သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝင်ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

တရုတ်စကားပန်း နဲ့ ကျန်းမာရေး

အဖြူရောင်နဲ့ အတွင်းပိုင်းမှာ ခပ်ဝါဝါအရောင်လေးပါတတ်ပြီး အနံ့မွှေးမွှေးလေးနဲ့ ပန်လိုက်ရင် ချစ်ဖို့ကောင်းတဲ့ တရုတ်စကားပန်း လေးက အရောင်အဆင်းအနံ့နဲ့တင်ပြည့်စုံတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။ တရုတ်စကားပင် ဆိုတာ ဘာလဲ........... တရုတ်စကားပင် က အပူပိုင်းဒေသတွေဖြစ်တဲ့ အမေရိက နဲ့ အာဖရိကဒေသတွေမှာ ပေါက်ရောက်ကျတဲ့ မျိုးရင်းပင်တွေပါ။ ကမ္ဘာ့နေရာတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ အခုဆိုရင် နေအိမ်တွေမှာ အလှစိုက်ပျိုးထားတာတွေတောင်ရှိနေကြပါပြီ။ မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်ကြပါတယ်။ ပန်းအဖြူရောင် မွှေးမွှေးလေးတွေ ပွင့်တတ်ကြပြီး ပွင့်ဖတ်လေးတွေက ခပ်ထူထူလေးနဲ့ လှပါတယ်။ တရုတ်စကားပန်း နဲ့ ကျန်းမာရေး အဆင်းနဲ့ရနံ့ပြည့်စုံတဲ့ တရုတ်စကားပန်း လေးက ဆီးချို သက်သာစေတယ် ဆီးချိုကြောင့် အနာမကျက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သန့်စင်တဲ့ တရုတ်စကားပန်း အပွင့် အခေါက်တို့ကို ပြုတ်လို့  ရလာတဲ့ အရည်ကို ဂွမ်းစနဲ့ယူပြီး အနာကို ဆေးကြောပါ။ ရောင်ရမ်းမှုကို သက်သာစေတယ် အင်းဆက်ကိုက်တာ၊ ထိခိုက်မိတာကြောင့် အရေပြားမှာ နာကျင်ရောင်ရမ်းမှုတွေ […]


သဘာဝဆေးဖက်ဝင်

ငယ်ငယ်တုန်းက ဆော့ခဲ့ကြတဲ့ ကြယ်သီးပင်

ငယ်ငယ်က အဝတ်တွေမှာ ကြယ်သီး ဆိုပြီး ကပ်ပြီး ဆော့တတ်ကြတဲ့ အသီးလေးကို မှတ်မိကြလား.............. အစိမ်းရောင် လုံးလုံးလေး ပါ။ အပေါ်ယံမှာ အမွေး နုနုလေးတွေ ပါနေတာက အဝတ်တွေမှာ ကပ်တွယ် နိုင်စေဖို့ အားဖြည့် ပေးပါတယ်။ ပန်းရောင် ရင့်ရင့် အပွင့်လေးတွေ ရှိတဲ့ အလေ့ကျ ပေါက်ပင်လေး ဖြစ်တဲ့ ကြယ်သီးပင် (Urena lobata) က အပျင်းပြေ ဆော့ကစားလို့ ရရုံတင် မကပဲ ဆေးဖက်ဝင် အာနိသင်တွေ ရှိနေပါသတဲ့။ ဘာတွေများ ဆေးဖက်ဝင်လဲ ကြည့်ကြည့်ရအောင်။ ကြယ်သီးပင် ဆိုတာ မြင်ဖူးကြလား ကြယ်သီးပင် ဆိုတာ ကို။ ဒီအပင်ကို Urena lobata လို့ခေါ်ပြီး အလေ့ကျ ပေါက်ပင်တစ်မျိုး ပါ။ အရွက် ခပ်ဖားဖားလေး ရှိပြီး […]


တိုင်းရင်းဆေးဝါးများ

အသားပိုတွေကြောင့် အလှမပျက်စေဖို့

အရေပြားပေါ်မှာ အသားပိုလေးတွေဖြစ်နေလို့ စိတ်ညစ်နေသူလေးတွေရှိလား........ ဒါဆိုရင်တော့ အလှပျက်စေတဲ့ အသားပိုလေးတွေကို ဒီနည်းလမ်းလေးတွေသုံးပြီး ဖြေရှင်းလိုက်ရအောင်လား.......... အသားပို ဆိုတာ အသားပိုဆိုတာက အရေပြားပေါ်မှာ တွယ်ကပ်နေတဲ့ အသားစလေးတွေပါ အရိုးတွေ၊ အကြောတွေ လုံးဝပါမနေတဲ့ အသားသက်သက် အလုံးလေးတွေပေါ့။ လူကို ဒုက္ခမပေးတတ်ပါဘူး။ အရွယ်သေးရင်တော့ အခုပြောပြမယ့်နည်းလေးတွေက အဆင်ပြေစေမှာပါ။ အသားပိုတွေ ဖယ်ရှားပေးမယ့် သဘာဝနည်းလမ်းတွေ အသားပိုတွေကို ဖယ်ရှားပေးနိုင်မယ့် သဘာဝပစ္စည်းတွေက Tea tree oil Tea tree oil မှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားအတွက် အသုံးပြုဖို့ သင့်တော်ပါတယ်။ ဂွမ်းစမှာ Tea tree oil  ကိုစွတ်လို့ အသားပိုနေရာမှာ လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ ပြီးရင် ပတ်တီးလေးနဲ့စည်းလို့ တစ်ညထားပါ။ အသားပို မခြောက်မချင်း ညတိုင်းလုပ်ပေးပါ။ အသားပိုက ခြောက်ပြီး ကြွေကျသွားပါလိမ့်မယ်။ ငှက်ပျောခွံ ငှက်ပျောသီးစားပြီးတဲ့အခါ […]


တိုင်းရင်းဆေးဝါးများ

အကြောပြင် ခြင်း (Chiropractic Adjustment)

London Sweeties ရုပ်ရှင် ကြည့်ဖူးတဲ့ သူတွေဆို သိမှာပါ။ မင်းသမီးရဲ့ အစ်မက သူ့ကောင်လေးကို အကြောပြင်ပေးတာက စတွေ့တာလေ။ ဟုတ်ပါတယ်။ ဒါကို Chiropractic Adjustment လို့ ခေါ်ပါတယ်။ မြန်မာလိုတော့ အလွယ် အကြောပြင်တယ်ပေါ့။ တစ်ခေါက်လုပ်လိုက်တိုင်း ဂျွတ်ဂျွတ် ဂျွတ်ဂျွတ် မြည်သံကြီးက ဘေးက လူအတွက်တော့ ကျောချမ်းစရာပါ။ ဒါက တကယ်ရော သက်သာလို့လား။ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်လဲ။ မတော် အရိုးကျိုးသွားမှဖြင့်လို့ စိုးရိမ်နေတယ် ဆိုရင် အောက်က ဆောင်းပါးကို ဆက်ဖတ်ကြည့်လိုက်ပါ။ အကြောပြင် တယ်ဆိုတာ ဘာလဲ။ အကြောပြင် တယ်ဆိုတာ ဆေးကု သလိုပါပဲ။ သေချာလေ့ကျင့်ထားပြီး အကြောပြင်ဘွဲ့ရထားတဲ့ လိုင်စင်ကိုင်ထားသူတွေပဲ လုပ်ပေးနိုင်တာပါ။ ကျောရိုးဆစ်ကို လက်နဲ့ ဖြစ်ဖြစ် ကိရိယာနဲ့ ဖြစ်ဖြစ် ထိန်းကိုင်ပြီး ဆတ်ခနဲ […]


သဘာဝဆေးဖက်ဝင်

မနက်စောစော ဂျင်း စားသင့်တဲ့ အကြောင်းအရင်း

မနက်စောစော ဂျင်း စားသင့်တဲ့ အကြောင်းအရင်း ချင်း (ဂျင်း) လို့ ပြောလိုက်ရင် မသိသူက ခပ်ရှားရှားပါ။ ဟင်းခတ် အမွှေးအကြိုင် အနေနဲ့ရော ဆေးဖက်ဝင်တဲ့ အရာတစ်ခု အနေနဲ့ရောပေါ့။ ဂျင်း ထည့်ခံရတာက ဆိုးပေမယ့် မနက်ခင်းစောစောမှာ ဆေးဖက်ဝင်တဲ့ ချင်း (ဂျင်း) ထည့်ခံတာက ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများတာပါ။ ကဲ ဘာတွေများ အကျိုးများတာလဲ..... တူတူဆက်ကြည့်လိုက် ကြစို့လား........... ချင်း (ဂျင်း) ချင်း (ဂျင်း) က တရုတ်၊ အိန္ဒိယ၊ အာဖရိက နဲ့ ကာရေဗီယန် အပါအဝင် အခြားပူနွေးတဲ့ ရာသီဥတု အခြေအနေရှိတဲ့ နိုင်ငံတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ ချင်း (ဂျင်း) က ဟင်းလျာတွေကို အနံ့အရသာ တိုးစေတာကြောင့် ထွေထွေထူးထူး ပြောပြနေစရာမလိုအောင် သိထားပြီးသားပါ။ ချင်း […]


သဘာဝဆေးဖက်ဝင်

ပန်းပွင့်လေးတို့ရဲ့ ကျန်းမာရေး အစွမ်းသတ္တိတွေ

စာရေးဆရာကြီး H.C. အန်ဒါဆင်က ဖွဲ့နွဲ့ရေးသားခဲ့ဖူးပါတယ်။ “ဘဝဆိုတာ အသက်ရှင်နေထိုင်နေရုံနဲ့တော့ မလုံလောက်ပါဘူး။ နေရောင်ခြည်လေး၊ လွတ်လပ်မှုလေးတွေအပြင် ပန်းလှလှလေးတွေနဲ့ ချယ်သထားမှ ပိုပြီးနေပျော်ဖွယ်ကောင်းမှာပေါ့” တဲ့။ ပန်းလေးတွေရဲ့ အလှတရားဟာ သမိုင်းအဆက်ဆက်မှာ လူတွေရဲ့ စိတ်နှလုံးကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီအလှတရားတွေကြောင့်ပဲ လူတွေရဲ့ နှစ်သက်မြတ်နိုးမှုကို ရယူနိုင်ခဲ့သလို ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုတွေရဲ့ သင်္ကေတတစ်ခုအဖြစ်လည်း တင်စားခံခဲ့ရတယ်မဟုတ်လား။ လှပမွှေးမြတဲ့ ပန်းလေးတွေဟာ လူတွေရဲ့ စိတ်နှလုံးကို ချမ်းမြေ့စေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုရင်တော့ မဟုတ်ပါဘူး။ သိပ္ပံနည်းကျ လေ့လာချက်တွေအရ ပြောပြရမယ်ဆိုရင် ပန်းမာန်လှလှလေးတွေကို စိုက်ပျိုးတာ၊ နေအိမ်မှာ အလှဆင်တာ၊ ဘုရားပန်းတင်တာနဲ့ ကိုယ့်အနီးနားမှာ ထားပြီး မကြာခန ကြည့်ရှုပေးတာဟာ ပျော်ရွှင်မှုကိုသာမက ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကိုပါပေးစွမ်းနိုင်ပါတယ်တဲ့။ ခေါင်ရမ်းပန်း (Hibiscus) ၊ ဒုဓလီပန်း (Dandelion) ၊ လာဗန်ဒါ […]


သဘာဝဆေးဖက်ဝင်

ဥသျှစ်ရွက် ကပေးတဲ့ ကျန်းမာရေး

အသီးအရွက်လေးတွေ တော်တော်များများက အာဟာရဓာတ် ကြွယ်ဝကြသလို  ကျန်းမာရေးအာနိသင်လည်းများပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေး အတွက် ဥသျှစ်ရွက် က ဘယ်လိုအကျိုးပြုလဲဆိုတာကို ကြည့်လိုက်ရအောင်လား........... ဥသျှစ်ရွက် ဆိုတာ ဥသျှစ်ပင်ဆိုတာက အပူပိုင်းဒေသမှာ အများဆုံးပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ ဆေးဖက်ဝင်အာနိသင်တွေလည်း ကြွယ်ပါတယ်။ အမြင့်ပေ ၃၀လောက်ထိရှိတဲ့ အပူပိုင်းဒေသအပင်တစ်မျိုးပေါ့။ ဥသျှစ်ရွက်က အစိမ်းရောင်ရှိပြီး ခပ်ရှိန်ရှိန်းအနံ့မွှေးမွှေးလေးရှိပါတယ်။ အိန္ဒိယနဲ့သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာပေါက်ရောက်သလိုမြန်မာနိုင်ငံနဲ့ အခြားတောင်အာရှနိုင်ငံတွေမှာလည်းပေါက်ရောက်ကြပါတယ်။ ဥသျှစ်ရွက်ကပေးတဲ့ ကျန်းမာရေး.... ဥသျှစ်ရွက်နုနုလေးတွေက တို့စားလို့ရပါတယ်။ ဒီတို့စားလို့ကောင်းတဲ့ ဥသျှစ်ရွက်လေး စားသုံးပေးတာက ဆီးချိုကို ထိန်းပေးနိုင်တယ်  ဥသျှစ်ရွက်က သဘာဝ ဝမ်းနုတ်ဆေးတစ်မျိုးပါ။ ဒီအာနိသင်က သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းမှန်တာက ပန်ကရိယကကို အင်ဆူလင်ထုတ်လွှတ်အောင် လှုံဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးတာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။  ဝမ်းမှန် စေနိုင်တယ် ဥသျှစ်ရွက်ကို နေ့စဉ်မှန်မှန်စားသုံးပေးတာက ဝမ်းချုပ်တာကို သက်သာစေနိုင်သလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အစာခြေစနစ်ကို […]


သဘာဝဆေးဖက်ဝင်

Kratom (ဘိန်းစာပင်) ဟာ မူးယစ်ဆေးလား? ဆေးဝါးဓာတ်စာလား?

Kratom ကို မြန်မာလို ဘိန်းစာပင်လို့ ခေါ်ပါတယ်။ ထိုင်းဘာသာနဲ့တော့ ကာရ်တုန်မ် လို့ အသံထွက် ခေါ်ဆိုကြပါတယ်။ သိပ္ပံအခေါ်အဝေါ်အားဖြင့် Mitragyna Speciosa လို့ သတ်မှတ်ထားပြီး အပင်ကြီးမျိုးဖြစ်ကာ Rubiaceae ဆိုတဲ့ အပင်မျိုးရင်းကနေ ဆင်းသက်လာပါတယ်။ နှော၊ မအူတို့လို မျိုးစိတ်မျိုးဖြစ်သလို ကော်ဖီပင်နဲ့လည်း မျိုးနွယ်အတူတူပါပဲ။ ဒီအပင်မျိုးဟာ အရှေ့တောင်အာရှမျိုးရင်း အပင်တစ်မျိုးဖြစ်ပြီးတော့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါပူအာနယူးဂီနီနဲ့ မြန်မာပြည်တောင်ပိုင်းတွေမှာ ပေါက်ရောက်ပါတယ်။ အထူးသဖြင့် တနင်္သာရီဘက်က လူတွေဆို ပိုသိနိုင်ပါတယ်။ မျိုးရင်းဒေသတွေမှာတော့ အဆိုပါ Kratomကို တိုင်းရင်းဆေးတွေမှာ ထည့်သွင်းအသုံးချတာမျိုးက ရှေးယခင်ကတည်းက ရှိခဲ့ပါတယ်။ Kratom ရဲ့ အရွက်ကို စိတ်ငြိမ်ဆေးအဖြစ် အသုံးချကြတယ်လို့ မှတ်သားဖူးပါတယ်။ ပြင်းထန်တဲ့ နာကျင်မှုတွေနဲ့ အစာခြေစနစ်နဲ့သက်ဆိုင်တဲ့ ဖျားနာဝေဒနာတွေကို ကုသနိုင်စွမ်းလည်းရှိပါတယ်။ ဒါပေမယ့်လည်း ဘိန်းစာပင်ဟာ […]


သဘာဝဆေးဖက်ဝင်

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဆေးဖက်ဝင်တယ်၊ ဆီးချို သွေးချိုကျတယ်ဆိုပြီး စားလေ့ရှိတဲ့ ကြက်ဟင်းခါးသီးကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဆီးချို ရောဂါအတွက် အသုံးပြုခဲ့ကြတာပါ။ ကြော်ပဲစားစား၊ အသားနဲ့ပဲ နှပ်စားစား အရသာရှိတဲ့ ကြက်ဟင်းခါးသီးအဆီအနှစ် က ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရသိခဲ့ရပါတယ်။ လေ့လာမှုရဲ့ ရလဒ် အခုနောက်ဆုံးလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ရပ်အရ သိလိုက်ရတာက ကြက်ဟင်းခါးသီးက ဆီးချိုရောဂါအတွက်တင် ဆေးဖက်ဝင်တာမဟုတ်ဘဲ ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အာရှလူမျိုးတော်တော်များများ နှစ်သက်ခံတွင်းတွေ့တဲ့ ကြက်ဟင်းခါးသီးက အရသာ ခါးသက်သက်ရှိပေမယ့် ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုပေးပါတယ်။ ကြက်ဟင်းခါးသီး အဆီအနှစ်က ကင်ဆာမဖြစ်အောင် ကာကွယ်ပေး နိုင်သလို ကင်ဆာကျိတ်တွေကြီးထွားမလာစေဖို့နဲ့ ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို အထိရောက်ဆုံးဟန့်တားပေးနိုင်ပါသေး တယ်။ အခုလေ့လာတွေ့ရှိမှုက ကင်ဆာကာကွယ်ကုသမှုကို တော်တော်လေးအထောက်အကူပြုပေးနိုင်မှာပါ။ အခုလေ့လာမှုအတွင်း ကြက်ဟင်းခါးသီးက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာဆဲလ်တွေ အပေါ်မှာ သက်ရောက်မှုရှိလားဆိုတာကို လေ့လာခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာ […]


သဘာဝဆေးဖက်ဝင်

ရှားစောင်း ကို သုံးသင့်၊ မသုံးသင့်တဲ့ နေရာများ

ရှားစောင်းလက်ပပ်ကို ဆေးဖက်ဝင်တယ်လို့ သိထားကြသလို အလှအပအတွက်၊ ကျန်းမာရေးအတွက် အသုံးချတာကလည်း နည်းကိုစုံလို့။ ဒီတစ်ခါတော့ ရှားစောင်း ကို ဘယ်နေရာမှာ သုံးသင့်လဲ၊ ဘယ်လိုတွေ မသုံးသင့်ဘူးလဲ ခွဲခြားပြောပြပေးမှာပါ။ မသုံးသင့်တဲ့နေရာ တလွဲမသုံးမိစေဖို့ ဆက်ပြီး ဖတ်ကြည့်လိုက်ပါဦး… ထိခိုက်ဒဏ်ရာ ရှားစောင်းလက်ပပ်နဲ့ ဒဏ်ရာကုသနိုင်တယ်လို့ ဆိုကြပေမယ့် လေ့လာမှုတွေအရ တချို့ဒဏ်ရာတွေကို အနာကျက်မြန်စေပြီး တချို့မှာတော့ ပိုတောင်နှေးစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးဖက်ဝင်တယ်ဆိုတိုင်း အရမ်းကာရော အနာဆေးထည့်တာ မလုပ်တာကောင်းပါတယ်နော်။ အရေပြားလောင်ခြင်း ရှားစောင်း အနှစ် သို့မဟုတ် ဂျယ်လ်လိမ်းဆေးတွေက နေလောင်ဒဏ်အပြင် အပူလောင်နာတွေကိုပါ မြန်မြန်ကုသပေးနိုင်တာ အမှန်ပါ။ သူ့မှာပါတဲ့ ဒြပ်ပေါင်းတွေက အရေပြားရောင်ရမ်းမှုကို လျော့ပါးသက်သာစေပြီး အရေပြားကို ကုသမှုမြန်စေပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ အပူလောင်ဒဏ်ရာ၊ ရေနွေးပူလောင်တာတွေ၊ အနာကျက်ဖို့ကြာနေတဲ့အပူလောင်နာတွေအတွက်တော့ ဆရာဝန်ပြပြီး ကုသမှုခံယူသင့်ပါတယ်။ ပါးစပ်အနာ ပါးစပ်မှာ ဖြစ်တတ်တဲ့ အနာသေးသေးလေးတွေကို ရှားစောင်းအနှစ် လိမ်းပေးရင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း