အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အသားအရေအတွက် Rose Water ကို ဘယ်လိုတွေ သုံးလို့ရလဲ...........

အသားအရေလေး ​ကြည်လင်ချင်တယ်။ ဓာတုပစ္စည်းတွေ သုံးဖို့ကျတော့လည်း မရဲဘူး။ အသားအရေ ထိခိုက်မှာစိုးတယ်ဆိုတဲ့ သူလေးတွေအတွက် အသားအရေ ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝပစ္စည်းလေးတစ်ခုအကြောင်း ပြောပြပေးမယ်နော်။ ဒါကတော့ ပျိုမေလေးတို့ရဲ့ အသားအရေ ကျန်းမာလှပစေဖို့ ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့တဲ့ Rose Water ပါ။ Rose Water ဆိုတာ ဘာလဲ.......... Rose Water ဆိုတာက နားလည်လွယ်အောင် ပြောပြရရင် နှင်းဆီပွင့်ချပ်လေးတွေ စိမ်ထားတဲ့ အရည်တစ်မျိုးပါ။ အမွှေးနံ့သာ အနေနဲ့ အသုံးပြုကြသလို အရေပြား ကျန်းမာရေး နဲ့ အခြားသော ကျန်းမာရေး ပြဿနာတွေအတွက် ဆေးဖက်ဝင်တဲ့ သဘာဝ ဖော်စပ်မှု တစ်ရပ်အနေနဲ့လည်း အသုံးပြုကြပါတယ်။ နှင်းဆီပန်းကို ဆေးဖက်ဝင်တဲ့ အရာတစ်ခုအဖြစ် ရှေးယခင်ကာလတွေကတည်းက အသုံးပြုလာခဲ့ကြတာပါ။ ၇ ရာစုလောက်ကတည်းက အီရန် နဲ့ အခြား […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဘာလို့ ဆံပင်တွေ ကျွတ်နေတာလဲ

ဆံပင်လေးတစ်ချက်လောက် ဖြီးလိုက်ရုံနဲ့ ဆံနွယ်စတွေ အထွေးလိုက်ပါလာတာမျိုး ကြုံဖူးကြမှာပါ။ အမျိုးသားထုတွေကတော့ များသောအားဖြင့် သိပ်ပြီး ဂရုမစိုက်ကြပေမယ့် မမ တွေကတော့ ဆံပင်တွေ ကျွတ်လာပြီဆိုရင် စိုးရိမ်ရ ပူပန်ရ စိတ်ညစ်ရတတ်တာ သဘာဝပါပဲ။ ကိုကို တွေ အနေနဲ့လည်း မမ တွေ လောက် စိတ်မပူရရင်တောင်မှ နဖူးပြောင်တာတွေ ထိပ်ပြောင်တာတွေ ဖြစ်မှာကိုတော့ စိုးရိမ်တတ်ကြပါတယ်။ တစ်ခုရှိတာက ဆံပင်ဆိုတာမျိုးက သူ့အလိုလိုနေရင်းကို ကျွတ်တတ်တဲ့အရာဆိုတာကို မမေ့ပါနဲ့နော်။ ပုံမှန်အခြေအနေမှာ တစ်နေ့ကို ဆံပင် အချောင်း ၁၀၀ ဝန်းကျင် ကျွတ်လေ့ရှိပါတယ်။ ဒါပေမယ့် တစ်ချို့အခြေအနေတွေမှာတော့ ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လို ကျန်းမာရေးအခြေအနေတွေမှာ ဆံပင်ကျွတ်နိုင်လဲဆိုတာကို ပြောပြချင်ပါတယ်။ ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်းများ ဆံပင်ကျွတ်တာ စောစောသိဖို့ လိုတယ် ဆံပင်ကျွတ်တာက လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် […]


အသားအရေ ထိန်းသိမ်းခြင်း

မှဲ့ခြောက် သက်သာစေမယ့် အိမ်တွင်းကုထုံးတွေက ဘာတွေများလဲ

အစက်အပြောက်ကင်းပြီး ကြည်လင်နေတဲ့မျက်နှာက သင့်ကို အလှတိုးစေမယ့် အချက်တွေထဲကတစ်ခုပါ။ မျက်နှာက မလှရင်တောင် အစက်အပြောက်တွေ ကင်းစင်နေမှုကပဲ ဆွဲဆောင်မှုရှိရှိ လှပစေဖို့ အကောင်းဆုံးအားဖြည့်ပေးတယ်လေ။ မျက်နှာပေါ်မှာ ဝက်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက် နဲ့ အမဲစက်တွေရှိနေတာက ယုံကြည်မှု ပျက်သုဉ်းစေတယ်နော်။ ဒီတစ်ခေါက်တော့ မှဲ့ခြောက်တွေရှိလို့ စိတ်ညစ်နေသူတွေအတွက် အိမ်တွင်း ကုထုံးလေးတွေ အကြောင်း မျှဝေပေးချင်ပါတယ်။ မှဲ့ခြောက်ဆိုတာ ဘာလဲ...... မှဲ့ခြောက်ဆိုတာက အရေပြားပေါ်မှာ အရောင်ခပ်ရင့်ရင့် အစက်အပြောက်လေးတွေ ဖြစ်နေတာပါ။ မျက်နှာမှာ ဖြစ်နိုင်သလို လက်မောင်း၊ ပခုံး၊ နောက်ကျောစတဲ့ ခန္ဓာကိုယ် အရေပြားတွေအပေါ်မှာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲ........ မှဲ့ခြောက်ဖြစ်စေရတဲ့ အဓိကအကြောင်းအရင်းတစ်ခုက နေရောင်ခြည်နဲ့ ထိတွေ့မှု များလွန်းတာကြောင့်ပါ။ အသားဖြူတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။ အာရှသားတွေထက် အနောက်ဥရောပနိုင်ငံသားတွေရဲ့ အသားအရေက မှဲ့ခြောက်ဖြစ်လွယ်ပါတယ်။ မှဲ့ခြောက် သက်သာစေမယ့် အိမ်တွင်းကုထုံးတွေက ဘာတွေများလဲ............. မျက်နှာ နဲ့ ခန္ဓာကိုယ် […]


အသားအရေ ထိန်းသိမ်းခြင်း

လေဒီ တို့ရေ … စကင်န်ကဲ (skin care) ကြမယ်လေ

လေဒီ တို့ အထင်မှားနေတာ တစ်ခုက အသက် ၄၀၊ ၅၀ကျော်မှ အိုမင်းရင့်ရော်မှု က စတင်လာမယ် လို့ ထင်တတ်ကြတာပါပဲ ။ တကယ်တော့ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီ ဆိုတဲ့ အသက်ကို စွန်းလာတာ နဲ့ ရင့်ရော်မှု က တပါတည်း ပါလာစမြဲပါ။ ရင့်ရော်မှုက အသက် ၂၅ နှစ် နောက်ပိုင်း မှာ စတင်လာပေမယ့် လက္ခဏာ ကတော့ ၃၀ ကျော်မှ သိသာလာပါတယ်။ ဒီအချိန် လူ့ခန္ဓာကိုယ် မှာ အိုမင်းရင့်ရော်မှု ရဲ့ လက္ခဏာ ကို အရင်ဆုံး ပြလာတာက အရေပြားပါ။ အသားအရေမှာ ရင့်ရော်လာစေတာ က အသက်အရွယ် ကြောင့် ဖြစ်နိုင်သလို အရွယ်မတိုင်မီ ရင့်ရော်စေတဲ့ တခြားအကြောင်းရင်းတွေ လည်း ရှိပါတယ် (ဥပမာ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူ စေမယ့်နည်းလမ်း အမှားနဲ့အမှန်တွေ သင်သိထားရဲ့လား

အသားဖြူ ရင် လှတယ်လို့ အများစုလက်ခံထားကြတဲ့ အာရှမှာတော့ အသားအရေလှပချင်တဲ့သူတွေချည်း ပါပဲ။ အသားမဖြူရင်တောင် အသားအရေ ကြည်လင်ပြီး စိုပြေဝင်းလက်တဲ့ အနေအထား ရှိရင် အပေါ်ယံ မိတ်ကပ် အပြင်အဆင် မပါလည်း လှနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အသားဖြူ ချင်၊ အသားအရေ လှပချင်တဲ့ ပျိုမဒီလေးတွေက အသားအရေထိန်းသိမ်းမှုတွေ လုပ်ကြတာပေါ့။ ဒါပေမယ့် မျက်နှာအသားအရေ ဆိုတာ နူးညံ့လွန်းပြီး ထိခိုက်လွယ်တာကြောင့် တစ်ချက်အရွေးမှားတာနဲ့ အသားအရေပျက်စီးနိုင်ပါတယ်။ ဒီလို မဖြစ်ရအောင် အသားဖြူဖို့၊ အသားလှဖို့ လုပ်မိနေတဲ့ နည်းလမ်းတွေ အရွေးမမှားဖို့ အရေးကြီးပါတယ်။ မျက်နှာဖြူဝင်းလှပမှုအတွက် ပျိုမဒီတို့ ဘာတွေသိထားပြီလဲ ဆိုတာ အောက်မှာ ဆက်ပြီး ဖတ်ကြည့်ရအောင် ... အသား အရမ်းညိုသူတွေ ချက်ချင်း ဖြူအောင် လုပ်ဖို့ လွယ်သလား အမြန်ဆုံး ပြောင်းလဲဖို့က မလွယ်ပါဘူး။ အသားအရောင် […]


အသားအရေ ထိန်းသိမ်းခြင်း

နှုတ်ခမ်းသားလှချင်သူတိုင်း ဆောင်ထားသင့်တဲ့ Lip Balm

Lip Balm ဆိုတာ အလွယ်ပြောရမယ်ဆိုရင်တော့ နှုတ်ခမ်းကို စိုလက်လက်လေး ဖြစ်စေတဲ့ နှုတ်ခမ်းလှ အဆီပေါ့။ အဓိက Petroleum ဂျယ်လီကို ဖယောင်းနဲ့ ရောစပ်ပြီး ထုတ်လုပ်ထားတယ်၊ အရမ်းနူးညံ့တဲ့ နှုတ်ခမ်းသားကို အစိုဓာတ်ဖြည့်တင်းပေးဖို့အတွက် အသုံးပြုပါတယ်။ Lip Balm ရဲ့ အားသာချက်တွေက ဘာတွေများလဲ။ ၁။ နှုတ်ခမ်းခြောက်ပြီး ကွဲအက်ခြင်း မဖြစ်အောင် ကာကွယ်ပေးတယ်။ ဒီအချက်ကတော့ လူတိုင်းနီးပါး သိထားကြမယ် ထင်ပါတယ်။ Lip Balm က ရတဲ့အဆီဟာ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို အစိုဓာတ်ထိန်းပေးပြီး အပေါ်ကနေ အမိုးလွှာကဲ့သို့ ဖုံးအုပ်ထားတာ ဖြစ်တဲ့အတွက် နေလောင်ခြင်း၊ ကွဲအက်ခြင်းလည်း မဖြစ်စေပါဘူး။ ဆောင်းရာသီလိုမျိုး အချိန်ကာလတွေ၊ နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ လျက်တတ်တဲ့ အကျင့်ရှိသူတွေဆိုရင် Lip Balm ကို အမြဲလိုလို […]


အသားအရေ ထိန်းသိမ်းခြင်း

ပန်းသီးရှာလကာရှည်နဲ့ မျက်နှာသန့်စင်ခြင်းရဲ့ ကောင်းကျိုး

ရှာလကာရည်ဆိုတာ အိမ်ထောင်ရှင်လေဒီလေးတွေ ဟင်းချက်တဲ့အခါ အသုံးများတဲ့ ပစ္စည်းတစ်မျိုးပါ။ အသားစိမ်း၊ ငါးစိမ်းတွေကို အညှီနံ့ပျောက်အောင်၊ အသားနူးအောင် စိမ်ထားတာ၊ အချဉ်ဓာတ် ပေးစွမ်းနိုင်ဖို့၊ အသုပ်သုပ်တဲ့ အခါမှာလည်း အရသာချဉ်ချဉ်လေးဖြစ်အောင် ရှာလကာရည်ကို အသုံးပြုတတ်ကြပါတယ်။ ပန်းသီးရှာလကာရည် (Apple Cider Vinegar) ဆိုတာကတော့ ခုနောက်ပိုင်းမှာ ပိုအသုံးများလာပါတယ်။ ပန်းသီး၊ သကြား၊ တစေးနဲ့ အချဉ်ဖောက်ထားပြီး Probiotic လို့ခေါ်တဲ့ လူ့အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တယ်။ ပန်းသီးအရသာ သင်းသင်းလေးနဲ့မို့ ဟင်းချက်တဲ့နေရာမှာသာမက အလှအပအတွက်ပါ အသုံးပြုနိုင်ပါတယ်။ ပန်းသီးရှာလကာရည်က အသားအရေအတွက် ဘယ်လိုအကျိုးပြုလဲ။ • အရေပြားပေါ်က ဘက်တီးရီးယားတွေကို သေစေတယ်။ • မှိုပိုးတွေကို ဖယ်ရှားပေးတယ်။ • အရေပြားပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။ • ဝက်ခြံနဲ့ ဆက်စပ်ပြဿနာတွေကို ကာကွယ်ပေးတယ်။ • နေလောင်ဒဏ်ခံထားရတဲ့ အသားအရေကို ကုသရာမှာလည်း အသုံးဝင်တယ်။ • အရေးအကြောင်းတွေကိုလည်း […]


အခြားအရေပြားပြဿနာများ

ညှင်း ဖြစ်နေပြီလား..........

အနာအဆာကင်းတဲ့ အရေပြားလေးက ဆွဲဆောင်မှုတိုးစေတဲ့အချက်တစ်ခုပါ။ အရေပြား ကျန်းမာတာက လူတစ်ယောက်ရဲ့ သွင်ပြင်အပေါ်မှာ အများကြီးသက်ရောက်နေတဲ့ အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ လူတော်တော်များများမှာဖြစ်တတ်တဲ့ အရေပြားပြဿနာ တစ်ခုဖြစ်တဲ့ ညှင်း အကြောင်း ပြောပြပေး ချင်ပါတယ်။ ညှင်း ဆိုတာ ညှင်းဆိုတာက အရေပြားမှာ မှိုစွဲတဲ့ ရောဂါတစ်မျိုးပါ။ ညှင်းဖြစ်စေတဲ့မှိုပိုးက အရေပြားပေါ်မှာ ရှိနေတတ်တဲ့ Malassezia မှိုပိုး အမျိုးအစားပါ။ ပုံမှန်အားဖြင့်ကတော့ အရေပြားပေါ်မှာ သာမန်မျက်လုံးနဲ့ မမြင်ရတဲ့ မှိုပိုးနဲ့ ဘက်တီးရီးယားပေါင်း သန်းပေါင်းများစွာရှိနေပါတယ်။  သူတို့က သင့်ကိုယ်တွင်းကို ကူးစက်ရောဂါပိုးတွေ ဝင်ရောက်တာမျိုးမရှိအောင် ကာကွယ်ပေးရင်း အရေပြားပေါ်မှာ အသိုက်ဖွဲ့လို့နေနေတတ်ကြတာပါ။ သူတို့တွေရှိနေလိုပလည်း အချို အန္တရာယ်များတဲ့ ရောဂါပိုးတွေက ကိုယ်တွင်းကို ဝင်ရောက်မလာတာပေါ့။ အရေပြားဆဲလ်တွေ နဲ့ သူတို့လေးတွေက အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေနဲ့ နေထိုင်ရှင်သန်နေကြတာပါ။ ပုံမှန် […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး

အရေပြားက ချွေးလေးစိုလာတိုင်းယားတယ်။ ရာသီဥတုလေး ပူလာတိုင်း ယားလာတယ်။ အရေပြားပေါ်မှာလည်း အဖြူအစက်လေးတွေ၊ အသားအရောင်ထပ် ရင့်နေတဲ့ အကွက်လေးတွေ အသားအရောင်ထက်ဖျော့နေတဲ့ အကွက်လေးတွေဖြစ်နေတယ်ဆိုရင် သေချာတာက အရေပြားပြဿနာ တစ်မျိုးဖြစ်တဲ့  ညှင်း  ပြဿနာကို ခံစားနေရတာပါ။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးပါရစေ။ ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများလဲ............ အရေပြားမှာဖြစ်တဲ့ ညှင်း သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ရပါတယ်။ ညှင်း သက်သာစေမယ့် အိမ်တွင်းကုထုံး များကတော့ ကြက်သွန်နီ မီးဖိုချောင်တော်တော်များများမှာ အလွယ်တကူရနိုင်တဲ့ အိမ်တွင်းဂမုန်းလို့ တင်စားကြတဲ့ ကြက်သွန်နီက အရေပြားပြဿနာ တော်တော်များများကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ ကြက်သွန်နီမှာ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ sulfur ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ ဒါကြောင့် ကြက်သွန်နီက ညှင်းကို ဖြစ်စေနိုင်တဲ့ malassezia မှိုပိုးတွေကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

သင့်ဆံပင်က ပြောပြနေတဲ့ သင့်ကျန်းမာရေး

ဆံသားလေးတွေက လှလိုက်တာ၊ ဆံပင်လေးက သန်လိုက်တာလို့ ချီးမွမ်းခံရရင် လူတိုင်းနီးပါး (အထူးသဖြင့် အမျိုးသမီးတွေ) က သိပ်သဘောကျတတ်ကြပါတယ်။ ဆံပင်သန်သန်၊ ဆံလုံးထွားထွား၊ စိုစိုပြေပြေလှလှပပရှိနေတာကလည်း အမျိုးသမီးတို့အတွက်တော့ အလှတပါးပဲမဟုတ်လား။ ခုခေတ်မှာ ဆံပင်တွေကို စိတ်ကြိုက်ပုံသွင်းကြ၊ အရောင်တွေဆိုးကြ၊ ဒီဇိုင်းသစ်တွေ ဘယ်လိုဖန်တီးနေကြသည်ဖြစ်ပါစေ ဆံသားလှလှလေးတွေပိုင်ဆိုင်ထားတဲ့ အမျိုးသမီးလေးတွေကတော့ လူတိုင်းရဲ့ သဘောကျနှစ်ခြိုက်မှုကို ခံနေကြရစမြဲပါပဲ။ ဆံပင်လှလှလေးတွေ ပိုင်ဆိုင်ထားတာက အလှတရားကိုပိုင်ဆိုင်ထားရုံတင်မကပါဘူး။ သင့်ကျန်းမာသန်စွမ်းနေတယ်ဆိုတာကိုလည်း သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ ပြသနေတာဖြစ်ပါတယ်။ မကျန်းမာတဲ့လူတွေ၊ ကျန်းမာရေးပြဿနာရင်ဆိုင်နေရသူတွေဟာ ဆံပင်ရဲ့ ကောင်းခြင်းတွေကို ပိုင်ဆိုင်ထားကြခြင်းမရှိတာကို သတိထားကြည့်ရင် မြင်သာပါလိမ့်မယ်။ တကယ်တော့ ဆံသားပျက်စီးတာတွေ၊ ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေဟာ ကိုယ့်ခန္တကိုယ်ကြီးရဲ့ ပျက်စီးယိုယွင်းနေမှုတွေကို သူတို့ တတ်နိုင်သလောက် သတိပေးနေကြတာသာဖြစ်ပါတယ်။ သတိထားပြီးသာ ကြည့်မယ်ဆိုရင် ဒီလို ဆံသားပျက်စီးမှုတွေကနေတဆင့် ကိုယ့်ရဲ့ ဘယ်အစိတ်အပိုင်းတွေ ကျန်းမာရေးယိုယွင်းနေတယ်ဆိုတာကို သိစေနိုင်ပါလိမ့်မယ်။ ဆံပင်ဘယ်လိုပျက်ဆီးရင် ကိုယ့်ခန္တာကိုယ်က ဘယ်လိုဝေဒနာတွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း