ဆောင်းနှင်းဝေတဲ့ မနက်ခင်းက စိတ်ကူးယဉ်ဆန်ပေမယ့်ဆောင်းရဲ့ အအေးဒဏ်က အသားအရေကိ ထိခိုက်စေတာအမှန်ပါ။ဆောင်းလေးက မိုးလေနဲ့ မတူအေးမြခြောက်သွေ့ပါတယ်။ ဒီလေထုကြောင့် အရေပြားက အစိုဓါတ်ဆုံးရှုံးပြီး အသားခြောက်တာဖြစ်နိုင်ပါတယ်။ အသားခြောက်တာက အလှပျက်စေသလို အပေါ်ယံအရေပြားခြောက်သွေ့ကွဲအက်မှုက မလိုလားအပ်တဲ့ပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီတော့ဆောင်းရာသီမှာ အသားအရေခြောက်သွေ့နေတာကို ဘယ်လိုများအကောင်းဆုံးဖြေရှင်းမလဲ……
ဆောင်းရာသီမှာလိုက်နာရမယ့် အလှအပရေးရာအချက်များ
ဆောင်းရာသီမှာ အရေပြားပြဿနာကင်းစင်ပြီး စိုပြေလှပတဲ့အသားအရေလေးပိုင်ဆိုင်ချငတယ်ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်။
ရေနွေးနွေးလေးနဲ့ သန့်စင်ပါ
မျက်နှာပဲသစ်သစ်၊ရေပဲချိုးချိုး၊ခြေလက်ပဲသန့်သန့်ရေအေးထက်ရေနွေးနွေးလေးကို အသုံးပြုဆေးကြောတာကချွေးပေါက်တွေကို အဆီပိတ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။ရေနွေးနွေးလေးနဲ့ရေချိုးပေးတာက စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေမှာပါ။ အကြာကြီးတော့ မချိုးပါနဲ့။
ကိုယ်လက်သန့်စင်ပြီးတာနဲ့ အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ
ဆောင်းရာသီမှာ ပုံမှန်ထက်ပိုပြီး အသားအရေကို အစိုဓါတ်ထိန်းဖို့လိုအပ်မှာပါ။နောက်တစ်ခုက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကရေချိုးပြီးစ မျက်နှာသစ်ပြီးစမှာ လူးပေးတာက အာနိသင်အကောင်းဆုံးပါ။ ဒါကြောင့်ရေချိုးပြီးတိုင်း မျက်နှာသစ်ပြီးတိုင်း အသားအရေကို ခြောက်သွေ့အက်ကွဲမှုတွေကင်းစင်စေဖို့ အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ။
နေလောင်ကာခရင်မ်လူးပါ
အသားအရေကိုဆောင်းအအေးဒဏ်ကနေရော၊နေရောင်ကနေပါကာကွယ်ရပါမယ်။ ဒါကြောင့်ဆောင်းရာသီဆိုပေမယ့်လည်းနေလောင်ကာခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။ အပြင်ထွက်တဲ့အခါ အင်္ကျီလက်ရှည်လေးဖြစ်ဖြစ် ဝတ်သွားပေးပါ။လေနဲ့နေရောင်ကြောင့် အသားအရေထိခိုက်မှုနည်းစေဖို့အတွက်ပါ။
အစိုဓါတ်ထိန်းစက်ေလးဖွင့်ထားပေးပါ
ဆေင်းရာသီမှာ အပူပေးစက်ဖွင့်ထားမယ့်အစားနွေးနွေးထွေးထွေးလေးဝတ်ထားပြီး အိမ်ခန်းထဲမှာ အစိုဓါတ်ထိန်းစက်လေးဖွင့်ထားပေးလိုက်ပါ။ အသးအရေကိုခြောက်သွေ့ခြင်းကင်းစေမှာပါ။
ဆဲလ်သေတွေဖယ်ရှားပေးပါ
ဒါကတော့ ရာသီဥတု ၃ ခုစလုံးမှာလိုအပ်မှာပါ။ဆောင်းရာသီမှာ အသားအရေခြောက်သွေ့မှာစိုးပြီး မလုပ်မိတာမျိုးဖြစ်နိုင်တာကြောင့် သတိပေးတာပါလေဒီလေးတို့ရေ။ဆောင်းရာသီမှာလည်း တစ်ပတ်ကို တစ်ကြိမ်လောက်တော့ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါနော်။
မျက်နှာတင်မဟုတ်ပါဘူး။ ခန္ဓါကိုယ်အရေပြားတွေကိုလည်း စိုပြေလှပစေဖို့အတွက်နေ့စဉ် Body Lotion လိမ်းပေးပါ။ ဒါမှ အသားအရေခြောက်သွေ့ကွဲအက်တာ၊ အသားအရာင်မွဲခြောက်တာမျိုးမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ လက်သည်းလေးတွေကိုပါ Lotion လိမ်းပေးပါနော်။
ရေများများသောက်ပါ
ဆေင်းအေးလို့ရေမသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ရေဓါတ်ပြည့်ဝနေမှ အသားအရေစိုပြေမယ်ဆိုတာကို မမေ့ပါနဲ့။ ဒါကြောင့်ရေကိုပြည့်ပြည့်ဝဝလေးသောက်ပေးပါ။ရေအေးမသောက်ချင်ဘူးဆိုရင်လည်းရေခပ်နွေးနွေးလေးထဲကို သံပုရာရည်လေး တစ်စက်၊နှစ်စက်လောက်ညှစ်ထည့်ပြီးသောက်ပေးပါ။
ကဖင်းနဲ့အယ်လ်ကိုဟောေလျှာ့သောက်ပါ
ဆောင်းအေးအေးလေးမှာကော်ဖီပူပူလေးသောက်ရတာက အရသာရှိပေမယ့် အများကြီးမသောက်ပါနဲ့။ ကဖင်းက ခန္ဓါကိုယ်ကိုရေဓါတ်ဆုံးရှုံးစေပြီး အသားအရေခြောက်သွေ့စေနိုင်တာကြောင့်ပါ။နောက်တစ်ခုက အယ်လ်ကိုဟောပါ။ အယ်လ်ကိုဟောကလည်း ကိုယ်တွင်းရေဓါတ်ကို ဆုံးရှုံးစေနိုင်တာကြောင့် အသားအရေကိုခြောက်သွေ့စေနိုင်ပါတယ်။ ဒီတော့ အသားအရေထိခိုက်မှု မဖြစ်စေချင်ဘူးဆိုရင် ကဖင်းပါတဲ့သောက်စရာတွေအစား သစ်သီးဖျော်ရည်ေသာက်ပေးတာမျိုးလုပ်ပေးပါ။
ကဲ…. စိတ်ကူးယဉ်ဆန်တဲ့ဆောင်းရာသီကို အရေပြားပြဿနာကင်းကင်းလေးနဲ့ကျော်ဖြတ်လိုက်စို့လား……………
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။