ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

မှတ်ဉာဏ်ချို့တဲ့ရောဂါ ဘယ်လိုကာကွယ်ကြမလဲ

မှတ်ဉာဏ်ချို့တဲ့ရောဂါကို တိုက်ရိုက် ကာကွယ်ဖို့ခက်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ဘယ်အချိန်မှာ ဘယ်လို စဖြစ်မလဲဆိုတာကို သိဖို့ ခက်ခဲနေလို့ပါ။ လေဖြတ်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ မှတ်ဉာဏ်ချို့တဲ့ခြင်းကိုတော့ လေမဖြတ်အောင် နှလုံးရောဂါနဲ့ လေဖြတ်စေနိုင်တဲ့ အခြေခံအကြောင်းအရင်းတွေကို ရှောင်ရှားရင်းနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။ အကယ်၍သင့်မှာ ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေဘာရှိနေသလဲဆိုတာ မသိရင်ပဲဖြစ်ဖြစ်၊ မှတ်ဉာဏ်ချို့တဲ့ရောဂါကို ကာကွယ်ချင်လို့ပဲဖြစ်ဖြစ် အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ကာကွယ်နိုင်ပါတယ်။ ၁ - ဆေးလိပ် သောက်ခြင်းမှ ရှောင်ကျဉ်ပါ။ ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးများစွာထဲက တစ်ချက်ကတော့ သွေးကြောနံရံတွေကို ကျဉ်းစေပါတယ် ၊ သွေးကြောနံရံတွေ ကျဉ်းလာတဲ့အခါ နှလုံးရောဂါနဲ့ လေဖြတ်စေနိုင်တဲ့ ရာခိုင်နူန်းကိုတက်စေနိုင်ပါတယ်။ ဒီအချက်တွေက မှတ်ဉာဏ်ချို့တဲ့ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်တစ်ချက်က ဆေးလိပ်မီးခိုးတွေထဲမှာ အိုမင်းရင့်ရော်ခြင်းကို အားပေးတဲ့ ဒြပ်ပေါင်းတွေ အများကြီးပါပါတယ်။ မျက်ဉာဏ်ချို့တဲ့ခြင်းကို ဒါတွေကလည်း အားပေးပါတယ်။ ၂ - ကိုယ်အလေးချိန် ထိန်းပါ။ ကိုယ်အလေးချိန် လိုတာထက်ပိုများနေတာက […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ကိုယ်တစ်ခြမ်းအားပျော့ခြင်း နဲ့ ကိုယ်တစ်ခြမ်းသေခြင်း

မြန်မာစကားမှာ ' ကိုယ်တစ်ခြမ်းအားပျော့ခြင်း 'နဲ့ ' ကိုယ်တစ်ခြမ်းသေခြင်း 'ရယ်လို့ ရှိပါတယ်။ စာလို ပြောရင်တော့ Hemiparesis နဲ့ Hemiplegia ပါ။ မြန်မာလိုပဲ ကြည့်ကြည့်၊ အင်္ဂလိပ်လိုပဲ ကြည့်ကြည့် တူတူပဲလို့ ထင်စရာရှိပါတယ်။ တကယ်လည်း သိပ်မကွာပါဘူး။ ဖြစ်တဲ့ အကြောင်းရင်းကလည်း အတူတူပါပဲ။ အဓိကက ခံစားရတဲ့ ပုံစံချင်းပဲ ကွာတာပါ။ ဒီအကြောင်းကို အောက်မှာ အသေးစိတ် ရှင်းပြပေးပါမယ်။ ကိုယ်တစ်ခြမ်းအားပျော့ခြင်း နဲ့ ကိုယ်တစ်ခြမ်း သေခြင်း ကိုယ်တစ်ခြမ်းအားပျော့ခြင်း - ဆိုလိုတာက ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းပဲဖြစ်ဖြစ်၊ ညာဘက်ခြမ်းပဲဖြစ်ဖြစ် အားနည်းတာပါ။ ကြွက်သားအားနည်းတာပဲဖြစ်ဖြစ်၊ ခံစားမှုမရှိတာပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ကိုယ်တစ်ခြမ်း သေခြင်း - ကိုယ်တစ်ခြမ်း သေတာကတော့ အားပျော့တာထက် ပိုပြင်းထန်ပါတယ်။ လုံးဝကို မလှုပ်နိုင်တာပါ။ အာရုံခံစားမှု ရှိကောင်း […]


ပါကင်ဆန်ရောဂါ

ပါကင်ဆန်ရောဂါ (Parkinson's disease)

ပါကင်ဆန်ရောဂါ ဆိုတာ လှုပ်ရှားမှုကိုထိခိုက်တဲ့ အာရုံကြောရောဂါပါ။ စစချင်းမှာတော့ လက်တုန်တာလောက်ပဲ လက္ခဏာပြပါတယ်။ ဒီရောဂါရဲ့ တွေ့ရများတဲ့ လက္ခဏာကတော့ လက်တုန်တာပါ။ ဒါပေမယ့် နောက်ပိုင်းကျရင် တောင့်တင်းတာ၊ လှုပ်ရှားမှုနှေးကွေးတာ စတာတွေပါဖြစ်လာနိုင်ပါတယ်။ ရောဂါအစပိုင်းမှာတော့ မျက်နှာက ခံစားမှုမရှိသလိုမျိုး ဖြစ်နေပါမယ်။ လမ်းလျှောက်ရင်လည်း လက်လွှဲလို့မရပါဘူး။ စကားတွေလည်း ဝဲလာပါတယ်။ အချိန်ကြာလာလေလေ လက္ခဏာတွေက ပိုဆိုးလာလေပါပဲ။ ပါကင်ဆန်ရောဂါ က အပြီးပျောက်အောင် ကုသလို့မရပါဘူး။ ဒါဟာနာတာရှည်ရောဂါပါ။ လက္ခဏာသက်သာအောင်တော့ ဆေးတွေပေးလို့ရပါတယ်။ ပါကင်ဆန်ရောဂါ ဘာကြောင့်ဖြစ်တာ ပါကင်ဆန်ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။ မျိုးရိုးဗီဇရော၊ ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လို့ ယူဆကြပါတယ်။ တချို့ကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်လို့ ပြောနေကြပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကောင်းကောင်းလှုပ်ရှားဖို့အတွက် ဦးနှောက်ထဲက ဒိုပါမင်း (Dopamine)လိုအပ်ပါတယ်။ ဒါက ဦးနှောက်ထဲက substantia nigraလို့ခေါ်တဲ့ နေရာမှာရှိပါတယ်။ ပါကင်ဆန်ရောဂါမှာ […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

အရပ်ရှည်တဲ့ အမျိုးသားတွေ dementia ဖြစ်နိုင်ခြေ နည်းသတဲ့

လူတစ်ယောက်ရဲ့ အရပ်အမောင်းက သူ့ရဲ့ သွင်ပြင်ပေါ်မှာတင် သက်ရောက်နေတာမဟုတ်ဘဲ ကျန်းမာရေးအပေါ်မှာပါ သက်ရောက်မှုရှိနေပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။ Dementia ဆိုတာ ဘာလဲ…….. Dementia ဆိုတာက သိမြင်မှုစွမ်းရည် ထိခိုက်မှုပြဿနာ တစ်မျိုးပါ။ သတိမေ့တာကနေစလို့ အမျိုးမျိုးသော သိမြင်မှု စွမ်းဆောင်ရည် ကျတာမျိုးတွေအထိ ပါဝင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်နိုင်သလို မတော်တဆ ဦးခေါင်းကို ထိခိုက် မိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဝေဒနာကို ခံစားနေရသူဦးရေဟာ ကမ္ဘာတလွှားမှာ သန်း ၅၀ နီးပါးရှိနေတယ်၊ လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အခုလက်ရှိအချိန်အထိ ဒီကျန်းမာရေး ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ကုထုံး မထွက်ပေါ်သေးပါဘူး။ လေ့လာမှု အသစ်တစ်ရပ်ရဲ့ ရလဒ် အမျိုးသား ထောင်ပေါင်းများစွာပါဝင်တဲ့ လေ့လာမှုအသစ်တစ်ရပ်ရဲ့ ရလဒ်အရ အမျိုးသားတွေရဲ့ အရပ်အနိမ့်အမြင့်က dementia ရောဂါခံစားရနိုင်ခြေအပေါ်မှာ သက်ရောက်နေတယ်ဆိုတာပါ။ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ် ကာကွယ်ဆေး ထိုးကြမလား

လေဖြတ် ရောဂါကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတယ်ဆိုတာ ကြားဖူးပါလား။ ပတ်ဝန်းကျင်မှာရော သူများတွေသွားထိုးတာကို မြင်ဖူးပါလား။ သွေးတိုးရောဂါရှိနေတာ လေမဖြတ်အောင် ကာကွယ်ဆေးသွားထိုးပါလားလို့ အပြောခံဘူးလား။ တကယ်ပဲ ကာကွယ်လို့ရတယ်လို့ထင်ပါလား။ တစ်ခါတစ်ခါ သိန်းချီပေးပြီးထိုးနေရတဲ့ ဒီကာကွယ်ဆေးတွေက တကယ်ပဲ မကာကွယ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဖြစ်များတဲ့၊ အသက်အန္တရာယ်ရှိတဲ့ လေဖြတ် ရောဂါကို ကာကွယ်ချင်တာ လူတိုင်းရဲ့ ဆန္ဒပါ။ ဒါပေမယ့် တကယ့်ကာကွယ်နည်းက သက်သက်ရှိနေပါတယ်။ ဒါဘာလဲဆိုတာ ဆက်ကြည့်ရအောင်။ လေဖြတ် တယ်ဆိုတာဘာလဲ။ လေဖြတ် တယ်ဆိုတာ ဦးနှောက်ကို သွေးကောင်းကောင်းမရောက်လို့ ဦးနှောက်သားပုပ်သွားတာပါ။ သွေးကြောပေါက်လို့ ဖြစ်နိုင်သလို၊ သွေးခဲပိတ်လို့လည်း ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်မထိခိုက်ရင်တောင်မှ အားလုံးသိတဲ့အတိုင်း လူက အကောင်းအတိုင်းပြန်ဖြစ်ဖို့ တော်တော်အချိန်ယူရမှာပါ။ ဘယ်သူတွေပိုဖြစ်နိုင်လဲ။ အဝလွန်တဲ့သူတွေ အရက်အလွန်အကျွံသောက်တဲ့သူတွေ ဆေးလိပ်သောက်တဲ့သူတွေ မူးယစ်ဆေးသုံးတဲ့သူတွေ သွေးတိုးတဲ့သူတွေ ကိုလက်စထရောများတဲ့သူတွေ ဆီးချိုရောဂါရှိသူတွေ အိပ်ဟောက်ရှူရပ်ရောဂါရှိတဲ့သူတွေ မျိုးရိုးရှိတဲ့သူတွေမှာ […]


ဦးနှောက်နှင့် အာရုံကြောမကြီး ရောဂါ

ဦးနှောက်ရောင် ခြင်း (Encephalitis) အကြောင်း

ဦးနှောက်ရောင် တယ်ဆိုတာ ဦးနှောက်အတွင်းသားရောင်တာကို ပြောတာပါ။ ဦးနှောက်အမြှေးရောင်တာနဲ့ မတူပါဘူး။ ဦးနှောက်ရောင် တာက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာများပါတယ်။ ရှားရှားပါးပါး ဘတ်တီးရီးယားနဲ့ မှိုကြောင့်ဖြစ်တာလဲရှိပါတယ်။ ဦးနှောက်ရောင် တာက ပြင်းထန်တာမျိုးရှားပါတယ်။ ဒါပေမယ့် တချို့သူတွေမှာ အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ အရေးကြီးတာက စောစောသိပြီး စောစောကုနိုင်ဖို့ပါပဲ။ ဦးနှောက်ရောင် တာရဲ့လက္ခဏာများ ဦးနှောက်ရောင်တာက အစောပိုင်းမှာတော့ တုပ်ကွေးမိသလိုမျိုး ဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်နာတာ၊ နှုံးတာ စတာတွေဖြစ်နိုင်ပါတယ်။ ဒီထက်ပိုဆိုးလာရင်တော့ ကယောင်ကတမ်းပြောတာ၊ မရှိတာတွေကိုမြင်တာ တက်တာ မျက်နှာ ဒါမှမဟုတ် ခန္ဓာကိုယ်မှာ အာရုံခံစားမှု မရှိတာ၊ အကြောသေတာ ကြွက်သားတွေအားနည်းတာ အပြော ဒါမှမဟုတ် အကြားထိခိုက်တာ သတိလစ်တာစတာတွေဖြစ်နိုင်ပါတယ်။ ကလေးတွေမှာဆိုရင်တော့ ငယ်ထိပ်တင်းတာ ပျို့အန်တာ တစ်ကိုယ်လုံးတောင့်တာ အစားမဝင်တာ၊ အစားကျွေးဖို့ခေါ်မရတာ ဂျီကျတာတွေဖြစ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲ။ အဖြစ်အများဆုံးက ဗိုင်းရပ်စ်ကြောင့်ပါ။ ဘတ်တီးရီးယားတွေ၊ ရောဂါပိုးကြောင့်မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဦးနှောက်ရောင် […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)

Migraine ဆိုတာ ပြင်းထန်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းပါ။ ဖြစ်လာရင် တဒိန်းဒိန်းနဲ့ ခေါင်းထိုးနေတာကြောင့် အလုပ်ပျက်အကိုင်ပျက်ဖြစ်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ တစ်ခါကိုက်ရင် နာရီပိုင်းလောက်ကနေ ရက်ပိုင်းအထိကြာတတ်ပါတယ်။ မကြာခဏခေါင်းကိုက်တတ်သူတွေ ဒီmigraineရဲ့ ထူးခြားတဲ့လက္ခဏာတွေကို လေ့လာကြည့်ရအောင်။ လက္ခဏာများ Migraineက တခြားခေါင်းကိုက်တာနဲ့မတူဘဲ သူ့မှာအဆင့်၄ဆင့်ရှိပါတယ်။ လူတိုင်းဒီ၄ဆင့် ရှိချင်မှရှိပါတယ်။ (၁)အကြိုအဆင့် ခေါင်းမကိုက်ခင် ၁ရက် ၂ရက်အလိုမှာ ဝမ်းချုပ်တာ စိတ်အပြောင်းအလဲဖြစ်တာ (စိတ်ကျတာ) အစာစားချင်စိတ်များတာ ရေဆာတာ၊ ဆီးသွားများတာ မကြာခဏသမ်းတာ (၂)Aura (ဖြစ်ခါနီးအဆင့်) တချို့သူတွေက ခေါင်းမကိုက်ခင် ဒီအဆင့်ကိုဖြတ်ရပါတယ်။ ၈၀ရာခိုင်နှုန်းမှာတော့ မရှိပါဘူး။ ဒါကို migraine without auraလို့ခေါ်ပါတယ်။ ဖြည်းဖြည်းခြင်းစဖြစ်လာပြီး မိနစ်၂၀ကနေ ၆၀အထိကြာတတ်ပါတယ်။ လက္ခဏာတွေကတော့ မျက်လုံးထဲမှာ အစက်အပြောက်တွေဖြစ်တာ၊ လျှပ်စီးလက်သလိုဖြစ်တာ အမြင်ခဏပျောက်သွားတာ လက်နဲ့ခြေထောက်မှာ အပ်နဲ့ထိုးသလို စူးတာ မျက်နှာ ဒါမှမဟုတ် ကိုယ်တစ်ခြမ်းထုံတာ၊ အားနည်းတာ စကားလေးတာ ​နားထဲမှာ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အာရုံကြော ညပ်ရာကနေ ဘာတွေဖြစ်လာမလဲ

ဦးနှောက်နဲ့ ကျောရိုးမကြီးကနေ ဖြန့်ထွက်လာတဲ့ အာရုံကြောတွေက ခန္ဓာကိုယ်အတွက် သိပ်ကို အရေးပါပါတယ်။ ဒါ့ကြောင့် အာရုံကြောညပ်တဲ့အခါ မပေါ့ဆသင့်တာပါ။ အာရုံကြောညပ်တဲ့အခါ ဖြစ်လာတဲ့ နောက်ဆက်တွဲထိခိုက်မှုတွေက ခဏတာပဲဖြစ်နိုင်သလို၊ ကာလတာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုမျိုး ဖြစ်လာတာလဲ အာရုံကြော တစ်ခုခုအပေါ်မှာ ဖိမိတာမျိုး ဖြစ်လာခဲ့ရင် ဒီအခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖိမိတာက အကြိမ်ကြိမ်လှုပ်ရှားမှုကြောင့်လည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် အဲဒီအစိတ်အပိုင်းကို အနေအထားတစ်ခုတည်းမှာ အချိန်ကြာကြာ နေမိစေလို့လည်းဖြစ်နိုင်တယ်။ ဥပမာ - ညအိပ်ချိန် လက်ကို တစ်ဖက်တည်း ဖိအိပ်မိတာမျိုးပေါ့။ ဘာတွေ ဖြစ်လာနိုင်လဲ ကျောရိုးမကြီးကနေဖြာထွက်တဲ့ အာရုံကြောပေါ်မှာ ဖိမိနေတာတစ်ခုခု ဒါမှမဟုတ် ရောင်ရမ်းမှု ဖြစ်ရာကနေ ဇက်နာတာ သို့မဟုတ် ခါးနာတာ တွေဖြစ်လာနိုင်တယ်။ လည်ပင်းကနေ ပခုံးနဲ့ လက်မောင်းတို့ကို နာကျင်မှုဖြာထွက်လာတာလည်း ရှိနိုင်တယ်။ ဒါမှမဟုတ် ခြေထောက်နဲ့ ခြေဖဝါးအထိ နာကျင်တာ၊ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လူငယ်တွေ ဦးနှောက်သွေးကြောပေါက် နိုင်သလား

အသက်လေး ငယ်ငယ်လေးနဲ့ လေဖြတ်သွားတယ်။ ဟိုကလေးမလေးပေါ့ ဟိုနေ့က ဦးနှောက်သွေးကြောပေါက်ပြီးဆုံးသွားတာ စသဖြင့် ပတ်ဝန်းကျင်မှာ ပြောတာကို ကြားဖူးပါသလား။ ကိုယ်က သွေးကြောပေါက်တာ၊လေဖြတ်တာတွေက လူကြီးတွေနဲ့ပဲဆိုင်တယ်လို့ သိထားတာလေ။ ခုဘယ်လိုဖြစ်ရတာလဲလို့ မသိချင်ဘူးလား။ ဒါဆိုရင်တော့ ဆက်ကြည့်ရအောင်။ ဦးနှောက်သွေးကြောပေါက်တာက သွေးကြောဖောင်းရာက ဖြစ်တာပါ။ ဆေးပညာအရ Brain Aneurysmလို့ခေါ်ပါတယ်။ သွေးကြောဖောင်းနေတာလေးက ဘယ်ရီသီးလေး တွဲလောင်းကျနေတာလေးနဲ့ တူလို့ Berry Aneurysmလို့လည်း ခေါ်ပါသေးတယ်။ ဘာလို့ဖြစ်ရတာလဲ။ ဖြစ်ရတဲ့ အကြောင်းရင်းအတိအကျကိုတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် သွေးကြောနံရံတွေ အားပျော့ပြီး သွေးဖိအားဒဏ်ကို မခံနိုင်ဘဲ ဖောင်းလာတယ်၊ ပေါက်လာတယ်လို့တော့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ ပြီးတော့ ဒီရောဂါက လူငယ်လူလတ်ပိုင်းတွေမှာ တွေ့ရများပါတယ်။ အမျိုးသမီးတွေမှာပိုဖြစ်ပါတယ်။ ဖြစ်တဲ့အကြောင်းရင်းကို အတိအကျမသိပေမယ့် ဒါတွေရှိရင်တော့ ပိုဖြစ်နိုင်ပါတယ်။ မွေးစမှာ -မွေးရာပါ connective tissueရောဂါ: Ehlers-Danlos syndromeဒီရောဂါမှာဆိုရင် သွေးကြောနံရံတွေ အားနည်းပြီး […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်တော့မယ်ဆိုရင်

လေဖြတ်တော့မယ်ဆိုရင် ဘာတွေဖြစ်လာမှာလဲ။ လူတော်တော်များများက လေဖြတ်မှာကို ကြောက်ကြပါတယ်။ တစ်ခါတရံ သာမန်ခေါင်းကိုက်ချိန်မှာ ခေါင်းများ လျှော်မိခဲ့ရင် လေဖြတ်တော့မလားဆိုပြီး တွေးပူတတ်ကြပါတယ်။ ဒီတော့ လေဖြတ်တော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ပြနိုင်လဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။ လေဖြတ်တော့မယ်ဆိုရင် လေဖြတ်ပြီဆိုရင် ဦးနှောက်ကသွေးကို အလုံအလောက်မရတဲ့အတွက် အချိန်မီမကုနိုင်ရင် ဦးနှောက် ပျက်စီးတာ၊ မသန်စွမ်း ဖြစ်သွားတာ၊ အသက် သေဆုံးတာတွေ အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ အချိန်မီ သိရအောင် အောက်က အတိုကောက် စာလုံးတွေနဲ့ မှတ်ထားရအောင်။                                           […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း