ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Basal Ganglia Disease (ဦးနှောက်ရှိ ဘေဆယ်ဂန်ဂလီယွန် ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Basal Ganglia Disease (ဦးနှောက်ရှိ ဘေဆယ်ဂန်ဂလီယွန် ရောဂါ) ကဘာလဲ။ Basal ganglia သည် ဦနှောက်အတွင်းမှ ဖွဲ့စည်းတည်ဆောက်ထားသောအစိတ်အပိုင်းများစုပေါင်းထားသောအုပ်စုတစ်ခုဖြစ်ပါသည်။ Basal ganglia ရောဂါသည် ထိုအုပ်စု က မလိုလားအပ်သောလှုပ်ရှားမှုများကိုဖိနှိပ်ရန်နှင့် ကိုယ်ခန္ဓါအပေါ်ပိုင်းလှုပ်ရှားမှုများကိုထိန်းချုပ်ရန် ဆုံးရှုံးသောအခါ ဖြစ်ပွားသောရုပ်ပိုင်းဆိုင်ရာဆောင်ရွက်မှု ပျက်ပြားခြင်း ဖြစ်ပါသည်။ Basal Ganglia Disease (ဦးနှောက်ရှိ ဘေဆယ်ဂန်ဂလီယွန် ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လှုပ်ရှားမှုပျက်ပြားခြင်းသည် basal ganglia နှင့်အသက်ဆိုင်ဆုံးဖြစ်သော်လည်းသုတေသနပြုလုပ်မှုများ က basal ganglia ရောဂါသည် စွဲလန်းခြင်းရောဂါ (obsessive compulsive disorder) နှင့် ရုပ်ပိုင်းဆိုင်ရာအသံပိုင်းဆိုင်ရာထစ်ခြင်း (Tourette syndrome) တို့ကို ဖြစ်စေနိုင်သည်ဟု ပြသပါသည်။ ဤရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားသော်လည်းအသက်ကြီးသောသူများတွင် ပို၍ဖြစ်ပွားပါသည်။ သို့သော် အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Acquired Polyneuropathy (မွေးရာပါ မဟုတ်သည့် အာရုံကြောများ ထိခိုက်သော ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acquired Polyneuropathy (မွေးရာပါ မဟုတ်သည့် အာရုံကြောများ ထိခိုက်သော ရောဂါ) ကဘာလဲ။ မွေးရာပါမဟုတ်သောအာရုံကြောများထိခိုက်မှု ဆိုသည် မှာတစ်ခါတည်းနှင့် အာရုံကြောများစွာထိခိုက်စေသောအာရုံကြောရောဂါ တစ်ခုဖြစ်ပါသည်။ ထိခိုက်မှုသည် အခြားရောဂါများကြောင့် ဖြစ်နိုင်ပြီးမျိုးဗီဇဆက်ခံခြင်းကြောင့် မဟုတ်ပါ။ ထို့ ကြောင့် မွေးရာပါ မဟုတ်သောအာရုံကြောများထိခိုက်မှု ရောဂါကိုတိုက်ရိုက် အဖြေရှာဖွေ လို့ရပါသည်။ မွေးရာ ပါ မဟုတ်သောအာရုံကြောများထိခိုက်မှုသည် အဖြစ်များဆုံးအာရုံကြောရောဂါများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ မွေးရာပါမဟုတ်သောအာရုံကြောများထိခိုက်မှု ကိုအာရုံကြောလုပ်ငန်း ( ဥပမာ- အာရုံခံစားမှု၊ လှုပ်ရှားမှု၊ အလိုအလျောက်လှုပ်ရှားမှု) ပေါ်မူတည်၍ အမျိုးအစားခွဲခြားထားနိုင်ပါသည်။ ဖြစ်စေသောအကြောင်းရင်းသို့မဟုတ် မျိုးဗီဇအုပ်စုပေါ်မူတည်၍ အခြားအမျိုးအစားခွဲမှုများလည်းရှိသည်။ အာရုံကြောများထိခိုက်ခြင်းအမျိုးအစားအချို့မှာ Guillain-Barre syndrome (လျင်မြန်စွာ ကြွက်သားပျော့ခွေအားနည်းသောရောဂါ) ၊သွေးကြောရောဂါ ၊အရိုးဆစ် ရောင်ခြင်း၊အာရုံကြောပေါ်တွင် ဖုံးအုပ်ထားသောအလွှာများနာတာရှည်ပျက်စီးခြင်း၊ small cell carcinoma ကင်ဆာကြောင့်ဖြစ်သောအာရုံခံစားထိတွေ့မှုပျက်စီးသောရောဂါ တို့ ပါဝင်ပါသည်။ Acquired Polyneuropathy (မွေးရာပါ […]


ဦးနှောက်အာရုံကြောကျန်းမာရေး

Carpal Tunnel Syndrome (လက်ကောက်ဝတ်ရှိ အာရုံကြော ဖိမိသောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Carpal Tunnel Syndrome (လက်ကောက်ဝတ်ရှိ အာရုံကြော ဖိမိသောရောဂါ) ကဘာလဲ။ Carpal Tunnel Syndrome(CTS)ဆိုသည်မှာလက်ကောက်ဝတ်နှင့် လက်ကိုထိခိုက်သောရောဂါ တစ်ခုဖြစ်ပါသည်။ Median nerve ဆိုသည်မှာ carpel tunnelဟုခေါ်သော လက်ကောက်ဝတ်တွင်းမှ လမ်းကြောင်းတစ်ခုကိှုဖြတ်သွားကာလက်နှင့် လက်ကောက်ဝတ် ၏ လှုပ်ရှားမှု နှင့် ထိတွေ့ခံစားမှုကိုထိန်းချုပ်ထားသောအာရုံကြော ဖြစ်သည်။ ၎င်း သည် carpel tunnel ထဲတွင် တည်ရှိသည်။ CTS သည် လက် နှင့် လက်ကောက်ဝတ် တွင် ထုံခြင်း၊ ကျဉ်ခြင်းနှင့် စူးရှစွာထူးဖောက်သကဲ့သို့ နာကျင်ခြင်းတို့ကို ဖြစ်စေသည်။ Carpal Tunnel Syndrome (လက်ကောက်ဝတ်ရှိ အာရုံကြော ဖိမိသောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ CTS သည် စာရေးသားရသူများ၊ ငွေစာရင်းကိုင်သူများ၊ သားသတ်သမားများနှင့် သန့်ရှင်းရေးလုပ်သားကဲ့သို့သောအချို့အလုပ်အကိုင်များတွင် အဖြစ်များပါသည်။ အန္တရာယ်ဖြစ်စေ နိုင်သောအချက်များကိုလျော့ချခြင်းအားဖြင့် […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Cerebral Palsy (ဦးနှောက်အကြောသေရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cerebral Palsy (ဦးနှောက်အကြောသေရောဂါ) ကဘာလဲ။ ဦးနှောက်အကြောသေရောဂါဆိုသည်မှာ ကြွက်သားများနှင့် အာရုံကြောများကိုထိခိုက်စေသောအခြေအနေအုပ်စု ဖြစ်ပါသည်။ မျိုးမျိုးဆက်ခံခြင်းကြောင့် မဟုတ်သော်လည်းငယ်ရွယ်သောအချိန်တွင် စတင်ဖြစ်ပွားပါသည်။ ဦးနှောက်အကြောသေရောဂါ (CP) ၃ မျိုးမှာ spastic (အဖြစ်အများဆုံး ). Atetoid နှင့် ataxic တို့ဖြစ်ပါသည်။ Cerebral Palsy (ဦးနှောက်အကြောသေရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဦးနှောက်အကြောသေရောဂါ သည် ပိုးဆိုးမလာသောတစ်သက်တာဖြစ်သောရောဂါ ဖြစ်ပါသည်။ ဦးနှောက်အကြောသေရောဂါ ဖြစ်သောကလေးအများစုသည် ပုံမှန်သက်တမ်း ဖြင့် နေနိုင်ပါသည်။ အချို့လူများသည် ထိခိုက်မှုသိပ်မပြင်းထန်ခြင်းကြောင့်ပုံမှန်ဘဝနီးပါးဖြင့် နေထိုင်နိုင်ပါသည်။ အချို့မှာဆိုးရွှားစွာမသန်မစွမ်း ဖြစ်ပါသည်။ လူအများစုသည် ရုပ်ပိုင်းဆိုင်ရာဆိုးရွှားစွာမသန်မစွမ်း ဖြစ်သွားသော်လည်းပုံမှန် ဉာဏ်ရည်ရှိကြပါသည်။ လက္ခဏာများCerebral Palsy (ဦးနှောက်အကြောသေရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဦးနှောက်အကြောသေရောဂါ၏ အဖြစ်များသောရောဂါလက္ခဏာများမှာလက်နှင့် ခြေထောက် များပုံမမှန် လှုပ်ရှားခြင်း၊ ကလေးငယ်များ နို့တိုက်ရန် အဆင်မပြေခြင်း၊ ငယ်ရွယ်စဉ်တွင် ကြွက်သားများပျောခြင်း၊ လမ်းလျှောက်တတ်ရန်နှင့် စကားပြောတက်ရန် […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Guillain Barre Syndrome (ကြွက်သားအားနည်းပျော့ခွေသော ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Guillain Barre Syndrome (ကြွက်သားအားနည်းပျော့ခွေသော ရောဂါစု) ကဘာလဲ။ Guillainbarre syndromeဆိုသည်မှာရှားပါးသောရောဂါတစ်မျိုးဖြစ်ပါသည်။ Guillainbarre syndrome သည်ပင်မမဟုတ်သည့် ဘေးပတ်လည်အာရုံကြောအဖွဲ့အစည်း၏ အစိတ်အပိုင်းများကိုတိုက်ခိုက်သောကိုယ်ခံအားစနစ်ကြောင့် ဖြစ်ပါသည်။ ဤရောဂါသည် သေချာမကုသပါကအာရုံကြောများကိုရောင်ရမ်းစေပြီး ကြွက်သားများအားလျော့ခြင်း နှင့် အကြောသေခြင်းတို့ကို ဖြစ်နိုင်ပါသည်။   လက္ခဏာများGuillain Barre Syndrome (ကြွက်သားအားနည်းပျော့ခွေသော ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ ခန္ဓါကိုယ်ကြွက်သားများအားနည်းခြင်း၊ ယားယံခြင်းတို့ပါဝင်သည့် ရောဂါလက္ခဏာများသည် လျင်မြန်စွာပေါ်ပေါက်လာပြီး ခန္ဓါကိုယ်အပေါ်ပိုင်းသို့မဟုတ် လက်မောင်များဘက်ဆီသို့ ပျံ့နှံ့သွားပါသည်။ အဖြစ်များသည့် ရောဂါလက္ခဏာများမှာ ခြေ နှင့် လက် တုံ့ပြန်မှုများဆုံးရှုံးခြင်း ခြေ နှင့် လက် တွင် ယားယံခြင်းအားပျော့ခြင်း ကြွက်သားများနာကျင်ခြင်း သက်တောင့်သက်သာမလှုပ်ရှားနိုင်ခြင်း သွေးပေါင်ကျခြင်း နှလုံးခုန်သံမမှန်ခြင်း အမြင်ဝေဝါးခြင်းသို့မဟုတ် နှစ်ထပ် မြင်ရခြင်း မောပန်းစွာအသက်ရှူရခြင်း မျိုချရာတွင် ခက်ခဲခြင်း အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါတို့တွေ့ရှိရပါကသင်၏ ဆရာဝန်နှင့် ဆက်သွယ်ပါ။ လက်နှင့်ခြေတွင် ယားယံခြင်းများခံစားရပြီးအခြားနေရာများသို့ ပျံ့နှံ့ သွားသည်ဟုခံစားရပါသည်။ ကြွက်သားများအားနည်းခြင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း