သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝင်ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ကော်ဖီ က ဘယ်လို ဆေးဖက်ဝင်လဲ

အသုံးပြုပုံများကော်ဖီ ကို ဘာအတွက်အသုံးပြုကြသလဲ ကော်ဖီကို စိတ်လန်းဆန်းစေရန်၊ စိတ်ခံစားမှုကောင်းစေရန်၊ လေ့ကျင့်ခန်းလုပ်လျင်ခံနိုင်ရည်ရှိရန်နှင့် အဆုတ်လမ်းကြောင်းကျယ်စေရန်အသုံးပြုကြသည်။ ကော်ဖီကို ရင်ကြပ်ရောဂါ၊ ခေါင်းကိုက်ခြင်း၊ နှင့် အအေးမိခြင်း တို့အတွက် ပါးစပ်မှသောက်ကြပြီး၊ အိုပီယမ် အဆိပ်မိခြင်းအတွက် ဖြေဆေးအနေဖြင့် စအိုမှ ထည့်သွင်းကုသကြသည်။ ဘယဆေးကုသမှုတွင် အစားအသောက်စားချင်စိတ်ကို လှုံ့ဆော်ရန် နှင့် အစာခြေခြင်းကို ကောင်းစေရန် ကော်ဖီကို အသုံးပြုကြသည်။ ကော်ဖီသည် နှာခေါင်းသွေးလျှံခြင်းကို သက်သာစေပြီး သွေးလှည့်ပတ်မှုကောင်းစေသည်။ ပါကင်ဆန်ရောဂါနှင့် သည်းခြေကျောက်ဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးသည်။ လူတို့သည် စိတ်ပင်ပန်း လူပင်ပန်းဖြစ်ခြင်းကို သက်သာစေရန်နှင့် စိတ်လန်းဆန်းစေရန် ကော်ဖီကို သောက်သုံးကြသည်။ ကော်ဖီကို ပါကင်ဆန်ရောဂါ၊ သည်ခြေကျောက်တည်ခြင်း၊ ဒုတိယအမျိုးအစားဆီးချိုရောဂါ၊ အူလမ်းကြောင်းကင်ဆာ၊ အဆုတ်ကင်ဆာ နှင့် ရင်သားကင်ဆာ ဖြစ်ပွားမှုများကို ကာကွယ်ရန်လည်း အသုံးပြုကြသည်။ အခြားအသုံးဝင်မှုများအနေဖြင့် ခေါင်းကိုက်ခြင်း၊ သွေးပေါင်ကျခြင်း၊ နှင့် အဝလွန်ခြင်း များကို ကုသရာတွင်လည်း အသုံးပြုကြသည်။ ဘယ်လိုအလုပ်လုပ်လဲ ဤဘယဆေး ဘယ်လိုလုပ်ဆောင်မှုတွေ ရှိသည်ဆိုသည်နှင့်ပတ်သတ်၍ လုံလောက်သော လေ့လာမှုများမရှိသေးပါ။ ပိုမိုသိရှိနိုင်ရန် သင်၏ဆရာဝန် သို့မဟုတ် […]


သဘာဝဆေးဖက်ဝင်

Cacao Tree (ကိုကိုးပင်)

အသုံးပြုပုံများကိုကိုးပင် ကို ဘာအတွက်အသုံးပြုကြသလဲ ကိုကိုးပင်သည် ချောကလက်ပြုလုပ်သော အပင်တစ်မျိုးဖြစ်သည်။ အစားအစာပြုလုပ်ရာတွင်သာ အသုံးပြုရသည်ဟု ကြာမြင့်စွာ သတ်မှတ်ခဲ့ကြသော်လည်း ယခုအခါတွင် အချို့ကဆေးအဖြစ်လည်း အသုံးပြုကြသည်။ ကိုကိုးပင်၏ အစေ့ ကို အူလမ်းကြောင်းရောဂါများ၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊ ရင်ကြပ်ရောဂါ၊ လေပြွန်ရောင်ရောဂါ နှင့် အဆုတ်ရောင်ရောဂါအတွက်ဆေးအဖြစ် အသုံးပြုသည်။ အစေ့ခွံကို အသည်း၊ ဆီးအိတ်၊ ကျောက်ကပ်၊ ဆီးချိုရောဂါ များအတွက် အားဆေးရည်အဖြစ်လည်းကောင်း၊ အထွေထွေရောဂါသုံး အိမ်သုံးဆေးအဖြစ် လည်းကောင်း အသုံးပြုကြသည်။ ကိုကိုးထောပတ် ကို ကိုလက်စထရောများခြင်းအတွက် အသုံးပြုသည်။ ၎င်းကို အရေပြားတွင်အရေးကြောင်းများလျော့ကျရန်နှင့် ကိုယ်ဝန်ကြောင့် အကြောပြတ်ခြင်းတွင် လည်း အသုံးပြုကြသည်။ ဘယ်လိုအလုပ်လုပ်လဲ ဤဘယဆေး ဘယ်လိုလုပ်ဆောင်မှုတွေ ရှိသည်ဆိုသည်နှင့်ပတ်သတ်၍ လုံလောက်သော လေ့လာမှုများမရှိသေးပါ။ ပိုမိုသိရှိနိုင်ရန် သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ကိုကိုးပင်တွင်ပါဝင်သော flavonoids သည် သည် […]


သဘာဝဆေးဖက်ဝင်

Calumba (ကာလန်းဘာ)

အသုံးပြုပုံများCalumbaကို ဘာအတွက်အသုံးပြုကြသလဲ Calumba ကို Madagascar နှင့် Mozambique တွင်သာတွေ့ရပါသည်။ Calumba ကို အစာမကြေခြင်း၊ ရင်ပူခြင်း၊ အူဆိုင်ရာရောဂါများ၊ ဝမ်းလျှောခြင်းများတွင် သုံးကြ၏။ Calumba ဘယ်လိုအလုပ်လုပ်လဲ ဒီဆေးဖက်ဝင်အပင်ထွက်ပစ္စည်းအတွက် လုံလောက်သည့်လေ့လာမှုမျိုးမရှိသေးပါ။ ဒီထက်ပိုသိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ဗေဒဆရာများနှင့်ဆွေးနွေးပါ။ တစ်ချို့သောလေ့လာမှုများအရ Calumba သည် အူလမ်းကြောင်းမှကြွက်သားများကိုပြေလျော့စေနိုင်သည်ကို တွေ့ရ၏။ ထို့အပြင် အစာအိမ်မှအစာခြေအက်စစ်ထွက်ခြင်းကိုလဲ တိုးပွားစေသည်။ Columbin ဟုခေါ်သော ဓါတုဓါတ်ပေါင်းသည် အိပ်ပျော်စေသည့်သတ္တိရှိနိုင်ပါသည်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များCalumba အသုံးမပြုခင် ဘာတွေသိသင့်သလဲ Calumba ကို သေချာစွာပိတ်ထားသည့်ဗူးထဲတွင်သိုလှောင်ပါ။ အပင်ထွက်ဆေးပစ္စည်းများကို ချုပ်ထိန်းထားခြင်းသည် ဆေးများကိုချုပ်ထိန်းခြင်းလောက် တင်းကြပ်မှုများမရှိပါ။ စိတ်ချလက်ချသုံးနိုင်ရန်အတွက် လေ့လာမှုများ ထပ်လိုနေပါသေးသည်။ အသုံးမပြုမှီ ဒီအပင်ထွက်ဆေးကိုသုံးပြီး ရရှိလာမည်အကျိုးသည် အန္တရာယ်ရှိသည်ထက် သာလွန်ကြောင်းသိဖို့လိုသည်။ ထို့ကြောင့် ဆေးပင်ဗေဒဆရာများ ဆရာဝန်များနှင့် သေချာဆွေးနွေးပါ။ Calumba က ဘယ်လောက်စိတ်ချရလဲ ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် […]


သဘာဝဆေးဖက်ဝင်

တရုတ်နံနံကြီး နှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

အသုံးပြုပုံများတရုတ်နံနံကြီး ကို ဘာအတွက်အသုံးပြုကြသလဲ အစေ့များကို ဆီးဆေးအဖြစ်အသုံးပြုသလို အဆစ်အမြစ်ရောင်ခြင်း၊ လေးဖက်နာဖြစ်ခြင်းများတွင်လဲ သုံးကြပါသည်။ အစေ့ဆီသည် အိပ်ပျော်စေသည့်ဂုဏ်သတ္တိရှိသည်။ တရုတ်နံနံကြီးကို အပင်ထွက်ဆေးအဖြစ် • အဆစ်အမြင်နာခြင်း (လေးဖက်နာ) နှင့်ဂေါက်ရောဂါ • စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ ခေါင်းကိုက်ခြင်း • အစာအာဟာရပြတ်လပ်၍ ဝိတ်ကျသွားခြင်း၊ အစားအသောက်ပျက်ခြင်း၊ မောပန်းနွမ်းလျခြင်း တို့တွင်သုံးကြ၏။ တရုတ်နံနံကြီးသည် အသုံးကျယ်၏။ တခြားအသုံးများမှာ • စိတ်ပြေလျော့ပြီး အိပ်ပျော်စေသည် • ဆီးလမ်းကြောင်းမှ ဘက်တီးရီးယားများကို သေစေနိုင်သည် • အစာကြေစေပြီး အူလှုပ်ရှားမှုကိုထိန်းညှိပေး၏ • ရာသီလာစေသည် • လေလည်စေ၏ • လိင်စိတ်ကိုနိုးထစေနိုင်သည် • နို့ထွက်နှုန်းကိုလျော့ကျစေသည် • ဂလင်းများကို လှုံ့စော်ပေးနိုင်၏ • ရာသီလာစဉ် နာကျင်ကိုက်ကဲခြင်းများကို ကုသ ဘယ်လိုအလုပ်လုပ်လဲ ဒီဆေးဖက်ဝင်အပင်ထွက်ပစ္စည်းအတွက် လုံလောက်သည့်လေ့လာမှုမျိုးမရှိသေးပါ။ ဒီထက်ပိုသိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ဗေဒဆရာများနှင့်ဆွေးနွေးပါ။ တစ်ချို့သောလေ့လာမှုများအရ တရုတ်နံနံကြီးသည် သွေးတိုးကျခြင်း ကိုလက်စထရောကျခြင်း စသည့်ဂုဏ်သတ္တိများရှိပြီး ထိုဂုဏ်သတ္တိများသည် tyrosine hydroxylase အင်ဇိုင်းကို ပိတ်ပင်နိုင်သောကြောင့်ဟု […]


သဘာဝဆေးဖက်ဝင်

စမုန်စပါး (Caraway)

အသုံးပြုပုံများစမုန်စပါး ကို ဘာအတွက်အသုံးပြုကြသလဲ တစ်ချို့လူများသည် စမုန်စပါးတွင် ကုစားနိုင်သည့်အစွမ်းများရှိသည်ဟု ထင်ကြသည်။ အဆီ၊ အသီးနှင့် အစေ့များကို ဆေးအဖြစ်သုံးကြသည်။ စမုန်စပါးအား အစာခြေခြင်းနှင့်ဆိုင်သည့်ပြဿနာများတွင် သုံးကြ၏။ • ရင်ပူခြင်း • ဗိုက်ကယ်ခြင်း • အစားအသောက်ပျက်ခြင်း • ဝမ်းချုပ်ခြင်း • Irritable bowel syndrome • အစာမကြေခြင်း • အူနာခြင်း • ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း • အူနှင့်အစာအိမ်အောင့်ခြင်း စမုန်စပါးအဆီကို ချွဲဟတ်ရာတွင်အဆင်ပြေစေရန်လဲသုံးသည်။ ဆီးရွှင်စေရန်၊ ကိုယ်တွင်းရှိဘက်တီးရီးယားများကိုသတ်ရန်၊ ဝမ်းချုပ်ခြင်းကိုသက်သာစေရန်လဲ သုံးကြပါသည်။ ရာသီလာစေရန်အတွက်နှင့် ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းများအတွက် စမုန်စပါးဆီကိုအမျိုးသမီးများ အသုံးပြုနိုင်ပါသည်။ ကလေးရှိမိခင်များလဲ နို့ပေါစေရန် အသုံးပြုနိုင်ပါသေးသည်။ လည်ပြွန်ရောင်ခြင်းအတွက် ပလုတ်ကျင်းဆေးအဖြစ်လဲသုံးနိုင်သလို သွေးစီးဆင်းမှုကောင်းစေရန် အရေပြားလိမ်းဆေးအဖြစ်ပါ သုံးနိုင်ပါ၏။ ဘယ်လိုအလုပ်လုပ်လဲ ဒီဆေးဖက်ဝင်အပင်ထွက်ပစ္စည်းအတွက် လုံလောက်သည့်လေ့လာမှုမျိုးမရှိသေးပါ။ ဒီထက်ပိုသိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ဗေဒဆရာများနှင့်ဆွေးနွေးပါ။ တစ်ချို့သောလေ့လာမှုများအရ စမုန်စပါးအဆီသည် • လေအောင့်သက်သာစေခြင်း • အနာကျက်မြန်စေခြင်း • ပိုးသေစေခြင်း ဂုဏ်သတ္တိများရှိပါသည်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များစမုန်စပါး အသုံးမပြုခင် ဘာတွေသိသင့်သလဲ ခွဲစိတ်ကုသမှုများပြုလုပ်နေစဉ်နှင့် ပြုလုပ်ပြီးနောက် သွေးတွင်းသကြားပမာဏကို အနှောက်အယှက်ပြုနိုက်သည်ဟူသော ယူဆချက်ရှိပါသည်။ […]


သဘာဝဆေးဖက်ဝင်

Betel Palm (ကွမ်းသီးပင် အခက်အလက်)

အသုံးပြုပုံများကွမ်းသီးပင် (Betel palm) အခက်အလက် ကို ဘာအတွက်အသုံးပြုကြသလဲ Betel palm ကို တရုတ်ပြည်၊ အိန္ဒိယနဲ့ ဖိလစ်ပိုင်နိုင်ငံနဲ့ အပူပိုင်းဒေသဖြစ်တဲ့ အာဖရိကမှာ တွေ့ရပါတယ်။ အစေ့ကို ဆေးအဖြစ် အသုံးပြုကြပါတယ်။ ကွမ်းစားခြင်းဟာ ဟိုးအရင်ကတည်းက ရှိတတ်တဲ့အကျင့် ဖြစ်ပါတယ်။ 1st century AD မှာ Sanskrit medical writings တွေက ကွမ်းစေ့ဟာ အလွန်ကောင်းမွန်တဲ့ အစွမ်း သတ္တိ ၁၃ မျိုးပါရှိတယ်လို့ ဆိုပါတယ်။ အရသာပြင်းပြီး ခါးသက်ခြင်း၊ စပ်ခြင်း၊ ချိုခြင်း၊ ငန်ခြင်း စတဲ့ အရသာတွေ ရှိပြီး သူဟာ အောက်ပါ အကျိုးကျေးဇူးတွေ ရှိတယ်လို့ ဆိုပါတယ်။ • လေထုတ်ပေးခြင်း • သန်ကောင် သေစေခြင်း • ချွဲပျော်စေခြင်း • မကောင်းသော အနဲ့များ ပျောက်စေခြင်း • […]


သဘာဝဆေးဖက်ဝင်

Conduragon (ကွန်ဂျူရန်ဂို)

အသုံးပြုပုံများCondurango (ကွန်ဂျူရန်ဂို )ကို ဘာအတွက်အသုံးပြုကြသလဲ Condurango ကို အစာမကြေခြင်းနဲ့ အစာအိမ်ကင်ဆာတွေအတွက် အသုံးပြုကြပါတယ်။ သူ့ကို စားချင်စိတ်ဖြစ်အောင်လည်း သုံးကြပါတယ်။ တိုင်းရင်းဆေးမှာ Condurango ကို သွေးတိတ်ဆေးအဖြစ်အသုံးပြုပြီး ခံတွင်းပျက်ခြင်းနဲ့ ကာလသားရောဂါ ကုသဖို့အတွက် အသုံးပြုကြပါတယ်။ Condurango (ကွန်ဂျူရန်ဂို )ဘယ်လိုအလုပ်လုပ်လဲ Condurango ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် အချို့လေ့လာမှုတွေက Condurango မှာပါတဲ့ tannins တွေဟာ သွေးတိတ်စေတဲ့ ဂုဏ်သတ္တိရှိပြီး အနာကျက်ဖို့ အားပေးတယ်လို့ ဆိုပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များCondurango (ကွန်ဂျူရန်ဂို ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ Condurango ကို အပူနဲ့ ရေငွေ့ရှိတဲ့နေရာတွေကို ရှောင်ကျဉ်ပြီး […]


သဘာဝဆေးဖက်ဝင်

Damiana (ဒါမီရာနာ)

အသုံးပြုပုံများDamiana (ဒါမီရာနာ) ကို ဘာအတွက်အသုံးပြုကြသလဲ Damiana ကို ခေါင်းကိုက်ခြင်း၊ အိပ်ရာစိုခြင်း၊ စိတ်ကျရောဂါ၊ အစာအိမ်ရောဂါနဲ့ ဝမ်းချုပ်ခြင်းတွေကို ကုသဖို့အတွက် အသုံးပြုပါတယ်။ သူ့ကို လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသဖို့နဲ့ ပျောက်ကင်းစေဖို့အတွက်လည်း အသုံပြုပြီး စိတ်ရောလူပါ သက်လုံကောင်းစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ Damiana (ဒါမီရာနာ) ဘယ်လိုအလုပ်လုပ်လဲ Damiana ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် အချို့လေ့လာမှုတွေက ဒီဆေးရဲ့ ကာမအားတိုးစေခြင်း အာနိသင်ဟာ ယောက်ျားဟော်မုန်းလိုမျိုး ဆောင်ရွက်တဲ့ alkaloid တစ်မျိုးပါဝင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များDamiana (ဒါမီရာနာ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ Damiana ကို အပူနဲ့ ရေငွေ့ရှိတဲ့နေရာတွေကို ရှောင်ကျဉ်ပြီး […]


သဘာဝဆေးဖက်ဝင်

မန်ကျည်းစေ့လေးက ဒီလိုဆေးဖက်ဝင်ပါတယ်

အာရှဒေသ တော်တော်များများမှာ ဟင်းချက်တဲ့အခါမျိုးမှာဖြစ်ဖြစ်နွေပူပူမှာ ရင်အေးစေတဲ့ သောက်စရာအနေနဲ့ဖြစ်ဖြစ် မန်ကျည်းသီးမှည့်ကို အသုံးပြုကြပါတယ်။ မန်ကျည်သီးကသွေးသန့်စေသလို အရေပြားကနေစလို့ အစာခြေစနစ်ကျန်းမာရေးအထိအထောက်အကူပြုတာပါ။ ဒီနေရာမှာတော်တော်များများလုပ်မိနေတာတစ်ခုရှိပါတယ်။ ဒါကတော့ မန်ကျည်းသီးရဲ့ အနှစ်ကိုစားသုံးကြပေမယ့် မန်ကျည်းစေ့ ကိုတော့ လွှင့်ပစ်တတ်ကြပါတယ်။ တကယ်တော့မန်ကျည်းသီး အနှစ်ကတင်မဟုတ်ဘဲ မန်ကျည်းစေ့ကပါဆေးဖက်ဝင်တာပါ။ အမဲရောင်ပြောင်ပြောင်လေးဖြစ်နေတဲ့ မန်ကျည်းစေ့ လေးရဲ့ဆေးဖက်ဝင်ပုံက မန်ကျည်းစေ့ မှာ ဖော့စဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ အမိုင်နိုအက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလိုအာဟာရဓါတ်တွေနဲ့ပြည့်စုံနေတဲ့ မန်ကျည်းသီးစေ့လေးက အခုလိုမျိုးဆေးဖက်ဝင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တယ် မန်ကျည်းသီးစေ့ရဲ့ အပြင်လွှာက ဝမ်းပျက်ဝမ်းလျှောတာကိုအထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ အရေပြားကျန်းမာစေနိုင်တယ် မန်ကျည်းသီးစေ့မှာxyloglycans ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေပြီး အရေပြားပြဿနာကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာကိုသက်သာစေနိုင်ပါတယ် နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်ပြီး အဆစ်ရောင်ရောဂါကြောင့် အဆစ်နာတာတွေကို သက်သာစေနိုင်ပါတယ်။ မန်ကျည်းသီးစေ့ကို အမှုန့်ကြိတ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဝက်စာ တစ်ရက်ကို နှစ်ကြိမ်သောက်ပေးတာက အဆစ်တွေထဲမှာချောဆီတွေဖြစ်ပေါ်စေပြီး အဆစ်နာတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒူးနာတဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေစေနိုင်ပါတယ်။ သွားနဲ့ခံတွင်းကျန်းမာစေနိုင်တယ် သွားကိုက်တာ၊ သွားဖုံးနာတာ၊ […]


သဘာဝဆေးဖက်ဝင်

ဆေးရွက်ကြီးလို့ ဆိုလိုက်တိုင်း ဆိုးကျိုးတွေပဲမမြင်စေလိုပါ

ဆေးရွက်ကြီးလို့ ပြောလိုက်ရင် ဆေးလိပ်၊စီးကရက် နဲ့ ကွမ်းထဲမှာထည့်ဝါးကြတဲ့အရာ၊ ရောဂါဖြစ်စေတဲ့အရာလို့ပဲ အရင်ဆုံးပြေးမြင်မိကြမယ်ထင်ပါတယ်။ ဆေးရွက်ကြီးက ရောဂါဖြစ်စေတာမှန်ပေမယ့် ဆိုးကျိုးချည်းသက်သက် ရှိနေတဲ့ အပင်မဟုတ်ပါဘူး။ သူ့မှာလည်း ကောင်းကျိုးပြုနိုင်တဲ့ အချက်လေးတွေရှိပါတယ်။ ရှေးယခင်ကာလတွေကတည်းက ဆေးရွက်ကြီးကို အကျိုးရှိရှိအသုံးပြုခဲ့တာမျိုးလည်းရှိပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်တောင် ကျန်းမာရေးကို အထောက်အကူပြုမှာ မဟုတ်လောက်ပါဘူးလို့ ထင်ထားတဲ့ ဆေးရွက်ကြီးရဲ့ အသုံးဝင်ပုံလေးကို ပြောပြပေးမယ်နော်။ ဆေးရွက်ကြီး ဆိုတာ ဘာလဲ....... ဆေးရွက်ကြီး ဆိုတာက အာဂျင်တီးနားမျိုးရင်းပင်တစ်မျိုးပါ။ အမြင့် ၅ မီတာဝန်းကျင်လောက်သာရှိတဲ့ အပင်ပုတစ်မျိုးပေါ့။ အရွက်က ခပ်ဖားဖားပုံစံရှိပြီး ဒီခပ်ဖားဖားပုံစံ အရွက်မှာ anabasine လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးပါဝင်နေပါတယ်။ ဒီအရွက်ကို အစိမ်းအတိုင်းစားရင်တော့ အန္တရာယ်ရှိစေနိုင်ပါတယ်။ ဆေးလိပ်၊ စီးကရက်တွေထုတ်လုပ်ရာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။ ဆေးရွက်ကြီးလို့ ဆိုလိုက်တိုင်း ဆိုးကျိုးတွေပဲမမြင်စေလိုပါ ဆေးရွက်ကြီးက တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ။ အနည်းအကျဉ်းသုံးရင် ဆေးဖက်ဝင်ပေမယ့် အလွန်အကျွံ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း