ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ဦးနှောက် မှာပါတဲ့ အစိတ်အပိုင်းတွေရဲ့ အလုပ်လုပ်ပုံနဲ့ အဖြစ်များတဲ့ ရောဂါများအကြောင်း

ဦးနှောက် ဆိုတာ ကြီးမားပြီး ရှုပ်ထွေးတဲ့ အင်္ဂါရပ်ပါ။ အထဲမှာ ဆဲလ်ပေါင်း ၁၀၀ ဘီလီယံလောက် ရှိပြီး တစ်ခုနဲ့ တစ်ခုကို synapsesနဲ့ ဆက်သွယ်ပေးထားပါတယ်။ ဦးနှောက်ဟာ အရေးကြီး အစိတ်အပိုင်း ဖြစ်တဲ့အတွက် မထိခိုက်အောင် အပြင်ကနေ ဦးခေါင်းခွံနဲ့ ကာရံထားပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို ထိန်းချုပ်ထားတဲ့အတွက် နေ့စဉ် အသက်ရှင်သန်ရေးအတွက် ဦးနှောက် ကျန်းမာနေဖို့ လိုပါတယ်။ ရှုပ်ထွေးလှတဲ့ ဦးနှောက်မှာ ဘာတွေပါပြီး ခန္ဓာကိုယ်ကို ဘယ်လိုများ ထိန်းချုပ်ထားပါလိမ့်။ ဦးနှောက်အစိတ်အပိုင်းနဲ့ လုပ်ငန်းတာဝန်များ ဦးနှောက်ကြီး (Cerebrum) နာမည်အတိုင်းပဲ ဦးနောက်အစိတ်အပိုင်းတွေထဲမှာ အကြီးဆုံးပါပဲ။ သူ့ကို ဘယ်ခြမ်းနဲ့ ညာခြမ်းဆိုပြီး ခွဲထားပါတယ်။ အလယ်မှာ မြောင်းလေးရှိပါတယ်။ တစ်ခြမ်းစီမှာ နောက်ထပ် အစိတ်အပိုင်း သေးသေးလေးတွေ ထပ်ခွဲထားပါသေးတယ်။ ဒါကို lobesလို့ ခေါ်ပါတယ်။ Frontal […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ဘားဟိုးဖောက်ခြင်း (သို့မဟုတ်) ဦးခွံရိုးကို အပေါက်ဖောက်ပြီး ကုသခြင်း

ဘားဟိုး (Burr Hole) ဆိုတာ ဦးခေါင်းခွံမှာ အပေါက်ကလေးများ ဖောက်ခြင်းဖြစ်ပါတယ်။ ဦးနှောက်ကို ခွဲစိတ်ကုသရာမှာ အသုံးပြုပါတယ်။ ကုသမှု ပြုလုပ်ချင်တဲ့ ဦးနှောက်ရဲ့နေရာပေါ်မူတည်ပြီး ဘားဟိုးအပေါက်ဖောက်တဲ့နေရာ မျိုးစုံဖြစ်နိုင်ပါတယ်။ ဘားဟိုးဖောက်ပြီး ကုသဖို့လိုအပ်တဲ့ အခြေအနေတွေကတော့ - ဦးနှောက်အမြှေးပါးပြင်ပ သွေးသွန်ခြင်း၊ သွေးလုံးဖြစ်ခြင်း - ဦးနှောက်အမြှေးပါးအောက် သွေးသွန်ခြင်း၊ သွေးလုံးဖြစ်ခြင်း - ဦးနှောက်အကျိတ်ဖြစ်ခြင်း - ဦးခေါင်းအတွင်း အရည်များစုခြင်း စတာတွေ ဖြစ်ပါတယ်။ များသောအားဖြင့် ဘားဟိုးဖောက်ခြင်းဟာ အရေးပေါ်ကုသမှုတွေ ဖြစနေတတ်ပါတယ်။ ဦးခေါင်းနဲ့ ဦးနှောက်ပိုင်းကို ထိခိုက်ဒဏ်ရာရပြီးချိန်မှာ ဦးနှောက်အတွင်း သွေးခဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ဖိအားကို သက်သာစေလိုတဲ့အခါ၊ ဦးနှောက်ပိုင်းထိခိုက်မှုကြောင့် ထွက်လာတဲ့သွေးတွေကို စီးထွက်စေချင်တဲ့အခါ၊ ဦးခွံရိုးအတွင်း ပြင်ပက ပစ္စည်းကိရိယာတခုခု စိုက်ဝင်နေတဲ့အခါ ဘားဟိုးဖောက်ကုသပါတယ်။ တကယ်တော့ ဘားဟိုးဆိုတာ အဆင့်မြင့်ရှုပ်ထွေးလှတဲ့ ဦးနှောက်ခွဲစိတ်မှုအဆင့်တွေရဲ့ ပထမအဆင့်ပဲ ဖြစ်ပါတယ်။ ဦးခေါင်းခွံအောက် ဦးနှောက်ပိုင်းကို ကုသမုပြုနိုင်ဖို့အတွက် […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

စာမေးပွဲဖြေနေတုန်း သိပ်မခက်ခဲလှတဲ့ သင်သိပြီးသား အကြောင်းအရာကို ချမရေးနိုင်ဖြစ်နေပါသလား၊ သင့်တနေ့တာမှာ ပိုက်ဆံကို ဘာတွေအတွက် သုံးခဲ့သလဲဆိုတာ မမှတ်မိဖြစ်နေပါသလား၊ သိကျွမ်းပြီးသား လူတယောက်ရဲ့ နာမည်ကို စဉ်းစားမရဘဲ မေ့နေတာမျိုး ဖြစ်ဖူးပါသလား။ ဒီအခြေအနေတွေကို ဦးနှောက်ထိုင်းသွားခြင်းလို့ ခေါ်ဝေါ်ပါတယ်။ အင်္ဂလိပ်လို brain fog သို့မဟုတ် mental fog လို့ သုံးနှုန်းပါတယ်။ ဒီပြဿနာဟာ ရောဂါတခုတော့ မဟုတ်ပါဘူး။ လူတိုင်းလိုလို ခဏတဖြုတ်ကြုံတွေ့ဖူးပါလိမ့်မယ်။ တခြားရောဂါအခံတခုခုရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ ဦးနှောက်ရဲ့ သိမှတ်တွေးခေါ်မှုအပိုင်းမှာ ပုံမှန်အနေအထားပျက်သွားပြီး - မှတ်ဉာဏ်ချို့ယွင်းခြင်း - စိတ်ရှုပ်ထွေးခြင်း - အာရုံမစူးစိုက်နိုင်ခြင်း - တွေးတောကြံဆမှု မလုပ်နိုင်တော့ခြင်း စတဲ့အခြေအနေတွေ ကြုံတွေ့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မုှကြောင့် ဖြစ်တတ်ပြီး ဖြစ်ပေါ်တဲ့ အတိုင်းအတာအလျောက် စာသင်ခန်းမှာ၊ လုပ်ငန်းခွင်မှာ ထိခိုက်မုှတွေ ကြုံလာနိုင်ပါတယ်။ အမြဲတမ်းတော့ ကြုံရတာ မဟုတ်ပါဘူး။ ဦးနှောက်ထိုင်းသွားခြင်း […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အာရုံကြောချို့ယွင်းတဲ့ဝေဒနာ ကို အကောင်းဆုံး ကာကွယ်ပေး မယ့် အစားအစာ ၁၀ ခု

Multiple Sclerosis ဆိုတာက အာရုံကြောချို့ယွင်းတဲ့ဝေဒနာ တစ်မျိုးပါ။ မိုင်လင်အလွှာပျက်သည့်ရောဂါ ဒါမှမဟုတ် အာရုံကြောစနစ် ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားခြင်းနဲ့ စကားပြောဆိုမှုထိန်းမနိုင်တဲ့ရောဂါ တစ်မျိုးပါ။ ဒီတစ်ခါ ဖော်ပြချင်တာကတော့ ဒီရောဂါကို ကာကွယ်ပေး နိုင်တဲ့ အစားအစာ တွေ အကြောင်းပါ။ Multiple Sclerosis ဖြစ်ရစေတဲ့အကြောင်းအရင်းကတော့ အာရုံကြောစနစ်ထဲက နယူရုန်းဆိုတဲ့ မြင်၊ သိ၊ ကြား၊ ခံစားချက်တွေကို သိနားလည်စေတဲ့ အစိတ်အပိုင်း ပျက်ယွင်းလာတဲ့ အခြေအနေကိုဆိုလိုတာပါ။ ဒီရောဂါဟာအလွန်အဖြစ်များပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အေးသောရာသီတွင် ပိုဖြစ်တတ်ပြီး အသက် ၁၅ နှစ်နှင့် ၆၀ ကြား အသက်ငယ်သူတွင်ပိုဖြစ်တတ်တယ်လို့ ဆိုပါတယ်။ Multiple Sclerosis ဝေဒနာခံစားရပြီဆိုရင် အောက်ပါရောဂါလက္ခဏာတွေကို ခံစားရမှာဖြစ်ပြီးတော့ တစ်ခုထက်ပိုပြီး ကြုံရနိုင်ပါတယ်။ မျက်စိဝါးခြင်း သို့မဟုတ် နှစ်ထက်မြင်ခြင်း၊ စဉ်းစားမှုဆိုင်ရာပြဿနာများ၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမရှိခြင်း၊ ညီမျှမှုမထိန်းနိုင်ခြင်း၊ […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ခေါင်းကိုက်တာကြောင့် ပျော်ရွှင်စရာ အချိန်တွေကို မထိခိုက်ပါစေနဲ့။

ခေါင်းကိုက်လိုက်တာ...... ပြောတော့သာ ဘာမှမဟုတ်သလိုနော်။ ခေါင်းကိုက်ရင် အတော်ခံရခက်ပါတယ်။ အာရုံစိုက်ဖို့ ခက်သလို အလုပ်တွေကိုလည်း သေချာ မလုပ်နိုင်တော့ပါဘူး။ ခေါင်းကိုက်တာက ဆေးခန်းပြလောက်အောင် မပြင်းထန်ပေမယ့် နေ့စဉ်ဘဝကို အတော်လေး ထိခိုက်စေတယ်ဆိုတာ ခေါင်းကိုက်ဖူးသူတိုင်း သိမှာပါ။ ခေါင်းကိုက်တာကို မခံစားဘူးသူရယ်ဆိုတာလည်း ခပ်ရှားရှားနေမှာပါ။ ကဲ ...... ခေါင်းကိုက်လို့ စိတ်ညစ်နေသူတွေ ရှိလား........ ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့တော့။ ခေါင်းကိုက်တာကြောင့် တန်ဖိုးရှိတဲ့ အချိန်တွေ မဆုံးရှုံးစေဖို့ ခေါင်းကိုက်တာကို အမြန်ဆုံး သက်သာစေမယ့် လွယ်ကူရိုးစင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ ခေါင်းကိုက်တာ အမြန်ဆုံး သက်သာစေဖို့ ခေါင်းကိုက်တာကို အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အကောင်းဆုံး ကူညီပေးပါလိမ့်မယ်။ (၁) ရေသောက်ပါ ခေါင်းကိုက်လာတဲ့အခါ ရေတစ်ခွက်ကို ကုန်အောင် သောက်လိုက်ပါ။ တစ်ခါတလေမှာ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းက ရေဓာတ် မလုံလောက်တာကြောင့်ပါ။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် အရင်ဆုံး […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

အာရုံကြော အားကောင်းစေမယ့် အဓိကသော့ချက် (၅) ရပ်

အာရုံကြော အားနည်းတယ်တဲ့။ ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုမျိုး ခံစားဖူးကြလဲ။ အများအားဖြင့် ခြေထောက်နဲ့ လက်မှာ ထုံကျဉ်တာ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ အားမရှိသလို မသန်မာသလို ဖြစ်နေတာ၊ ချွေးစေးတွေပြန်ပြီး ခေါင်းမူးတာ၊ မောပန်းအားကုန်တာတွေ အဖြစ်များတာပေါ့။ ဒီလို ခန္ဓာကိုယ်လှုပ်ရှားမှုတွေ အပြင် အသက်ရှူခြင်းက အစ အစာချေဖျက်မှု၊ စိတ်ခံစားချက်တုံ့ပြန်မှုတွေအထိ ထိန်းချုပ်ပေးနိုင်တာ အာရုံကြောစနစ်ကြီးပါပဲ။ ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အာရုံကြောစနစ် အားကောင်းနေဖို့ အရေးကြီးပါတယ်။ အာရုံကြော အားကောင်းအောင် ဘာလုပ်ရမလဲ (၁) အာဟာရတွေ ရွေးချယ်စားပါ။ အာရုံကြောစနစ်ကို အကျိုးပြုပေးနိုင်တဲ့ ဗီတာမင်နဲ့သတ္ထုဓာတ်တွေ ပါဝင်နေမယ့် အစာအာဟာရတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ စုံလင်အောင် စားချင်တယ်ဆိုရင် - အစိမ်းရောင်ရှိတဲ့ အရွက်တွေ– ဥပမာ ဟင်းနုနွယ်၊ ဆလပ်ရွက် တို့ပေါ့။ အသီးအနှံတွေ – ဥပမာ - ငှက်ပျောသီး၊ […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

ခဏခဏ ခေါင်းမကိုက်ချင်ရင် လိုက်နာသင့်တဲ့ လူနေမှုပုံစံ

ဘယ်သူမှ ခေါင်းမကိုက်ချင် ကြပေမယ့် လူတိုင်းနီးပါး ခေါင်းကိုက်ဝေဒနာကို ကြုံဆုံရတတ်တယ်။ များသောအားဖြင့် ခေါင်းကိုက်ရင် နှိပ်နယ်တာနဲ့ ဆေးဝါးမှီဝဲတာတွေ အသုံးပြုပြီး ကုစားကြတာများတယ်။ တကယ်တော့ ခေါင်းကိုက်ဝေဒနာဟာ ကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်နိုင်သလို လူနေမှုပုံစံ မှားယွင်းနေတာကြောင့်လည်းဖြစ်နိုင်တယ်။ ကျန်းမာရေးပြဿနာကြောင့်မဟုတ်တဲ့ ခေါင်းကိုက်ဝေဒနာတွေဟာ ကြိုတင်ကာကွယ်လို့ရနိုင်တဲ့ ကိစ္စတစ်ခုပါ။ လူနေမှုပုံစံကို ပြောင်းလဲလိုက်မယ်ဆိုရင် ခေါင်းကိုက်ဝေဒနာကို ဖြစ်မလာအောင် တားဆီးနိုင်ပါတယ်။ တချို့နည်းလမ်းတွေက ကာကွယ်ရုံတင်မကပါဘူး။ ခေါင်းကိုက်နေချိန်မှာလည်း အသုံးချလို့ပါရပါသေးတယ်။ ခေါင်းကိုက်ဝေဒနာကို ဘယ်လိုတားဆီးကြမလဲဆိုရင်တော့ နှိပ်နယ်ပါ - ခေါင်းကိုက်တတ်သူတွေဟာ ဦးခေါင်းကို မကြာခဏအနှိပ်ခံပေးဖို့ လိုအပ်ပါတယ်။ လေ့လာချက်တွေအရ ခေါင်းကိုက်တဲ့အခါမှာ နှိပ်နယ်ပေးတာက ဝေဒနာကို အများကြီးသက်သာစေတတ်ပါတယ်။ နှိပ်နယ်ပေးတာက ခေါင်းကိုက်ဝေဒနာအပြင် စိတ်ဖိစီးမှုကိုပါ လျော့ကျစေပါတယ်။ စိတ်ပြေလျော့စေမယ့် နည်းလမ်းတွေ သုံးပါ - များသောအားဖြင့် စိတ်ဖိစီးတာက ခေါင်းကိုက်စေတဲ့အဓိကအချက်ပါ။ စိတ်ရောကိုပါပြေလျော့စေမယ့် အသက်ရှူလေ့ကျင့်ခန်းမျိုး၊ အာရုံစူးစိုက်မှု အလေ့အထမျိုးတွေ ပုံမှန်လုပ်ရင် ခေါင်းကိုက်ဝေဒနာကို […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

ပီကျူထရီဂလင်း ကောင်းစွာအလုပ်မလုပ်လျှင်

ပီကျူထရီဂလင်းဟာ သင့်ဦးနှောက်ရဲ့အောက်ဘက်မှာ တည်ရှိပြီး ဟော်မုန်းရှစ်မျိုးလောက်အထိ ထုတ်လုပ်ပေးပါတယ်။ အဆိုပါဟော်မုန်းတစ်မျိုးချင်းစီဟာလည်း သင့်ရဲ့ကိုယ်ခန္ဓာ လုပ်ငန်းတာဝန်များအတွက် အရေးကြီးလှတဲ့ ဟော်မုန်းတွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းတာဝန်များဆိုရာမှာ အရိုးများ ဖွံ့ဖြိုးကြီးထွားအောင် လှုံ့ဆော်ခြင်း၊ သိုင်းရွိုက်ဂလင်းမှ ဟော်မုန်းများထုတ်ခြင်း စတာတွေ ဖြစ်ပါတယ်။ ပီကျူထရီဂလင်းကနေ ထုတ်လုပ်တဲ့ဟော်မုန်းများနဲ့ သက်ဆိုင်ရာလုပ်ငန်းတာဝန်များကတော့ - ACTH ဟော်မုန်း။ ကော်တီဆောဟော်မုန်းထုတ်ခြင်း၊ အဒရီနယ်လင်၊ နော်အဒရီနယ်လင် ထုတ်လုပ်ခြင်း အတွက် လှုံ့ဆော်ပေးခြင်း - ADH ဟော်မုန်း။ သွေးပေါင်ချိန်ထိန်းပေးခြင်း၊ ကိုယ်ခန္ဓာအတွင်း အရည်ဓာတ်များ မျှတအောင် ထိန်းသိမ်းပေးခြင်း - FSH ဟော်မုန်း။ အမျိုးသမီးများ သားဥအိမ်ကြီးထွားခြင်း၊ အမျိုးသားများတွင် သုက်ပိုးထုတ်လုပ်ခြင်း - ကြီးထွားမှုဟော်မုန်း။ ကလေးများ ဖွံ့ဖြိုးကြီးထွားခြင်း၊ အရွယ်ရောက်ပြီးသူများ ဇီဝဖြစ်ပျက်မှုကို ထိန်းကျောင်းပေးခြင်း - LH ဟော်မုန်း။ အမျိုးသမီးများ အပျိုဖော်ဝင်ခြင်း၊ ကလေးရခြင်း၊ ဓမ္မတာလာခြင်း - အောက်ဆီတိုဆင်ဟော်မုန်း။ ကလေးမီးဖွားခြင်း၊ […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

စိတ်ပိုင်းဆိုင်ရာထက်မြက်လာစေမယ့် ဦးနှောက်လေ့ကျင့်ခန်းများ

ဦးနှောက်ဟာ လူ့ကိုယ်ခန္ဓာမှာ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်စနစ်အားလုံးကို ထိန်းချုပ်နေတဲ့အပြင် မှတ်သားသင်ယူခြင်း၊ အာရုံစူးစိုက်ခြင်း၊ တွေးခေါ်ခြင်း စတဲ့အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုလည်း အချိန်ပြည့်ဆောင်ရွက်နေပါတယ်။ လူတယောက်ရဲ့ နေ့စဉ်ဘဝမှာ ဦးနှောက်ကို ဘယ်လိုအသုံးချတယ်ဆိုတာ အရေးကြီးပါတယ်။ တကယ်တော့ သင့်ရဲ့ဦးနှောက်ကို လေ့ကျင့်ယူနိုင်ပါတယ်။ ဦးနှောက်ကို အချိန်ပေးလေ့ကျင့်ခြင်းအားဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေလည်း တိုးတက်လာနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမှာကတော့ သင့်ဦးနှောက်ကို အကျိုးရှိစေမယ့် လေ့ကျင့်ခန်းအချို့ ဖြစ်ပါတယ်။ Jigsaw အရုပ်ဆက်ပါ ဒီနည်းဟာ ကလေးကလားနိုင်တယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ပဲ ဦးနှောက်အတွက် အကျိုးဖြစ်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။ Jigsaw အကွက်လေးများကို သူလိုချင်တဲ့ရုပ်ပုံကိုရအောင် စီနေချိန်မှာ သင့်ဦးနှောက်ဟာ အမြင်အာရုံကိုရော သိမြင်မှတ်သားမှုကိုပါ အသုံးချနေရပါတယ်။ ဦးနှောက်ကို အလုပ်ပေးရုံသာမကဘဲ သင့်စိတ်ကိုပါ လန်းဆန်းစေနိုင်မယ့် နည်းလမ်းတခုလို့ သုတေသီများက ဆိုပါတယ်။ ဖဲချပ်ဂိမ်းများဆော့ပါ ကွန်ပျူတာဝင်းဒိုးတိုင်းမှာပါဝင်တဲ့ ဂိမ်းလေးတွေကို […]


ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ

မျိုးရိုးဗီဇနဲ့ တချို့သော ရောဂါတွေ၊ ရာသီဥတုကြောင့် ခေါင်းကိုက်ခြင်းအဖြစ်များသလိုပဲ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ အထူးသဖြင့် ဒီလိုခေါင်းကိုက်ခြင်းမျိုးဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များသလို ကိုယ်ဝန်ဆောင်နေစဉ်၊ ရာသီလာစဉ်နဲ့ သွေးဆုံးနေချိန်တွေ၊ သန္ဓေတားဆေးတွေ သောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ခြေပိုများပါတယ်။ ပုံမှန်ခေါင်းကိုက်ခြင်းများကဲ့သို့ သိပ်ပြီးစိုးရိမ်စရာ မရှိပေမဲ့လည်း ခေါင်းကိုက်ခြင်းဝေဒနာကြောင့် ကိုယ့်ရဲ့ တစ်နေ့လာ လုပ်ငန်းဆောင်တာတွေ ထိခိုက်တဲ့အထိ၊ ဘာမှလုပ်ချင်စိတ် ကိုင်ချင်စိတ်မရှိတော့တဲ့အထိ ဆိုးရွားနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။ ဟော်မုန်းအပြောင်းအလဲနှင့် ခေါင်းကိုက်ခြင်းအကြောင်းရင်း အမျိုးသမီးတွေမှာ ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခဲခြင်းရဲ့ အကြောင်းရင်းကို ပြောရမယ်ဆိုရင် အက်စထရိုဂျင်လို့ခေါ်တဲ့ မဟော်မုန်းများ မျှခြေပျက်ယွင်းမှုကြောင့်လို့ပဲ ဆိုရမှာပါ။ ဒီမဟော်မုန်းသည်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်ရှိသင့်တဲ့ ပမာဏထက် နည်းသွားတဲ့အခါ (သို့မဟုတ်) များသွားတဲ့အခါ အမျိုးသမီးတွေအနေနဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။ ၁။ ရာသီစက်ဝန်းကြောင့် ခေါင်းကိုက်ခြင်း အမျိုးသမီးများ လစဉ် ဓမ္မတာလာစဉ်မှာ မအကျိုးပြု […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း