ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ရောဂါကို အရင်က အဖြစ်မများဘူးလို့ ထင်စရာ ရှိပေမယ့် မသိကြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ စစ်တမ်းတွေအရကတော့ အရွယ်ရောက်ပြီးသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က ကျောက်ကပ်ရောဂါ ခံစားနေကြရပြီး သူတို့ကိုယ်တိုင် ကျောက်ကပ်ရောဂါ ခံစားနေရတယ်ဆိုတာကို မသိကြပါဘူး။ လူတွေ သတိမထားမိကြပေမယ့် ကျောက်ကပ်ထိခိုက်နေပြီဆိုတာကို ပြသနေတဲ့ မြင်သာတဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများက ဒီလက္ခဏာတွေကို ကျောက်ကပ် ထိခိုက်နေတယ်လို့ မထင်ကြပါဘူး။ ဒီလိုနဲ့ ကျောက်ကပ် ထိခိုက်တာက နောက်ဆုံးအခြေအနေရောက်မှ ကျောက်ကပ်ထိခိုက်နေပြီ။ ကျောက်ကပ်ရောဂါ ခံစားနေရပြီဆိုတာကို သိကြပါတယ်။ ကျောက်ကပ်ထိခိုက်နေသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကပဲ သူတို့မှာ ကျောက်ကပ်ထိခိုက်နေတယ်ဆိုတာကို သိကြပါတယ်။ ဒီတော့ ကိုယ်တိုင်လည်း ကျောက်ကပ် ကျန်းမာရဲ့လား ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေပြီလားဆိုတာကို ဆောင်းပါးလေး ဖတ်ကြည့်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ကျောက်ကပ် ထိခိုက်နေပြီလားဆိုတာကို […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက်မတည်စေရေး ကာကွယ်ရန်နည်းလမ်းများ

ဆီးကျောက်တည်ခြင်း (သို့) ကျောက်ကပ်ကျောက်တည်ခြင်းဆိုတာ ကျောက်ကပ်အတွင်းမှာ သတ္တုဓာတ်များ အနည်အနှစ်ကျလာခြင်း ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းတနေရာရာမှာ ကျောက်တည်သွားတဲ့အခါ မခံနိုင်လောက်အောင် နာကျင်မှု ခံစားရတတ်ပါတယ်။ တကယ်လို့ ဆီးကျောက်တခါတည်ဖူးခဲ့ရင် နောင်ဆယ်နှစ်အတွင်း ထပ်ဖြစ်နိုင်ဖို့ ၅၀ရာခိုင်နှုန်း အခွင့်အလမ်းရှိနေပါတယ်။ ဆီးကျောက်တည်ခြင်းကို ကာကွယ်နိုင်ဖို့ဆိုရင် နေထိုင်မှုပုံစံတွေကို သတိထားဖို့ လိုပါတယ်။ ယခုဖော်ပြမှာကတော့ ဆီးကျောက်တည်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်သင့်သလဲ ဆိုတာပါပဲ။ ၁။ ရေများများသောက်ပါ ရေများများသောက်ခြင်းဟာ ဆီးကျောက်တည်ခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ရေသောက်တည်းရင် ဆီးထွက်လည်း နည်းသွားနိုင်ပါတယ်။ ဆီးထွက်နည်းတာဟာ ဆီးပိုမိုပျစ်သွားခြင်းကို ညွှန်ပြနေပြီး သတ္တုဓာတ်တွေ မပျော်ဝင်နိုငတော့ဘဲ ကျောက်များဖြစ်လာနိုင်ပါတယ်။ ဒီဖြစ်ရပ်ကို ကာကွယ်နိုင်ဖို့ တနေ့ကို ရေဖန်ခွက် ၈ ခွက်ခန့် သောက်သုံးသင့်ပါတယ်။ ဒါမှဟာ ဆီး ၂လီတာခန့် စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေရင်၊ ချွေးထွက်များရင်၊ ကျောက်တည်ဖူးရင် ဒီထက်ပိုပြီး […]


ကျောက်ကပ်ရောဂါများ

သင့်ကျောက်ကပ်ကို ကာကွယ်ပါ

Hello ဆရာဝန် ပရိတ်သတ်ကြီး မင်္ဂလာပါ ဒီတစ်ခေါက် ဆောင်းပါးမှာတော့ သင့်ရဲ့ကျောက်ကပ်ကို ဘယ်လိုကျန်းမာအောင်နေရမလဲဆိုတာ ဆွေးနွေးပေးသွားမှာပါ ။ ဒီရက်ပိုင်းအတွင်းမှာပဲ ဆရာဝန်လောင်းလျာတစ်ယောက် ကျောက်ကပ်ရောဂါဖြစ်တာကို Facebook မှာ တွေ့လိုက်ရမှာပါ ။ ရုတ်တရက်ကြီး ထဖြစ်တတ်တာမျိုးလည်း ရှိတဲ့အတွက် ကျောက်ကပ်ကို ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ် ။ အရင်ဆုံး ကျောက်ကပ်ရဲ့ လုပ်ငန်းကို ရှင်းပြမှာပါ ။ ခန္ဓာကိုယ်‌မှာ နေ့စဉ်လှုပ်ရှားစားသောက်နေသမျှမှာ မလိုအပ်တဲ့ မကောင်းတဲ့ဓါတ်တွေ ပါပါတယ် ။  ကျောက်ကပ်က သွေးထဲကနေ ခန္ဓာကိုယ်အတွက် ကောင်းတာတွေကို စစ်ယူ၊ မကောင်းတာတွေကို ဖယ်ရှားစေပြီး ဆီးထဲကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်ပေးပါတယ် ။  ဒါ့အပြင် သွေးတိုးရောဂါ ထိန်းချုပ်ခြင်း ၊ သွေးနီဥများ ပြုလုပ်ခြင်း ၊ အရိုးများ သန်မာဖို့အတွက် လိုအပ်တဲ့ Vitamin […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးသွား ဖို့ ခဏခဏ တရေးနိုး နေရသလား

ညဘက် အိပ်လို့ကောင်းနေပြီ ဆိုရင် ထပြီး ဆီးသွား ရတာ အတော် စိတ်ညစ်ရတဲ့ ပြဿနာ ပါ။ အိပ်ပျော်နေတဲ့ အချိန် ၆ နာရီ - ၈ နာရီခြား တစ်ကြိမ် ဆီး ထသွားနေရတာ ဘယ်လို အိပ်ရေးဝ နိုင်ပါတော့မလဲ။ ဆီးသွားတာ တအားများနေတယ်၊ ခဏခဏ ဆီးသွားတယ် ဆိုရင် ဆီးချို များဖြစ်နေပြီလား စိတ္တဇ ဖြစ်ရပါသေးတယ်။ အမှန်က ဖြစ်နိုင်ခြေ အကြောင်းရင်း တွေက အများကြီး ရှိပါတယ်။ ဆီးသွား ဖို့ ခဏခဏ တရေးနိုး နေရသလား ကိုယ်က ရေသောက် များနေတာလား ၊ ရောဂါ အခံ တစ်ခုခု ကြောင့်လား စသည်ဖြင့်ပေါ့။ အဲဒီမေးခွန်းလေးတွေ ကို ဆက်ပြီး အဖြေထုတ်ကြည့် ရအောင်။ ကိုယ် သောက်ထားတဲ့ […]


ကျောက်ကပ်ရောဂါများ

ရုတ်တရက်ကျောက်ကပ်ပျက်စီး ခြင်း

ရုတ်တရက်ကျောက်ကပ်ပျက်စီး တယ်ဆိုတာ ကျောက်ကပ်က ရုတ်တရက် သူ့အလုပ်ကို မလုပ်နိုင်တော့တာပါ။ နည်းနည်းပျက်စီးတာလဲဖြစ်နိုင်သလို လုံးဝအလုပ်မလုပ်နိုင်တာလဲ ဖြစ်ပါတယ်။ ရုတ်တရက်ကျောက်ကပ်ပျက်စီး တာက ကျောက်ကပ်ကိုယ်တိုင်မကောင်းတာကြောင့်ဖြစ်နိုင်သလို တခြားအကြောင်းအရင်းတစ်ခုကြောင့် ကျောက်ကပ်မှာ နောက်ဆက်တွဲလာထိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါက အသက်ကြီးပြီးရောဂါအခံတစ်ခုခုရှိတဲ့သူတွေ၊ နဂိုတည်းက ကျောက်ကပ်မကောင်းတဲ့သူတွေမှာပိုဖြစ်တတ်ပါတယ်။ ရုတ်တရက်ကျောက်ကပ်ပျက်စီးတာက မြန်မြန်သိ မြန်မြန််ကုနိုင်ရင် ပိုကောင်းပါတယ်။ မကုနိုင်ရင် ကိုယ်ထဲမှာ ဓာတ်ဆားတွေ၊ အညစ်အကြေးတွေပုံလာပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်လာမှာပါ။ ကျောက်ကပ်လုံးဝအလုပ်မလုပ်တော့ရင်တော့ ကျောက်ကပ်ဆေးရမှာပါ။ မဟုတ်ရင် အသက်အန္တရာယ်ရှိပါတယ်။ ဘာလို့ ရုတ်တရက်ကျောက်ကပ်ပျက်စီး ရတာလဲ အဓိကအကြောင်းရင်း၃ခုကတော့ ကျောက်ကပ်ကို သွေးကောင်းကောင်းမလျှောက်တာ ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်တာ ဆီးပို့ပြွန်ပိတ်ပြီး ဆီးတွေအပြင်ကိုမထွက်နိုင်ဘဲ ကျောက်ကပ်မှာပြန်ပုံနေတာတွေပဲဖြစ်ပါတယ်။ ကျောက်ကပ်ကို သွေးကောင်းကောင်းမလျှောက်စေတဲ့အကြောင်းတွေကတော့ သွေး ဒါမှမဟုတ် အရည်ဓာတ်ဆုံးရှုံးတာ သွေးကျဆေးတွေအလွန်အကျွံသောက်တာ နှလုံးရပ်တာ နှလုံးရောဂါရှိတာ ပိုးဝင်တာ အသည်းပျက်စီးတာ အကိုက်အခဲပျောက်ဆေးတွေ၊ တခြားကျောက်ကပ်ထိတဲ့ဆေးတွေသောက်တာ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးနှင့်ကျောက်ကပ် ဆရာဝန်ထံသွားရောက်ရန် အသံတိတ်ပြောနေသော အရာများ

ဆီးနှင့်ကျောက်ကပ် ဆရာဝန်ထံသွားရောက်ရန် အသံတိတ်ပြောနေသော အရာများ ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးဆိုတာ တစ်ကယ်တော့ အမျိုးသားတွေအတွက် အင်မတန်အရေးကြီးတဲ့ကိစ္စတွေထဲမှာ ပါဝင်နေပါတယ်။ ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ မျိုးပွားစနစ်တစ်ခုလုံးက ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးနဲ့ဆက်စပ်နေပါတယ်။ အသက်အရွယ်ကြောင့်သော်လည်းကောင်း ရောဂါကြောင့်သော်လည်းကောင်း ထိခိုက်ဒဏ်ရာကြောင့်သော်လည်းကောင်း ယောင်္ကျားတွေအားလုံးဟာ တစ်သက်မှာ တစ်ခါတော့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုခံစားရနိုင်ပါတယ်။ ဆီးနှင့်ကျောက်ကပ် ဆရာဝန်ထံသွားရောက်ရန် အသံတိတ်ပြောနေသော အရာများက ဘာတွေလဲ........ အကယ်၍များ သင့်အနေနဲ့ ဒီရောဂါလက္ခဏာတွေကို တွေ့ကြုံနေရပြီ ဆိုရင်တော့ ဆီးလမ်းကြောင်းဆိုင်ရာဆရာဝန်ဆီကိုသွားပြီး ဆွေးနွေးကုသမှုခံယူဖို့လိုအပ်နေပါပြီ။ ၁ - ဆီးကျိတ်ရောင်ခြင်း ဆီးအကျိတ်ဆိုတာကတော့ ဆီးအိမ်နဲ့ လိင်တံကြားမှာတည်ရှိနေပြီး prostate လို့ခေါ်တဲ့ အကျိတ်ကလေးတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အရွယ်အစားထက်ပိုပြီး ကြီးလာတဲ့အခါ ဆီးသွားရာမှာ ခက်ခဲစေပါတယ်။ နောက်ဆက်တွဲ ပြဿနာကြီးကြီးမားမား မရှိပေမယ့် ဆီးသွားရာမှာကသိကအောင့်ဖြစ်နေနိုင်ပါတယ်။ ဆီးကျိတ်ရောင်ခြင်းရဲ့ လက္ခဏာတွေကတော့ ဆီးစပေါက်ရမှာ ခက်ခဲခြင်း ဆီးသွားသော်လည်း ကောင်းကောင်းမသွားနိုင်ခြင်း ဆီးသွားပြီးခါနီးတွင် တစ်စက်တစ်စက်ကျနေတတ်ခြင်း […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးတွေ အရမ်းပူတယ် ဘာကြောင့်လဲ.......

ဆီးသွားလိုက်တိုင်း ဆီးတွေ ကအရမ်းပူနေတယ်။ ဘာကြောင့်များလဲမသိဘူးဆိုပြီး စိတ်ညစ်နေတဲ့ Helloဆရာဝန် ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ပြောပါရစေ။ ဆီးပူတယ် ဆိုတာ ဆီးဆိုတာက ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ ရေတွေ၊ ဆားတွေ နဲ့ အခြား ဒြပ်ပေါင်းတွေကို ခန္ဓာကိုယ်ပြင်ပကိုစွန့်ထုတ်တာပါ။ ဒီတာဝန်ကို ကျောက်ကပ်က တာဝန်ယူပေးပါတယ်။ ကျောက်ကပ်က ကိုယ်တွင်းမှာ ရေဓာတ်မျှတစေဖို့ နဲ့ electrolyte တွေမျှတမှုရှိနေစေဖို့ ကျောက်ကပ်ကလုပ်ဆောင်ပေးပြီး ပိုလျှံနေတဲ့အရာတွေကို ဆီးအိမ်ထဲမှာ ခန္ဓာကိုယ်အပူချိန်အတိုင်း သိမ်းဆည်းပြီးမှ ပြင်ပကို ဆီးအဖြစ်နဲ့ စွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ဆီးက ပုံမှန်အားဖြင့်တော့ ခပ်နွေးနွေးပါ။ ဒါပေမယ့် ခပ်နွေးနွေးအဆင့် ထက်ကျော်ရင်တော့ ဆီးပူနေတယ်လို့ ပြောရပါမယ်။ ဆီးပူနေတဲ့ လက္ခဏာတွေ အပေါ်မှာ ပြောခဲ့သလိုပဲ ဆီးက ပုံမှန်အားဖြင့်ကတော့ ခန္ဓာကိုယ်အပူချိန်နဲ့ အတူတူပါပဲ။ ပုံမှန်အားဖြင့် ဆီးရဲ့ အပူချိန်က ၉၈.၆ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးက ပြောပြနေတဲ့ ကျန်းမာရေး

ဆီးက ခန္ဓာကိုယ် ပြင်ပကိုစွန့်ထုတ်လိုက်တဲ့ ကိုယ်တွင်း ကပိုလျှံနေတဲ့ အရည်တွေဆိုတာထက် ပိုပါတယ်။ ဆီးက အရောင်အဆင်း၊ အနံ့ အမျိုးမျိုးနဲ့လည်း ကျန်းမာရေး အခြေအနေကို ဖော်ပြပေးတတ်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ဆီးက ပြောပြနေတဲ့ ကျန်းမာရေး အကြောင်းကို နည်းနည်းလောက်ပြောပြ ပါရစေ။ ဆီးကပြောပြနေတဲ့ ကျန်းမာရေး ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ ဆီးက ကြည်နေပြီး အနံ့ကင်းနေရမှာပါ။ ဒါ့အပြင် ဆီးသွားရခက်နေတာ၊ ဆီးကျန်နေတယ်လို့ခံစားရတာ။ ဆီးသွားတဲ့အခါတိုင်း အောင့်နေတယ်လို့ ခံစားရတာမျိုးမရှိရပါဘူး။ ဆီးက ပုံမှန်ထက် ထူးခြားနေရင်တော့ ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့လိုနေပါပြီ။ ဆီးက ပူနေမယ် ဆီးသွားတဲ့အခါ ပုံမှန်ထက် ဆီးက ပိုပူနေမယ်။ ဆီးသွားရတာ အောင့်နေမယ်။ ဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်တာကိုခံစားနေရတာပါ။ နောက်ထပ်ဖြစ်နိုင်တာတစ်ခုက ကာလသားရောဂါလိုမျိုး လိင်ကတဆင့် ကူးစက်တဲ့ရောဂါတစ်မျိုးမျိုး ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။ ဆီးက ချိုတဲ့ အနံ့ထွက်နေမယ် ဆီးသွားတဲ့အခါတိုင်း ဆီးက ချိုတဲ့အနံ့မျိုးဖြစ်နေမယ်ဆိုရင် သွေးချိုစစ်ကြည့်ဖို့လိုနေပါပြီ။ အကြောင်းကတော့ […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ် ရောဂါရှိတယ်။ ဘာတွေရှောင်စားရမလဲ.......

ဆီးချိုရဲ့နောက်ဆက်တွဲကြောင့်ဖြစ်ဖြစ်၊ သွေးတိုးကြောင့်ဖြစ်ဖြစ် ကျောက်ကပ် ထိခိုက်ပျက်စီးနေတယ်။ ဒီလို ကျောက်ကပ် ပျက်စီးနေတာကြောင့် အနေအထိုင် အစားအသောက်ဂရုစိုက်ဖို့လိုလာတယ်။ အစားတလုတ်ကြောင့် ကျောက်ကပ်ကို မထိခိုက်စေချင်ဘူး။ ဒါပေမယ့် ဘာတွေရှောင်စားရမှန်းမသိဘူးဆိုတဲ့ သူလေးတွေရှိရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ ကျောက်ကပ် ဘာတွေများလုပ်ပေးလဲ...... နံရိုးတွေရဲ့အောက်ဘက်နားမှာရှိတဲ့ လက်သီးဆုပ်အရွယ် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းပါ။ ကျောရိုးရဲ့ တစ်ဖက်တစ်ချက်ဆီမှာရှိကြပါတယ်။ကျောက်ကပ်က ခန္ဓာကိုယ်ရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။ ကျောက်ကပ်ရဲ့ အဓိကတာဝန်က ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကိုစစ်ထုတ်ပေးတာပါ။သွေးတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ စစ်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာ သိမ်းထားပြီး ဆီးအဖြစ်နဲ့ ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဒါတွေအပြင်ကျောက်ကပ်က ကိုယ်တွင်း pH ပမာဏကို ထိန်းညှိပေးပြီး ပိုတက်ဆီယမ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးနီဥဆဲလ်တွေထုတ်လုပ်မှုကိုလည်း ထိန်းညှိပေးပါတယ်။ အရိုးတွေသန်မာစေပြီး ကြွက်သားတွေ အကောင်းဆုံးလုပ်ဆောင်မှုတွေရရှိစေဖို့အတွက်လည်း ကယ်လ်ဆီယမ်ကို […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ဆေးနေရသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံဆိုတာ

ကျောက်ကပ်က ပုံမှန်အတိုင်းအလုပ်မလုပ်တော့လို့ ကျောက်ကပ်ဆေးနေရတယ်။ ကျောက်ကပ်ဆေးနေရတာကြောင့် အခြားရောဂါပိုး​တွေ ဝင်ရောက်တာမျိုးမဖြစ်စေဖို့ အာဟာရပြည့်ဝအောင်စားဖို့ကလည်း မဖြစ်မနေဂရုစိုက်ဖို့လိုမှာပါ။ ဒီတစ်ခေါက်တော့ ကျောက်ကပ်ဆေးနေရသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားသောက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကျောက်ကပ်ဆေးနေရသူတွေအတွက် ကျန်းမာရေးနဲ့ညီ​ညွတ်တဲ့ စားသောက်မှုပုံစံ ကျောက်ကပ်ဆေးနေရသူ တစ်ယောက်အနေနဲ့ အာဟာရပြည့်ဝနေမှ လိုအပ်တဲ့ကုသမှုတွေကို ခံယူနေမှာပါ။ ဒါကြောင့် ကျောက်ကပ်ဆေးနေရသူတစ်ယောက်အနေနဲ့ အာဟာရပြည့်ဝပြီး ကျန်းမာစေဖို့ဆိုရင် စားတဲ့အစားအစာတိုင်းမှာ ပရိုတင်းပြည့်ဝလုံလောက်စွာပါဝင်ဖေို့ဂရုစိုက်ပေးပါ။ ပရိုတင်းပြည့်ဝစေဖို့အတွက် ငါး၊ ကြက်သား၊ ဝက်သား (အဆီမပါ)၊ ဥအမျိုးမျိုုးတို့ကို စားပေးလို့ရပါတယ်။ ပိုတက်ဆီယမ် နဲ့ phosphorus လျှော့စားပါ။ ဒါတွေက ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။ မြေပဲထောပတ်၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ အသီးခြောက်တွေ နဲ့ ပဲနီလေးတို့ မစားပါနဲ့။ ဒီအစားအစာတွေက ပရိုတင်းကြွယ်ဝတာ မှန်ပေမယ့် ပိုတက်ဆီယမ် နဲ့ phosphorous ပါဝင်မှုလည်းများပါတယ်။ ဆားလျှော့စားပါ။ အငန်ကဲတာတွေရှောင်ပါ။ ဒီလိုလုပ်ပေးတာက […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက်တည်တာကို သဘာဝအတိုင်း မြန်မြန်ပျောက်အောင် ဘယ်လိုလုပ်မလဲ

ကျောက်ကပ်မှာ ဆီးကျောက်တည်တဲ့ ပြဿနာဆိုတာ လူလတ်ပိုင်းအရွယ်မှာ တော်တော်များများ ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုပါပဲ။ အထိုင်အထနည်းတယ်၊ ရေသောက်နည်းရာကနေ ဆီးသွားနည်းလာတဲ့အခါ ဆီးက ပုံမှန်ထက် ဝါပြီးအနံ့ပြင်းလာသလို အနည်အနှစ် စွန့်ပစ်ပစ္စည်းတွေကလည်း ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ စုပုံလာပါတယ်။ ဒီအနည်အနှစ်တွေက တဖြည်းဖြည်းများလာတဲ့အခါ စုသွားပြီး ကျောက်လို အခဲပုံစံမျိုးဖြစ်သွားပါတယ်။ ဆီးကျောက်တည်ခြင်းကြောင့် ဆီးသွားရာမှာ အခက်အခဲဖြစ်သလို နာကျင်ခြင်း၊ အော့အန်ခြင်းအပြင် ကိုယ်တွင်းအင်္ဂါ အထူးသဖြင့် ကျောက်ကပ်မှာ သွေးထွက်စေသည်အထိ ထိခိုက်စေပါတယ်။ ဆီးကျောက်အသေးလေးတွေကတော့ သိပ်ပြီးဒုက္ခမပေးနိုင်ဘူးဆိုပေမဲ့ ကြီးလွန်းတဲ့ ကျောက်အဆင့်ထိ ဖြစ်လာရင်တော့ ဆီးလမ်းကြောင်းပိတ်သွားတဲ့အထိ အခြေအနေဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆီးသွားနည်းတယ်၊ ဆီးသွားရတာ အခက်အခဲဖြစ်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြကြည့်ပြီး ကျောက်ကပ်မှာ တည်နေတဲ့ဆီးကျောက်တွေ ရှိမရှိဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။ ရောဂါအခြေအနေပေါ် မူတည်ပြီး သောက်ဆေးနဲ့ ကုသရတာလည်း ရှိသလို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း