အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားကျန်းမာရေးကိုလည်း မေ့မထားသင့်တဲ့ မိုးရာသီ ။ ။

နွေရာသီဆို ချွေးတွေထွက်၊ ဆံပင် တွေခဏလေး အဆီပြန်ပြီး လုံးသွားလို့၊ ဆောင်းရာသီကျတော့ ဦးရေပြား ခြောက်ြပီး ဗောက်ထလို့ ဆိုပြီး ကိုယ့်ဆံပင်လေးတွေ မပျက်စီးရေး ဂရုစိုက်ကြရတယ်မလား။ မိုးရာသီကတော့ နည်းနည်းတော်သေးတယ်ဆိုပြီးတော့ မထင်လိုက်ပါနဲ့။ မိုးရာသီရဲ့ စိုထိုင်းတဲ့ ရာသီဥတုကလည်း ဆံသားနဲ့ ဦးရေပြားတွေ ခြောက်သွေ့ပျက်စီးစေတဲ့ အထဲမှာ ထိပ်ဆုံးကပါပါတယ်။ ဒါ့ကြောင့်မိုးရာသီမှာလည်း ဆံသားကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့လိုပါတယ်။ ဘယ်လိုတွေ ဂရုစိုက်ရမလဲ ကြည့်ရအောင် ။ ။ မိုးရာသီမှာ ဆံသားကျန်းမာရေးအတွက်ဂရုစိုက်ပေးရမယ့် အချက်များ ။ ။ ( ၁ ) ဆံပင်ကို ခြောက်အောင်သုတ်ပါ။ မိုးရာသီဆိုတော့ အခန့်မသင့် မိုးမိသွားလို့ ဆံပင်တွေ ရွှဲစိုသွားတဲ့အခါမျိုးမှာ ဒီတိုင်း ခြောက်သွားမှာပဲဆိုပြီး ပစ်မထားလိုက်ပါနဲ့။ မိုးရေဆိုတာ လေထုနဲ့ ဖုန်တွေကိုဖြတ်ပြီး ဆင်းလာရတာကြောင့် ဖုန်မှုန့်တွေ ရောနေတတ်ပြီး ခေါင်းယားတာမျိုးတွေကိုဖြစ်စေတတ်ပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

မိုးတွင်းမှာ အသားအရေလေးကို ဘယ်လိုဂရုစိုက်မလဲ

အရေပြားပြဿနာတွေက ရာသီဥတုမရွေး ဖြစ်နိုင်တယ်နော်။ ခုဆို အပြင်မှာ မိုးတွေလည်းရွာနေပြီ၊ ချမ်းစိမ့်စိမ့်လေကလည်း တိုက်နေပြီဆိုတော့ ရာသီအပြောင်းအလဲကာလမှာ ကိုယ့်အသားအရေကို သေချာလေး ဂရုစိုက်ဖို့တော့ လိုမယ်နော်။ အထူးသဖြင့် မိုးရာသီဆိုတော့ အဝတ်အစားတွေ၊ ပြီးရင် ကိုယ့်ရဲ့ အရေပြားက အမြဲတမ်းရေစိုနေမှာပါ။ ဒီအခါ ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ ပေါက်ဖို့ ပိုလွယ်ပြီး အရေပြားမှိုစွဲတာတွေအပြင် ပွေး၊ ညှင်း၊ ဝဲခြောက်၊ ယားနာ၊ အဖုအပိမ့်တွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ခုလို မိုးရာသီမှာ ကိုယ့်ရဲ့ အရေပြားလေး အလှမပျက်စေဖို့ ဂရုစိုက်ပေးနိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ၁။ မျက်နှာကို တစ်နေ့ ၂ကြိမ်မှန်မှန်သစ်ပါ။ မျက်နှာသစ်တယ်ဆိုတာ ရာသီမရွေး လုပ်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလုပ်ဖြစ်ပါတယ်။ မနက်အိပ်ရာထတဲ့တစ်ခါ မျက်နှာသစ်မယ်။ ညအိပ်ခါနီးမျက်နှာသစ်မယ်။ ဒါမှပဲ မျက်နှာက ဘက်တီးရီးယားပိုးတွေကို အမြဲဖယ်ရှားပေးနိုင်ပြီး […]


ဝက်ခြံ

ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်တတ်တဲ့ အသားအရေရှိသူတွေ ဘယ်လို skin care မျိုးရွေးချယ်သင့်သလဲ ။ ။

ဝက်ခြံဆိုတာကြီးကြီးသေးသေး စိတ်ညစ်စရာကောင်းပြီး ပင်ကိုယ်အလှတွေကို ပျောက်ကွယ်သွားစေနိုင်တဲ့ ပြဿနာတစ်ခုပါ။ ဝက်ခြံပေါက်တတ်တဲ့ပြဿနာက သူတစ်ခုတည်းတင်မကဘူး။ အများအားဖြင့် ဝက်ခြံရှိတဲ့သူတွေမှာ ချွေးပေါက်ကျယ်တဲ့ပြဿနာလည်း တစ်ခါတည်းပါနေတတ်တယ်။ ချွေးပေါက်ကျယ်တာနဲ့ ဝက်ခြံပေါင်းလိုက်ရင် နဂိုလှပတဲ့မျက်နှာလေးတောင် ကြည့်ရဆိုးသွားတတ်တယ်။ ဒီတော့ ဒီလိုပြဿနာတွေကို ဘယ်လိုရှင်းကြမလဲ။ ဘယ်လောက်ပဲ မိတ်ကပ် တွေမှုန်နေအောင် လိမ်းထားပါစေ ချွေးပေါက်ကျယ်ပြီးအဆီတွေပြန်နေတယ်၊ ဝက်ခြံပေါက်နေတယ် ဆိုရင် သိပ်ပြီးကြည့်မကောင်းပါဘူး။ ဒီတော့ မိတ်ကပ်ဒီပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာကတော့ အသေအချာပါ။ ဒါ့ကြောင့် အသားအရေကို ထိန်းသိမ်းပေးတဲ့ skin care products တွေ ပေါ်ထွက်လာရတာဖြစ်ပါတယ်။ အိမ်တစ်အိမ်အတွက် အရေးအကြီးဆုံးက အုတ်မြစ်ပါ။ အုတ်မြစ်သေချာခိုင်မှ အပေါ်ဆက်တက်လို့ရသလိုပဲ လှပပြီး ပြည့်စုံတဲ့မျက်နှာတစ်ခုပိုင်ဆိုင်ဖို့ အရေးအကြီးဆုံးက မျက်နှာအသားအရေပါ။ ဒီတော့မျက်နှာအသားအရေကို ထိန်းသိမ်းဖို့အတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေ မှန်ကန်ရမှာပေါ့။ ဒီတော့ ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်လွယ်တဲ့ အသားအရေရှိသူတွေ အနေနဲ့ အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ။ မျက်နှာ အသားအရေကို […]


ဝက်ခြံ

အလှပျက်စေတဲ့ဝက်ခြံတွေ ဘာလို့ဖြစ်လာရတာလဲ၊ဘယ်လိုကာကွယ်မလဲ

မျက်နှာလေးက လှချင်ပါလျက် ရုပ်လေးကဖျက်တယ်တဲ့။ပြောမနာဆိုမနာ သူငယ်ချင်းတွေကြား စနောက်ကြတဲ့စကား။ ဒါပေမယ့် ဝက်ခြံရှိတဲ့သူလေးတွေအတွက် တကယ်မှန်နေပါရော။ နဂိုမျက်နှာလေးက လှသားနဲ့ ဝက်ခြံတွေကရှုပ်နေတဲ့အခါ ရုပ်ရည်အသွင်အပြင်မှာ အားနည်းချက်တစ်ခုလိုခံစားရစေပါတယ်။ ဝက်ခြံကင်းပြီး ကြည်ကြည်ရှင်းရှင်းလေးဆိုရင် သိပ်မချောလည်း လှနေမှာပါပဲ။ ဒီလိုအလှပျက်စေတဲ့ ဝက်ခြံတွေက ဘာလို့ဖြစ်လာရတာလဲ၊ ဘာလို့များမပျောက်ရတာလဲလို့ အမြဲကိုမေးချင်နေမှာနော်။ ဝက်ခြံပျောက်ဆေးတွေဝယ်သုံးလည်းဖြစ်နေတာပဲ။ ဘယ်လိုလုပ်ရမလဲဆိုတော့ အကြောင်းရင်းကို အရင်ဆုံးသိထားတာကောင်းပါတယ်။ အနည်းဆုံးတော့ မပျောက်သေးရင်တောင် ပိုမဆိုးအောင် ထိန်းလို့ရတာပေါ့။ ဝက်ခြံတွေ ဘာလို့ဖြစ်ရလဲ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်း (၄) ခုရှိပါတယ်။ မျက်နှာမှာ အဆီထွက်ရှိတာများနေတာကြောင့် ချွေးပေါက်တွေမှာ အဆီနဲ့ အရေပြားဆဲလ်သေတွေပိတ်ဆို့နေတာကြောင့် ဘက်တီးရီးယားကြောင့် Androgen ဟော်မုန်းကြောင့်ဖြစ်ပါတယ်။ ဝက်ခြံဖြစ်လာအောင် ဒါမှမဟုတ် ပိုဆိုးအောင် ပံ့ပိုးပေးနေတဲ့အရာတွေကတော့ - ဟော်မုန်း - Androgen ဟော်မုန်းတွေဟာယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ပျိုဖော်ဝင်ချိန်မှာ ပိုများလာတတ်ပြီး အဆီဂလင်းလေးတွေကို ကြီးလာစေ၊ အဆီပိုထွက်စေတဲ့ဟော်မုန်းတွေပါ။ […]


ဝက်ခြံ

ဝက်ခြံကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုဆုံးရှုံးနေပြီလား

မနက်အိပ်ရာနိုးလို့ မှန်ထဲကြည့်လိုက်မိရင်အရင်ဆုံး မျက်လုံးထဲကို ဝင်လာမှာက ဝက်ခြံတွေများလိုက်တာ။ စိတ်ညစ်တယ်။ မျက်နှာလေးကြည်ပြီး သန့်နေတာမျိုးဖြစ်ချင်လိုက်တာလို့ဖြစ်နေပြီလား။ ဝက်ခြံကြောင့် ငါက သူများတွေလိုမလှဘူး။ အပြင်သွားရင်လည်း သူများတွေလိုက်ကြည့်တာက ဝက်ခြံကြောင့်ပဲနေမှာပါ၊ လို့တွေးပြီး စိတ်ဓါတ်တွေများကျနေပြီလား။ တစ်ခါတလေရှိသေးတယ် ဝက်ခြံများလို့ စိတ်ညစ်နေတာကိုပျော်အောင် မနည်းနေနေရပါတယ်ဆိုမှ ဝက်ခြံတွေများတယ်နော်။ ဘာမှမသုံးဖူးလား။ ဆိုတဲ့ အမေးမျိုးကပြုံးပြီးသာဖြေနေရတယ်။ စိတ်ထဲတော့တော်တော်လေးအောင့်သက်သက်ရယ်။ ဒီပြဿနာတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်။ ဝက်ခြံ ဘာလို့ထွက် ဝက်ခြံဆိုတာက ညစ်ပတ်လို့ထွက်တယ်။ လို့ထင်နေသူတွေရှိပါတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ဟော်မုန်းအပြောင်းအလဲ၊ စိတ်ဖိစီးမှု၊ အိပ်ရေးပျက်တာ၊ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် ၊ အဆီပြန်တာ နဲ့ချွေးပေါက်ကျယ်တာတွေကြောင့် ဝက်ခြံဖြစ်ရတာပါ။ အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်မှာ ဝက်ခြံတွေဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ဝက်ခြံကပျောက်မသွားတဲ့အခါ စိတ်ဖိစီး၊ စိတ်ဖိစီးမှုကြောင့် ဝက်ခြံဖြစ်နဲ့ သံသရာလည်နေရောလေ။ ဒီဝက်ခြံတွေက စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့ ဝက်ခြံကြောင့် စိတ်ပျက်နေမယ့်အစား […]


အသားအရေ ထိန်းသိမ်းခြင်း

နှုတ်ခမ်းသားလေးတွေ မည်းခြောက်နေလား။ စိတ်မပူနဲ့တော့နော်။

နှုတ်ခမ်းရဲ့ နဂိုမူလအရောင်ဆိုတာ ပန်းရောင် ဒါမှမဟုတ် အသားရောင်လေးအတိုင်း ရှိနေပြီး ခြောက်တာမျိုးမဟုတ်ဘဲ စိုစိုလက်လက်လေး ဖြစ်နေရမှာပါ။ တချို့လူတွေမှာတော့ နေထိုင်စားသောက်မှုပုံစံတွေ၊ ကျန်းမာရေးအခြေအနေတွေကြောင့် မယ်လနင် (Melanin) လို့ခေါ်တဲ့ ရောင်ခြယ်ဆဲလ်တွေ အရေပြားပေါ်မှာ စုပုံလာတယ်။ ကြာလာတော့ နှုတ်ခမ်းသားက ပုံမှန်အရောင် ပျောက်သွားပြီး အရောင်မှိုင်းလာတော့တာပေါ့။ မယ်လနင်ဆဲလ်တွေကို ကိုယ်ခန္ဓာက များများထုတ်ဖို့ တွန်းအားပေးဖြစ်စေတဲ့ အချက်တွေကတော့ နေရောင်ခြည်နဲ့ အရေပြား တိုက်ရိုက်ထိတွေ့မှု များတာ ရေဓာတ်ခမ်းခြောက်တာ ဆေးလိပ်သောက်တာ ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်တဲ့ သွားတိုက်ဆေး၊ နှုတ်ခမ်းနီတွေ အသုံးပြုတာ ကဖင်းဓာတ် ပါတဲ့ ဖျော်ရည်၊ ကော်ဖီသောက်လွန်းတာ နှုတ်ခမ်းကို အမြဲလျှာနဲ့သပ်နေတာ စတဲ့ အမူအကျင့်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ကင်ဆာဆေးသွင်း ကုသခံနေရသူတွေ၊ သွေးအားနည်း ရောဂါရှင်တွေ၊ ဗီတာမင်အာဟာရဓာတ် ချို့တဲ့တဲ့ သူတွေမှာလည်း နှုတ်ခမ်းသား မည်းညစ်လာနိုင်ပါတယ်။ မည်းညစ်နေတဲ့ […]


ဝက်ခြံ

မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့

မိုးလေးအေးလို့ နွေပူပူမှာလို အသားမမည်းတော့ဘူး၊ အဆီမပြန်တော့ဘူး။ ဝက်ခြံတွေတော့ သက်သာသွားတော့မှာပဲလို့ တွေးပျော်နေသူလေးတွေရှိနေလား။ အပျော်ကြီးမပျော်လိုက်ပါနဲ့ဦးနော်။ မုတ်သုံက နွေလောက်မပူတာမှန်ပေမယ့် အရေပြားပြဿနာတွေ ကင်းသွားဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒီတော့ မုတ်သုံမှာ ဝက်ခြံ တွေ ပိုဆိုးမလာအောင် ဒီလိုလေးနေထိုင်ကြရအောင်လား..... မုတ်သုံနဲ့ ဝက်ခြံ မုတ်သုံမှာ ဝက်ခြံတွေက သက်သာမသွားဘဲ ပိုဆိုးလာနိုင်ပါတယ်။ ပတ်ဝန်းကျင်က အေးနေတာကြောင့် ရေသောက်ဖို့ မေ့ပြီး ရေဓာတ်ခမ်းခြောက်ရာကနေတဆင့် ဝက်ခြံအပါအဝင် အခြားအရေပြားပြဿနာတွေပါ ခံစားရနိုင်ပါသေးတယ်နော်။ မုတ်သုံမှာ ဝက်ခြံကင်းပြီး လှချင်ရင်တော့ ဒီအချက်လေးတွေကို လိုက်နာပေးဖို့လိုပါမယ်နော်။ သန့်စင်ပါ ဒါက ရာသီတိုင်းအတွက် အရေးပါပါတယ်။ မုတ်သုံဆိုပေမယ့်လည်း အရေပြားမှာ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကပ်ညှိနေနိုင်သလို ဘက်တီးရီးယားနဲ့ ဆဲလ်သေတွေ၊ အဆီတွေလည်းရှိနေနိုင်ပါတယ်။ ဒါတွေက ချွေးပေါက်တွေကို ပိတ်ဆို့ပြီး ဝက်ခြံ တွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေကိုကြည်လင်စေမယ့် Detox Water ဘယ်လိုလုပ်မလဲ

အသားအရေက မွဲခြောက်ခြောက်ဖြစ်နေတယ်။ ဝက်ခြံတွေကလည်းနေ့တိုင်းကိုဖြစ်နေတယ်။ ကိုယ့်အသားအရေကိုကြည့်ပြီး စိတ်ညစ်လိုက်တာလို့ဖြစ်နေပြီလား။ အသားအရေညစ်တာ၊ ဝက်ခြံထွက်ရတာက တစ်ခါတလေမှာ အနေအထိုင်အစားအသောက်တွေကြောင့်ဖြစ်နိုင်သလို ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီတော့ ကြည်လင်ပြီး ဝက်ခြံကင်းတဲ့ အသားအရေလေးဖြစ်စေဖို့ Detox Waterသောက်ကြည့်ရအောင်လား။ အသားအရေအတွက် Detox Water ဝက်ခြံကင်းပြီး အသားအရေလှစေဖို့ရေသောက်ပါဆိုလို့ မနက်ကနေစပြီး ညအိပ်ရာဝင်ခါနီးအထိသောက်ပါတယ်။ ဒါပေမယ့်လည်း ဝက်ခြံကပျောက်သွားတယ်ရယ်မရှိသလို အသားအရေကလည်း မစိုပြေဘူးဆိုရင်တော့ ဒီနည်းလေးတွေက အသုံးတည့်မှာပါနော်။ သခွားသီး၊ သံပရိုသီး၊ ပူစီနံ Detox Water ခန္ဓါကိုယ်ကျန်းမာပြီး လှပစိုပြေတဲ့ အသားအရေပိုင်ဆိုင်စေဖို့သောက်သင့်ပါတယ်။ လိုအပ်တဲ့ရေဓါတ်ဖြည့်ပေးပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။ သခွားသီးက ခန္ဓါကိုယ်ရေဓါတ်ကိုဖြည့်ပေးပြီး ကိုယ်တွင်းစနစ်တွေထဲက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ပူစီနံက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပြီး သံပရိုသီးက အသားအရေကိုကြည်လင်စေပြီး အသည်းနဲ့ အူသိမ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီ၃ ခုကို အချိုးကျကျရောစပ်ပြီးရေတစ်လီတာ […]


အသားအရေ ထိန်းသိမ်းခြင်း

မလိုချင်တဲ့အမွှေးအမျှင်တွေဖယ်ရှားတဲ့နေရာမှာ လေဆာကုထုံးက ဘာ့ကြောင့်နာမည်ကြီးလာတာလဲ ။ ။

ဆံပင်တို့ မျက်ခုံးမွှေးတို့ဆိုတာ လူတိုင်း နှစ်သက်ကြ၊ လှအောင်ပြင်ချင်ကြတဲ့အရာတွေပါ။ ကိုယ်ပေါ်မှာကလည်း ဆံပင် မျက်ခုံးမွှေးလောက်ပဲ လူတွေက လိုချင်ကြတာဆိုတော့ အခြားနေရာက မလိုချင်တဲ့ အမွှေးအမျှင် ေတွကို ဖယ်ရှားဖို့ လုပ်ကြပါတော့တယ်။ ဒီတိုင်း ရိတ်တာတို့ နှုတ်တာတို့ဆိုရင် ပြန်ထွက်နိုင်တဲ့အတွက် ခုနောက်ပိုင်း လေဆာနဲ့ အမွှေးအမျှင်ဖယ်ရှားတာဟာ နာမည်ကြီးလာပါတယ်။ လူတိုင်းနဲ့ စိမ်းတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် လေဆာကုထုံးနဲ့ ပက်သက်ပြီး မေးချင်တဲ့ မေးခွန်းတွေ များနေလိမ့်မယ်လို့ထင်ပါတယ်။ ။ အခြားနည်းတွေလည်းရှိရက်သားနဲ့ လေဆာနဲ့ အမွှေးအမျှင်ဖယ်ရှားတဲ့နည်းက ဘာလို့ နာမည်ကြီးတာလဲ ။ ။ နှုတ်ခမ်းမွှေး၊ ြေခသလုံးမွှေး ချိုင်းမွှေးနဲ့ စည်းခုံမွှေးတို့ဟာ လူတိုင်း မလိုချင်တဲ့ အမွှေးအမျှင်တွေဆိုတော့ သူတို့ကို ဖယ်ရှားဖို့အတွက် ရိတ်ကြ၊ နှုတ်ကြတာတွေကို လုပ်ရပါတယ်။ ဒါပေမယ့် ဒီလို ရိတ်တာ၊ နှုတ်တာတွေက ယာယီလောက်သာ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ကူးစက်မြန် ခြေထောက်မှိုစွဲ ပွေးရောဂါ

ပွေးဆိုတာ အရေပြားချင်း ထိတွေ့ရာမှ ကူးစက်ဖို့ အရမ်းလွယ်ကူတဲ့ ရောဂါတွေထဲက တစ်ခုပါ။ အထူးသဖြင့် ခြေထောက်မှိုစွဲ ရောဂါဆိုရင် အရေပြားချင်း ထိမိရုံသာမက အများသုံး ရေချိုးခန်း၊ အိမ်သာကနေလည်း ကူးစက်နိုင်ပါတယ်။ သူ့ကို ခြေထောက်မှိုစွဲပွေးလို့လည်းခေါ်သလို ခြေထောက် သဲဝဲစားတယ်လို့လည်းခေါ်လို့ရပါတယ်။ ပွေးရောဂါဆိုတာ သိပ်ပြီး စိုးရိမ်စရာ ကျန်းမာရေးပြဿနာတော့ မဟုတ်ပေမဲ့ ခံစားရတဲ့သူအတွက်တော့ ဒုက္ခက မသေးလှပါဘူး။ ယားယံတာကို မနေနိုင်ဘဲ လက်နဲ့ကုတ်မိလိုက်ရင်လည်း အသားက ပွန်းပဲ့ပြီး ပိုးဝင်သွားရင် ပိုပြီးတောင် ကုသဖို့ ခက်သွားနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ့်မှာ ခြေထောက်မှိုစွဲ ပွေးရောဂါ ရှိနေတယ်လို့ သံသယရှိနေပြီဆိုရင်တော့ အရေပြားဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။ ဘာတွေကြောင့် ခြေထောက်မှာ ပွေးပေါက်လာတာလဲ။ ပွေးဟာ ကိုယ်ခန္ဓာနေရာအနှံ့မှာ ပေါက်နိုင်တဲ့ ယားနာတစ်မျိုးပါ။ ဦးရေပြား၊ မျက်နှာ၊ လက်သည်း၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း