ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

အယ်လ်ဇိုင်းမားရောဂါ စတင်လာခြင်းလက္ခဏာများ

အယ်လ်ဇိုင်းမားရောဂါ ဟာ မှတ်ဉာဏ်နဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းတဲ့ရောဂါဖြစ်ပြီး ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၅၀ ကျော်ခန့် ကြုံတွေ့နေ တဲ့ပြဿနာ ဖြစ်ပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် အသက်ကြီးပိုင်းတွေမှာ ဖြစ်တာများပေမယ့် တခါတရံ အသက် ၄၀-၅၀ အရွယ်တွေမှာ ဖြစ်တာလည်း တွေ့ရတတ်ပါတယ်။ အသက်လေးဆယ်ကျော်အရွယ်တွေမှာ အယ်လ်ဇိုင်းမားဖြစ်ရင် ရောဂါအမည်တပ်ဖို့ ခက်ခဲတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေနဲ့ ဆင်တူနေလို့ ဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ စတင်လာခြင်းလက္ခဏာများ အယ်လ်ဇိုင်းမားဟာ ဦးနှောက်ကို ထိခိုက်လာတဲ့အခါ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ကျဆင်းခြင်း၊ ကျိုးကြောင်းဆင်ခြင်မှုနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ကျဆင်းခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ကျဆင်းခြင်းဟာ ဖြည်းဖြည်းချင်းဖြစ်လာတာမို့ သိပ်မသိသာပါဘူး။ အယ်လ်ဇိုင်းမားရောဂါ စတင်လာရင် ဘာတွေကြုံနိုင်သလဲ အယ်လ်ဇိုင်းမားရောဂါ အစပျိုးလာချိန်မှာ မှတ်ဉာဏ် စတင်ချို့ယွင်းလာပါတယ်။ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်မှု၊ ဆင်ခြင်မှုတွေလည်း စွမ်းရည်ကျဆင်းပြီး […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ဦးနှောက်ကို ကျန်းမာစေဖို့

ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့လုပ်ငန်းတာဝန်အားလုံးကို ထိန်းချုပ်နေရတာမို့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်တယ် ဆိုတာကိုတော့ အငြင်းပွားဖွယ်ရာ မရှိပါဘူး။ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်တာမို့လည်း ပုံမှန်အခြေအနေရှိအောင် ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊၊ ဆီးချို စတဲ့အခြေအနေများဟာ ဦးနှောက်ကို ထိခိုက်စေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါနဲ့ မှတ်ဉာဏ်ချို့ယွင်းလာတဲ့ ပြဿနာမျိုး ကြုံနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ သွေးတိုး၊ ဆီးချို စတာတွေဟာ သွေးကြောတွေကို ဒုက္ခပေးရာကတဆင့် ဦးနှောက်ကို ထိခိုက်စေခြင်း ဖြစ်ပါတယ်။ သုတေသနတွေအရ အဆိုပါအချက်သုံးချက်စလုံးနဲ့ တိုက်ဆိုင်သူများဟာ သာမန်လူများထက် ဦးနှောက်ရဲ့အညိုရောင်အပိုင်း ထုထည်ပိုမိုလျော့နည်းပါတယ်။ အဆိုပါအပိုင်းဟာ အာရုံကြောဆဲလ်အများဆုံးရှိတဲ့အပိုင်းဖြစ်လို့ ထိခိုက်မှုရှိလာရင် အာရုံကြောတုံ့ပြန်မှုနဲ့ ဖြစ်စဉ်များ နှေးကွေးလာတယ်လို့ သိရပါတယ်။ တကယ်တော့ သွေးကြောများကိုဒုက္ခပေးတဲ့ အဆိုပါပြဿနာတွေဟာ ဦးနှောက်ဖွဲ့စည်းပုံတစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။ အပြင်ပန်းအရ ကျန်းမာရေးကောင်းတယ်လို့ ယူဆရသူတွေကိုတောင် ရေရှည်မှာ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ဦးနှောက်နဲ့အာရုံကြော ကျန်းမာစေဖို့ ဘာတွေစားရမလဲ။

လူသားတွေက နေ့စဉ်တိုင်းမှာ နှလုံး၊ အဆုတ်၊ ကျောက်ကပ် စတာတွေကိုဂရုစိုက်သလို အသက်ရှူလမ်းကြောင်းနဲ့ အစာခြေစနစ်ကိုလည်း မေ့မထားကြပါဘူး။ ကိုယ်ခံအားကိုလည်း အရေးထားတတ်ပေမယ့် ဆုံးဖြတ်ချက် အဝဝကို ချမှတ်ပေးပြီး သိမှု၊ မြင်မှု၊ ကြားမှုတွေ ကို လုပ်ဆောင်ပေးနေတဲ့ အာရုံကြော စနစ် ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ဒီ တစ်ခေါက်တော့ အာရုံကြောစနစ်ကို ကျန်းမာစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးပါရစေ။ အာရုံကြော စနစ် ကျန်းမာစေဖို့ ဒါတွေ စားပေးပါ။ တစ်နေ့တာ ဆုံးဖြတ်ချက် အဝဝကို ချမျတ်ရာမှာ အရေးပါတဲ့ အာရုံကြော စနစ် ကျန်းမာစေဖို့ဆိုရင် အစေ့အဆန် နဲ့ အခွံမာသီးတွေ သစ်ကြားသီး၊ အယ်လ်မွန်စေ့၊ နှမ်းကြတ်စေ့တို့လိုမျိုး အစေ့အဆန်တွေ နဲ့ အခွံမာသီးတွေမှာ အသားအရေကို ကျန်းမာစေပြီး အာရုံကြောစနစ်နဲ့ ဆဲလ် အမြှေးပါးတွေကို ကျန်းမာစေနိုင်တဲ့ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ဦးနှောက်နဲ့အာရုံကြော ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထများ

ကျန်းမာတဲ့ အလေ့အထလေးတွေကို မွေးမြူတာက နှလုံး ကျန်းမာစေသလို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထကို မွေးမြူပေးတာက လေဖြတ်တာ၊ အမျိုးစား (၂) ဆီးချိုရောဂါ နဲ့ Alzheimer’s ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးရာ ရောက်ပါတယ်။ အာရုံကြောစနစ်ကို ကျန်းမာစေပြီး ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေကို မှတ်မိနေနိုင်မှာ ဖြစ်သလို ဆုံးဖြတ်ချက်တွေကိုလည်း အကောင်းဆုံး ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဦးနှောက်က အရွယ်ရောက်ပြီးသူ ကိုယ်အလေးချိန်ရဲ့ ၂ ရာခိုင်နှုန်းသာရှိပေမယ့် ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ စွမ်းအင်ရဲ့ ၂၀ ရာခိုင်နှုန်းကို အသုံးပြု ရပါတယ်။ စွမ်းအင် မလုံလောက်တဲ့အခါ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ ခြေကုန်လက်ပမ်း ကျတာ အပါအဝင်၊ အာရုံစူးစိုက်မှုဆိုင်ရာ အခက်အခဲရှိတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် မွေးမြူသင့်တဲ့ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်ခြင်း အကြောင်းရင်းများနှင့် သက်သာအောင် ပြုလုပ်နည်းများ

လူတိုင်းနီးပါး ခေါင်းကိုက်တယ်ဆိုတာကို ခံစားဖူးပါတယ်။ ခေါင်းကိုက် နေပြီ ဆိုရင် ဘာမှ လုပ်လို့ အဆင်မပြေတော့ဘူး။ မဆိုစလောက်လေး ခေါင်းကိုက်နေရင်တောင် ကိုယ့်ရဲ့ လုပ်စရာကိစ္စတွေမှာ အနှောင့်အယှက်တွေဖြစ် စဉ်းစားလို့မရ လုပ်နေကျ အလုပ်တွေကိုတောင် လုပ်မရဖြစ်၊ အရမ်းဆိုးရင်တော့ အိပ်ရာထဲကကို မထနိုင်အောင် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလောက်အောင် ခံစားရပါတယ်။ ပြောတော့သာ ခေါင်းကိုက်တယ် ဆိုတဲ့ တစ်ခွန်းတည်းပါ။ နားထင်က ထိုးတာ၊ တဒိတ်ဒိတ်နဲ့ ကိုက်တာ၊ ဟိုဟိုဒီဒီ စူးခနဲ ခေါင်းကိုက်တာ၊ နောက်စေ့က အုံခဲနေတာ၊ နဖူးနဲ့ မျက်ရိုးနား ကိုက်တာ စတဲ့ ခေါင်းကိုက်နည်းတွေ မျိုးစုံပါပဲ။ ဒါတွေကို နည်းနည်းအဖြေရှာကြည့်ရအောင်။ ဘာတွေကြောင့် ခေါင်းကိုက် စေနိုင်သလဲ ခေါင်းကိုက်စေနိုင်တဲ့ အကြောင်းရင်း ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအများကြီးပါ။ အဖြစ်များဆုံး အနေနဲ့ - စိတ်ဖိစီးမှု အိပ်ရေးပျက်ခြင်း ဆာလောင်မှု ကဖင်းစွဲလမ်းခြင်း(ကဖင်း […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

သင်က မကြာခဏ ခေါင်းကိုက်တတ်သူ လား။ ခေါင်းကိုက်ခြင်းဟာ လူအတော်များများမှာ ကြုံတွေ့နေရတတ်တဲ့ အခြေအနေတစ်ခုပါ။ ခေါင်းအနည်းငယ်သာ ကိုက်ခြင်းကနေ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ထိခိုက်တဲ့အထိ ခေါင်းကိုက်နေခြင်းမျိုးတွေပါ ဖြစ်နိုင်ပါတယ်။ ဒီလို ခေါင်းကိုက်ဝေဒနာတွေကို ကုသပေးနိုင်မယ့် ခေါင်းကိုက်ပျောက်ဆေးတွေ အမျိုးမျိုးရှိနေသလို ခေါင်းကိုက်ခြင်းအတွက် သဘာဝနည်းလမ်းတွေလည်း ရှိနေပါသေးတယ်။ မကြာခဏ ခေါင်းကိုက်တတ်သူ များ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ (၁) ရေသောက်ပါ။ ရေဓာတ်မပြည့်ဝခြင်းကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ ရေဓာတ်မပြည့်ဝတာကြောင့် အာရုံမစူးစိုက်နိုင်တော့ဘဲ စိတ်ဂနာမငြိမ် ဖြစ်လာနိုင်တာမို့ ခေါင်းကိုက်ခြင်းကို ပိုဆိုးစေမှာပါ။ ဒါကြောင့် နေ့စဉ်နေ့တိုင်း ရေကိုလုံလောက်စွာ သောက်ပေးပါ။ ရေဓာတ် ပြည့်ဝတဲ့အစားအစာတွေ၊ အသီးအနှံတွေလည်း စားပေးနိုင်ပါတယ်။ (၂) မဂ္ဂနီဆီယမ် သတ္တုဓာတ်မှီဝဲပါ။ မဂ္ဂနီဆီယမ်နည်းပါးခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်သလို အာရုံကြောတွေအတွက်လည်း ကောင်းပါတယ်။ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ဝမ်းလျှောတာမျိုး၊ အစာခြေပြဿနာရှိတာမျိုးတွေ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ဘာကြောင့် လက်တုန် ရတာလဲ ၊ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

တစ်ခုခုများ အာရုံစိုက်ပြီး လုပ်ရမယ်ဆို လက်က တုန်လာပြီ။ ဇွန်းလေး ကိုင်ပြီး ဟင်းချိုသောက်တာတောင် တုန်လို့ ဖိတ်ကုန်တာ၊ တူနဲ့ စားမယ်ဆို ညှပ်ရခက်တာ၊ ရေခွက် ကိုင်ရင် လက်တုန် တာတွေ အတော် အဆင်မပြေဖြစ်ရတာပါ။ ဘာ့ကြောင့် လက်တုန် ကြသလဲ အများစု ကတော့ အရက်ကြောင့်၊ ကဖင်းကြောင့် ဒီလို ဖြစ်တတ်တယ်လို့ ပြောကြပေမယ့် အရက် မသောက်၊ ကော်ဖီ မသောက်တတ်တဲ့ သူတွေ အတွက်တော့ တခြား အကြောင်းရင်းတွေ ရှိနေပါသေးတယ် - အာရုံကြော ရောဂါ Essential Tremor လို့ ခေါ်တဲ့ အာရုံကြောရောဂါ တစ်မျိုး ကြောင့် လက်တုန် စေတတ်ပါတယ်။ ကော်ဖီခွက် ကိုင်လည်း တုန်၊ ဖယောင်းတိုင် ကိုင်လည်း တုန်၊ ဇွန်းခက်ရင်း ကိုင်လည်း တုန်နေတတ်တဲ့ […]


စိတ်မူမမှန်မှု ပြဿနာများ

ဒေါင်းရောဂါလက္ခဏာစုအကြောင်း တစေ့တစောင်း

မျက်နှာပုံစံ ဆင်တူကြပြီး အခြားသူတွေနဲ့ မတူ တမူကွဲပြားနေတဲ့လူတွေကို မြင်ဖူးကြမှာပါ။ ဒေါင်းရောဂါလက္ခဏာစု (Down Syndrome)လို့ ခေါ်ပါတယ်။ သူတို့လေးတွေဟာ ပုံမှန်လူတွေမှာပါဝင်တဲ့ မျိုးရိုး ဗီဇဆဲလ် (ခရိုမိုဆုမ်း)ပမာဏထက် ပိုမို ပါဝင်နေကြသူတွေပါ။ ခရိုမိုဆုမ်းဆိုတာ မျိုးရိုးဗီဇဆဲလ်တွေ စုစည်းထားတဲ့ အစုအဝေးတစ်ခုပါ။ ခရိုမိုဆုမ်းတွေဟာ  ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးရဲ့ဖွံ့ဖြိုးမှုပုံသဏ္ဍာန်တွေကို သတ်မှတ်ပေးပြီး မွေးဖွားပြီးချိန်မှာလည်း ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို သတ်မှတ်ပေးနိုင်ပါတယ်။ သာမန်ကလေးတစ်ယောက်ဟာ ခရိုမိုဆုမ်း (၄၆)ခု ပါဝင်ပါတယ်။ ဒေါင်းကလေးတစ်ယောက်မှာတော့ သူများထက် ခရိုမိုဆုမ်းတစ်ခု ပိုမိုပါဝင်နေပါတယ်။ ခရိုမိုဆုမ်းပိုလျှံခြင်းရဲ နောက်ဆက်တွဲကတော့ ကလေးရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေကို သက်ရောက်တာပါပဲ။ ဒါဟာ ကလေးအတွက် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ စိန်ခေါ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒေါင်းရောဂါလက္ခဏာစု ကလေးတွေဟာ ရုပ်ချင်းဆင်တူကြပေမယ့် စွမ်းရည်ခြင်း အနည်းငယ်ကွဲပြား တတ်ကြပါတယ်။ သာမန်ထက် ဉာဏ်ရည် (IQ)အနည်းငယ်နိမ့်ပြီးတော့  […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

ခြေ၊လက်တွေ ထုံကျဉ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ခြေလက်တွေ မှာ ထုံကျဉ် တဲ့ ခံစားမှုကို တော်တော်များများ ခံစားဖူးကြမှာပါ။ ဒီလို လက္ခဏာတွေဟာ အဖြစ်များပြီး စိတ်အနှောင့်အယှက်လည်း အတော်လေးဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်လေ အိပ်တဲ့အချိန်မှာ ဖိပြီးအိပ်မိတာ၊ အချိန်အကြာကြီး ခြေချိတ်ပြီးထိုင်မိတာ စတဲ့အခြေအနေတွေမှာ nerve (သို့) အာရုံကြောလေးတွေကို ဖိမိတာကြောင့် ခြေထောက်၊ လက်တွေမှာ ထုံလာတာ၊ ကျဉ်လာတာမျိုးတွေကို ခဏတာ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ပြန်ပြီး အနေအထားပြင်လိုက်မယ်၊ မဖိမိအောင် နေလိုက်မယ်ဆိုရင် ပြန်ပြီး အလိုလို သက်သာသွားမှာပါ။ ဒါပေမယ့် တချို့တွေမှာတော့ ထုံ၊ ကျဉ်တဲ့ ပြသနာက ပိုပြီးဆိုးရွားတာ၊ အချိန်အကြာကြီးဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ထုံကျဉ်တဲ့ လက္ခဏာအပြင် နာကျင်ခြင်း၊ ယားယံခြင်း၊ ကြွက်သားတွေ အားနည်းလာခြင်း စတဲ့ အခြားလက္ခဏာတွေပါ တွဲပြီးဖြစ်လာပြီဆိုရင်တော့ အာရုံကြောလေးတွေ ပျက်စီးတာကြောင့် […]


ဦးနှောက်အာရုံကြောကျန်းမာရေး

လေထုညစ်ညမ်းမှုနဲ့ ပါကင်ဆန်ရောဂါ

လေထုညစ်ညမ်းမှု (Air Pollution) ဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာအများအပြားကို ဖန်တီးနိုင်ပါတယ်။ လူတွေရဲ့ စည်းကမ်းမမှုရှိမှုတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အလေးမထားမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ Air Pollution ဟာ လူသားတွေကို ထိခိုက်စေတဲ့ ကျန်းမာရေးပြဿနာတွေ ပြန်လည်ဖြစ်ပေါ်စေပါတယ်။ အခြေခံအားဖြင့် သိနားလည်ထားတာက Air Pollution နာတာရှည်အဆုတ်ရော၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ နမိုးနီးယား၊ ရင်ကျပ်၊ ကိုယ်ဝန်ထိခိုက်တာ၊ လေဖြတ်ဝေဒနာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ ဒါပေမယ့် ခုအမေရိကန် ဆေးသိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်မှာတော့ လေထုညစ်ညမ်းမှုဟာ နောက်ထပ် ကျန်းမာရေးပြဿနာတစ်ခုရဲ့ အကြောင်းခံ အရင်းအမြစ်တစ်ခုဖြစ်နေတာကို သိရှိလာရပါတယ်။ ပါကင်ဆန်ဝေဒနာ အဲ့ဒါကတော့ ပါကင်ဆန်ရောဂါပါပဲ။ ပါကင်ဆန်ရောဂါ (Parkinson’s disease) ဆိုတာက ဦးနှောက်အတွင်းမှာ Dopamine လို့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးတဲ့ အာရုံကြောဆဲလ်တွေ ထိခိုက်ခံရတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ Dopamine နည်းလာတာနဲ့အမျှ လူတစ်ယောက်ရဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း