ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ရောဂါကို အရင်က အဖြစ်မများဘူးလို့ ထင်စရာ ရှိပေမယ့် မသိကြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ စစ်တမ်းတွေအရကတော့ အရွယ်ရောက်ပြီးသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က ကျောက်ကပ်ရောဂါ ခံစားနေကြရပြီး သူတို့ကိုယ်တိုင် ကျောက်ကပ်ရောဂါ ခံစားနေရတယ်ဆိုတာကို မသိကြပါဘူး။ လူတွေ သတိမထားမိကြပေမယ့် ကျောက်ကပ်ထိခိုက်နေပြီဆိုတာကို ပြသနေတဲ့ မြင်သာတဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများက ဒီလက္ခဏာတွေကို ကျောက်ကပ် ထိခိုက်နေတယ်လို့ မထင်ကြပါဘူး။ ဒီလိုနဲ့ ကျောက်ကပ် ထိခိုက်တာက နောက်ဆုံးအခြေအနေရောက်မှ ကျောက်ကပ်ထိခိုက်နေပြီ။ ကျောက်ကပ်ရောဂါ ခံစားနေရပြီဆိုတာကို သိကြပါတယ်။ ကျောက်ကပ်ထိခိုက်နေသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကပဲ သူတို့မှာ ကျောက်ကပ်ထိခိုက်နေတယ်ဆိုတာကို သိကြပါတယ်။ ဒီတော့ ကိုယ်တိုင်လည်း ကျောက်ကပ် ကျန်းမာရဲ့လား ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေပြီလားဆိုတာကို ဆောင်းပါးလေး ဖတ်ကြည့်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ကျောက်ကပ် ထိခိုက်နေပြီလားဆိုတာကို […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

ကျောက်ကပ်ရောဂါများ

Lupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း) ကဘာလဲ။ Lupusကျောက်ကပ်ရောင်ခြင်းဆိုတာသင့်ကျောက်ကပ်ကရောင်လာတဲ့အချိန်မှာဖြစ်တဲ့ အခြေအနေကိုခေါ်ပါတယ်။ ဒီရောဂါကို systemic lupus erythematosusလို့ခေါ ်တဲ့ အရေပြားသွေးလေးဘက်နာရှိတဲ့လူနာတွေမှာနောက်ဆက် တွဲဆိုးကျိုးအနေနဲ့ တွေ့ရပါတယ်။ Lupus လို့အခေါ်များပါတယ်။ သင့်ရဲ့ခန္ဓါကိုယ်မှာသင့်ရဲ့ကိုယ်ခံအားစနစ်ကထုတ်တဲ့ ပရိုတင်းဓါတ်တစ်မျိုးဖြစ်တဲ့ autoantibodies တွေကကိုယ့်ရဲ့ မူလတစ်ရှူးတွေ အင်္ဂါတွေကိုပြန်တိုက်နေခြင်းကိုကိုယ့်ကိုယ်ခံအားကိုပြန်တိုက်တဲ့ရောဂါ Lupusဆိုပြီးခေါ်ပါတယ်။Lupus ကျောက်ကပ်ယောင်ခြင်းအာ Lupus autoantibody တွေကသင့်ကျောက်ကပ်မှာအရေးကြီးတဲ့ တာဝန်ကိုထမ်းဆောင်တဲ့ အညစ်အကြေးစွန့်ထုတ်ရာမှာပြုလုပ်တဲ့ တည်ဆောက်ပုံမှာသွားပြီးတိုက်ခိုက်ပါတယ်။ ဒါ ကြောင့်မို့ ကျောက်ကပ်ကယောင်လာရပြီးသွေးထဲမှာဆီးပါခြင်း၊ သွေးထဲမှာပရိုတင်းဓါတ်ပါခြင်း၊ သွေးတိုးခြင်း၊ကျောက်ကပ်လုပ်ငန်းစဉ်များယိုယွင်းခြင်းနဲ့ နောက်ဆုံးမှာကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်နိုင်ပါတယ်။ Lupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ Lupus ကျောက်ကပ်ရောင်ခြင်းဟာကမ္ဘာတစ်ဝှမ်းမှာ အမျိုးသားကောအမျိုးသမီးပါ အပါအဝင် အနီးစပ်ဆုံး ၁၀၀၀၀မှာ ၃ယောက်လောက်ခံစားနေရပါတယ်။ သို့သော် လည်းအမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုဖြစ်တတ်ပြီးအများအားဖြင့် အသက် ၂၀-၄၀အတွင်း အဖြစ်များတတ်ပါတယ်။ ဒါပေမယ့်လည်းဒါတွေကို အန္တရာယ်ရှိတဲ့အချက်တွေကို လျှော့ချခြင်းနဲ့စီမံဆောင်ရွက်နိုင်ပါတယ်။ (အခြားအချက်အလက်တွေသိရဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။) လက္ခဏာများLupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Lupus […]


ဆီးအိမ်ရောဂါများ

Anterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း) ကဘာလဲ။ ဆီးအိမ်ပြိုကျခြင်းဆိုတာ အမျိုးသမီးတွေမှာ ဆီးအိမ်နဲ့ မိန်းမကိုယ်နံရံကြားက ကျားကန်ထားတဲ့ တစ်သျှူးတွေအားနည်းလို့ ဆီးအိမ်က မိန်းမကိုယ်ထဲကို ကျွံလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဆီးခုံရိုးကွင်းအင်္ဂါအစိတ်အပိုင်းတွေကို ကျားကန်ပေးထားရတဲ့ ကြွက်သားတွေ အားစိုက်ရလွန်းတဲ့အခါ ဆီးအိမ်ပြုကျခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုအားစိုက်ရတဲ့ အခြေအနေတွေကတော့ ကလေးမွေးခြင်း၊ ဝမ်းအလွန်ချုပ်ခြင်း၊ ချောင်းအလွန်ဆိုးခြင်းနဲ့ အလေးအပင်မခြင်း တို့ပဲ ဖြစ်ပါတယ်။ သွေးဆုံးပြီးလို့ မဟော်မုန်း ပမာဏကျသွားချိန်မှာလည်း ဆီးအိမ်ပြိုခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ သိပ်မပြင်းထန်တဲ့ ဆီးအိမ်ပြုကျခြင်းအတွက်ကတော့ ခွဲစိတ်စရာမလိုတဲ့ ကုသနည်းတွေနဲ့ အဆင်ပြေပါတယ်။ ဆိုးရွားတဲ့ အခြေအနေမှာတော့ အင်္ဂါအစိတ်အပိုင်းတွေ နေသားတကျပြန်ဖြစ်ဖို့ ခွဲစိတ်ကုသမှု လိုအပ်ပါတယ်။ Anterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAnterior prolapse (cystocele) (ဆီးအိမ်ပြိုကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အောက်ပါလက္ခဏာတွေ တွေ့ရများပါတယ်။ ဆီးခုံနဲ့ […]


ဆီးမထိန်းနိုင်ခြင်း

အိပ်ပျော်စဉ် ဆီးသွားခြင်းဆိုတာဘာလဲ

အိပ်နေစဉ် ဆီးသွားခြင်းဆိုသည်မှာ အိပ်ပျော်နေစဉ် ဆီးအိတ် ၏ ဆီးထိန်းနိုင်စွမ်းမရှိတော့ခြင်း ဖြစ်သည်။ ဆေးပညာအခေါ်အရ Noctournal enuresis( နော့တာနယ်အန်ယူရေးစစ်) ဟုခေါ်သည်။ အိပ်နေစဉ် ဆီးမထိန်းနိုင် ဖြစ်ခြင်းကို ရှက်စရာကိစ္စအနေဖြင့် ယူဆလေ့ရှိသော်လည်း များသောအားဖြင့် ပုံမှန် ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခုပင် ဖြစ်သည်။ လေ့လာချက်များအရ ယခုထိလည်းဘာကြောင့် ဖြစ်သည်ကို သေသေချာချာမပြောနိုင်သလို၊ ဘာကြောင့် သူ့အလိုလိုပျောက်သွားသည်ကိုလည်း သေချာမရှင်းပြနိုင်သေးပါ။ အိပ်နေစဉ် ဆီးထွက်ကျခြင်းသည် ကလေးများငယ် ရွယ်စဉ်ကတည်းက ပုံမှန် သဘာဝဖွံ့ ဖြိုးကြီးထွားဖြစ်စဉ်၏ တစိတ်တစ်ဒေသသာဖြစ်သည်။ များသောအားဖြင့် အိပ်ပျော်စဉ် ဆီးသွာ ခြင်းသည် နက်နက်နဲနဲကျန်းမာရေး ပြဿနာမဟုတ်သလို စိတ်လှုပ်ရှားခြင်းကြောင့်ဖြစ်သော လက္ခဏာလည်းမဟုတ်ပါ။ အကယ်၍ ထိုကဲ့သို့ဖြစ်ခြင်းသည် မပျောက်သွားဘဲ ဆက်ဖြစ်နေပါက သေသေချာချာ ဖြစ်စဉ်ကို နားလည်အောင် လုပ်ပြီး စိတ်ရှည်လက်ရှည် ကုသပေးရန် လိုအပ်ပါသည်။ ဆီးအိတ်ကို လေ့ကျင့်ပေးခြင်း၊ moisture […]


ကျောက်ကပ်ရောဂါများ

Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) ကဘာလဲ။ ကျောက်ကပ်က ဆီးတွေ ဆီးအိမ်ထဲကို ပုံမှန်အတိုင်း စီးဆင်းမှုမရှိတော့တဲ့အတွက် ကျောက်ကပ်မှာ ရေတွေစုပြီး ဖောင်းကားလာတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီလို ဖောင်းကားလာခြင်းဟာ ယေဘုယျအားဖြင့် ကျောက်ကပ်တဖက်တည်းမှာပဲ ဖြစ်ပွားလေ့ရှိပေမယ့် ကျောက်ကပ်နှစ်ခုလုံးမှာလည်း ဖြစ်လာနိုင်ပါတယ်။ ကျောက်ကပ်မှာ ရေစုခြင်းဟာ သူ့အလိုလိုဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ နောက်ခံအကြောင်းရင်း (ဝါ) ရောဂါတခုခုရှိခြင်းကြောင့် ဖြစ်ပေါ်လာရပါတယ်။ ဆီးလမ်းကြောင်းတနေရာရာမှာ ပိတ်ဆို့ခြင်းကြောင့် ဒီအခြေအနေ ပေါ်ပေါက်လာရပါတယ်။ Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆီးလမ်းကြောင်းအတွင်းမှာရှိတဲ့ ဖိအားဟာ ပုံမှန်အားဖြင့် အလွန်နည်းပါးပေမယ့် အဆိုပါလမ်းကြောင်းတနေရာမှာ ပိတ်ဆို့နေပြီဆိုရင်တော့ ဖိအားဟာ တဖြည်းဖြည်းနဲ့ […]


ကျောက်ကပ်ရောဂါများ

Autosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Autosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း ) ကဘာလဲ။ ကျောက်ကပ်ထဲမှာ အရည်တွေပြည့်နေတဲ့ အိတ်များ ကြီးထွားလာခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအိတ်များဟာ ကျောက်ကပ်များကို ပုံမှန်အလုပ်လုပ်နိုင်တဲ့ အခြေအနေမှ ပျက်ယွင်းစေပါတယ်။ သွေးတိုးခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ကျောက်တည်ခြင်း စတဲ့ပြသနာတွေ ဖြစ်စေပါတယ်။ ကျောက်ကပ်ပျက်စီးခြင်းလည်း ဖြစ်စေနိုင်ပါတယ် (လူတိုင်းမှာတော့ မဖြစ်တတ်ပါဘူး) Autosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်းတွေထဲမှာမှ တွေ့ရအများဆုံး ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းက လူမျိုးပေါင်းစုံမှာ ဖြစ်တတ်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAutosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကတွေ့ရတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း […]


ကျောက်ကပ်ရောဂါများ

Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း) ကဘာလဲ။ ကျောက်ကပ်အရည်အိတ်တည်ခြင်းဆိုတာ ကျောက်ကပ်ထဲမှာ အရည်တမျိုးနဲ့ ပြည့်နေတဲ့ အိတ်လေးတွေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်မျက်နှာပြင်ပေါ်မှာ ဖြစ်ဖြစ်၊ ကျောက်ကပ်ထဲမှာဖြစ်ဖြစ် ဖြစ်ပေါ်တတ်ပါတယ်။ ဒီပြသနာဟာ ကျောက်ကပ်လုပ်ငန်းတွေ ဆိုးရွားစွာ ထိခိုက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အများစုကတော့ ကင်ဆာမဟုတ်တဲ့ သာမန်အရည်အိတ်များ နောက်ဆက်တွဲ ပြသနာတွေကြုံရတာ ရှားပါတယ်။ ကျောက်ကပ်နှစ်ဖက်စလုံးမှာ ဖြစ်တတ်ပြီး ကျောက်ကပ်ပျက်စီးခြင်း နောက်ဆုံးအဆင့်ကို ထင်ရှားသိသာစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ စောစောပိုင်း အဆင့်တွေမှာတော့ ဘာလက္ခဏာမှ မပြပါဘူး။ ဝမ်းဗိုက်ပိုင်းကို ပုံရိပ်ဖော်စစ်ဆေးရာကနေ မမျှော်လင့်ဘဲ တွေ့မိတတ်တာမျိုး ဖြစ်ပါတယ်။ Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီပြသနာဟာ တွေ့ရများပါတယ်။ အမျိုးသမီးများထက် အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAcquired […]


ကျောက်ကပ်ရောဂါများ

Addison Disease (အက်ဒဆင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Addison Disease (အက်ဒဆင်ရောဂါ) ကဘာလဲ။ သင့်ကျောက်ကပ်တွေရဲ့ထိပ်မှာ အက်ဒရီနယ်ဂလင်းတွေ ရှိပါတယ်။ အဲဒီဂလင်းတွေကနေ ကိုယ်ခန္ဓါရဲ့ လုပ်ငန်းဆောင်တာတွေမှာ လိုအပ်တဲ့ ဟော်မုန်းအများအပြား ထုတ်လုပ်ပေးပါတယ်။ အက်ဒဆင်ရောဂါဟာ အဒရီနယ်ဂလင်းအကာပိုင်း ပျက်စီးရင်ဖြစ်တတ်ပြီး ကော်တီဆော၊ အယ်ဒိုစတီရုန်း စတဲ့ စတီးရွိုက်ဟောမုန်းတွေ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ကော်တီဆောဟော်မုန်းရဲ့ တာဝန်ကတော့ ဖိအားများတဲ့ အခြေအနေမှာ ကိုယ်ခန္ဓါရဲ့တုံ့ပြန်မှုတွေကို ထိန်းညှိပေးဖို့ ဖြစ်ပါတယ်။ အယ်ဒိုစတီရုန်းဟာ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်ကို ထိန်းညှိပေးပါတယ်။ အဒရီနယ်ဂလင်းအကာပိုင်းဟာ ကျားဟော်မုန်းကိုလည်း ထုတ်လုပ်ပေးပါတယ်။   Addison Disease (အက်ဒဆင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အဒရီနယ်မလုံလောက်မှုလို့လည်း ခေါ်ပါတယ်။ အသက်အရွယ်မရွေး ကျားမမရွေးပါဘူး။ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAddison Disease (အက်ဒဆင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ အောက်ပါလက္ခဏာတွေ ကြုံနိုင်ပါတယ်။ ကြွက်သားများအားနည်းခြင်း မောပန်းနွမ်းနယ်ခြင်း အသားအရေမည်းလာခြင်း ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက် […]


အခြားဆီးလမ်းကြောင်းပြဿနာများ

Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း) ကဘာလဲ။ ဆီးထဲတွင် alkaptonပါခြင်းဆိုတာ ရှားပါးတဲ့ မျိုးရိုးဗီဇ ရောဂါတခုဖြစ်ပြီး ကိုယ်ခန္ဓါကနေ homogentistic dioxygenase (HGD) အင်ဇိုင်းကို အလုံအလောက် မထုတ်နိုင်ရင် ဖြစ်တတ်ပါတယ်။ ဒီအင်ဇိုင်းဟာ အဆိပ်အတောက်ဖြစ်တဲ့ homogentistic acid ကို ချေဖျက်ပေးပါတယ်။ အင်ဇိုင်းကို လုံလောက်စွာ မထုတ်လုပ်နိုင်ရင် homogentistic acidတွေ ကိုယ်ခန္ဓါမှာ စုဝေးလာပါတယ်။ အဲဒီအက်ဆစ်ဟာ အရိုးတွေနဲ့ အရိုးနုတွေကို အရောင်ပြောင်းလာပြီး ပျက်စီးလွယ်လာစေပါတယ်။ ဒါကြောင့် အရိုးအဆစ်ရောင်ခြင်း (အထူးသဖြင့် ကျောရိုးမနဲ့ အဓိက အဆစ်တွေ) တွေ့ရတတ်ပါတယ်။ ဆီးထဲတွင် alkaptonပါခြင်း ဖြစ်ပွားသူတွေရဲ့ ဆီးအရောင်ဟာ အညိုရောင်၇င့်ရင့် ဒါမှမဟုတ် အမည်းရောင် ပြောင်းနေတတ်ပါတယ်။ Alkaptonuria (ဆီးထဲတွင် alkaptonပါခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရှားပါးတဲ့ပြသနာဖြစ်ပါတယ်။ အရေအတွက် အတိအကျတော့ မသိရပါဘူး။ လူ၂သိန်းခွဲမှာ […]


ကျောက်ကပ်ရောဂါများ

Acute Glomerulonephritis (ကျောက်ကပ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acute Glomerulonephritis (ကျောက်ကပ်ရောင်ခြင်း) ကဘာလဲ။ ကျောက်ကပ်ရောင်ခြင်း ဆိုသည်မှာ ကျောက်ကပ်တွင် ဆံချည်မျှင် သွေးကြောများစုနေသော နေရာတွင် ရောင်ရမ်းခြင်းဖြစ်ပါသည်။ ထိုနေရာသည် ကိုယ်ခန္ဓာထဲတွင် ပိုနေသော အရည်များ၊ ဓါတ်ဆားများကို သွေးထဲမှတဆင့် ဆီးထဲသို့ စွန့်ထုတ်သောနေရာ ဖြစ်သောကြောင့် ထိုနေရာတွင် ရောဂါဖြစ်ပြီး အလုပ်မလုပ်ခြင်းကို ကျောက်ကပ်အလုပ်မလုပ်ခြင်းဟု ခေါ်ပါသည်။ ကျောက်ကပ်ရောင်ခြင်းတွင် ရုတ်တရက် ရောင်ရမ်းခြင်းနှင့် နာတာရှည်ရောင်ရမ်းခြင်းဟူပြီး ၂ မျိုးရှိပါသည်။ ကျောက်ကပ်ရောင်ခြင်းသည် ကျောက်ကပ်ကိုနှိုက်က ရောင်ခြင်းကို ပထမအမျိုးအစား အဖြစ်သတ်မှတ်ပြီး အခြားသောအကြောင်းများကြောင့် ရောင်ရမ်းခြင်းကို ဒုတိယအမျိုးအစား အဖြစ် သတ်မှတ်ထားပါသည်။ ကျောက်ကပ်ရောင်ခြင်းသည် ဆိုးရွားပြီး နာတာရှည်ပါက ကျောက်ကပ်ကို ပျက်စီးစေပါသည်။ Acute Glomerulonephritis (ကျောက်ကပ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ထိုရောဂါသည် အသက်အရွယ်အရွေး ဖြစ်နိုင်ပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် […]


အခြားဆီးလမ်းကြောင်းပြဿနာများ

Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ကဘာလဲ။ ဆီးထုတ်ပြွန်မှာဘတ်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်တယ်။ ဘတ်တီးရီးယားတွေများလာတဲ့အခါ ဒါမှမဟုတ် ကိုယ်ခံအားနည်းတဲ့အခါဖြစ်တတ်ပါတယ်။ အမျိုးအစားနှစ်မျိုးဖြစ်နိုင်ပြီး gonococci လို့ခေါ်သော ဘတ်တီးရီးယားကြောင့်ဖြစ်သောရောင်ရမ်းခြင်းနဲ့ ထိုဘတ်တီးရီးယားကြောင့်မဟုတ်ဘဲ တခြားပိုးများကြောင့်ဖြစ်သောရောင်ရမ်းခြင်းတို့ဖြစ်တယ်။ Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး လိင်လမ်းကြောင်းမှတဆင့်ကူးစက်တတ်သောရောဂါများ အဖြစ်များတဲ့ဒေသတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး ကာမအာရုံတက်ကြွသော သူတွေမှာအဖြစ်များပြီး အသက် ၂၀ မှ ၂၄ နှစ်ကြားမှာ အဖြစ်အများဆုံးဖြစ်တယ်။ အမျိုးသားရော၊ အများသမီးများမှာပါဖြစ်တတ်ပီး အမျိုးသမီးတွေမှာ ဆီးထုတ်ပြွှန်ပိုတိုတာကြောင့် ပိုဖြစ်နိုင်ချေရှိပါတယ်။ ရောဂါဖြစ်ခြင်းကိုအားပေးသောအချက်တွေကို လျှော့ချခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ လက္ခဏာများUrethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပုံမှန်အားဖြင့် ဆီးသွားချိန်မှာနာကျင်တတ်ပြီး ဆီးသွားလိုစိတ်တိုးတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့- အမျိုးသားရောအမျိုးသမီးမှာပါ ဆီးထုတ်ပြွန်မှ ပြည်ထွက်ခြင်း ဆီးလမ်းကြောင်းအဝတွင် ယားယံခြင်း၊ ပူစပ်ခြင်း သုတ်ရည်၊ ဆီးတို့တွင်သွေးများပါခြင်း အထူးသဖြင့်အမျိုးသမီးတွေမှာ သတိထားမိနိုင်လောက်သော လက္ခဏာမပြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း တကယ်လို့ လိင်မှတဆင့်ကူးစက်တတ်သောရောဂါတစ်မျိုးမျိုး ကူးစက်ထားပါက စစ်ဆေးကြည့်ဖို့လိုပါတယ်။   ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း