သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝင်ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကားမူးတာကို သက်သာစေမယ့် အိတ်ဆောင်ဆေးနည်းလေးများ

ခရီးဝေးဝေးသွားဖို့ဆို တော်တော်စဉ်းစားရတယ်။ ကားနဲ့လည်း မသွားရဲဘူး၊ လေယာဉ်လည်းမစီးဘူး၊ ရေလမ်းခရီးဆိုဝေလာဝေး၊ ရထားလည်း မဖြစ်။ ဘာကိုကြောက်နေရလဲဆိုတော့ ကားမူး၊လှေမူး၊ လေယာဉ်မူးတဲ့ အမူးရောဂါကိုပေါ့။ မအီမသာ ခံစားရခက်တဲ့ ဒီဝေဒနာကို ရှောင်နေရတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ဘယ်မှမသွားဘဲ မနေနိုင်တော့လည်း ကုစားနိုင်မယ့်နည်းလမ်းတွေရှာရင်း သည်းခံသွားလာရတာပါပဲ။ သွားရင်းလာရင်း တဝေါ့ဝေ့ါ့နဲ့ ထိုးအန်ရတာတွေ၊ ခေါင်းမထူနိုင်အောင် ကိုက်ခဲနေတာတွေက ကိုယ့်အတွက်ရော၊ ဘေးလူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ဒီလိုဖြစ်တတ်တဲ့သူတွေ ခရီးသွားတဲ့အခါ ကားမူးဝေဒနာကို သက်သာလျော့ပါးစေဖို့ အထောက်အကူဖြစ်မယ့် ဆေးဖက်ဝင်ပစ္စည်းလေးတွေကို ပြောပြမယ်နော်။   ချင်း(ဂျင်း) ချင်းက ကားမူးဝေဒနာကို သက်သာစေတဲ့အာနိသင်ရှိပါတယ်။ ချင်းလက်ဖက်ရည်ကို ထည့်လာပြီး လမ်းမှာသောက်လည်းရတယ်၊ ပါးပါးလှီးထားတာလေး ဒီတိုင်းဝါးစားလည်းရတယ်၊ နောက်ဆုံး မရှိရင် ချင်းများများပါတဲ့ မက်မန်းပေါင်းလို အချဉ်ပေါင်းထဲကလည်း ယူစားလို့ရပါတယ်။ မစားချင်ဘူးဆိုရင် ချင်းနည်းနည်းကိုတစ်ရှူးလေးနဲ့ပတ်ပြီး အနံ့ရှူလိုက်ပါ။   သံပရာသီး အားလုံးသိပြီးသားဖြစ်ပေမယ့် အမြဲအသုံးဝင်တဲ့သံပရာသီးပါ။ ခရီးသွားရင် သံပရာသီးဆောင်သွားကြတာ မြင်ဖူးမှာပါ။ အလုံးလိုက်ကို […]


သဘာဝဆေးဖက်ဝင်

သင်ထင်မထားတဲ့ ငှက်ပျောရွက် ရဲ့အကျိုးအာနိသင်

ငှက်ပျောရွက် က စားစရာတစ်ခုမဟုတ်သလို ဆေးဖက်ဝင်မယ်လို့လည်း ဘယ်သူမှထင်ထားလောက်မှာမဟုတ်ပါဘူး။ ထုပ်ပိုးမှုအတွက် သုံးတာကလွဲလို့ ငှက်ပျောရွက်ကို စားဖို့ ဒါမှမဟုတ် ဆေးဖက်ဝင်တဲ့အရာတစ်ခုအနေနဲ့ အသုံးပြုလို့ရမယ်ရယ်လို့ ထင်မထားဘူးဟုတ်။ ဒီတော့ သင်ထင်မထားတဲ့ ငှက်ပျောရွက်က ဘယ်လိုအကျိုးကျေးဇူးတွေများရှိလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ သင်ထင်မထားတဲ့ ငှက်ပျောရွက် ရဲ့အကျိုးအာနိသင် ငှက်ပျောရွက် က အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။ ချောင်းဆိုးရင်ကြပ် ငှက်ပျောရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရင်ကြပ်ချောင်းဆိုးသက်သာစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ လေ့လာမှုတွေအရ ငှက်ပျောရွက်ဟာ ကိုယ်ခံအားကိုတိုးစေနိုင်သလို၊ ချေင်းဆိုးသက်သာစေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ အအေးမိဖျားနာတာကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိပါတယ်။ ချွဲတွေကိုပျော်စေနိုင်ပြီး လည်ချောင်း ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အရည်ညှစ်ပြီး ရေနဲ့ရောလို့ ၁၀ မိနစ်လောက်ကျိုးပေးပါ။ […]


သဘာဝဆေးဖက်ဝင်

ဆေးဖက်ဝင်တဲ့ ဆေးခြောက်စေ့

ဆေးခြောက်ပင်က ကျန်းမာရေးအတွက် ဆေးဝါးအနေနဲ့ အသုံးပြုလို့ရတယ်ဆိုတာကို သိထားပြီးဖြစ်မှာပါ။ ဆေးခြောက်ရွက်ကတင် ဆေးဖက်ဝင်တာမဟုတ်ပါဘူး။ ဆေးခြောက်စေ့ ကလည်း ဆေးဖက်ဝင်ပါတယ်။ ဆေးခြောက်စေ့ ရဲ့ ကျန်းမာရေးအာနိသင် ဆေးခြောက်စေ့ မှာ အပင်ကနေရတဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ ဆေးခြောက်စေ့မှာ အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်တွေပါ ပါဝင်နေပါတယ်။ ဒါ့အပြင် နာကျင်မှု ကိုသက်သာစေနိုင်တဲ့ gamma-linolenic acid (GLA) လည်းပါဝင်နေပါတယ်။ ဆေးခြောက်စေ့မှာပါတဲ့ အမိုင်နိုအက်ဆစ်က နှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်သလို နှလုံးသွေးကြောတွေတောင့်တင်းတာကြောင့် ရုတ်တရက်နှလုံးရပ်တာမျိုးတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ဆေးခြောက်စေ့က အရေပြားပြဿနာတွေနဲ့ နာကျင်ရောင်ရမ်းမှုတွေကိုပါ သက်သာစေနိုင်ပါသေးတယ်။ ပရိုတင်းကြွယ်ဝတယ် သက်သတ်လွတ်စားသုံးသူတွေအတွက် ပရိုတင်းကြွယ်ဝစွာထောက်ပံ့ပေးနိုင်ပါတယ်။ ဆေးခြောက်စေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ကနေ ၃ ဇွန်းစာလောက်မှာ ပရိုတင်းက ၁၁ ဂရမ်အထိပါဝင်နေတာပါ။ ဒီပမာဏက အမဲသား၊ သိုးသား ၁.၂ […]


သဘာဝဆေးဖက်ဝင်

ဝါစေ့ဆီရဲ့ ကျန်းမာရေးအာနိသင်

ဝါဂွမ်းနုနုလေးတွေကသာ အသားအရေကို နူးညံ့မှုပေးနိုင်တာမဟုတ်ပါဘူး ဝါစေ့ဆီကလည်း အသားအရေကို နူးညံ့မှုပေးနိုင်သလို ခန္ဓာကိုယ်ကို အကျိုးပြုတာတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်တော့ ဝါစေ့ဆီလေးက ဘယ်လိုအကျိုးအာနိသင်တွေရှိနေလဲဆိုတာကို ပြောပြပေးမယ်နော်။ ဝါစေ့ဆီရဲ့ လူသိများတဲ့ အကျိုးအာနိသင်တွေက ဘာတွေများလဲ....... ဝါစေ့ဆီမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးများတာကတော့ အမှန်ပါ။ ဗီတာမင် E ကြွယ်ဝမှုကလည်း ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်တဲ့ free-radicals တွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်ပါတယ်။ ဝါစေ့ဆီက အရေပြားအတွက်တင်အသုံးဝင်တာမဟုတ်ပါဘူး ကိုလက်စထရောပါဝင်မှုနည်းတဲ့ စားသုံးလို့ရတဲ့ ဆီတစ်မျိုးဆိုလည်း ဟုတ်ပါတယ်။ သွေးတွင်းကိုလက်စထရောကျချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ အနာကျက်စေနိုင်ပါတယ် ထိခိုက်ဒဏ်ရာရတဲ့အခါ အနာပေါ်ကို ဝါစေ့ဆီလေးလူးပေးလိုက်ပါ။ ဗီတာမင် E ပါဝင်နေတာကြောင့် အနာကျက်မြန်စေနိုင်သလို အနာကို ပိုးမဝင်အောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ အရေပြားဆဲလ်တွေကို ကျန်းမာစေပြီး အသားအရေကို ကျန်းမာစေနိုင်မှာ အသေအချာပါ။ ထိခိုက်ဒဏ်ရာတွေအတွက် နေ့စဉ်သုံးပေးလို့ရပါတယ်။ သန့်စင်အောင်ဆေးကြောထားတဲ့ အနာပေါ်မှာ ဝါစေ့ဆီလေးလိမ်းပေးရုံပါ။ ဝါစေ့ဆီမှာပါတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခဝဲသီး ချိုချိုလေးက ပေးတဲ့ကျန်းမာရေးအကျိုးကျေးဇူး

အရည်သောက်လေးချက်ချက်၊ ပုစွန်လေးနဲ့နှပ်နှပ် စားရတာအရသာရှိပြီး ကလေးကနေစလို့ လူကြီးထိကြိုက်တဲ့ အရသာချိုချိုလေးရှိတဲ့ ခဝဲသီး လေးကို helloဆရာဝန် ပရိသတ်ကြီးရော ကြိုက်လား။ ကြိုက်တယ်ဆိုရင်တော့ ဘယ်လိုအကျိုးထူးလေးတွေရနိုင်လဲဆိုတာကို ဒီဆောင်းပါးကို ဖတ်ကြည့်နော်။ ခဝဲသီး ဆိုတာ အစိမ်းရောင်အခွံလေးရှိပြီး စောင်းလေးတွေပါတဲ့ အသီးတစ်မျိုးပါ။ အခွံကိုနွှာလိုက်တဲ့အခါ အတွင်းက အဖြူရောင်အသားခပ်ပွပွလေးကို ပါးပါးလေးလှီးလို့ ပုစွန်စိမ်း၊ ပုစွန်ခြောက်တို့နဲ့ အရည်သောက်လေးချက်စားလို့ရပါတယ်။ အရသာက ခပ်ချိုချိုလေးရှိပြီး စားရတာတော်တော်လေး အရသာရှိတာပါ။ အရန်ဟင်းအဖြစ်စားလို့ရပါတယ်။ ခဝဲသီး မှာပါတဲ့ အာဟာရဓါတ်တွေ စားလို့ကောင်းတဲ့ ခဝဲသီးမှာ ဒီဓါတ်လေးတွေပါတယ်နော်။ ကယ်လ်လိုရီ ဖောလိတ် ကယ်လ်ရိုတင်း လူတင် ဗီတာမင် A ဗီတာမင် B ဗီတာမင် C ကယ်လ်ဆီယမ် ဇင့် ပိုတက်ဆီယမ် မဂ္ဂနိ မဂ္ဂနီဆီယမ် သံဓါတ် အမျှင်ဓါတ် ရေဓါတ်တို့ ပါဝင်နေပါတယ်။ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်လဲ................. ကယ်လ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင် နဲ့ […]


သဘာဝဆေးဖက်ဝင်

ပရန္နဝါရွက် ရဲ့ ဆေးဖက်ဝင်ပုံက

ဒီ ပရန္နဝါရွက် လေးတွေ ထွက်တဲ့ ပရန္နဝါဆိုတဲ့ အပင်ကို မတွေ့ဖူးကြပေမယ့် ငယ်ငယ်ကရွတ်ခဲ့ဖူးတဲ့ ချိုပေစွဟင်းချိုကဗျာလေးကြောင့် ရင်းနှီးနေမှာတော့ အသေအချာပါပဲနော်။ ငယ်ငယ်ကကျောင်းတက်ရင်း " အိမ်ကိုပြန်လျှင်၊ အကျွန် ကျွပ်နုပ် ယုန်တစ်တုတ်ကို၊ ခွာဆုတ်ရေလှန် ကျပ်ခိုးခံလို့၊ ပရန္နဝါ ရွက်နုညှာကို၊ ဝါးပြာထည့်ကျို အိုးနားတိုနှင့်၊ ခပ်ချိုညစ်တေ ဆောင့်ကြောင့်ထိုင်၊မွှေလိုက်တယ် ချိုပေစွဟင်းချိုကို စလောင်းတို အခြေပဲ့နှင့် အာခေါင်မှာ၊ ပူအောင်ထည့်လို့ မျိုလှည့်ကွဲ့လေး။" ဆိုတဲ့ စာပိုဒ်လေးကိုရွတ်ရင်း ရင်းနှီးခဲ့ဖူးမယ်ထင်ပါတယ်။ အခုတစ်ခေါက်တော့ ငယ်ငယ်ကတည်းကပါးစပ်မှာ တတွတ်တွတ်ရွတ်ရင်း ရင်းနှီးခဲ့မယ့် ပရန္နဝါရွက်လေးအကြောင်းကို Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးမယ်နော်။ ပရန္နဝါရွက် ဆိုတာက ပရန္နဝါဆိုတာကမြေလျှောက်အပင်ငယ်လေးတစ်မျိုးဖြစ်ပြီး အရိုးတံကကြွပ်ဆတ်ဆတ်နဲ့ အရွက်ဝိုင်းဝိုင်းလေးတွေရှိတဲ့ အပင်ငယ်လေးတစ်ပင်ပါ။ ပရန္နဝါပင်လေးတွေက အဖြူ၊အပြာ၊အနီဆိုပြီး အမျိုးမျိုးကွဲပြားကြပေမယ့် ဒီကဗျာလေးထဲကပရန္နဝါကတော့ ပန်းရောင်အပွင့်လေးတွေပွင့်တတ်ပြီး စားလို့ရသလိုဆေးဖက်လည်းဝင်ပါတဲ့ ပရန္နဝါပင်လေးကိုပြောထားတာပါ။ မိုးစရွာလာတဲ့အခါမျိုးမျာ လယ်ကွင်းတွေ ကွင်းပြင်တွေမှာပေါက်ရောက်လာတတ်ကြပြီး အများစုကတော့သေးငယ်လွန်းတဲ့မြေလျှောက်ပင်လေးဖြစ်တဲ့ ပရန္နဝါပင်လေးကိုပေါင်းပင်လေးတွေနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကီဝီသီးကို စားပေးသင့်တဲ့ အကြောင်းရင်း(၆)ခု

ကီဝီသီး လေးတွေကို မကြာခဏစားဖြစ်လား။ ဖျော်သောက်ရင်လည်း အနံ့လေးက လူကိုလန်းဆန်းစေပြီး ချိုချဉ်အရသာနဲ့ ခံတွင်းရှင်းစေပါတယ်။ ကယ်လိုရီနည်းပြီး ဗီတာမင် C ၊ ဗီတာမင် E နဲ့ K တို့အပြင် ပိုတက်စီယမ် နဲ့ဖောလိတ်ဓါတ်တွေအပါအဝင် အရေးပါတဲ့အာဟာရဓါတ်တွေကြွယ်ဝတာက သူ့ရဲ့အားသာချက်ပါ။ အမျှင်ဓါတ်ပါဝင်မှုလည်းမနည်းသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝတဲ့အတွက် အစာခြေစနစ်အတွက်ကောင်းတယ်၊ နှလုံးအတွက်အကျိုးပြုတယ်။ ဒီလိုကောင်းတဲ့အသီးအနှံလေးတွေကို အခုဆို စူပါမားကတ်တွေမှာ လွယ်လွယ်ကူကူ ရာသီမရွေးရနိုင်နေပြီဆိုတော့ ကျန်းမာရေးအတွက်ဖြည့်စွက်စားသုံးဖို့ မခက်တော့ပါဘူးနော်။ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်မှုပုံစံမှာက အသား၊ အသီးအရွက်နဲ့ သီးနှံလေးတွေပါရမယ်ဆိုတာ အခြေခံအချက်ပဲမဟုတ်လား။ ကီဝီသီးက ဘာများကောင်းလို့လဲ ဘာတွေကောင်းလဲသိချင်ရင် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၆) ခုကိုအောက်မှာဆက်ပြီးဖတ်ကြည့်လိုက်နော် - (၁) ကိုယ်ခံအားကောင်းစေတယ် ကီဝီသီးက အရွယ်အစားသာသေးတာ၊ ကီဝီတစ်လုံးဆို အနေတော်လိမ္မော်သီးတစ်လုံးလောက်နီးနီး ဗီတာမင် C ပါဝင်ပါတယ်။ ဒီပမာဏဟာ အရွယ်ရောက်ပြီးအမျိုးသမီးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ပမာဏလောက်ရှိပါတယ်။ဗီတာမင် C က […]


သဘာဝဆေးဖက်ဝင်

အမြဲလွှင့်ပစ်ကြတဲ့ ဖရဲသီးအခွံရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး

အများစုက  ဖရဲသီးရဲ့ အရည်ရွှမ်းပြီး ချိုမြတဲ့အသားကိုပဲ စားကြပါတယ်။ ဒါပေမဲ့ ဖရဲသီးရဲ့အခွံကိုလည်း စားလို့ရပါတယ်တဲ့။ ဖရဲသီးအခွံက သင့်ခန္ဓာကိုယ်ကို  ဘက်ပေါင်းစုံက အကျိုးပြုနေလို့ပါပဲ။ ဖရဲသီးအခွံမှာ ဘာတွေပါလို့လဲ ဖရဲသီး အသားမှာလိုပဲ အခွံမှာ ရေ ဓာတ် အပြည့်အဝ ပါဝင်ပါတယ်။ သည် လိုရေဓါတ် ပါဝင်လို့လည်း ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်စွမ်းကို ပိုကောင်းစေတာပါ။ ဒါ့အပြင် ရေဓါတ်အလုံအလောက်ရရှိ မှုကြောင့် သွေးတိုးကိုလည်းကျစေဖို့ အထောက်ကူပေးပါတယ်။ ဖရဲခွံသားက ဗီတာမင်C ၊ B6  နဲ့   A တို့ ပြည့်ဝစွာပါဝင်တဲ့အပြင် ပိုတက်စီယမ်နဲ့ ဇင့်တို့ကိုလည်း ပမာဏအတန်အသင့်ရရှိ နိုင်ပါတယ်။ ဗီတာမင် စီပါဝင်လို့ free radical ကြောင့်ထိခိုက်ပျက်စီးမှုတွေကို ခုခံနိုင်ပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်။ ဖရဲသီးအခွံသားကို စားရင်ရရှိနိုင် မယ့် အကျိုးကျေးဇူး ၁ ။ ကျောက်ကပ်မှာ ကျောက်ကြေစေတယ် ဖရဲခွံမှာပါတဲ့ ပိုတက်စီယမ်ဟာ ကျောက်ကပ်ထဲက အက်စစ်ပမာဏကို ထိန်းညှိ၊ ထိန်း သိမ်း ပေး တာ […]


သဘာဝဆေးဖက်ဝင်

ဖက်ယားရွက်ရဲ့ ဆေးဖက်ဝင်မှု

ဖက်ယားရွက်ကို သိတဲ့သူရှိသလို မသိတဲ့သူတွေလည်းရှိနေနိုင်ပါတယ်။ ဆေးဖက်ဝင်တဲ့ဖက်ယားပင်ရဲ့ အကြောင်းလေးကို ဒီဆောင်းပါးလေးကနေတဆင့် လေ့လာကြည့်ဖို့ပြောပါရစေ။ ဖက်ယားရွက် အရွက်နဲ့ပင်စည်မှာ အဆူးမွှေးသေးသေးေးလတွေရှိနေနိုင်ပါတယ်။မြောက်အမေရိက၊ ဥရောပနဲ့ အာဖရိကဒေသတွေမှာပေါက်ရောက်တတ်ကြပြီး လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကဆေးဖက်ဝင်အပင်တစ်ခုအဖြစ်အသုံးပြုလာခဲ့ကြတာပါ။ အရွက်နဲ့ပင်စည်ပေါ်က ဆူးလေးတွေကိုထိမိရင်ဖြစ်တဲ့ ခံစားမှုကို အစွဲပြုလို့ ဖက်ယားပင်လို့ခေါ်ဆိုခဲ့ကြတာပါ။ ဘယ်လိုဆေးဖက်ဝင်တာလဲ....... ဖက်ယားပင်က သတိလက်လွတ်ကိုင်မိရင် လက်မှာ ယားတာ၊ ဆူးတာမျိုးဖြစ်နိုင်ပေမယ့်ဆေးဖက်ဝင်တဲ့ အာနိသင်တော့ရှိနေပါတယ်။ဆီးကျိတ်ကြီးတာကို သက်သာစေနိုင်တယ်ဖက်ယားရွက်က ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးတာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိသလို ဆီးကျိတ်ကြီးတာကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်တဲ့ ဆီူသွားရခက်တဲ့ပြဿနာကိုလည်း အကောင်းဆုံးသက်သာစေနိုင်ပါတယ်။ဓါတ်မတည့်တာကို သက်သာစေနိုင်တယ်ဖက်ယားရွက်က ဝတ်မှုန်ကြောင့်ဖြစ်တဲ့ အဖျားရောဂါကို သက်သာစေနိုင်သလို ပတ်ဝန်းကျင်ကအရာတွေကြောင့် ဓါတ်မတည့်မှုဖြစ်ပြီး နှာချေတာ၊ နှာစေးတာ၊ မျက်လုံးယားတာလိုမျိုး ဓါတ်မတည့်မှုတွေကို သက်သာစေနိုင်ပါတယ်။အဆစ်နာတာတွေကို သက်သာစေနိုင်တယ် အဆစ်နာတာကို သက်သာစေဖို့အတွက်လည်း ဖက်ယားရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ဖက်ယားရွက်ကိုရေနွေးဖျောလို့ နာတဲ့အဆစ်တွေပေါ်မှာ ပွတ်ခြေပေးရင် အဆစ်နာတာကို သက်သာစေနိုင်ပါတယ်။ သွေးတိုးကျစေနိုင်တယ် ဖက်ယားရွက်ရဲ့နောက်ထပ်အာနိသင်တစ်ခုကသွေးတိုးကျစေနိုင်တာပါ။သွေးတိုးရောဂါကို သက်သာစေဖို့အတွက်လည်း ဖက်ယားရွက်ကို အရင်ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဖက်ယားရွက်ကို ချက်ပြုတ်ပြီး […]


သဘာဝဆေးဖက်ဝင်

ငယ်ငယ်က မေမေလူးပေးတဲ့မုန်ညှင်းဆီ

မုန်ညှင်းဆီက လူတိုင်းနဲ့ စိမ်းမယ်မထင်ပါဘူး။ ငယ်ငယ်ကတည်းက လေနာမှာ၊ဗိုက်ပွမှာစိုးလို့ဆိုပြီး မေမေက အမြဲလိုလိုလူးပေးခဲ့ပါတယ်။ အရေပြားကျန်းမာအောင်ဆိုပြီး မုန်ညှင်းဆီလူးလို့လည်း နှိပ်ပေးခဲ့ဖူးမှာပါ။ မုန်ညှင်းဆီက ဘေဘီလေးတုန်းကပဲ အကျိုးများတာမဟုတ်ပါဘူး။ အရွယ်ရောက်ပြီးဖြစ်သူတွေအတွက်လည်း အကျိုးများပါသတဲ့။ မုန်ညှင်းဆီ မုန်ညှင်းစေ့ကိုကြိတ်ပြီး ရလာတဲ့အဆီပါ။ အရေပြားမှာလူးပေးလို့ရသလို ချက်တဲ့ပြုတ်တဲ့နေရာမှာလည်း သုံးလို့ရပါတယ်။ မြေထဲပင်လယ်ဒေသမှာ အဓိကပေါက်ရောက်ပြီး ကျန်းမာရေးအတွက်အကျိုးများတာကြောင့် ကမ္ဘာတလွှားမှာ တော်တော်များများ အသုံးပြုကြပါတယ်။ မုန်ညှင်းဆီလူးပေးတာက အရေပြးတင်ကျန်းမာစေတာမဟုတ်ပါဘူး။ အတွင်းပိုင်းက တစ်ရှုးတွေကိုပါ ကျန်းမာစေနိုင်တာပါ။ မုန်ညှင်းဆီရဲ့ အသုံးဝင်မှု မုန်ညှင်းဆီက ဒီလိုအသုံးဝင်ပါတယ်။ အဆစ်ရောင်ရောဂါကို သက်သာစေနိုင်တယ် မုန်ညှင်းဆီက အဆသ်အမြစ်တွေရောင်ရမ်းနာကျင်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ အဆစ်နာတတ်သူတွေ၊ လေးဖက်နာရောဂါရှိသူတွေနဲ့ အခြားအရိုးအဆစ်ဝေဒနာခံစားနေရသူတွေအနေနဲ့ နာနေတဲ့နေရာကို မုန်ညှင်းဆီလေးလူးပြီး ခပ်ဖွဖွလေးနှိပ်ပေးရုံပါ။ ဆံပင်ကျွတ်သက်သာစေတယ် ဆံပင်သန်စွမ်းကျန်းမာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။ ဆံပင်တွေကျွတ်လွန်းလို့ စိတ်ညစ်နေတယ် ဆိုရင် ဆံသားနဲ့ဦးရေပြားကို မုန်ညှင်းဆီလေးလူးပေးပြီး ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ ဦးရေပြားမှာ သွေးစီးဆင်းမှုကောင်းစေပြီး ဆံပင်ကျွတ်တာသကသာစေလို့ ဆံသားတွေကို ကျန်းမာသန်စွမ်းစေမှာပါ။ မှိုပိုးသက်သာစေနိုင်တယ် အရေပြားမှာ မှိုပိုးကူးစက်တာ၊ သဲဝဲစားတာ၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း