အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

ဘာနှုတ်ခမ်းနီဆိုးဆိုး အရောင်ထွက်မလှတာ ဘာလို့လဲ

နှုတ်ခမ်းနီအရောင်လေးလှနေလည်း ကိုယ့် နှုတ်ခမ်း ပေါ်ရောက်ရင် အရောင်မတူတော့ဘူး။ နဂိုအောက်ခံဖြစ်တဲ့ ကိုယ့်နှုတ်ခမ်းသားက မွဲခြောက်နေတာကိုး။ နှုတ်ခမ်းသားက ခြောက်သွေ့နေမယ်၊ အဖတ်တွေကွာနေမယ်၊ နူးညံ့မှုမရှိဘူး၊ အရောင်အသွေးမစိုဘူးဆိုတာ နှုတ်ခမ်းသားကို ဂရုမစိုက်လို့ပါ။ တကယ်တော့ နှုတ်ခမ်း လှတယ်မလှဘူးဆိုတာ ကိုယ့်ရဲ့သတ်မှတ်မှုပါ။ နှုတ်ခမ်းပုံစံက လူတစ်ယောက်နဲ့တစ်ယောက် မတူကြတော့ ကိုယ့်အလှနဲ့ကိုယ်ပါပဲ။ ဒါပေမယ့် နှုတ်ခမ်းသားကျန်းမာရေးကို ဂရုစိုက်မှုနဲ့ စောင့်ရှောက်မှုတို့ကိုမူတည်ပြီး အလှဒီဂရီ ကွာခြားသွားတတ်ပါတယ်။ ဒါ့ကြောင့် - နှုတ်ခမ်း ကို သန့်ရှင်းအောင်ထားပါ နှုတ်ခမ်းဟာ အစားအသောက်တွေအပြင် လေထုထဲက ဖုန်မှုန့်နဲ့အညစ်အကြေးတွေကိုထိတွေ့ရတာဖြစ်လို့ နှုတ်ခမ်းသန့်ရှင်းရေးကို ထိန်းသိမ်းဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းကိုသန့်စင်ပေးပါ။ နှုတ်ခမ်းသားပေါ် ပျားရည်နဲ့ပွတ်သုတ်ပေးတာက သန့်ရှင်းစင်ကြယ်စေတဲ့အပြင် စိုပြေလန်းဆန်းစေပါတယ်။ lip balm သုံးပါ နှုတ်ခမ်းက လေနဲ့ထိတွေ့ရင်ခြောက်သွေ့လွယ်တာကြောင့် ရေဓာတ်ထိန်းသိမ်းနိုင်ဖို့ lip balm ပုံမှန်သုံးပေးပါ။ lip balm ကို သွားလေရာယူသွားပြီး လိုအပ်တဲ့အချိန်တိုင်း နှုတ်ခမ်းမခြောက်အောင်ဆိုးပေးပါ။ […]


ဆိုရီရေးစစ်ရောဂါ

ဆိုရီယေးစစ် (Psoriasis)ပြဿနာအဖြေရှာရအောင်

ဆိုရီယေးစစ်ဆိုတာ အရေပြားပြဿနာတစ်မျိုးပါ။ အကြောင်းရင်းမရှိဘဲ ရုတ်တရက် အရေပြားမှာ အကွက်တွေပေါ်လာပြီး ယားယံတတ်ပါတယ်။ ဖြစ်လိုက်ပျောက်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ အမြစ်ပြတ်ပျောက်အောင် ကုလို့လည်းမရသေးပါဘူး။ ဒါပေမယ့် လက္ခဏာသက်သာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေတော့ အများကြီးရှိပါတယ်။ ဆိုရီယေးစစ်ဆိုတာဘာလဲ။ ဆိုရီယေးစစ်ဆိုတာ အရေပြားဆဲလ်တွေ ပုံမမှန်ပွားတာကြောင့် အရေပြားမျက်နှာပြင်မှာ ဆဲလ်တွေစုပုံလာပြီး ထူထူကြီးဖြစ်လာတာပါ။ အင်ပျဉ်ထတာနဲ့ ပုံစံတူပါတယ်။ ယားယံပြီး စပ်ဖျဉ်းဖျဉ်းဖြစ်ပါတယ်။ နာတာရှည်အရေပြားရောဂါပါ။ ဆိုရီယေးစစ်အမျိုးအစားများ (၁) Plaque psoriasis အတွေ့ရအများဆုံးပုံစံပါ။ အင်ပျဉ်ထသလို ဖောင်းနေပြီး အရေပြားက ခြောက်သွေ့အက်ကွဲနေပါတယ်။ အကြေးခွံနဲ့တူပါတယ်။ ယားတာ၊ နာတာရှိပါတယ်။ လိင်အင်္ဂါနဲ့ ပါးစပ်ပေါက်အပါအဝင် ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ (၂) လက်သည်း ဆိုရီယေးစစ် လက်သည်းခွံချိုင့်တာ၊ ပုံမမှန်ရှည်ထွက်တာ၊ အရောင်ပြောင်းတာ၊ ကြွတ်ဆတ်တာ၊ ကျွတ်ထွက်တာအထိဖြစ်နိုင်ပါတယ်။ (၃) Guttate psoriasis ဒီအမျိုးအစားက ကလေးတွေနဲ့ လူငယ်တွေမှာ ပိုတွေ့ရပါတယ်။ ဘတ်တီးရီးယားပိုးတစ်မျိုးကြောင့် လည်ပင်းနာတာခံစားရပြီးတဲ့နောက်ပိုင်းမှာ တွေ့ရတတ်ပါတယ်။ အရေပြားအဖတ်လန်တဲ့ပုံစံမျိုးနဲ့ တွေ့ရတတ်ပါတယ်။ (၄) […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေစိုပြေဝင်းအိဖို့ ဒိန်ချဉ်နဲ့ မျက်နှာပေါင်းတင်ကြမယ်

အလှအပနဲ့ပတ်သက်ပြီး ပိုက်ဆံသိပ်မကုန်၊ အချိန်လည်း အများကြီးမပေးနိုင်တဲ့ လေဒီလေးတွေ၊ ကိုကိုညီလေးတွေအတွက် မီးဖိုချောင်နဲ့ အိမ်မှာအလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်းနည်းတွေ ပြောပြခဲ့ရာမှာ ဒီတစ်ခေါက် ဒိန်ချဉ်နဲ့ ပေါင်းတင်နည်းတွေနဲ့ အကျိုးအာနိသင်ကို ပြောပြပေးမှာဖြစ်ပါတယ်။ ဒိန်ချဉ်ရဲ့ အရေပြားအတွက် အကျိုးအာနိသင်တွေက ဘာတွေလဲ။ ၁။ အရေပြားကို အစိုဓာတ်ထိန်းညှိပေးတယ်။ ၂။ အသားအရေကို စိုပြေဝင်းပလာစေတယ်။ ၃။ အသားအရောင်ကို ညီစေတယ်။ ၄။ နေလောင်ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားမပျက်စီးအောင် ကာကွယ်ပေးတယ်။ ၅။ အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေလို့ အရေးအကြောင်းတွေကို လျော့နည်းစေတယ်။ ၆။ အရွယ်တင်နုပျိုစေတယ်။ ၇။ ဝက်ခြံသမားတွေအတွက်လည်း ဘက်တီးရီးယားပိုးသေစေလို့ အဆင်ပြေစေတယ်။ ၈။ တခြားပိုးဝင်တာ၊ မှိုဝင်တာကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကိုလည်း ကုသပေးနိုင်တယ်။ ဒါဆို ဘယ်လိုပေါင်းတင်ကြမလဲ။ ၁။ ပထမနည်းလမ်းကတော့ ဒိန်ချဉ် ၃ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို သေချာရောမွှေပြီး မျက်နှာမှာ လိမ်းပေးရမှာပါ။ ၁၀ […]


အခြားအရေပြားပြဿနာများ

အသားတွေ ယားနေတယ် ဘာလို့လဲ..............

အသားတွေ ယားနေတယ် ဆိုတိုင်း ဓာတ်မတည့်တာများစားမိလို့လား၊ ဓာတ်မတည့်တာတစ်ခုခုနဲ့များ ထိတွေ့မိလို့လားလို့ အရင်ဆုံးတွေးမိတတ်ကြပါတယ်။ တကယ်ကတာ့ အသားယားတာက ဓာတ်မတည့်တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ဒီပြဿနာလေးတွေရှိနေရင်လည်း အသားယားတတ်ပါတယ်။ ဘာတွေများဖြစ်မလဲ...... အသားတွေ ယားနေတယ် ဘာလို့များလဲ...... အသားတွေ ယားနေတာက ဒီအချက်တွေကြောင့်ပါ။ (၁) အသား ခြောက်နေလို့ - အသားခြောက်တာက သင့်ကို အသားယားတာတွေ ဖြစ်စေနိုင်ပါတယ်။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ ရေပူနဲ့ချိုးတာများတာကြောင့်ဖြစ်ဖြစ် အသားယားနိုင်ပါတယ်။ ဘယ်လိုသက်သာအောင် လုပ်မလဲ.... ရေချိုးပြီးတိုင်း အသားကို အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။ သွေးထွက်တဲ့အထိ အသားခြောက်ပြီး ကွဲအက်တာမျိုးဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါမယ်။ (၂) ပိုးကောင် ကိုက်ခံရတာ - ခြင်ကနေစလို့ ပိုးကောင်တွေကိုက်ခံရတဲ့အခါမျိုးမှာလည်း အသားယားတတ်ပါတယ်။ ခြင်ကိုက်တာကြောင့် အသားယားတာကတော့ ခဏလောက်နဲ့ သက်သာသွားနိုင်ပါတယ်။ တကယ်လို့ ကြမ်းပိုး၊ သန်းစတာတွေကိုက်ရင်တော့ အချိန်တော်တော်ကြာတဲ့အထိ အသားယားနေတာမျိုးဖြစ်နိုင်ပါတယ်။ ဘယ်လိုသက်သာအောင်လုပ်မလဲ ........ ပိုးကောင်ကိုက်ရင် လိမ်းလို့ရတဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

တံတောင်ဆစ်မှာ ကြာဆူး ဖြစ်လာတဲ့အခါ

ကြာဆူး ဟာ Keratosis pilaris လို့ခေါ်တဲ့ အန္တရာယ်မရှိတဲ့ သာမန်အရေပြားပြဿနာဖြစ်ပြီး အထူးတလည်ကုသစရာမလိုပါဘူး။ အရေပြားမခြောက်သွေ့အောင် moisturizer နဲ့ creamလေးတွေသုံးပေးရင် သက်သာပျောက်ကင်းနိုင်ပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး အသက်ကြီးလာတဲ့အခါပျောက်ကင်းသွားတတ်ပါတယ်။ မွေးညင်းပေါက်လေးတွေမှာ ကြက်သီးထသလို ခပ်မာမာ အဖုချွန်ချွန်လေးတွေဖြစ်လာတတ်ပေမယ့် တစ်ခါတလေ အနည်းငယ်ယားယံတာကလွဲလို့ ပိုဆိုးလာတာ၊ ထိခိုက်နာကျင်စေတာမျိုးမရှိပါဘူး။ ကြာဆူး ဘာလို့ဖြစ် အရေပြားမှာရောဂါပိုးဝင်ခြင်းနဲ့တခြားထိခိုက်မှုတွေ မဖြစ်အောင်ကာကွယ်ပေးတဲ့ keratin ပရိုတင်းတွေများပြားစုပုံလာမှုကြောင့် ကြာဆူးဖြစ်လာတာပါ။ ဒီပရိုတင်းအစုက မွေးညင်းပေါက်ကိုပိတ်ဆို့စေတာဖြစ်ပါတယ်။ ဒါပေမယ့် ပိတ်ဆို့ရတဲ့အကြောင်းရင်းကို အတိအကျမသိသေးပါဘူး။ ကိုယ်ကအသားအရေခြောက်သွေ့တတ်သူဖြစ်ရင် ကြာဆူးပိုဖြစ်လွယ်နိုင်ပါတယ်။ ကြာဆူးက လေထုတွင်းစိုထိုင်းမှုနည်းတဲ့ ဆောင်းတွင်းမှာ ပိုသိသာတတ်ပြီး နွေရာသီမှာပျောက်ကင်းတတ်ပါတယ်။ ကြာဆူးက အသားအရေခြောက်သွေ့မှု၊ ဗီတာမင် A နဲ့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့fatty acid တို့ချို့တဲ့မှုနဲ့လည်း ဆက်နွှယ်နေပါတယ်။ ဒီလူတွေမှာ ဖြစ်နိုင်ခြေပိုများ ကိုယ့်မှာ ဒီအချက်တွေရှိနေရင် ကြာဆူးဖြစ်တတ်တာများပါတယ် – ကြာဆူးဖြစ်လေ့ရှိတဲ့သူတွေ ဆွေမျိုးရင်းချာထဲမှာရှိနေရင် […]


အခြားအရေပြားပြဿနာများ

လေဆာနဲ့ တက်တူးဖျက်တော့မယ်ဆိုရင်

အရင်ခေတ်တွေတုန်းကတော့ “အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုပ်ထိုး၊ ဤသုံးမျိုး ချက်မပိုင် နောက်ပြင်ရန် ခက်သည့်အမျိုး” လို့ ဆိုစကားရှိခဲ့ဖူးပါတယ်။ အိမ်ထောင်ပြုတာ၊ ဘုရားကျောင်းကန် တည်ဆောက်လှူဒါန်းတာနဲ့ ဆေးမင်ကြောင်လို့ခေါ်တဲ့ တက်တူး (Tattoo) ထိုးတာတွေ ပြုလုပ်ပြီးတဲ့အခါမျိုးတွေမှာ ပြန်ပြင်ရမလွယ်ဘူးဆိုတဲ့ သဘောပါ။ နည်းပညာတွေခေတ်မီလာတဲ့ ဒီကနေ့ခေတ်မှာတော့ တက်တူးထိုးတာကို ပြင်ဆင်ဖယ်ရှားလို့ ရနိုင်နေပြီဖြစ်ပါတယ်။ အရင်လို ပြန်ပြင်ဖို့ ဖယ်ရှားဖို့ ခက်ခဲတဲ့အရာတစ်ခု မဟုတ်တော့ပါဘူး။ လေ့လာချက်တွေအရ တက်တူးထိုးထားတဲ့ လူ ၇ ယောက်မှာ တစ်ယောက်နှုန်းက သူတို့ တက်တူးထိုးခဲ့တာနဲ့ ပတ်သက်လို့ နောင်တရလေ့ရှိပါတယ်။ ဒါကြောင့်လည်း တက်တူးတွေကို ပြန်လည်ဖျက်ပစ်ဖို့ ဒါမှမဟုတ် ပြန်လည်ပြင်ဆင်ဖို့အတွက် ကြိုးပမ်းလာကြတာဖြစ်ပါတယ်။ တက်တူးကို ဖယ်ရှားနိုင်တဲ့နည်းလမ်းတွေဟာ ၁၉၉၀ ခုလွန်နှစ်တွေကတည်းက စတင်ခေတ်စားလာတာဖြစ်ပြီးတော့ ခရမ်လိမ်းတာမျိုး၊ Salabrasion လိုနည်းလမ်းမျိုးတွေရှိပေမယ့်လည်း လေဆာနဲ့ […]


ဝက်ခြံ

ဝက်ခြံအတွက် ရှားစောင်းလက်ပပ်ရဲ့ အသုံးဝင်ပုံ

ရှားစောင်းလက်ပပ်ဟာ အသားအရေအတွက် ဘက်ပေါင်းစုံကနေ ကူညီပေးနိုင်တဲ့ နတ်ဆေးတစ်ပါးဆိုတာ အားလုံးလည်း သိပြီးလောက်ပြီထင်ပါတယ်။ အလှအပအတွက်ဆိုရင်လည်း ဝက်ခြံ၊ အဖုအပိမ့်၊ အင်ပျဉ်ထတာတွေ၊ ဆားဝက်ခြံ၊ ချွေးပေါက်ကျယ်တဲ့ ပြဿနာတွေအတွက် ကူညီပေးနိုင်သလို အနာကျက်မြန်စေဖို့၊ အသားအရေကြည်လင်ဝင်းပစေဖို့၊ အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်ပေးတဲ့နေရာမှာပါ အားဖြည့်ပေးပါတယ်။ ဒီဆောင်းပါးမှာတော့ ဝက်ခြံကို ကုသတဲ့နေရာမှာ ရှားစောင်းလက်ပပ်ကို ဘယ်လိုအသုံးပြုလို့ရမလဲဆိုတဲ့ နည်းလမ်းတွေရဲ့ သူ့ရဲ့အသုံးဝင်ပုံတွေကို ပြောပြပေးမှာဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်ရဲ့ အသုံးဝင်ပုံ ကျွန်တော်တို့ရဲ့ အရေပြားကနေပြီးတော့ သဘာဝအဆီတွေ အမြဲလိုလို ထွက်နေတတ်ပါတယ်။ ဒီအဆီဟာ အပြင်က ဖုန်မှုန့်၊ သဲ၊ အညစ်အကြေးတွေနဲ့အတူ ချွေးပေါက်ထဲကို ဝင်အောင်းနေတဲ့အခါ အထဲမှာ ဘက်တီးရီးယားတွေ ပေါက်လာပြီး ဝက်ခြံကို ဖြစ်စေတာပါ။ ရှားစောင်းလက်ပပ်ရဲ့ ဝက်ခြံကုထုံးအားသာချက်ကတော့ • ပိုနေတဲ့ အဆီတွေကို ဖယ်ရှားပေးခြင်း • အသားအရေကို ညီညာချောမွေ့စေခြင်း • ကျယ်နေတဲ့ ချွေးပေါက်တွေကို ပြန်ကျဉ်းစေခြင်း • ဘက်တီးရီးယားပိုးတွေကို […]


အသားအရေ ထိန်းသိမ်းခြင်း

နေ့စဉ်အသားအရေထိန်းသိမ်းတဲ့အခါ မရှိမဖြစ် Moisturizer

အလှအပကို စိတ်ဝင်စားတဲ့ ကျားမ မရွေး Moisturizer နဲ့ပတ်သက်ပြီး သိသင့်သလောက်တော့ သိထားမယ်လို့ ထင်ပါတယ်။ Moisturizer လို့ခေါ်တဲ့ အစိုဓာတ်ထိန်းခရင်မ်ဆိုတာ ဒီဘက်ခေတ်မှာ ယောက်ျားလေးရော မိန်းကလေးတွေရဲ့ တစ်နေ့တာအတွက် မရှိမဖြစ် လိုအပ်တဲ့ အသားအရေထိန်းသိမ်းပစ္စည်းစာရင်းထဲမှာ ပါတယ်ဆိုတာကို သတိထားမိမှာပါ။ အစိုဓာတ်ထိန်းခရင်မ်ကို ဘာအတွက် သုံးပေးကြတာလဲ။ • အသားအရေကို နေရောင်ကြောင့် ပျက်စီးမသွားစေဖို့ • အသားအရေခြောက်ကပ်မသွားအောင် ကာကွယ်ပေးတယ်။ • အစိုဓာတ်ဖြည့်တင်းပေးနိုင်တယ်။ • ချွေးပေါက်အတွင်းထဲထိ စိမ့်ဝင်စေကာ အသားအရေကို အေးမြစေတယ်။ • အရေပြားဆဲလ်အသစ် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးလို့ အသားအရေကို ဖြူစင်ဝင်းပလာစေတယ်။ • အရေးအကြောင်းထင်တာကို လျော့နည်းစေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်ပါတယ်။ ဒါကြောင့်လည်း အစိုဓာတ်ထိန်းခရင်မ်ကို နေ့တိုင်းအသားအရေထိန်းသိမ်းတဲ့ နေရာမှာ အသုံးပြုကြတာဖြစ်ပါတယ်။ အချိန်လည်း မကုန်၊ ရေချိုးပြီးတာနဲ့ လက်ပေါ် လိုသလောက်ထည့်ပြီး မျက်နှာနဲ့ တခြားကိုယ်ခန္ဓာအရေပြားပေါ် လိမ်းပေးလိုက်ရုံနဲ့ ကိုယ့်အသားအရေကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံနွယ်လေးတွေ စိတ်ကူးထားတဲ့အတိုင်းဖြစ်လာစေဖို့ ဘာတွေစားမလဲ

သူ့ဆံပင်လေးက နက်မှောင်နေတာပဲ။ ထူထူထဲထဲလေးနော်။ ငါလည်း သူ့လိုလှပတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်ချင်လိုက်တာလို့ စိတ်ကူးနေတဲ့ လေဒီလေးတွေ များရှိလား။ ဒါဆိုရင်တော့ စိတ်ကူးထားတဲ့အတိုင်း ဆံသားလေးလှပစေဖို့ ဘာတွေစားပေးရင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဆံနွယ်လေးတွေ စိတ်ကူးထားတဲ့အတိုင်းဖြစ်လာစေဖို့ ဒါတွေစားပါ ဆံနွယ်လေး နက်မှောင်လှပနေမှုကလည်း သင့်ကို အလှတိုးစေမယ့်အရာတစ်ခုပါ။ ဒီတော့ ဆံနွယ်လေးကို စိတ်ကူးထားတဲ့အတိုင်းလှပနေစေဖို့ဆိုရင် ဆံသားတောက်ပြောင် စေဖို့ ဆံသားတောက်ပြောင်စေဖို့အတွက် omega-3 fatty acids ကြွယ်ဝစွာပါဝင်နေတဲ့ ဆယ်လ်မွန်၊ ဆာဒင်း၊ မက်ကာရယ် တို့လိုမျိုးငါးတွေစားပေးပါ။ ခန္ဓာကိုယ်က ဒီအဆီကိုမထုတ်လုပ်နိုင်တာကြောင့် အစားအစာကနေ အဓိကရယူရမှာပါ။ ဒီအဆီက ရောဂါတွေကနေ ကာကွယ်ပေးသလို ဆံသားကို သန်စွမ်းစေပြီး နက်မှောင် တောက်ပြောင်စေမှာပါ။ ဆံပင်သန် စေဖို့ ဆံပင်သန်ချင်တယ်ဆိုရင်တော့ ဒိန်ချဉ်သောက်တာက အဆင်အပြေဆုံးဖြစ်မှာပါ။ အကြောင်းကတော့ ဒိန်ချဉ်မှာ ပရိုတင်း ပြည့်ဝစွာပါဝင်နေပြီး ဦးရေပြားကို သွေးစီးဆင်းမှုကောင်းအောင် ထောက်ပံ့ပေးနိုင်တာကြောင့် ဆံသားကို […]


အသားအရေ ထိန်းသိမ်းခြင်း

အုန်းစိမ်းရည် နဲ့ အသားအရေကျန်းမာရေး

အုန်းစိမ်းရည် ချိုချိုလေးက အမောပြေစေရုံ၊ ရေငတ်ပြေစေရုံပဲလား။ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အကျိုးများသလို အလှအပအတွက်လည်း အားဖြည့်ပေးနိုင်ပါသေးတယ်တဲ့။ ဒီတစ်ခေါက်တော့ အုန်းစိမ်းရည် ကအသားအရေကို ဘယ်လိုအထောက်အပံ့ပေးလဲဆိုတာ ပြောပြပေးမယ်နော်။ အုန်စိမ်းရည် ကပေးတဲ့ အသားအရေလှပမှု သောက်လိုက်ရင် ချိုချိုအေးအေးလေးနဲ့ အရသာရှိတဲ့ အုန်းစိမ်းရည်လေးက အသားအရေအတွက် အခုလိုလေး အားဖြည့်ပေးပါတယ်။ အစိုဓာတ်ဖြည့်ပေးတယ် အုန်းစိမ်းရည် သောက်ပေးတာက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးရာရောက်သလို အသားအရေအတွက်လည်း အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။ အုန်းစိမ်းရည်က်ို သောက်တာအပြင် အုန်းစိမ်းရည် နဲ့ သံပရာရည်ကိုရောပြီး အရေပြားပေါ်မှာလူးပေးတာက အသားအရေကို လန်းဆန်းစေပြီး အကောင်းဆုံး ရေဓာတ်ဖြည့်ပေးနိုင်မှာပါ။ အသားခြောက်တတ်တယ်ဆိုရင်တော့ ပျားရည်နည်းနည်းလောက်ထည့်လူးပေးပါ။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အိုမင်းမှုကို သက်သာစေနိုင်ပါတယ် အုန်းစိမ်းရည်က အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေ၊ အရေးအကြောင်းတွေကို လျော့ပါးစေနိုင်ပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အရွယ်တင်ပြီး အရေးအကြောင်းကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အုန်းစိမ်းရည်ကို ဒိန်ချဉ်နဲ့ရောပြီး ပေါင်းတင်ပေးပါ။ အသားအရောင် ညီညာစေတယ် အသားအရောင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း