brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Sunscreen ကို နည်းစနစ်မှန်မှန် လိမ်းကြမယ်

နေရောင်ကြောင့် အသားအရေထိခိုက်မှာစိုးတယ်။ ဘာလုပ်ရမလဲ……… ဒါများစဉ်းစားနေသေးတယ်။ နေလောင်ကာခရင်မ် လူးလေလို့ ပြန်ပြောမယ် မဟုတ်လား….. နေရောင်ထဲထွက်ရင် နေလောင်ကာခရင်မ် လူးရမယ်ဆိုတာ လူတိုင်းသိမှာပါ။ ဒါပေမယ့် နေလောင်ကာခရင်မ် ကို နည်းစနစ်မှန်မှန်ရော လူးမိရဲ့လား…..နေလောင်ကာခရင်မ် ကို နည်းစနစ်မှန်မှန် မလူးမိဘူးဆိုရင်တော့ အလကားဖြစ်သွားမှာပါ။ ဒီတော့ နေရောင်ဒဏ်ကနေ အသားအရေကို အထိရောက်ဆုံး ကာကွယ်ဖို့ ဒီဆောင်းပါးလေးကို ဖတ်လိုက်ကြည့်လိုက်ပါ။

Sunscreen ကို နည်းစနစ်မှန်မှန် လိမ်းကြမယ်

နေလောင်ကာခရင်မ် သုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ…………..

နေလောင်ကာခရင်မ် ပုံမှန်အသုံးပြုပေးတာက

နည်းစနစ်မှန်မှန်နဲ့ Sunscreen လိမ်းကြမယ်

နေလောင်ကာခရင်မ်လိမ်းတိုင်း အသားအရေကို နေရောင်ဒဏ်ကနေအပြည့်အဝ ကာကွယ်ပေးနိုင်ပြီလို့ မဆိုသာပါဘူး။ လိမ်းတဲ့နည်းစနစ်မှန်မှ အသားအရေကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် နေရောင်ကြောင့် အသားအရေထိခိုက်မှုကင်းစေဖို့

  • နေလောင်ကာခရင်မ် မလိမ်းခင်မှာ ဗူးကို သေချာလှုပ်ပါ။ ဒါမှ လိမ်းရတာအဆင်ပြေပြီး ထိရောက်မှုပိုကောင်းတာပါ။
  • နေလောင်ကာခရင်မ်ကို ခပ်ထူထူလေးလိမ်းပေးပါ။ နေလောင်ကာခရင်မ်ကို ခပ်ပါးပါးလေး လိမ်းတာက ထိရောက်မှုအားနည်းနိုင်ပါတယ်။
  • နေလာင်ကာခရင်မ်ကို မျက်နှာပေါ်မှာ တိုက်ရိုက်မလိမ်းပါနဲ့။ လက်ပေါ်ကို အရင်ညှစ်ချပြီး လက်နှစ်ဖက်မှာ ပွတ်ပြီးမှ မျက်နှာကိုလိမ်းပေးပါ။ ဒါက နေလောင်ကာခရင်မ်ကို မျက်နှာအသားအရေက မြန်မြန်စုပ်ယူနိုင်စေပြီး ထိရောက်မှုအားကောင်းစေနိုင်ပါတယ်။
  • နေလောင်ကာခရင်မ် လိမ်းပြီးမှ moisturizer လိမ်းတာလား။ moisturizer လိမ်းပြီးမှ နေလောင်ကာခရင်မ်လိမ်းတာလား။ နေလောင်ကာခရင်မ်ကို အထိရောက်ဆုံးဖြစ်စေဖို့ဆိုရင် ခြောက်သွေ့သန့်စင်တဲ့ အသားအရေပေါ်မှာ moisturizer မလိမ်းခင် နေလောင်ကာခရင်မ်ကို အရင်လိမ်းပေးပါ။ ဒါမှ အဆင်ပြေမှာပါ။
  • နေရောင်ထဲမထွက်ခင်မှာ နေလောင်ကာခရင်မ်လိမ်းပေးပါ။ နေလောင်ကာခရင်မ်ကို အသားအရေက စုပ်ယူဖို့ အချိန်ပေးရပါတယ်။ အနည်းဆုံး ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ကြာမှ အသားအရေက နေလောင်ကာခရင်မ်ကို စုပ်ယူနိုင်တာပါ။ ဒါကြောင့် နေရောင်ထဲမထွက်ခင် အနည်းဆုံး ၁၅ မိနစ် အလိုလောက်မှာ နေလောင်ကာခရင်မ်လိမ်းပေးပါ။
  • နေလောင်ကာခရင်မ်ကို နေ့တိုင်းလိမ်းပေးပါ။ နေရောင်ထဲထွက်မှ မဟုတ်ပါဘူး။ နေရောင်ဝင်နိုင်တဲ့ နေရာမှာ နေရင်လည်း လိမ်းဖို့လိုပါတယ်။
  • နေလောင်ကာခရင်မ်ကို တစ်ကြိမ်တည်း လိမ်းရုံနဲ့ တစ်နေ့တာအတွက် မလုံလောက်ပါဘူး။ နေလောင်ကာခရင်မ် လိမ်းပြီး မိနစ် ၉၀ ကြာတိုင်း ထပ်လိမ်းပေးပါ။ ဒါက အသားအရေကို နေလောင်ဒဏ်ကနေ အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။
  • မျက်လုံးနားတဝိုက်ကို နေလောင်ကာခရင်မ်လိမ်းတဲ့အခါ သတိထားစေချင်ပါတယ်။
  • ရေကူးပြီးချိန်၊ လေ့ကျင့်ခန်းလုပ်ပြီးချိန်တွေမှာ နေလောင်ကာခရင်မ် ထပ်လိမ်းပေးပါ။
  • နေလောင်ကာခရင်မ်ကို မျက်နှာမှ၊ လက်မှရယ်မဟုတ်ပါဘူး။ နေရောင်နဲ့ ထိတွေ့မိနိုင်တဲ့ နေရာတိုင်းကို လိမ်းပေးပါ။
  • နေလောင်ကာခရင်မ်လိမ်းတဲ့ အခါ ခပ်ထူထူနဲ့ သေသေချာချာလေးစိမ့်ဝင်အောင်လိမ်းပေးပါ။

နေရောင်ကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုက ကင်းချင်တယ်ဆိုရင်တော့ နေ့ရက်တိုင်းမှာ အခုလို နည်းစနစ်မှန်မှန်နဲ့ နေလောင်ကာခရင်မ်လိမ်းကြဖို့ ပြောပါရစေ Hello ဆရာဝန်ပရိသတ်ကြီးရေ…..

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။