ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ရောဂါကို အရင်က အဖြစ်မများဘူးလို့ ထင်စရာ ရှိပေမယ့် မသိကြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ စစ်တမ်းတွေအရကတော့ အရွယ်ရောက်ပြီးသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က ကျောက်ကပ်ရောဂါ ခံစားနေကြရပြီး သူတို့ကိုယ်တိုင် ကျောက်ကပ်ရောဂါ ခံစားနေရတယ်ဆိုတာကို မသိကြပါဘူး။ လူတွေ သတိမထားမိကြပေမယ့် ကျောက်ကပ်ထိခိုက်နေပြီဆိုတာကို ပြသနေတဲ့ မြင်သာတဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများက ဒီလက္ခဏာတွေကို ကျောက်ကပ် ထိခိုက်နေတယ်လို့ မထင်ကြပါဘူး။ ဒီလိုနဲ့ ကျောက်ကပ် ထိခိုက်တာက နောက်ဆုံးအခြေအနေရောက်မှ ကျောက်ကပ်ထိခိုက်နေပြီ။ ကျောက်ကပ်ရောဂါ ခံစားနေရပြီဆိုတာကို သိကြပါတယ်။ ကျောက်ကပ်ထိခိုက်နေသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကပဲ သူတို့မှာ ကျောက်ကပ်ထိခိုက်နေတယ်ဆိုတာကို သိကြပါတယ်။ ဒီတော့ ကိုယ်တိုင်လည်း ကျောက်ကပ် ကျန်းမာရဲ့လား ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေပြီလားဆိုတာကို ဆောင်းပါးလေး ဖတ်ကြည့်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ကျောက်ကပ် ထိခိုက်နေပြီလားဆိုတာကို […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

ဆီးမထိန်းနိုင်ခြင်း

ချောင်းလေးဆိုး ၊နှာလေးချေလိုက်တာနဲ့ ဆီးထွက်ကျ သွားတဲ့ သူတွေရှိလား

ဆီးမထိန်းနိုင်တာ၊ ဆီးသွားရင်ပူတာ၊ ဆီးသွားရင် ကျဉ်တာစတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဆိုတာ ဖြစ်တဲ့သူ မရှားလှတဲ့ ကျန်းမာရေးပြဿနာတွေပါ။ ဘယ်သူကတော့ ဆီးမထိန်းနိုင်ဘဲ ထွက်ကျတဲ့အဖြစ် ဖြစ်ချင်မလဲနော်။ ဒါပေမယ့်လည်း ချောင်းလေးဆိုး တာနဲ့၊ အလေးတစ်ခုခု မလိုက်တာနဲ့ ဆီးထွက်ကျ သွားတဲ့အဖြစ်ကိုယ့်ဆီမှာ ဖြစ်နေပြီလား။ ။ ဒီလို ချောင်းဆိုးလိုက်ချိန်၊ အလေးမလိုက်ချိန်၊ အားတစ်ခုခုပြုလိုက်ချိန်မှာ ဆီးပါထွက်ကျသွားတဲ့အဖြစ်ကို ဆေးပညာမှာ Stress incontinence လို့ခေါ်ပါတယ်။ နာမည်ထဲမှာ stress ပါတယ်ဆိုပြီး စိတ်ဖိစီးမှုကြောင့် ဒီလို ဆီးမထိန်းနိုင်တာမျိုး ဖြစ်တာမဟုတ်ပါဘူး။ ဒီထဲက stress ဆိုတာ အားသက်ရောက်မှု တစ်ခုကိုဆိုလိုတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုပါ။ Stress incontinence ရဲ့လက္ခဏာတွေကတော့ ချောင်းဆိုးနှာချေတဲ့ချိန် ၊ ရယ်လိုက်ချိန် ဆီးထွက်ကျ မယ် ထိုင်ရာက ထလိုက်တဲ့အချိန် ကားထဲက […]


ဆီးမထိန်းနိုင်ခြင်း

ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ၄ မျိုး

အပြင်သွားရင်းနဲ့ ဆီးသွားချင်လို့ အိမ်သာအလောတကြီး လိုက်ရှာရ၊ ခရီးသွားရင်လည်း နေမထိထိုင်မသာတွေဖြစ်၊ ဆီးပေါက်ချင်လို့ အိမ်သာရှာရင်းနဲ့ ဆီးကလည်းထွက်ကျ၊၊ ဒီလို အဖြစ်တွေ ကြုံနေပြီလား။ တစ်ခါနှစ်ခါလောက်ဆို ပြဿနာ မရှိပေမယ့် အကြိမ်များများလာပြီ ဆီးသွားချင်တိုင်း ဒီလို ဆီးမထိန်းနိုင်တာတွေဖြစ်နေပြီဆိုရင်တော့ သေချာပါတယ်၊၊ ဆီးမထိန်းနိုင်ခြင်း ပြဿနာရှိနေပြီဆိုတာပါပဲ။ ဒါပေမယ့် ဆီးမထိန်းနိုင်ဘူး ဆိုတာမှာလည်း အမျိုးအစားတွေ ရှိသေးတယ်ဆိုတော့ ကိုယ်က ဘယ်လိုမျိုးထဲမှာများ ပါနေမလဲ။ ပြီးတော့ ဘာကြောင့်ဖြစ်ရတာလဲ။ အကြောင်းအရှိမှ အကျိုးဆိုတာ ဖြစ်လာတာမလား။ ဒီတော့ ကိုယ်ဖြစ်နေတဲ့ပြဿနာနဲ့ သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းလေး သိထားတော့မမှားဘူးပေါ့။ ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ၄ မျိုး ( ၁ ) Stress incontinence လက္ခဏာ - ဒါကတော့ ရယ်လိုက်၊ ချောင်းဆိုးလိုက်တဲ့အခါ ၊ လှုပ်ရှားမှုလုပ်လိုက်တဲ့အခါမျိုးတွေနဲ့ အလေးအပင်မလိုက်တဲ့အခါမျိုးတွေမှာ ဖြစ်တတ်တဲ့ ဆီးမထိန်းနိုင်ခြင်း တစ်မျိုးပါ။ ဖြစ်ရတဲ့ […]


ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် အိမ်တွင်းကုထုံးများ

အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး ဆီးလမ်းကြောင်းပိုးဝင်နေတဲ့ ဝေဒနာရှင်အတွက်တော့ ခံစားရတာ သက်သာလှတယ်မဟုတ်ပါဘူး။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် မကုသဘဲ ပစ်ထားလိုက်တဲ့အခါမှသာ ကိုယ်တွင်းအင်္ဂါတွေကိုပါ ဒုက္ခပေးပြီး အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်တာပါ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့ ၁။ ဆီးသွားတဲ့အခါ ဆီးလမ်းကြောင်းတစ်လျှောက် ပူစပ်ပူလောင်ဖြစ်ခြင်း ၂။ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်နေခြင်း ၃။ ဆီးအရောင်က အဖြူနောက်နောက် သို့မဟုတ် အညိုရောင်၊ လိမ္မော်ရောင်သမ်းနေခြင်း ၄။ ဆီးအနံ့အရမ်းပြင်းခြင်း ၅။ ဆီးသွားပြီးသွားတဲ့အခါ အထဲမှာဆီးကျန်နေသေးသလို ခံစားရခြင်း ၆။ တင်ပဆုံရိုးအောင့်ခြင်း၊ နာကျင်ကိုက်ခဲခြင်းတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဆီးလမ်းကြောင်းပိုးဝင်နေတယ်လို့ သံသယရှိရင်တော့ ဆေးခန်း၊ ဆေးရုံတွေမှာ ဆီးစစ်ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ ရောဂါဝေဒနာအမြန်ဆုံး သက်သာပျောက်ကင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပဋိဇီဝပိုးသတ်ဆေး (Antibiotics) တွေကို ဆရာဝန်ရဲ့ ဆေးအညွှန်းအတိုင်း သောက်ဖို့ လိုအပ်ပါတယ်။ ဆေးအပြင် တခြားလုပ်ပေးလို့ရမယ့် အိမ်တွင်းကုထုံးတွေအနေနဲ့ ၁။ အရည်များများသောက်ပေးပါ။ အရည်ဆိုတဲ့နေရာမှာ […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်အစားထိုးပြီးတဲ့အခါ ကျန်းမာနေစေဖို့

နေမကောင်းလို့ဆေးကုသမှုခံယူတယ်ဆိုတဲ့အချက်က ဒီလောက်နဲ့တင်ပြီးမသွားပါဘူး။ ကုသမှုခံယူပြီးတဲ့အခါ အပြည့်အဝကျန်းမာလာစေဖို့အတွက် လိုအပ်တဲ့ အာဟာရပြည့်ဝစေဖို့နဲ့ ကျန်းမာစွာနေထိုင်တတ်ဖို့ကလည်း မဖြစ်မနေဂရုစိုက်ဖို့လိုမယ့်အချက်ပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရဲ့နောက်ဆက်တွဲကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်ဖြစ်ကျောက်ကပ်မကောင်းတော့လို့ကျောက်ကပ်အစားထိုးကုသမှုခံယူရသူတွေအတွက် ကျန်းမာစွာနေထိုင်နည်းလေးကိုပြောပြပေးပါရစေ။ ကေျာက်ကပ်က ခန္ဓါကိုယ်အတွက်ဘာတွေလုပ်ပေးလဲ..... ကျောက်ကပ်က နံရိုးတွေရဲ့အောက်ဘက်နားမှာရှိတဲ့ လက်သီးဆုပ်အရွယ် ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းပါ။ကျောရိုးရဲ့ တစ်ဖက်တစ်ချက်ဆီမှာရှိကြပါတယ်။ကျောက်ကပ်က ခန္ဓါကိုယ်ရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။ ကျောက်ကပ်ရဲ့ အဓိကတာဝန်က ခန္ဓါကိုယ်တွင်းက အညစ်အကြေးတွေကိုစစ်ထုတ်ပေးတာပါ။သွေးတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ စစ်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာ သိမ်းထားပြီး ဆီးအဖြစ်နဲ့ ခန္ဓါကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဒါတွေအပြင်ကျောက်ကပ်က ကိုယ်တါင်း pH ပမာဏကို ထိန်းညှိပေးပြီး ပိုတက်ဆီယမ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးသလိုသွေးနီဥဆဲလ်တွေထုတ်လုပ်မှုကိုလည်း ထိန်းညှိပေးပါတယ်။ အရိုးတွေသန်မာစေပြီး ကြွက်သားတွေ အကောင်းဆုံးလုပ်ဆောင်မှုတွေရရှိစေဖို့အတွက်လည်း ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ ဗီတာမင် Dဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပါတယ်။ […]


ကျောက်ကပ်ရောဂါများ

ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။

ခါးအောက်ပိုင်းနာနေတာကြာပြီ။ ဟာ ဒါဆို ကျောက်ကပ်ြဖစ်နိုင်တယ်ဆိုတဲ့ စကားလေးတွေ ကြားဖူးကြမှာပါ။ ဒါက မှားနေတာတော့မဟုတ်ပါဘူး။ ကျောက်ကပ်ပြဿနာရဲ့ လက္ခဏာတွေထဲမှာ ခါးနာတာပါတတ်ပေမယ့် အခြား ကျောက်ကပ်မဟုတ်ဘ ဲခါးကိုယ်တိုင်ဒဏ်ရာရနေလို့ ခါးနာတာတွေလည်း ရှိပါသေးတယ် ။ ဒီတော့ ကျောက်ကပ်ကြောင့်ဖြစ်တဲ့ ခါးနာတာနဲ့ ရိုးရိုးခါးနာတာကို ဘယ်လိုခွဲကြမလဲ။ ။ မှားလည်း မှားချင်စရာပါပဲ။ ကျောက်ကပ် နှစ်လုံးကလည်းခါးအောက်ပိုင်းပတ်လည်မှာပဲ ရှိနေတာမလား။ ဒီတော့ နှစ်ခုလုံးက ရောချင်စရာပဲပေါ့ ။ ဒါပေမယ့် ခုပြောပြမယ့် နည်းလေးတွေနဲ့ ခွဲလို့ရပါတယ်။ ဘာ့ကြောင့်ဖြစ်ရတာလဲ ။ ကျောက်ကပ်မှာ ေကျာက်တည်တာတွေ ။ ကျောက်ကပ်ပိုးဝင်တာတွေကြောင့် ကျောက်ကပ်အောင့်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ခါးနာတာကျတော့ ခါးပတ်လည်မှာရှိတဲ့ အရိုး ။ ကြွက်သား နဲ့ အကြောတစ်ခုခု ဒဏ်ရာရသွားတာကြောင့် ခါးနာခြင်းဖြစ်ရတာပါ။ နာကျင်မှုပုံစံ ကျောက်ကပ်ထဲ ကျောက်တည်ရင် စူးကနဲ့နာတာမျိုးခံစားရပြီး ကျောက်ကပ် […]


ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးသွားတိုင်း ပူနေလို့ စိုးရိမ်နေရပြီလား

ဆီးသွားတဲ့အချိန်မှာ ပုံမှန်ထက်ပူနေပြီဆိုရင် ဘယ်သူမဆို အနည်းငယ်တော့ စိုးရိမ်ထိတ်လန့်မိမှာအမှန်ပါ။ အထူးသဖြင့် ဆီးလမ်းကြောင်းပိုးဝင်ဖူးတဲ့သူတွေ၊ အကာအကွယ်မဲ့လိင်ဆက်ဆံဖူးတဲ့သူတွေပေါ့။ ဒါပေမယ့် အမြဲတမ်းတော့ စိုးရိမ်စရာမလိုပါဘူး။ ဆီးက ဘာကြောင့် ပူနွေးတာလဲ။ ကိုယ်ခန္ဓာမှာ အရည်အဖြစ်သိမ်းဆည်းထားပြီး စွန့်ထုတ်လိုက်တာဖြစ်တဲ့အတွက် ဆီးဟာ ကိုယ်ခန္ဓာအပူချိန်နဲ့ တစ်သားတည်း သွားကျပါတယ်။ နောက်တစ်ခုကတော့ ဆီးမှာ ရေအပြင် ဆားငန်ဓာတ်နဲ့ တခြားအဆိပ်အတောက်တွေ ပါဝင်ပြီး ဆီးအိမ်ထဲမှာ စုစည်းထားတာဖြစ်ပါတယ်။ သိုလှောင်တဲ့ပမာဏ များလာလေလေ ဆီးရဲ့ အပူချိန်ဟာ တိုးလာလေလေ ဖြစ်တဲ့အတွက် ဆီးသွားလိုက်တဲ့အခါ အနည်းငယ် ပူနွေးတဲ့ခံစားချက်မျိုးရရှိပါတယ်။ ဆီးရဲ့ အပူချိန်က ဘယ်လောက်ရှိလဲ။ ပုံမှန်အားဖြင့် ဆီးသည် ကိုယ်ခန္ဓာရဲ့ ပျမ်းမျှအပူချိန်ဖြစ်တဲ့ ၃၇ ဒီဂရီ ဆဲလ်စီးယပ်စ် ပမာဏမှာ ရှိပါတယ်။ ရာသီဥတုနဲ့ လူပေါ်မူတည်ပြီး အနည်းငယ် ပိုပူသည်၊ အေးသည် ပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေ အပြင်ကို စွန့်ထုတ်ပြီး […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးအရောင် နောက်ကျိနေတာ ဘာကြောင့်ဖြစ်နိုင်မလဲ

ဆီးသွားလိုက်တဲ့အခါ ဆီးအရောင်က ပုံမှန်နဲ့မတူဘဲ နောက်ကျိနေတာသတိထားမိတယ်ဆိုရင် အကြောင်းရင်းတစ်ခုခုရှိနိုင်ပါတယ်။ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ ဆရာဝန်ပြပြီးဆီးစစ်ကြည့်မှ အတိအကျသိနိုင်မှာပါ။ ဒါပေမယ့် ဘာတွေကြောင့်ဖြစ်နိုင်လဲဆိုတာ ကိုယ်တိုင်လည်း ဗဟုသုတအဖြစ် လက္ခဏာလေးတွေနဲ့တွဲပြီး သိထားတာကောင်းပါတယ်။ ဘာတွေကြောင့် ဖြစ်နိုင်မလဲ (၁) ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဆီးအိမ်၊ ကျောက်ကပ်၊ ဆီးပြွန်တို့ကို ဘက်တီးရီးယားဝင်ရောက်တဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်ခြင်းလက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဆီးသွားတဲ့အခါ အရောင်နောက်ကျိနေတဲ့အပြင် ဒီလက္ခဏာတွေပါ ခံစားရနိုင်ပါတယ် - ဆီးသွားရင် ပူတယ်၊ နာကျင်တယ် ပုံမှန်ထက် ဆီးခဏခဏသွားတယ် ဆီးတစ်စက်တစ်စက် ထွက်နေတယ် ဆီးက အနံ့ဆိုးတယ် ဒါမှမဟုတ်သွေးပါတယ် ရောဂါပိုးကိုနှိမ်နင်းဖို့ ဆရာဝန်က လိုအပ်တဲ့ပဋိဇီဝဆေးတွေပေးပါလိမ့်မယ်။ ညွှန်ကြားတဲ့အတိုင်းဆေးမှန်မှန်သောက်ပါ။ တကယ်လို့ - အဖျားတက်လာရင် ချမ်းတုန်လာရင် ဗိုက်အောက်ပိုင်းအောင့်လာရင် မအီမသာဖြစ် ပျို့အန်လာရင် ဆရာဝန်ပြပါ။ (၂) ရေဓာတ်ခမ်းခြောက်ခြင်း ရေသောက်နည်းရင်လည်း ဆီးကိုပျစ်စေပြီး အရောင် နောက်ကျိနေနိုင်ပါတယ်။ အရောင်တောင်ပိုရင့်နိုင်ပါသေးတယ်။ ဒီလိုဖြစ်ရင်ရေပိုသောက်ပေးပါ။ တကယ်လို့ - […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက်တည်တာကို ကြိုတင်ကာကွယ်ဖို့ နည်းလမ်းကောင်းများ။ ။

ဆီးကျောက်တည်တယ်တဲ့ ဆိုတဲ့ ပြဿနာဟာ လူတိုင်းကြားဖူးနေကြဖြစ်တဲ့ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ မြန်မာနိုင်ငံမှာဆို ထုံးဓါတ်များတဲ့ အလယ်ပိုင်းဒေသမှာနေရတဲ့ လူတွေက ပိုဆိုးတာပေါ့။ သူတို့ဆီမှာ အဖြစ်အများဆုံးပြဿနာက ဆီးကျောက်တည်တဲ့ ပြဿနာလေ။ ဒါပေမယ့် ထုံးဓါတ်များတဲ့နေရာမှာ မနေပေမယ့် ဆီးကျောက်တည်တဲ့သူတွေလည်း အများကြီးပါ။ ဆီးသွားရင်နာတယ်၊ ဆီးသွားရင် ကျင်တယ်၊ ကိုယ်တွေလည်းပူပြီး ဆီးသွားရတာ ခက်နေတတ်ပါတယ်။ ဆီးအိမ်ကြီးတင်းပြီး နောက်ပိုင်းကျရင် ဆီးလမ်းကြောင်းတွေပိုးဝင်ပြီး ကျောက်ကပ် တွေ ပျက်စီးတဲ့အထိ ဆိုးကျိုးတွေ အားလုံးဟာ ဆီးကျောက်တည်တဲ့ ပြဿနာကနေ အစပြုတာပါ။ ဒီတော့ ဆီးကျောက်မတည်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ ။ ။ ဆီးကျောက်တည်ခြင်းကို ကြိုတင်ကာကွယ်နိုင်ဖို့ ဒါတွေလုပ်ကြည့်ပါ။ ( ၁ ) ရေများများသောက်ပါ။ ရေများများသောက် လေလေ ဆီးအနည်ကျတာ နည်းလေလေဖြစ်ပြီး ဆီးကျောက်တည်တဲ့ပြဿနာတွေ ဝေးသွားမှာ ဖြစ်ပါတယ်။ ရေသောက်နည်းတဲ့အချိန်သွားတဲ့ဆီးအရောင်က […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဒါအချက်တွေရှိရင် ဆီးကျောက်တည်နေတာ ဖြစ်နိုင်ပါတယ်။

ဆီးကျောက်တည်တဲ့ဆိုတဲံ ပြဿနာအကြောင်း မကြာခဏ ကြားဖူးကြမှာပါ။ ဆီးသွားရင်နာတာ၊ ဆီးသွားရင် ညှစ်သွားရတာ စတာတွေက ဆီးကျောက်တည်တာရဲ့ လက္ခဏာတွေပေါ့ ။ ဆီးလမ်းကြောင်းမှာ ကြိုက်တဲ့ ဘယ်နေရာမှာ မဆို ဆီးကျောက်တည်နိုင်ပါတယ်။ ကျောက်ကပ်မှာလည်းတည်နိုင်တယ်၊ ဆီးအိတ်မှာလည်း ကျောက်တည်နိုင်ပါတယ်။ ဆီးကျောက်တည်တယ်ဆိုတာဘာလဲ။ ဆီးကျောက်ကိုဆေးပညာအရ (renal lithiasis, nephrolithiasis) လို့ခေါ်တတ်ပြီး ဆီးထဲမှာပါတဲ့ သတ္တုဓါတ်တွေနဲ့ ဆားဓါတ်တွေက ကျောက်အဖြစ်ပြောင်းသွားပြီး ဆီးလမ်းကြောင်းတစ်နေရာရာမှာ ပိတ်နေတာဖြစ်ပါတယ်။ ဒီလို ကျောက်တည်တာကြောင့် ဆီးသွားရခက်တာ နာကျင့်တာမျိုး ဖြစ်မယ့်အပြင် ကျောက်တည်တဲ့နေရာဝန်းကျင်မှာ ဆီးတွေအိုင်နေပြီး ဆီးလမ်းကြောင်းပိုးဝင်တာ၊ ပိုးဝင်တာကို မထိန်းနိုင်တဲ့အခါ နောက်ပိုင်း ပိုးဆိပ် ပြန့်တာတွေအထိ ဆိုးဆိုးဝါးဝါးဖြစ်သွားနိုင်ပါတယ်။ ဒီတော့ နောက်ကျမှ သိတာမျိုး မဖြစ်ရလေအောင် ဆီးကျောက်တည်တဲ့အခါ ဘယ်လို လက္ခဏာတွေရှိလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ဘယ်လိုအချက်တွေရှိနေရင် ဆီးကျောက်တည်နေပြီဆိုတာ သိနိုင်မလဲ။ ( ၁ ) […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။

အသီးအနှံံ တွေ ဆိုတာ အာဟာရလည်းရှိတယ် အမျှင်ဓါတ်လည်းကြွယ်ဝတယ် ဓါတ်တိုးဆန့်ကျင့်တဲ့အာနိသင်တွေလည်းအပြည့်ပါတယ်ဆိုတော့ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ အလုံးသိကြမှာပါ။ ဒီလို ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတဲ့ အသီးတွေထဲက တစ်ချို့က ကျောက်ကပ်အတွက်ပိုကောင်းတယ်ဆိုတာ သိကြပါသလား။ အထူးသဖြင့် ကျောက်ကပ်မှာ ေကျာက်တည် နေတဲ့သူတွေ နာတာရှည်ကျောက်ကပ်ရောဂါရှိတဲ့သူတွေအနေနဲ့ ခုပြောပြမယ့်အသီးတွေကို စားရင် ပိုအကျိုးရှိမှာပါ။ ကျန်းမာတဲ့ ကျောက်ကပ်တစ်စုံကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အမျှင်ဓါတ်များပြီး ရောင်ရမ်းခြင်းတွေကို လျော့ကျစေတဲ့ အာနိသင်များတဲ့ အသီးတွေကို ရွေးစားပါ။ ပန်းသီး - ေသွးတွင်းကိုလက်စရောကို လျော့ကျစေပြီး ကိုယ်တွင်းကလီစာတွေကို ကျန်းမာစေမှာပါ စပျစ်သီးအနီမှာ ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်း resveratrol လေးဟာ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့အာနိသင့်ရှိပြီး ကျောက်ကပ်မှာရှိတဲ့ သွေးကြောလေးတွေကို ပျော့ပျောင်းစေပါတယ်။ Cranberries - ဆီးရဲ့ အက်ဆစ်ဓါတ်ပြင်းအောင်သူက ကူညီပေးတာကြောင့် ဆီးလမ်းကြောင်း တော်ရုံ ပိုးဝင်ဖို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း