ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

ဘေဘီလေးက ဖေဖေမေမေတို့နဲ့ သွေးအမျိုးအစားမတူတာမျိုးဖြစ်နိုင်လား

ဖေဖေက Aသွေးပါ။မေမေက Bသွေးပါ။ ဒါပေမယ့်မွေးလာတဲ့ဘေဘီလေးက Oသွေးဖြစ်နေတယ်။ ဒါကဖြစ်နိုင်ရဲ့လားလို့တွေးနေတာလား။ ဒါဆိုရင်တော့ပြောစရာရှိတာကဖြစ်နိုင်ပါတယ်ဆိုတဲ့ အချက်ပါ။ဖေဖေက Aသွေး၊မေမေက Bသွေးဖြစ်နေတာနဲ့ပဲဘေဘီလေးက Aသွေး။ ဒါမှမဟုတ် Bသွေးဖြစ်နေစရာတော့မလိုဘူးပေါ့။ ဘာကြောင့်ဒီလိုပြောရလဲဆိုတာကို သိချင်တယ်ဆိုရင်သွေးအမျိုးအစားြဖစ်နိုင်ခြေလေးကို အတူတူတွက်ချက်ကြည့်ရအောင်လား။ ဘေဘီလေးကဖေဖေမေမေတို့နဲ့သွေးအမျိုးအစားမတူတာမျိုးဖြစ်နိုင်လား......... ဘေဘီလေးကဖေဖေမေမေတို့နဲ့သွေးအမျိုးအစားတာကဖြစ်နိုင်တဲ့အခြေအနေတစ်ရပ်ပါ။ အကြောင်းကတော့ DNA ကနေပဲစပြောလိုက်ရအောင်လား။ သက်ရှိတိုင်းမှာ DNA ဆိုတာရှိတယ်။ ဒီ DNA ကပဲ ဘယ်သူဘယ်ဝါဆိုတာကို ခွဲခြားပေးတာပေါ့။ လူတစ်ယောက်မှာ မျိုးဗီဇပေါင်း ၂၀၀၀၀ နီးပါးလောက်ရှိတာပါ။ ဒီမျိုးဗီဇတွေကွဲပြားမှုကပဲ လူတစ်ယောက်ချင်းစီရဲ့သွေးအမျိုးအစားနဲ့အခြားသောအရာတွေကို မတူကွဲပြားတာမျိုးတွေဖြစ်စေတာပါ။ လူတိုင်းမှာသွေးအမျိုးအစားမတူရတာကလည်းသွေးအမျိုးအစား မျိုးဗီဇ A၊ B၊ O ရယ်ဆိုပြီးကွဲပြားမှုရှိလို့ပါ။သွေးအမျိုးအစား မျိုးဗီဇက ၃ မျိုးရှိနေတာကြောင့် လူတစ်ယောက်နဲ့တစ်ယောက် သွေးအမျိုးအစားတူဖို့ခက်ခဲနေတာပါ။ ဘေဘီလေးကဖေဖေတစ်ယောက်တည်းဆီကသွေးအမျိုးအစားကို တသွေမသိမ်းယူလိုက်ရင်ဖြစ်ဖြစ်မေမေ့ရဲ့သွေးအမျိုးအစားကို အတိအကျရယူလိုက်တဲ့အခါမျိုးမှာသွေးအမျိုးအစားကမေမေ ဒါမှမဟုတ်ဖေဖေနဲ့တစ်ထပ်တည်းတူသွားနိုင်ပေမယ့်ဖေဖေရောမေမေဆီကပါနည်းနည်းဆီရယူလိုက်မယ်ဆိုရင်သွေးအမျိုးအစားမတူဘဲ ကွဲထွက်သွားတာမျိုးရှိနိုင်ပါတယ်။ ဒီလိုဆိုတိုင်း ဘယ်လိုတွေတောင်ကွဲထွက်သွားမလဲသိချင်နေတယ်ဆိုရင်တော့ ဆက်ကြည့်လိုက်ရအောင်နော်။ ဘေဘီလေးရဲ့ဖြစ်နိုင်ခြေရှိတဲ့သွေးအမျိုးအစား သွေးအမျိုးအစားတွေပေါင်းစပ်မှုကနေ ဒီလိုတွေဖြစ်နိုင်ပါတယ်။ ဖေဖေ့ရဲ့သွေးအမျိုးအစားက Aမေမေ့ရဲ့သွေးအမျိုးအစားက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးအတွက် Diaper ဘယ်လိုလဲပေးမလဲ

အသစ်စက်စက်မေမေဖေဖေတို့အနေနဲ့ဘေဘီလေးကိုသေးခံ (Diaper) သုံးပေးချင်ပေမယ့်သေးခံဘယ်လိုလဲပေးရမလဲမသိဘူးဆိုပြီးဖြစ်နေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးေးလကို တူတူဖတ်ကြည့်ပြီးဘေဘီလေးကို အဆင်ပြေပြေနဲ့သေးခံလဲပေးကြည့်ရအောင်လား.............. ဘေဘီလေးကိုသေးခံလဲပေးမယ်ဆိုရင် ဘေဘီလေးကိုသေးခံလဲပေးမယ်ဆိုရင် ပထမဆုံးလုပ်ရမယ့် အချက်ကလိုအပ်တဲ့ ပစ္စည်းတွေကိုပြင်ဆင်ဖို့ပါ။ ပြီးမှ တစ်ဆင့်ချင်းစီ လုပ်ပေးရုံပါနော်။ လိုအပ်တာတွေကဘာတွေဖြစ်မလဲ........... သန့်စင်ခြောက်သွေ့နေတဲ့သေးခံအသစ် သန့်ရှင်းရေးလုပ်ပေးဖို့ ဂွမ်းစ၊ရေ ဒါမှမဟုတ် wet tissue လွှင့်ပစ်စရာပုံး ဒါမှမဟုတ် အမှိုက်အိတ် သေးခံလောင်တာကို ကာကွယ်ဖို့လူးပေးတဲ့ ခရင်မ် ဒါမှမဟုတ် Baby Oil ရေမလိုလက်သန့်စင်ဆေးရည် တို့ကို လိုအပ်မှာဖြစ်ပါတယ်။ တစ်ဆင့်ချင်းစီ သန့်စင်လဲလှယ်ပေးမယ် ဘေဘီလေးကိုသေးခံလဲပေးတော့မယ်ဆိုရင် လက်ကိုအရင်သန့်စင်ပါ။ လက်ကနေ ဘက်တီးရီးယားတွေဘေဘီလေးဆီကို မကူးစက်စေဖို့ပါ။ အရင်ဆုံး အနှီးသန့်သန့်ဒါမှမဟုတ်သေးခံခင်းကိုခင်းပေးပါ။ လိုအပ်မယ့်ပစ္စည်းတွေကိုယူပါ။ သန့်စင်ပေးမယ့်ပစ္စည်းတွေကို အဆင်သင့်ယူထားပါ။ ဘေဘီလေးရဲ့ခြေထောက်နှစ်ဖက်ကို လက်တစ်ဖက်နဲ့စုကိုင်လို့ အပေါ်ကိုနည်းနည်းလောက်မြှောက်ကိုင်ပေးပါ။ ဂွမ်းစကိုရေစွတ်ပြီး ကလေးကို အညစ်အကြေးတွေကို အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ပေးပါ။ ရေခြောက်အောင် ဂွမ်းစလေးနဲ့တို့သုတ်ပေးပါ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးကို Diaper လဲပေးတဲ့အခါ လုပ်မိနိုင်တဲ့ အမှားအချို့

ဘေဘီလေးကိုပြုစုရတာ လွယ်ကူတယ်တော့မဟုတ်လှပါဘူး။ ဒီလိုပြုစုမှုတွေထဲမှာ မသိလိုက်ဘဲ အမှားလုပ်မိတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးကို Diaper  လဲပေးတဲ့အခါ လုပ်မိနေနိုင်တဲ့ အမှားတွေအကြောင်းပြောပြပေးချင်ပါတယ်။ ဘေဘီလေးကို Diaper (သေးခံ) လဲပေးတဲ့အခါ လုပ်မိနိုင်တဲ့ အမှားအချို့ ဘေဘီလေးကိုသေးခံလဲပေးတဲ့အခါ သတိမထားမိလိုက်ဘဲ ဒီလိုအမှားတွေလုပ်မိနေနိုင်ပါတယ်။ အဆင်သင့်မပြင်ထားမိတာ ဘေဘီလေးအတွက်သေးခံလဲပေးတဲ့အခါ လိုအပ်မယ့် ပစ္စည်းတွေကို အဆင်သင့်မပြင်ထားမိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဘေဘီလေးကိုသေးခံလဲပေးတဲ့အခါ လိုအပ်မယ့် ပစ္စည်းတွေကိုခြင်းတစ်ခုတည်းမှာ စုစည်းထည့်ထားပါ။ပြီးရင် လိုအပ်မယ့်ပစ္စည်းတွေကို လက်လှမ်းမီတဲ့နားထိယူပြီးမှ ကလေးကိုသေးခံလဲပေးပါ။ ဒီလိုအသင့်ပြင်ထားမှုက ကလေးကို မတော်တဆလိမ့်ကျတာမျိုးမဖြစ်အောင်ကာကွယ်နိုင်မှာပါ။ သေးခံကိုသေချာမဝတ်ပေးမိတာ ဒါက အသစ်စက်စက်မိဘတွေမှာဖြစ်တတ်ပါတယ်။ ကလေးကိုနေရတာ သက်သောင့်သက်သာမဖြစ်မှာစိုးပြီး ခပ်လျော့လျော့လေးဝတ်ပေးမိတာ၊ ဒါမှမဟုတ်လျော့ကျနေမှာစိုးပြီး ခပ်တင်းတင်းဝတ်ပေးမိတာမျိုးပေါ့။သေးခံကို ခပ်တင်းတင်းဝတ်ပေးမိတာက ကလေးရဲ့ သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီးသေးခံကြောင့် အရေပြားပွန်းနိုင်ခြေများစေနိုင်ပါတယ်။ ဘေဘီလေးကို သန့်ရှင်းပေးတဲ့နည်းလမ်းမမှန်တာ သေးခံလဲပေးဖို့အတွက် ဘေဘီလေးကို သန့်ရှင်းပေးတဲ့အခါ ရေစွတ်ထားတဲ့ ဂွမ်းစ ဒါမှမဟုတ် wet tissues ကို အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရော လက်ဆေးဖို့လိုမလား

လူရယ်လို့ ဖြစ်လာရင် အညစ်အကြေးတွေ၊ ပေကျံစေတဲ့ အရာတွေ၊ ရောဂါပိုးတွေကို ကိုင်တွယ်ထိတွေ့မိနိုင်ပါတယ်။ ဒီထိတွေ့မိမှုတွေကြောင့် ရောဂါမဖြစ်စေဖို့ဆိုရင် လုပ်ဆောင်လို့ရတဲ့ ရိုးစင်းတဲ့ နည်းလမ်းလေး ရှိပါတယ်။ ဒါကတော့ လက်ဆေးတာပါ။ ဒါဆိုရင် မေးစရာ ရှိလာတာက ပက်လက်ကလေးပဲ နေနေရတဲ့ ဘေဘီလေးတွေ နဲ့ အရွယ်မရောက်သေးတဲ့ ဘေဘီလေးကို ရော လက်ဆေးဖို့ လိုမလားဆိုတဲ့ ကိစ္စပါ။ ဒီအဖြေကို သိချင်ရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဘေဘီပိစိ လက်ဆေးဖို့လိုမလား ....... ဘေဘီလေးတွေရော လက်ဆေးဖို့လိုမလား ဆိုတော့ နုနယ်တဲ့ အရွယ်မှာ ထိခိုက်လွယ်တာကြောင့် အစစအရာရာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒါမှ ရောဂါကင်းပြီး ကျန်းမာတဲ့ ကလေးလေးအဖြစ် ကြီးပြင်းအရွယ်ရောက် လာမှာပါ။ ဘေဘီလေးတွေက သူတို့ရဲ့ လက်ကလေးတွေနဲ့ ဘာမှ မကိုင်ဘူး ဆိုပေမယ့် ပြင်ပလေထုထဲက […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ဦးနှောက်အကြောသေရောဂါ (Cerebral Palsy) ရှိတဲ့ကလေးကို ဘယ်လိုပြုစုမလဲ...

ကိုယ့်ရဲက ရင်နဲ့အမျှချစ်ရတဲ့ သားသမီးလေးကို ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာစေချင်တာက မိဘတိုင်းရဲ့ ထပ်တူကျနေမယ့် စိတ်ကူးလေးတစ်ခုဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဆုတောင်းတဲ့အတိုင်း မပြည့်ခဲ့ရင်တောင် သားသမီးကို ဂရုဏာပိုသက်လို့ ရင်ထဲကနေ နှစ်နှစ်ကာကာချစ်တတ်ကြတာကလည်း မိဘတွေပဲမဟုတ်လား။ ဒီတစ်ခေါက်တော့ ဦးနှောက်အကြောသေရောဂါ (Cerebral Palsy) ခံစားနေရတဲ့ ကလေးကို မိဘတွေအနေနဲ့ ဘယ်လိုပြုစုစောင့်ရမလဲ ဆိုတာကိုပြောပြပေးပါရစေနော်။ ဦးနှောက်အကြောသေရောဂါ (Cerebral Palsy) ဆိုတာဘာလဲ...... ဦးနှောက်အကြောသေရောဂါဆိုတာက ကြွက်သားတွေနဲ့ အာရုံကြောတွေကို ထိခိုက်စေတဲ့ရောဂါအခြေအနေတစ်မျိုးပါ။ ဒီရောဂါကို ခံစားရတဲ့အခါ ကလေးက လှုပ်ရှားမှုပိုင်းမှာထိခိုက်တာ စကားပြောဆိုမှုပိုင်းမှာထိခိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီရောဂါက မျိုးရိုးကြောင့်ဖြစ်တာမျိုးမဟုတ်ဘဲ ကလေးငယ်စဉ်ဘဝမှာစတင်ဖြစ်ပွားတာပါ။ ဘာကြောင့် ဦးနှောက်အကြောသေရောဂါ (Cerebral Palsy) ခံစားရနိုင်လဲ......... ဦးနှောက်အကြောသေရခြင်းရဲ့ အဓိကအကြောင်းအရင်းက ဦးနှောက်ကို သွေးစီးဆင်းရောက်ရှိမှုနည်းသွားတာကြောင့်ပါ။ ဒါပေမယ့် အခုလိုအခြေအနေတွေကြောင့်လည်း ကလေးမှာ ဦးနှောက်အကြောသေရောဂါကိုခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားတဲ့အချိန်နဲ့ ကလေးဘဝအစောပိုင်းမှာ ထိခိုက်မှုတစ်ခုခုခံစားခဲ့ရတာ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ

မွေးလာတုန်းက ဘေဘီလေးကို မေမေ့နို့ပဲတိုက်တာဆိုတော့ မေမေကအစားဆင်ခြင်ရင် အဆင်ပြေပြီပေါ့။ သိပ်အများကြီးတွေးစရာမလိုဘူးပေါ့။ ဒီလိုနဲ့ ဘေဘီလေးက ၅ လကျော် ၆ လထဲရောက်လာတယ်။ အစားစကျွေးပြီး ထမင်းကိုကြိတ်ကျွေးတာ၊ အာဟာရမှုန့်ကျွေးတာဆိုပြီး အမျိုးမျိုးရှိမယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အသီးအရွက်လေးတွေနည်းနည်းချင်းစီထည့်ကျွေးလာမယ်။ ဒီလိုကနေ နောက်တော့ သစ်သီးလေးတွေကျွေးဖို့ စဉ်းစားလာမယ်။ ဒီအချိန်မှာက နည်းနည်းတော့အတွေးကြပ်ပြီနော်။ ဘေဘီလေးက လူကြီးတွေစားသမျှ စားလို့မှမရသေးတာလေ။ ဒီတော့ ဘေဘီလေးကို အသီးအနှံတွေကျွေးချင်တယ်။ ဘာတွေများကျွေးလို့ရမလဲဆိုပြီး မေမေတို့ အတွေးရကြပ်နေတဲ့ပြဿနာကို ဒီဆောင်းပါးလေးထဲကနေ အဖြေထုတ်ပေးမယ်နော်။ ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ က ဘာတွေများလဲ...... ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ က ဘာတွေများလဲ...... ဘေဘီလေးကို အာဟာရပြည့်ဝမျှတစွာရရှိစေဖို့ဆိုရင် မုန်လာဥနီ - အပင်ကနေရရှိတဲ့ ဗီတာမင် A […]


ကလေးငယ်အာဟာရ

ဘေဘီလေးအတွက် ဘေးအကင်းဆုံးအစားအစာ ဘယ်လိုရွေးမလဲ

ဘေဘီလေး တစ်ယောက်ကို ကောင်းမွန်ကြီးပြင်းလာစေဖို့ဆိုတဲ့ ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ထားရသူမေမေ တစ်ယောက်ရဲ့အကြီးမားဆုံးဆန္ဒကဘာများဖြစ်မလဲ........ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတာကိုကျွေးဖို့ပေါ့။ ဒီလိုရှာပေးဖို့ဆိုရင်  ဘေဘီလေးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာအာဟာရတစ်ခုဖြစ်ဖို့ လိုအပ်မယ့်လိုအပ်ချက်တွေကို သိဖို့လိုပါမယ်။ ဒီတော့ မေမေ့ရဲ့ ဆန္ဒပြည့်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် ဖြည့်ပေးပါရစေလား.... ဘေဘီလေးအတွက် လိုအပ်မယ့်အာဟာရတွေက ဘာတွေများလဲ.......... အကောင်းဆုံးကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးကို ပြင်ဆင်ပေးမယ့်အစားအစာတွေထဲမှာ ပရိုတင်း- အရိုးနဲ့ကြွက်သားတွေသန်မာစေဖို့၊ ကိုယ်ခံအားကောင်းဖို့ နဲ့ ကောင်းမွန်စွာကြီးပြင်းအရွယ်ရောက်လာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ သံဓာတ် - သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ဖို့ အာရုံစူးစိုက်နိုင်စွမ်းကောင်းမွန်စေဖို့ နဲ့ ကိုယ်ခံအားကောင်းစေဖို့လိုအပ်ပါမယ်။ ကယ်လ်ဆီယမ် -အရိုးနဲ့သွားတွေအကောင်းဆုံးဖွံ့ဖြိုးစေဖို့ လိုအပ်ပါတယ်။ ဗီတာမင် C - ကိုယ်ခံအားကောင်းစေဖို့ နဲ့ အရေပြားပြဿနာတွေကင်းစေဖို့ အရေးပါပါတယ်။ ဗီတာမင် D - ကယ်လ်ဆီယမ်စုပ်ယူမှုအားကောင်းစေဖို့ စိတ်ခံစားမှုကောင်းစေဖို့ အရေးပါတဲ့ ဗီတာမင်တစ်ရပ်ပါ။ Omega-3 fatty Acid - ဦးနှောက်နဲ့အမြင်အာရုံအကောင်းဆုံးဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ဓာတ်တစ်မျိုးပါ။ ဖောလစ်အက်ဆစ် - ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့နဲ့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးတွေအတွက် အကောင်းဆုံးအာဟာရရရှိဖို့ ဖြည့်စွက်စာကိုဘယ်လိုပြင်ဆင်ပေးသင့်လဲ

ဘေဘီလေးတစ်ယောက်ကို ကျန်းမာပျော်ရွှင်စွာနဲ့ အရွယ်ရောက်ကြီးပြင်းလာစေချင်တာက မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။ ဒီစိတ်ကူးအိပ်မက်ပြည့်ဝဖို့က ဆုတောင်းနေရုံနဲ့ မပြီးပါဘူး။ ကိုယ်တိုင်လုပ်ဆောင်ယူရမှာပါ။ ဒီဆန္ဒလေးပြည့်ဝဖို့ ဘာတွေများလိုမယ်ထင်လဲ။ အတူတူကြည့်လိုက်ကြရအောင် မေမေတို့ရေ... မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပြည့်ဝစေဖို့ မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပြည့်ဝစေဖို့ အခြေခံအားဖြင့် အချက်နှစ်ရပ်ပြည့်စုံဖို့လိုပါမယ်။ ဒါတွေကတော့ အာဟာရပြည့်ဝတဲ့အစားအစာတွေ ရွေးချယ်ပေးမှု နဲ့ အာဟာရပြည့်ဝအောင်ပြင်ဆင်ချက်ပြုတ်ပေးမှုပါ။ ဘေဘီလေးအတွက် အာဟာရပြည့်ဝစေမယ့် အစားအစာတွေကဘာတွေများလဲ...... ဘေဘီလေးတွေက ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့အရွယ်ပါ။ ဒါကြောင့် အာဟာရလုံလောက်ပြည့်ဝအောင်ရရှိဖို့လိုပါမယ်။ ဘေဘီလေးတွေက ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့အာဟာရတွေကို ငယ်စဉ်အရွယ်မှာ လုံလောက်စွာရရှိပါမှ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းအရွယ်ရောက်နိုင်မှာပါ။ ဒီတော့ဘာတွေကျွေးရမလဲ။ မွေးစကနေ ၆ လအထိကတော့  မေမေကအာဟာရပြည့်ဝအောင်စားသုံးပြီး မိခင်နို့ရည်များများတိုက်ပေးရမှာပါ။ ဒီလိုကနေ ၆ လပြည့်ပြီးတဲ့အခါ ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစေဖို့ အစားအစာတွေကို ဂရုစိုက်ရွေးချယ်ရမှာဖြစ်ပါတယ်။ ထမင်း - ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့  ကစီဓာတ်ကို အပြည့်အဝရရှိစေနိုင်ပါတယ်။ ထမင်းကိုသေချာလေးကြိတ်ခြေပြီး ကျွေးပေးလို့ရပါတယ်။ ကြက်သား - ပရိုတင်းဓာတ်ကြွယ်ဝပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း