အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အဲကွန်းခန်း ထဲမှာ အမြဲနေတဲ့သူတွေ အသားအရေကို ဒီလိုပြန်ထိန်းသိမ်းပါ

နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ အိမ်ရော ရုံးတွေမှာပါမကျန် အဲကွန်းတွေ တပ်လာကြတာ သတိထားမိမှာပါ။ ကျွန်တော်တို့နိုင်ငံကလည်း နဂိုကတည်းက ရာသီဥတုပူတဲ့ နိုင်ငံဖြစ်တာဆိုတော့ လူတွေ အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်နိုင်အောင်ဆိုပြီး မနက်ရုံးတက်၊ ညရုံးဆင်း တောက်လျှောက်ကို အဲကွန်းဖွင့်ထားတတ်ကြပါတယ်။ အဲကွန်းဖွင့်လို့ ဘာကောင်းကျိုးတွေရှိလဲ။ အဲကွန်းနဲ့ ပတ်သက်ပြီး လူတိုင်းအကြိုက်ဆုံးအရာကတော့ အေးစိမ့်နေတဲ့ ခံစားချက်မျိုးပါပဲ။ ဘယ်သူမဆို ပူပူလောင်လောင် နေရတာကို မကြိုက်ကြဘူးမလား။ ရုံးမှာဆိုလည်း ရုံးမှာမို့လို့၊ အိမ်မှာကျတော့လည်း မိသားစုဝင်တွေ ပူလောင်အိုက်စပ်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ပန်ကာနဲ့ မတူတဲ့အချက်ကတော့ အခန်းကို အလုံပိတ်ထားပြီး အခန်းတွင်းမှာရှိတဲ့လေကို လည်ပတ်ကာ အေးမြစေတဲ့အချက်ပါ။ သက်ကြီးရွယ်အိုတွေအတွက်လည်း အဆင်ပြေသလို လေဖြတ်နိုင်ခြေကိုလည်း လျော့နည်းသွားစေတာပေါ့။ ဒါဆို အဲကွန်းဖွင့်လို့ ဆိုးကျိုးလုံးဝမရှိတော့ဘူးလား။ သိထားရမှာတစ်ခုက အရာရာတိုင်းသည် အကောင်းနဲ့ အဆိုးအမြဲ ဒွန်တွဲနေတဲ့အချက်ပါပဲ။ အဲကွန်းရဲ့ အေးမြစေတဲ့ ကောင်းကျိုးမှာလည်း လူတွေထင်မထားမိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖတ်တွေ ကွာနေတဲ့ ခြေထောက်ကို ဒီလိုကုစားကြရအောင်

လူတော်တော်များများက မျက်နှာနဲ့ ကိုယ်ခန္ဓာအလှအပကိုပဲ ဂရုစိုက်ရင်းနဲ့ ခြေထောက်လေးတွေကို သေချာပြုစုပေးဖို့ မေ့တတ်ကြတယ်နော်။ တကယ်တော့ ဒီခြေထောက်လေးတွေက ဘယ်ပဲသွားသွား ကျွန်တော်တို့ရဲ့ ကိုယ်အလေးချိန်တစ်ခုလုံးကို ဟန်ချက်ညီအောင် ထိန်းပေးရတဲ့ ထောက်တိုင်တွေပါ။ အပြင်က အမြဲတမ်းသွားလာတာ၊ ဒေါက်ဖိနပ်တွေ၊ ကျပ်လွန်းတဲ့ ဖိနပ်တွေ၊ ပြေးလွှားလှုပ်ရှားရတဲ့ အားကစားလုပ်လွန်းတာ၊ နေရောင်ခြည်ဒဏ်ကြောင့် ခြေထောက်တွေက အစိုဓာတ်ခမ်းခြောက်ပြီး ကြာလာရင် အသားဖတ်တွေ ကွာလာတတ်တယ်နော်။ ဒီအတွက်တော့ စိတ်မပူပါနဲ့။ ခြေထောက်အသားပပ်တာ၊ အက်ကွဲပြီး ခြောက်နေတာ၊ ခြေဖနောင့် ကြမ်းနေတာ၊ အရောင်မညီ မည်းညစ်နေတာတွေကို ကုစားပေးမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးမယ်နော်။ ခြေထောက်က အသားဘာလို့ ကွာတာလဲ။ လွယ်လွယ်ပြောရမယ်ဆိုရင်တော့ အသားခြောက်လို့ပါပဲ။ သဘာဝအတိုင်း နူးညံ့ချောမွေ့နေစေဖို့ အရေပြားက သဘာဝအဆီဖြစ်တဲ့ sebum ကို အမြဲထုတ်လုပ်ပေးရပါတယ်။ ဒီအဆီတွေ ခမ်းခြောက်သွားတဲ့အခါ ခြေထောက်အသားက မွဲခြောက်ခြောက်ဖြစ်လာတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ခံရ ပြီဆိုရင် ရှားစောင်းလက်ပပ်ကို သတိရလိုက်ပါ

ရှားစောင်းလက်ပပ်ဆိုတာ ကျွန်တော်တို့အသားအရေအတွက်တော့ နတ်ဆေးတစ်ပါးပါပဲ။ အလှအပအတွက်လည်း သုံးနိုင်သလို ဝက်ခြံ၊ အမာရွတ်၊ ဒဏ်ရာ၊ ရာသီအကူးအပြောင်းမှာ ဖြစ်တဲ့ အရေပြားပြဿနာတွေအပြင် နေလောင်ခံရ လို့ ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ကုသပေးတဲ့နေရာမှာလည်း အသုံးဝင်တယ်နော်။ သူ့မှာပါဝင်တဲ့ ဂျယ်လ်အနှစ်က အရေပြားကို အေးမြစေပြီး အသားအရေကို ကြည်လင်ဝင်းပလာစေတယ်။ ဘက်တီးရီးယားပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်လို့ မလိုလားအပ်တဲ့ အဖုအပိမ့်တွေဖြစ်လာမှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့။ နေလောင်ခံရ တဲ့ အရေပြားအတွက် အသုံးပြုပုံ ကမ်းခြေသွားလို့ တစ်နေကုန် နေပူစာလှုံပြီး ပြန်လာတာ၊ အပြင်မှာ နေပူမရှောင် မိုးရွာမရှောင် သွားပြီးသွားလို့ အိမ်ပြန်ရောက်ပြီဆိုရင် အသားက နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ထိလိုက်တာနဲ့ အသားက ပူခြစ်နေတာ၊ နေလောင်ဒဏ်ခံတာများသွားတဲ့အချိန်တွေဆိုရင် အရည်ကြည်ဖုတွေ ထွက်လာတာ၊ အရေပြားယားယံလာတာတွေပါ ဖြစ်နိုင်တယ်နော်။ ရှားစောင်းလက်ပပ်ရဲ့ အာနိသင်က နေလောင်ခံရပြီး ကျန်ခဲ့တဲ့ လက္ခဏာတွေကိုလည်း သက်သာစေသလို […]


အသားအရေ ထိန်းသိမ်းခြင်း

ချွေးပေါက်ပိတ်ဆို့မှုတွေကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ချွေးပေါက်ပိတ်ဆို့မှုကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအရေပြားပြဿနာတွေကအများကြီးပါ။ မျက်နှာပေါ်ကချွေးပေါက်လေးတွေ ပိတ်ဆို့တဲ့ အခါ အဆီဖုတွေဖြစ်တာ၊ ဝက်ခြံတွေဖြစ်တာနဲ့ အခြားသောအရေပြားပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့်ချွေးပေါက်လေးတွေ ပွင့်နေစေဖို့ကိုလည်းသေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒါတွေကြောင့်ချွေးပေါက်ပိတ်ရတာပါ ချွေးပေါက်ပိတ်စေရတဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အရေပြားပေါ်က ဆဲလ်သေတွေ ကြောင့်ချွေးပေါက်တွေ ပိတ်ဆို့ရတာပါ။ချွေးပေါက်လေးတွေက အရေပြားအတွင်းပိုင်းထဲကချွေးတွေ အဆီတွေကိုပြင်ပကို ထုတ်လွှတ်ပေးဖို့ အဓိက လုပ်ဆောင်ကြပါတယ်။ တကယ်လို့ချွေးပေါက်လေးတွ ပိတ်ဆို့သွားတဲ့ အခါ ဒီအလုပ်တွေကို မလုပ်ဆောင်နိုင်တော့ဘဲ မျက်နှာအသားအရေပေါ်မှာ ဆားဝက်ခြံတွေ၊ ဝက်ခြံတွေဖြစ်လာရပါတော့တယ်။နောက်ထပ်တွေ့ကြုံရနိုင်တဲ့ အရေပြားပြဿနာတစ်ခုက အသားအရေခြောက်သွေ့ညိုမွဲတာမျိုးပါ။ လေထုထဲက အဆိပ်အတောက်တွေကြောင့် noncomedogenic မိတ်ကပ်တွေကြောင့် မျက်နှာကိုလက်နဲ့ထိတွေ့တဲ့အခါ လက်မှာပါသွားတဲ့ အဆီတွေကြောင့် ချွေးကြောင့် စတဲ့အချက်တွေကြောင့်အရေပြားပေါ်ကချွေးပေါက်လေးတွေ ပိတ်ဆို့ရတာပါ။ အရေပြားပေါ်ကချွေးပေါက်လေးတွေ ပိတ်ဆို့မှုကို သက်သာစေမယ့် အရေပြား ကုထုံးတွေက ဘာတွေများလဲ........ အရေပြားပေါ်ကချွေးပေါက်လေးတွေ ပိတ်ဆို့မှုကင်းပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆဲလ်သေတွေကို ဖယ်ရှားပါ အပေါ်မှာပြောခဲ့သလိုပါပဲ။ […]


အသားအရေ ထိန်းသိမ်းခြင်း

Keratolytic Action အကြောင်း

Keratolytic Action, Peeling Action အကြောင်းကိုအရေပြားအထူးကုဆရာဝန်ကြီး ကိုယ်တိုင် ပြောပြပေးထားတဲ့အသေးစိတ်အကြောင်းအရာကို အောက်တွင်လေ့လာဖတ်ရှု့နိုင်ပါတယ် ✅ဒေါက်တာမိုးကျော်ထွန်း ✅အရေပြားအထူးကုဆရာဝန်ကြီး ✅အရေပြားရောဂါဌာန ✅အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး Keratolytic Action ကိုဘာတွေအတွက် သုံးလို့ရလဲ Keratolytic action ကို အသားအရေအတွက် အသုံးပြုလို့ရပါတယ်။ ဝက်ခြံ သက်သာစေဖို့ ဆဲလ်သေတွေဖယ်ရှားဖို့ ကြွက်နို့ အမာရွတ်တွေကိုသက်သာစေဖို့ အသားမာတွေဖယ်ရှားဖို့ အရေပြားမှာ အဖုအပိမ့်တွေထွက်တာတွေကို သက်သာစေဖို့ အသားအရေကြည်လင်စေဖို့ အဆီတွေကိုဖယ်ရှားဖို့ အသုံးပြုလို့ရပါတယ်။ Keratolytic Action of Salicylic Acid အကြောင်း သိထားသင့်သမျှ အသားအရေကြည်လင်လှပစေဖို့ အတွက် အသုံးပြုလို့ရတဲ့ ကုထုံးတွေက အမျိုးမျိုးပါ။ သာမန်အသားအရေဆိုရင် ကိစ္စမရှိပေမယ့် ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေတို့ ထိခိုက်လွယ်တဲ့ အသားအရေတို့ဆိုရင်တော်တော်လေးဂရုစိုက်ဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့ ဝက်ခြံရှိတဲ့ အသားအရေပိုင်ရှင်တွေအဆင်ပြေစေမယ့် အသားအရေကြည်လင်စေမယ့် ကုထုံးတစ်ခုအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဒါကတော့Keratolytic action ပါ။ Keratolytic action ကဘယ်လို အလုပ်လုပ်တာလဲဆိုတော့ ကျွန်ုပ်တို့၏ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်မြန်မြန်သန်ချင်ရင် ဒါတွေကို စားပေးဖို့ မမေ့ပါနဲ့

အသက်ကကြီးလာပြီဆိုရင် ဆံပင်တွေ ကျွတ်မယ်၊ ပါးရေတွေတွန့်မယ်၊ သဘာဝကိုတော့ လွန်ဆန်လို့မရဘူးဆိုပေမယ့် လူတိုင်းကတော့ အသက်ငယ်ငယ်လေးနဲ့ အဘိုးကြီးအဘွားကြီးလို ပုံစံမျိုး ဖြစ်ချင်ကြမယ်မထင်ပါဘူး။ ခုခေတ်မှာ မိန်းကလေးတွေသာမက ယောက်ျားလေးေတွပါ ဆံပင်ကို မျိုးစုံပုံသွင်းတာ၊ ဖြောင့်လိုက်၊ ကောက်လိုက်လုပ်တာ၊ နေရောင်ခြည်ဒဏ်ေကြာင့် ဆံသားတွေပျက်စီးပြီး ဆံပင်တွေ ခဏခဏကျွတ်လာတယ်နော်။ ကြာလာရင် ငယ်ငယ်လေးနဲ့ ထိပ်ကဆံပင်တွေပြောင်ပြီး လေယာဉ်ကွင်းလို့ အလှောင်မခံရအောင် ဘယ်လိုအစားအစာတွေကို များများစားပေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ၁။ ကြက်ဥ ဆံပင်သန်စွမ်းစေဖို့ ပရိုတင်းနဲ့ ဘိုင်အိုတင်ဓါတ်တွေအပြင် ဆံသားအတွက် မရှိမဖြစ်အာဟာရဓါတ်တွေ ဖြစ်တဲ့ ဇင့်ဓါတ်၊ ဆယ်လီနီယမ်ဓါတ်တွေလည်း ပါဝင်ပါတယ်။ ၂။ ဘယ်ရီသီး သစ်သီးအလုံးသေးသေးလေးတွေဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့။ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတွေလို အသီးအနှံတွေမှာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် ဗီတာမင် စီတွေလည်း ပါဝင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ဆံသားမွေးညှင်းပေါက်ကို ထိခိုက်ပျက်စီးစေတဲ့ ဆဲလ်တွေကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ဒီလိုကာကွယ်ပါ

ရွယ်တူသူငယ်ချင်းတွေက ဆံပင်မဖြူဘဲ ကိုယ်ကပဲဆံပင်တွေဖြူနေတာစဉ်းစားရလွန်းလို့လား၊ခေါင်းသုံးရလွန်းလို့လား။ ဆံပင်တွေအရွယ်မတိုင်ခင်ဖြူရတာခေါင်းသုံးရလွန်းလို့ဖြစ်နိုင်သလို ဒီအချက်တွေကြောင့်လည်း ဆံပင်ဖြူရတာပါ။ ဘာတွေကြောင့်များလဲ၊ ဆင်ခြင်ချင်တယ်လေဆိုရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော် Helloဆရာဝန်ပရိသတ်ကြီးရေ....... ဆံပင်ဖြူတာက လူမျိုးစုတွေကိုလိုက်ပြီးတောင်ကွာခြားနိုင်တယ်ဆိုတာ သိပြီးပြီလား..... လူမျိုးစုတွေအလိုက် ဆံပင်ဖြူနိုင်ခြေက ကွာခြားမှုရှိနေပါတယ်။ ပျမ်းမျှပြောပြရမယ်ဆိုရင် အာဖရိကန်လူမျိုးတွေက အသက် ၄၀ နောက်ပိုင်းလောက်မှ ဆံပင်စဖြူတတ်ကြပြီး အမေရိကန်လူမျိုးတွေလည်း ထိုနည်းလည်းကောင်းပါပဲ အသက် ၄၀နောက်ပိုင်းလောက်မှ စပြီး ဆံပင်ဖြူတတ်ကြပါတယ်။ အာရှနွယ်ဖွားတွေကတော့ အသက် ၃၀လောက်ရောက်လာပြီဆိုရင် ဆံပင်စဖြူတတ်ကြပါတယ်။ ကိုယ်တွေကလည်း အာရှနွယ်ဖွားပါပဲ။ ဒါပေမယ့် အသက် ၂၀ကျော်စလောက်ကတည်းက ဆံပင်စဖြူနေပြီဆိုရင်တော့ အရွယ်မတိုင်ခင်ဆံပင်ဖြူနေတယ်လို့ဆိုရတော့မပေါ့။ ဆံပင်ဖြူတာအပေါ်မှာ သက်ရောက်နေသေးတဲ့နောက်တစ်ချက်က အသားအရောင်ပါ။ အသားဖြူတဲ့သူတွေက အသားညိုတဲ့သူတွေ အသားမဲတဲ့သူတွေ ဆံပင်ဖြူနိုင်ခြေပိုများပါတယ်။အသားဖြူတဲ့သူတွေဟာ အသက် ၃၀လောက်ရောက်လာရင်ကို ဆံပင်စဖြူလာပါတော့တယ်။ ရွယ်တူတွေထဲမှာ ကိုယ်ကပဲ ဘာလို့ ဆံပင်တွေဖြူနေရတာလဲ...... ရွယ်တူတွေ ဆံပင်မဖြူခင် ဆံပင်အရင်ဖြူတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ဗီတာမင် ချို့တဲ့မှုကြောင့် ခန္ဓာကိုယ်မှာ ဗီတာမင် B6၊ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ဖြူသူတွေအတွက် အိမ်တွင်းကုထုံး

ဆံပင်ဖြူတာက အလှပျက်စေတယ်တဲ့အရာလား။ တစ်ခါတလေတာ့ဟုတ်ပါတယ်။ အထူးသဖြင့် အရွယ်မတိုင်ခင်ဆံပင်ဖြူရင်ပေါ့။ အရွယ်ရလာရင်ဆံပင်ဖြူမယ်ဆိုပေမယ့် အရွယ်မရောက်ခင်ဆံပင်ဖြူတာကတော်တော်လေးတော့ စိတ်ညစ်စေတဲ့အရာနော်။ ဆံပင်လေးများခပ်တင်းတင်းလေးစည်းလိုက်ရင် ဆံပင်ဖြူတွေက အတိုင်းသားပေါ်လာတော့တာပါပဲ။ ဒီပြဿနာကို စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးဖတ်ရင်း အတူတူဖြေရှင်းရအောင်လား။ အသက် အရွယ်အလိုက်ဆံပင်ဖြူနိုင်ခြေ လူမျိုးစုတွေအလိုက်ဆံပင်ဖြူနိုင်ခြေက ကွာခြားမှုရှိနေပါတယ်။ ပျမ်းမျှပြောပြရမယ်ဆိုရင် အာဖရိကန်လူမျိုးတွေက အသက် ၄၀ နောက်ပိုင်းလောက်မှ ဆံပင်စဖြူတတ်ကြပါတယ်။ အမေရိကန်လူမျိုးတွေလည်း အသက် ၄၀နောက်ပိုင်းလောက်မှ စပြီး ဆံပင်ဖြူတတ်ကြပါတယ်။ အာရှနွယ်ဖွားတွေကတော့ အသက် ၃၀လောက်ရောက်လာပြီဆိုရင် ဆံပင်စဖြူတတ်ကြပါတယ်။ ဆံပင်ဖြူတာအပေါ်မှာ သက်ရောက်နေသေးတဲ့နောက်တစ်ချက်ကအသားအရောင်ပါ။ အသားဖြူတဲ့သူတွေက အသားညိုတဲ့သူတွေ အသားမဲတဲ့သူတွေ ဆံပင်ဖြူနိုင်ခြေပိုများပါတယ်။အသားဖြူတဲ့သူတွေဟာ အသက် ၃၀လောက်ရောက်လာရင်ကို ဆံပင်စဖြူလာပါတော့တယ်။ ဆံပင်ဖြူတာကို ကာကွယ်နိုင်လား...... ကာကွယ်နိုင်တယ်၊ လို့ပဲဆိုရပါမယ်။နေ့စဉ်နေထိုင်စားသောက်မှုပုံစံနဲ့ အလေ့အထတွေက ဆံပင်ဖြူနိုင်ခြေအပေါ်မှာ အများကြီးသက်ရောက်နေပါတယ်။ အာဟာရမပြည့်ဝတဲ့ စားသောက်မှုကြောင့် ဗီတာမင်ချို့တဲ့တာ စိတ်ဖိစီးမှုများတာကြောင့် Oxidative Stressတွေကြောင့် ဆံပင်ဆိုးဆေးတွေကြောင့် ဆံသားအတွက်သုံးတဲ့ပစ္စည်းတွေမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့် သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့် […]


အသားအရေ ထိန်းသိမ်းခြင်း

မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားချင်သူတွေအတွက် နည်းလမ်းကောင်းတစ်ခု

ခန္ဓာကိုယ် ပေါ်က အမွေးအမျှင်တွေ တိုင်းကတော့ လူတိုင်းမလိုချင်ကြပါဘူးနော်။ ဆံပင်၊ မျက်ခုံးမွေးနဲ့ မျက်တောင်မွေးတွေက လွဲလို့ပေါ့။ အထူးသဖြင့် အလှကြိုက်တဲ့လေဒီလေးတွေဆိုရင် မလိုချင်တဲ့အမွေးအမျှင်တွေက တော်တော်လေးများမှာပါ။ ဒီလို ဆိုတာနဲ့ အမွေးအမျှင်တွေကို အမြဲရိတ်နေတကလည်း အဆင်တော့သိပ်မပြေလှပါဘူး။ တစ်ခါရိတ်ထားရင် တစ်ပတ်လောက်ပဲခံတာမျိုးဆိုတော့ အပတ်စဉ်အလုပ်ရှုပ်နေရပြီပေါ့။ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းရှာနေတာဆိုရင်တော့ နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ အမွေးအမျှင်ဖယ်ရှားတဲ့ နည်းလမ်းတွေကဘာတွေလဲ....... ခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့အမွေးအမျှင်တွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေက တစ်ခုမကရှိပါတယ်။ ရိတ်ပစ်တာ နုတ်ပစ်တာ ဖယောင်းကပ်ခွာသုံးဖယ်ရှားတာ လေဆာကုထုံးသုံးတာ IPL ကုထုံးသုံးတာတွေပါ။ မလိုချင်တဲ့ အမွေးအမျှင်တွေကို အထိရောက်ဆုံးဖယ်ရှာပေးမယ့်ကုထုံးတစ်ခု (IPL ကုထုံး) ဒီထဲကမှာ အချိန်တော်တော်ကြာတဲ့အထိ လှည့်ကြည့်စရာမလိုတာကြောင့် အလုပ်များတဲ့လေဒီလေတွေအတွက် အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုကတော့ IPL ကုထုံးသုံးပြီး အမွေးအမျှင်တွေကို ဖယ်ရှားတာပါ။ IPL (Intense Pulsed Light) ကုထုံးဆိုတာဘာလဲ………. ခန္ဓာကိုယ်ပေါ်ကမလိုလားအပ်တဲ့ အမွေးအမျှင်တွေကိုအထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ ကုထုံးတစ်ရပ်ပါ။ IPL […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ။

ဒီ ခေါင်းစဉ်လေးဖတ်ပြီးတာနဲ့ ခေါင်းလျှော်တယ်ဆိုတာ ကိုယ်ငယ်ငယ်လေးထဲက လုပ်နေကျမို့ ဘာများခက်ခဲလို့ ဒီလိုဆောင်းပါးရေးရတာလဲဆိုတဲ့အတွေးလေး ခေါင်းထဲ ရောက်မှာ ကျိန်းသေပါတယ်။ ဟုတ်ပါတယ်။ ဒီလို ငယ်ငယ်လေးထဲကလုပ်နေကျ၊ လွယ်ကူတဲ့ ကိစ္စတွေကိုပဲ တလွဲတွေ လုပ်နေတတ်ကြတာ လူတိုင်းနီးပါးပါ။ ဒီတော့ခေါင်းလျှော်တဲ့ကိစ္စမှာလည်း လွယ်လွယ်နဲ့ ပြီးစလွယ်လုပ်လိုက်ကြတာများပါတယ်။ ကြာလာတော့ ဆံသားတွေ ခြောက်သွေ့ အဖျားနှစ်ခွဖြစ်တာ၊ ဦးရေပြားဗောက်ထတာတွေ ဖြစ်လာပါတော့တယ်။ ဒီတော့ ခေါင်းကို စနစ်တကျ သေချာဘယ်လိုလျှော်ကြမလဲ ။ ( ၁ ) နည်းလေးကောင်းလေပါ။ ခေါင်းကို နေ့တိုင်း လျှော်တာမျိုးထက် တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက်ခွဲလျှော်တာက ပိုပြီး စနစ်ကျပါလိမ့်မယ်။ လူတော်တော်များများက ဆံပင် လေးပုံကျချင်လို့ အဆီပြန်နေတာမလိုချင်လို့ ဆိုပြီး ခေါင်းကို နေ့တိုင်း လျှော်တတ်ကြပါတယ်။ တကယ်တော့ တစ်ပတ်သုံးကြိမ်လောက်လျှော်တာကသာ ဆံသားအတွက်ရော ဦးရေပြားအတွက်ပါ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း