ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ရောဂါကို အရင်က အဖြစ်မများဘူးလို့ ထင်စရာ ရှိပေမယ့် မသိကြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ စစ်တမ်းတွေအရကတော့ အရွယ်ရောက်ပြီးသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က ကျောက်ကပ်ရောဂါ ခံစားနေကြရပြီး သူတို့ကိုယ်တိုင် ကျောက်ကပ်ရောဂါ ခံစားနေရတယ်ဆိုတာကို မသိကြပါဘူး။ လူတွေ သတိမထားမိကြပေမယ့် ကျောက်ကပ်ထိခိုက်နေပြီဆိုတာကို ပြသနေတဲ့ မြင်သာတဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများက ဒီလက္ခဏာတွေကို ကျောက်ကပ် ထိခိုက်နေတယ်လို့ မထင်ကြပါဘူး။ ဒီလိုနဲ့ ကျောက်ကပ် ထိခိုက်တာက နောက်ဆုံးအခြေအနေရောက်မှ ကျောက်ကပ်ထိခိုက်နေပြီ။ ကျောက်ကပ်ရောဂါ ခံစားနေရပြီဆိုတာကို သိကြပါတယ်။ ကျောက်ကပ်ထိခိုက်နေသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကပဲ သူတို့မှာ ကျောက်ကပ်ထိခိုက်နေတယ်ဆိုတာကို သိကြပါတယ်။ ဒီတော့ ကိုယ်တိုင်လည်း ကျောက်ကပ် ကျန်းမာရဲ့လား ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေပြီလားဆိုတာကို ဆောင်းပါးလေး ဖတ်ကြည့်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ကျောက်ကပ် ထိခိုက်နေပြီလားဆိုတာကို […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ရတနာစိန်ကျောက်မဟုတ်တဲ့ ကိုယ်တွင်းကျောက်များ

ရတနာစိန်ကျောက်ဇယ်တောက်တမ်းကစားကြမယ်လေ။ကျောက်တော့ကျောက်ပဲ၊ စိန်တွေ၊ပတ္တမြားတွေတော့မဟုတ်ဘူး။ ခန္ဓါကိုယ်ထဲကကျောက်ကတော့ကြောက်ဖို့ကောင်းပါတယ်။ မရှိကောင်းတဲ့အရာတွေဖြစ်သလို ရှိလာရင်လည်း အတော်ဒုက္ခပေးပါလိမ့်မယ်။ ထုန်ရောင်းလို့လည်းမရတော့လေ။ ဒီကျောက်တွေက ဘယ်နားမှာရှိတတ်တာလဲ၊ ခန္ဓါကိုယ်ရဲ့ဘယ်အပိုင်းမှာ အဖြစ်များလဲဆိုတာရောသိကြလား။ကျောက်ကပ်ကျောက်တည်တာ၊ ဆီးကျောက်တည်တာတော့ ကြားဖူးနေကျပါပဲ။ ကိုယ်မထင်ထားတဲ့ တခြားဘယ်အစိတ်အပိုင်းတွေမှာ ကျောက်တည်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။ ကျောက်ကပ် ဆီးလမ်းကြောင်းမှာ ကယ်လ်စီယမ်အပါအဝင် သတ္တုဓါတ်တွေစုလာတဲ့အခါကျောက်တည်လာပါတယ်။ ကျောက်ကပ်ကျောက်တည်ရင် တင်ပါးနဲ့နံရိုးနားတဝိုက် ခါးနာမယ်။ ဆီးသွားမရအောင် ပိတ်ဆို့နိုင်လောက်အောင် အရွယ်အစားကြီးရင်ပေါ့။ ဆီးသွားရင်သွေး သို့မဟုတ်ကျောက်လေးတွေပါလာနိုင်တယ်။ကျောက်ကသေးရင် ဆီးထဲမှာသူ့အလိုလိုပါလာတတ်ပေမယ့် ကြီးရင်တော့ ခွဲစိတ်ဖယ်ရှားရနိုင်ပါတယ်။ လည်ချောင်း အာသီးဆိုတာရောဂါပိုးမွှားတွေကိုစစ်ထုတ်ဖယ်ရှားဖို့ကူညီပေးတဲ့ လည်ချောင်းအနောက်ဘက်က တစ်ရှူးအစုနှစ်ခုဖြစ်ပါတယ်။ အစားအစာတွေ၊ အရေပြားဆဲလ်သေတွေ၊ တခြားအစအနတွေ အဲဒီမှာကပ်ကျန်နေနိုင်ပြီးtonsilloliths လို့ခေါ်တဲ့ကျောက်တွေဖြစ်လာတတ်ပါတယ်။ ဒါဆို လည်ချောင်းနာတယ်၊ ခံတွင်းနံ့ဆိုးတယ်၊ အာသီးရောင်တယ် ဆိုတဲ့ လက္ခဏာတွေခံစားရနိုင်တယ်။ ဒီကျောက်တွေကို သွားပွတ်တံနဲ့ ဒါမှမဟုတ် ဂွမ်းစလေးနဲ့အသာအယာဖယ်ရှားနိုင်တယ်၊ ဆားရည်နဲ့ပလုပ်ကျင်းလို့ရတယ်။ မရရင်တော့ ဆရာဝန်ပြသင့်ပါတယ်။ ဆီးအိမ် ဆီးကောင်းကောင်းမသွားနိုင်တဲ့အခါ ဆီးကျောက်တည်လာနိုင်ပါတယ်။ ဒါမှမဟုတ် ဆီးထဲမှာ သတ္တုဓါတ်တွေများနေပြီး တခြားဓါတ်တွေနည်းနေလို့လည်းဖြစ်နိုင်တယ်။ […]


ဆီးအိမ်ရောဂါများ

ကလေးလည်း မဟုတ်ဘဲ အိပ်ကောင်းတုန်း ညဘက်အိပ်ရာထဲ ဆီးတွေသွားမိတာ ဘာကြောင့်လဲ ။ ။

တစ်ချို့ဖြစ်ဖူးကြမှာပါ။ အသက်က တော့ ၂၀ ကျော်နေပြီ ညဘက် အိပ်ရာထဲ သေးပေါက်ချမိနေတုန်း။ အိပ်ကောင်းနေတဲ့အချိန်မှာ ပြန်ပြီး သန့်ရှင်းရေး လုပ်ရတာလောက် အသဲပေါက်ဖို့ကောင်းတာ မရှိပါဘူး။ ပုံမှန်ဆို အသက်ကလေး ရလာပြီ ၁၀ နှစ်ကျော်လာပြီဆိုတာနဲ့ အိပ်ရာထဲမှာ ဆီးသွားတာမျိုးတွေ မရှိတော့ပါဘူး။ လူနည်းစုမှာတော့ နေ့တိုင်း မဟုတ်တောင် ၁လ တစ်ခါ ၂ လတစ်ခါ ( ဒါမှမဟုတ်) ၁ပတ်၁ ခါ အိပ်ရင်းနဲ့ ဆီးတွေသွားမိတာ ရှိတတ်ကြပါတယ်။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲ။ ရောဂါတစ်ခုခုကြောင့် ဖြစ်နေရတာလား ။ ။ အိပ်ရင်းနဲ့ အိပ်ရာထဲ ဆီးသွားမိတဲ့ အကြောင်းအရင်းများ ။ ။ Antidiuretic hormone ဆီးမသွားချင်အောင်ထိန်းတဲ့ ဟော်မုန်း ပုံမှန် မဟုတ်ခြင်း ။ ။ Antidiuretic […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးသွားချင်တာကို အောင့်ထားတတ်တဲ့ လူတွေရှိလား။ ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်လဲ ။ ။

ဆီးသွားချင်တာကို အောင့်ထားတဲ့အခါ ဘာတွေ ဖြစ်လာမလဲ ။ ။ အားလုံးတစ်ချိန်မဟုတ်တစ်ချိန်မှာတော့ ဖြစ်ဖူးကြမှာပါ။ ဆီးသွားချင်ပေမယ့် မအားသေးလို့၊ အိမ်သာမရှိလို့ အောင့်ထားရတဲ့ အဖြစ်မျိုး ။ တစ်ချို့ဆိုလည်း အိပ်ချင်နေတဲ့အချိန် ဆီးသွားချင်ရင် အိမ်သာမသွားတော့ဘဲ အောင့်ထားလိုက်တာမျိုး။ ဒီလိုမျိုး ဆီးသွားချင်နေရက်နဲ့ အောင့်ထားတတ်တဲ့ အကျင့်ရှိလာရင် ကြာလာတဲ့အခါ ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်မှာလဲ ။ ။ ဆီးအိတ်က ဆီးပမာဏ ဘယ်လောက်ကို ထိန်းထားနိုင်သလဲ ။ ။ ဆီးအောင့်ထားတာကို အရင်မပြောခင် ဆီးအိတ်ကနေ ဆီးပမာဏ ဘယ်လောက်ကို သိုလှောင်ထားနိုင်သလဲဆိုတာ အရင်ပြောပြပါမယ် ။ ပုံမှန် ဆီးအိတ်တစ်ခုဟာ ဆီးပမာဏ ၁၆ အောင်စ ( ဒါမှမဟုတ်) ဆီး ၂ ခွက်လောက်ကို ထိန်းထားနိုင်ပါတယ်။ ၂ နှစ် အရွယ်ကလေးတွေမှာဆို ဆီးအိတ်က ၄ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဘာကြောင့် ဆီးခဏခဏ သွားချင်ရတာလဲ။ ဆီးချိုရှိနေပြီလား ။ ။

ဆီးတို့ ဝမ်းတို့ဆိုတာ ကိုယ်ခန္ဓါရဲ့ စွန့်ပစ်ပစ္စည်းတွေ ဖြစ်ပေမယ့် ကိုယ့်ကျန်းမာရေး အခြေအနေကို တစ်ဘက်တစ်လမ်းကနေ ဖော်ပြပေးနေတဲ့ အရာတွေဆိုလည်း မမှားပါဘူး။ လူတိုင်းနီးပါးသိထားကြတာကတော့ နာမည်ကြီး ဆီးချို ရောဂါရဲ့ လက္ခဏာတစ်ခုက ဆီးခဏခဏ သွားချင်တာပါပဲ။ အဲလို ဆီးခဏခဏ သွားနေပြီဆိုတာနဲ့ လူတိုင်း စတွေးကြတာ ငါမှာ့ဆီးချိုရှိနေပြီလားဆိုတဲ့ အတွေးပါ။ ကဲ ဆီးခဏခဏ သွားတိုင်း ဆီးချို ဖြစ်ရောလား ဆိုတာကို ကြည့်ရအောင်။ ။ ဆီး ပုံမှန်တစ်နေ့ကို ဘယ်နှစ်ကြိမ်သွားရမလဲ ။ ။ ဆီး ခဏခဏ သွားတဲ့ အကြောင်းမပြောခင် အရင်ဆုံး ပုံမှန် ဆီးသွားတဲ့ အကြိမ်အရေအတွက် ကိုသိဖို့လိုပါတယ်။ ပုံမှန်ဆို လူတစ်ယောက်ဟာ တစ်နေ့ကို ဆီး ၇ကြိမ်ကနေ ၈ကြိမ်လောက်အထိ ၂၄ နာရီအတွင်း သွားလေ့ရှိပါတယ်။ ညဘက်အိပ်နေရင်း […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးက ပြောပြနေတဲ့ သင့်ကျန်းမာရေး ။ ။

ဆီးတို့ ဝမ်းတို့ဆိုတာ လူ့ကိုယ်ခန္ဓာရဲ့ စွန့်ပစ်ပစ္စည်းတွေဆိုပေမယ့်လည်း သူတို့က ကျန်းမာရေးအတွက် အရေးကြီးတဲ့အရာတွေပါ။ ဝမ်းတို့ ဆီးတို့ကောင်းပါမှ ခေါင်းတစ်လုံး မခဲမှာ ဆိုတဲ့ စကားတွေ ကြားဖူးကြတယ်မလား။ ဆေးရုံဆေးခန်းတွေမှာလည်း ရောဂါ ရှာဖွေဖို့အတွက် ဆီးစစ်ကြတယ်လေ။ ဒါဆို ဆီး အရောင်၊ အနံ့၊ ဆီး အကျဲ အပျစ်တို့က သင့်ကျန်းမာရေးကို ဘယ်လိုပြောပြမှာလဲ ။ ။ ဆီးအရောင်။ ။ အဝါဖျော့ရောင် - ပုံမှန် ဆီးအရောင်ဟာ အဝါဖျော့ရောင်ဖြစ်နေရပါမယ်။ ရေအများကြီးသောက်ထားတဲ့ အခါမျိုးမှာဆို ရေကြောင့် ဆီး ဘာအရောင်မှ မရှိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ပန်းရောင် ( ဒါမှမဟုတ်) အနီရောင် - မုန်လာဥနီ၊ သကြားမုန်လာတို့လို အရောင်ရင့်တဲ့ အသီးအနှံတွေ စားတဲ့အခါ ဆီးအရောင်က ပန်းရောင်လေး သန်းနေတတ်ပါတယ်။ rifampinလိုမျိုး ပဋိဇီဝ ပိုးသတ်ဆေးတို့၊ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးသွားရင် နာကျင်ရတာ ဘာကြောင့်လဲ

ဆီးသွားတဲ့အခါ နာကျင်ရတာ၊ ဆီးသွားရခက်နေတာမျိုး တစ်ခါတစ်ခါခံစားရတတ်ပါတယ်။ ဆီးပုံမှန်မသွားတာ၊ ဆီးသွားတိုင်းနာကျင်တာ၊ ဆီးအရောင်မကောင်းတာ စသည်ဖြင့် ဆီးနဲ့ပတ်သက်တဲ့ပြဿနာတွေက အဖြစ်များတဲ့အထဲမှာ ပါဝင်ပါတယ်။ ဆီးသွားတိုင်းနာကျင်ရတာ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ရအောင်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဆီးသွားတဲ့အခါ နာကျင်တယ်ဆိုတာ ဆီးပြွန်မှာရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ်။ ဆီးသွားလိုက်တဲ့အခါ ပူတဲ့ခံစားချက်ဖြစ်တာ၊ ဆီးကအနံ့တစ်မျိုးဖြစ်နေတာတွေရှိနိုင်ပါတယ်။ ဆီးအရောင်က နီကျင်ကျင်၊ အရောင်ရင့်တာတွေအပြင် ဆီးအရောင်နောက်နေတာတွေဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ရင်တော့ ပဋိဇီဝဆေးတွေကို လိုအပ်သလို ဆရာဝန်ညွှန်ပါလိမ့်မယ်။ ကျောက်ကပ်ရောဂါ ဆီးလမ်းကြောင်းပိုးဝင်ရာကနေ ကျောက်ကပ်ကိုရောဂါဝင်လာနိုင်ပြီး ပိုပြင်းထန်လာနိုင်ပါတယ်။ အဲဒီအဆင့်ရောက်ပြီဆိုရင်တော့ အဖျားတက်လာမယ်၊ မအီမသာဖြစ်လာမယ်၊ ပျို့အန်မယ်၊ ဆီးအရောင်နောက်မယ်၊ ရင့်မယ်၊သွေးပါလာမယ်၊ အနံ့ဆိုးမယ်။ ဒါမျိုးတွေက ဆရာဝန်ညွှန်တဲ့ ပိုးသတ်ဆေးနဲ့မှ သက်သာနိုင်မှာပါ။ ကာကွယ်ချင်တယ်ဆိုရင်တော့ရေများများသောက်ပါ။ ဆီးကိုအောင့်မထားပါနဲ့။ ကျောက်တည်ခြင်း ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်လိုမျိုး သတ္ထုဓာတ်တွေ များပြားစုပုံလာတဲ့အခါ ကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်ထဲမှာ အရင်စတည်တာဖြစ်ပေမယ့်နောက်ပိုင်းမှာ ဆီးအိမ် ဒါမှမဟုတ် ဆီးပြွန်ထဲမှာ ဆက်တည်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးစွန့်ထုတ်မှုကို […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ရောဂါရှိသူများ သိထားသင့်တဲ့ စားသောက်မှုပုံစံ

ကျောက်ကပ်ရောဂါခံစားရမှုက အရင်ကသိပ်ကြားရလေ့မရှိပေမယ့် အခုနောက်ပိုင်းတော့တော်တော်လေးကြားလာရတယ်နော်။ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကကျောက်ကပ်ရောဂါခံစားနေကြရတယ်လေ။ ဒီတစ်ခေါက်တော့ Helloဆရာဝန်က စာဖတ်ပရိသတ်ကြီးအတွက်ကျောက်ကပ်ရောဂါရှိနေသူတွေ ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။ ကျောက်ကပ်ရဲ့ တာဝန် ကျောက်ကပ်က အရွယ်အစားသေးငယ်ပေမယ့် ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာအများစုကို တာဝန်ယူထားတာပါနော်။ကျောက်ကပ်က စားသုံးလိုက်တဲ့အစားအစာတွေထဲမှာပါတဲ့ အဆိပ်အတောက်တွေနဲ့ အကျိုးမပြုတဲ့ ပစ္စည်းတွေကို စွန့်ထုတ်ပေးတယ်။ သွေးပေါင်ချိန်ထိန်းညှိဖို့ လိုအပ်တဲ့ဟော်မုန်းကို ထုတ်ပေးတယ်။ ကိုယ်တွင်းအရည်ဓါတ်ကို ထိန်းညှိပေးတယ်။ ဆီးသွားစေတယ်။ ဒါတွေအပြင် အခြားသောခန္ဓါကိုယ်အတွက်အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါသေးတယ်။ ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အချက်များ ကျောက်ကပ်ကိုထိခိုက်စေနိုင်တဲ့အချက်တွေကမနည်းပါဘူး။ကျောက်ကပ်ကို အများဆုံးထိခိုက်စေတဲ့အကြောင်းအရင်းတွေကတော့ ဆီးချိုရောဂါ နဲ့သွေးတိုးဝေဒနာပါ။ အဝလွန်တာ၊ဆေးလိပ်နဲ့ အရက်သောက်သုံးမှုတွေကြောင့်လည်းကျောက်ကပ်ထိခိုက်နိုင်ပါသေးတယ်။ မျိုးရိုးရှိတာ၊ အမျိုးသား၊အမျိုးသမီးကွာခြားတာ နဲ့ အသက်အရွယ်တွေကြောင့်လည်းကျောက်ကပ်ထိခိုက်စေနိုင်ပါတယ်။ သွေးချိုကိုသေချာမထိန်းတာ၊သွေးတိုးကိုသေချာထိန်းညှိမှုမရှိတာတွေကြောင့်ကျောက်ကပ်တွင်းသွေးကြောလေးတွေထိခိုက်လာပြီးကေျာက်ကပ်ပျက်စီးနိုင်ပါတယ်။ကျောက်ကပ်ကကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့အခါသွေးတွင်းမှာ အနယ်အနှစ်တွေများလာပြီး ခန္ဓါကိုယ်မှာရောဂါတွေဝင်လာနိုင်ပါတယ်။ ကျောက်ကပ်ကျန်းမာနေစေဖို့ အဓိကလိုက်နာရမယ့်အချက် ၃ ချက် နေ့စဉ်စားသုံးတဲ့အစားအစာတွေကကျောက်ကပ်ကျန်းမာရေးအပေါ်တော်တော်လေးသက်ရောက်မှုရှိနေတာပါတယ်။ ဒီတော့ကျောက်ကပ်ကျန်းမာနေစေဖို့ ဒီအချက်လေးတွေကို သတိပြုဆင်ခြင်ပေးပါနော်။ ဆိုဒီယမ် (အငန်)လျှော့ပါ - အရသာခပ်လေးလေးမှကြိုက်တတ်သူတွေ လျှာကိုအလိုမလိုက်ပါနဲ့။ အငန်ဓါတ်ကကျောက်ကပ်ပျက်စီးရခြင်းရဲ့ အဓိကအကြောင်းတရားတစ်ခုပါ။ […]


ကျောက်ကပ်ရောဂါများ

Alport syndrome (အဲလ်ပေါ့တ်ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Alport syndrome ဆိုတာဘာလဲ။ Alport syndrome ဆိုတာ ကျောက်ကပ်မှာရှိတဲ့ သွေးကြောငယ်လေးတွေ ထိခိုက်ပြီး ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်မကောင်းတာတွေဆီ ဦးတည်သွားတဲ့ရောဂါဖြစ်ပါတယ်။ အကြားအာရုံ ပျောက်တာနဲ့ မျက်လုံးပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ Alport syndrome က ကျောက်ကပ်မှာရှိတဲ့ ဆီးစစ်ထုတ်ယူနစ်ဖြစ်တဲ့ ဂလိုမာရုလိုင်သွေးကြောငယ် တွေကို ပျက်စီးစေပါတယ်။ Alport syndrome ရဲ့ မျိုးဗီဇပုံစံ သုံးမျိုးရှိပါတယ်။ X-linked Alport syndrome (XLAS) Autosomal recessive Alport syndrome (ARAS) Autosomal dominant Alport syndrome (ADAS) X-linked Alport syndrome: X ခရိုမိုဇုမ်းနဲ့ ဆက်စပ်နေတဲ့အမျိုးအစားက အတွေ့ရအများဆုံး Alport Syndrome ဖြစ်ပါတယ်။ ရောဂါရှိသူ ၈၀% လောက်က X-linked တွေပါ။ အမျိုးသားငယ်တွေမှာ အဆိုးဝါးဆုံးဖြစ်ပြီး အမြဲလိုလိုပဲ တစ်ချိန်ချိန်မှာ […]


ကျောက်ကပ်ရောဂါများ

Townes-Brocks syndrome (တောင်းဘရော့ခ် ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်တောင်းဘရော့ခ် ဆင်ဒရုန်း ဆိုတာဘာလဲ။ တောင်းဘရော့ခ် ဆင်ဒရုန်း (TBS) ဆိုတာ စအိုပေါက်မပါခြင်း၊ နားရွက်ပုံသဏ္ဍန်မမှန်ခြင်း၊ အကြားအာရုံမကောင်းခြင်း၊ လက်မပုံသဏ္ဍန်မမှန်ခြင်းတို့ပါဝင်သော မျိုးရိုးဗီဇရောဂါတစ်မျိုးဖြစ်ပါတယ်။ တောင်းဘရော့ခ် ဆင်ဒရုန်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ တောင်းဘရော့ခ် ဆင်ဒရုန်းရဲ့ ဖြစ်ပွားနှုန်းကို မသိရှိရသေးသော်လည်း လူအယောက်၂၅၀၀၀၀မှာ ၁ယောက်နှုန်းရှိမယ်လို့ ခန့်မှန်းရပါတယ်။ ထိုအခြေအနေက ယောက်ျားလေးနဲ့ မိန်းကလေးကို တူညီစွာသက်ရောက်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများတောင်းဘရော့ခ် ဆင်ဒရုန်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ တောင်းဘရော့ခ် ဆင်ဒရုန်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ဖြစ်ပါတယ်။ စအိုအပေါက်မပွင့်ခြင်း (၈၄ရာခိုင်နှုန်း) နားရွက်ပုံသဏ္ဍန်မမှန်ခြင်း (၈၇ရာခိုင်နှုန်း) လက်မပုံသဏ္ဍန်မမှန်ခြင်း (၈၉ရာခိုင်နှုန်း) (ဥပမာ အရိုး၃ခုပါသောလက်မ၊ လက်မ၂ချောင်း၊ အရမ်းသေးသောလက်မ) ထိုရောဂါရှိတဲ့သူအများစုမှာ အောက်ပါလက္ခဏာ၃ခုထဲမှ အနည်းဆုံး၂ခုတွေ့ရှိနိုင်ပါတယ်။ အကြားအာရုံမကောင်းခြင်း ကျောက်ကပ်မကောင်းခြင်း (ဥပမာ ဂိတ်ဆုံးရောက်နေသော ကျောက်ကပ်ရောဂါ (ESRD)၊ ထိုရောဂါမှာ ကျောက်ကပ်ပုံသဏ္ဍန်မမှန်တာမျိုးမရှိပါဘူး ဥပမာ (ပုံမှန်မလည်ခြင်း၊ အနေအထားမမှန်ခြင်း (Ectopia)၊ မြင်းခွာပုံကျောက်ကပ်၊ […]


ကျောက်ကပ်ရောဂါများ

အမှတ်တမဲ့လုပ်မိနေတဲ့ ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အမူအကျင့်များ

ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုစီက သူ့နေရာနဲ့သူ အရေးပါကြတာချည်းပါပဲ။ ခန္ဓါကိုယ်တစ်ခုလုံးကကောင်းမွန်စွာလည်ပတ်လုပ်ဆောင်နေမှ ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာပါ။ ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်စေတဲ့ အပြုအမူတွေရှိနေသလို တစ်ခါတလေမှာ အစားအသောက်တွေကြာင့် လည်းခန္ဓါကိုယ်မှာထိခိုက်တာတွေရှိနေပါတယ်။ အခုတစ်ခေါက်တော့ ဘာရယ်မဟုတ်ဘဲထင်ပြီး လုပ်မိနေတဲ့ အပြုအမူတွေကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝလေးပိုင်ဆိုင်ဖို့အတွက်ရာမှာ အရေးပါတဲ့ကျောက်ကပ်ကို ထိခိုက်မိစေတဲ့ အပြုအမူလေးတွေအကြောင်းပြောပြပေးမယ်နော်။ ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အမှတ်တမဲ့အပြုအမူတွေက ဆီးသွားချင်တာကိုအောင့်ထားတာ - ဆီးသွားချင်တဲ့အခါ အလုပ်မအားလို့။ လုပ်လက်စလေးပြီးပြတ်သွားအောင်လုပ်ချင်လို့၊ ပျင်းလို့၊ အပြင်ရောက်နေလို့ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆီးအောင့်ထားတတ်ကြမယ်ထင်ပါတယ်။ ဒီလိုအပြုအမူရှိတယ်ဆိုရင်ပြင်ဆင်လိုက်ပါ။ ဒီအပြုအမူက ဘာမှမဟုတ်ဘူးထင်ရပေမယ့် ဆီးအိမ်ထဲမှာ ဆီးတွေအကြာကြီးရှိနေတာက ဘက်တီးရီးယားတွေကို အလွယ်တကူပေါက်ဖွားစေနိုင်ပြီးကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဆားအများကြီးစားမိတာ -မြန်မာလူမျိုးတွေဆိုရင်တော့ ဆားတင်မဟုတ်ပါဘူး။ ငံပြာရည်၊ငါးပိ၊ငါးခြောက်တွေကိုပါရှောင်ဖို့လိုပါမယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အငန်ဓါတ် ၅.၈ ဂရမ်ပဲစားသုံးပေးသင့်တာပါ။ အစားအစာတွေထဲမှာ အငန်ဓါတ်ဓါတ်အရမ်းများတာကကျောက်ကပ်ကို ထိခိုက်စေနိုင်တာကြောင့် အငန်လျှော့စားပါ။ အသားတွေအများကြီးမစားပါနဲ့ - အသားတွေအရမ်းစားတဲ့အခါ ခန္ဓါကိုယ်မှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း