ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အလွန်အေးတာတွေ စားမိရင် ကြုံရတတ်တဲ့ Brain Freeze ဝေဒနာ

Brain freeze ဆိုတာကို မြန်မာလို တိုက်ရိုက်ပြန်ဆိုရင် ဦးနှောက်အေးခဲခြင်းလို့ ဆိုရမယ်။ နာမည်ကြားရုံနဲ့ ကြောက်စရာကြီးပါ။ ဒါပေမယ့် တကယ်တမ်း ဒီဝေဒနာက နာမည်နဲ့ ဆန်းကျင်ဘက်ပါပဲ။ ဦးနှောက်ကြီးခဲသွားတာတော့ မဟုတ်ပါဘူး။ ဦးနှောက်က အရမ်းအေးတယ်လို့ ခံစားမိသွားတဲ့ ဝေဒနာတစ်မျိုးသာဖြစ်ပါတယ်။ Brain freeze ဆိုတာက ရေခဲမုန့်လို၊ အလွန်အေးတဲ့ အအေးတွေလို၊ ရေခဲတုန်းတွေလိုအရာတွေကို စားသောက်ပြီးတဲ့ အခါမှာ ရုတ်တရက် ဦးခေါင်းအတွင်းပိုင်းတစ်ခုလုံး အေးစိမ့်ကျိန်းတက်သွားတဲ့ ဝေဒနာကို ဆိုလိုတာဖြစ်ပါတယ်။ ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုးဖြစ်စဉ် ဖြစ်ပါတယ်။ အဲ့ဒါကို Brain freeze ဒါမှမဟုတ် Ice Cream Headache လို့ခေါ်ပါတယ်။ ဆေးပညာအမည်ကတော့ Sphenopalatine Ganglioneuralgia ပါတဲ့။ ဘာကြောင့် Brain freeze ဖြစ်သလဲ Brain freeze ဖြစ်ဟာ အလွန်အေးတဲ့ အစားအစာတွေကို […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ဖို့ ရှောင်ရမယ့် အစားအစာတွေ

အယ်လ်ဇိုင်းမားရောဂါ ဆိုတာ များသောအားဖြင့် အသက်ကြီးပိုင်း ဘိုးဘိုးဘွားဘွား အရွယ်တွေမှာ အရမ်းအဖြစ်များပါတယ်။ ဦးနှောက် သို့မဟုတ် စိတ်ချို့ယွင်းမှုရောဂါလို့လည်း ခေါ်သလို အရပ်ခေါ်အရ သူငယ်ပြန် ရောဂါလို့လည်း ဆိုနိုင်ပါတယ်။ တဖြည်းဖြည်း ဆိုးရွားလာရာကနေ ဦးနှောက်မှတ်ဉာဏ်နဲ့ တခြား စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။ ရောဂါလက္ခဏာအနေနဲ့ အစောပိုင်းကာလမှာ သတိမေ့လျော့ခြင်း၊ စိတ်အနည်းငယ်ရှုပ်ထွေးခြင်းတွေ ပြတတ်ပြီး အချိန်ကြာလာတာနဲ့အမျှ လတ်တလော ဖြစ်ပျက်ခဲ့သမျှ အရာတွေ မေ့ပျောက်သွားခြင်း၊ မေ့နေတဲ့ မှတ်ဉာဏ်တွေကို ပြန်အစဖော် မရခြင်း၊ စကားတစ်ခွန်းကို ထပ်ခါထပ်ခါ ပြောနေတတ်ခြင်း၊ မိသားစုဝင်ရဲ့ နာမည်၊ ဘယ်သူဘယ်ဝါဆိုတာကို စဉ်းစားမရတော့တဲ့အထိ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်က ကျဆင်းသွားနိုင်ပါတယ်။ ဒါကြောင့် အယ်လ်ဇိုင်းမား ရောဂါကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ဖို့ အရမ်း အရေးကြီးပါတယ်။ ဘဝကို ပျော်ရွှင်စွာ နေထိုင်ခြင်း၊ လူမှုဆက်ဆံရေး […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း

သင့်အနေနဲ့ ရေကိုလုံလောက်စွာ သောက်သုံးခြင်းမရှိရင် ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း ဖြစ်တတ်ပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို သေချာမသိရပေမယ့် သုတေသနတချို့အရ ရေဓာတ်နည်းပါးခြင်းနဲ့ ခေါင်းကိုက်ခြင်း ဆက်စပ်နေတယ်လို့ သိရပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း ရဲ့ လက္ခဏာများ ရေဓာတ်နည်းပါးခြင်းကြောင့် ခေါင်းကိုက်ခြင်းဟာ တယောက်နဲ့တယောက် ကွဲပြားမှုရှိနိုင်ပါတယ်။ အများစုကတော့ ဆင်တူကြပါတယ်။ များသောအားဖြင့် လှုပ်လှုပ်ရှားရှားလုပ်တိုင်း ခေါင်းရဲ့တဖက်တချက်စီမှာ တဒိတ်ဒိတ်ထိုးပြီး ကိုက်နေတတ်ပါတယ်။ ခေါင်းကိုက်ခြင်းနဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ခေါင်းကိုက်သူဆယ်ဦးအနက် တဦးမှာ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသုတေသနမှာ ပါဝင်သူများရဲ့ ခေါင်းကိုက်ခြင်းဟာ ခေါင်းကို လှုပ်ရှားခြင်း၊ ငုံ့ခြင်း၊ လမ်းလျှောက်ခြင်း စတာတွေလုပ်ဆောင်ရင် ပိုဆိုးတတ်ပါတယ်။ သူတို့အများစုဟာ ရေသောက်ပြီး နာရီဝက်ကနေ ၃နာရီအတွင်း သက်သာသွားတတ်ပါတယ်။ နာတာရှည်ခေါင်းတခြမ်းကိုက်လူနာတွေနဲ့ ခေါင်းကိုက်လူနာတွေကို လေ့လာခဲ့တဲ့ တခြားသုတေသနတခုမှာ ၉၅ ဦးအနက် ၃၄ ဦးဟာ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အယ်လ်ကိုဟောကြောင့် ဦးနှောက်ထိခိုက်ခြင်း

အယ်လ်ကိုဟောအဓိက ပါဝင်တဲ့ အရက် ဘီယာ စတာတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကင်းနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ လူမှုပေါင်းသင်းဆက်တံရေးအရပဲဖြစ်စေ၊ စိတ်ပျော်ရွှင်ဖို့ ဖြစ်စေ၊ စိတ်ညစ်စရာများကို အကြောင်းပြရင်းဖြစ်စေ သောက်စားကြပါတယ်။ ဘယ်နေရာမှာမဆို တန်ဆေးလွန်ဘေးဆိုတာ ရှိတာကြောင့် အရက်ဘီယာမှ ရရှိလာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို သိထားသင့်ပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ယမကာမှာပါဝင်တဲ့ အယ်လ်ကိုဟောရဲ့ အကျိုးသက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။ ရေတို အကျိုးသက်ရောက်မှု အယ်လ်ကိုဟောဟာ ဦးနှောက်အာရုံကြောဆဲလ်တွေကို ထိခိုက်စေနိုင်ပါတယ်။ သောက်သုံးလိုက်ပြီးတာနဲ့ သွေးထဲကတဆင့် ဦးနှောက်ကို ငါးမိနစ်အတွင်း ရောက်ရှိသွားနိုင်ပါတယ်။ အယ်လ်ကိုဟောရဲ့ အာနိသင်ကို ဆယ်မိနစ်အတွင်း ပြသလာပါတယ်။ အယ်လ်ကိုဟောရဲ့ စစချင်းအကျိုးသက်ရောက်မှုကတော့ အင်ဒေါ်ဖင်ဟော်မုန်းထွက်လာစေခြင်း ဖြစ်ပါတယ်။ အဆိုပါဟော်မုန်းဟာ နေရထိုင်ရကောင်းစေတာကြောင့် တော်သင့်ရုံသောက်သုံးသူများအနေနဲ့ ရံဖန်ရံခါမှာ ပျော်ရွှင်မှုရအောင်ဖြစ်စေ၊ စိတ်ပြေလက်ပျောက်ဖြစ်စေ သောက်သုံးကြပါတယ်။ အလွန်အကျွံသောက်သုံးသူများအတွက်တော့ ဦးနှောက်အာရုံကြော လမ်းကြောင်းအပေါ် သက်ရောက်မှုရှိတာကြောင့် […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

နေပူထဲသွားတိုင်း ခေါင်းကိုက်နေပြီလား

ရာသီဥတုက ပူလာပြီနော်။ နေပူရှိန်က ခပ်ပြင်းပြင်းရယ်။ နေ့ခင်းနေ့လယ်ဆို နေရောင်ကလည်း စူးစူးရှရှကြီးနဲ့ ပူပူလောင်လောင်ကြီး။ ဒီလိုအချိန်မျိုးမှာ အပြင်ထွက်ကြရဖို့ ကြုံလာရပြီဆို လူအတော်များများအတွက် စိတ်ညစ်ဖို့ သိပ်ကောင်းလှပါတယ်။ ဒီလောက်ပူလောင်နေတဲ့ ကာလမျိုးမှာ အပြင်ထွက်တဲ့အခါ မကြာခနလည်း ခေါင်းကိုက်တဲ့ဝေဒနာမျိုး ခံစားရလေ့ရှိကြပါတယ်။ နဂိုအခံရှိတဲ့ ရောဂါအခြေအနေတွေအပေါ် မူတည်ပြီး ခေါင်းကိုက်တာ (Headache) ခေါင်းတစ်ခြမ်းကိုက်တဲ့ ဦးယဉ်းနာ (Migraine) စသဖြင့် အမျိုးမျိုးကြုံရနိုင်ပါတယ်။ ခေါင်းကိုက်တယ်ဆိုတက ပြောရရင်သာ လွယ်သလောက် ကုစားရခက်ပါတယ်။ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းကတော့ ဦးနှောက်အတွင်းက နာ့ဗ်ကြောလေးတွေ ဟန်ချက်ညီညီအလုပ်မလုပ်နိုင်ချိန်မှာ ခေါင်းကိုက်ဝေဒနာခံစားရမှာဖြစ်ပါတယ်။ ထူးခြားတဲ့ ဆေးပညာဆိုင်ရာ သီအိုရီတစ်ခုရှိပါတယ်။ ပူပြင်းတဲ့အချိန်တွေမှာ ခေါင်းကိုက်တာဟာ ဝေဒနာတစ်မျိုးဆိုတာမှန်ပေမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိတ်ဖိစီးမှုတွေကို တွန်းလှန်ဖို့ ဦးနှောက်က သဘာဝအလျောက် တုန့်ပြန်ခြင်းတစ်မျိုးဖြစ်တယ်ဆိုတဲ့ ယူဆချက်ပါပဲ။ ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေကို ဦးနှောက်က သဘာဝအလျောက် […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ဘာတွေကများ ခေါင်းတစ်ခြမ်းကိုက်စေတာလဲ............

ကြီးမားတဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် တစ်နေ့တာ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်တာကြောင့် ခံစားရခက်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်လို့ သတ်မှတ်လို့ရတဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကိုဖြစ်စေတဲ့ အကြောင်းအရင်းက ဘာတွေများလဲ၊ လို့ သိချင်နေပြီလား။ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်နော်။ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ဘာလဲ........... ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက ပုံမှန်ဖြစ်နေကျခေါင်းကိုက်တာနဲ့ မတူပါဘူး။ ခေါင်းထဲက တဆစ်ဆစ်နာနေသလိုမျိုးခံစားမှု၊ အလင်းဒဏ်ကိုမခံနိုင်တဲ့ ခံစားမှု၊ အသံတွေကို နားမခံနိုင်တဲ့ ခံစားမှု၊ မအီမသာဖြစ်မှုတွေနဲ့အတူ တွဲပြီးခံစားရလေ့ရှိတဲ့ ခေါင်းကိုက်တဲ့ဝေဒနာတစ်မျိုးပါ။ ခံစားရခက်သလို တော်တော်လေးလည်း အလုပ်ပျက်စေနိုင်ပါတယ်။ ဒီတော့ ဘာတွေကများ ခေါင်းတစ်ခြမ်းကိုက်စေတာလဲ............ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဘာတွေကများ ခေါင်းတစ်ခြမ်းကိုက်စေတာလဲ.......... ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ခံစားရစေနိုင်တဲ့ အကြောင်းအရင်းက တစ်ချက်မကရှိနေနိုင်ပါတယ်။ ဘာတွေကများ ခေါင်းတစ်ခြမ်းကိုက်စေတာလဲ............ ဆိုတော့ မျိုးရိုး - မိဘမျိုးရိုးမှာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရဖူးသူရှိမယ်ဆိုရင် ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားရနိုင်ခြေက အခြားသူတွေထက် ပိုများနေပါတယ်။ အသက်အရွယ် - […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Dementia ကို ကာကွယ်ပေးမယ့် ဆေးဖက်ဝင်အပင်တွေက ဘာတွေများလဲ...........

မှတ်ဉာဏ်တွေက မေ့တတ်လာတဲ့ Dementia ဖြစ်မှာကို စိုးရိမ်နေပြီလား။ ဒါဆိုရင် မဖြစ်ခင်က ကြိုတင် ကာကွယ်လို့ရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ဆေးဖက်ဝင် အပင်လေးတွေကို မှီဝဲလိုက်တော့နော်။ Dementia ဆိုတာကဘာလဲ......... Dementia ဆိုတာက မှတ်ဉာဏ်ပိုင်းဆိုင်ရာ၊ တွေးခေါ်နိုင်စွမ်းနဲ့ စကားပြောနိုင်စွမ်းတွေ ထိခိုက်လာတာပါ။ တစ်ခုမကသော ရောဂါတွေ စုပြုံပြီး ဖြစ်လာတဲ့အခြေအနေမျိုးပါ။ သတိမေ့ရုံလောက်နဲ့တော့ Dementia ဖြစ်နေပြီလို့ မဆိုသာပါဘူး။ Dementia ရဲ့ လက္ခဏာတွေက ဘာတွေများလဲ ........ Dementiaရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ • သတိမေ့မယ် • စကား ပြောဆိုချိတ်ဆက်နိုင်စွမ်း နဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ အခက်တွေ့လာမယ် (လုပ်နေကျ အလုပ်တွေကို ဘယ်လိုစလုပ်ရမလဲ မေ့နေတာမျိုးပေါ့) • ရောက်နေတဲ့ နေရာ နဲ့ အချိန်ကာလတွေကို သေချာ မမှတ်မိဘဲ ဝေဝါးနေမယ် • ကိစ္စရပ်တွေကို အသေးစိတ် စဉ်းစားတွေးတောဖို့ […]


ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

ဦးနှောက်တွင်း ရေများခြင်း (Hydrocephalus)

ဦးနှောက်တွင်း နဲ့ ကျောရိုးတွင်းမှာ လှည့်ပတ်စီးဆင်းနေတဲ့ အရည်လေးတွေ ရှိပါတယ်။ ဒါကို cerebro spinal fluid (CSF) လို့ ခေါ်ပါတယ်။ ဦးနှောက်ထဲမှာ ဒီအရည်လေးတွေ စီးဆင်းဖို့ အခန်းလေးတွေ ရှိပါတယ်။ ဒါကို  ဦးနှောက်ခန်း ventricles လို့ ခေါ်ပါတယ်။ ဒါက ပုံမှန်ပါ။ ဒီအရည်လေးတွေ အကြောင်းအမျိုးမျိုးကြောင့် ဦးနှောက်ခန်းထဲမှာ များလာတဲ့အခါ ဦးနှောက်ခန်းတွေ ကျယ်လာပါတယ်။ ဒါ့ကြောင့် ဘေးက ဦးနှောက်ကို ဖိပြီး ဦးနှောက်သားတွေ ပျက်စီးတာ၊ အလုပ်မလုပ်တော့တာတွေ ဖြစ်လာပါတယ်။ အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ ဘာကြောင့် ဦးနှောက်တွင်း မှာ ရေများလာရတာလဲ။ အဓိကက CSF ထုတ်တာနဲ့ ပြန်စွန့်တာ မမျှတလို့ပါ။ CSFက ဦးနှောက်ခန်းမှာ ရှိတဲ့ ဆဲလ်လေးတွေကနေ ထုတ်ပေးတာပါ။ တစ်နေရာကနေ တစ်နေရာကို […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ဦးနှောက် လေး အငွေ့ပျံမသွားခင် ဘယ်လို ပြန်ချော့ကြမလဲ

ခေါင်းတွေ ပူလိုက်တာနော် ၊ လုပ်စရာတွေများပြီး ဖိစီးနေတာ အငွေ့ပျံတော့မတတ်ပဲ လို့ ညည်းရဖူးလား။ တကယ်လည်း စိတ်ဖိစီးစရာ၊ ပူပန်စရာတွေ ၊ အလုပ်တွေ အများကြီးရှိနေပြီဆို ဒီခံစားချက်ကို နားလည်မှာပါ။ ဒီအချိန်မှာ ဦးနှောက် ကို ထပ်ပြီး အတင်း ဖိအား မပေးမိဖို့ လိုပါတယ်။ သူလည်း နားချိန် လိုအပ်တယ်လေ။ ဒါ့ကြောင့် အခုပြောပြမယ့် အချက်လေးတွေ သတိထားပေးနော် … အိပ်မပျော် ရင် အတင်း မအိပ်ပါနဲ့ ညတိုင်း အချိန်မှန်အိပ်သင့်တယ် ဆိုပေမယ့် ကိုယ့်ဦးနှောက်က ပြေးနေတာ အရှိန်မကုန်သေးဘဲ အိပ်ဖို့အသင့်မဖြစ်သေးတဲ့ အချိန်တွေ ရှိတယ်။ ဒီလိုဖြစ်လာရင် အတင်းကြီး လှိမ့်အိပ်မနေပါနဲ့။ အိပ်မပျော်တဲ့ အတွေးပေါင်းသောင်းခြောက်ထောင်က ဖိစီးလာလိမ့်မယ်။ အဲ့တော့ သင့်ခန္ဓာကိုယ် ကို ပင်ပန်းလာ ၊ ပျင်းရိလာစေတဲ့အထိ မပင်ပန်းတဲ့ အလုပ် […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

မေ့ တတ်တဲ့ ပြဿနာ အဖြေရှာ ကြည့်ရအောင်

မေ့ တာ မှ လက်ထဲ ဖုန်းကိုင်ထားပြီး ဖုန်းပျောက် လိုက်ရှာမိတဲ့အထိ။ ကိုယ် ဘာပြောနေလဲ ဆိုတာတောင် အခုပြော အခုမေ့တဲ့ အဖြစ်။ စကားတွေလည်း မှားပြောလိုပြော။ အယောင်ယောင် အမှားမှား နဲ့ မေ့လျော့တတ်နေတာ အတော်လေး အဆင်မပြေ ဖြစ်ရတယ် မဟုတ်လား… ဒါတွေ ဘာလို့ ဖြစ်ရတာလဲ  ဆေးပညာ ဘက်ကနေ နည်းနည်းလောက် အဖြေရှာကြည့်ရအောင် - အိပ်ရေးပျက်ခံတာ များလို့ အိပ်ရေးပျက်ထားတယ် ဆိုရင် နောက်တစ်နေ့မှာ ဘာလုပ်လုပ် လေးဖင့် နေပြီး ဟို မေ့ ဒီ မေ့ ဖြစ်၊ အာရုံစိုက်မရတာ တွေ ဖြစ်တတ်ပါတယ်။ အကြောင်းရင်း ကတော့ ဦးနှောက်ထဲက အာရုံကြောဆဲလ်တွေ ရဲ့ လုပ်ဆောင်နိုင်စွမ်း အားနည်းစေလို့ ပါပဲ။ မနက်စာ မစားလို့ နေ့တစ်နေ့ရဲ့ အစမှာ ခန္ဓာကိုယ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း