brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ပျဉ်းမရွက် ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်

ပျဉ်းမရွက် က corosolic acid၊ lagerstroemia နဲ့ gallotannins တို့ကိုရရှိနိုင်တဲ့ အရင်းအမြစ်တစ်ခုပါ။ Corosolic acid ကသွေးတွင်းသကြားဓာတ်ကိုလျော့ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး၊ ပျဉ်းမရွက်ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရရှိနိုင်ပါသေးတယ်။

ပျဉ်းမရွက် ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်

ပျဉ်းမရွက် ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ………..

ပျဉ်းမပင်က အရိပ်အာဝါသတင်ပေးတာမဟုတ်ပါဘူး။ ဒီလိုအကျိုးကျေးဇူးတွေပေးပါသေးတယ်။

ဆီးချိုကျစေနိုင်တယ်

ပျဉ်းမရွက်က ဆဲလ်တွေရဲ့ သွေးတွင်းအချိုဓာတ်တုံ့ပြန်နိုင်စွမ်းကို တိုးစေနိုင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေအောင် အထောက်အကူပြုပေးပါတယ်။ ပျဉ်းမရွက်က သွေးတွင်းအချိုဓာတ်ထုတ်လုပ်မှုကို ၃၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပြီး ဂလူးကို့စ် သိုလှောင်ထားတဲ့ မော်လီကျူးတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း လျော့ကျအောင်လုပ်ဆောင်ပေးပါသေးတယ်။

ကိုယ်အလေးချိန်ကျစေနိုင်တယ်

ဆီးချိုရောဂါကြောင့် အရမ်းဝလာတာမျိုးမဖြစ်အောင်လည်း ပျဉ်းမရွက်လုပ်ဆောင်ပေးပါသေးတယ်။ ဆီးချိုဆေးအများစုက သွေးတွင်း သကြားဓာတ်ကိုကျဆင်းစေနိုင်ပေမယ့် အဆီဓာတ်ကိုတော့ ကျဆင်းစေနိုင်ခြင်းမရှိပါဘူး။ ပျဉ်းမရွက်ကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထိန်းသိမ်း ပေးပြီး အစားစားချင်စိတ်သိပ်မဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ အဆီဆဲလ်တွေဖြစ်ပေါ်မှုကို လျော့ကျစေပြီး သွေးတွင်းကိုလက်စထရောပမာဏ ကိုလည်းကျဆင်းစေနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတယ်

ပျဉ်းမရွက်က superoxide ပမာဏကိုကျဆင်းစေပြီး ဆဲလ်တွေကို လုပ်ငန်းဆောင်တာတွေ ကောင်းစွာ လုပ်ဆောင်နိုင်အောင်လုပ်ဆောင်ပေးပြီး ရောဂါပိုးတွေကူးစက်ရှင်သန်နိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။

ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်

ပျဉ်းမရွက်မှာပါတဲ့ Corosolic acid က ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။

ရောဂါပိုးတွေကူးစက်မှုကို ကာကွယ်ပေးပါတယ်

ပျဉ်းမရွက်မှာပါတဲ့ Corosolic ၊ gallic နဲ့ ellagic အက်ဆစ်တွေက လူသားဆဲလ်တွေမှာ ဗိုင်းရပ်စ်တွေ မရှင်သန်နိုင်အောင် တားဆီးပေးနိုင်တာကြောင့် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေမဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။

ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိပါတယ်

ပျဉ်းမရွက်အဆီက E.coli လိုမျိုး ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိ ပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်ပါတယ်

ပျဉ်းမရွက် မှာပါတဲ့ Corosolic acid က အူမကြီးကင်ဆာဆဲလ်တွေကို သေစေနိုင်စွမ်းရှိပါတယ်။ ကင်ဆာကျိတ်တွေကိုကြီးထွားမှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်ပါတယ်

ပျဉ်းမရွက် မှာပါတဲ့ gallotannin က နှလုံးကျန်းမာစေဖို့အတွက် အဓိကအခန်းကဏ္ဍကနေပါဝင်နေတဲ့ tannic acid တစ်မျိုးပါ။ ပျဉ်းမပင်မှာပါတဲ့ corosolic acid ကသွေးတိုးကျစေပြီး နှလုံးကိုကျန်းမာစေနိုင်ပါတယ်။

အသည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်

အသည်းမှာ အဆီတွေများလာတဲ့အခါမှာ အသည်းရောဂါတွေဖြစ်လာနိုင်ပါတယ်။ သကြားဓာတ်အစားများတာက အသည်းရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းပါ။ ပျဉ်းမရွက်အဆီက သွေးတွင်း ကိုလက်စထရောပမာဏကို ကျဆင်းစေပြီး အသည်းရောဂါတွေကြောင့် အသည်းပျက်စီးတာကို လျော့ပါးသက်သာစေနိုင်ပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 07/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။