ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကျန်းမာပြီးပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ဖို့ အကြံပြုချက် (၈)ချက်

ကိုယ့်ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့ ရင်သွေးလေးကိုတောက်ပတဲ့အနာဂတ် မပိုင်ဆိုင်စေချင်တဲ့ မိဘမရှိပါဘူး။ သားသမီးတွေကို အကောင်းဆုံးဖြစ်လာဖို့ကိုပဲ မျှော်လင့်ပြီး အကောင်းဆုံးအရာတွေကိုပဲ ပေးချင်တာက မိဘတိုင်းရဲ့ စိတ်ကူးဆန္ဒပါ။ ကလေးတွေဟာ ငယ်ရွယ်စဉ်မှာ ဖယောင်းလေးတွေလိုပဲ ပုံသွင်းလို့ရပါတယ်။ ငယ်စဉ်မှာ အကောင်းဆုံးသော ဂရုစိုက်ပျိုးထောင်မှုတွေပြုလုပ်ပေးမယ်ဆိုရင် ကျန်းမာပျော်ရွှင်ဉာဏ်ကောင်းစွာနဲ့ အရွယ်ရောက်လာမှာပါ။ ကျန်းမာပြီး ပျော်ရွှင်တဲ့ကလေးတစ်ယောက်ဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတဲ့ အကြံပြုချက် (၈)ချက်ရှိပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းစေဖို့ (၁) ချစ်ခင်မှုကို ခံစားရပါစေ -ကလေးကို မချစ်တဲ့ မိဘရယ်လို့မရှိလောက်ဘူးဆိုပေမယ့် ချစ်တာကိုဖော်ပြပေးဖို့မေ့မနေပါနဲ့။ အချို့မိဘတွေကချစ်တာကိုဖော်မပြဘဲ ရင်ထဲမှာ သိမ်းထားတတ်ကြပါတယ်။ ကလေးကိုမြင်သာအောင်ချစ်ပြဖို့ မမေ့ပါနဲ့။ ချစ်ခြင်းမေတ္တာဆိုတာ နွေးထွေးနူးညံ့တဲ့အရာတစ်ခုပါ။ အဲဒါကို ကလေးခံစားရပါစေ။ (၂) ကလေးနဲ့အတူတူ အချိန်ဖြုန်းပေးပါ။ ကစားပေးပါ -ကလေးက ကစားစရာအဖော်တွေရှိနေတယ်ဆိုပေမယ့်တောင်မှ မိဘတွေအနေနဲ့ပျော်ရွှင်စရာ ကစားနည်းလေးတွေကို ကလေးနဲ့ အတူတူကစားပေးလို့ရပါတယ်။ ဒါမှ ကလေးနဲ့မိဘကြားမှာ ချစ်ခြင်းမေတ္တာတိုးလာပြီး ကလေးရဲ့ ခန္ဓါကိုယ် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေအတွက် ကျန်းမာတဲ့သရေစာ

သရေစာမုန့်တွေ၊ အစားအသောက်တွေဟာ ကလေးတွေနဲ့မကင်းနိုင်တဲ့အရာဆိုတာမေမေတို့ငြင်းလို့မရပါဘူး။ အပြင်ကဝယ်ကျွေးတာနဲ့ ကိုယ်တိုင်လုပ်ကျွေးတဲ့ သရေစာပဲ မတူတာရှိမယ်။ ထမင်းကျွေးချိန်မှာ ရှိနေတဲ့ သူတို့လေးတွေရဲ့မျက်နှာအမူအရာတွေက သရေစာမုန့်တွေစားခါနီးသောက်ခါနီးပျော်နေပုံနဲ့ သိပ်ကိုကွာခြားနေတယ်မဟုတ်လား။ ကလေးဆိုတာ ငိုနေရင်၊ စိတ်ကောက်နေရင်တောင် သူကြိုက်တဲ့သရေစာမုန့်လေးကျွေးလိုက်ရင်ပြုံးသွားတာမျိုး။ အဲဒီမှာပြဿနာရှိလာတော့တာပါပဲ။ ကလေးကြိုက်တဲ့အစားအသောက်တွေဆိုတာ အားလုံးကဘေးမကင်းနိုင်လို့ပါပဲ။ ဈေးကွက်က သရေစာအစားအသောက်တွေဆိုတာလည်း ကလေးတွေကြိုက်လောက်မယ့် အရောင်၊ အနံ့၊ ဒီဇိုင်း၊ ထုပ်ပိုးမှုပုံစံ၊ အရသာဖြစ်အောင် ဖန်တီးကြတာမို့ ကျန်းမာရေးအတွက် စိတ်ချရဖို့မသေချာသလို အာဟာရလည်း မပြည့်ဝပါဘူး။ နောက်ဆက်တွဲအနေနဲ့ အဝလွန်တာလို သရေစာစွဲနေတာလိုမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။ မိဘတွေကကျတော့ သရေစာကျွေးတဲ့အခါမှာ ကလေးတွေစိတ်ကျေနပ်အောင်ကျွေးလိုက်တာတွေရှိသလို အဆာပြေဖို့၊ အာဟာရပိုပြည့်စေဖို့ ရည်ရွယ်တာလည်းပါပါတယ်။ ဒီတော့ ကလေးကြိုက်တာတွေချည်း အလိုလိုက်တာမဟုတ်ဘဲ စားသင့်တဲ့ အာဟာရပြည့်သရေစာတွေကို ရွေးချယ်ပြီး ကလေးကြိုက်အောင်လုပ်ပေးဖို့ကမေမေတို့တာဝန်ဖြစ်ပါတယ်။ ကလေးတွေအများဆုံး စားသုံးလေ့ရှိတဲ့ သရေစာတွေထဲမှာ အကျိုးပြုတာရော၊ မပြုတာရော ဒွန်တွဲနေတာတွေပါဝင်ပါတယ်။ တစ်ခါတလေ ကလေးတွေအာဟာရပြည့်ဝမှု၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

နို့စို့ကလေး ဝမ်းချုပ်ခြင်း

မိမိချစ်ရတဲ့ ဘေဘီလေး ဝမ်းမကောင်းလို့ ခေါင်းခဲနေရတဲ့ မေမေတွေများရှိလား။ နို့စို့ကလေး လေးတွေ တစ်ခုခုဆိုတိုင်း အရင်ဆုံး စိတ်ပူစိတ်ညစ်တတ်တာက မေမေတွေပါနော်။ အချို့ကိစ္စတွေက ဖြစ်လေ့ဖြစ်ထရှိတာမို့ စိတ်ပူစရာမလိုပေမယ့် ဖြစ်လေ့ဖြစ်ထမရှိတာတွေအတွက်ကတော့ စိတ်ပူဖို့လိုမှာပါ။ ကလေးလေးတွေက မွေးကာစအရွယ်မှာ ခဏခဏဝမ်းသွားနိုင်ပါတယ်။ ကလေးကို ဝမ်းချုပ်တယ်လို့ ပြောဖို့ဆိုရင် အရင်ဆုံးသိထားရမှာက ကလေးဟာ တစ်နေ့ကို ဘယ်နှကြိမ်လောက် ဝမ်းသွားတတ်လဲဆိုတဲ့အချက်ပါ။ ဒီအချက်ကလည်း ကလေးတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ သူတို့လေးတွေရဲ့ စားသောက်နေထိုင်မှု ကွာခြားချက်အရ ဝမ်းသွားတာကလည်း ကွာခြားနိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးဆို ဝမ်းချုပ်တယ်လို့ ပြောလို့ရလဲ ကလေးက တစ်နေ့တစ်ကြိမ် ဝမ်းသွားနေကျကနေ နှစ်ရက်တစ်ခါလောက်မှ ဝမ်းသွားတာ သုံးရက်တစ်ကြိမ်လောက် မဝမ်းသွားတော့တာ တစ်ပတ်တစ်ကြိမ်လောက်ပဲ ဝမ်းသွားတာ အရင်ကထက် ဝမ်းသွားတဲ့ ပမာဏနည်းသွားတာ ဝမ်းသွားတဲ့အခါ ကလေးက ငိုတာ၊ ဂျီကျတာ ကလေးက ဝမ်းသွားတဲ့အခါတိုင်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် ပရိုတင်းဖြည့်တင်းပေးမယ့် အကောင်းဆုံးအရင်းအမြစ် ရွေးချယ်မယ်

အိမ့်ဆည်းလည်းလေးတွေကို ဒေါင်ဒေါင်မြည်တဲ့ကျန်းမာရေးနဲ့ ဖွံ့ဖြိုးလာဖို့က ဖဖေမေမေတွေရဲ့အတွေးမှာ အမြဲစိုးမိုးနေတဲ့အရာပါ။ ကိုယ့်အတွက်ကအသာထား သူတို့လေးတွေအတွက်အာဟာရဖြစ်မယ်ဆို ဘယ်ကဖြစ်ဖြစ်လေ့လာမေးမြန်းဖို့၊ ရှာဖွေဖို့၊ စီမံချက်ပြုတ်ကျွေးဖို့ မေမေတို့က အဆင်သင့်ပါပဲ။ ကျန်းမာတဲ့၊ဉာဏ်ကောင်းတဲ့၊ ထွားတဲ့ကလေးတွေမြင်ရင် ဘာတွေကျွေးလဲ၊ ဘာအားဆေးတိုက်လဲလို့ အဲဒီကလေးရဲ့မေမေကိုမေးလိုက်ရမှ။ ကလေးတစ်ယောက်ရဲ့ကျန်းမာဖွံ့ဖြိုးမှုအဆင့်ဆင့်မှာ အဓိကအားဖြည့်ပေးနိုင်တာက မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေဆိုတာ လူတိုင်းနီးပါးသိထားကြပြီးဖြစ်မှာပါ။ ဗီတာမင်နဲ့သတ္တုဓါတ်တွေလည်း မပါမဖြစ်ပြည့်ဝနေဖို့လိုသလို ပရိုတင်းလို့ခေါ်တဲ့ အသားဓါတ်ကလည်း အရမ်းအရေးကြီးတယ်ဆိုတာမမေ့ဖို့လိုပါတယ်။ သူများကလေးတွေကို ဘာအားဆေးတိုက်လဲမေးလိုက်၊ တိုက်ကျွေးကြည့်လိုက် လုပ်နေမယ့်အစား ကလေးအတွက်လိုအပ်မယ့် အာဟာရဓါတ်တွေကို အစားအစာမှာမပါမဖြစ် ညီညွတ်မျှတအောင် စီမံထည့်သွင်းပေးပါ၊ လိုအပ်နိုင်မယ့်အာဟာရကို ဘေးကင်းစိတ်ချရတဲ့ ဖြည့်စွက်အာဟာရတွေကနေ ရယူရပါမယ်။   ပရိုတင်း ဘာလို့ အရေးကြီးတာလဲ ပရိုတင်းဓါတ်က ခန္ဓါကိုယ်မှာရှိတဲ့ တစ်ရှူးတွေရဲ့ဖြစ်တည်မှု၊ ထိန်းသိမ်းမှု၊ အစားထိုးဖြစ်ပေါ်မှုတွေအတွက်အကျိုးပြုပါတယ်။ ကြွက်သားတွေ၊ ကိုယ်တွင်းအင်္ဂါတွေနဲ့ ကိုယ်ခံအားစနစ်တို့မှာလည်း အများစုကို ပရိုတင်းနဲ့ဖွဲ့စည်းလုပ်ဆောင်တာပါ။ ပရိုတင်းပါတဲ့ အစားအသောက်တစ်ခုခုစားလိုက်တဲ့အခါ ပရိုတင်းမော်လီကျူးလေးတွေကို သီးခြားတာဝန်တွေအတွက် ခန္ဓါကိုယ်က အသုံးချပါတယ်။ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ထိခိုက်ဒဏ်ရာဖြစ်လာရင် ဒီ (၇) ချက်ကိုဂရုစိုက်ပေးပါ

ချော်လဲမယ်နော်၊ပြုတ်ကျမယ်နော်၊ ထိမိတော့မှာပဲ ဆိုတဲ့ စကားသံတွေက ကလေးရှိတဲ့အိမ်တိုင်းမှာ ကြားရလေ့ရှိတဲ့အသံပါ။ အမြဲ ပြေးလွှားလှုပ်ရှား အငြိမ်မနေတတ်တဲ့ ကလေးလေးတွေအတွက်က ပွန်းပဲ့ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာဆိုတာ မကင်းနိုင်တဲ့အရာတွေဖြစ်ပါတယ်။ ကြိုတင်ကာကွယ်လို့ရတဲ့အရာတွေရှိပေမယ့် ကလေးမှာထိခိုက်ဒဏ်ရာရှိလာပြီဆိုရင် နည်းလမ်းမှန်နဲ့ပြုစုဂရုစိုက်ပေးရမှာ မိဘတွေတာဝန်ပါ။ ထိခိုက်မှုဒဏ်ရာကြီးရင်တော့ဆေးရုံ၊ဆေးခန်းအမြန်ပြဖို့လိုအပ်ပါတယ်။တော်တန်ရုံထိခိုက်ပွန်းပဲ့တာ၊ အရေပြားပေါက်ပြဲတာ၊ ထိရှတာတွေကို အိမ်မှာပဲ ဘယ်လိုဂရုစိုက်ပေးလို့ရမလဲ ဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။ အနာကိုဂရုစိုက်ပေးသင့်တဲ့အချက် (၈) ချက် (၁) ဒဏ်ရာကိုရေနဲ့ဆေးကြောပါ ကပ်ငြိနေတဲ့ အညစ်အကြေးတွေသန့်စင်သွားအောင် ဒဏ်ရာကို တစ်မိနစ်ခွဲလောက်ကြာအောင် ရေလောင်းချပြီးဆေးကြောပေးပါ။ လိုအပ်ရင် ဆပ်ပြာအပျော့စားနဲ့ ဆေးကြောပါ။ (၂) အဝတ်နုသန့်သန့်နဲ့ တို့သုတ်ပါ ခပ်ဖွဖွ တို့သုတ်ပါနော်။ ဒဏ်ရာကသွေးထွက်နေတုန်းပဲဆိုရင် အနာေပါ်ကနေ ငါးမိနစ်လောက် ဖိထားပေးပါ။ (၃) အရက်ပြန် သို့မဟုတ် hydrogen peroxideတွေမသုံးပါနဲ့ ဒါတေထည့်ရင် ပိုစပ်မယ်၊လောင်မယ်၊ပြီးတော့ ထည့်ဖို့မလိုဘူး လို့သိထားရပါမယ်။ ဒါ့အပြင် အရက်ပြန်က အရေပြားကိုခြောက်သွေ့စေပြီး(ခြောက်သွေ့ရင် အနာကျက်နှေးစေနိုင်တယ်)hydrogen peroxide က ကျန်းမာတဲ့ဆဲလ်တွေရှင်သန်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ (၄)ဆေးထည့်ပါ အနာကိုသန့်စင်ပြီးတာနဲ့ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ် နှင့် ကလေး စိတ်ကျန်းမာရေး

စိတ်ကျန်းမာရေးဆိုတာ လူကြီးတွေမှာပဲ ဖြစ်တတ်တယ်လို့ လူတော်တော်များများက ထင်တတ်ကြပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ တချို့ကလေးတွေ ငယ်ရွယ်စဉ်မှာကတည်းက ပတ်ဝန်းကျင်၊ မိဘ၊ အသိုင်းအဝိုင်းတွေရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် ကလေးဘဝကတည်းက စိတ်ကျန်းမာရေးပြဿနာတွေ ကြုံလာရပါတယ်။ လေ့လာတွေ့ရှိချက်အရ ကလေး ၁၀ ယောက်မှာ ၁ယောက်ဟာ စိတ်ကျန်းမာရေးဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရှိရပါတယ်။ ဆိုလိုတာက ကလေး စိတ်ကျန်းမာရေး ကို လျစ်လျူမရှုသင့်တော့ပါဘူး၊၊ ကလေး စိတ်ကျန်းမာရေး ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ကလေးဆိုတာ အင်မတန်ကို စိတ်ဓာတ်နုနယ်သေးတဲ့အရွယ်၊ စိတ်ထိခိုက်လွယ်တဲ့ အရွယ်ပဲ ဖြစ်ပါတယ်။ “စိတ်ချမ်းသာမှ ကိုယ်ကျန်းမာ” ဆိုတဲ့ စကားအတိုင်းပါပဲ။ စိတ် နဲ့ ခန္ဓာ ၂ခုလုံး ကျန်းမာမှ ဘဝရဲ့ နေ့ရက်နဲ့ အခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နိုင်မယ်။ အရွယ်ရောက်လာတဲ့အခါ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေး မွေးစားတော့မယ့် မိဘတွေ ဘာတွေပြင်ဆင်ထားသင့်လဲ

ကလေးမွေးစားတယ်ဆိုတာ မိဘတွေအတွက်ရော ကလေးအတွက်ပါ လွယ်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ မိဘတွေအနေနဲ့လည်း မမွေးစားခင် ကိုယ့်ဘက်က အခြေအနေကို ပြီးပြည့်စုံအောင် ပြင်ဆင်ထားရမယ်။ ကလေးအနေနဲ့လည်း ကိုယ်ရောက်သွားမယ့် အိမ်က လူတွေဟာ ဘယ်လိုစိတ်ဓါတ်အခြေအနေ ရှိမလဲဆိုတာ စိုးရိမ်နေမိမှာပါ။ မွေးစားပြီးတဲ့အခါမှာလည်း အတူနေရင်း ကြုံလာရမယ့် အိမ်တွင်းရေးပြဿနာတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ကလေး မွေးစားတယ်ဆိုတာ ပုံစံအမျိုးမျိုးတော့ ရှိပါတယ်။ တချို့အခြေအနေတွေမှာ မိဘမဲ့ဂေဟာက ကလေးကို မွေးစားတာ ဖြစ်နိုင်တယ်။ တစ်ခါတလေမှာ မိဘဆုံးပါးသွားတဲ့ သွေးသားတော်စပ်တဲ့ ကလေးကို မွေးစားတာလည်း ဖြစ်နိုင်သလို ကလေးမရနိုင်တဲ့ စုံတွဲတွေ၊ လိင်တူချင်း လက်ထပ်ထားကြသူတွေမှာလည်း ကလေးမွေးစားနိုင်တာတွေ ရှိနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကလေးတစ်ယောက်ကို ကိုယ့်ရဲ့ ဘဝထဲ ဆွဲခေါ်လာပြီး နွေးထွေးတဲ့ အိမ်လေးတစ်ခု တည်ဆောက်လိုတဲ့ မိသားစုေတွအတွက် […]


ကလေးငယ်ပထမနှစ်

သားဦးမေမေတို့သိချင်နေမယ့် အရာများ

မကြာခင်မှာ အသစ်စက်စက်မေမေဖြစ်တော့မယ့် Hello ဆရာဝန်ပရိသတ်ကြီးတွေများရှိနေလား။ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အစ်မ ဒါမှမဟုတ် သူငယ်ချင်းတွေအတွက်ပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးက ဖတ်ထားသင့်ပါတယ်နော်။ ဘာလို့ ဒီဆောင်းပါးကို ဖတ်သင့်တယ်၊လို့ပြောရလဲဆိုတာ အကြောင်းအရင်းရှိပါတယ်။ဘေဘီလေးတစ်ယောက် ကိုယ့်ဘဝထဲရောက်လာပြီဆိုရင် သူတို့အဆင်ပြေပါ့မလားဆိုက တစ်နေ့တာရဲ့ ၂၄ နာရီမှာ ၁၆ နာရီမကကို တွေးမိနေမှာပါ။ သိချင်မိတဲ့မေးခွန်းပေါင်းကလည်းသောင်းခြောက်ထောင်ပေါ့။ ဒီလိုသိချင်လောက်မယ့်မေးခွန်းတွေကို ဒီဆောင်းပါးလေးထဲမှာပြောပြပေးမှာဖြစ်လို့ပါနော်။ ကဲ .... သားဦးမေမေတို့သိချင်နေမယ့် အရာများ ရဲ့ အဖြေကို ကြည့်လိုက်ရအောင်လား ........ သားဦးမေမေတို့သိချင်နေမယ့် အရာများ အသစ်စက်စက်မေမေတို့ သိချင်လောက်မယ့် မေးခွန်းလေးတွေရဲ့ အဖြေက (၁) ကလေးလေးကမွေးလာလာချင်းနို့စို့တတ်ပါ့မလား။ ကလေးလေး တော်တော်များများက မွေးလာလာချင်းမှာ ဗိုက်ဆာနေတတ်ကြပြီး ကလေးကမိခင်နို့ကို သောက်ဖို့အဆင်သင့် ဖြစ်နေတတ်ကြပါတယ်။ မိခင်နို့နဲ့ သူတို့ပါးစပ်လေးကို ထိတွေ့ပေးလိုက်တာနဲ့ သဘာဝပေးထားတဲ့ အသိအရ နို့စစို့တော့တာပါပဲ။ နို့ကို ဘေဘီလေးက ချက်ချင်းမစို့ဖြစ်ရင်တောင်မှ မွေးပြီးချိန်ကနေ […]


ကလေးငယ်ပထမနှစ်

မွေးကင်းစကလေးလေးတွေ ဝမ်းခဏခဏသွားတာ ပုံမှန်ပဲလား

မိဘရယ်လို့ဖြစ်လာရင် သားသမီးတွေကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်တာပါ။ စားတာကနေစလို့ ဝမ်းသွားတာ အိပ်တာအဆုံး အကုန်လုံးကိုသေချာစောင့်ကြည့်နေမိတယ်နော်။ မိဘဆိုတဲ့တာဝန်က တော်တော်လေးကြီးလေးလွန်းပါတယ်။ ဒီနေရာမှာ မိဘတော်တော်များများကြုံတွေ့ရနိုင်တာက ဘယ်သူ့ရဲ့ ကလေးကတော့ဖြင့် တစ်ပတ်နေမှ တစ်ကြိမ်လောက်ဝမ်းသွားတယ်၊ ကိုယ့်ရဲ့ဘေဘီလေးကတော့ နို့စို့လိုက်ပြီးတိုင်း ဝမ်းသွားနေတယ်။ ဘာဖြစ်တာလဲ။ စိုးရိမ်စရာများရှိနေလားဆိုတဲ့အချက်ပါ။ တကယ်တော့ ကလေးက မကြာခဏ ဝမ်းသွားတာ ရက်တော်တော်ကြာမှဝမ်းသွားတယ်ဆိုတာတွေက ကလေးမှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတာ မဟုတ်ပါဘူး။ ဘာကြောင့်ဒီလိုပြောတာလဲဆိုတာကိုအောက်မှာ ရှင်းပြပေးထားတယ်နော်။ မွေးကင်းစကလေးလေးတွေ ဝမ်းခဏခဏသွားတာပုံမှန်ပဲလား ကလေးလေးတွေဟာ မွေးစကနေ ၆ လမရောက်ခင် မကြာခဏဆိုသလိုဝမ်းသွားနိုင်ပါတယ်။ ဒါပေမယ့် ဒါကစိုးရိမ်ရမယ့် အနေအထားတော့မဟုတ်ပါဘူး။ ကလေးကဝမ်းခဏခဏသွားနေတာက ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုဖြစဉ်တွေကြောင့်ပါ။ ကလေးက ဝမ်းသွားတာအပြင် အော့အန်နေမယ်။ နို့မစို့ဘဲဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ လိုအပ်မှာပါနော်။ မိခင်နို့ကိုပဲ အားကိုးနေရတဲ့အရွယ်မှာ ကလေးက ခဏခဏဆိုသလို ဝမ်းသွားနိုင်ပါတယ်။ ဒီလိုဖြစ်ရတာက မိခင်နို့မှာimmunoglobins ပါဝင်နေတာကြောင့် ကလေးက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ် သက်သာစေဖို့

ကလေးက ဂျီကျနေတယ်။ အသက်ရှူသံလည်း ပြင်းလို့၊ ဘာကျွေးကျွေးမစားဘူးပဲ လုပ်နေပြီလား။ ဒါဆိုရင်တော့ မိဘတွေအနေနဲ့ တွေးစရာတစ်ခုရှိတာက ဘေဘီလေးက နှာစေးနှာပိတ်များ ဖြစ်နေလားဆိုတာပါနော်။ အခုတစ်ခေါက်တော့ ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ် သက်သာအောင် လုပ်ပေးရမလဲဆိုတဲ့ အကြောင်းလေးတွေပါနော်။ နှာစေးတာ၊ နှာခေါင်းပိတ်တာက လူကြီးတွေမှာတောင် တော်တော်လေး နေရခက်ပါတယ်နော်။ ဘာမှတောင် မပြောနိုင်သေးတဲ့ ကလေးလေးတွေမှာဆို ဘယ်လောက်များ ခံရခက်လိုက်မလဲ။ ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ်ခြင်း နှာစေးနှာပိတ်တယ်ဆိုတာ နှာခေါင်းနဲ့ လေပြွန်ထဲမှာ အရည်တွေ (ချွဲတွေ) များပြားစုပုံနေတဲ့ အခြေအနေတစ်ရပ်ပါ။ ပြင်ပအရာတစ်ခုခု နှာခေါင်းတွင်း ဝင်ရောက်တဲ့အခါမှာလည်း ဒီလိုမျိုး တုံ့ပြန်နိုင်ပါတယ်။ ဓာတ်မတည့်တဲ့အရာတွေ၊ ဗိုင်းရပ်စ်တွေကို တုံ့ပြန်ဖို့လည်း နှာခေါင်းက ဒီနည်းလမ်းကိုပဲ အသုံးပြုတာပါ။ နှာခေါင်းပိတ်တဲ့အခါ ဘေဘီလေးတွေမှာ အသက်ရှူရခက်တာ၊ အသက်ရှူတဲ့အခါ တရွှီရွှီမြည်တာမျိုးတွေ ကြားရတာ နို့မစို့ဘဲ ငိုနေတာ ပုံမှန်ထက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း