အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

ခြေသလုံးနောက်နားလေးမှာ အကြောပြတ်ရာ အဖြူတွေ ရှိနေလို့ စိတ်ညစ်နေလား ။ ။

စကတ် ၊ ဘောင်းဘီတိုတိုလှလှလေးတွေ ဝတ်မယ်ဆိုတိုင်း ခြေသလုံး ဒူးနောက်နားမှာရှိတဲ့ အကြောပြတ်ရာ အဖြူလေးတွေကြောင့် ယုံကြည်မှု ရှိရှိမဝတ်ရဲ့တဲ့ အခြေအနေတစ်ခု ရောက်နေပြီလား။ အကြောပြတ်ရာတွေဆိုတာ နာကျင်တဲ့ဝေဒနာတွေကို မဖြစ်စေပေမယ့် အလှအပရှုထောင့်ဘက်က ကြည့်မယ်ဆိုရင် အကျည်းတန်တဲ့အရာတွေပါ။ ဒီလို အကြောပြတ်ရာအဖြူတွေ ဘာ့ကြောင့် ဖြစ်ရတာလဲ ။ အကြောပြတ်ရာတစ်ခု ဘယ်လိုနည်းလမ်းနဲ့ စပေါ်လာတာလဲ ။ ။ အရေပြားမှာရှိတဲ့ dermis layer ဆိုတာ အရေပြားတစ်ခု ကျုံ့နိုင် ဆန့်နိုင်မှုကို ထိန်းချုပ်တဲ့နေရာတစ်ခုပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန် ေလ့ကျင့်ခန်းလုပ်တဲ့အချိန်နဲ့ ပြင်းပြင်းထန်ထန် လှုပ်ရှားတဲ့အချိန်တို့မှာ dermis layer ထိခိုက်သွားပြီး အရေပြားအောက်မှာရှိတဲ့ ကော်လာဂျင်တွေ ပြတ်သွားတတ်ပါတယ်။ အဲလိုနဲ့ အကြောပြတ်ရာတွေ စပေါ်လာရတာပါ။ ဒီလိုအကြောပြတ်ရာတွေဖြစ်တတ်တဲ့နေရာကတော့ တင်ပါး လက်မောင်းအောက် ရင်သား ပေါင်နဲ့ ခြေသလုံးအနောက်ပိုင်းတို့ပဲဖြစ်ပါတယ်။ ဒီအထဲမှာ မိန်းကလေးတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

အလှအပနဲ့ပတ်သက်လို့ ဒါတွေလုပ်မိနေပြီလား

ကြည်လင်ပြီး အနာအဆာကင်းတဲ့ မျက်နှာလေးက အလှတိုးစေတဲ့အချက်တစ်ခုပေါ့။ အသားအရေထိန်းသိမ်းမှုက လူတိုင်းလိုလိုလုပ်သင့်တဲ့အရာတစ်ခုပါ။ ဒီလိုလုပ်တဲ့အခါ အသားကိုကြည်လင်လှပလိုစိတ်နဲ့ လုပ်မိတာတွေကြောင့် အသားအရေပိုကောင်းမသွားဘဲ ထိခိုက်တာမျိုးဖြစ်စေဖို့ ဒီဆောင်းပါးလေးထဲကနေပြောပြပေးပါရစေနာ်။ လုပ်မိနေတယ်ဆိုရင်လည်း ဆင်ခြင်လို့ရတာပေါ့။ ဒါတွေလုပ်မိနေလား....... မျက်နှာကို Micellar Water နဲ့သစ်ပြီးရင်ရေနဲ့ပြန်သစ်စရာမလိုဘူး ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ Micellar Water ကမျက်နှာကို အတွင်းပိုင်းအထိသန့်စင်ပေးတယ်ဆိုပေမယ့် မျက်နှာပြန်သစ်ဖို့တော့ လိုမှာပါ။ မျက်နှာ မသစ်ဘဲထားလိုက်ရင် အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဆဲလ်သေတွေကို ခဏခဏဖယ်ရှားလေလေ အသားအရေကြည်လေလေပဲ တစ်ပတ်ကို နှစ်ကြိမ်ဆိုရင်ကို လုံလောက်ပါပြီ။ တစ်ပတ်ကို နှစ်ကြိမ်ထက်ကျော်ပြီး မျက်နှာပေါ်ကဆဲလ်သေတွေကို မဖယ်ရှားသင့်ပါဘူး။ အသားအရေကို ကြည်လင်စေတယ်ဆိုတာထက် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်နှစ်ကြိမ်လောက်ပဲလုပ်ပေးပါ။ ဝက်ခြံထွက်နေလည်း ဆဲလ်သေတွေဖယ်ရှားလို့ရပါတယ် ဝက်ခြံထွက်နေတဲ့အချိန်မှာဆဲလ်သေတွေဖယ်ရှားတာက အခန့်မသင့်ရင် ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံတွေအရမ်းကြီးနေပြီဆိုရင် ဆဲလ်သေတွေဖယ်ရှားတာမျိုးမလုပ်သင့်ပါဘူး။ နေလောင်ကာခရင်မ်က မဖြစ်မနေလူးစရာမလိုဘူး နေလောင်ကာခရင်မ်ကကျော်မသွားသင့်တဲ့ အသားအရေထိန်းသိမ်းမှုအဆင့်တစ်ခုပါ။ အပြင်မထွက်ခက်နာရီဝက်အလိုတိုင်းမှာ မျက်နှာအပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးကို လူးပေးပါ။ ဒါမှနေလောင်ဒဏ်ကြောင့် […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ခြေသည်းလက်သည်းလေးတွေကျန်းမာစေဖို့အတွက် လိုက်နာသင့်တဲ့ အလေ့အထလေးတွေ

လက်သည်းခြေသည်းလေးတွေကလည်း အလှအပအတွက်လိုအပ်တဲ့ အချက်တစ်ခုပါ။ ဒီတော့ လှပတဲ့သူလေးဖြစ်ချင်တယ်ဆိုရင် လက်သည်းခြေသည်းလေးတွေကိုသေချာဂရုစိုက်ဖို့လိုမှာပါ။ ဒီတော့ လှပကျန်းမာတဲ့ခြေသည်းလက်သည်းလေးတွေပိုင်ဆိုင်ဖို့ဆိုရင် လိုက်နာရမယ့် အခြေခံအချက်လေးတွေရှိပါတယ်။ ခြေသည်းလက်သည်းလေးတွေ ခံစားရနိုင်တဲ့ရောဂါတွေ...... ခြေသည်းလက်သည်းလေးတွေမှာလည်းရောဂါပိုးတွေ ကူးစက်မှုကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ ခြေသည်းလက်သည်းတွေအရောင်ပြောင်းတာ ခြေသည်းလက်သည်းတွေကြွပ်ဆတ်တာ ထိခိုက်ကျိုးပဲ့လွယ်တာ ခြေသည်းလက်သည်းမှိုပိုးဝင်တာ လက်သည်းမှာ အဖြူစက်လေးတွေဖြစ်တာ (လက်သည်းပွင့်တယ်လို့ ခေါ်တတ်ကြပါတယ်) လက်သည်းမှာ အစင်းကြောင်းတွေဖြစ်တာ လက်သည်းတွေခြောက်နေတာ လက်သည်း အဖက်လေးတွေလန်နေတာ လက်သည်းခြေသည်းတဝိုက်က အရေပြားလေးတွေ နီမြန်းရောင်ရမ်းနေတာစတဲ့ပြဿနာတွေခံစားရနိုင်ပါတယ်။ ကျန်းမာတဲ့ခြေသည်းလက်သည်းလေးတွေရဲ့ အင်္ဂါရပ်တွေ ခြေသည်းလက်သည်လေးတွေကျန်းမာလားဆိုတာကို မျက်စိနဲ့ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ခြေသည်းလက်သည်းလေးတွေက ပန်းရောင်သွေးကြွယ်နေမယ် ခြေသည်းပန်းကုံးလေးတွေ၊ လက်သည်းပန်းကုံးလေးတွေရှိမယ် လက်သည်းလေးတွေက ပုံမှန်ရှည်တယ် လက်သည်းလေးတွေအောင်ခြေမှာ အဖြူရောင်လခြမ်းပုံလေးတွေရှိနေမယ်ဆိုရင်တော့ခြေသည်းလက်သည်းလေးတွေ ကျန်းမာတယ်ဆိုတဲ့ လက္ခဏာတွေပါ။ လက်သည်းလေးတွေ ကျန်းမာစေဖို့ ဘာတွေဆောင်လို့ ဘာတွေရှောင်ရမလဲ......... လက်သည်းလေးတွေကျန်းမာစေဖို့ ဒီအချက်လေးတွေကို သတိထားပေးတာက အကောင်းဆုံးဖြစ်မှာပါ။ လက်သည်းက ပိုးဝင်နိုင်သလို လက်သန့်ရှင်းမှုမရှိရင် ခန္ဓါကိုယ်ကိုလည် ထိခိုက်လာနိုင်တာတွေက အများကြီးပါ။ ဒါကြောင့် […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာအသားအရေကိုပဲ ဂရုစိုက်ဖို့လိုတာလား၊ ခန္ဓါကိုယ်အတွက်ရော...

မျက်နှာအသားအရေကြည်လင်ဖို့၊ အဖုအထစ်အပြစ်အနာအဆာကင်းဖို့၊ဖြူဝင်းလာဖို့၊ အစိုဓါတ်ထိန်းဖို့၊ နူးညံ့ချောမွတ်စေဖို့ကိုပဲ ဦးစားပေးကြတာများပါတယ်။ တစ်ကိုယ်ရည်သုံးပစ္စည်းတွေဝယ်မယ်ဆိုရင်တောင် မျက်နှာအတွက်ပဲ အသားအရေထိန်းသိမ်းမှုအဆင့်ဆင့်အတွက် အစုံဝယ်ကြတယ်၊ ခန္ဓါကိုယ်ကျတော့ ကိုယ်တိုက်ဆပ်ပြာတုံး တစ်တုံးဝယ်လိုက်ရင်ပြီးရောတဲ့လား။ ခန္ဓါကိုယ်တစ်ခုလုံးကိုဖြန့်ကျက်ထားတဲ့ အကြီးဆုံးအစိတ်အပိုင်းက အရေပြားပါ။ မျက်နှာအသားအရေက အဲဒီအရေပြားရဲ့ နုနယ်တဲ့တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ကျန်တဲ့ခန္ဓါကိုယ်အသားအရေဟာလည်း ဂရုစိုက်ပေးဖို့ ထိုက်တန်ပါတယ်နော်။ လူတစ်ယောက်ရဲ့သွင်ပြင်နဲ့ အလှအပကျက်သရေဟာ မျက်နှာအလှနဲ့တင် မပြည့်စုံဘူးဆိုတာ မမေ့သင့်ပါဘူး။ ခန္ဓါကိုယ်အသားအရေရဲ့ သန့်ရှင်းမှု၊ ကျန်းမာမှု၊ လှပမှုကိုလည်း ဂရုစိုက်ပေးဖို့လိုတဲ့အကြောင်း ဒီလိုအပ်ချက် (၇) ချက်နဲ့ သတိပေးလိုက်ပါရစေ။ ခန္ဓါကိုယ်အသားအရေနဲ့ပတ်သက်တဲ့ ဂရုစိုက်ထိန်းသိမ်းမှုအတွက် ဘာတွေလိုလဲဆိုတော့ - (၁)ရေချိုးဆပ်ပြာကိုရွေးချယ်ဖို့ လိုတယ် ဆပ်ပြာဖြစ်ပြီးရောတွေ့ရာဝယ်မသုံးသင့်ပါဘူး။ အရည်အသွေးမကောင်းတဲ့ရေချိုးဆပ်ပြာတွေက အသားခြောက်သွေ့စေနိုင်တယ်၊ ဓါတုပစ္စည်းပါဝင်မှုများတဲ့ အမျိုးအစားက ဓါတ်မတည့်မှုဖြစ်စေနိုင်တယ်၊ အသားအရေကြမ်းတမ်းစေနိုင်တယ်။ အသားအရေအစိုဓါတ်ထိန်းပေးပြီး နူးညံ့ချောမွတ်စေတဲ့အမျိုးအစားကိုရွေးရမယ်၊ အမွှေးနံ့မပြင်းဘဲ ဓါတုပါဝင်မှုနည်းလို့ အသားကိုမထိခိုက်စေမယ့်အမျိုးအစားကိုရွေးချယ်ပေးဖို့လိုပါတယ်။ (၂) Lotion လူးဖို့လိုတယ် အဝတ်အစားတွေအောက်မှာနေတာပဲ ဘာမှလိမ်းစရာမလိုပါဘူးလို့တွေးကြတာများပါတယ်။နေပူပူ၊ မိုးရွာရွာ ခန္ဓါကိုယ်အသားအရေကို […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းခြေသည်းလေးတွေကို ဂရုစိုက်ပါ

မိန်းကလေးတစ်ယောက်ကို အလှတိုးစေမယ့် စွဲဆောင်မှု တစ်မျိုးရှိပါတယ်။ ဒါကတော့ သန့်ရှင်းသပ်ရပ်နေတဲ့ လက်သည်းခြေသည်းလေးတွေ ပါ။ မျက်နှာလှတာထက် လက်လေးတွေခြေထောက်လေးတွေလှတာကိုမှ သဘောကျတတ်သူတွေလည်း ရှိကြတယ်လေ။ ဒီတော့ လက်ညှိုးညွှန်တိုင်း တစ်ခုခုကိုထောက်ပြပြောဆိုတိုင်း လက်သည်းလေးတွေလှပြီး လှမ်းလိုက်တဲ့ခြေလှမ်းတိုင်း လှပသပ်ရပ်တဲ့ ခြေသည်းလေးတွေကြောင့် စွဲဆောင်မှုရှိနေစေချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်နော်။ ခြေသည်းလက်သည်းလေးတွေက မကျန်းမာဘူးဆိုတာရှိလား....... ခန္ဓါကိုယ်မှာ ရှိတဲ့ အစိတ်အပိုင်းတိုင်းက နာမကျန်းဖြစ်တတ်ပါတယ်။ ဒီလိုပါပဲ။ ခြေသည်းလက်သည်းလေးတွေလည်း ကျန်းမာရေး မကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ နေ့စဉ်ထိတွေ့နေတဲ့ အရာတွေ၊ လက်သည်းနီတွေစတဲ့ အရာတွေကြောင့်နဲ့ ပတ်ဝန်းကျင်က မှိုပိုးတွေ၊ ဘက်တီးရီးယား တွေကြောင့်ခြေသည်းလက်သည်းလေးတွေ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ လက်သည်းခြေသည်းမကျန်းမာဘူးဆိုတဲ့ လက္ခဏာတွေက လက်သည်းခြေသည်းတွေ အရောင်က ပန်းသွေးရောင်မဟုတ်ဘဲ ပြာနေတာ၊ ညိုနေတာ လက်သည်းမှာ အဖြူစက်လေးတွေဖြစ်နေတာ အစင်းကြောင်းလေးတွေပေါ်နေတာ လက်သည်းတွေ ကြွပ်ဆတ်နေတာ လက်သည်းခြေသည်းတွေ မှိုပိုးဝင်တာ လက်သည်းခြေသည်းတွေ […]


ဝက်ခြံ

ဝက်ခြံလေးတွေ ဝေးဝေးပြေးစေဖို့ဆို ဒါလေးတွေ သိထားမှဖြစ်မယ်နော်

ဝက်ခြံကထွက်နေပြန်ပြီ၊ စိတ်ညစ်လိုက်တာ။ ဘာဝယ်သုံးသုံးအဆင်မပြေဘူး၊ မျက်နှာပေါ်က ဝက်ခြံဧည့်သည်က လုံးဝမပြန်ဘူးဖြစ်နေတယ်။ အခန့်မသင့်ရင် အမာရွတ်ကဖြစ်ကျန်မှာဆိုတော့ ဝက်ခြံသက်သာအောင် ဘယ်လိုလုပ်ရမလဲ။ ဒီမေးခွန်းတွေအတွက် အဖြေကတော့ အရာရာဟန်ချက်ညီအောင်ထိန်းဖို့ဆိုတဲ့အချက်ပဲ ရှိပါတယ်။ ဝက်ခြံဖြစ်စေတဲ့အကြောင်းရင်းထဲမှာဟော်မုန်းအပြောင်းအလဲဖြစ်လို့၊ အိပ်စက်ပုံမူမမှန်လို့၊ အစားအသောက်မဆင်ခြင်လို့၊ သန့်ရှင်းမှုကိုဂရုမစိုက်လို့၊ချွေးပေါက်ပိတ်လို့၊ချွေးပေါက်ကျယ်လို့ စတာတွေပါဝင်ပါတယ်။ ဒါတွေကိုထိန်းညှိနိုင်ရင် ဝက်ခြံဆိုတာ ဘယ်ရှာရမှန်းသိမှာတောင် မဟုတ်တော့ပါဘူး။ ဝက်ခြံပျောက်ချင်ရင် အရင်ဆုံး မမေ့သင့်တဲ့အချက်က - ဝက်ခြံတွေကို မညှစ်၊မဖဲ့ပါနဲ့။ ဝက်ခြံဖြစ်လာရင် ညှစ်မယ်ဆိုတာချည်းပဲနော်။ ညှစ်လိုက်လို့ အဆံထွက်သွားရင် ဝက်ခြံပျောက်မယ်လို့ ဘယ်သူပြောလဲမသိ။ အခန့်မသင့်ရင် ပိုးဝင်မယ်၊ ဝက်ခြံပိုရင်းပြီးပျောက်ဖို့ကြာမယ်၊ပျောက်ရင်လည်း အမာရွတ်တွေ၊ ချိုင့်ခွက်တွေဖြစ်ကျန်မယ်ဆိုတာလေး မသိကြဘဲကိုး။ ဝက်ခြံအမာရွတ်ဖြစ်ပြီဆိုရင် သေချာဂရုစိုက်ရင်တောင် လုံးဝပျောက်ကင်းဖို့ လနဲ့ချီပြီးစောင့်ရတတ်ပါတယ်။ ချွေးပေါက်မပိတ်ဆို့အောင် ဂရုစိုက်ပါ။ အရေပြားက မွှေးညှင်းပေါက်လေးတွေမှာ ဆဲလ်သေတွေနဲ့ အဆီတွေပိတ်ဆို့မှုကြောင့်ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ပိတ်ဆို့နေတဲ့ချွေးပေါက်ထဲကို ဘက်တီးရီးယားတွေဝင်ရောက်သွားတဲ့အခါ နီမြန်းရောင်ရမ်းနေတဲ့ ဝက်ခြံတွေထွက်လာပါတော့တယ်။ ချွေးပေါက်တွေပိတ်ဆို့မှုကို သက်သာစေဖို့ဆိုရင် မျက်နှာအရေပြားပေါ်ကမွှေးညှင်းပေါက်တစ်ခုချင်းစီကို သန့်စင်ပေးနိုင်မယ့် […]


အသားအရေ ထိန်းသိမ်းခြင်း

အလှအပနဲ့ အရေပြားကျန်းမာရေးအတွက် ကော်လဂျင်

ကော်လဂျင်ဆိုတာဘာလဲ။ ကော်လဂျင်ဆိုတာ ခန္ဓါကိုယ်တွင်းမှာ ရှိတဲ့ ပရိုတင်းဓါတ်တစ်မျိုးဖြစ်ပြီး အရိုး၊ အရေပြား အကြောအမျှင်နဲ့ အရွတ်တွေကို တည်ဆောက်ပေးတယ်။ သွေးကြော၊ မျက်ကြည်လွှာ၊ သွားနဲ့ တခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေမှာ ကော်လဂျင်ဓါတ်တွေကို တွေ့ရပါတယ်။ ဖြူဖွေးလှပပြီး တင်းတင်းရင်းရင်းဖြစ်တဲ့ အသားအရေမျိုး ပိုင်ဆိုင်ရဖို့ ကူညီပေးတဲ့ ဓါတ်အဖြစ်လည်း ကော်လဂျင်ကို လူသိများကြပါတယ်။ ကော်လဂျင်အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ။ ကော်လဂျင်အမျိုးအစား အနည်းဆုံး ၁၆ မျိုးရှိပြီး အများဆုံး တွေ့ရတဲ့ ကော်လဂျင်ကိုတော့ အမျိုးအစား (၁) (၂) (၃) နဲ့ (၄) ဆိုပြီး သတ်မှတ်ထားပါတယ်။ အမျိုးအစား (၁) ကော်လဂျင်ကို သိပ်သည်းစွာဖွဲ့စည်းထားတဲ့ အမျှင်ဓါတ်တွေနဲ့ တည်ဆောက်ထားပြီး အရေပြား၊ အရိုးအဆစ်၊ အကြောအမျှင်၊ အရွတ်၊ တစ်သျှူးတွေနဲ့ သွားမှာ ၉၀ ရာခိုင်နှုန်းအထိတွေ့ရပါတယ်။ အမျိုးအစား (၂) ကော်လဂျင်ကတော့ လျော့ရဲရဲ အမျှင်တွေနဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ကျွတ်သူတိုင်း ဒါလေးတွေ သိထားသင့်တယ်နော်။

ဆံပင်ပါးတယ်၊ ဆံပင်ကျွတ်လွန်းပြီး ထိပ်ပြောင်နေတယ်၊ နှာဖူးပြောင်နေတယ်ဆိုတာဟာ လူတိုင်းရဲ့ စိတ်ကို အနှောင့်အယှက်ပေးနေတဲ့ ပြဿနာတစ်ခုပါ။ ဆံပင်ဆိုတာ အတိုဖြစ်ဖြစ် အရှည်ဖြစ်ဖြစ် ကျွတ်မှာပဲ ဆိုတဲ့ စကားလေးအတိုင်း ဆံပင်ကျွတ်တာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဆိုပေမယ့် ပုံမှန်ထက်များတဲ့ ပမာဏနဲ့ ဆံပင်ကျွတ်နေရင်တော့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို့ ပြောလို့မရတော့ပါဘူး။ ဘာေ့ကြာင့်ဖြစ်ရတာလဲကို သိရဖို့နဲ့ ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆိုတဲ့ အပိုင်းတွေ ပါဝင်လာပါပြီ။ ပုံမှန် ဆံပင်ကျွတ်နိုင်တဲ့ ပမာဏကဘယ်လောက်လဲ။ ပုံမှန်ထက်ကျော်ပြီး ဆံပင်ကျွတ်တာ မကောင်းဘူးဆိုတော့ ပုံမှန် ဆံပင်ကျွတ်တဲ့ပမာဏ ဘယ်လောက်ရှိလဲဆိုတာ သိထားဖို့လိုပါတယ်။ ပုံမှန်ဆို လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ ဒီတော့ ၁၀၀ ထက်ကျော်လာပြီဆိုရင် ပုံမှန်ဖြစ်နေကျ ဆံပင်ကျွတ်တယ်လို့ ပြောလို့မရတော့ပါဘူး။ ရှင်းရှင်းပြောရရင် ခေါင်းဖြီးလိုက်တိုင်း […]


ဝက်ခြံ

ဝက်ခြံ လူတိုင်းလိုလို ကြုံတွေ့နေရတဲ့ အရေပြားပြဿနာ ။ ။

အရွယ်လေးရောက်လာပြီဆိုတာနဲ့ ဝက်ခြံဖုလေးတွေံက လူတိုင်းဆီကို မဖိတ်ခေါ်ဘဲ လာတတ်ပါတယ်။ ဝက်ခြံလို့ဆိုလိုက်တာနဲ့ ရုပ်ကိုအလှပျက်အောင်လုပ်တဲ့၊ စိတ်ကိုညစ်အောင်လုပ်တဲ့ တရားခံအဖြစ် အားလုံးကလက်ခံထားကြပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ကလေးတုန်းက ပြောင်ချောနေတဲ့ မျက်နှာလေးမှာ ဝက်ခြံ အနီဖုတွေ ပေါက်လာတော့ ရုပ်ကြီးက ကြမ်း၊ ဒီ ဝက်ခြံတွေက နာလည်းနာ၊ တစ်ခါ ပေါက်ရင် တော်တော်နဲ့လည်း မပျောက်၊ ပျောက်သွားရင်တောင် အမာရွတ်တွေ ကျန်ခဲ့သေးတာ ဆိုတော့ ဝက်ခြံပေါက်တဲ့ ပြဿနာဟာ အရမ်းကို စိတ်ညစ်စရာကောင်းတာပေါ့။ ဒီတော့ လူတိုင်းလိုလို ကြုံနေရတဲ့ စိတ်ညစ်စရာကောင်းတဲ့ အရေပြားပြဿနာ ဝက်ခြံ ဘာ့ကြောင့်ပေါက်တာလဲ၊ ဝက်ခြံသက်သာအောင် ဘယ်လိုဆင်ခြင်ရမလဲဆိုတာတွေ အပြင် ဝက်ခြံနဲ့ ပက်သက်တဲ့ အခြားသိသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဒါလေးတွေ သိထားတော့ ဝက်ခြံသက်သာအောင် ဆင်ခြင်စရာရှိတာ ဆင်ခြင်လို့ရတာပေါ့။ Q - ဝက်ခြံတစ်ခု ဘယ်လိုစဖြစ်လာတာလဲ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းရာသီမှာ ရင်ဆိုင်ရနိုင်တဲ့အသားအရေပြဿနာတွေကို ဒီလိုကာကွယ်ပါ

ဆောင်းနှင်းဝေတဲ့ မနက်ခင်းက စိတ်ကူးယဉ်ဆန်ပေမယ့်ဆောင်းရဲ့ အအေးဒဏ်က အသားအရေကိ ထိခိုက်စေတာအမှန်ပါ။ဆောင်းလေးက မိုးလေနဲ့ မတူအေးမြခြောက်သွေ့ပါတယ်။ ဒီလေထုကြောင့် အရေပြားက အစိုဓါတ်ဆုံးရှုံးပြီး အသားခြောက်တာဖြစ်နိုင်ပါတယ်။ အသားခြောက်တာက အလှပျက်စေသလို အပေါ်ယံအရေပြားခြောက်သွေ့ကွဲအက်မှုက မလိုလားအပ်တဲ့ပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီတော့ဆောင်းရာသီမှာ အသားအရေခြောက်သွေ့နေတာကို ဘယ်လိုများအကောင်းဆုံးဖြေရှင်းမလဲ...... ဆောင်းရာသီမှာလိုက်နာရမယ့် အလှအပရေးရာအချက်များ ဆောင်းရာသီမှာ အရေပြားပြဿနာကင်းစင်ပြီး စိုပြေလှပတဲ့အသားအရေလေးပိုင်ဆိုင်ချငတယ်ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်။ ရေနွေးနွေးလေးနဲ့ သန့်စင်ပါ မျက်နှာပဲသစ်သစ်၊ရေပဲချိုးချိုး၊ခြေလက်ပဲသန့်သန့်ရေအေးထက်ရေနွေးနွေးလေးကို အသုံးပြုဆေးကြောတာကချွေးပေါက်တွေကို အဆီပိတ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။ရေနွေးနွေးလေးနဲ့ရေချိုးပေးတာက စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေမှာပါ။ အကြာကြီးတော့ မချိုးပါနဲ့။ ကိုယ်လက်သန့်စင်ပြီးတာနဲ့ အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ ဆောင်းရာသီမှာ ပုံမှန်ထက်ပိုပြီး အသားအရေကို အစိုဓါတ်ထိန်းဖို့လိုအပ်မှာပါ။နောက်တစ်ခုက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကရေချိုးပြီးစ မျက်နှာသစ်ပြီးစမှာ လူးပေးတာက အာနိသင်အကောင်းဆုံးပါ။ ဒါကြောင့်ရေချိုးပြီးတိုင်း မျက်နှာသစ်ပြီးတိုင်း အသားအရေကို ခြောက်သွေ့အက်ကွဲမှုတွေကင်းစင်စေဖို့ အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ။ နေလောင်ကာခရင်မ်လူးပါ အသားအရေကိုဆောင်းအအေးဒဏ်ကနေရော၊နေရောင်ကနေပါကာကွယ်ရပါမယ်။ ဒါကြောင့်ဆောင်းရာသီဆိုပေမယ့်လည်းနေလောင်ကာခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။ အပြင်ထွက်တဲ့အခါ အင်္ကျီလက်ရှည်လေးဖြစ်ဖြစ် ဝတ်သွားပေးပါ။လေနဲ့နေရောင်ကြောင့် အသားအရေထိခိုက်မှုနည်းစေဖို့အတွက်ပါ။ အစိုဓါတ်ထိန်းစက်ေလးဖွင့်ထားပေးပါ ဆေင်းရာသီမှာ အပူပေးစက်ဖွင့်ထားမယ့်အစားနွေးနွေးထွေးထွေးလေးဝတ်ထားပြီး အိမ်ခန်းထဲမှာ အစိုဓါတ်ထိန်းစက်လေးဖွင့်ထားပေးလိုက်ပါ။ အသးအရေကိုခြောက်သွေ့ခြင်းကင်းစေမှာပါ။ ဆဲလ်သေတွေဖယ်ရှားပေးပါ ဒါကတော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း