သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝင်ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ဆေးခြောက်ဟာ ကင်ဆာပျောက်စေတာလား? ကင်ဆာဖြစ်စေတာလား?

ဆေးခြောက် ရွက်ထဲမှာပါဝင်တဲ့ Tetrahydrocannabinol (THC) ဟာ အဓိကအားဖြင့် စိတ်ကိုတက်ကြွစေတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းဟာ လူ့ရဲ့စိတ်ကို မူးယစ်ရှိန်ကြောင့် အထွတ်အထိပ်ရောက်သွားစေရုံ အာနိသင်သက်သက်ပဲ သက်ရောက်တဲ့အရာမဟုတ်ပါဘူး။ နောက်ဆုံးလေ့လာဆန်းစစ်ချက်တွေအရ လူကိုအသက် အန္တရာယ်ပြုနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ သိလာရပြီဖြစ်ပါတယ်။ THC ဟာ ကင်ဆာဖြစ်ပေါ်စေတဲ့ အကျိတ်တွေကို ကြီးထွားနှုန်းမြန်ဆန်အောင် တွန်းအားပေးကြောင်း အမေရိကန် ကင်ဆာ သုတေသနအသင်း (American Association for Cancer Research - AACR) က ဖော်ထုတ်လိုက်ပါတယ်။ ဆေးခြောက်ဟာ ကင်ဆာပျောက်စေတာလား? ကင်ဆာဖြစ်စေတာလား? ဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ။ ဆေးခြောက်ဟာ ကင်ဆာပျောက်စေတာလား? ကင်ဆာဖြစ်စေတာလား? ဆေးခြောက်ကို Cannabis Sativa ဆိုတဲ့ အပင်တမျိုးကနေ ရရှိပြီး သူ့မှာပါဝင်တဲ့ THC ဒြပ်ပေါင်းနဲ့ အပေါင်းအပါတွေဟာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို […]


သဘာဝဆေးဖက်ဝင်

ငရုတ်ကောင်းနဲ့ နနွင်းအတွဲအစပ်ကပေးတဲ့ကျန်းမာရေး

ဟင်းချက်တဲ့အခါ ဆီပူလာရင် နနွင်းမှုန့်လေးထည့်ပြီး ဆီသတ်လို့ ဟင်းအိုးချခါနီးရင် မွှေးမွှေးလေးဖြစ်နေစေဖို့ဆိုပြီး ငရုတ်ကောင်းမှုန့်လေး ထည့်ချက်တတ်တဲ့ အိမ်ရှင်မလေးတွေရှိလား။ ဒါဆိုရင်တော့ သင်ကိုယ်တိုင်ရော သင့်မိသားစုကပါ အနံ့အရသာပြည့်စုံတဲ့ဟင်းတွေကိုစားရင်း အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကိုရနေပါတယ်နော်။ ငရုတ်ကောင်းနဲ့နနွင်းအတွဲအစပ်ကပေးတဲ့ ကျန်းမာရေး ဒီဟင်းခတ်အမွှေးအကြိုင်နှစ်မျိုးက တစ်မျိုးချင်းအလိုက်လည်း ကျန်းမာရေး အာနိသင်တွေပေးသလို နှစ်မျိုးတွဲစပ်လိုက်တဲ့အခါမှာလည်း တစ်ခုနဲ့တစ်ခုဖေးမပေးရင်း ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါသတဲ့။ ဒီအတွဲအစပ်ကပေးတဲ့ ကျန်းမာရေးတွေကဘာများလဲ သိချင်ရင် တူတူဆက်ကြည့်လိုက်ရအောင်နော်။ နာကျင်မှုကိုသက်သာစေနိုင်ပါတယ် နနွင်းက ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေတဲ့ အာနိသင်ရှိတာကြောင့် ဟိုးအရင်ကတည်းက ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေဖို့ အသုံးပြုခဲ့ကြပါတယ်။ အနာကျက်စေဖို့ ရောဂါတွေအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့နဲ့ နာကျင်မှုတွေကို သက်သာစေဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။ အဆစ်ရောင်ရောဂါရှိသူတွေအတွက်လည်း အိမ်းတွင်းဆေးတစ်လက်ပေါ့။ ဒီလိုအာနိသင်များတဲ့ နနွင်းကို ငရုတ်ကောင်းနဲ့တွဲဖက်လိုက်တဲ့အခါ နာတာရှည်နာကျင်မှုတွေကိုပါ သက်သာအောင်လုပ်ဆောင်ပေးပါတော့တယ်။ ငရုတ်ကောင်းမှာပါတဲ့ Piperine ကနာကျင်မှုကိုသက်သာစေပြီး အာရုံ​ကြောနာကျင်မှုတွေကိုရော ခန္ဓာကိုယ်ကြွက်သားနဲ့အရိုးတွေမှာဖြစ်နေတဲ့ နာကျင်မှုတွေကိုပါ သိသိသာသာသက်သာစေပါတော့တယ်။ အဝလွန်တာကို သက်သာစေနိုင်တယ် ကိုယ်အလေးချိန်များနေလို့ ဝိတ်ချချင်နေပြီလား။ ဒါဆိုရင်တော့ […]


သဘာဝဆေးဖက်ဝင်

ဇီယာရွက် ကပေးတဲ့ ကျန်းမာရေး

ချောင်းတွေဆိုးနေတယ်။ လည်ချောင်းတွေနာတယ်၊ နှာခေါင်းတွေပိတ်တယ်။ နေရခက်ပေမယ့် ဆေးတော့မသောက်ချင်ဘူး၊ ဆိုတဲ့ helloဆရာဝန်ရဲ့ ပရိသတ်ကြီးတွေများရှိလား။ ဒါဆိုရင်တော့ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ နဲ့ နှာခေါင်းပိတ်တာတွေကို သက်သာစေနိုင်မယ့် သဘာဝကပေးတဲ့ ဆေးတစ်မျိုးအကြောင်း ပြောပြပေးပါရစေလား။ ဒါကတော့ ဇီယာရွက် ပါ။ ဇီယာရွက် (သို့မဟုတ်) ဆေးသောက်စရာမလိုဘဲ ချောင်းဆိုးပျောက်စေမယ့် သဘာဝဆေးနည်း  ငယ်ငယ်က ဖိုးဖိုးဖွားဖွားတွေ တိုက်လို့ သောက်မိကောင်း သောက်မိဖူးပါလိမ့်မယ်။ တကယ်လည်းဆေးဖက်ဝင်သလို ချောင်းဆိုးတာကိုလည်း သိသိသာသာ သက်သာစေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ် အအေးမိတာကြောင့် လည်ချောင်းနာနေမယ်။ နှာစေးနှာပိတ်ဖြစ်နေမယ်၊ ချောင်းဆိုးနေမယ်ဆိုရင်တော့ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ဝါးစားပေးပါ။ ဒါမှမဟုတ် ရေနွေးဆူဆူထဲကို ထည့်ပြီးသောက်ပေးပါ။ ချွဲတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းတလျှောက်မှာ ဘက်တီးရီးယားတွေရှိနေရင်လည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။ အဖျားသက်သာစေနိုင်တယ် အအေးမိဖျားနာခံစားရတဲ့အခါမှာလည်း အဖျားသက်သာစေဖို့ ဇီယာရွက်ကို စားသုံးပေးလို့ရပါတယ်။ ဇီယာရွက်က  ကိုယ်ခံအားကောင်းစေနိုင်သလို […]


သဘာဝဆေးဖက်ဝင်

အသားအရေအတွက် တရုတ်နံနံရဲ့ အသုံးဝင်ပုံ

တရုတ်နံနံလို့ပြောလိုက်ရင် ဟင်းချိုနဲ့ အစိမ်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်တွေထဲမှာ ထည့်စားတဲ့အခါ အနံ့အရသာပြည့်စုံစေတဲ့ အရွက်လို့ ပြေးမြင်မယ်ထင်ပါတယ်နော်။ ဒီအရွက်လေးက ဟင်းတွေကိုတင် အရသာတိုးစေတာမဟုတ်ပါဘူး။ အသားအရေအတွက်လည်း အသုံးဝင်ပါသေးတယ်။ တရုတ်နံနံကပေးတဲ့ အသားအရေလှပမှု တရုတ်နံနံက ဟင်းခတ်အမွှေးအကြိုင်ဆိုတာထက်ပိုပါတယ်။ အသားအရေအတွက် အခုလိုမျိုး အကျိုးကျေးဇူးတွေ ပေးပါသေးတယ်။ နုပျိုစေတယ် တရုတ်နံနံမှာ အသားအရေအတွက် အရေးပါတဲ့ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အသားအရေထိခိုက်မှုမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အရေပြားကို တင်းရင်းစေပြီးနာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အရေပြားကင်ဆာ မဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။ တရုတ်နံနံ နုနုလေး ၂ ပင် ၃ ပင်လောက်ကို နုတ်နုတ်စဉ်းပါ။ ရှားစောင်းလက်ပပ် အနှစ်သား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ အုန်းနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆန်မှုန့် […]


သဘာဝဆေးဖက်ဝင်

ဟိုအရွက် သည်အရွက် ပြုတ်သောက်ကြတဲ့အခါ

ကိုယ်တွေ အလုပ်သင်ဆရာဝန်ဘဝ ward ထဲ လူနာနည်းတဲ့ နေ့မျိုးဆို ရက်ရှည်ဆေးရုံတက်သော လူနာတွေဆီ သွားသွားစကားပြောလေ့ရှိသည်။ ဟိုဘက်ကုတင် သည်ဘက်ကုတင် လူနာစောင့်တွေနဲ့ ပေါင်းပြီး လက်ဖက်သုပ်စား...သူတို့ပြောတာတွေလည်း နားထောင်ပေါ့လေ။ တစ်ခါတစ်မျိုး မရိုးရအောင် နည်းလမ်း အသစ်အဆန်းတွေလည်းကြားရပါရဲ့။ သူတို့ကတော့ ကိုယ့်ပါ ဗဟုသုတရပါစေဆိုပြီး အာပေါင်အာရင်းသန်သန်နဲ့ မျှဝေတာပေါ့။ ဆီးကျိတ်ရောဂါသည်ကို သံမနိုင်ကျောက်မနိုင် ပြုတ်တိုက်တဲ့သူနဲ့ ( ဆီးကျိတ်က ကျောက်ကပ်နဲ့ ဘာမှမဆိုင်တာလည်း သိပုံမရ) ၊ ဆီးချိုသမားကို ကြက်ဟင်းခါးစေ့ဝါးခိုင်းတဲ့သူနဲ့။ ကိုယ့်မှာတော့ လက်ဖက်သုပ်နှိုက်လျက် ဇွန်းတန်းလန်းနဲ့ မျက်လုံးတွေလည်းပြူး ...စိတ်ထဲလည်း ထိတ်ကနဲ ထိတ်ကနဲပါပဲ။ ဒါနဲ့ သူတို့ အမြင်ရှင်းသွားပြီး နားလည်လက်ခံနိုင်မယ့် နည်းလမ်းလေးကို စဉ်းစားပြီး ဝင်ပြောကြည့်သည်။ “တိုင်းရင်းဆေးတွေက စစ်မှန်ရင် တကယ်စွမ်းတယ်နော်။ အနောက်တိုင်းဆေးပညာ မပေါ်ခင်ကတည်းက အတည်တကျအခိုင်အမာရှိခဲ့တာပဲ” “ ဟုတ်တယ်ဆို […]


တိုင်းရင်းဆေးဝါးများ

ခြေဖဝါး၊လက်ဖဝါး အကြောလျှော့အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား

ရုံးဆင်းပြီဆိုရင် Foot Reflexology ဆိုင်တွေကို ပြေးတတ်ကြတယ်နော်။ ဒီနေရာတွေက တစ်နေ့ကုန် ဖိစီးတောင့်တင်းနေတဲ့ အကြောအခြင်တွေကို နာရီပိုင်းလေးအတွင်းမှာ ပြေလျော့သက်သာစေမယ့် အနားယူစရာလေးတွေ ဖြစ်လာပါတယ်။ အလုပ်မှာပင်ပန်းသမျှ စိတ်ဖိစီးမှုတွေကိုပါ ပြေလျော့ သက်သာစေနိုင်ပါတယ်တဲ့။ ခြေဖဝါး၊ လက်ဖဝါးတို့အပြင် ခန္ဓာကိုယ်ရဲ့အကြောတောင့်တင်းနိုင်တဲ့ဧရိယာတွေကို ဖြေလျှော့နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုဟာ အတော်လေးခေတ်စားလာခဲ့ပြီမို့ အကြောပြေအနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားသုံးနှိပ်နယ်တာမဟုတ်ဘဲ အကြောအခြင်အဓိကပွိုင့်လေးတွေကိုပဲ အသာအယာနှိပ်နယ်နှိုးဆွပေးတဲ့နည်းကို ဆိုလိုတာပါနော်။ (၁) အာရုံကြောလုပ်ဆောင်မှုကို ပိုကောင်းစေတယ် အသက်ကြီးလာတာနဲ့အမျှ ကျွန်မတို့ခန္ဓာကိုယ်မှာရှိတဲ့အာရုံကြောစွန်းတွေ(ခြေဖျား၊လက်ဖျားတို့လို အစွန်အဖျားအစိတ်အပိုင်းတွေ)က ထိတွေ့အာရုံခံနိုင်စွမ်း အားနည်းလာပါတယ်။ Reflexology တစ်ကြိမ်လောက်နဲ့ အာရုံကြောအစွန်းပေါင်း ၇၀၀၀ ကျော်ကို နှိုးဆွပေးနိုင်တယ်၊ လုပ်ဆောင်ချက်နဲ့ ပြန်လည်တုံ့ပြန်နိုင်စွမ်းပိုကောင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။ (၂) အားပိုဖြစ်စေတယ် ကိုယ်တွင်းအစိတ်အပိုင်းတွေနဲ့ ကြွက်သားစနစ်လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးတဲ့ reflexology က ကိုယ်တွင်းဇီဝဖြစ်စဉ်တွေနဲ့ ခွန်အားဖြစ်ပေါ်မှုတွေကို တိုးမြှင့်ပေးနိုင်ပါတယ်။ (၃) အိပ်ပျော်စေတယ် အိပ်ရာမဝင်ခင်အချိန်က ခြေထောက်ကိုနှိပ်နယ်ဖို့ အကောင်းဆုံးပါပဲ။ […]


သဘာဝဆေးဖက်ဝင်

လာဗင်ဒါ ပန်းလှလှလေးတွေက ပေးတဲ့ကျန်းမာရေး

လာဗင်ဒါ လို့ပြောလိုက်ရင် ခရမ်းရောင် ပန်းခင်းလှလှလေးတွေကို ပြေးမြင်မိမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ လာဗင်ဒါပန်းခင်းလှလှလေးက ဓာတ်ပုံတွဲရိုက်ရင် အလှတိုးစေသလို မျက်လုံးကိုလည်းပသာဒရစေပါတယ်။ အလှကုန်တွေမှာရော မွှေးပျံ့စေဖို့အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေမှာလည်း လာဗင်ဒါဆီကိုအသုံးပြုလေ့ရှိကြပါတယ်။ လာဗင်ဒါဆိုတာက    လာဗင်ဒါ ဆိုတာက မြေထဲပင်လယ်နဲ့အိန္ဒိယမျိုးရင်းအပင်တွေပါ။ စိုက်ပျိုးရလွယ်ကူတဲ့အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ ကျော်လောက်ကတည်းကပေါက်ရောက်ခဲ့တာပါ။ အာရှဒေသတော်တော်များများမှာ ရှေးယခင်ကာလကတည်းက အနာကျက်စေဖို့အတွက် အသုံးပြုခဲ့ပါတယ်။ လာဗင်ဒါ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကဘာတွေများဖြစ်မလဲ….. ခရမ်းရောင်သန်းတဲ့ လာဗင်ဒါပန်းက အခုလိုအကျိုးကျေးဇူးတွေပေးစွမ်းပါတယ်။ စိတ်ဖိစီးတာ၊ စိတ်ပူပန်တာတွေကို သက်သာစေနိုင်ပါတယ် လေ့လာမှုတစ်ရပ်အရ လာဗင်ဒါ အဆီက စိုးရိမ်မှုကိုဖြစ်စေတဲ့ ကော်တီစောဟော်မုန်းကို ကျဆင်းစေနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေသက်သာစေဖို့အတွက် လာဗင်ဒါအဆီကို အသုံးပြုလို့ရပါတယ်။ စိတ်ဓာတ်ကျနေသူတွေအတွက်လည်း တော်တော်လေးအသုံးတည့်ပါတယ်။ အမျိုးသမီးတွေမှာ ကလေးမွေးပြီးဖြစ်တဲ့ စိတ်ကျရောဂါ နဲ့ သွေးဆုံးချိန်မှာဖြစ်တဲ့ စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါတယ်။ ဆီးချိုသက်သာစေနိုင်တယ် ၁၅ ရက်ကြာလုပ်ခဲ့တဲ့ လေ့လာမှုရလဒ်အရ လာဗင်ဒါဆီက သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတာအပါအဝင် ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို […]


သဘာဝဆေးဖက်ဝင်

ပျဉ်းမရွက် ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်

ပျဉ်းမရွက် က corosolic acid၊ lagerstroemia နဲ့ gallotannins တို့ကိုရရှိနိုင်တဲ့ အရင်းအမြစ်တစ်ခုပါ။ Corosolic acid ကသွေးတွင်းသကြားဓာတ်ကိုလျော့ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး၊ ပျဉ်းမရွက်ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရရှိနိုင်ပါသေးတယ်။ ပျဉ်းမရွက် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ........... ပျဉ်းမပင်က အရိပ်အာဝါသတင်ပေးတာမဟုတ်ပါဘူး။ ဒီလိုအကျိုးကျေးဇူးတွေပေးပါသေးတယ်။ ဆီးချိုကျစေနိုင်တယ် ပျဉ်းမရွက်က ဆဲလ်တွေရဲ့ သွေးတွင်းအချိုဓာတ်တုံ့ပြန်နိုင်စွမ်းကို တိုးစေနိုင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေအောင် အထောက်အကူပြုပေးပါတယ်။ ပျဉ်းမရွက်က သွေးတွင်းအချိုဓာတ်ထုတ်လုပ်မှုကို ၃၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပြီး ဂလူးကို့စ် သိုလှောင်ထားတဲ့ မော်လီကျူးတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း လျော့ကျအောင်လုပ်ဆောင်ပေးပါသေးတယ်။ ကိုယ်အလေးချိန်ကျစေနိုင်တယ် ဆီးချိုရောဂါကြောင့် အရမ်းဝလာတာမျိုးမဖြစ်အောင်လည်း ပျဉ်းမရွက်လုပ်ဆောင်ပေးပါသေးတယ်။ ဆီးချိုဆေးအများစုက သွေးတွင်း သကြားဓာတ်ကိုကျဆင်းစေနိုင်ပေမယ့် အဆီဓာတ်ကိုတော့ ကျဆင်းစေနိုင်ခြင်းမရှိပါဘူး။ ပျဉ်းမရွက်ကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထိန်းသိမ်း ပေးပြီး အစားစားချင်စိတ်သိပ်မဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ အဆီဆဲလ်တွေဖြစ်ပေါ်မှုကို လျော့ကျစေပြီး သွေးတွင်းကိုလက်စထရောပမာဏ […]


သဘာဝဆေးဖက်ဝင်

ပဒဲကောက ရနံ့မွှေးရုံတင်မဟုတ် ကျန်းမာရေးပါ အကျိုးထူးပေးပါတယ်

မုန့်တီလေးချက်ချက်၊ တုန်ယမ်းဟင်းချိုလေးချက်ချက်၊ ချဉ်စပ်ဟင်းချိုလေးချက်ချက် အနံ့မွှေးအောင်ဆိုပြီး ထည့်လေ့ရှိကြတဲ့ ရနံ့မွှေးပြီး ခံတွင်းရှင်းစေတဲ့ ပဒဲကောက ခန္ဓာကိုယ်အတွက် ဘယ်လောက်ထိ အထောက်အကူပြုလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။ ပဒဲကောဆိုတာ ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ ချင်း(ဂျင်း) လိုမျိုး အတောင့်လေးဖြစ်ပြီး အပေါ်ခွံက ခပ်ဖြူဖြူလေးပါ။ ဟင်းချက်တဲ့အခါ ထုထောင်းပြီးထည့်လို့ရသလို ခပ်ပါးပါးလှီးပြီးထည့်လို့လည်းရပါတယ်။ ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေလဲ…….. ပဒဲကောမှာ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် ပရိုတင်း အဆီ ဗီတာမင် C တို့ပါဝင်နေပါတယ်။ ပဒဲကောကပေးတဲ့ ကျန်းမာရေးအာနိသင် ပဒဲကောကို စားသုံးပေးတာက အဆစ်နာတာကို သက်သာစေနိုင်တယ် ပဒဲကောက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် နာကျင်ရောင်ရမ်းမှုကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာ၊ အဆစ်နာရောဂါနဲ့ လေးဖက်နာရောဂါတွေကြောင့် အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့အတွက် ပဒဲကောကို စားသုံးပေးလို့ရပါတယ်။ သွေးစီးဆင်းမှုကို ကောင်းစေတယ် ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးစီးဆင်းမှုကို ကောင်းစေသလို အရေပြားတစ်ရှုးတွေကိုလည်း အားဖြည့်ပေးပါတယ်။ […]


သဘာဝဆေးဖက်ဝင်

ဟင်းခတ် ငရုတ်ကောင်း ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ခု

ငရုတ်ကောင်း နံ့မွှေးမွှေးလေးနဲ့ဆို ဟင်းခါးလေးဖြစ်ဖြစ်၊ မုန့်ဟင်းခါးလေးဖြစ်ဖြစ် အတော်ခံတွင်းမြိန်ကြတယ်မလား။ အရှေ့တိုင်းထမင်းဝိုင်းမှာ ပါလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်ဖြစ်သလို အနောက်တိုင်းအစားအစာ၊ ဥရောပအစားအစာတွေမှာလည်း ငရုတ်ကောင်းလေးဖြူးထားတာ တွေ့ရများပါတယ်။ ဟင်းခတ် ငရုတ်ကောင်း ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ခု သည်လို အစားတလိုင်းတွေရဲ့မိတ်ဆွေကြီး ငရုတ်ကောင်းက ခံတွင်းမြိန်စေတယ်၊ အခိုးပွင့်စေတယ်ဆိုတာအပြင် အသားအရေအတွက်အပါအဝင် တခြားကျန်းမာရေး အကျိုးကျေးဇူးတွေရှိနေသေးတယ်ဆိုတာကို သင်သိပါသလား။ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင် - (၁) စိတ်ကျခြင်းကို သက်သာစေခြင်း ငရုတ်ကောင်း မှာပါတဲ့ piperine ဆိုတဲ့ဒြပ်ပေါင်းက စိတ်ကျဝေဒနာခံစားနေရတဲ့သူတွေအတွက် အရမ်းကိုအကျိုးပြုပါတယ်တဲ့။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပြီး မှတ်ဉာဏ်လည်းကောင်းစေပါတယ်။ သုတေသနတွေအရ ငရုတ်ကောင်းနည်းနည်းကို ပုံမှန်စားပေးရင် စိတ်ကျရောဂါသက်သာစေပြီး ဦးနှောက်စွမ်းရည်ကို သိသိသာသာတိုးတက်စေတယ်လို့ဆိုပါတယ်။ (၂) အစာခြေစနစ်ကိုကောင်းစေခြင်း အစာခြေတဲ့စနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ hydrochloric acid ဆိုတဲ့အက်စစ်ဓာတ်ကို ခန္ဓာကိုယ်ကထုတ်ပေးပါတယ်။ ငရုတ်ကောင်းက အဲဒီအက်စစ်ဓာတ်ထွက်ရှိမှုကိုအားပေးပြီး အစာချေဖျက်မှုပိုကောင်းစေပါတယ်။ လေလည်စေပြီး ချွေးထွက်ခြင်းနဲ့ဆီးသွားခြင်းကို နှိုးဆွပေးနိုင်စွမ်းရှိလို့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုကင်းစင်စေပါတယ်။ (၃) အာဟာရစုပ်ယူမှုအားကောင်းစေခြင်း ငရုတ်ကောင်းလေးထည့်စားရင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း