ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ရောဂါကို အရင်က အဖြစ်မများဘူးလို့ ထင်စရာ ရှိပေမယ့် မသိကြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ စစ်တမ်းတွေအရကတော့ အရွယ်ရောက်ပြီးသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က ကျောက်ကပ်ရောဂါ ခံစားနေကြရပြီး သူတို့ကိုယ်တိုင် ကျောက်ကပ်ရောဂါ ခံစားနေရတယ်ဆိုတာကို မသိကြပါဘူး။ လူတွေ သတိမထားမိကြပေမယ့် ကျောက်ကပ်ထိခိုက်နေပြီဆိုတာကို ပြသနေတဲ့ မြင်သာတဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများက ဒီလက္ခဏာတွေကို ကျောက်ကပ် ထိခိုက်နေတယ်လို့ မထင်ကြပါဘူး။ ဒီလိုနဲ့ ကျောက်ကပ် ထိခိုက်တာက နောက်ဆုံးအခြေအနေရောက်မှ ကျောက်ကပ်ထိခိုက်နေပြီ။ ကျောက်ကပ်ရောဂါ ခံစားနေရပြီဆိုတာကို သိကြပါတယ်။ ကျောက်ကပ်ထိခိုက်နေသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကပဲ သူတို့မှာ ကျောက်ကပ်ထိခိုက်နေတယ်ဆိုတာကို သိကြပါတယ်။ ဒီတော့ ကိုယ်တိုင်လည်း ကျောက်ကပ် ကျန်းမာရဲ့လား ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေပြီလားဆိုတာကို ဆောင်းပါးလေး ဖတ်ကြည့်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ကျောက်ကပ် ထိခိုက်နေပြီလားဆိုတာကို […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

ကျောက်ကပ်ရောဂါများ

နာတာရှည် ကျောက်ကပ်ရောဂါနှင့် သတိပြုဖွယ်ရာများ

နာတာရှည် ကျောက်ကပ်ရောဂါနှင့် သတိပြုဖွယ်ရာများ “အဖေ မောလို့ညက ဆေးရုံတင်လိုက်ရတယ်။ ကျောက်ကပ်ဖြစ်နေတာလို့ပြောတယ်။ ဆီးချိုလည်းရှိနေတယ်တဲ့။” “နဂိုကတည်းကတော့မျက်နှာအမ်းအမ်းဖြစ်နေတာ ကြာပြီ။ အခုမှစစ်မိတာ” “ဆီးချိုဖြစ်နေတာကြာပြီ။ ကျောက်ကပ်ဖြစ်တာ ခုမှသိတာ။ ဆရာဝန်ကပြောတာတော့ ဆီးချိုသေချာမထိန်းလို့တဲ့။ တချို့ပြောတာ ဆီးချိုဆေးတွေကလည်း ကျောက်ကပ်ဖြစ်စေတာတဲ့။ ဘယ်ဟာမှန်လဲမသိဘူး” “ကျောက်ကပ်ဖြစ်နေတယ်ပြောတယ်။ ဘာကျွေးရမလဲ ဆရာ” ကျောက်ကပ်နှင့်ပတ်သက်ပြီး လူနာနှင့်လူနာရှင်များ ပြောနေကျ အသံများဖြစ်သည်။ နာတာရှည် ကျောက်ကပ်ရောဂါနှင့် ဖြစ်ပွားရသော အကြောင်းရင်းများ နာတာရှည်ကျောက်ကပ်ရောဂါသည်ကမ္ဘာနှင့်တစ်လွှား အဖြစ်များလာသော ရောဂါဖြစ်သည်။ ကျောက်ကပ်ရောဂါ အမျိုးမျိုးရှိသည်။ ကျောက်ကပ်ရောင်ခြင်း၊ ရုတ်တရက်ကျောက်ကပ်ထိခိုက်ခြင်း၊ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ခြင်း စသဖြင့်မျိုးစုံရှိသည်။ ထိုရောဂါများအထဲတွင် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်သွားပြီးဆိုလျှင်ကျောက်ကပ်အနေအထားကို ပုံမှန်ပြန်ရောက်ရန်မလွယ်ကူပေ။ ပိုမဆိုးလာအောင်ထိန်းခြင်း၊ ကျောက်ကပ်ထိခိုက်၍ ဖြစ်လာသော လက္ခဏာများကိုလိုက်ပြီး ကုသခြင်းများကိုလုပ်ဆောင်သင့်သည်။ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်စေသော အကြောင်းရင်းများတွင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ကျောက်ကပ်ရောင်ခြင်း၊ လေးဖက်နာရောဂါတချို့၊ ဆေးဝါးတချို့၊ ဆီးလမ်းကြောင်းပိုးမကြာခဏဝင်ခြင်း၊ဆီးကျောက်တည်ခြင်းနှင့်တခြားအကြောင်းများကြောင့်ဆီးလမ်းကြောင်းပိတ်ခြင်း စသည်တို့ပါဝင်ပါသည်။ နာတာရှည် ကျောက်ကပ်ရောဂါ၏ လက္ခဏာများ နာတာရှည်ကျောက်ကပ်ရောဂါသည် စဖြစ်ကာစတွင် ရောဂါလက္ခဏာ မပြတတ်သေးပေ။ ရောဂါရင့်လာချိန်မှ […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ပြဿနာတွေ ကင်းစေဖို့ ဘာတွေစားရမလဲ

ကမ္ဘာတစ်ဝန်းမှာ ကျောက်ကပ်ရောဂါခံစားရတဲ့သူ (၁၀%)လောက် ရှိနေပါတယ်။ ကျောက်ကပ်က သေးတယ်ဆိုပေမယ့် သူထမ်းဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေကတော့ များပါတယ်။ အဆိပ်အတောက်တွေ စစ်ထုတ်ပေးခြင်း၊ ဟော်မုန်းများ ထုတ်ပေးခြင်း၊ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အရည် ပမာဏတွေကို ထိန်းညှိပေးရခြင်း၊ ဆီးစစ်ထုတ်ပေးရခြင်း စတဲ့တာဝန်တွေ လုပ်ဆောင်ပါတယ်။ ဆီးချိုရှိခြင်းနဲ့ သွေးဖိအားများခြင်းတွေဟာ ကျောက်ကပ်ပျက်စီး ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်းတွေကြောင့်လည်း ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ သွေးဖိအား အတက်အကျနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းမထားဘူးဆိုရင်တော့ ကျောက်ကပ်ထဲမှာ သွေးကြောပျက်စီးခြင်းတွေဖြစ်ပြီး အမြင်အာရုံနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာ စွမ်းဆောင်ရည်ကို လျှော့ကျစေပါတယ်။ကျောက်ကပ်က ပုံမှန်အလုပ်မလုပ်ဘူးဆိုရင် စွန့်ပစ်ပစ္စည်းတွေ သွေးထဲမှာ ကျန်ရှိနေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ပြဿနာတွေ ကင်းဝေးနေစေဖို့အတွက် စားသုံးပေးရမယ့် အစားအစာတွေ ရှိပါတယ်။ ပန်းဂေါ်ဖီ ပန်းဂေါ်ဖီမှာ အာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။ အဲဒါတွေကတော့ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ […]


ဆီးမထိန်းနိုင်ခြင်း

ဆီးမထိန်းနိုင်ခြင်း

ဆီးမထိန်းနိုင်ခြင်း ဆိုသည်မှာ လူတစ်ဦးသည် မိမိ ဆီးလမ်းကြောင်းမှ ဆီးထွက်ကျနေသည်ကို မသိခြင်း၊ ဆီးသွားချင် စိတ်မဖြစ်နေဘဲ ဆီးထွက်ကျခြင်းကို ခေါ်ပါသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ ဆီးသွားခြင်းကို ထိန်းချုပ်ပေးသော ရှုံ့ကြွက်သား အားနည်းခြင်း သို့မဟုတ် အလုပ်မလုပ်ခြင်းကြောင့် ဖြစ်ပါသည်။ ယင်းဆီးမထိန်းနိုင်သော ပြဿနာသည် လူအများ သတိပြုမိသည်ထက် ပိုသောပြဿနာ တစ်ရပ်ပင် ဖြစ်ပါသည်။   ရောဂါလက္ခဏာများ အဓိက ရောဂါလက္ခဏာမှာ စိတ်ထိန်းချုပ်မှု မပါဘဲ ဆီးသွားနေခြင်း ဖြစ်ပါသည်။ ထိုသို့ ဆီးမထိန်းနိုင်ခြင်းကို အောက်ပါ အတိုင်း ခွဲခြားနိုင်ပါသည်။ ဖိအားများကြောင့် ဆီးမထိန်းနိုင်ခြင်း။ အတွေ့ရ အများဆုံး ပုံစံဖြစ်ပြီး အများအားဖြင့် ကလေးမွေးပြီး အမျိုးသမီးများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အတွေ့ရများပါသည်။ ဖိအားဟုဆိုရာတွင် စိတ်ဖိစီးမှုကြောင့် ဖြစ်ရခြင်းထက် ဆီးအိမ်နှင့် ဆီးစွန်မှုကို ထိန်းချုပ်သော ကြွက်သားများကို ဖိအားသက်ရောက်စေသော […]


ကျောက်ကပ်ရောဂါများ

သွေးတိုးခြင်းနှင့် သင့်ကျောက်ကပ်ရောဂါ

သွေးတိုးခြင်းကြောင့် ကျောက်ကပ်ထဲက သွေးကြောတွေ ပျက်စီးစေပြီး သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ သွေးစီးဆင်းတဲ့ ဖိအားမြင့်တက်လာရင် သွေးကြောတွေ ကျယ်လာတဲ့အခါ လွယ်ကူစွာ စီးဆင်းနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ သွေးကြောများ ကျယ်ပြန့်လွန်းလာရင် အမာရွတ်များဖြစ်လာပြီး အားနည်းလာပါတယ်။ ကျောက်ကပ်မှာရှိတဲ့ သွေးကြောတွေလည်း အပါအဝင်ဖြစ်ပါတယ်။ ကျောက်ကပ်သွေးကြောများ ပျက်စီးသွားရင် ကိုယ်ခန္ဓါကနေ အညစ်အကြေားများနဲ့ အရည်ပိုများကို ဖယ်ထုတ်ခြင်း ရပ်တန့်သွားနိုင်ပါတယ်။ သွေးကြောထဲမှာရှိတဲ့ အရည်ပိုတွေကြောင့် သွေးပေါင်ချိန်တဖြည်းဖြည်းမြင့်တက်လာကာ သံသရာလည်စေပါတယ်။ သွေးတိုးခြင်းနဲ့ ကျောက်ကပ်ရောဂါလက္ခဏာတွေက ဘာတွေလဲ လူအများစုမှာ သွေးတိုးခြင်းဟာ လက္ခဏာ သိပ်မပြတတ်ပါဘူး။ တခါတရံ ခေါင်းကိုက်နိုင်ပါတယ်။ ကျောက်ကပ်ရောဂါဟာလည်း စတင်ခါစမှာ လက္ခဏာ မပြတတ်ပါဘူး။ ကေျာက်ကပ်များကနေ အရည်ပိုများနဲ့ ဆားများကို စွန့်မထုတ်နိုင်ရင် ဖောရောင်ခြင်း ဖြစ်နိုင်ပါတယ်။ ခြေထောက်၊ ခြေဖမိုး၊ ခြေကျင်းဝတ်၊ တခါတရံ လက်နဲ့ မျက်နှာမှာ ဖောရောင်တတ်ပါတယ်။ ကျောက်ကပ်ရောဂါ […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်အရည်အိတ်တည်ခြင်း

သာမန်ကျောက်ကပ်အရည်အိတ်ဆိုတာ ဘာလဲ ကျောက်ကပ်ဆိုတာ ပဲကြီးစေ့ပုံစံရှိတဲ့ ကိုယ်တွင်းအင်္ဂါဖြစ်ပြီး လူတယောက်မှာ ကျောက်ကပ်၂လုံးစီ ရှိပါတယ်။ သူ့ရဲ့အဓိကတာဝန်ကတော့ သွေးထဲမှာပါဝင်တဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအနေနဲ့ စွန့်ပစ်ဖို့ဖြစ်ပါတယ်။ သာမန်ကျောက်ကပ်အရည်အိတ်ဆိုတာကတော့ ကျောက်ကပ်အတွင်းနဲ့ ကျောက်ကပ်ပေါ်မှာ အရည်များဟာ လုံးဝန်းတဲ့အိတ်ကလေးတွေအနေနဲ့ စုဝေးဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ သာမန်ကျောက်ကပ်အရည်အိတ်လေးမျိုးရှိပြီး အဖြစ်အများဆုံးကတော့ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအရည်အိတ် ဖြစ်ပါတယ်။ ကောင်းတဲ့တချက်က ကျောက်ကပ်အရည်အိတ်ဟာ ကျောက်ကပ် ပျက်စီးခြင်းနဲ့ နောက်ဆက်တွဲ ပြသနာတွေ ဖြစ်လာတာ ရှားပါတယ်။ သာမန်ကျောက်ကပ်အရည်အိတ် ဘယ်လောက်ထိ ဖြစ်တတ်လဲ လူဥိးရေရဲ့ ၅%ခန့် အများဆုံးဖြစ်တတ်ပါတယ်။ အမျိုးသားများမှာ ဖြစ်တာများပြီး ကျောက်ကပ်ပြသနာများရဲ့ ၆၅-၇၀%ထိ ရှိပါတယ်။ အသက်ကြီးသူတွေမှာ ဖြစ်နိုင်ခြေဟာ ၂၅-၃၃%ထိ မြင့်တက်လာပါတယ်။ ဖြစ်နိုင်ခြေမြင့်တဲ့ အချက်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ လက္ခဏာများ သာမန်ကျောက်ကပ်အရည်အိတ်ရဲ့ လက္ခဏာတွေက ဘာတွေလဲ ကင်ဆာမဟုတ်တဲ့ သာမန်ကျောက်ကပ် […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်တခုတည်းရှိခြင်း

ကျောက်ကပ်တခုတည်းရှိခြင်းဆိုတာ ဘာလဲ လူတယောက်မှာ ကျောက်ကပ်တခုသာ ပါရှိခြင်း ဒါမှမဟုတ် အလုပ်လုပ်တဲ့ ကျောက်ကပ် တခုသာရှိခြင်းကို ဆိုလိုပါတယ်။ အဓိကအကြောင်းအရင်း ၃မျိုး ရှိပါတယ်။ မွေးရာပါချို့ယွင်းခြင်း။ ကျောက်ကပ်ဖွံ့ဖြိုးမှု မရှိသူများဟာ ကျောက်ကပ်တခုသာပါပြီး မွေးဖွားလာတတ်ပါတယ်။ ကျောက်ကပ်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားခြင်းများ ဖြစ်ခဲ့ရင် ကျောက်ကပ်၂ခုစလုံးနဲ့ မွေးဖွားလာပေမယ့် တခုက အလုပ်မလုပ်တတ်ပါဘူး။ သူတို့ဟာ ကျောက်ကပ်တခုပဲ ရှိတယ်ဆိုတာကို ဓါတ်မှန်၊ အာထရာဆောင်း၊ ခွဲစိတ်မှု စတာတွေ မပြုလုပ်ခင် အချိန်အထိ မသိကြပါဘူး။ ခွဲစိတ်ဖယ်ရှားခြင်း။ လူတချို့မှာ ကင်ဆာ၊ ရောဂါတမျိုးမျိုး၊ ထိခိုက်ဒဏ်ရာရခြင်း စတာတွေကြောင့် ကျောက်ကပ်ကို ခွဲစိတ်ဖယ်ရှားခြင်း ပြုလုပ်ရတတ်ပါတယ်။ ရောဂါအတွက်၊ ဒါမှမဟုတ် လှူဒါန်းဖို့ ရည်ရွယ်ချက်နဲ့ ကျောက်ကပ်ကို ခွဲစိတ်ဖယ်ထုတ်ရင် ဆီးပြွန်ကိုပါ ဖယ်ထုတ်ပါတယ်။ ကျောက်ကပ်လှူဒါန်းခြင်း။ မိသားစုဝင် ဒါမှမဟုတ် […]


ဆီးအိမ်ရောဂါများ

Prolapsed bladder (ဆီးအိမ်ကျွံခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Prolapsed bladder (ဆီးအိမ်ကျွံခြင်း ) ကဘာလဲ။ ဆီးအိမ်ဆိုတာ ဆီးများသိုလှောင်သော ခန္ဓါကိုယ် ဝမ်းဗိုက်အောက်ပိုင်းရှိ အိတ်ပုံစံ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ထိုထဲတွင် ဆီးများပြည့်လာပါက ဆီသွားလိုခြင်းဆန္ဒကို ဖြစ်စေပါတယ်။ ဆီးဟာ ဆီးအိမ်မှ အပြင်ဘက်သို့ ဆီးလမ်းကြောင်းကို ဖြတ်၍ စွန့်ပစ်ပါတယ်။ အမျိုးသမီးများတွင် မိန်းမကိုယ် အရှေ့ဘက်နံရံသည် ဆီးအိမ်ကို ခိုင်ခံ့စေပါတယ်။ အသက်ကြီးလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်း၊ သားအိမ်ထုတ်ခြင်း၊ စသည်တို့ဟာ ဆီးအိမ်နံရံကို လျော့လျဲစေလာပါတယ်။ ထိုသို့ လျော့လျဲလာပါက ဆီးအိမ် သည်မိန်းမကိုယ်ထဲသို့ ကျွံခြင်း ဖြစ်ရပါတယ်။ ထိုအခါ ဆီးသွားရခက်ခြင်း၊ နာကျင်ခြင်း၊ နှာချေ/ချောင်းဆိုး/ညှစ်ခြင်း များပြုလုပ်ပါက ဆီးထွက်ကျခြင်း တို့ကို ဖြစ်စေပါတယ်။ ထို့နောက် သားအိမ်၊အူ၊ ဝမ်းအိမ် တို့ပါ လိုက်၍ကျွံလာနိုင်ပါတယ်။ ဆီးအိမ်ကျွံခြင်းကို အဆင့် လေးဆင့်ခွဲပါတယ်။ အဆင့် […]


ကျောက်ကပ်ရောဂါများ

End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ) ကဘာလဲ။ နာတာရှည်ကျောက်ကပ်ရောဂါ မှနေပြီး ကျောက်ကပ်၏ပုံမှန်လုပ်ငန်းများ တဖြည်းဖြည်းချို့ယွင်း ဆိုးရွားလာခြင်းကို နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ ဟုခေါ်သည်။ သင်၏ကျောက်ကပ်က ခန္တာကိုယ်၏လိုအပ်ချက် နှင့်အလိုက် လုပ်ငန်းမလုပ်ဆောင်နိုင်တော့ပါဘူး။ ကျောက်ကပ်က အညစ်အကြေးတွေနှင့် ခန္တာကိုယ်အတွက် ပိုနေသော အရည်များကို စစ်ထုတ်ပေးပြီး ဆီးအနေနှင့်စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ကစစ်ထုတ်မှုမလုပ်နိုင်တော့ဘူးဆိုရင် အရည်တွေ၊အညစ်အကြေးတွေဟာ ခန္တာကိုယ်ထဲ မှာ အန္တရာယ်ရှိတဲ့ ပမာဏ တစ်ခုထိစုပုံလာပါတယ်။ နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါမှာဆိုရင် အသက်ရှင်ဖို့အတွက်ကျောက်ကပ်ဆေးခြင်းနှင့် ကျောက်ကပ်လဲလည်ခြင်းတို့ပြုလုပ်ဖို့လိုပါတယ်။ ကျောက်ကပ်ဆေးခြင်းနှင့် လဲလည်ခြင်းမပြုလုပ်ဘူးဆိုရင်လည်းသင့်ရဲ့ကျန်ရှိနေတဲ့ ဘဝမှာရောဂါလက္ခဏာတွေသက်သာဖို့သင့်တော်သော ဆေးကုသမှုခံယူသင့်ပါတယ်။ End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ လက္ခဏာများEnd-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ နာတာရှည်ကျောက်ကပ်ရောဂါ ရဲ့ အစောပိုင်း အခြေအနေမှာရောဂါ ကက္ခဏာတွေမပြတတ်ပါဘူး နာတာရှည်ကျောက်ကပ်ရောဂါကနေပြီးတော့ နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါ ပြောင်းသွားတဲ့ အခါ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေ တွေ့ရမှာပါ။ ပျို့ခြင်း အန်ခြင်း အစားအသောက်ပျက်ခြင်း မောပန်းနွမ်းနယ်ခြင်း အိပ်စက်ခြင်းနှင့် ပတ်သတ်သည့်ရောဂါများရှိခြင်း ဆီးသွားသည့်ပမာဏပြောင်းလဲသွားခြင်း ညဏ်ရည်လျော့နည်းလာခြင်း ကြွက်တက်ခြင်း ခြေထောက်နှင့် ခြေချင်းဝတ်များရောင်ခြင်း နှလုံးပတ်လည်တွင်အရည်စုသောကြောင့် ရင်ဖတ်အောင့်ခြင်း အဆုတ်ဘေးတွင် […]


ဆီးအိမ်ရောဂါများ

Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း) ကဘာလဲ။ ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းဆိုတာ ဆီးအိမ်ရှိဆီးများ ကျောက်ကပ်အတွင်းသို့ပြန်စီးဝင်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ဆီးသည် ကျောက်ကပ်မှ ဆီးပြွန် ထိုမှတစ်ဆင့် ဆိးအိတ်အတွင်းသို့ရောက်သည်။ ဆီးအိတ်နှင့် ဆီးပြွန်ကြွက်သား နှင့်အတူ ဆီးအိတ်ရှိ ဆီးဖိအားတို့က ဆီးအားနောက်သို့ပြန်မစီးရန်ကာကွယ်ပေးထားသည်။ ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်းဖြစ်ပါက ဆိးအိတ်ထဲမှဆီးထဲရှိဘက်တီးရီးယားများ ကျောက်ကပ်အတွင်းသို့ရောက်မည်။ ထိုကြောင့် ကျောက်ကပ်ရောဂါပိုးဝင်ပြီး အမာရွတ်ထင်ခြင်းနှင့်ကျောက်ကပ်ပျက်စီးခြင်းတို့ဖြစ်နိုင်သည်။   Vesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများVesicoureteral reflux (ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း ၏ရောဂါလက္ခဏာဖြစ်နိုင်သည်။ ဆီးလမ်းကြောင်းပိုးဝင်သည်ဆိုသော ကလေးသုံးပုံတစ်ပုံတွင် ဆီးအိမ်မှဆီးများအနောက်သို့ပြန်စီးခြင်း ရှိနေတတ်သည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၏လက္ခဏာများမှာ ဖျားခြင်း ဆီးပေါက်ချိန်တွင် နာခြင်းသို့မဟုတ် ပူခြင်း ခဏခဏ ဆီးသွားရခြင်း နှင့် ဆီးကျန်သည်ဟုခံစားရခြင်းတို့ဖြစ်တတ်သည်။ ဖျားခြင်းသည် ကလေးငယ်များတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့် အခြားကြောင်းရာမရှိပါက အဖျားကြီးနေသောကလေးများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုတွေးသင့်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ […]


ဆီးအိမ်ရောဂါများ

Interstitial cystitis (ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Interstitial cystitis (ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂ) ကဘာလဲ။ Interstitial cystitis ဆိုတာ ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်း ရောဂါဖြစ်ပြီး ဆီးအိမ်တွင်း နာကျင်ခြင်း၊ ဖိအားဖြစ်ခြင်း၊ ချက်အောက် ဗိုက်နာခြင်း တို့ရေရှည် ဖြစ်ခြင်းဖြစ်ပါတယ်။ နာကျင်ခြင်းမှာ အသေးစားမှ ပြင်းထန် အထိအမျိုးမျိုးရှိပါတယ်။ ဆီးအိမ်ဟာ ကြွက်သားများဖြင့် ပြုလုပ်ထားသော ဆီးများ သိုလှောင်ထားသည့် အိတ်ပုံစံ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဆီးအိမ်သည် ဆီးများပြည့်သွားပါက ဦးနှောက်ကို ဆီးသွားလိုသည်ဟူသော သတင်းပေးပါတယ်။ ဦးနှောက်နှင့် ဝမ်းဗိုက် အာရုံကြောများဟာ ဆက်နွယ်နေပါတယ်။ ဆီးအိမ် ရောင်ရမ်း နာကျင်ခြင်းဖြစ်ပါက ထိုသို့ ဦးနှောက်သို့ ပို့ဆောင်သော သတင်းများ ရောထွေးသွားပါတယ်။ ဆီးအိမ်တွင်း ဆီးများနည်းနေသော်လည်း ဦးနှောက်သို့ ဆီးသွားလိုသည်ဟူသော သတင်းမှားကို မကြာခဏ ပို့နေတတ်ပါတယ်။ Interstitial cystitis […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း