -အားနည်းမယ်။ -ပင်ပန်းနွမ်းနယ်နေမယ်။ -အသားအရေဖြူဖျော့မယ်။ -မျက်နှာကအရိုးတွေငေါလာမယ်။ -အရပ်အမောင်းပုသေးမယ်။ -ဆီးမည်းမယ်။ -ဗိုက်ကြီးဖောင်းလာမယ် စတာတွေပဲဖြစ်ပါတယ်။ ကလေးမှာ ဘာလို့thalassemia ဖြစ်ရတာလဲ။ thalassemia ဟာ ဟေမိုဂလိုဘင်ထုတ်ပေးတဲ့ gene မှာ အပြစ်အနာအဆာပါတာကြောင့် ဖြစ်ရတာပါ။ ဒီလို ပါတာကြောင့် ဟေမိုဂလိုဘင်ဓါတ်ကို ပုံမှန်အတိုင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း