အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

ခရီး မှာ အသားအရေ ဂရုစိုက်ဖို့ မသိမဖြစ်အချက်လေးတွေ

တစ်ယောက်တည်းဖြစ်ဖြစ်၊ အပေါင်းအဖော်တွေနဲ့ပဲဆိုဆို ခရီး သွားရမယ်ဆို ပျော်ချက်ပဲနော်။ ဘာတွေဝတ်မယ်၊ ဘယ်လိုလေး ဓာတ်ပုံရိုက်မယ်ဆိုတဲ့ မိုတီဗေးရှင်းတွေက အပြည့်ပဲလေ။ ဒါပေမယ့် အလှအပမှာ အသားအရေက အသက်ပဲ ဆိုတာ မေ့နေပါဦးမယ်။ မိတ်ကပ်တွေလိမ်း၊ အလန်းစားတွေဝတ်လည်း အသားအရေကိုဂရုမစိုက်ရင် အလှမပေါ်လွင်နိုင်ပါဘူး။ တော်တော်များများက ခရီးသွားရင် အသားအရေပျက်စီးမှာပဲလို့ တွေးပြီး မသွားခင်နဲ့ သွားနေတဲ့အချိန်မှာ သိပ်ဂရုမစိုက်တတ်ကြဘူး။ ပြန်ရောက်လာမှသာ အသားအရေပြန်ထိန်းသိမ်းဖို့ အပြေးအလွှား သွားပေါင်းတင်ကြတာမျိုး။ ခရီး တလျှောက်လည်း ဂရုစိုက်သင့်တယ် ခရီး မှာ နေဒဏ်၊ လေဒဏ်၊ ပတ်ဝန်းကျင်ရဲ့ ညစ်ညမ်းမှုဒဏ်တွေကို ရင်ဆိုင်ရာမှာမို့ အသားအရေကို လိုအပ်တဲ့ကာကွယ်မှုတွေ၊ ဂရုစိုက်မှုတွေ၊ အားဖြည့်မှုတွေ ရှိရမယ်လေ။ လွယ်ပါတယ် - မျက်နှာသစ်ဖို့ မပျင်းပါနဲ့ မျက်နှာသစ်ဖို့က သတိပေးဖို့မလိုလောက်ဘူးလို့ထင်ရပေမယ့် တစ်ခါတလေ ခရီးသွားတဲ့အခါ တစ်နေကုန်ပျော်ထားသမျှ လူကပင်ပန်းတာနဲ့ပဲ မျက်နှာမသစ်ဘဲ ထိုးအိပ်လိုက်တာမျိုး၊ မူးပြီးမှောက်သွားတာမျိုး ရှိတတ်ပါတယ်။ […]


အရေပြားရောင်ရမ်းခြင်းများ

Seborrheic Dermatitis ( အရေပြားပြဿနာတစ်မျိုး) ကို ဒီလိုဖြေရှင်းပါ

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အကြီးမားဆုံးနဲ့ လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်ကို သက်ရောက်မှုရှိနေတဲ့ အစိတ်အပိုင်းတစ်ခုရှိပါတယ်။ ဘာလို့ထင်လဲ..... အရေပြားလေ။ အရေပြားက ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအရာတစ်ခုပါ။ လူတစ်ယောက်ကိုမြင်လိုက်ရင် အရင်ဆုံးတွေးမိတာက အသားအရေလေးကောင်းလိုက်တာ၊ အသားနည်းနည်းညိုတယ်၊ အသားဖြူတယ်ဆိုပြီး တွေးမိတယ်ဟုတ်။ ဒီတော့ အသားအရေကောင်းဖို့လိုမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ အသားအရေဆိုတာကလည်း ဂရုစိုက်မှ ရောဂါကင်းပြီး ကျန်းမာလှပမှာပါ။ဆွဲဆောင်မှုတိုးစေမယ့် အရာတစ်ခုအများကြားမှာ ထင်းခနဲလှပနေစေဖို့က ခေါင်းအစခြေအဆုံး အသားအရေက ကျန်းမာလှပနေဖို့လိုပါမယ်။ အသားအရေလှပမှုက သင့်ကို ဆွဲဆောင်မှုတိုးစေမယ့် အချက်တစ်ခုဆိုတာ လှချင်တဲ့သူတိုင်း မေ့ထားလို့မဖြစ်ဘူး။ ဒါကြောင့် အသားအရေကို သေချာလေး ဂရုစိုက်ဖို့က မဖြစ်မနေလုပ်သင့်တဲ့ အချက်တစ်ခုပါ။ အရေပြားမှာဖြစ်နိုင်တဲ့ ပြဿနာတစ်ခု အရေပြားကို သေချာလေး ဂရုမစိုက်မှုအတွက် ပေးဆပ်ရတဲ့ အရင်းအနှီးက ကြီးမားပါတယ်။ အရေပြားကို သေချာဂရုမစိုက်မိတာကြောင့် Seborrheic Dermatitis လို့ခေါ်တဲ့ အရေပြားပြဿနာတစ်မျိုး ခံစားရနိုင်ပါတယ်။ “ […]


အသားအရေ ထိန်းသိမ်းခြင်း

စတော်ဘယ်ရီ နဲ့ အလှအပရေးရာ

အရောင်အသွေး၊ အနံ့အရသာပြည့်စုံတဲ့ စတော်ဘယ်ရီ သီးလေးတွေက စားလို့တင်အရသာရှိတာမဟုတ်ပါဘူး။ လေဒီလေးတွေရဲ့ အလှအပရေးရာအတွက်လည်း အသုံးဝင်ပါသေးတယ်။ ဘယ်လိုများ အသုံးဝင်လဲ တူတူကြည့်ရအောင်လား…… စတော်ဘယ်ရီ ကပေးတဲ့ အလှအပတရား အရောင်နီနီရဲရဲ အနံ့မွှေးမွှေးလေးရှိပြီး စားလိုက်ရင် ချိုချိုချဉ်ချဉ်နဲ့အရသာရှိတဲ့ စတော်ဘယ်ရီ သီးလေးက ပေးတဲ့ကျန်းမာရေး အာနိသင်က တော်တော်လေးတော့များပါ။ ဒါတွထဲကမှ အလှအပအတွက် ဘယ်လိုတွေထောက်ပံ့ပေးလဲဆိုတာကို ပြောပြပေးပါရစေလား။ ဝိတ်ကျစေနိုင်တယ် သွယ်လျလှပပြီး အဆီပိုကင်းတဲ့ ခန္ဓာကိုယ်အချိုးအစားက ပျိုမေလေးတွေကို အလှတိုးစေတဲ့ အချက်တွေထဲကတစ်ခုပေါ့။ စတော်ဘယ်ရီ မှာပါတဲ့ ellagic acid နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေး နိုင်ပါတယ်။ နာတာရှည်ရောင်ရမ်းမှုတွေကြောင့် ဝိတ်တက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကိုယ်တွင်းက ဟော်မုန်းတွေ ကိုလည်း အကောင်းဆုံးထိန်းညှိပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဝိတ်ကျစေဖို့ အားပေးတဲ့ ဟော်မုန်းတွေထွက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ နောက်တစ်ချက်က anthocyanin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိနေတာကြောင့် အစားစားချင်စိကို ထိန်းညှိ […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ကာခရင်မ် နဲ့ပတ်သက်ပြီး မေးချင်နေလောက်မယ့် မေးခွန်းများ

နေရောင်ကနေ ကာကွယ်ဖို့နေလောင်ကာခရင်မ်ကို လူးနေကြတယ်။ ဒါပေမယ့်  နေလောင်ကာခရင်မ် ကို နေမလောင်အောင်သာလူးမိနေတယ်။ သိချင်တဲ့မေးခွန်းတွေက အများကြီးများဖြစ်နေလား..... ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ နေလောင်ကာခရင်မ် နေလောင်ကာခရင်မ်ဆိုတာက နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဖြစ်ကြတဲ့ UV-A နဲ့ UV-B တို့ကြောင့် အသားအရေထိခိုက်မှုမဖြစ်အောင် ကာကွယ်​ပေးတာပါ။ နေရောင်ခြည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကိုပေးစွမ်းတယ်ဆိုပေမယ့် မွန်းတည့်ချိန်မှာ ပူတဲ့နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ နေရောင်ခြည်က အသားအရေကို ဘယ်လိုထိခိုက်စေနိုင်လဲ......... နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို နေလောင်စေတယ် အသားအရေမွဲခြောက်မှု ဖြစ်စေတယ် အသားအရောင် မညီတာမျိုး ဖြစ်စေတယ် အရေးအကြောင်းတွေ ဖြစ်စေတယ် အစက်အပြောက်တွေ ဖြစ်စေတယ် အရေပြားကင်ဆာ ဖြစ်စေတယ် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး ဖြစ်စေတယ်။ နေလောင်ကာခရင်မ်နဲ့ ပတ်သက်ပြီး မေးချင်နေမယ့် မေးခွန်းတွေ နေလောင်ကာခရင်မ်ကို လိမ်းသာလိမ်းနေရတယ်။ မေးချင်နေတဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

Skin Care တွေအလွန်အကျွံ လုပ်မိနေပြီလား......

အသားအရေလေး ကျန်းမာလှပဖို့အတွက် အသားအရေထိန်းသိမ်းမှု (Skin Care) လုပ်ဖို့လိုတယ်ဆိုပေမယ့် အသားအရေထိန်းသိမ်းမှုဆိုတာကလည်း တန်ဆေး လွန်ဘေး ဆိုသလိုပါ။ ဒီတစ်ခေါက်တော့ အသားအရေကောင်းချင်ဇောနဲ့ အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိနေပြီလားဆိုတာကို ပြောပြပေးပါရစေ။ အသားအရေကျန်းမာရေးအတွက် လိုအပ်ချက် အသားအရေထိန်းသိမ်းမှုက အသားအရေကျန်းမာရေးအတွက် လိုအပ်ပါတယ်။ တစ်ပတ်တစ်ကြိမ် ဆဲသေလ်ဖယ်ရှားတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် မျက်နှာ ကို Sheet Mask ကပ်တယ်ဆိုတာလောက်ကတော့ ပုံမှန်ပါပဲ။ ဒီလိုမှမဟုတ်ဘဲ နေ့တိုင်းလိုလို ဆဲလ်သေတွေဖယ်ရှားမယ်။ ညတိုင်း Sheet Mask တွေကပ်နေမယ်ဆိုရင်တော့ အသားအရေကျန်းမာဖို့ထက် ကိုယ့်လက်နဲ့ ကိုယ့်အသားအရေကို ထိခိုက်စေနေတာပါပဲ။ အသားအရေထိန်းသိမ်းမှု (Skin Care) တွေ အလွန်အကျွံလုပ်မိနေပြီလား......... သင့်မှာ အခုလို လက္ခဏာတွေပြနေပြီဆိုရင်တော့ သင်က အသားအရေထိန်းသိမ်းမှုကို အလွန်အကျွံလုပ်မိနေပါပြီ။ အသားက တင်းတင်းကြီး ဖြစ်နေမယ် အသားအရေထိန်းသိမ်းမှုတွေ လုပ်နေပေမယ့် အသားအရေက အရင်ကထက်ပိုပြီး တင်းတင်းကြီးဖြစ်လာမယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

Sunscreen ကို နည်းစနစ်မှန်မှန် လိမ်းကြမယ်

နေရောင်ကြောင့် အသားအရေထိခိုက်မှာစိုးတယ်။ ဘာလုပ်ရမလဲ......... ဒါများစဉ်းစားနေသေးတယ်။ နေလောင်ကာခရင်မ် လူးလေလို့ ပြန်ပြောမယ် မဟုတ်လား..... နေရောင်ထဲထွက်ရင် နေလောင်ကာခရင်မ် လူးရမယ်ဆိုတာ လူတိုင်းသိမှာပါ။ ဒါပေမယ့် နေလောင်ကာခရင်မ် ကို နည်းစနစ်မှန်မှန်ရော လူးမိရဲ့လား.....နေလောင်ကာခရင်မ် ကို နည်းစနစ်မှန်မှန် မလူးမိဘူးဆိုရင်တော့ အလကားဖြစ်သွားမှာပါ။ ဒီတော့ နေရောင်ဒဏ်ကနေ အသားအရေကို အထိရောက်ဆုံး ကာကွယ်ဖို့ ဒီဆောင်းပါးလေးကို ဖတ်လိုက်ကြည့်လိုက်ပါ။ နေလောင်ကာခရင်မ် သုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ.............. နေလောင်ကာခရင်မ် ပုံမှန်အသုံးပြုပေးတာက အသားအရေကို နေလောင်တာကနေ ကာကွယ်ပေးတယ် အသားအရေမွဲခြောက်မှု မဖြစ်အောင် ကာကွယ်နိုင်တယ် အသားအရောင် မညီတာမျိုး မဖြစ်အောင် ကာကွယ်နိုင်တယ် အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးတယ် အစက်အပြောက်တွေ မဖြစ်အောင် ကာကွယ်ပေးတယ် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး မဖြစ်အောင် ကာကွယ်ပေးတယ်။ စတဲ့ အသားအရေထိခိုက်မှုတွေကို ကင်းစေမှာပါ။ နည်းစနစ်မှန်မှန်နဲ့ Sunscreen လိမ်းကြမယ် နေလောင်ကာခရင်မ်လိမ်းတိုင်း […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေနဲ့အလိုက်ဖက်ဆုံး နေလောင်ကာခရင်မ် ရွေးချယ်နည်း

နေရောင်ခြည်နုနုလေးက ကျန်းမာရေးအတွက်ကောင်းတယ်။ ခန္ဓာကိုယ်အတွက် ဗီတာမင် D ဖြည့်စွက်ပေးတယ်ဆိုပေမယ့် နေ့လယ်ခင်းမှာ ပူတဲ့ နေရောင်ကတော့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ထိန်းသိမ်းချင်တယ်ဆိုရင် မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုက နေလောင်ကာခရင်မ် လိမ်းတာလည်း အပါအဝင်ပါ။ ဘာကြောင့် နေလောင်ကာခရင်မ် လိမ်းသင့်တာလဲ........... နေလောင်ကာခရင်မ်လိမ်းသင့်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။ အသားအရေကို နေလောင်တာကနေ ကာကွယ်ဖို့ အသားအရေမွဲခြောက်မှု မဖြစ်အောင် ကာကွယ်ဖို့ အသားအရောင် မညီတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ဖို့ အစက်အပြောက်တွေ မဖြစ်အောင် ကာကွယ်ဖို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး မဖြစ်အောင် ကာကွယ်ဖို့ စတဲ့ အသားအရေကျန်းမာရေးကို အားပေးဖို့အတွက် နေလောင်ကာခရင်မ်လိမ်းသင့်ပါတယ်။ ဘယ်လိုရွေးမလဲ......... နေလောင်ကာခရင်မ် နေလောင်ကာခရင်မ်ဆိုတိုင်း အသားအရေကို ကာကွယ်မှုပေးနိုင်ပြီ မဆိုသာပါဘူး။ သေချာလေးရွေးချယ်ဖို့လိုပါမယ်။ အကြောင်းက အသားအရေအမျိုးအစားမတူညီမှုကလည်း […]


အသားအရေ ထိန်းသိမ်းခြင်း

ညဘက်မှာရော နေလောင်ကာခရင်မ် လိမ်းမလား...မလိမ်းဘူးလား.....

နေလောင်ကာခရင်မ် ကို နေ့ဘက်မှာ နေရာင်ဒဏ်ကနေ ကာကွယ်ဖို့ လိမ်းတာက သဘာဝကျပါတယ်။ ညဘက်မှာတော့ နေရောင်မရှိလို့ လူးစရာလိုမယ်မထင်ပါဘူးဆိုတာ အများက လက်ခံထားတဲ့အချက်တစ်ခုပါ။ ဒီတစ်ခေါက်တော့ ညဘက်မှာရော နေလောင်ကာခရင်မ် လူးဖို့လိုမလား... ဘယ်လိုအကျိုးကျေးဇူးတွေရှိတာလဲ...ဆိုတာတွေကို ပြောပြပေးချင်ပါတယ်။ နေလောင်ကာခရင်မ် ရဲ့ အဓိကတာဝန်က ဘာလဲ......... ဒါကတော့ ရှင်းပါတယ်။ နေလောင်ကာခရင်မ် ဆိုမှတော့ အသားအရေကို နေရောင်ဒဏ်ကနေ ကာကွယ်ပေးတာပေါ့။ နေရောင်ကြောင့် အသားအရေ ထိခိုက်တာ မွဲခြောက်တာ အသားအရောင်မညီတာ အရေးအကြောင်းတွေဖြစ်တာ အစက်အပြောက်တွေဖြစ်တာ အရေပြားကင်ဆာ နဲ့ နေရောင်ကြောင့်ဖြစ်နိုင်တဲ့ အရေပြားပြဿနာအမျိုးမျိုးကို ကာကွယ်ပေးတာပါ။ နေလောင်ကာခရမ် ကို ညဘက်လိမ်းဖို့လိုမလား.......... နေလောင်ကာခရင်မ်က နေရောင်ဒဏ်ကနေ အသားအရေကို ကာကွယ်ပေးတယ်ဆိုမှတော့ ညဘက်လူးဖို့လိုပါ့မလား....... လို့မေးစရာ အကြောင်းရှိပါမယ်။ ညဘက်မှာ နေလောင်ကာခရင်မ်ကိုလိမ်းပြီး အိပ်မယ်ဆိုရင် ချွေးပေါက်တွေပိတ်ဆို့လို့ ဝက်ခြံတွေထွက်မယ်၊ အသားအရေကို ထိခိုက်စေမယ်လို့ ယူဆစရာရှိပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေ​ကြည်လင်ခြင်း ရဲ့လျှို့ဝှက်ချက်

အသားအရေကြည်လင်ခြင်း က အလှတိုးစေသလို အလှပြင်ဖို့ စိတ်မဝင်စားတဲ့ လေဒီလေးတွေ အတွက်လည်း တော်တော်လေး အဆင်ပြေစေတဲ့အချက်တစ်ခုပါ။ ဒါပေမယ့် အလှမပြင်ချင်ဘူးဆိုရင်တောင် အသားအရေထိန်းသိမ်းဖို့တော့လိုပါတယ်။ ဒီတစ်ခေါက်တော့ အသားအရေကြည်ကြည်လင်လင်လေးနဲ့ လှနေသူတွေရဲ့ နေ့စဉ်အလေ့အထတွေက ဘာတွေများလဲဆိုတာကို ပြောပြပေးမယ်နော်။ အသားအရေကြည်လင်ခြင်း ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း ကြည်လင်တဲ့ အသားအရေဆိုတာက အသားအရောင်ညီညာပြီး၊ အစက်အပြောက်တွေမရှိရပါဘူး။ အဆီပြန်တာမျိုးမရှိရပါဘူး။ ချွေးပေါက်ကျယ်နေတာမျိုးမရှိရပါဘူး။ ဝက်ခြံ နဲ့ အဆီဖုတွေလည်း မရှိရပါဘူး။ အရေပြားပြဿနာကင်းစင်နေတဲ့အသားအရေမျိုးပါ။ ကြည်လင်တဲ့အသားအရေ ပိုင်ရှင်တွေရဲ့ လျှို့ဝှက်ချက် အသားအရေကြည်လင်သူ တော်တော်များများမှာ အခုလို အလေ့အထလေးတွေပိုင်ဆိုင်ထားကြပါတယ်။ တစ်နေ့နှစ်ကြိမ် မျက်နှာသစ်တယ် အသားအရေကြည်လင်သူတွေက အလှပြင်ဖို့ စိတ်မဝင်စားဖူးဆိုရင်တောင် တစ်နေ့ကို နှစ်ကြိမ်ပုံမှန် မျက်နှာသစ်တတ်ကြပါတယ်။ မနက်နိုးတဲ့အချိန် တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ်ပါ။ ဒါမှ အရေပြားပေါ်က ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေ ကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။ အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးရွေးသုံးတယ် မျက်နှာသစ်ဆေးတိုင်းက မျက်နှာအသားအရေကို သန့်စင်ပေးတယ်ဆိုပေမယ့် အသားအရေနဲ့ လိုက်ဖက်မှုမရှိရင် […]


ဝက်ခြံ

Gym ဆော့ရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား၊ အလွဲသက်သက်လား

Gym ဆော့တဲ့သူတွေဟာ တခြားသူတွေထက် ဝက်ခြံပိုပေါက်တယ်ဆိုတဲ့ စကားသံတွေ ခဏခဏ ကြားနေရဆဲပါပဲ။ တကယ်တော့ ဒါဟာ ၁၀၀ ရာခိုင်နှုန်း အလွဲသက်သက်ပဲတော့ မဟုတ်ပါဘူးခင်ဗျ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ လူတွေထင်ထားကြတာက Gym ဆော့ရင် ကိုယ်ခန္ဓာက ဟော်မုန်းအပြောင်းအလဲဖြစ်တယ်၊ ဒါကြောင့်ပဲ ဝက်ခြံက ပိုထွက်လွယ်တယ်ဆိုတာပါပဲ။ တကယ်တမ်းမှာက Gym ဆော့နေတဲ့ သူတစ်ယောက်ချင်းစီရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုပေါ်ကိုပဲ မူတည်နေတာပါ။ အကြောင်းအရင်း အပြည့်အစုံကို ဒီဆောင်းပါးမှာ သေချာရှင်းပြပေးချင်ပါတယ်။ Gym ဆော့တဲ့အခါ အရေပြားမှာ ဘယ်လိုပြောင်းလဲမှုဖြစ်လဲ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်နေရတဲ့အခါ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်နှုန်းကောင်းစေတယ်။ သွေးထဲက အောက်စီဂျင်တွေကို ခန္ဓာကိုယ်နေရာအနှံ့ သယ်ယူပို့ဆောင်ပေးနိုင်တယ်။ ချွေးထွက်တာကြောင့် အသားအရေကို ကြည်လင်စေတယ်။ အရေပြားဆဲလ်အသစ်တွေကို လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်တယ်။ အဲ့မှာ ပြဿနာက ချွေးထွက်များတာပါပဲ။ ခန္ဓာကိုယ်ထဲက ရေဓာတ်က အပူရှိန်ကြောင့် အပြင်ဘက်ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း