ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ရောဂါကို အရင်က အဖြစ်မများဘူးလို့ ထင်စရာ ရှိပေမယ့် မသိကြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ စစ်တမ်းတွေအရကတော့ အရွယ်ရောက်ပြီးသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က ကျောက်ကပ်ရောဂါ ခံစားနေကြရပြီး သူတို့ကိုယ်တိုင် ကျောက်ကပ်ရောဂါ ခံစားနေရတယ်ဆိုတာကို မသိကြပါဘူး။ လူတွေ သတိမထားမိကြပေမယ့် ကျောက်ကပ်ထိခိုက်နေပြီဆိုတာကို ပြသနေတဲ့ မြင်သာတဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများက ဒီလက္ခဏာတွေကို ကျောက်ကပ် ထိခိုက်နေတယ်လို့ မထင်ကြပါဘူး။ ဒီလိုနဲ့ ကျောက်ကပ် ထိခိုက်တာက နောက်ဆုံးအခြေအနေရောက်မှ ကျောက်ကပ်ထိခိုက်နေပြီ။ ကျောက်ကပ်ရောဂါ ခံစားနေရပြီဆိုတာကို သိကြပါတယ်။ ကျောက်ကပ်ထိခိုက်နေသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကပဲ သူတို့မှာ ကျောက်ကပ်ထိခိုက်နေတယ်ဆိုတာကို သိကြပါတယ်။ ဒီတော့ ကိုယ်တိုင်လည်း ကျောက်ကပ် ကျန်းမာရဲ့လား ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေပြီလားဆိုတာကို ဆောင်းပါးလေး ဖတ်ကြည့်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ကျောက်ကပ် ထိခိုက်နေပြီလားဆိုတာကို […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

ကျောက်ကပ်ရောဂါများ

Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း ) ကဘာလဲ။ ကျောက်ကပ်သည် အညစ်အကြေး ပစ္စည်းများကို စွန့် ထုတ်ပြီး ခန္ဓါကိုယ်အရည်ကို မျှခြေတွင် ထိန်းပေးပါသည်။ ကျောက်ကပ်တစ်ခုစီတွင် nephron ဟုခေါ်သော သေးငယ် သော စစ်သည့်အရာပေါင်း ၁သန်းရှိပါသည်။ Nephron သည် အစွန်းတွင် အဖုတစ်ခုရှိသော အကွေးခွေတစ်ခု ဖြစ်ပါ သည်။ Nephron သည် ဆီးကို ကျောက်ကပ်နှင့် ဆီးအိတ် အားသွယ်ဆက်ထားသော ဆီးပြွန်ဆီသို့ ပို့ပေးပါသည်။ Nephritis သည် nephrons ရောင်ခြင်း ဖြစ်ပါသည်။ Interstitial nephritis သည် nephron များကြားရှိ နေရာ များကို ထိခိုက်စေသော ရောဂါတစ်ခုဖြစ်ပါသည်။ ရုတ်တ ရက်ပြင်းထန်စွာ ဖြစ်ပွားခြင်း သို့မဟုတ် နာတာရှည်ဖြစ်ပွား ခြင်း ဟူ၍ ရှိနိုင်ပါသည်။ Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း ) […]


ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection)

ဆီးလမ်းကြောင်းပိုးဝင်ခြင်း သည် ဆီးလမ်းကြောင်း၏ အင်္ဂါတစ်ခုတွင် ဘက်တီးရီးယားရှိသောအခါ ဖြစ်ပွားပါသည်။ ဆီးလမ်းကြောင်းတွင် ဆီးထုတ်လုပ်မှု၊ သိမ်းဆည်းမှုနှင့် စွန့်ထုတ်မှုအင်္ဂါများဖြစ်သော ကျောက်ကပ်၊ ဆီးပြွန်များ၊ ဆီးအိတ်နှင့် ဆီးထုတ်ပြွန်တို့ ပါဝင်ပါသည်။ အထူးသဖြင့် ဆီးအိတ်နှင့် ဆီးထုတ်ပြွန်တို့တွင် မကြာခဏ ရောဂါကူးစက်ခံရပါသည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း က ဘယ်လောက်အဖြစ်များသလဲ ဆီးလမ်းကြောင်းပိုးဝင်သော ရောဂါသည် အသက်အရွယ်နှင့် လိင်ခွဲခြင်းခြင်းမရှိဘဲ လူတိုင်းတွင် ဖြစ်ပွားနိုင်ပါသည်။ သို့သော် အမျိုးသမီးများသည် အမျိုးသားများထက် ရောဂါဖြစ်နိုင်ချေ ပိုမြင့်သည်။ အဘယ်ကြောင့် ဆိုသော် အမျိုးသမီးများ၏ ဆီးထုတ်ပြွန်သည် ပို၍တိုသောကြောင့် ရောဂါပိုးဝင်လွယ်သောကြောင့် ဖြစ်ပါသည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ရဲ့လက္ခဏာတွေက ဘာတွေလဲ အဖြစ်များသော ရောဂါလက္ခဏာများမှာ မကြာခဏ ဆီးသွားရခြင်း၊ ဆီးသွားရာတွင် နာကျင်ခြင်း၊ ဆီးသွားမှုကို မထိန်းနိုင်ခြင်း၊ ဆီးအရောင် နောက်ခြင်း သို့မဟုတ် ဆီးတွင် အနံ့နံခြင်း၊ သွေး၊ ပြည်ပါခြင်း […]


ကျောက်ကပ်ရောဂါများ

Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း ) ကဘာလဲ။ နာတာရှည် ကျောက်ကပ်ရောဂါဟုလည်း ခေါ်သော နာတာရှည် ကျောက်ကပ် ပျက်စီးခြင်း ဆိုသည်မှာ ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများ တဖြည်းဖြည်း ဆုံးရှုံးလာသော အခြေအနေ ကို ခေါ်ပါသည်။ ကျောက်ကပ်၏ လုပ်ငန်းမှာ သွေးအတွင်းမှ အညစ်အကြေးများနှင့် ပိုလျှံသော အရည်များကို စစ်ထုတ်ပြီး ဆီးထဲမှ စွန့်ထုတ်ခြင်း ဖြစ်သည်။ နာတာရှည်ကျောက်ကပ် ရောဂါသည် တန်းမြင့်အဆင့်သို့ ရောက်ရှိလာသောအခါ ခန္ဓါကိုယ် ထဲတွင် အရည်များ လျှပ်လိုက်ပျော်ရည်များ နှင့် အညစ်အကြေးများ အန္တရာယ်ရှိသော ပမာဏ အထိ စုပုံလာပါသည်။ နာတာရှည်ကျောက်ကပ်ရောဂါ အစောပိုင်းတွင် ရောဂါလက္ခဏာ အနည်း ငယ်သာ ရှိပါသည်။ နာတာရှည် ကျောက်ကပ်ရောဂါ သည် ကျောက်ကပ်လုပ်ငန်း သိသာစွာ မထိခိုက်မခြင်း […]


အခြားဆီးလမ်းကြောင်းပြဿနာများ

Hypospadias (မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypospadias (မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း ) ကဘာလဲ။ မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း ဆိုသည်မှာ ယောင်္ကျားလေးတစ်ယောက်၏ ဆီးလမ်းကြောင်းပေါက်သည် လိင်တံ၏ အောက်ဖက်တွင် မှားရောက်နေသော မွေးရာပါ အခြေအနေ တစ်ခုဖြစ်သည်။ ဆီးစွန့်ပြန်သည် ဆီးများကို ဆီးအိတ်မှ သယ်ယူကာ လိင်တံမှတစ်ဆင့် ခန္ဓါကိုယ်ပြင်ပသို့ စွန့်ထုတ်သော ပြွန် ဖြစ်ပါသည်။ မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း သည် ဆီးလမ်းကြောင်းပွင့်သော နေရာပေါ်မူတည်၍ မပြင်းထန် နိုင်ရာမှ ပြင်းထန်နိုင်သည် အထိ ဖြစ်နိုင်ပါသည်။ Hypospadias (မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း ) က ဘယ်လောက်အဖြစ်များသလဲ မွေးရာပါဆီးလမ်းကြောင်းပေါက်နေရာလွဲခြင်း သည် ရှားပါးသော အခြေအနေတစ်ခုဖြစ်သည်။ မွေးကင်းစ ယောင်္ကျားလေး ၁၀၀၀ မှ ၄ ယောက်တွင် ဖြစ်ပွားပါသည်။ ပိုမိုသော အချက်အလက် များ အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများHypospadias (မွေးရာပါ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း