အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အိမ်ထဲမှာပဲ ကိုယ်ပိုင် spa လေးတစ်ခု ဖန်တီးရအောင်။ ။

ခုခေတ်ကြီးက ရုံးနဲ့ အိမ်၊ အိမ်နဲ့ရုံး အသွားအပြန်၊ ပြီးတော့ ကားစီးနေတာနဲပဲ အချိန်ကုန်နေတော့ အလှပြင်ဆိုင်တို့ spa တို့သွားဖို့ အချိန်ဆိုတာ လုံးဝကို မရှိသလောက်နေတဲ့ ခေတ်ကြီးပါ။ အသက်ကကြီးလာ နေပူထဲသွားတာလည်းများလာတော့ အသားအရေတွေကပျက်စီး။ လှတာတော့ လှချင်ပါရဲ့။ ဒါပေမယ့် spa တို့ အလှပြင်ဆိုင်တို့ သွားဖို့ကလည်း အချိန်ကမရှိဆိုတော့ အိမ်မှာပဲ spa လေးတစ်ခုလောက် ဖန်တီးထားရင် မကောင်းဘူးလား။ လူကိုလည်း ထိခိုက်ခြင်းမရှိတဲ့သဘာဝ ပစ္စည်းလေးတွေနဲ့ အိမိတွင်း spa တစ်ခု ဖန်တီးရအောင်။ ( ၁ ) လင်းလက်တောက်ပတဲ့ မျက်နှာအသားအရေ ေလးပိုင်ဆိုင်ဖို့အတွက် မျက်နှာကို ကြည့်လိုက်တာနဲ့ တင်းရင်းပြီး လင်းလက်နေတာမျိုးကို အိမ်တွင်းမီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ပဲ ဖန်တီးလို့ရတယ်ဆိုတာ သင်သိပါသလား။ သံပရာသီး + ပျားရည် ပါဝင်ပစ္စည်း - သံပရာသီးတစ်ခြမ်း၊ ပျားရည်တစ်ဇွန်း ပြုလုပ်ပုံ […]


ဝက်ခြံ

နေရာအလိုက်ခွဲပြီး မျက်နှာပေါ်ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်းကို လေ့လာကြမယ် ။

ဝက်ခြံဆိုတဲ့ အမျိုးဟာ တစ်နေရာတည်းမှာ ဘယ်တော့မှ ထွက်လေ့မရှိပါဘူး။ ကိုယ်ခန္ဓာ နေရာတော်တော်များများမှာ ထွက်လေ့ရှိပြီး အများဆုံးကတော့ မျက်နှာမှာပဲ ဖြစ်ပါတယ်။ မျက်နှာမှာတောင်မှ နဖူးဆို နဖူး၊ နှာခေါင်းဆို နှာခေါင်း တစ်နေရာတည်း စည်းကမ်းရှိရှိ ထွက်တာမျိုး မဟုတ်ဘဲ ဟိုနေရာမှာ ပေါက်လိုက် ဒီနေရာမှာ ပေါက်လိုက်နဲ့ တော်တော်ဆိုးတဲ့ဝက်ခြံ တွေပါ။ ဒီတော့ ဘာ့ကြောင့် ဒီလိုမျိုး မျက်နှာအနှံ့ ဝက်ခြံတွေ ထွက်ရတာလဲ။ နေရာအလိုက်ပေါက်တဲ့ဝက်ခြံတွေနဲ့ သူ့ကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ နဖူး ။ ။ နဖူးမှာ ပေါက်တဲ့ဝက်ခြံအများစုရဲ့ တရားခံဟာ ဆံပင်ပဲ ဖြစ်ပါတယ်။ ဆံပင်မှာကပ်နေတဲ့ ဘက်တီးရီးယားတွေ၊ ဖုန်တွေနဲ့ချွေးပေါက်တွေထဲမှာ ရှိတဲ့ အဆီတွေ ရောသွားတဲ့အခါ ဝက်ခြံစပြီးဖြစ်လာပါတော့တယ်။ စိတ်ဖိစီးမှုများတဲ့အခါ မှာလည်း နဖူးပေါ်မှာ ဝက်ခြံတွေ ပေါက်လာလေ့ရှိပါတယ်။ စားလိုက်တဲ့အစားအစာတွေထဲမှာ […]


အသားအရေ ထိန်းသိမ်းခြင်း

မိုးရာသီ နှုတ်ခမ်းသားမပျက်စီးစေဖို့ ဒီလိုကာကွယ်ကြမယ်

လူတစ်ယောက်ကို အရင်ဆုံးကြည့်ရင် မျက်နှာကနေပဲ စကြည့်တတ်ကြတာနော်။ ဒီတော့ နှုတ်ခမ်းသားက ခြောက်ပြီး အက်ကွဲနေမယ်၊ မွဲခြောက်ခြောက်ဖြစ်နေမယ်ဆိုရင်တော့ အလှပျက်ရပြီပေါ့။ နှုတ်ခမ်းခြောက်တယ်ဆိုတာ ဆောင်းရာသီမှာမှ ဖြစ်နိုင်တာမဟုတ်ဘူးနော်။ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီရော၊ ခုလို အေးမြပြီး မိုးတဖွဲဖွဲဖြစ်နေတဲ့ မုတ်သုံရာသီမှာပါ နှုတ်ခမ်းခြောက်ပြီး ကြမ်းသွားနိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ မုတ်သုံရာသီအတွက် နှုတ်ခမ်းသားမပျက်စီးစေဖို့ ကာကွယ်ပုံနည်းလမ်းတွေကို အဓိက ပြောပြပေးချင်ပါတယ်။ နှုတ်ခမ်းသားမပျက်စီးစေဖို့ ဆောင်ရန်၊ ရှောင်ရန်များ ၁။ နှုတ်ခမ်းခြောက်နေတယ်ဆိုပြီး လျှာနဲ့ လျက်တဲ့ အကျင့်ကိုဖျောက်ပါ။ တံတွေးနဲ့ စိုသွားတော့ နှုတ်ခမ်းလေး ပြောင်လက်သွားမှာပဲလို့ ထင်တတ်ကြပေမယ့် ဒီအကျင့်က ကိုယ့်ရဲ့ နှုတ်ခမ်းကို ပိုခြောက်အောင် နှိုးဆွပေးလိုက်သလို ဖြစ်စေပါတယ်။ ဒါ့အပြင် ပါးစပ်ထဲမှာရှိနေတဲ့ အင်ဇိုင်းတွေက အစာခြေဖို့အတွက် ကူညီပေးတာဖြစ်လို့ နှုတ်ခမ်းပေါ် ရောက်သွားတဲ့အခါ အရေပြားကို ယားယံစေနိုင်လို့ပါ။ ၂။ ကိုယ်ခန္ဓာအရေပြားအတွက် Scrub […]


ဝက်ခြံ

မေးစေ့မှာ ဝက်ခြံပေါက်ရတဲ့အကြောင်းရင်း

မေးစေ့မှာ ဝက်ခြံပေါက်ရင် အလှပျက်ရတဲ့အပြင် ပိုပြီးနာကျင်ရပါတယ်။မေးဖျားလျှာခေါက် ဝက်ခြံပေါက်ရင် အန္တရာယ်ရှိတယ်လို့လည်းရှေးလူကြီးတွေကပြောထားတော့ကြောက်ရပြန်ရော။ အမှန်တော့ ဝက်ခြံဟာ ဘယ်နေရာမှာပေါက်ပေါက်အတူတူပါပဲ။ ဂရုစိုက်ကုသမှုမရှိဘဲ ပိုးဝင်မှသာ အရေပြားမှာ နောက်ဆက်တွဲပြဿနာတွေရှိလာတာပါ။ ပုံမှန်အားဖြင့်တော့မေးစေ့မှာဝက်ခြံဖြစ်တာကဟော်မုန်းမညီမျှကြောင့်ဖြစ်တတ်ပါတယ်။ဟော်မုန်းထုတ်ပေးတဲ့စနစ်က ထုတ်လုပ်မှုလွန်ကဲတဲ့အခါ အဆီဂလင်းတွေရဲ့လုပ်ဆောင်ချက်ပါ လွန်ကဲလာပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ ဝက်ခြံဆိုတာအဖြစ်များတဲ့အလှအပပြဿနာတစ်ခုဖြစ်ပေမယ့်မေးစေ့မှာဖြစ်လာသမျှ ဝက်ခြံတိုင်း ဆိုးရွားတဲ့ အကြီးကြီးဖြစ်လာမှာမဟုတ်ပါဘူး။ အရေပြားဆဲလ်သေတွေ၊ အဆီတွေနဲ့ ဖုန်အညစ်အကြေးတွေချွေးပေါက်မှာ ပိတ်ဆို့တဲ့အခါ ဝက်ခြံဖုလေးတွေဖြစ်လာတတ်ပါတယ်။ အဲဒီမှာရောင်ရမ်းမှုနဲ့ဘက်တီးရီးယားတွေပိုများလာတာနဲ့ ဝက်ခြံဖုကနေ အဖြူဆံလေးဖြစ်လာပြီး ဝက်ခြံကြီးတစ်ခုဖြစ်လာတာပါ။ ပိုးမဝင်အောင် ဂရုစိုက်ပေးနိုင်၊ သန့်ရှင်းပေးနိုင်ရင် ဒီအဆင့်ကိုမရောက်လာနိုင်သလို အမာရွတ်လည်းဖြစ်ကျန်စေမှာမဟုတ်ပါဘူး။ မေးစေ့ဝက်ခြံဖြစ်လာစေတဲ့ အဓိကအကြောင်းရင်း (၃) ခု (၁) ရာသီစက်ဝန်း ရာသီလာမယ့်ရက်မတိုင်ခင် နှစ်ပတ်လောက်မှာ ဝက်ခြံထွက်တတ်တာ သတိထားမိမှာပေါ့။ အဲဒီအချိန်က အက်စထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းတွေ ပိုထုတ်လုပ်တဲ့အချိန်ဖြစ်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ ဒီဟော်မုန်းတွေများလာတဲ့အခါ အဆီဂလင်းတွေကို နှိုးဆွပြီး အဆီထုတ်လုပ်မှုကို လွန်ကဲစေပါတယ်။ (၂) စိတ်ဖိစီးမှု စိတ်ဖိစီးစရာတွေရှိနေတာလား။ ဒါဆို ဝက်ခြံဖြစ်လာဖို့ […]


ဝက်ခြံ

Gym ဆော့ကာမှ ဝက်ခြံတွေ ပေါက်လို့ စိတ်ညစ်နေပြီလား ။ ။

အရင်တုန်းကတော့ ဝက်ခြံဆိုလို့ ဘာမှ မရှိတဲ့ မျက်နှာလေးက gym သွားကစားပြီးနောက်ပိုင်းမှ မျက်နှာမှာ ဝက်ခြံဖုလေးတွေ ထွက်လာလို့ စိတ်ညစ်နေပြီလား။ အရင်တုန်းက ရှိခဲ့တဲ့ ဝက်ခြံတွေလည်း gym ဆော့ပြီးနောက်ပိုင်း ပိုဆိုးလာပြီလား။ gym ဆော့တာနဲ့ ဝက်ခြံနဲ့က ဆက်စပ်မှုရှိလား။ ဘယ်လိုကာကွယ်ရမလဲ။ Gym ဆော့တာက ဝက်ခြံပေါက်စေတတ်လား ။ Gym ဆော့တာကြောင့် ဝက်ခြံပေါက်တာမဟုတ်ပါဘူး။ Gmy ဆော့နေချိန် ကိုယ်မသိလိုက်ဘဲ ပြုလိုက်မိတဲ့ အပြုအမူတချို့ကြောင့် ဝက်ခြံပေါက်ရတာဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုအပြုအမူတွေက gym ဆော့ရင်း ဝက်ခြံပေါက်စေတာလဲ။ ဘယ်လိုကာကွယ်ရမလဲ ။ Gym ဆော့ပြီးနောက်ပိုင်း ဝက်ခြံတွေ ထွက်မလာအောင် ဒီလိုကာကွယ်ပါ ။ Gymမဆော့ခင် လိမ်းထားသမျှ မိတ်ကပ် တွေ အကုန်ဖျက်သွားပါ။ မိတ်ကပ်ဟာ ချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံပိုထွက် ပိုဆိုးသွားစေတတ်ပါတယ်။ သန့်ရှင်းတဲ့ […]


အခြားအရေပြားပြဿနာများ

သံဓါတ်လွန်ကဲရင် အရေပြားပိုးဝင်တာတွေ ပိုဖြစ်လွယ်နိုင်

သံဓါတ်အားနည်းလို့မဖြစ်ဘူး၊သွေးအားနည်းလိမ့်မယ်ဆိုပြီး သံဓါတ်ကြွယ်ဝတာတွေစားကြတယ်။ အားဆေးတွေသောက်ကြတယ်။ အထူးသဖြင့်မိန်းကလေးတွေ သံဓါတ်ပိုလိုအပ်တယ်ဆိုပြီး အားဆေးတွေသောက်ကြပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးပါပဲ။ သံဓါတ်နည်းလွန်းလည်းမကောင်းသလို များလွန်းရင်လည်း ဆိုးကျိုးတွေရှိနိုင်တာ သတိထားဖို့လိုပါတယ်။ ကျန်းမာရေးပြဿနာအမျိုးမျိုးမှာ သံဓါတ်ရဲ့အခန်းကဏ္ဍကိုလေ့လာခဲ့တဲ့သုတေသနတစ်ခုကတော့ သံဓါတ်လွန်ကဲခြင်းက အရေပြားပိုးဝင်ခြင်းတွေဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။ သံဓါတ်ဟာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ လူ့ခန္ဓါကိုယ်ကဆဲလ်တိုင်းမှာ သံဓါတ်အနည်းငယ်ပါဝင်တာဖြစ်ပေမယ့် သံဓါတ် ၇၀ ရာခိုင်နှုန်းကတော့သွေးနီဥဆဲလ်တွေမှာ ပါဝင်တာဖြစ်ပါတယ်။ သံဓါတ်ကဟေမိုဂလိုဘင်ထုတ်လုပ်တဲ့နေရာမှာ အရေးပါတဲ့လုပ်ဆောင်ချက်ရှိပြီး အဆုတ်ထဲကနေ ကျန်တဲ့အစိတ်အပိုင်းတွေဆီအောက်ဆီဂျင်သယ်ဆောင်လာပေးတဲ့complex protein တစ်မျိုးလည်းဖြစ်ပါတယ်။ သံဓါတ်ချို့တဲ့ပြီးသွေးအားနည်းတာကို သေချာမကုသရင် နှလုံးရောဂါ၊ အသည်းရောဂါ၊ ဆီးချိုရောဂါ၊ ကိုယ်ဝန်ဆောင်ချိန်ပြဿနာ၊ ကလေးကြီးထွားဖွံ့ဖြိုးမှုနှေးတာတွေဖြစ်လာနိုင်ပါတယ်။ UK Biobank မှာရှိတဲ့ လူဦးရေ ၅၀၀၀၀၀ ခန့်ရဲ့မျိုးဗီဇနဲ့ ကုသရေးအချက်အလက်တွေကို သုံးပြီး ရောဂါဖြစ်ပွားမှုတွေထဲ သံဓါတ်ရဲ့အခန်းကဏ္ဍကို သုတေသနလေ့လာခဲ့ကြတာပါ။ ဒီလိုလေ့လာတဲ့အခါ ကောင်းတဲ့ဘက်နဲ့ ဆိုးကျိုးပေးတဲ့ဘက် နှစ်မျိုးတွေ့ရှိခဲ့ရပါတယ်။ သံဓါတ်လွန်ကဲခြင်းတာက ကိုလက်စထရောမမြင့်အောင်ကာကွယ်ပေးနိုင်တာကို ဆက်နွှယ်မှုတွေ့ရှိခဲ့တယ်။ ကိုလက်စထရောများတဲ့အခါ နှလုံးသွေးကြောကျဉ်းရောဂါနဲ့လေဖြတ်ခြင်းအန္တရာယ်ပိုများနိုင်တာဖြစ်ပါတယ်။ ဆိုးကျိုးကတော့ - တစ်ဘက်မှာလည်း […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းလေးတွေပျက်စီးအောင် သင်လုပ်မိနေတဲ့အပြုအမူ (၆) ခု

မိန်းကလေးတွေက လက်သည်းလေးတွေသန့်ရှင်းလှပဖို့တော့ ဂရုတစိုက်ရှိကြပါတယ်။ ဆိုင်မှာတောင် အလှပုံဖော်တာ၊ လက်သည်းအားဖြည့်တာတွေ၊အစုံလုပ်ကြသေးတာ လက်သည်းကျန်းမာရေးကိုသတိမေ့ဖို့တော့မသင့်ပါဘူး။ လက်သည်းမကျန်းမာရင် ဘယ်လောက်လှအောင်လုပ်လုပ် အဆင်ပြေမှာမဟုတ်လို့ပါပဲ။ လက်သည်းလှလှလေးပြင်ဆင်ထားလည်း ကြွပ်ဆတ်နေတယ်၊ ကျိုးပဲ့လွယ်တယ်ဆို စိတ်ညစ်ရတယ်လေ။ ဒီလက်သည်းလေးတွေကို ထိခိုက်ပျက်စီးစေမယ့်အရာတွေ ကိုယ်လုပ်မိနေတာဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါတွေသိထားမယ်ဆိုရင်မြန်မြန်ဆင်ခြင်လို့ရတာပေါ့။ (၁) လက်သည်းနီမဖျက်ဘဲ အကြာကြီးဆိုးထားတာ လက်သည်းနီတာရှည်ခံတာ၊ မပျက်တာဆို သဘောကျကြတယ်မလား။ တကယ်တော့ လက်သည်းနီကိုအကြာကြီးဆိုးမထားဘဲ ဖျက်ပေးတာက လက်သည်းကျန်းမာရေးအတွက်ပိုကောင်းပါတယ်။ လက်သည်းနီအကြာကြီးဆိုးထားတဲ့အခါ လက်သည်းနီရဲ့အရောင်တွေက လက်သည်းရဲ့အပေါ်ဆုံးအလွှာတွေကို ဝင်ရောက်နိုင်ပြီးခြောက်သွေ့သွားစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လှအောင်ဆိုးထားလည်း အကြာကြီးမဆိုးဘဲ လက်သည်းနီဖျက်ထားတဲ့ကြားအချိန်ကာလတော့ရှိသင့်ပါတယ်။ (၂) လက်သေချာမဆေးတာ တစ်နေ့ကိုအကြိမ်တစ်ရာလောက်လက်ဆေးနေပေမယ့် လက်သည်းတွေကိုရောသန့်စင်အောင်ဆေးမိရဲ့လား။ လက်ဖဝါးကိုပဲ အားရပါးရဆေးနေတာပဲလား။ လက်ဆေးတဲ့အခါ လက်သည်းလေးတွေကိုသေချာမဆေးဘူးဆိုရင် ကြိုကြိုကြားကြားမှာ ဘက်တီးရီးယားတွေကပ်ငြိပြီး လက်သည်းပိုးဝင်တာတွေဖြစ်နိုင်ခြေများစေပါတယ်။ ဒါ့ကြောင့် လက်ချောင်းထိပ်တွေ၊ လက်သည်းကြားတွေကိုပါ သန့်ရှင်းအောင်ဆေးကြောပါ။ တစ်နေ့ကိုတစ်ကြိမ်လောက်တော့ ဘရက်ရှ်လေးနဲ့လက်သည်းကိုတိုက်ဆေးတာလည်းလုပ်လို့ရပါတယ်။ (၃) လက်သည်းသုံးပြီး ကုတ်ခွာတာ၊ အဖုံးဖွင့်တာ ပုလင်းအဖုံးတွေ၊ ဘူးတွေကို ဖွင့်တဲ့အခါ […]


ဝက်ခြံ

ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံး သဘာဝကုထုံး ၅ မျိုး

ဝက်ခြံတွြေဖစ်နေတယ်။နေ့တိုင်း ဝက်ခြံကြောင့် စိတ်အနှောင့်အယြှက်ဖစ်ရလို့ ဝက်ခြံတွေပျောက်ချင်နေတယ်။ ဒါပေမယ့်ဆေးဝါးတွေ မသုံးချင်ဘူး။ သဘာဝနည်းလေးနဲ့ပဲသက်သာအောင်လုပ်ချင်တယ်ဆိုတဲ့သူတွေအတွက် ဝက်ခြံသက်သာစေမယ့် သဘာဝကုထုံးလေးတွေကို မျှဝေပါရစေ။ ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံးသဘာဝနည်းလမ်း ၅ သွယ် (၁) လက်ဖက်ဆီ ဝက်ခြံဖြစ်တဲ့နေရာမှာလက်ဖက်ဆီလေးလူးပေးတာက ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းရောင်ရမ်းမှုတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ လက်ဖက်ဆီက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သိပ်မပြင်းထန်တဲ့ ဝက်ခြံတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ မျက်နှာကို သန့်စင်ပြီး ဝက်ခြံရှိတဲ့နေရာလေးတွေမှာ လက်ဖက်ဆီ ခပ်ပါးပါးလူးလို့ အိပ်ရာဝင်လိုက်ရုံပါ။ (၂) ပျားရည် ပျားရည်က ဝက်ခြံအပါအဝင်အရေပြားပြဿနာတွေအတွက် လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့ သဘာဝဆေးနည်းပါ။ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေတာကြောင့်ချွေးပေါက်တွေထဲက အဆီတွေနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ မျက်နှာကိုသန့်စင်အောင်သစ်ပြီး လက်ချောင်းလေးတွေသုံးလို့ မျက်နှာပေါ်မှာ ခပ်ပါးပါးလူးပေးပါ။ခြောက်တဲ့အထိထားပြီး မျက်နှာကို ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ (၃) ရှားစောင်းလက်ပပ် ဝက်ခြံတွေကို သက်သာစေတဲ့ သဘာဝဆေးတစ်မျိုးပါ။ ဝက်ခြံတွေကို သက်သာစေပြီး ဝက်ခြံအမာရွတ်တွေကိုပါကင်းစေနိုင်ပါတယ်။ အရေပြားခြောက်သွေ့မှုကို ကင်းစေနိုင်ပြီး အစိုဓါတ်ထိန်းပေးလို့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခေါင်း ချွေးထွက် လွန်းလို့ ဆံပင်တွေကပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

ခေါင်းမှာ ချွေးထွက် လွန်းလို့ မနေ့ကပဲ ခေါင်းလျှော်တယ်၊ ဒီနေ့ ဆံပင်တွေ ကပ်သွားတဲ့ အဖြစ်မျိုး လူတိုင်းကြုံတွေ့ဖူးမှာပါ။ တကယ်တော့ ချွေးထွက်တယ်ဆိုတာ ကိုယ်တွင်းမှာရှိနေတဲ့ အပူတွေကို ချွေးအဖြစ်ပြောင်းလဲပြီး အပြင်ကို ထုတ်ပေးတဲ့အတွက် ကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့် အရမ်းကြီး ချွေးထွက်များတဲ့အခါကျ ချွေးနဲ့ ပြင်ပကဖုန်တွေ ရောသွားပြီး ဦးရေပြားမှာ ဂျီး( ချေး) တွေ များလာတာ၊ ခေါင်းယားတာနဲ့ ဆံပင်တွေကပ်သွားတဲ့ ပြဿနာတွေ ဖြစ်လာတော့ စိတ်ညစ်ရပြီပေါ့။ ဘာလို့ ကိုယ့်ကျမှ ပိုပြီး ဦးရေပြား ချွေးထွက် ရတာလဲ။ ဦးရေပြားမှာ ချွေးထွက်သန်တာ ဒါတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ ပူပန်စရာတွေ များတာ ဒေါသထွက်လွယ်တာ ဟော်မုန်းအပြောင်းအလဲဖြစ်တာ ရာသီဥတု ပူတာ သိုင်းရွိုက်ဟော်မုန်း ဆေးတွေ သောက်နေရတာ လေ့ကျင့်ခန်းလုပ်ထားတာ နဲ့ ပူစပ်တဲ့ […]


အခြားအရေပြားပြဿနာများ

လေ့ကျင့်ခန်းလုပ်တာကြောင့်ဖြစ်တဲ့ အကြောပြတ်ရာတွေကို ဘယ်လိုကာကွယ်ကြမလဲ ။ ။

ကိုယ်ဝန်ကြောင့်၊ ကိုယ်အလေးချိန် အပြောင်းအလဲကြောင့် နဲ့ ကြွက်သားတွေတက်လာတာကြောင့်ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် အကြောပြတ်ရာတွေ ပေါ်လာလေ့ရှိပါတယ်။ ဒီလို ကိုယ်အလေးချိန်တက်လာတော့ ဝိတ်ပြန်ချဖို့ လေ့ကျင့်ခန်းတွေပြန်လုပ် အဲဒီမှာ တစ်ခါထပ်ပြီး အကြောကပြတ်နဲ့ သံသရာဆုံးတော့မှာ မဟုတ်ပါဘူး။ အကြောပြတ်ရာတွေဆိုတာလည်း တစ်ခါဖြစ်ဖူးရင် တစ်သက်လုံးဆက်ရှိနေမယ့်အရာတွေပါ။ အကြောပြတ်ရာတွေက ကျန်းမာရေးကို ဘာထိခိုက်မှုမှ မပေးပေမယ့် အကျည်းတန်တယ်ဆိုတာတော့ အားလုံးသိကြမှာပါ။ ဒီတော့ ဒီလို လေ့ကျင့်ခန်းလုပ်ရင်း အကြောပြတ်ရာတွေ ပေါ်မလာအောင် ဘယ်လိုလုပ်ကြမလဲ ။ ။ လေ့ကျင့်ခန်းလုပ်ရင်း ရလာမယ့် အကြောပြတ်ရာတွေကို ဒီလိုကာကွယ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်မျှတတာတွေစားပါ ။ ။ အသီးအရွက် တွေ၊ အစေ့အဆံတွေနဲ့ အဆီမပါတဲ့ အသားတွေဟာ ကျန်းမာရေးအတွက် တကယ်ကိုအကျိုးပြုတဲ့ အစားအစာတွေပါ။ အကြောပြတ်ရာတွေဖြစ်တာဟာ အရေပြားဆွဲဆန့်တာများတာနဲ့ ကော်လာဂျင်နည်းတာကြောင့် ဖြစ်တာဖြစ်တဲ့အတွက် ဗီတာမင် A ဗီတာမင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း