ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးကို ချစ်ရင် ဒါတွေလုံးဝမကျွေးပါနဲ့

မွေးကင်းစအရွယ်မှာ မိခင်နို့တိုက်တယ်။ ဒီလိုကနေ အသက် ၆ လအရွယ်ရောက်လာတယ်။ တစ်လချင်းအလိုက်မှာလည်း ကလေးက တိုးတက်မှုအဆင့်ဆင့်နဲ့ မှတ်တိုင်လေးတွေ စိုက်ထူခဲ့တယ်ပေါ့။ ဒီလိုနဲ့ အသက် ၆ လရောက်လာတဲ့အခါ နို့အပြင် စားစရာလေးတွေပါကူရပြီလေ။ ဒီအချိန်မှာ ဘာတွေကျွေးလို့ရလို့ ဘာတွေကျွေးလို့မရဘူးလဲဆိုတဲ့အချက်ကမေမေတို့အတွက် ခေါင်းစခြောက်ရပြီလေ။ ဒီပြဿနာကို ဝိုင်းပြီးဖြေရှင်းပေးပါရစေနာ်။ ကလေးကို အားဖြစ်စေချင်လို့ စစားလို့ရပြီဆိုတဲ့အချိန်မှာ စုံစုံလင်လင်လေးကျွေးချင်နေလောက်တယ်ဆိုတာ သိပေမယ့် အချို့သောအစားအစာတွေက ကလေးတွေအတွက် မသင့်တော်တာအမှန်ပါ။ ဒီတော့ ကလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေချင်တယ်ဆိုရင် ဒီအစားအစာလေးတွေတော့ရှောင်လိုက်ပါ။ တစ်သက်လုံးမဆိုလိုပါဘူး။ ငယ်စဉ်နဲ့ အစားစကျွေးစမှာပါနော်။ ကလေးကိုချစ်ရင် ဒါတွေမကျွေးပါနဲ့ ပျားရည် သဘာဝအားဆေးလို့တောင် တင်စားကြတယ်နော်။ ဒါပေမယ့် ဒီအချက်က ကလေးတွေအတွက်တော့ မမှန်ပါဘူး။ အစာခြေစနစ်အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ကလေးတွေအတွက် ပျားရည်က ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်စေနိုင်ပါတယ်။ မြေပဲထောပတ် မြေပဲဓါတ်မတည့်မှြုဖစ်စေနိုင်သလို မျိုချရခက်တာကြောင့် ကလေးကို နင်တာ၊သီးတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ကလေကိုမြေပဲထောပတ်ကျွေးချင်ရင်တောင် ၂ နှစ်ကျော်မှကျွေးပါနော်။ အချို့သောဟင်းသီးဟင်းရွက်တွေ ကလေးကငယ်သေးတဲ့အရွယ်မှာ နိုက်ထရိတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်တွေကိုမကျွေးသင့်ပါဘူး။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အသီးအရွက်စားဖို့ ကလေးကို ဖိအားပေးသင့်သလား

မိဘတိုင်းက ကိုယ့်သားသမီးကို အာဟာရဓါတ်ေတွပြည့်ဝအောင်ကျွေးမွေးစောင့်ရှောက်နိုင်ဖို့ အဓိကကြိုးစားကြမှာပါပဲ။ ခန္ဓါကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဆိုတာ အစားအစာတစ်မျိုးတည်းကမရနိုင်သလို အသား၊ငါးတွေအပြင် အသီးအရွက်၊ အသီးအနှံမျိုးစုံကို စားသုံးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကလေးဆိုတာ သူကြိုက်တာတွေချည်းရွေးစားမှာပဲ။ စားသင့်တာတွေ စားဖြစ်ပါ့မလား ပူရပြန်ရော။ အများစုကတော့ အချိုကြိုက်တယ်၊ သရေစာတွေကြိုက်တယ်၊ အသားငါးနဲ့လုပ်တဲ့စားစရာတွေစားရင်စားမယ်၊ အသီးအရွက်ကျတော့ ဖယ်စားတာများပါတယ်။ တချို့အသားမကြိုက်ဘဲ အသီးအရွက်ပဲစားတဲ့ကလေးတွေကတော့ခြွင်းချက်ပေါ့လေ။ အသီးအရွက်က ဘာကြောင့်အရေးကြီးတာလဲ ကလေးအာဟာရမှာ အသားနဲ့အသီးအရွက်ညီညွတ်မျှတဖို့လိုအပ်တာက လူတိုင်းသိပါတယ်။ အသီးအရွက်တွေမှာ ဗီတာမင်နဲ့သတ္တုဓါတ်အမျိုးစုံအပြင် အမျှင်ဓါတ်တွေ၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာမို့ နေ့စဉ်အာဟာရမှာ မပါလို့မဖြစ်ပါဘူး။ မေမေတို့ဖြစ်စေချင်တဲ့ ဖွံ့ဖြိုးကြီးထွားမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုတွေဆိုတာ အသွေးအရောင်စုံတဲ့ အာဟာရအစားအသောက်တွေဆီက အများဆုံးအရင်းခံလာတာ မမေ့ပါနဲ့နော်။ ဒါဆို ကလေးကို အသီးအရွက်စားဖြစ်အောင် ဘယ်လိုကျွေးမလဲဆိုတာပြဿနာပါ။ အတင်းအကျပ်ဖိအားပေးပြီးကျွေးတာတော့ လုံးဝမလုပ်သင့်ပါဘူး။ အစားစားဖို့ဖိအားကိုမပေးသင့်တာပါ။ အတင်းအကျပ်စားခိုင်းရင် ကလေးက အဲဒီအစားအစာကို ပိုလို့တောင်မုန်းသွားနိုင်ပါတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး မကောင်းတဲ့ခံစားချက်ဖြစ်သွားစေတာက နည်းလမ်းကောင်းတစ်ခုမဟုတ်ပါဘူး။ အသီးအရွက်စားဖြစ်အောင် ဘယ်လိုဆွဲဆောင်မလဲ ကိုယ်က […]


ကလေးအာဟာရချို့တဲ့ခြင်း

ပရိုတင်း(အသားဓါတ်) ချို့တဲ့နေပြီဆိုတာ သိနိုင်တဲ့လက္ခဏာများ

ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေထဲမှာ ပရိုတင်း(အသားဓါတ်) က ထိပ်ဆုံးက ပါဝင်ပါတယ်။ ကြွက်သားတွေတည်ဆောက်ဖို့၊ အသားအရေတွေ တင်းရင်းဖို့၊ အားအင်တွေပြည့်ဝစေဖို့နဲ့ ဟော်မုန်းတွေ ဖြစ်တည်ဖို့အတွက် ပရိုတင်းက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ ပရိုတင်းဓါတ် ချို့တဲ့သွားရင် ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက အများကြီးပါ။ အထူးသဖြင့် ကြီးထွားဖို့ တာဆူနေတဲ့ ကလေးတွေမှာဆို ပိုဆိုးတာပေါ့ ။ ပရိုတင်းဓါတ်ချို့တဲ့သွားရင် သူတို့ရင်ဆိုင်ရမယ့် ကျန်းမာရေးပြဿနာတွေက အများကြီးလေ။ ကလေးတွေမှာ ပရိုတင်း( အသားဓါတ်) ချို့တဲ့မှု ဘာကြောင့် အဖြစ်များတာလဲ ။ ။ ပရိုတင်း (အသားဓါတ်)ဆိုမှတော့ ရှင်းပါတယ်။ လိုအပ်တဲ့ ပမာဏပြည့်မီအောင် အသားတွေ မစားမိတာကြောင့် ဒီလို အသားဓါတ်ချို့တဲ့မှုတွေဖြစ်ရတာပါ။ တစ်ချို့ထင်နေကြတာရှိပါတယ်။ ပရိုတင်းဓါတ်ချို့တဲ့တာဟာ ငွေရေးကြေးရေး မပြေလည်လို့ […]


ကလေးငယ်ပထမနှစ်

မွေးရာပါလျှာခင်တွယ်ဆက်ခြင်း

လျှာခင်တွယ်ဆက်ခြင်း လျှာခင်တွယ်ဆက်ခြင်းဆိုတာကမွေးရာပါရောဂါတစ်ခုပါ။ လျှာလှုပ်ရှားရခက်တဲ့အခြေအနေတစ်မျိုးပါ။ လျှာနဲ့ခံတွင်းအောက်ခြေကို တွယ်ဆက်ထားတဲ့ တွယ်ဆက်တစ်ရှုးတွေ များလွန်းနေတာကြောင့် လျှာကလှုပ်ရှားရခက်နေတာပါ။ လျှာခင်တွယ်ဆက်နေတဲ့ ကလေးငယ်တွေဟာ နို့သောက်ရာမှာ အက်အခဲရှိနိုင်သလို အစားစားတဲ့အခါ၊ စကားပြောတဲ့အခါမျိုးနဲ့ မျိုချတဲ့အခါမျိုးမှာ အခက်အခဲတွေဖြစ်နိုင်ပါတယ်။ လျှာခင်တွယ်ဆက်ရခြင်းရဲ့ အကြောင်းအရင်းတွေက ဒီရောဂါလက္ခဏာတစ်ခုပါ။ အကြောင်းအရင်းကတော့ ဘာကြောင့်ရယ်လို့ တိတိကျကျမရှိပါဘူး။ ဒါပေမယ့် လျှာခင်တွယ်ဆက်မှုတော်တော်များများက မျိုးရိုးလိုက်တာကြောင့်ဖြစ်ရတာပါ။ ဘယ်သူတွေပိုဖြစ်နိုင်လဲ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ယောက်ျားလေးတွေက မိန်းကလေးတွေထက် လျှာခင်တွယ်ဆက်နိုင်ခြေပိုများပါတယ်။ တစ်ခါတလေ မိသားစုတစ်စုထဲမှာ တစ်ယောက်မကဖြစ်နိုင်ပါတယ်နော်။ လက္ခဏာတွေကဘာတွေလဲ လျှာခင်တွယ်ဆက်နေတယ်ဆိုရင် အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။ လျှာကို အပေါ်သွားကို ထိလို့မရဘူး။ လျှာကိုဘေးဘက်တွေကို လှုပ်ရှားလို့မရဘူး။ အောက်သွားကိုကျော်ပြီး လျှာကို အပေါ်ကို ပင့်လို့မရဘူး။ လျှာထုတ်တဲ့အခါ လျှာအလယ်ပိုင်းက ချိုင့်ဝင်နေမယ်။ နို့စို့အရွယ်ကလေးတွေမှာဆိုရင် နို့စို့ရခက်နေမယ် အမြဲလိုလိုဆာလောင်နေမယ် လေနြာဖစ်မယ် ဂျီကျနေမယ် ကိုယ်အလေးချိန် သိပ်မတက်ဘဲဖြစ်နေမယ် ကိုယ်အလေးချိန်မတက်ဘူးဖြစ်နေမယ်။ နောက်ဆက်တွဲ ဘာပြဿနာတွေဖြစ်နိုင်လဲ လျှာခင်တွယ်ဆက်မှုက ကလေးရဲ့ နို့စို့တာ၊ အစားစားတာ၊ မျိုချတာနဲ့ စကားပြောတာတွေမှာပါ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ နို့သောက်ရာမှာ အခက်အခဲရှိနိုင်တယ် […]


ကလေးငယ်အာဟာရ

အစားတစ်လုတ်ကြောင့် ဘေဘီလေးတို့ ဒုက္ခမရောက်စေဖို့

ကလေးလေးတစ်ယောက်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာစေဖို့ မိဘတွေအနေနဲ့ အဖက်ဖက်က ဂရုစိုက်ရပါတယ်။ ဒီလိုဂရုတစိုက်နဲ့ အရိပ်တကြည့်ကြည့်မွေးထားတဲ့ ကလေးလေးတစ်ယောက် ကိုယ်ကျွေးလိုက်မိတဲ့ အစားတစ်လုတ်ကြောင့် ဒုက္ခရောက်မှာကိုတော့ ဘယ်မိဘမှဖြစ်ချင်မယ်မထင်ပါဘူးနော်။ ဒီတော့ အစားတစ်လုတ်ကြောင့် ကိုယ့်ရင်သွေးလေးဒုက္ခမရောက်စေဖို့ အန္တရာယ်ကင်းကင်းနဲ့ အစားဘယ်လိုကျွေးမလဲပြောပြမယ်နော်။ ဘေဘီလေးတွေ အစားစားတဲ့အခါ အန္တရာယ်ကင်းကင်းဖြစ်စေဖို့ အစာစားစမှာ စားစရာတွေကို ကြိတ်ခြေပြီးကျွေးရပါမယ်။ ထမင်းကနေစလို့ အသီးအရွက်တွေရော၊ သစ်သီးတွေရောပေါ့။ ဒါမှ ကလေးက အစာနင်တာ၊ သီးတာမျိုးမဖြစ်စေမှာပါ။ ကလေးအစားစားတဲ့အခါ အရိပ်တကြည့်ကြည့်စောင့်ကြည့်ပေးပါ။ ကလေးကို အစားကောင်းကောင်းဝါးနိုင်စေဖို့အတွက် စားနေတုန်းမှာ အချိန်လေးပေးလိုက်ပါ။ အစားစားတဲ့အခါ ကလေးကို မတ်မတ်လေးထိုင်ခိုင်းပေးပါ။ သရေစာစားချိန်ရော၊ရေသောက်ချိန်မှာပါ ကလေးကို မတ်မတ်လေးထားပေးပါ။ ကလေးကိုလှဲနေတုန်း အစားခွံတာ၊ပြေးလွှားဆော့နေတုန်းအစားခွံတာ၊ ငိုနေတုန်းခွံတာမျိုးတွေမလုပ်ပါနဲ့။ ကလေးကို နို့ဘူးတိုက်တဲ့အခါမှာလည်း ကိုင်ပြီးတိုက်ပါ။ သူ့လက်နဲ့သူ ကိုင်သောက်တာမျိုးမလုပ်ပါနဲ့။ ကလေးကို နင်စေနိုင်တယ်ဆိုတဲ့ အစားအစာတွေ မကျွေးပါနဲ့။ နင်စေနိုင်တဲ့ အစားအစာတွေဖြစ်ကြတဲ့ ဘယ်ရီသီးတွေ၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေ အစာခြေစနစ်ကျန်းမာစေမယ့် Prebiotic တွေဘယ်ကရနိုင်လဲ

Prebiotic ဆိုတာဘာလဲ မပြောခင် Probiotic အကြောင်းကို မေမေတို့အရင်သိမှဖြစ်ပါမယ်။ ဒါမှ သူတို့တွေက ကလေးကျန်းမာရေးအတွက် ဘယ်လိုအရေးပါလဲဆိုတာ နားလည်ကြမှာပေါ့။ လူ့ခန္ဓါကိုယ်ရဲ့အစာခြေစနစ်ထဲမှာ Probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေက စစ်သည်တွေလိုမျိုး ရောဂါပိုးတွေကိုခုခံကာကွယ်ပေးကြပါတယ်။ အဲဒီ ဘက်တီးရီးယားလေးတွေ အလုံအလောက်ရှင်သန်နိုင်ဖို့ အားဖြည့်ပေးတဲ့အာဟာရကတော့ Prebiotic လို့ခေါ်ပါတယ်။ အာဟာရဆိုပေမယ့် Prebiotic ဆိုတာ စားချလိုက်တဲ့အခါ ချေဖျက်လို့မရတဲ့အမျှင်ဓါတ်တစ်မျိုးဖြစ်ပြီး အကျိုးပြုဘက်တီးရီးယားတွေကို အားဖြည့်ပေးတဲ့အတွက် အစာခြေစနစ်ကျန်းမာရေးအတွက်တကယ်ကိုကောင်းပါတယ်။ ကိုယ့်ကလေးတွေ ကျန်းမာဖို့ဆိုတာ အစာအာဟာရတွေပြည့်ဝအောင်ဖန်တီးပေးနိုင်ဖို့၊ အာဟာရဓါတ်တွေစုပ်ယူနိုင်စေဖို့၊ ခွန်အားတိုးဖွံ့ဖြိုးစေဖို့ မေမေတို့အဓိက ပူပန်ကြတာမဟုတ်လား။ ဒီလိုအရေးပါတဲ့အကျိုးပြုဘက်တီးရီးယားဓါတ်စာ Prebiotic ကို ဘယ်အစာအာဟာရတွေကရနိုင်မလဲ၊ ကိုယ့်ကလေးအစာအာဟာရမှာ ဘယ်လိုထည့်သွင်းမလဲဆိုတာ ဆက်ပြီးဖတ်ကြည့်နော်။ Prebiotic ရနိုင်မယ့် အစားအစာတွေက - ကြက်သွန်ဖြူ ကြက်သွန်ဖြူရဲ့အမျှင်ဓါတ် ၁၁ ရာခိုင်နှုန်းလောက်က inulin ဖြစ်ပြီး သဘာဝ Prebiotic ဖြစ်တဲ့ fructooligosaccharides […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို ၂ နှစ်ကျော်တဲ့အထိနို့ဗူးတိုက်နေလား

ကလေးကို ၂ နှစ်ကျော်တဲ့အထိနို့ဗူးတိုက်နေလား ..... ကလေးတွေက အရွယ်ရောက်လာတာနဲ့အမျှ အာဟာရလိုအပ်ချက်ကလည်း များလာပါတယ်။ ဒီအာဟာရလိုအပ်ချက်ကိုပြည့်မီအောင်ဖြည့်တင်းဖို့ မိခင်နို့အပြင် နို့ဗူးတိုက်တာကိုပါမေမေတို့ လုပ်ပေးလေ့ရှိကြပါတယ်။ ဒီကနေမှ ၆ လပြည့်ပြီဆိုရင် အစားစကျွေးပါပြီ။ ဒီအချိန်မှာလည်း အစာကို ကျင့်စမို့ နို့ဗူးလေးနဲ့ မေမေ့နို့တို့ကို လိုအပ်သလိုကူနေရဆဲပေါ့။ ဒီလိုကနေ အချိန်ကြာလာတော့ ကလေးကို သနားတာရော လိုအပ်တဲ့အာဟာရပြည့်စေချင်တဲ့စေတနာရောပေါင်းပြီး ကလေးကို အရွယ်တော်တော်ရောက်တဲ့အထိ နို့ဗူးကိုပါဖြည့်စွက်စာနဲ့ တွဲလို့တိုက်မိနေနိုင်ပါတယ်။ တကယ်တော့ ကလေးတစ်ယောက်ကို အသက် ၂ နှစ်အထိပဲ နို့ဗူးတိုက်သင့်တာပါ။ ဒီထက်ကျော်ပြီး နို့ဗူးတိုက်နေမယ်ဆိုရင် ကလေးက အာဟာရပြည့်ဖို့ထက် ကျန်းမာရေးအတွက် ထိခိုက်တာမျိုးဖြစ်လာနိုင်ပါတယ်။ ကလေးကို ၂ နှစ်ကျော်တဲ့အထိနို့ဗူးတိုက်နေလား ကလေးကို ၂ နှစ်ကျော်တဲ့အထိနို့ဗူးတိုက်နေလား ...... ကလေးကို အဆင်ပြေပါစေတော့ဆိုပြီး သူကြိုက်တဲ့အရာတစ်ခုဖြစ်တဲ့ နို့ဗူးတိုက်တာကို အသက်တော်တော်လေးရလာတဲ့အထိ ဆက်လုပ်ပေးမိနေမယ်ဆိုရင်ရေရှည်မှာ ကလေးအတွက် မကောင်းပါဘူး။ ကလေးလေးတွေက အသက် […]


ကလေးငယ်အာဟာရ

ကလေးနို့ဗူးသောက်တဲ့အကျင့်ကို ဒီလိုဖျောက်ပါ

ကလေးကအရွယ်လေးရောက်လာပြီ အစားမစားဘူး၊ နို့ဗူးပဲသောက်နေတယ်၊ အစားစားအောင်လို့ နို့ဗူးဖြတ်ချင်တယ်။ ဒါပေမယ့်ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုတဲ့မေမေတွေများရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။ ကလေးကို နို့ဗူးရေရှည်စွဲတိုက်တာကကောင်းကျိုးထက်ဆိုးကျိုးပိုများပါတယ်။ ကလေးကို ဘယ်အချိန်မှာ နို့ဗူးစဖြတ်မလဲ ကလေးကို နှစ်နှစ်အထိ မိခင်နို့တိုက်ပေးတာက ခန္ဓါကိုယ်ကိုကျန်းမာစေနိုင်သလို ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပေးတယ်ဆိုပေမယ့် နို့ဗူးတိုက်တာကတော့ ဒီလိုမဟုတ်ပါဘူး။ ကလေးကို အသက်တစ်နှစ်လောက်ရောက်လာပြီဆိုရင် မိခင်နို့နဲ့ဖြည့်စွက်စာကိုပဲ အာဟာရပြည့်အောင်ကျွေးမွေးပြီး နို့ဗူးတိုက်တဲ့အကျင့်ကိုဖျောက်ရပါမယ်။ ဒီလိုမှ ကလေးမှာ နို့ဗူးရေရှည်စွဲသောက်တာကြောင့်ဖြစ်နိုင်တဲ့ အဝလွန်တာ၊ သွားပိုးစားတာ၊ ကြီးထွားမှုနှေးတာနဲ့ အာဟာရမပြည့်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကိုဖြေရှင်းနိုင်မှာပါ။ နို့ဗူးဖြတ်တဲ့အခါ ဒီနည်းလမ်းတွေက အသုံးတည့်နိုင်ပါတယ် ကလေးတော်တော်များများက နို့ဗူးစို့ရတာကိုတော်တော်လေးသဘောကျတတ်တာမျိုးလည်းရှိပါတယ်။ ဒီလိုအခြေအနေမျာတော့ နို့ဗူးဖြတ်ဖို့က အခက်ကြုံနိုင်တာပေါ့။ နို့ဗူးဖြတ်တာက မိဘတွေအတွက်တော်တော်လေးကြီးမားတဲ့ စိန်ခေါ်မှုပါ။ ဒီလိုဆိုတာနဲ့ နို့ဗူးကိုလုံးဝဖြတ်လို့မရတာတော့မဟုတ်ပါဘူး။ နည်းနည်းတော့ ခက်ခဲနိုင်တာပေါ့။ အခုပြောပြမယ့်နည်းလမ်းလေးတွေက ကလေးတစ်ယောက်ကို နို့ဗူးဖြတ်တဲ့အခါ အသုံးတည့်မှာပါနော်။ ကလေးကိုနို့ဖြတ်တော့မယ်ဆိုရင် ခွက်နဲ့သောက်တတ်အောင်လုပ်ပေးပါ - အသက် ၆ လအရွယ်မှာ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေ မျက်စိနာရင်

ကလေးရဲ့ မျက်လုံးလေးတွေက ငိုတာလဲ မဟုတ်ဘဲ မျက်ရည်ထွက်နေတယ်၊ မျက်ခမ်းသားနဲ့ မျက်ဖြူသားလေးတွေနီနေတယ်၊ ဘာများဖြစ်တာလဲဆိုပြီး စိတ်ပူနေပြီလားမေမေတို့ရေ။ ဒါက ပတ်ဝန်းကျင်မှာရှိနေတဲ့ ဖုန့်မှုန့်တွေနဲ့ဘက်တီးရီးယားတွေကြောင့် ကလေးရဲ့ မျက်လုံးမှာ ပိုးဝင်ကူးစက်ပြီး မျက်စိနာတာဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ကလေးက ငယ်သေးတော့ ဘယ်လိုလုပ်ပေးရပါ့မလဲ။ မျက်စဉ်းခတ်ပေးရမလားမသိဘူးဆိုပြီး စဉ်းစားရခက်နေလား။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဝေခွဲမရတာတွေအတွက် အဖြေထွက်လာပါလိမ့်မယ်နော်။ မျက်လုံးပိုးဝင်ကူးစက်ခြင်း များသောအားဖြင့်ကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာပါ။ အဖျားဝင်နေတဲ့အခါမျိုးမှာ ပိုဖြစ်နိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့ မျက်ဖြူသားတွေနီနေမယ် မျက်ခမ်းအတွင်းသားတွေနီနေမယ် မျက်ခွံရောင်နေမယ် မျက်ရည်တွေထွက်နေမယ် အဝါရောင် မျက်ဝတ်တွေထွက်နေမယ် မျက်ခွံတွေ မျက်ဝတ်တွေနဲ့ကပ်ပြီး ဖွင့်ရခက်နေမယ်။ ဒီအခြေအနေကို အလွယ်တကူကတော့ မျက်စိနာတယ်လို့ခေါ်လိုက်တာပါပဲ။ ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ ချာမိုမိုင်းအဆီ - ကျန်းမာရေးအတွက် အကျိုးကျေးဇူးများပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး မျက်စိနာတာအတွက်တော်တော်လေးအဆင်ပြေစေတဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။ ရေနွေးဆူဆူထဲကို ချာမိုမိုင်းအဆီ နှစ်စက် ၃ စက်လောက်ချပြီး ဂွမ်းစလေးနဲ့ရေစွတ်လို့ မျက်လုံးပေါ်မှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

အလုပ်ထွက်ပြီး မိသားစုကိုပဲ အချိန်ပေးဖို့ ဆုံးဖြတ်လိုက်ပြီလား

ဒီဘက်ခေတ်ကြီးထဲမှာ အိမ်မှာပဲ အမြဲနေပြီး ကလေးတွေနဲ့ အချိန်ကုန်တဲ့ အိမ်ထောင်ရှင်မေမေတွေ နည်းလာပါပြီ။ ငွေရေးကြေးရေး အခြေအနေအရရော၊ ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ ဘဝအပေါ် ခံယူချက်ကြောင့် အလုပ်တစ်ဖက်နဲ့ မိသားစုတာဝန်ကို မလစ်ဟင်းအောင် ကြိုးပမ်းကြတဲ့ မေမေတွေဟာ တော်တော်လေးကို စိတ်ရောလူပါ ပင်ပန်းရတဲ့ ကိစ္စပါပဲ။ မကြာမီမှာ ကလေးယူပြီး ပျော်ရွှင်စရာ မိသားစုဘဝလေး ထူထောင်ကြမယ့် မေမေတွေလည်း လုပ်နေတဲ့ အလုပ်ကို ထွက်ရမလား၊ အလုပ်ရော အိမ်မှုကိစ္စကိုပါ တွဲပြီး လုပ်ရမလား တွေဝေနေကြမှာပါ။ ဒီနေ့ဆောင်းပါးလေးမှာ အိမ်မှာပဲ အမြဲနေပြီး မိသားစုနဲ့ အတူအချိန်ကုန်ဆုံးဖို့ ပြင်ဆင်နေတဲ့ မေမေတွေအတွက် ကြုံလာနိုင်တဲ့ ပြောင်းလဲမှုတွေနဲ့ ဘဝကို ဘယ်လိုဟန်ချက်ညီအောင် ထိန်းလို့ ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အိမ်တွင်းပုန်း မေမေတွေအတွက် အားသာချက်တွေ ၁။ မိသားစုဝင်က တစ်ခုခုလိုအပ်တိုင်း ကိုယ်က […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း