ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ရောဂါကို အရင်က အဖြစ်မများဘူးလို့ ထင်စရာ ရှိပေမယ့် မသိကြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ စစ်တမ်းတွေအရကတော့ အရွယ်ရောက်ပြီးသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က ကျောက်ကပ်ရောဂါ ခံစားနေကြရပြီး သူတို့ကိုယ်တိုင် ကျောက်ကပ်ရောဂါ ခံစားနေရတယ်ဆိုတာကို မသိကြပါဘူး။ လူတွေ သတိမထားမိကြပေမယ့် ကျောက်ကပ်ထိခိုက်နေပြီဆိုတာကို ပြသနေတဲ့ မြင်သာတဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများက ဒီလက္ခဏာတွေကို ကျောက်ကပ် ထိခိုက်နေတယ်လို့ မထင်ကြပါဘူး။ ဒီလိုနဲ့ ကျောက်ကပ် ထိခိုက်တာက နောက်ဆုံးအခြေအနေရောက်မှ ကျောက်ကပ်ထိခိုက်နေပြီ။ ကျောက်ကပ်ရောဂါ ခံစားနေရပြီဆိုတာကို သိကြပါတယ်။ ကျောက်ကပ်ထိခိုက်နေသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကပဲ သူတို့မှာ ကျောက်ကပ်ထိခိုက်နေတယ်ဆိုတာကို သိကြပါတယ်။ ဒီတော့ ကိုယ်တိုင်လည်း ကျောက်ကပ် ကျန်းမာရဲ့လား ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေပြီလားဆိုတာကို ဆောင်းပါးလေး ဖတ်ကြည့်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ကျောက်ကပ် ထိခိုက်နေပြီလားဆိုတာကို […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ။

ဆီးချိုရဲ့ နောက်ဆက်တွဲ ကျောက်ကပ် ထိခိုက်လို့ပဲ ဖြစ်ဖြစ်၊ သွေးတိုးရဲ့ နောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်လို့ပဲ ဖြစ်ဖြစ် ကျောက်ကပ်ဆေးနေရတယ်ဆိုရင် အနေအထိုင် အစားအသောက် အတော်လေး ဂရုစိုက်ရတာပါ။ အခုတစ်ခေါက်တော့ ကျောက်ကပ်ထိခိုက်တာကြောင့် ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေ ကျန်းမာနေစေဖို့ ဘယ်အစားအစာတွေက အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကို ပြောပြပေးပါရစေ။ ကျောက်ကပ် ဆေးနေရချိန်မှာ အသင့်တော်ဆုံးဖြစ်မယ့် အစားအစာတွေက ဘာတွေလဲ..... ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတို့ကို အာဟာရလည်းပြည့် ခန္ဓာကိုယ်လည်း ကျန်းမာစေဖို့ ပန်းဂေါ်ဖီ ပန်းဂေါ်ဖီက အာဟာရ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ပန်းဂေါ်ဖီမှာ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် Bတို့ ပါဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဒြပ်ပေါင်းတွေနဲ့ အမျှင်ဓာတ်လည်း ပါဝင်နေပါတယ်။ ကြက်ဥ အကာ ကြက်ဥ အနှစ်က အာဟာရများပေမယ့် ကျောက်ကပ်ဆေးနေရသူတွေနဲ့တော့ မသင့်တော်ပါဘူး။ ကျောက်ကပ်ဆေးနေရသူတွေနဲ့ အသင့်တော်ဆုံး […]


ကျောက်ကပ်ရောဂါများ

သွေးအတွင်း ယူရီးယားဓာတ်မြင့်တက်ခြင်း

ကျောက်ကပ်များဟာ ကိုယ်ခန္ဓာထဲက အဆိပ်အတောက်ဓာတ်တချို့နဲ့ မလိုအပ်တဲ့ အညစ်အကြေးတွေကို ဆီးအနေနဲ့ ပြန်လည်စွန့်ထုတ်ပေးပါတယ်။ ဥပမာပေးရရင် ခရီအက်တနင်းနဲ့ ယူရီးယားတို့ ဖြစ်ပါတယ်။ ယူရီးယားဟာ ဆီးထဲမှာ အဓိကပါဝင်တဲ့ ပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ ကျောက်ကပ်အနေနဲ့ သွေးထဲက အညစ်အကြေးတွေကို ပုံမှန်စစ်ထုတ်နိုင်ခြင်း မလုပ်နိုင်တော့တဲ့အခါ သွေးထဲမှာ ယူရီးယားဓာတ်တွေ မြင့်တက်လာပါတယ်။ သွေးအတွင်း ယူရီးယားမြင့်တက်တဲ့ အခြေအနေကို မကုသဘဲထားရင်၊ ဆိုးရွားပြင်းထန်လာရင် အသက်အန္တရာယ်ထိ ကြုံနိုင်ပါတယ်။ သွေးအတွင်း ယူရီးယားမြင့်တက်ခြင်းဟာ ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဓိကလက္ခဏာလည်း ဖြစ်ပါတယ်။ သွေးအတွင်းယူရီးယားမြင့်တက်ခြင်း၏ လက္ခဏာများ နာတာရှည်ကျောက်ကပ်ရောဂါ အစပိုင်းမှာ ဘာလက္ခဏာမှ သတိမထားမိကြပါဘူး။ ဒါပေမယ့် သွေးအတွင်း ယူရီးယားမြင့်တက်ခြင်း စလာရင်တော့ ကျောက်ကပ်တွေ ထိခိုက်ပျက်စီးလာပါတယ်။ အောက်ပါလက္ခဏာတွေ ကြုံလာရပါတယ်။ - အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း - ခြေထောက်ကြွက်သားများ နာကျင်ခြင်း၊ ကြွက်တက်ခြင်း - အစားပျက်ခြင်း - ခေါင်းကိုက်ခြင်း - ပျို့အန်ခြင်း - […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်တွင် အရည်အိတ်တည်ခြင်းအကြောင်း

ကျောက်ကပ်ဆိုတာ သင့်ကိုယ်ခန္ဓာထဲက အညစ်အကြေးများကို ဆီးသွားခြင်းမှတဆင့် စွန့်ထုတ်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ကျောက်ကပ်အတွင်းသားမှာ အရည်များ စုလာခြင်းကိုတော့ ကျောက်ကပ်အရည်အိတ်တည်ခြင်း (kidney cyst) လို့ ခေါ်ပါတယ်။ ကျောက်ကပ်တဖက်ဖက်မှာ တအိတ်တည်းဖြစ်ပေါ်လာတာ ရှိသလို နှစ်ဖက်စလုံးမှာ အရည်အိတ်များစွာ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေလည်းရှိပါတယ်။ အရည်အိတ်တအိတ်ချင်းစီဖြစ်ပေါ်တဲ့ အခြေအနေဟာ ကျောက်ကပ်ကို ထိခိုက်နိုင်ခြေနည်းပါတယ်။ ဒါပေမယ့် အရည်အိတ်များစွာစုပြီး ဖြစ်ပေါ်တဲ့ရောဂါ (polycystic kidney disease) ကတော့ ကြီးထွားလာတာနဲ့အမျှ ကျောက်ကပ်ကို ဒုက္ခပေးလာနိုင်ပါတယ်။ များသောအားဖြင့် ကျောက်ကပ်အတွင်းမှာ အရည်အိတ်ဖြစ်နေခြင်းကို သတိမပြုမိကြပါဘူး။ လက္ခဏာမပြခဲ့ရင် တခြားပြဿနာတခုခုအတွက် ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်မှသာ သိရှိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အရည်အိတ်များဟာလည်း အရွယ်အစားအမျိုးမျိုးရှိပါတယ်။ မိုက်ခရိုစကုပ်နဲ့ကြည့်မှ မြင်ရမယ့်အရည်အိတ်မျိုးရှိသလို ဂေါ်လီလုံးပမာဏလောက်ရှိတဲ့ အရည်အိတ်လည်း တွေ့ရတတ်ပါတယ်။ အရည်အိတ်ကြီးမားလာရင်တော့ ဘေးပတ်ဝန်းကျင်က အင်္ဂါအစိတ်အပိုင်းတွေကိုပါ ဖိမိတဲ့အတွက် နာကျင်မှု […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက်ခြေတယ်ဆိုတာ

ဆီးကျောက်ကို  ကုသတဲ့နေရာမှာ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ စောင့်ကြည့်တာရယ်၊ သောက်ဆေးတွေ ပေးတာရယ်၊ ကျောက်ခြေတာရယ်၊ ခွဲစိတ်ကုသတာရယ်ပေါ့။ ဒီထဲမှာ ကျောက်ခြေတဲ့နည်းလမ်းက တော်တော်ခေတ်စားလာသလို အသုံးလည်း များလာပါတယ်။ ဒါဟာ ဘယ်လိုနည်းလမ်းတွေကို သုံးထားလဲ။ လူနာအတွက် ကောင်းကျိုး၊ ဆိုးကျိုး ဘာရှိလဲဆိုတာ ပြောပြပေးပါ့မယ်။ ဆီးကျောက်ခြေတယ်ဆိုတာ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်းတစ်ခုပါပဲ။ Extracorporeal shock wave lithotripsy (ESWL) လို့ ခေါ်ပါတယ်။ Lithotriperလို့ ခေါ်တဲ့ စက်ကနေ လှိုင်းတွေ ထုတ်ပြီး ကျောက်တွေကို ခြေပစ်တာပါ။ ကျောက်မှုန်လေးတွေ ဖြစ်ပြီး ဆီးနဲ့အတူ ပါသွားမှာပါ။ ခွဲစိတ်စရာမလိုတဲ့ နည်းလမ်းကောင်းပါပဲ။ ဘယ်သူတွေ ဆီးကျောက်ခြေလို့ရလဲ။ နည်းလမ်းကောင်း ဖြစ်ပေမယ့် လူတိုင်းတော့ ခြေလို့မရပါဘူး။ ကျောက်အနေအထား၊ လူနာအနေအထား ပေါ်လည်း အများကြီး မူတည်ပါသေးတယ်။ များသောအားဖြင့်တော့ ၂ စင်တီမီတာ […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ

ကျောက်ကပ်ရဲ့ အဓိကတာဝန်ဟာ သွေးထဲမှာ ပိုလျှံနေတဲ့ အရည်များနဲ့ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးရခြင်း ဖြစ်ပါတယ်။ ပုံမှန်လုပ်ငန်းလုပ်ဆောင်နိုင်တဲ့ အခြေအနေမှာ သွေးကိုသန့်စင်နိုင်တဲ့ ပမာဏဟာ လီတာ ၁၀၀ ကျော်ပြီး ဆီးအနေနဲ့ ၁-၂ လီတာအကြား စွန့်ထုတ်ပါတယ်။ ဒီနည်းနဲ့ ကိုယ်ခန္ဓာထဲမှာ အညစ်အကြေးတွေ စုဝေးမနေရအောင် ကာကွယ်ပေးပါတယ်။ ဆိုဒီယမ်၊ ဖော့စဖိတ်၊ ပိုတက်ဆီယမ် စတဲ့ဓာတ်ဆားများကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ ကျောက်ကပ်ရောဂါဖြစ်လာရင်တော့ သွေးသန့်စင်ခြင်း၊ ဓာတ်ဆားများထိန်းညှိခြင်း စတာတွေကို လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်ပမာဏကို မထိန်းနိုင်ရင် သွေးထဲမှာ အန္တရာယ်ဖြစ်လောက်တဲ့ အနေအထားအထိ မြင့်တက်လာနိုင်ပါတယ်။ ကျောက်ကပ်အတွက် သောက်နေရတဲ့ ဆေးအချို့ဟာလည်း ပိုတက်ဆီယမ်ကို မြင့်တက်စေတာကြောင့် ပြဿနာကို ပိုဆိုးစေပါတယ်။ ပိုတက်ဆီယမ်များနေရင် ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်မပျက်စီးအောင် ဘယ်လိုကာကွယ်မလဲ

ကျောက်ကပ်များဟာ သင့်သွေးထဲမှာ အရည်ဓာတ်တွေ ပိုနေတာမဖြစ်အောင်၊ အဆိပ်အတောက်တွေ စုဝေးမနေအောင် စစ်ထုတ်သန့်စင်ပေးတဲ့တာဝန် ထမ်းဆောင်ပါတယ်။ အဆိုပါလုပ်ငန်းတွေကို မလုပ်ဆောင်နိုင်တော့တဲ့ အခြေအနေကိုတော့ ကျောက်ကပ်ပျက်စီးခြင်းလို့ ခေါ်ပါတယ်။ ကျောက်ကပ်ဟာ စတင်ပျက်စီးခါစမှာ လက္ခဏာမပြပါဘူး။ ကြာလာရင်တော့ အောက်ပါလက္ခဏာတွေ ကြုံလာရတတ်ပါတယ်။ - ဆီးနည်းခြင်း - ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း - အာရုံစူးစိုက်ရန်ခက်ခဲခြင်း - ယားယံခြင်း - ကြွက်သားများ အကြောဆွဲခြင်း၊ ကြွက်တက်ခြင်း - ပါးစပ်အတွင်း သတ္တုအရသာရနေခြင်း - ပျို့အန်ခြင်း - အစားပျက်ခြင်း - တက်ခြင်း - ခြေကျင်းဝတ်၊ ခြေထောက်၊ ခြေဖမိုးများ ဖောရောင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ကျောက်ကပ်ပျက်စီးခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ သွေးတိုးရောဂါနဲ့ ဆီးချိုဟာ ကျောက်ကပ်ပျက်စီးမှုကို အများဆုံးဖြစ်စေနိုင်တာကြောင့် ယေဘုယျအားဖြင့် အဆိုပါပြဿနာတွေ မကြုံရအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ အောက်ပါနည်းလမ်းတွေ ဖြစ်ပါတယ်။ ၁။ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပါ ဆီးချိုရောဂါရှိရင် နှလုံးရောဂါနဲ့ ကျောက်ကပ်ပျက်စီးခြင်း […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

သဘာဝအတိုင်း ဆီးကျောက်ကြေစေဖို့

ဆီးကျောက်တည် တာက လူဆယ်ယောက်မှာ တစ်ယောက်တော့ ဖြစ်တတ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းတွေကတော့ အများကြီးပေါ့။ အဓိကက ဆီးကျောက်တည်ပြီဆို နာတာက သိပ်ပြင်းထန်လွန်းလို့ မြန်မြန်သက်သာချင်ကြပါတယ်။ ဆေးပညာပိုင်းက ကြည့်မယ်ဆိုရင်လည်း ဆီးကျောက်က သေချာ မကုဘူး ဆိုရင် ဆီးပိုးဝင်တာ၊ ကျောက်ကပ်မှာ ရေဝင်တာတွေ ဖြစ်လာတတ်လို့ သတိထားရမယ့် ဝေဒနာမျိုးပါပဲ။ ဒါပေမယ့် ကံကောင်းတာက ဆီးကျောက်က သေးတယ်။ တစ်ဖက်တည်းမှာပဲ ဖြစ်တယ်။ လူနာက ထွေထွေထူးထူး ခံစားရတာလည်း မရှိဘူးဆိုရင်တော့ ခွဲဖို့ စိတ်ဖို့ မလိုတတ်ပါဘူး။ ဆီးကျောက်ကြေအောင် ဆေးတွေပေး၊ ရေများများသောက်၊ ပုံမှန်ရက်ချိန်း ခေါ်ပြီး စောင့်ကြည့်ရုံနဲ့တင် ကိစ္စက ပြီးပါတယ်။ ဒီလိုလူနာတွေအတွက် တစ်ဖက်ကလည်း ဆေးကုရင်း တစ်ဖက်ကလည်း ဆီးကျောက်အမြန်သက်သာအောင် အိမ်မှာတင်လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ပုံမှန်လုပ်နေကြ လုပ်ရိုး လုပ်စဉ်တွေ […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဒီအချက်တွေကြောင့် သင် ဆီးကျောက်တည် တာပါ။

ဆီးကျောက်တည် တာက အဖြစ်နည်းတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ သာမန်လူတောင် ခါးနာပြီဆိုရင် ဆီးကျောက်တည်တာများလားလို့အရင်စဉ်းစားမိကြတာဆိုတော့လေ။ နောက်ပြီး ဆီးကျောက်တည်တဲ့ ဝေဒနာက ခံရခက်တာဆိုတော့။ ဒီဆောင်းပါးမှာ ဆီးကျောက်အမျိုးအစား ဘယ်နှမျိုးရှိလဲ။ ဘယ်လိုအပြုအမူအနေအထိုင်တွေကြောင့် ဆီးကျောက်တည်ရတာလဲဆိုတာ ပြောပြပေးမှာပါ။ ဒါမှ ကြိုတင်ဆင်ခြင်လို့ရမှာပေါ့။ ဆီးကျောက်အမျိုးအစား ဆီးကျောက်အမျိုးအစားကို အကြမ်းဖျင်း ကယ်ဆီယမ်ကျောက်၊ စတူးဗိုက်ကျောက်၊ ယူရစ်အက်စစ်ကျောက်နဲ့ စစ်စတင်းကျောက်ဆိုပြီး ခွဲထားလို့ရပါတယ်။ ဆီးကျောက်က ဘာအမျိုးအစားပဲ ဖြစ်ဖြစ် တူညီတာတစ်ခုက ဆီးလမ်းကြောင်းမှာ ခုနက ဓာတ်သတ္တုအမှုန်တွေ များလာပြီး အနှစ်ကျလို့ ကျောက်တည်တာပါပဲ။ ကယ်ဆီယမ်ကျောက် (Calcium stone) - ၂မျိုး ပြန်ခွဲလို့ရပါတယ်။ Calcium oxalate stone - အဖြစ်အများဆုံး ဆီးကျောက်အမျိုးအစားပါ။ အသည်းကနေလည်း ထုတ်ပေးသလို အသီးအရွက်တွေ၊ အစေ့အဆန်တွေ၊ ချောကလက်၊ လက်ဖက်ခြောက် စတာတွေမှာလည်း အများကြီးပါပါတယ်။ နောက်ပြီး calcium […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးထဲက သာမန်မဟုတ်တဲ့ အမှုန်အမွှားများ

ရောဂါအခြေအနေပေါ်လိုက်ပြီး ဆီးထဲပါလာတတ်တဲ့ အမှုန်အမွှားတွေအကြောင်း ပြောပြပေးသွားပါ့မယ်။ ဆီးထဲမှာ ကိုယ်တွင်းကစွန့်ပစ်လိုက်တဲ့ ဓာတ်သတ္ထုမျိုးစုံပါဝင်နေပြီး ရံဖန်ရံခါမှာ ဒီဓာတ်တွေက အစိုင်အခဲအနေနဲ့ ဆီးထဲပါလာတတ်ပါတယ်။ အမှုန်အမွှားတွေကသေးငယ်ပြီး အရေအတွက်လည်းနည်းနေရင် ဘာပြဿနာမှ မရှိပေမဲ့ အရွယ်အစားကြီးတဲ့အမှုန်အမွှားတွေ များလာရင်တော့ ဆီးကျောက်တည်နိုင်ပါတယ်။ ဒါ့ကြောင့် ဆီးကျောက်မတည်အောင်ကာကွယ်ဖို့ ဆီးထဲအမှုန်အမွှားတွေပါလာကတည်းက ဂရုစိုက်သင့်ပါတယ်။ အခုတစ်ခေါက်မှာတော့ ဆီးထဲပါလာတတ်တဲ့ အမှုန်အမွှားအမျိုးအစားတွေနဲ့ ဘယ်ရောဂါအခြေအနေတွေမှာ ဒီလိုအမှုန်အမွှားတွေပါလာတတ်သလဲဆိုတာ ရှင်းပြပေးပါ့မယ်။ ဆီးထဲမှာပါလာနိုင်တဲ့အမှုန်အမွှားတွေကတော့ ယူရစ်အက်စစ် (Uric Acid) ယူရစ်အက်စစ်အမှုန်အမွှားတွေက ပုံစံမျိုးစုံရှိပြီး လိမ္မော်ရောင်အရင့် (ဒါမှမဟုတ်) အဝါရောင်ရှိပါတယ်။ အသားဓာတ် (ပရိုတင်းဓာတ်) ကြွယ်ဝတဲ့အစားအသောက်တွေအစားများရင် ဆီးထဲပါလာလေ့ရှိပြီး ဆီးကျောက်တည်တာ၊ ဂေါက်ရောဂါခံစားနေရတာ၊ ကင်ဆာဆေးကုသမှုခံယူနေတာ စတဲ့အခြေအနေတွေမှာလည်း ယူရစ်အက်စစ်တက်နိုင်ပါတယ်။ ယူရစ်အက်စစ်တက်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ခံစားရတဲ့လက္ခဏာတွေလည်း ကွဲပြားနိုင်ပါတယ် (ဥပမာ-ဂေါက်ရောဂါကြောင့်ဆိုရင် အဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာ၊ တောင့်တင်းနေတာတွေခံစားရနိုင်ပါတယ်)။ ဘာကြောင့်ဖြစ်သလဲဆိုတဲ့အပေါ်မူတည်ပြီး ကုသနည်းလည်း အမျိုးမျိုးကွဲပြားသွားပါတယ်။ ကယ်လ်စီယမ် အောက်ဇဲလိတ် (Calcium oxalate) ကျောက်ကပ်ကျောက်တည်မှုအတော်များများက ဒီအမှုန်အမွှားတွေကြောင့်ဖြစ်ရတာပါ။ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးထဲအချိုဓာတ် များတာ ကြောက်စရာလား

ဘယ်လိုအခြေအနေတွေမှာ ဆီးထဲအချိုဓာတ် ပါဝင်တတ်သလဲ ဆိုတာနဲ့ ဒီလိုဖြစ်ရင် သတိထားရမယ့် အချက်လေးတွေ ပြောပြပေးချင်ပါတယ်။  ဆီးထဲအချိုဓာတ် များတာ ကြောက်စရာလား ဆီးထဲအချိုဓာတ် များတာ ကြောက်စရာလား ဆိုတော့ ပုံမှန်ဆိုရင် ကိုယ်တွင်းက အချိုဓာတ်တွေကို ကျောက်ကပ်ကတဆင့် စစ်ထုတ်ပစ်လိုက်တဲ့အတွက် ဆီးထဲမှာ အချိုဓာတ် (သကြားဓာတ်) မပါပါဘူး။ ဆီးထဲမှာ အချိုဓာတ် ပါဝင်လာတာကို ဆေးပညာအရ glycosuria လို့ခေါ်ပါတယ်။ glycosuria ဖြစ်စေတဲ့အချက် အဓိက ၃ ချက်ရှိတယ်။ ဒါတွေကတော့ ၁။ဆီးချိုရောဂါ သူ့ကြောင့်အဖြစ်အများဆုံးပါ။ ဆီးချိုရောဂါရှိနေရင် ကိုယ်ထဲကနေ အင်ဆူလင်ဓာတ်မထုတ် လုပ်နိုင်တော့ပါဘူး။ ထုတ်နိုင်သေးရင်လည်း ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်ပေးတဲ့ အင်ဆူလင်ဓာတ် အလုပ်မလုပ်နိုင်တော့တဲ့အတွက် သွေးတွင်းသကြားဓာတ်မြင့်လာပါတယ်။ သွေးတွင်းသကြားဓာတ် တအားမြင့်တက်လာပြီး ကျောက်ကပ်ကတောင် စစ်မထုတ်နိုင်တော့တဲ့အခါမှာတော့ ဆီးထဲမှာပါ အချိုဓာတ်တွေ ပါဝင်လာပါတော့တယ်။ ၂။ကျောက်ကပ်ရောဂါ တချို့သူတွေကျ သွေးတွင်းသကြားဓာတ် မမြင့်သလို ဆီးချိုရောဂါလည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း