ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

နေမကောင်းဖြစ်နေတဲ့ကလေး အမြန်သက်သာအောင် ဘယ်လိုဂရုစိုက်ပေးမလဲ။

ကိုယ်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ ကိုယ့်အသဲတုန်း ကလေးတွေ နေမကောင်းဖြစ်ရင် ရတက်မအေးဖြစ်ပြီး စိတ်ပူရတာ မိဘတိုင်းပါ။ ကိုယ့်သားသမီးကိုယ့်ရင်သွေးလေး ဝေဒနာခံစားနေရတာကို ဘယ်မိဘမှ ကြည့်မနေနိုင်ရက်သလို သူတို့လေးတွေဖျားနာနေမကောင်းဖြစ်တဲ့အခါ ပြုစုရတာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ မိဘတွေအသိဆုံးပါ။ နုနယ်တဲ့ကလေးတွေ ဆိုတော့ လူကြီးတွေလောက်ခံနိုင်ရည် မရှိဘဲ အချိန်မရွေး တစ်ခုခုဖြစ်သွားနိုင်တယ် စိုးရိမ်ရတာလည်း ပါတာပေါ့။ ဖျားတယ်နာတယ်ဆိုတာကလည်း ဝင်လာတော့မယ်ဆိုပြီး အသိပေးတတ်တဲ့ အရာမဟုတ်ဘူးလေ။ ကိုယ်လက်ကိုက်ခဲ အပူတွေတက်၊ နေထိုင်ရတာ မသက်သာတော့မှ ဖျားနေပြီ နေမကောင်းဖြစ်နေပြီဆိုတာသိရတာမလား။ ကလေးဖျားပြီဆိုလို့ကတော့ ဖေဖေမေမေတို့ ပင်ပန်းဖို့သာပြင်ထားကြပေတော့ပေါ့။ ဒီဆောင်းပါးလေးမှာတော့ နေမကောင်းဖြစ်နေတဲ့ကလေး အမြန်သက်သာအောင် ဘယ်လိုဂရုစိုက်ပေးမလဲဆိုတာကို ပြောပြပေးသွားမှာပါ။ နေမကောင်းဖြစ်နေတဲ့ ကလေးတစ်ယောက် မြန်မြန် ပြန်ပြီး နေကောင်းလာအောင် မိဘတွေဘက်က ဘယ်လိုဂရုစိုက်ပေးရမလဲ ။ ။ ကလေးတစ်ယောက်ဖျားပြီဆို လူကြီးတွေနဲ့ မတူပါဘူး။ သူတို့က ငယ်သေးတော့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစကလေးတွေ ဘာကြောင့် ခြေဖျားလက်ဖျားတွေ အေးရတာလဲ ။ ။

မိဘ ဖြစ်ရတာဟာ စိတ်လှုပ်ရှားစရာကောင်းပြီး တော်တော်လည်း တာဝန်ကြီးတဲ့ကိစ္စတစ်ခုပါ။ ကိုယ်နေမကောင်းဖြစ်ရင်တောင် တုန်လှုပ်မနေတတ်ပေမယ့် ကိုယ့်ကလေးက ပုံမှန် မဟုတ်ဘူးလို့ ထင်လိုက်တာနဲ့ တုန်လှုပ်သွားတတ်ကြတာ မိဘတိုင်းပါ။ သားဦးလေးမွေးထားရင်ပိုဆိုးတာပေ့ါ။ ကလေးကလည်းငယ်သေး ကိုယ်ကလည်းအတွေ့အကြုံမရှိသေးတော့ ကိုယ့်ကလေး တစ်ခုခုဖြစ်နေမှာ စိတ်ပူနေရတယ်လေ။ ဒီဆောင်းပါးလေးထဲမှာတော့ မေမေတို့ စိတ်ပူကြတဲ့ မွေးကင်းစ အရွယ်ကလေးတွေမှာ ဖြစ်တဲ့ ခြေဖျားလက်ဖျားအေးတဲ့ အကြောင်းတွေနဲ့ ဘယ်လို သက်သာအောင် လုပ်ပေးရမလဲဆိုတာကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ ခြေဖျားလက်ဖျားအေးတာ ဘာကြောင့်ဖြစ်ရတာလဲ ။ ။ သွေးလည်ပတ်မှု - မွေးကင်းစ ကလေးတစ်ယောက်ရဲ့ သွေးလည်ပတ်မှု စနစ်ကြီးက တစ်ကိုယ်လုံးကို သွေးတွေ အလုံအလောက်ပေးပို့နိုင်ဖို့အတွက် ခုမှ လေ့လာနေရတုန်းဖြစ်တာကြောင့် အရေးကြီးတဲ့ နှလုံး၊အဆုတ်၊ ဦးနှောက်တို့ဆီ သွေးတွေ အလုံအလောက်ရောက်ပေမယ့် ခြေဖျားလက်ဖျားတွေဆီတော့ သွေးတွေ လုံလောက်အောင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို အစားဝါးကျွေးတာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ

ဘေဘီလေးတွေက ၄ လခွဲ ၅ လလောက်မှာ အစာစားဖို့စိတ်အားထက်သန်ကြပါပြီနော်။ ဒီအချိန်မှာမေမေတို့က ကလေးကို ထမင်းပိတ်ပါးတိုက်ပြီးကျွေးတယ်။ လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်စုံအောင် အသီးအရွက်လေးတွေကို ကြိတ်ခြေပြီးကျွေးကြပါတယ်။ ဒီလိုကနေကျွေးလာရင်းက ကလေးကတော်တော်လေးအရွယ်ရောက်လာပြီ။ ဒါပေမယ့် သွားလေးကတော့ တစ်ချောင်းစနှစ်ချောင်းစလောက်ပဲရှိသေးတယ်။ ဒီလိုအရွယ်ရောက်လာတဲ့အခါ ကလေးကို ထမင်းကျွေးရင်မေမေတို့ ဖွားဖွားတို့ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်တစ်ခုရှိနေပါတယ်။ ဒါကတော့ ကလေးကို ဝါးကျွေးတာပါ။ ကလေးက မဝါးနိုင်သေးဘူး ဝါးကျွေးလိုက်မယ်ဆိုတာလေ။ ကလေးလေးတွေ ငယ်စဉ်ကဝါးကျွေးတာနဲ့လွတ်ခဲ့တဲ့သူရယ်လို့ သိပ်မရှိလှပါဘူး။ ကလေးကို အစာဝါးကျွေးတာက ဘယ်လိုမျိုးသက်ရောက်မှုတွေရှိနေနိုင်လဲ ကလေးကို အစာဝါးကျွေးတာကကောင်းတာလည်းရှိသလို မကောင်းတဲ့အချက်တွေလည်းရှိနေနိုင်ပါတယ်။ ဘာတွေကောင်းလို့ ဘာတွေမကောင်းဘူးလဲ သိချင်ရင်ဆက်ကြည့်လိုက်ရအောင်နော်။ ကလေးကို ထမင်းဝါးကျွေးတာကကောင်းတယ်လို့ပြောရတဲ့အချက် ကလေးကို ထမင်းဝါးကျွေးတာက ကောင်းတယ်လို့ပြောရတဲ့ အကြောင်းအရင်းတွေရှိပါတယ်။ ကလေးကို ထမင်းဝါးကျွေးတာက အလေ့အထတစ်ခုလိုဖြစ်နေသလို ကျန်းမာတဲ့ စားသောက်မှုပုံစံလို့လည်း အများကလက်ခံထားကြပါတယ်။ ဘာလို့ဒီလိုပြောရတာလဲဆိုတော့ ကလေးကို မိခင်ကထမင်းဝါးကျွေးတဲ့အခါ မိခင်တံထွေးမှာပါတဲ့pathogens က ကလေးရဲ့ […]


ကလေးငယ်အာဟာရ

စားမယ်ဝါးမယ် ဘေဘီလေးရေ

မွေးကင်းစကလေးလေးတွေက စက်ရုံကနေ အသစ်စက်စက်ထုတ်လိုက်တဲ့ ဖုန်းလေးတွေနဲ့တူပါတယ်နော်။ အက်ပလီကေးရှင်းလေးတွေပါလာပေမယ့် နည်းနည်းလေးတောင်မသုံးရသေးပါဘူး။ ဖုန်းတွေမှာသုံးချင်တဲ့ အက်ပ်ကို install လုပ်ရသလိုဘေဘီလေးတွေမှာလည်း သိစေချင်တတ်စေချင်တာလေးတွေကို မိဘတွေဘက်ကဖြည်ဖြည်းချင်းသင်ပေးရပါမယ်။ ကဲဒီတစ်ခေါက်တော့ဘေဘီလေးတွေကို စားရေးဝါးရေးအက်ပ်ကို ဘယ်လို install ပေးရမလဲပြောပြမယ်နော်။ ဘေဘီလေး စားတတ်ဝါးတတ်ဖို့ ကလေးရဲ့ စားဖို့သောက်ဖို့ကြွက်သားတွေက ဘယ်ချိန်မှာ ဖွံ့ဖြိုးတာလဲ ဘေဘီလေးအနေနဲ့ စားတတ်ဖို့နဲ့ စကားပြောတတ်ဖို့အတွက် ၆ လကျော်ကနေ ၈ လဝန်းကျင်မှာ စတင်ဖွံ့ဖြိုးပါပြီ။ သူ့ရဲ့ ပထမဆုံး စကားလေးတစ်ခွန်းကို စပြောဖို့အပြင်းအထန်ကြိုးပမ်းနေပါပြီ။ မေမေဖေဖေတွေအနေနဲ့လည်း ကလေးက ဘယ်သူ့ကို စခေါ်မလဲဆိုပြီး ရင်ခုန်စိတ်လှုပ်ရှားရတဲ့အချိန်ပေါ့။ ဒီလိုအချိန်မှာ လုပ်ပေးရမှာက မျက်နှာက ကြွက်သားတွေကိုအသုံးပြုရတဲ့ ကစားနည်းလေးတွေပေါ့။ ဒါမှ ကလေးရဲ့ မျက်နှာကကြွက်သားတွေက လှုပ်ရှားမှုတွေရပြီး မေးရိုးကြွက်သားတွေလည်း စတင်လှုပ်ရှားလာမှာပါ။ စားရေးဝါးရေးအက်ပ်ရဲ့ အခြေခံအဆင့်လေးတွေစလာပြီလေ။ ဒါဆိုရင်တော့ ဒီအဆင့်လေးတွေဆီကို ဆက်သွားရပါတော့မယ်နော်။ ပါးစပ်နဲ့ စမ်းသပ်မှုကို နားလည်ပေးပါ ကလေးက အရွယ်လေးရလာလေလေ […]


ကလေးငယ်အာဟာရ

ကလေးကိုအရွယ်မတိုင်ခင် အစားကျွေးမိရင်ဘာတွေဖြစ်လာနိုင်လဲ

တစ်ခုခုစားတိုင်း သားသားကလိုက်ကြည့်နေတယ်။ မျက်နှာငယ်လေးနဲ့သနားပါတယ်။ သူ့ခမျာစားချင်နေရှာမှာပဲ။ ကလေးကို ထမင်းလေးကျွေးမှပဲလို့တွေးနေလား။ မသနားပါနဲ့နော်။ ကလေးတစ်ယောက်က အရွယ်ရောက်လာရင် ထမင်းကမဖြစ်မနေစားရမှာပါ။ အရွယ်မတိုင်ခင်ကျွေးမိတာက ကလေးကို အားဖြစ်စေဖို့ထက် ထိခိုက်စေဖို့များနေလို့ပါ။ ကလေးတစ်ယောက်ကို အနည်းဆုံး အသက် ၄ လခွဲမတိုင်ခင်အထိ မိခင်နို့ ဒါမှမဟုတ် အာဟာရပြည့်နို့မှုန့်ေတွကိုတိုက်တာအကောင်းဆုံးဖြစ်မှာပါ။ ကလေးကိုအရွယ်မတိုင်ခင် Solid food ပါနဲ့လို့ပြောရတဲ့အကြောင်းအရင်း ကလေးအာဟာရဗေဒပညာရှင်တွေကတော့ မိဘတွေအနေနဲ့ ကလေးက ၄ လမပြည့်သေးဘူးဆိုရင် Solid foodတွေမကျွေးဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ကလေးမိဘ ၄၀ ရာခိုင်နှုန်းကတော့ ဒီအကြံပြုချက်ကို သိပ်မလိုက်နာကြပါဘူး။ ကလေးတွေကို ၄ လမပြည့်ခင်ကတည်းက နို့မှုန့်တိုက်တဲ့နေရာမှာ အာဟာရမှုန့်တွေကျိုကျွေးတာ၊ ထမင်းတိုက်ကျွေးတာတွေကို အစားထိုးလုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီလိုမလုပ်သင့်ပါဘူး။ ကလေးရဲ့ အစာခြေစနစ်က Solid foodတွေကိုချေဖျက်နိုင်ဖို့ အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။လေ့လာမှုတွေအရတော့ နို့မှုန့်တိုက်တဲ့ကလေးတွေက Solid food […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကိုအရွယ်တော်တော်လေးရောက်မှ အစာကျွေးတာမျိုး မလုပ်ပါနဲ့

အရွယ်မရောက်ခင် Solid foodကျွေးမိလို့ အစာနင်သွားတယ်။ ကလေးက အစာနင်တာကြောင့်သေသွားတယ်ဆိုတာမျိုးတွေကြားပြီး ကလေးကို ထိခိုက်မှာစိုးတာကြောင့် ကလေးကိုတော်တော်နဲ့အစာမကျွေးမိဘဲဖြစ်နေတဲ့မိဘတွေများရှိနေလား။ ဒါဆိုရင်တော့ ကလေးက ၆ လပြည့်ပြီဆိုရင် အစာစကျွေးပါ၊လို့ပြောပါရစေနော်။ ကလေးတစ်ယောက်ကို အရွယ်မတိုင်ခင် အစာကျွေးတာက အန္တရာယ်ရှိသလို အရွယ်လွန်ပြီးမှာ အစာကျွေးတာကလည်း ထိခိုက်စေနိုင်ပါတယ်။ ကလေးကို အရွယ်တော်တော်ရောက်မှ အစာကျွေးမိတဲ့အခါ ဘာတွေဖြစ်လာမလဲ ကလေးတစ်ယောက်ကို အရွယ်တော်တော်လေးရောက်မှ အစားအစာတွေကို စတင်ကျွေးမယ်ဆိုရင် ကလေးအနေနဲ့ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အဖိုးတန်ဗီတာမင် နဲ့ သတ္တုဓါတ်တွေကိုလက်လွတ်သွားနိုင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေချိန်မှာ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေမပြည့်ဘူးဆိုတော့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ ထိခိုက်စေမှာအသေအချာပါ။ ခန္ဓါကိုယ်ရဲ့ ဆင့်ကဲဖြစ်စဉ်တွေနှေးသွားမှာပါ။ ကလေးကို အစောဆုံးအနေနဲ့ ၄ လခွဲနောက်အကျဆုံးက ၆ လမှာကျွေးရမှာပါ။ ဒီလိုမှမဟုတ်ဘဲ ကလေးကို ၈ လကျော်မှ အစားစကျွေးမယ်ဆိုရင်တော့ ကလေးရဲ့အာရုံခံနိုင်စွမ်းထိခိုက်စေနိုင်သလို စကားပြောဆိုနိုင်မှုစွမ်းရည်နဲ့လှုပ်ရှားနိုင်မှုစွမ်းရည်တွေကိုပါထိခိုက်စေနိုင်ပါတယ်။ အစားစားဖို့နဲ့စကားပြောဖို့အတွက်လိုအပ်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ရင်နှစ်သည်းခြာလေးတွေ ကျန်းမာဖွံ့ဖြိုးဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်များ

ကလေးတွေကို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေချင်တာ မေမေတို့ရဲ့ စေတနာပါ။ ကြီးထွားဖွံ့ဖြိုးဆဲ အရွယ်ဖြစ်တာကြောင့် နေ့စဉ် အစာအာဟာရကို သေချာဂရုစိုက်ပြီး ပြင်ဆင်မှ ကလေးတွေလည်း ကြီးထွားဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်မှာပေါ့။ ကလေးတွေ အရိုးအဆစ်တွေ သန်မာဖို့၊ ကိုယ်ခန္ဓါ ကြီးထွားဖို့ ပရိုတင်းဓါတ်နဲ့ ကယ်လ်စီယမ်ဓါတ်တွေ၊ ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ကိုယ်ခံအားစနစ် မြှင့်တင်ပေးဖို့၊ ကိုယ်တွင်းအင်္ဂါ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ နေ့စဉ် မရှိမဖြစ် လိုအပ်ပါတယ်။ ဒီတော့ ကလေးကြီးထွားဖွံ့ဖြိုးဖို့အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်တွေက ဘာတွေများလဲ၊ ဘယ်ကနေရနိုင်မလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်။ ကလေးကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေ ကလေးရဲ့ ကျန်းမာရေးနဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အလေးအနက်ထားတဲ့ မေမေတွေအနေနဲ့ အောက်မှာပြထားတဲ့ အာဟာရဓါတ်တွေကို နေ့စဉ် မဖြစ်မနေ ကျွေးပေးသင့်တယ်နော်။ ၁။ ပရိုတင်းဓါတ် ကလေး ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးစေဖို့၊ အရိုးအဆစ်တွေ သန်စွမ်းကြံ့ခိုင်စေဖို့၊ ကိုယ်ခန္ဓါက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကြီးထွားဖွံ့ဖြိုးဖို့ ပရိုတင်းအာဟာရရဲ့ အရေးပါပုံ

ကျန်းမာရေးနဲ့ အစာအာဟာရဟာ အပြန်အလှန် ဆက်စပ်နေပါတယ်။ နေ့စဉ် အသက်ရှင်သန်ဖို့ အားအင်တွေ လိုအပ်ပါတယ်။ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့နဲ့ ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ် ပုံမှန်အလုပ်လုပ်နိုင်ဖို့ အာဟာရဓါတ်တွေ လိုအပ်ပါတယ်။ ဒီအာဟာရဓါတ်တွေကို နေ့စဉ်စားသုံးနေတဲ့အစားအစာတွေကနေ အဓိက ရရှိပါတယ်။ လက်ရှိအချိန် ကမ္ဘာအနှံ့မှာ ကလေးတွေ အစာအာဟာရမမျှတမှုကြောင့် ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့်တော့ ဖွံ့ဖြိုးမှုအပိုင်းမှာ ဖြစ်ပါတယ်။ ကလေးအရွယ်မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ၊ ကိုယ်ခန္ဓာအတွက် အာဟာရဓာတ်တွေ လုံလောက်စွာ ရရှိမှကြီးထွားဖွံ့ဖြိုးပြီး ကိုယ်ရောစိတ်ပါ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးလေးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့အတွက် စုံလင်ပြီး အချိုးကျ ပြည့်စုံတဲ့ အာဟာရဓာတ်တွေကို နေ့စဉ်ဂရုတစိုက်ကျွေးမွေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးနေတဲ့အရွယ်မှာ ပရိုတင်းဓာတ်က သူတို့လေးတွေအတွက် နေ့စဉ်လိုအပ်ပါတယ်။ ကလေးကြီးထွားမှုအတွက် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေကိုချစ်ရင် ဒါလေးတော့သတိထားပေးပါ

ကလေးလေးတွေကို မွေးကာစမှာနုနယ်လွန်းတာကြောင့် အထိအခိုက်နည်းနိုင်သမျှနည်းအောင် စောင့်ရှောက်ပေးချင်တဲ့ ဆန္ဒက ဖေဖေမေမေတိုင်းဆီမှာရှိတာပါ။ မိဘမေတ္တာပေါ့။ ဒါပေမယ့် တစ်ခါတလေ ကိုယ်ကကောင်းစေချင်လို့ လုပ်ပေးပေမယ့် ဘေဘီလေးတွေအတွက် ကောင်းကျိုးမရဘဲ ထိခိုက်သွားတာမျိုးရှိနေတတ်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေကို မိဘတော်တော်များများ ချစ်တာကြောင့် လုပ်ပေးမိနေတဲ့ စေတနာအမှားလေးတစ်ခုအကြောင်း ပြောပြချင်ပါတယ်။ ဘာများလဲလို့များတွေးနေပြီလား။ လုပ်လေ့လုပ်ထရှိတဲ့ အပြုအမူတစ်ခုပါ။ ဒါကတော့ ဘေဘီလေးတွေကို အေးမှာ၊ လက်သည်းလေးတွေနဲ့ နုနယ်လှတဲ့ အရေပြားလေးတွေကို ကုတ်ခြစ်မိတာမျိုးဖြစ်မှာစိုးတဲ့စေတနာနဲ့ မေမေဖေဖေတို့ လုပ်ပေးမိနေတတ်တဲ့ လက်အိတ်စွပ်ပေးတဲ့ကိစ္စပါ။ မွေးစကလေးတွေအတွက်လက်ဆောင်ပေးတဲ့အခါမှာလည်း လက်အိတ်၊ ခေါင်းစွပ်၊ ခြေအိတ်နဲ့ အင်္ကျီပိစိကွေးလေးတွေက အများဆုံးနော်။ အချို့ မိဘတွေဆို ကိုယ်တိုင်တောင် ဝယ်ထားတတ်ကြပါသေးတယ်နော်။ ဘေဘီလေးတွေကိုချစ်ရင် ဒါလေးတော့သတိထားပေးပါ ။ ဘေဘီလေးရဲ့ လက်တွေကို လွတ်လွတ်လပ်လပ်နေခွင့်ပေးလိုက်ပါ ကလေးကမွေးစကတည်းက လက်သည်းလေးတွေပါလာတတ်ကြပါတယ်။ အိပ်နေရင်းဖြစ်ဖြစ် နို့စို့ရင်းဖြစ်ဖြစ်မတော်တဆ လက်သည်းလေးတွေနဲ့ မျက်နှာနဲ့ အရေပြားတွေကို ကုတ်ခြစ်မိနိုင်ပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အရည်အသွေးပြည့်ဝတဲ့ပရိုတင်းနဲ့ တခြားပရိုတင်းဘာကွာခြားလဲ

ကျန်းမာရေးနဲ့အာဟာရ သက်ရှိတိုင်းနဲ့ကင်းကွာလို့မရတဲ့ကိစ္စရပ်ပါ။ အရွယ် ၃ ပါးစလုံးကျန်းမာဖို့လိုသလို အာဟာရမှီဝဲဖို့ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။နေ့စဉ်လုံလောက်တဲ့ အာဟာရကိုရရှိမှ ခန္ဓာကိုယ်က ကျန်းမာမှာပါ။ ဖွံ့ဖြိုးဆဲအရွယ်ကလေးတွေက လူကြီးတွေထက် အာဟာရပိုမိုလိုအပ်နိုင်ပါတယ်။ ဒီနေရာမှာပြောစရာလေးတစ်ခုရှိလာပါပြီနော်။ ကလေးက အစားစားသားပဲ ဘာလို့များအာဟာရမပြည့်စရာလဲလို့ပေါ့။ စားတဲ့ အစားအစာတိုင်းက အာဟာရပြည့်မယ်လို့ တရားသေမှတ်ယူထားလို့မရပါဘူးနော်။ကျွေးလိုက်တဲ့အစားအစာတိုင်းက ကလေးအတွက် အာဟာရပြည့်ဝပြီး ကြီးထွားဖွံ့ဖြိုး ဉာဏ်ကောင်းဖို့အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ဗီတာမင်တွေပါဝင်နေတာသေချာဖို့ လိုပါမယ်။ အရည်အသွေးမြင့်ပရိုတင်း ပရိုတင်းဓာတ်ကို ရရှိနိုင်တဲ့ အစားအစာအရင်းအမြစ်တွေက အများကြီးပါ။ ဒါပေမယ့် အရည်အသွေးမြင့်ပရိုတင်းကိုရရှိနိုင်တဲ့ အရင်းအမြစ်ကတော့ ရှားပါတယ်။ ပရိုတင်းတိုင်းကို အရည်အသွေးမြင့်ပရိုတင်းလို့ သတ်မှတ်ဖို့က မဖြစ်နိုင်ပါဘူး။ အရည်အသွေးမြင့်ပရိုတင်းဖြစ်ဖို့ဆိုရင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေပါဝင်ရမှာဖြစ်သလို ကျန်းမာဖို့လိုအပ်တဲ့ သက်စောင့်ဓာတ်တွေလည်း ပါဝင်ရပါဦးမယ်။ အစာကြေလွယ်ပြီး ခန္ဓာကိုယ်က အလျင်အမြန်စုပ်ယူနိုင်တဲ့ ဂုဏ်သတ္တိကလည်း ပိုင်ဆိုင်ဖို့လိုဦးမှာပါ။ အရည်အသွေးမြင့်ပရိုတင်းတစ်ခုဖြစ်၊မဖြစ်ကို တွက်ချက်နိုင်တဲ့ စံနှုန်းလေးတစ်ခုရှိပါတယ်နော်။ ဒါကတော့ PDCAAS ပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း