ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ရောဂါကို အရင်က အဖြစ်မများဘူးလို့ ထင်စရာ ရှိပေမယ့် မသိကြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ စစ်တမ်းတွေအရကတော့ အရွယ်ရောက်ပြီးသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က ကျောက်ကပ်ရောဂါ ခံစားနေကြရပြီး သူတို့ကိုယ်တိုင် ကျောက်ကပ်ရောဂါ ခံစားနေရတယ်ဆိုတာကို မသိကြပါဘူး။ လူတွေ သတိမထားမိကြပေမယ့် ကျောက်ကပ်ထိခိုက်နေပြီဆိုတာကို ပြသနေတဲ့ မြင်သာတဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများက ဒီလက္ခဏာတွေကို ကျောက်ကပ် ထိခိုက်နေတယ်လို့ မထင်ကြပါဘူး။ ဒီလိုနဲ့ ကျောက်ကပ် ထိခိုက်တာက နောက်ဆုံးအခြေအနေရောက်မှ ကျောက်ကပ်ထိခိုက်နေပြီ။ ကျောက်ကပ်ရောဂါ ခံစားနေရပြီဆိုတာကို သိကြပါတယ်။ ကျောက်ကပ်ထိခိုက်နေသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကပဲ သူတို့မှာ ကျောက်ကပ်ထိခိုက်နေတယ်ဆိုတာကို သိကြပါတယ်။ ဒီတော့ ကိုယ်တိုင်လည်း ကျောက်ကပ် ကျန်းမာရဲ့လား ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေပြီလားဆိုတာကို ဆောင်းပါးလေး ဖတ်ကြည့်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ကျောက်ကပ် ထိခိုက်နေပြီလားဆိုတာကို […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားဆီးလမ်းကြောင်းပြဿနာများ

ရေချိုးနေစဉ် ဆီးသွားသင့်လား

လူတော်တော်များများ ရေချိုးနေရင်းနဲ့ ဆီးသွားတာမျိုး လုပ်ဖူးကြမယ် ထင်ပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေဆို ပိုလုပ်တတ်ပါတယ်။ ဆီးဆိုတာက လူတွေရဲ့ ကျောက်ကပ်နဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို အရည်အဖြစ်နဲ့ အပြင်ကို စွန့်ထုတ်တာပါ။ အဲ့တော့ မေးစရာ ဖြစ်လာတာက ရေချိုးနေစဉ် ဆီးသွားတာဟာ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ညီညွတ်ရဲ့လား။ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက်ရော လုပ်သင့်လား ဆိုတဲ့အချက်ပါ။ ၁။ တစ်ယောက်တည်း နေသူတွေအတွက် အဆင်ပြေပါတယ်။ ကိုယ်က မိသားစု၊ လူအများနဲ့ စုနေတာမဟုတ်ဘဲ တစ်ယောက်တည်း သီးသန့် ငှားနေတာဆို ပြဿနာမရှိပါဘူး။ ရေချိုးနေချိန်၊ သွားတိုက်၊ မျက်နှာသစ်ချိန်က လွဲရင် ရေချိုးခန်းထဲကို ဝင်စရာ အကြောင်းမရှိတဲ့အတွက် ဆီးသွားလို့လည်း ဘယ်သူ့ကိုမှ ဒုက္ခမဖြစ်စေပါဘူး။ အကောင်းဘက်က ကြည့်မယ်ဆိုရင်လည်း ရေချိုးနေတုန်း ဆီးသွားလိုက်တော့ ချိုးလိုက်တဲ့ ရေနဲ့ […]


ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးပိုးဝင်ခဲ့ရင် ဆေးအကူအညီမယူဘဲ ဘယ်လိုကုမလဲ

ဆီးပိုးဝင်တယ်ဆိုတာ အရမ်းကို အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ သန့်ရှင်းတဲ့ ပုံစံ မှားယွင်းတာ၊ ဆီးသွားနည်းတာ၊ ရေသောက်နည်းတာ စတဲ့ အကြောင်းရင်း အမျိုးမျိုးကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဆီးပို့ပြွန် တိုတဲ့အတွက် ဆီးလမ်းကြောင်း ပိုးဝင်နိုင်တဲ့ ပြဿနာကို ပိုကြုံတွေ့ရတတ်ပါတယ်။ ယောက်ျားလေးတွေမှာလည်း ဖြစ်နိုင်ခြေ နည်းတယ်ဆိုပေမယ့် လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ကလေး၊ လူကြီး အသက်အရွယ်မရွေး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ကာစမှာ သိပ်ပြီး ပြဿနာမရှိပေမဲ့ ကုသမှုမခံယူဘဲ ပစ်ထားလိုက်တဲ့အခါ ကျောက်ကပ်နဲ့ ဆီးအိမ်အထိ ဘက်တီးရီးယားပိုးတွေ ပြန့်သွားပြီး ကျောက်ကပ်တစ်ခုလုံး ပျက်စီးသွားသည်အထိ အန္တရာယ်ကြီးနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် […]


ဆီးအိမ်ရောဂါများ

သင့်မှာ ဆီးသွားချင်လျက် အောင့်ထားတတ်တဲ့ အကျင့်ရှိလား

ဆီးဝမ်းကိစ္စတွေနဲ့ ပတ်သက်လာရင် အမြဲတမ်း စောစောသွားထားနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ တမင်တကာ ဆီးသွားရမှာ ပျင်းလို့ ထမသွားတဲ့ အကျင့်ကတော့ လုံးဝ မကောင်းဘူးဆိုပေမဲ့ အလုပ်ကိစ္စ၊ အစည်းအဝေး ထိုင်နေတာ၊ အိမ်သာ မလွတ်တာ၊ အပြင်သွားနေစဉ် အိမ်သာရှာမရတဲ့ ပြဿနာတွေကြောင့် မလွှဲသာမရှောင်သာ ဆီးအောင့်ထားလိုက်ရတဲ့ အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။ လူတစ်ယောက်က ဆီးပမာဏ ဘယ်လောက်ကို သိမ်းဆည်းထားနိုင်လဲ။ လေ့လာတွေ့ရှိချက်အရ ၁။ အသက် ၂ နှစ်အောက် ကလေးတွေရဲ့ ဆီးအိမ်ဟာ အလွန်သေးငယ်တဲ့အတွက် ၄ အောင်စ (ကော်ဖီခွက် တစ်ဝက်) ကိုသာ သိမ်းဆည်းထားနိုင်ပါတယ်။ ၂။ အသက် ၂ နှစ်အထက် ကလေးတွေမှာတော့ ကလေးရဲ့ အသက်ကို ၂ နဲ့ စားပြီး ၆ ပေါင်းခြင်းဖြင့် ပျမ်းမျှ သိမ်းဆည်းထားနိုင်တဲ့ ပမာဏကို တွက်ဆလို့ ရပါတယ်။ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးကနေ ကော်ဖီနံ့ ထွက်တာ ဘာကြောင့်လဲ

ပုံမှန်အားဖြင့် ကျွန်တော်တို့ တစ်နေ့တစ်နေ့ စားသုံးလိုက်တဲ့ အစာအာဟာရပေါ် မူတည်ပြီး ခန္ဓာကိုယ်ကနေ ထွက်တဲ့အရာတွေက အနံ့၊ အရောင် ပြောင်းသွားတတ်ပါတယ်။ ဥပမာ - ဝမ်း၊ ဆီး၊ တံတွေး၊ သုက်ရည် အစရှိသဖြင့်ပေါ့။ ဆီးဟာဆိုရင် ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာတွေက စွန့်ထုတ်လိုက်တဲ့ အညစ်အကြေး၊ အနည်တွေကို ကျောက်ကပ်ကနေ စွန့်ထုတ်ပေးတာ ဖြစ်တဲ့အတွက် အရောင် ပြောင်းလဲခြင်း သိပ်မရှိတဲ့တိုင်အောင် အနံ့ကတော့ ပြောင်းသွားတတ်ပါတယ်။ ကော်ဖီနံ့ ထွက်တဲ့ ဆီးအကြောင်း အဓိကပြဿနာက ကော်ဖီကို တစ်နေ့ တစ်ခွက်ထက် ပိုသောက်တဲ့သူတွေမှာ ဒီလိုဖြစ်ရပ်မျိုး ကြုံတတ်ပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ Hydroxycinnamic acid လို့ခေါ်တဲ့ ဓာတ်သတ္တုတစ်မျိုးက ကျန်းမာရေး အကျိုးကျေးဇူး တချို့ ပေးစွမ်းနိုင်သလို ကော်ဖီလို အနံ့ပြင်းပြင်းတွေ ထွက်လာရတဲ့ အကြောင်းရင်းလည်း […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

ကျောက်ကပ် ဆိုတာ လူ့ခန္ဓာကိုယ်မှာ ရှိသမျှ အဆိပ်အတောက်တွေကို ဆီးက တစ်ဆင့် စွန့်ထုတ်သန့်စင်ပေးတဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါ။ ကျောက်ကပ်က ပုံမှန် အလုပ်မလုပ်တော့ရင် အဆိပ်အတောက်တွေ ပြည့်နေပြီး ရောဂါဝေဒနာဖိစီးတဲ့ ခန္ဓာကိုယ် ဖြစ်လာပါလိမ့်မယ်။ ဒီတစ်ခါတော့ ကျောက်ကပ် ကျန်းမာအောင် ဘာတွေ စားသင့်လဲ ဆိုတာ အကြံပြုပေးချင်ပါတယ်။ ကျောက်ကပ် ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတဲ့ နေ့စဉ် အစားအစာတွေပေါ့ - ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး (၁) ပန်းသီး ပန်းသီး ဟာ ကိုလက်စထရော နဲ့ ဂလူးကို့စ် ပမာဏကို လျော့စေနိုင်တဲ့ ပျော်ဝင်အမျှင်ဓာတ် pectin ပါဝင်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အခွံပါ စားဖို့တော့ မမေ့ပါနဲ့။ ပန်းသီးရဲ့အခွံမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင်သလို […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု

ကျောက်ကပ် ကျန်းမာရေးက အရေးကြီးတယ် မကြီးဘူးဆိုတာ လက်ရှိ ကျောက်ကပ်ရောဂါ ခံစားနေရသူတွေ၊ ကျောက်ကပ်ဆေးနေရသူတွေ၊ ကျောက်ကပ်ခွဲစိတ်ရသူတွေ အသိဆုံးပါ။ ဒါပေမယ့် ဘာရောဂါမှ မဖြစ်သေးတဲ့ သာမန်လူတွေအနေနဲ့ ကြိုတင်ကာကွယ်ထားနိုင်တာ အကောင်းဆုံးပဲ မဟုတ်ဘူးလား။ ဒါဆို ကြိုတင်ကာကွယ်ပြီး ကျောက်ကပ်ကို စောင့်ရှောက်ဖို့ အဆင်သင့်ပဲလား။ ကျောက်ကပ် ကျန်းမာအောင် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုနေထိုင်ရမလဲ ဆိုတာ ဆက်ပြီး ကြည့်ရအောင်နော်။ (၁) ရေဓာတ် ဖြည့်ပါ။ ကျောက်ကပ် ကျန်းမာအောင် ရေများများသောက်ပါ၊ ရေသောက်မနည်းပါစေနဲ့ လို့ တဖွဖွ မှာကြ၊ သတိပေးကြပါတယ်။ မှန်ပါတယ်။ ရေသောက်နည်းရင် ရေဓာတ်မလုံလောက်ရင် ကျောက်ကပ်လုပ်ဆောင်ချက်တွေကို ပျက်ယွင်းစေနိုင်တယ်။ ရေကို လုံလောက်အောင် မသောက်ဘူး၊ ရေသောက်နည်းမယ်ဆိုရင် သွေးထဲမှာ အဆိပ်တွေစုလာပြီး ကျောက်ကပ်က စွန့်ထုတ်စစ်ထုတ်နိုင်မှု ကျဆင်းသွားမှာပါ။ (၂) ကျန်းမာစေမယ့် အစားအသောက်တွေ ရွေးချယ်ပါ။ ကျောက်ကပ် ပြဿနာ […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ် လေးကို ညှာတာပါ

ကျောက်ကပ် ကျန်းမာရေးကို အမြဲဂရုစိုက် စောင့်ရှောက်သင့်တာ လူတိုင်း သိကြမှာ ဖြစ်ပေမယ့် သူ့ကို အထိနာစေ၊ ပျက်စီးစေမယ့် အပြုအမူတွေ လုပ်မိနေတတ်တာရော သတိထားမိရဲ့လား… လူအတော်များများ လုပ်တတ်တဲ့ ကျောက်ကပ် ထိခိုက်စေမယ့် ဒီအပြုအမူတွေကို လုပ်မိတဲ့အထဲ ကိုယ်ရော ပါဝင်နေသလား ဆန်းစစ်ကြည့်လိုက်ရအောင် - (၁) အသား စားသုံးမှု လွန်ကဲခြင်း ပရိုတင်းဓာတ်ကို မရှိမဖြစ် လိုအပ်တာ မှန်ပေမယ့် အသားတွေ စားတာ များလွန်းရင် ခန္ဓာကိုယ်မှာ ပရိုတင်းတွေ လွန်ကဲပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနီရောင်အသားတွေ အပါအဝင် အသားစားသုံးမှုကို လိုအပ်တဲ့ ပမာဏ ထက် လွန်ကဲပြီး ဆက်တိုက်မစားပါနဲ့ လို့ သတိပေးချင်ပါတယ်။ (၂) ရေ သိပ်မသောက်ခြင်း ကျောက်ကပ် ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းလည်ပတ်နိုင်ဖို့ ဆိုရင် ရေဓာတ် ပြည့်ဝနေဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ရေကို […]


ဆီးကျိတ်ကျန်းမာရေး

ဆီးကျိတ်ကြီးခြင်း ပြဿနာ။

ဆီးကျိတ်ကြီးခြင်း ဆိုတာဟာ အမျိုးသားတွေရဲ့ ဆီးကို စွန့်ထုတ်ပေးတဲ့ ဆီးပြွန်ရဲ့ဘေးပတ်ပတ်လည်မှာရှိနေတဲ့ ဆီးကျိတ်လေးတွေ ပုံမှန်ထက်ပို ကြီးလာတဲ့ ကင်ဆာမဟုတ်တဲ့ အခြေအနေမျိုးကို ခေါ်ပါတယ်။ အသက်၄၀ ကျော်လာတဲ့ အခါ အမျိုးသားတွေရဲ့ ဆီးကျိတ်လေးဟာ တစ်နှစ်ကို 2.4 cm လောက် ထုထည် ပိုပို ကြီးလာကြပါတယ်။ ဒါ့ကြောင့်လည်း ဒီဆီးကျိတ်ကြီးခြင်းဟာ အသက်အရွယ်ကြီးတဲ့ အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်နေရတာပါ။ ဒါ့အပြင် အသက် ၈၀ နဲ့ အထက် အမျိုးသားတွေရဲ့ ထက်ဝက်ကျော်လောက်ဟာ ဆီးကျိတ်ကြီးခြင်း ပြဿနာကို ခံစားနေကြရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဒီလို ဆီးကျိတ်ကြီးတဲ့ ပြဿနာနဲ့ ပတ်သတ်ပြီး ဘယ်လို ရောဂါ လက္ခဏာတွေ ခံစားရနိုင်တယ်၊ သက်သာအောင် ဘယ်လို ပြုမူနေထိုင်သင့်တယ် ဆိုတဲ့ အချက်လေးတွေကို အဓိကထားပြီး […]


ကျောက်ကပ်ရောဂါများ

သင့် ကျောက်ကပ် ကို သဘာဝအတိုင်း သန့်စင်ပေးနိုင်မယ့် အစားအစာများ

သင့်ခန္ဓာကိုယ်ကြီးတစ်ခုလုံး ကျန်းမာကြံ့ခိုင်နေဖို့ ကိုယ်တွင်းရှိ အစိတ်အပိုင်းများအားလုံး ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေဖို့ အရေးကြီးလှပါတယ်။ ကျောက်ကပ် ဟာ အညစ်အကြေးနှင့် အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးတဲ့ အရေးကြီး ကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့အားလျော်စွာ ကျောက်ကပ်တွေ ကျန်းမာဖို့ကလည်း မရှိမဖြစ်အရေးကြီးလှပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နေ့စဉ်စားသောက်နေကျ အစားအစာတွေမှာ ထည့်သွင်းစားသောက်ခြင်းဖြင့် ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) အစိမ်းရောင်အရွက်များ သင်ဆောင်းပါးတွေမှာ အမြဲမြင်နေရတဲ့ အစိမ်းရောင်အရွက်တွေ နေ့စဉ်စားပေးဖို့ အကြံပေးစကားတွေဟာ အကြောင်းရင်းမရှိပဲ ဖြစ်လာတာတော့ မဟုတ်ပါဘူး။အစိမ်းရောင်အရွက်တွေဟာ သင့်ကျောက်ကပ်တွေအတွက် အလွန်အကျိူးရှိလို့ပဲ ဖြစ်ပါတယ်။ အစိမ်းရောင်အရွက်တွေမှာ ဗီတာမင်စီနှင့်ကေ ပါဝင်တဲ့အပြင် ဖော်လိတ်နှင့်အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ သင့်သွေးပေါင်ကို ကျစေပြီး သွေးတွင်းအချိူဓာတ်တွေကိုပါ မျှတစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်အပေါ်ဖိအားကိုပါ လျေ့ာကျစေပါတယ်။ ဒါကြောင့် အစိမ်းရောင်အရွက်တွေကို နေ့စဉ်စားသုံးပေးစေချင်ပါတယ်။ (၂) Cranberryဖျော်ရည် Cranberryသီးဖျော်ရည်ဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေကို […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်မှာ ရေအိတ်တည်ခြင်း

ကျောက်ကပ်မှာ ရေအိတ်တည်ခြင်း ဆိုတာ ကျောက်ကပ်တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးမှာ အရည်တွေနဲ့ ပြည့်နေတဲ့ အိတ်တစ်ခု ဒါမှမဟုတ် ဒီ့ထက်ပိုရှိနေတာကိုဆိုလိုတာပါ။ ကျောက်ကပ်တွေဟာ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့ စွန့်ထုတ်ပေးတဲ့ ပဲစေ့ပုံစံရှိတဲ့ အစိတ်အပိုင်းတွေပါ။ ကျောက်ကပ်မှာ ရေအိတ်တည်ခြင်း ဘယ်နှစ်မျိုးရှိလဲ ယေဘုယျအားဖြင့် ကျောက်ကပ်မှာ ရေအိတ်တည်ခြင်းနှစ်မျိူးရှိပါတယ်။ ရိုးရိုးရေအိတ်တည်ခြင်းနဲ့ polycystic kidney disease လို့ခေါ်တဲ့ မျိူးရိုးနဲ့ဆိုင်တဲ့ရေအိတ်တည်ခင်း တို့ဖြစ်ပါတယ်။ ရေအိတ်တွေရဲ့ နံရံတွေဟာ ခပ်ပါးပါးဖြစ်တာများပြီးရေလိုအရည်တွေပါဝင်ပါတယ်။ ရိုးရိုးအိတ်တွေဟာ ကျောက်ကပ်ကို ဒါမှမဟုတ် ကျောက်ကပ်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မထိခိုက်စေပါဘူး။ဒါပေမယ့် PKD ကြောင့်ဖြစ်တဲ့ ရေအိတ်ဆိုရင်တော့ ကြီးလာတာနဲ့အမျှ ကျောက်ကပ်ကိုထိခိုက်နိုင်ပါတယ်။ ရေအိတ်တွေဟာ များသောအားဖြင့် အန္တရာယ်မရှိပါဘူး။ လက္ခဏာလဲမပြတတ်ဘဲ အကြောင်းတစ်စုံတစ်ရာကြောင့် ကွန်ပျူတာဓာတ်မှန်ရိုက်မိရင်းနဲ့မှ တွေ့ရတတ်တာမျိူးလဲရှိပါတယ်။  ကျောက်ကပ်ရေအိတ် ရဲ့အရွယ်အစား  တချို့ကျောက်ကပ်ရေအိတ်တွေဟာ သေးလွန်းလို့ အဏုကြည့်မှန်ပြောင်းနဲ့မှ မြင်ရတာမျိူးဖြစ်တတ်ပါတယ်။ တချိုကရေအိတ်တွေကတော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း