ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ရောဂါကို အရင်က အဖြစ်မများဘူးလို့ ထင်စရာ ရှိပေမယ့် မသိကြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ စစ်တမ်းတွေအရကတော့ အရွယ်ရောက်ပြီးသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က ကျောက်ကပ်ရောဂါ ခံစားနေကြရပြီး သူတို့ကိုယ်တိုင် ကျောက်ကပ်ရောဂါ ခံစားနေရတယ်ဆိုတာကို မသိကြပါဘူး။ လူတွေ သတိမထားမိကြပေမယ့် ကျောက်ကပ်ထိခိုက်နေပြီဆိုတာကို ပြသနေတဲ့ မြင်သာတဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများက ဒီလက္ခဏာတွေကို ကျောက်ကပ် ထိခိုက်နေတယ်လို့ မထင်ကြပါဘူး။ ဒီလိုနဲ့ ကျောက်ကပ် ထိခိုက်တာက နောက်ဆုံးအခြေအနေရောက်မှ ကျောက်ကပ်ထိခိုက်နေပြီ။ ကျောက်ကပ်ရောဂါ ခံစားနေရပြီဆိုတာကို သိကြပါတယ်။ ကျောက်ကပ်ထိခိုက်နေသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကပဲ သူတို့မှာ ကျောက်ကပ်ထိခိုက်နေတယ်ဆိုတာကို သိကြပါတယ်။ ဒီတော့ ကိုယ်တိုင်လည်း ကျောက်ကပ် ကျန်းမာရဲ့လား ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေပြီလားဆိုတာကို ဆောင်းပါးလေး ဖတ်ကြည့်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ကျောက်ကပ် ထိခိုက်နေပြီလားဆိုတာကို […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ဆေးမလား။ ကျောက်ကပ်အစားထိုးမလား ဘာကိုရွေးကြမလဲ။ ။

ကျောက်ကပ်ဆိုတာ ကိုယ်တွင်းမှာ ရှိတဲ့ ပိုနေတဲ့ ရေတွေကို စွန့်ထုတ်ရတယ်၊ သောက်လိုက်တဲ့ ဆေးတွေကိုစစ်ထုတ်ရတယ်၊ ဓါတ်ဆားဓါတ်တွေ မျှတအောင် လုပ်ပေးရတဲ့ အရေးကြီးတဲ့အရာတစ်ခုဆိုတော့ ကျောက်ကပ်ကျန်းမာနေဖို့ အရေးကြီးတာပေါ့။ ဒါပေမယ့်လည်း ကိုယ်ရဲ့ စားသောက်နေထိုင်မှု တစ်ချို့၊ ရောဂါတစ်ချို့နဲ့ ဆေးတွေကြောင့် ကျောက်ကပ်လုံးဝပျက်စီးသွားတဲ့အခါ ကျောက်ကပ်လဲမလား ကျောက်ကပ် ဆေးမလားစတဲ့ ကုသမှု ၂ မျိုးထဲက တစ်ခုခုကို ရွေးမှရပါတော့မယ်။ ကျောက်ကပ်ပျက်စီးသွားရင် သက်တမ်းစေ့နေဖို့က မလွယ်တော့ဘူးလေ။ ဒီတော့ ကျောက်ကပ်အစားထို းရင်ကောင်းမလား။ ကျောက်ကပ်ဆေးရင်ကောင်းမလား။ ဘာရွေးကြမလဲ။ ကျောက်ကပ်ကလည်းပျက်စီးနေပြီ။ နောက်ဆုံးအဆင့်ကို ရောက်နေပြီဆိုရင် ေကျာက်ကပ်ဆေးမလား။ အစားထိုးမလား တစ်ခုခုတော့ ရွေးမှ ရတော့မှာပါ။ အဲဒီအခါကျ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ သူတွေအတွက် ခုဆောင်းပါးလေးက ရည်ရွယ်ပါတယ်။ ကျောက်ကပ်ဆေးတာနဲ့ ကျောက်ကပ်အစားထိုးတာ ဘာဟာကို ရွေးကြမလဲ။ ကျောက်ကပ်ဆေးခြင်း ။ ကျောက်ကပ်ဆေးတယ်ဆိုတာ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာဖြစ်တဲ့ စွန့်ထုတ်ခြင်း […]


ကျောက်ကပ်ရောဂါများ

Dialysis ကျောက်ကပ်ဆေးခြင်းနဲ့ ပက်သက်ပြီး သိထားသင့်တာလေးများ။ ။

အိမ်မှာတော့ ဘယ်သူကတော့ ကျောက်ကပ်မကောင်းလို့ ကျောက်ကပ်ဆေးနေရပြီ၊ ရပ်ကွက်ထဲမှာတော့ ဘယ်သူက ဆေးရုံကို ပုံမှန်သွားပြီး ကျောက်ကပ်ဆေးနေတယ်ဆိုတဲ့ အကြောင်း ကြားဖူးနားဝဖြစ်နေကြမှာပါ။ ဒီတော့ kidney haemodialysis ဆိုတဲ့ ကျောက်ကပ်ဆေးခြင်း ကုသမှုကို အပြည့်အစုံသာမသိပေမယ့် ကြားဖူးနေကြဖြစ်မှာတော့ အသေအချာပါ။ Dialysis ကျောက်ကပ်ဆေးခြင်းနဲ့ ပက်သက်ပြီး သိထားသင့်တာလေးများ။ ။ ဘာ့ကြောင့် ကျောက်ကပ်ဆေးကြရတာလဲ ။ ကိုယ်ခန္ဓါရဲ့ စွန့်ထုတ်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးတဲ့ ခေါင်ချုပ်ကြီးဟာ လက်တစ်ဆုပ်စာ အရွယ်လောက်ပဲ ရှိတဲ့ ကျောအောက်နောက်ဘက်နားက ကျောက်ကပ် နှစ်လုံးပါ။ ဒီကျောက်ကပ်တွေ ကောင်းကောင်းအလုပ်မနိုင်တော့ဘဲ ပျက်စီးတာ နောက်ဆုံး အဆင့်( ၈၅ ကနေ ၉၀ ရာခိုင်နှုန်းလောက်ပျက်စီး ) ထိရောက်သွားပြီဆိုရင်တော့ ကျောက်ကပ်အစားထိုးလဲချင်လဲ မလဲချင်ရင် ေကျာက်ကပ်ဆေးတဲ့ ကုသမှု ခံကို ခံယူရပါတော့တယ်။ ကျောက်ကပ်ပျက်စီးသွားတာက ပြန်ကောင်းတတ်လား။ လောလောလတ်လတ် ကျောက်ကပ်ပျက်စီးထားတဲ့ အခြေအနေ […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်လှူမယ့် အလှူရှင်တိုင်း ဒါလေးတွေ သိထားသင့်တယ်နော်။

ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ယောက်ရဲ့ ေကျာက်ကပ် မကောင်းတော့ဘူး။ အလုပ်မလုပ်တော့ဘူး ပျက်စီးနေပြီ စတဲ့ သတင်းဆိုး ကြားလိုက်ရတဲ့အချိန် စိတ်မကောင်းဖြစ်ကြမယ့် သူချည်းပါပဲ။ တကယ်လို့ အဲလို ကျောက်ကပ်ပျက်စီးနေတဲ့သူက ကိုယ့်မိဘတွေဖြစ်နေမယ်ဆိုရင် ပိုဆိုးတာပေါ့။ ဒါပေမယ့် အဆိုးချည်းပဲ တော့မဟုတ်ပါဘူး။ မိဘတွေဖြစ်နေတော့ သားသမီးဖြစ်တဲ့ကိုယ်တွေက ကျောက်ကပ်လှူနိုင်ဖို့ အခွင့်အရေးရှိသေးတာပေါ့။ ဒါကလည်း မိဘကျေးဇူးကို ဆပ်ခြင်းတစ်မျိုးပဲလေ။ ဒီတော့ အခြား အလှူရှင်တွေကို မရှာချင်ဘူး။ လူရင်းဖြစ်တဲ့ ကိုယ်ကပဲ ကျောက်ကပ်လှူမယ်လို့ ဆုံးဖြတ်ထားပြီးပြီဆိုရင် ပြင်ဆင်စရာရှိတာတွေ ဆင်ခြင်သင့်တာတွေက အရေးကြီးလာပါပြီ။ လှူမယ်ဆိုပြီး ကျောက်ကပ်ထုတ်ပေးလိုက်ရုံနဲ့ မပြီးသေးဘူးလေ။ ခွဲစိတ်မှုတစ်ခု လုပ်ရမှာဆိုတော့ ခုပြောမယ့် အချက်လေးတွေ သိထားဖို့လိုလာပြီပေါ့ ။ ကျောက်ကပ်လှူမယ်လို့ စဉ်းစားထားရင် ဒါလေးတွေ သိထားဖို့လိုပါတယ်။ အလှူရှင်တွေအတွက် အဓိကကတော့ ကျောက်ကပ်ရောဂါတစ်ခါမှ မဖြစ်ဖူးတဲ့သူမျိုး ဖြစ်ရပါမယ်။ နောက်ပြီး အချိန်ကြာလတာနဲ့ […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်လေးကျန်းမာနေစေဖို့

ခန္ဓါကိုယ်က အစိတ်အပိုင်းတွေ အားလုံးကျန်းမာနေမှနေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်စွာလှုပ်ရှားနိုင်မှာပါ။ အစိတ်အပိုင်းတိုင်း ကသူ့အခန်းကဏ္ဍကို အကောင်းဆုံး ထမ်းဆောင်နေလို့သာ စိတ်သွားတိုင်း ကိုယ်ပါနေရတာပါ။ တကယ်လို့များ ခန္ဓါကိုယ် အစိတ်အပိုင်းတစ်ခုခု ကအလုပ်တွေကိုကောင်းကောင်းမလုပ်နိုင်တော့တဲ့အခါ နာမကျန်းဖြစ်မှုတွေက စလာတော့မှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓါကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနေတဲ့ ကိုယ်တွင်းအင်္ဂါလေးတစ်ခုအကြောင်းဆွေးနွေးချင်ပါတယ်။ ကျောက်ကပ် နံရိုးတွေရဲ့အောက်ဘက်နားမှာရှိတဲ့ လက်သီးဆုပ်အရွယ် ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းပါ။ကျောရိုးရဲ့ တစ်ဖက်တစ်ချက်ဆီမှာရှိကြပါတယ်။ကျောက်ကပ်က ခန္ဓါကိုယ်ရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။ ကျောက်ကပ်ရဲ့ အဓိကတာဝန်က ခန္ဓါကိုယ်တွင်း ကအညစ်အကြေးတွေကိုစစ်ထုတ်ပေးတာပါ။သွေးတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ စစ်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာ သိမ်းထားပြီး ဆီးအဖြစ်နဲ့ ခန္ဓါကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဒါတွေအပြင်ကျောက်ကပ်က ကိုယ်တါင်း pH ပမာဏကို ထိန်းညှိပေးပြီး ပိုတက်ဆီယမ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးသလိုသွေးနီဥဆဲလ်တွေထုတ်လုပ်မှုကိုလည်း ထိန်းညှိပေးပါတယ်။ အရိုးတွေသန်မာစေပြီး ကြွက်သားတွေ […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်မှာပြဿနာရှိနေပြီလို့ ပြနေတဲ့ လက္ခဏာ (၁၀) ခု

ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့လူတွေကလွဲလို့ တော်ရုံဆို ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိနေတာကို မသိတဲ့သူများပါတယ်။ သိပြီဆိုလည်း ဆေးခန်းပြမှ လက္ခဏာတော်တော်ပြနေပြီ၊ဝေဒနာတော်တော်ဆိုးနေပြီဆိုတာချည်းပဲ။ ဘာလို့လဲဆိုတော့ရောဂါလက္ခဏာတွေဖြစ်နေလည်း လူတွေကကျောက်ကပ်လို့မထင်ဘဲ တခြားအကြောင်းရင်းတွေနဲ့ရောထွေးကြလို့ပါပဲ။နောက်ပြီး တချို့ကျောက်ကပ်ဝေဒနာရှင်တွေမှာရောဂါရင့်တဲ့အဆင့်အထိ လက္ခဏာမပြဘဲရှိတတ်တယ်၊ နာတာရှည်ကျောက်ကပ်ရောဂါရှိတဲ့သူတွေမှာ ၁၀ ရာခိုင်နှုန်းလောက်က ကိုယ့်ရောဂါကိုမသိဘဲနေကြတာတွေ့ရပါတယ်။ ကျောက်ကပ်ကောင်းမကောင်း အတိအကျသိနိုင်တဲ့နည်းလမ်းကဆေးစစ်တာပဲဆိုတော့ လူတိုင်းပုံမှန်ဆေးစစ်ဖို့ကလည်း သိပ်မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒီတော့ဖြစ်နိုင်ခြေ လက္ခဏာတွေနဲ့ပဲအရင် ဆန်းစစ်ရပါမယ်။ ကိုယ့်မှာသွေးတိုး၊ ဆီးချို၊ ဒါမှမဟုတ် မိဘဆွေမျိုးတွေထဲမှာကျောက်ကပ်ရောဂါရှိဖူးတာ၊ ဒါမှမဟုတ် အသက် ၆၀ အထက်ရှိသူတွေဟာကျောက်ကပ်ကျန်းမာရေးကို စစ်ဆေးမှုခံယူဖို့လိုအပ်ပါတယ်။ ဆေးမစစ်ခင် ကိုယ့်မှာဒီလက္ခဏာတွေရှိနေသလား အရင်ကြည့်ပါ။ ကျောက်ကပ်မှာပြဿနာရှိကြောင်း သိနိုင်တဲ့လက္ခဏာ (၁၀) ခု (၁) အရမ်းပင်ပန်း၊ အားကုန်နေတာ ဒါမှမဟုတ် အာရုံစူးစိုက်လို့မရတာ ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းမှုပြင်းထန်ရင်သွေးထဲမှာ အဆိပ်အတောက်တွေစုပုံလာစေနိုင်ပြီးသွေးညစ်စေပါတယ်။ အဲဒီအခါ လူတွေက ပင်ပန်းအားနည်းလာပြီး အာရုံစိုက်မရတာတွေဖြစ်လာနိုင်ပါတယ်။နောက်ဆက်တွဲပြဿနာနောက်တစ်ခုကတော့သွေးအားနည်းတာပဲဖြစ်ပါတယ်။ (၂) အိပ်မပျော်တာ ကျောက်ကပ်ကကောင်းကောင်းစစ်မထုတ်နိုင်တော့ ဆီးထဲကိုစွန့်ထုတ်မယ့်အစားသွေးထဲမှာ အဆိပ်အတောက်တွေကျန်နေတာပေါ့။ ဒီလိုဖြစ်လာရင် အိပ်စက်မှုပြဿနာရှိလာနိုင်ပါတယ်။ အဝလွန်ခြင်းနဲ့ နာတာရှည်ကျောက်ကပ်ရောဂါက ဆက်နွှယ်မှုလည်းရှိနေပြီး […]


ဆီးမထိန်းနိုင်ခြင်း

မြန်မာနိုင်ငံမှာ ဖြစ်တတ်တဲ့ ဆီးမထိန်းနိုင်ခြင်း အကြောင်းရင်းခံများ

ကလေးမဟုတ်တော့တဲ့သူတွေအတွက် ဆီးမထိန်းနိုင်တဲ့ပြဿနာဟာ အတော်အခက်တွေ့ရတဲ့ကိစ္စပါ။ အပြင်သွားလာတဲ့အချိန် ဒါမှမဟုတ် အရေးကြီးကိစ္စရှိနေတဲ့အချိန် ရုတ်တရက်ဆီးသွားချင်တာ၊ အမြန်မဖြေရှင်းရင် ချက်ချင်းထွက်ကုန်တာမျိုး၊ချောင်းဆိုးလိုက်လို့၊ နှာချေလိုက်လို့ ဆီးထွက်ကုန်တာ အတော်ဆိုးပါတယ်။ အဆိုးဆုံးက အားရပါးရမရယ်ရဲတာပါပဲ။ လူကြီးမိဘတွေမှာ ဖြစ်တတ်တယ်လို့ပြောလေ့ရှိကြပေမယ့် အသက်ကြီးလာတိုင်း ဖြစ်ကိုဖြစ်ရမယ့်၊ရှောင်လွှဲလို့မရတဲ့ကိစ္စတော့မဟုတ်ပါဘူး။ လူတိုင်းမဖြစ်ပေမယ့် အသက်ကြီးသူတွေမှာတင်မကဘဲ ဆီးအိမ်ပြဿနာရှိတဲ့ လူငယ်တွေမှာပါဖြစ်ကြတာရှိနေပါတယ်။ ဆီးမထိန်းနိုင်တာက သီးခြားရောဂါတစ်ခုမဟုတ်ပေမယ့် ခံစားရခက်တဲ့ လက္ခဏာတစ်ခုဖြစ်နေတော့ နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ တချို့ဆို လမ်းမှာတင် ကားရပ်ပြီးအိမ်သာရှာရတာ၊ယောကျာ်းလေးတွေဆို အိမ်သာရှာချိန်မရဘဲ လမ်းဘေးပြေးဆင်းရတာ မကြာခဏ။ မိန်းကလေးတွေကျ ပိုဆိုးပြီပေါ့၊ ယောကျာ်းလေးတွေလိုလည်း အမြန်ဖြေရှင်းလို့မရ၊ ဆီးနည်းနည်းလေးထွက်ရုံနဲ့တင် အဝတ်အစားမှာကွက်တာပေတာဖြစ်ခဲ့ရင် ပိုအခက်တွေ့ရတာပါ။ ဒါတွေဘာကြောင့်ဖြစ်ရတာလဲ အဖြစ်များတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။နေ့စဉ်လုပ်နေကျအမူအကျင့်တွေကြာင့်ဖြစ်နိုင်သလို တခြားအကြောင်းရင်းတွေလည်းရှိပါတယ်။ ဥပမာ -အစားအသောက်နဲ့ ဆေးဝါးတွေကြောင့် ဆီးမထိန်းနိုင်တဲ့ လက္ခဏာ ယာယီဖြစ်တတ်ပါတယ်။ ဆီးဆေးေသာက်ရင် ဆီးအရမ်းသွားမယ်၊ မကြာခဏသွားမယ်၊ အောင့်ထားရင် မထိန်းနိုင်ဘဲထွက်မယ်။ အရက်ဘီယာ၊ […]


ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးသွားရင် ဆီးပူနေသလိုမျိုး ခံစားရတာ ဘာကြောင့်လဲ ။ ။

ဖြစ်ဖူးကြမှာပါ။ ဆီးသွားတဲ့အခါ ဆီးတွေပုံမှန်ထက်ပူနေတာ၊ ဆီးသွားရင် ကျင်တာ၊ ဆီးသွားရင်နာတာမျိုး အားလုံး ဖြစ်ဖူးကြမှာပါ။ ဆီးသွားရင် နာကျင်တာနဲ့ ပက်သက်တဲ့ ဆောင်းပါးတွေ အများကြီးရေးထားပြီးဖြစ်လို့ ဆီးသွားလိုက်တိုင်း ဆီးတွေ ပူပူကြီးဖြစ်နေတဲ့အကြောင်း ဒီဆောင်းပါးထဲမှာ ပြောပြချင်ပါတယ်။ ။ ဆီးသွားလိုက်လို့ ဆီးပူတာနှစ်မျိုးရှိပါတယ်။ ဆီးအပူချိန်က ပုံမှန်ထက် ပိုနွေးတာကို ခံစားမိတာ နဲ့ ဆီးကပူလွန်းလို့ ဆီးသွားတဲ့အခါ နာကျင်တဲ့ ဝေဒနာလိုမျိုး ခံစားရတာဆိုပြီး နှစ်မျိုးရှိပါတယ်။ ပုံမှန်ဆို ဆီးအပူချိန်က ကိုယ်ခန္ဓါ အပူချိန်လောက်ပဲရှိရမှာပါ။ ရေအသောက်နည်းတာတို့၊ ကိုယ်ပူပြီးဖျားေနတာတို့ ၊ ဆောင်းတွင်းတို့မှာဆို ဆီးပူသလိုမျိုးခံစားရတတ်ပေမယ့် ဒါပုံမှန်ပါ။ ဆီးက ပူရုံတင်မဟုတ်ဘဲ ဆီးသွားတဲ့အခါ နာကျင်နေတယ်ဆိုရင်တော့ စိုးရိမ်စရာရှိလာပါပြီ ။ ဆီးသွားတဲ့အခါ ဆီးတွေ ပူနေသလိုမျိုး ခံစားရတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ။ အမျိုးသားရော အမျိုးသမီးရော […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ညဘက်မှ ဆီးခဏခဏ ထသွားရလို့ စိတ်ညစ်နေပြီလား

ဘယ်သူမဆို တစ်နေ့လုံး ပင်ပန်းလာပြီးမှ ညအိပ်ချိန်ကိုတော့ ပြည့်ပြည့်၀၀လေး အိပ်ချင်ကြမှာပါပဲ။ ဆီးသွားတာဟာ ကိုယ်ခန္ဓါထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို အရည်အဖြစ်နဲ့ အပြင်ကို စွန့်ထုတ်ပေးတဲ့ ပုံမှန် လုပ်ရိုးလုပ်စဉ်မို့ ပြဿနာမရှိပေမဲ့ ညအိပ်နေတဲ့အချိန်မှ ထပြီး ဆီးသွားနေရရင်တော့ ကိုယ့်ရဲ့ အိပ်ချိန်နဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာမှာပေါ့။ လူတစ်ယောက်ရဲ့ တစ်နေ့အိပ်ချိန်ဟာ အနည်းဆုံး ၇နာရီခန့် ရှိဖို့လိုအပ်ပါတယ်။ ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်အနားယူမှ မနက်နိုးလာတာနဲ့ အားအင်တွေ ပြည့်ဝနေပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွနေတော့မှာပေါ့။ ဒါကြောင့် ညဘက်မှ ဆီးခဏခဏ သွားနေရတဲ့ ပြဿနာကို ဖြေရှင်းလို့ ရမယ့် နည်းလမ်းတွေကို ပြောပြပေးမယ်နော်။ ၁။ ညအိပ်ခါနီး ရေမသောက်ပါနဲ့။ ခန္ဓါကိုယ်အတွက် ရေဓါတ်ပြည့်ဝနေမှုဟာ အရေးပါပေမယ့် အိပ်ခါနီးမှ ရေတွေ အများကြီးသောက်လိုက်မယ်ဆိုရင်တော့ ညဘက်တွေမှာ သေချာပေါက် ဆီးထသွားနေရမှာပါ။ ဒါကြောင့် […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးပိုက်ထည့်ထားတဲ့ သူတွေ သိထားသင့်တဲ့ အချက်များ ။ ။

ဆီးမသွားနိုင်လို့ ဘယ်သူကတော့ ဆီးပိုက်ကြီးနဲ့ နေရတာ၊ ဆီးမထိန်းနိုင်လို့ ဆီးပိုက်တန်းလန်းနဲ့နေမှ အဆင်ပြေတယ်ဆိုတာမျိုးတွေ ကြားဖူးမှာပါ။ တကယ်တော့ ဆီးပိုက်ထည့်တယ်ဆိုတာ အထည့်ခံရတဲ့သူအတွက် တကယ်ကို နေရထိုင်ရတာ သက်တောင့်သက်သာ မရှိစေတဲ့ အရာတစ်ခုပါ။ ခံစားနေရတဲ့ ဝေဒနာသက်သာအောင် လုပ်ပေးတယ်ဆိုပေမယ့် ဆီးပိုက်ကို သေချာ ဂရုမစိုက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ ကလည်း အများကြီးပါ။ ဘာဆိုးကျိုးတွေ ရှိလဲဆိုတာသိမှ သေချာ ဂရိုစိုက်လို့ရမှာဖြစ်တာကြောင့် ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ။ ဆီးပိုက်ထည့်ထားတာကို သေချာ ဂရုမစိုက်ရင် ရလာနိုင်တဲ့ ဆိုးကျိုးတွေ ။ ။ ဆိုးကျိုးတွေကို အရင်မပြောခင် ဘာကြောင့် ဆီးပိုက်ထည့်ရတာလဲဆိုတာကို အရင်ပြောရအောင် ။ ရောဂါအခံကြောင့်၊ ဆီးကျောက်တည်နေလို့၊ ဆီးအိမ်ကြွက်သားအားမကောင်းလို့၊ အသက်ကြီးလာလို့ ဆီးလမ်းကြောင့် မလုံလို့နဲ့ ခွဲစိတ်ပြီးခါစမှာ ဆီးလုံးဝ […]


ဆီးအိမ်ရောဂါများ

ဆီးသွားချင်နေပေမယ့် ဆီးပေါက်လို့မရတာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းကြမလဲ ။ ။

ဆီးသွားရတာခက်တာ၊ ဆီးကျန်နေတယ်လို့ ခံစားရတာတွေ၊ ဆီးအိမ်ကြီးတင်းနေပေမယ့် ဆီးသွားလို့ မရတာမျိုးတွေကို တော်တော်များများ ကြုံဖူးကြားဖူးကြမှာပါ။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ။ ဆီးမထိန်းနိုင်တာကပြဿနာတစ်ခုဆိုပေမယ့် ဆီးသွားချင်ရက်နဲ့ ဆီးပေါက်လို့ မရတဲ့ ပြဿနာက ပိုဆိုးပါတယ်။ ယောက်ျားမှာဆီး မိန်းမမှာမီးဆိုတဲ့အတိုင်း ဆီးနဲ့ပက်သက်တဲ့ ပြဿနာတွေက အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီဆီးပြဿနာတွေက အသက် ၄၀ကျော်ကနေ အသက် ၈၀ ကြားထဲရှိတဲ့ အမျိုးသား ၁၀၀၀ မှာ ၅ ယောက် ဖြစ်နေတဲ့ ပြဿနာဖြစ်ပါတယ်။ သူ့မှာ ချက်ချင်းလတ်တလောဖြစ်တဲ့ ဆီးမသွားနိုင်တဲ့ပြဿနာ ( acute urinary retention) နဲ့ နာတာရှည် ဆီးမသွားနိုင်တဲ့ ပြဿနာ ( chronic urinary retention) ဆိုပြီး ၂ မျိုးရှိပါတယ်။ ဘယ်လို လက္ခဏာတွေ ရှိလဲ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း