အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

ဆား ကပေးတဲ့ အလှအပတရား

ဆားက ဟင်းလျာတွေ အရသာရှိအောင် ပေါ့နေတာ အရသာ ရှိသွားအောင် စားဖို့ပဲ အသုံးဝင်တာ မဟုတ်ပါဘူး။ အလှအပအတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။ ဆား ဆိုတဲ့နေရာမှာ အရောင်ချွတ် သန့်စင်ထားတဲ့ ဆားထက် သဘာဝအတိုင်း ရှိနေတဲ့ ပင်လယ်ဆားက ပိုကောင်းပါတယ်။ ဒီတော့ ဆားက အလှတရားအတွက် ဘယ်လိုထောက်ပံ့ပေးလဲဆိုတာကို ကြည့်လိုက်ရအောင်လား။ ဆားကပေးတဲ့ အလှအပ ဟင်းလျာတွေကို အရသာပြည့်ဝစေတဲ့ ဆားက အလှအပအတွက် အခုလို အထောက်အကူပြုပေးနေပါတယ်။ ဆားက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတယ် အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့က အလှအပအတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ အခြားအရာတွေကို မသုံးချင်ရင်တောင် ရေနဲ့ဆားကို ရောပြီး အရေပြားမှာ စက်ဝိုင်းပုံ နှိပ်နယ်ပေးတာက အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။ နှိပ်နယ်တဲ့ အခါ ခပ်ဖွဖွလေး နှိပ်နယ်ပေးဖို့ လိုပါမယ်။ အနာကျက်စေနိုင်တယ် ဆားက အရောင်ကျစေနိုင်ပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

ရှာလကာရည်ရဲ့ အလှအပအတွက် အသုံးဝင်မှု

ရှာလကာရည်ကို အချဉ်စိမ်ဖို့၊ အချဉ်သုပ်တွေထဲမှာ ထည့်ဖို့ပဲ အသုံးများ ကြပါတယ်။ တကယ်ကတော့ ရှာလကာရည်က စားစရာ တစ်ခု ဆိုတာထက် ပိုပြီး အလှအပ အတွက်ပါ အသုံးဝင်ပါတယ်။ ရှာလကာရည်ကို အလှအပအတွက် ဘယ်လို အသုံးပြုရလဲ ဆိုတာ သိချင်တယ်ဆိုရင် ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ရှာလကာရည်ကို အလှအပအတွက် သုံးလို့ရလား......... ရှာလကာက တန်ဖိုးနည်း အလှအပ လျှို့ဝှက်ချက် တစ်ခုပါ။ အသားအရေရဲ့ အက်ဆစ်ပမာဏကို ထိန်းညှိပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ ဒါတင်မကပါဘူး။ အသားခြောက်တာ၊ အသား ယားယံတာ၊ အရေပြား အဖက်လန်တာ၊ ဝက်ခြံ စတဲ့ အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အစက်အပြောက်တွေကို သက်သာစေဖို့အတွက်လည်း ရှာလကာရည်ကို အသုံးပြုပေးလို့ရပါတယ်။ ရှာလကာရည်ကို နည်းလမ်းမှန်မှန် အသုံးပြုတာက […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အရေပြားပေါ် Permanent Marker မင်စွန်းတဲ့အခါ ဘယ်လိုဖျက်မလဲ

Permanent marker မှာ ပါဝင်တဲ့ မင်အမျိုးအစားဟာ သူစွန်းထင်းမိတဲ့ နေရာမှာ အပေါက်ငယ်လေးတွေရှိရင် စိမ့်ဝင်စွဲမြဲတာကြောင့် ဖျက်ရခက်ပါတယ်။ အရေပြားပေါ်မှာ စွန်းမိရင် ရက်အနည်းငယ်နေရင် သူ့အလိုလိုပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မြန်ဖယ်ရှားချင်ရင်လည်း အသုံးပြုနိုင်တဲ့ နည်းလမ်းတချို့ ရှိပါတယ်။ ဘယ်လိုဖယ်ရှားမလဲ သင့် အရေပြားပေါ် Permanent marker တစ်ချောင်းက မင်များစွန်းထင်းခဲ့ရင် သူ့ဖာသာ ပျက်ပြယ်သွားဖို့ နှစ်ရက်သုံးရက်ခန့်ကြာနိုင်ပါတယ်။ မြန်မြန်ပျက်ချင်ရင်တော့ ရေဆေးခြင်းအပြင် အောက်ပါ နည်းလမ်းတချို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ ထပ်ခါထပ်ခါ လုပ်ဖို့တော့ လိုနိုင်ပါတယ်။ ဆားတိုက်ခြင်း (salt scrub) ဆားမှာ အရေပြားပေါ်က အညစ်အကြေးတွေကို ဖယ်ရှားနိုင်တဲ့ (exfoliating) ဂုဏ်သတ္တိ သဘာဝအလျောက် ပါဝင်ပါတယ်။ ဆားကို ရေနွေးနွေးနဲ့ရောပြီး အရေပြားအပေါ်ယံလွှာကို ညင်သာစွာ ပွတ်တိုက်ပေးနိုင်ပါတယ်။ ပြီးရင် မင်ပေတဲ့နေရာတွေကို ဖြည်းညင်းစွာ နှိပ်နယ်ပေးပါ။ ကြမ်းတမ်းစွာ […]


အသားအရေနှင့် အလှအပ

လက်ကို မကြာခဏ ဆေးကြောနေရချိန်မှာ အရေပြားကို ဘယ်လို ဂရုစိုက်သင့်သလဲ

COVID-19 ဖြစ်ပွားနေစဉ်မှာ လက်ကို မကြာခဏ ဆေးကြောဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ တိုက်တွန်းထားပါတယ်။ ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို ကာကွယ်ရေးအတွက် ထိရောက်တဲ့နည်းလမ်းဖြစ်ပေမယ့် ဆပ်ပြာကို တိုက်လွန်း၊ လက်ကိုဆေးလွန်းအားကြီးရင်လည်း အရေပြားရဲ့ ကာကွယ်နိုင်စွမ်းကို လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် လက်ကို မကြာခဏ ဆေးကြောနေရချိန်မှာ ဘယ်အချက်တွေကို ဂရုစိုက်ရမလဲဆိုတာ အရေပြားဆရာဝန်တွေက တိုက်တွန်းထားတဲ့အချက်တွေ ရှိပါတယ်။ အဆိုပါအချက်တွေကတော့ အောက်ပါအတိုင်းပါပဲ။ ရေနွေးနွေးနဲ့ဆေးပါ ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး စက္ကန့်နှစ်ဆယ်လောက် ဆေးကြောနေချိန်မှာ ရေနွေးနွေးကို သုံးသင့်တယ်လို့ သုတေသီအချို့က အကြံပြုပါတယ်။ ပူနေဖို့လည်း မလိုပါဘူး။ ပူနေရင်လည်း လက်ဆေးကာကွယ်ခြင်းနည်းလမ်းအတွက် မထိရောက်ပါဘူး။ ကောင်းတာကတော့ ရေနွေးနွေးလေးနဲ့ ဆပ်ပြာတိုက်ဆေးဖို့ပါပဲ။ စက္ကန့်နှစ်ဆယ်ကို မရေချင်ရင် ဟက်ပီးဘတ်ဒေးသီချင်းကို စိတ်ထဲကနေ နှစ်ခါဆိုဖို့ အကြံပြုလိုပါတယ်။ အစိုဓာတ်ထိန်း (moisturizer) ဆပ်ပြာများသုံးပါ ဆပ်ပြာအများစုဟာ အရေပြားပေါ်က အလွှာလေးတွေကို ကွာသွားစေနိုင်ပါတယ်။ ခြောက်သွေ့အက်ကွဲခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် […]


အသားအရေ ထိန်းသိမ်းခြင်း

ဆန်ကပေးတဲ့ အသားအရေ လှပမှု

ဆန်လို့ပြောလိုက်ရင် စားစရာလို့ ပြေးမြင်မယ် ထင်ပါတယ်။ အကြောင်းကတော့ ဆန်က ထမင်း အနေနဲ့ နေ့စဉ် စားသုံးမှုမှာ အာဟာရ ဖြည့်ပေးနေတာကိုး။ အရသာရှိလှတဲ့ ကြက်ဆီ ထမင်း၊ ဒံပေါက် စတာတွေကလည်း ဆန်ကနေ ဖြစ်လာတဲ့ စားဖွယ်တွေလေ။ ဆန်က ထမင်းအဖြစ်နဲ့ အာဟာရ ဖြည့်ပေးနေတာထက် ပိုပါတယ်။ လူတော်တော်များများ မတွေးမိတာက ဆန်က အရေပြား နဲ့ ဆံသား အလှအပအတွက် ထောက်ပံ့ပေးနိုင်တယ် ဆိုတာကိုပါ။ လေ့လာမှုတွေအရ ဆန်က နေလောင်တာ၊ ဝက်ခြံနဲ့ အရေးအကြောင်း ဖြစ်တာလိုမျိုး အဖြစ်များတဲ့ အရေပြား ပြဿနာတွေကို သက်သာစေသလို ဆံသားကို ကျန်းမာစေပြီး ဦးရေပြားကိုလည်း ဗောက်ပြဿနာ ကင်းစေနိုင်ပါသေးတယ်။ ဆန်ရဲ့ အလှအပအတွက် အသုံးဝင်မှု နေ့စဉ် စားသုံးနေတဲ့ ဆန်ကို အလှအပအတွက် အခုလို အသုံးပြုပေးလို့ ရပါတယ်။ Face Powder ဆန်ကို  face […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခေါင်းလျှော် တိုင်း လုပ်မိတတ်တဲ့ အမှား (၆) ခု

ခေါင်းလျှော် မယ်။ ဆံပင်လေး ပုံကျနေအောင်လို့၊ ဆံပင်တွေ စေးကပ်နေလို့၊ ဆံပင်လေး ပျော့ပျောင်းချင်လို့၊ ပေါင်းတင်ချင်လို့၊ ဆံပင်အလှပြုပြင်မလို့ ခေါင်းလျှော်ကြတယ်။ ကိုယ်တိုင် အိမ်မှာ လျှော်သလို ဆိုင်မှာလည်း သွားလျှော်တယ်။ ဒါပေမယ့် ခေါင်းလျှော်တိုင်း ဆံကေသာ လှသွားတာကိုပဲ ကြည့်လို့မရပါဘူး။ နည်းလမ်းမှားတွေ လုပ်မိနေတဲ့အခါ ကြာလာတာနဲ့အမျှ ဆံကေသာကျန်းမာရေးကို ထိခိုက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဆံသားကျန်းမာရေးကို ဂရုစိုက်ပါ၊ ရေရှည်အလှကို လိုလားရင်ပေါ့။ ခေါင်းလျှော် ခြင်းနဲ့ ပတ်သက်ပြီး ဘာတွေ မှားလုပ်မိတတ်ကြလဲ နေ့စဉ်ဘဝမှာ ဒါကို ဂရုစိုက်ဖို့တော့ လိုမယ်နော်။ ခေါင်းမလျှော်ဘဲမှ မနေနိုင်တာကိုး။ ကိုယ့်ရဲ့ လက်ရှိ ခေါင်းလျှော်နည်းက မှန်လား၊ မှားလား ဆန်းစစ်ကြည့်ဖို့ လိုတယ်လေ။ (၁) ဦးရေပြား ကို ကုတ်လျှော်တာ တချို့ဆို ဆိုင်မှာ သွားလျှော်ရင် များများကုတ်ပေးခိုင်းတာတောင် ရှိပါသေးတယ်နော်။ ဦးရေပြားကို လက်သည်းနဲ့ […]



အသားအရေ ထိန်းသိမ်းခြင်း

သင့်မျက်နှာကို လှပစေမယ့် အက်ဆစ်အမျိုးအစားတွေ

အက်ဆစ်လို့ ကြားတာနဲ့ လုံးဝမထိတွေ့သင့်တဲ့အရာတစ်ခုမို့ ဘုရား ဘုရား တနေချင်စရာပါ။ ဒါပေမယ့် အက်ဆစ်တိုင်းကတော့ လူတွေကို အန္တရာယ်ပေးနိုင်တာမဟုတ်ပါဘူး။ တချို့ အက်ဆစ်တွေဆို အလှအပအတွက်တောင် အထောက်အကူပြုပါသေးတယ်။ တချို့သော အက်ဆစ်အမျိုးအစားတွေဟာဆိုရင် မျက်နှာပေါ်တောင် တင်လို့ရပါတယ်။ “မျက်နှာလှချင် အက်ဆစ်တင်” လို့ ဆိုရမလို ဝက်ခြံအတွက်လိမ်းရတဲ့ ဆေးတွေ၊ အသားအရည်လှပဖို့ လိမ်းရတဲ့ Skincare တွေထဲမှာ အက်ဆစ်ပျော့လေးလေးတွေ ပါဝင်နေတတ်တယ်လေ။ တစ်ခုတော့ရှိတာပေါ့။ လှစေတာဆိုတာနဲ့ ဒီအတိုင်းပြေးကိုင်လို့တော့ ဘယ်ရမတုန်း။ အကျိုးပြုအက်ဆစ်တွေ ပါဝင်တဲ့ Skincare Series လေးတွေကို ရွေးချယ်ပြီးသုံးစွဲရမှာပါ။ ခုတော့ ဘယ်လို အက်ဆစ်မျိုးတွေက ကိုယ့်ကို အကျိုးပြုမှာလဲဆိုတာကို လေ့လာကြည့်ရအောင်။ Salicylic Acid အရေပြားမွေးညင်းပေါက်ထဲထိ ရောက်ရှိပြီး အဆီတွေ ၊ အညစ်အကြေးတွေကို သန့်စင်နိုင်စွမ်းရှိတဲ့အက်ဆစ်ပါ။ အဆီထွက်လွန်းတဲ့ အခြေအနေကိုထိန်းချုပ်ဖို့ မျက်နှာသစ်ဆေးတွေထဲမှာ ဒီအက်ဆစ်ကိုသုံးပါတယ်။ သူကရောင်ရမ်းနာကျင်မှုတွေ ၊ မျက်နှာပေါ်ကဆိုးရွားတဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

ရှိတယ်နော်၊ ရှိတယ်။ ဒီတိုင်းနေတာ အကောင်းသား၊ အသက် မေးလိုက်မှ “ဟယ်…မထင်ရဘူးနော်၊ ငယ်သေးတာပဲ” လို့ ပြောခံလိုက်ရတာမျိုး။ နဂိုရှိတဲ့ အသက်ထက် လူက ပိုရင့်နေတာမျိုးက ရွယ်တူတွေကြားမှာ နည်းနည်းတော့ ဘူနေမှာပေါ့။ အရွယ်ကောင်း လို့ခေါ်ကြတဲ့ အသက် ၃၀ အရွယ်ကိုတောင် မရောက်သေးဘဲ ကိုယ့်ကို အသက်ကြီးတယ် ထင်နေကြတာကို ဝမ်းသာမယ့်သူတော့ ရှိမယ်မထင်ပါဘူး။ ဘာကြောင့် ရုပ်ရင့် နေရတာလဲ လူ့ခန္ဓာကိုယ်မှာ အိုမင်းရင့်ရော်မှု ရဲ့ လက္ခဏာကို အရင်ဆုံး ပြလာတာက အရေပြား ပါ။ အသက်အရွယ် ကြောင့် အပြင် အသားအရေ ကို အရွယ်မတိုင်မီ ရင့်ရော်စေတဲ့ တခြားအကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ စိတ်ဖိစီးမှု၊ ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်း၊ အအေးဒဏ်၊ နေပူဒဏ် စတဲ့ ပတ်ဝန်းကျင် အကြောင်းရင်းတွေ၊ အစားအသောက်၊ […]


အသားအရေ ထိန်းသိမ်းခြင်း

နဂါးမောက်သီး နဲ့ အသားအရေ Glow ကြမယ်

နဂါးမောက်သီး ဆိုတာနဲ့ နှလုံးအတွက် ကောင်းတယ်၊ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ အများကြီး ပါဝင်တယ် စသဖြင့် ကျန်းမာရေးကောင်းကျိုးတွေ ရှိတယ် လို့ လူတော်တော်များများက တွဲသိထားပြီးသားပါ။ ဒီတစ်ခါတော့ ဆေးဖက်ဝင် နဂါးမောက်သီးနဲ့ အသားအရေ လှအောင် ဘယ်လိုလုပ်လို့ရလဲ ဆိုတာ မသိချင်ကြဘူးလား… နဂါးမောက်သီး နဲ့ ဘယ်လို skin care ကြမလဲ အသားအရေထိန်းသိမ်းတဲ့အခါ ဒီအသီးကို သုံးဖို့ နှမျောမနေနဲ့ဦးနော်။ အခုဆို စျေးကြီး၊ ရှားပါးတဲ့ အသီး မဟုတ်တော့ဘဲ အလုံးအရွယ်အစား၊ ခြံထွက်ရောင်းစျေးကို မူတည်ပြီး အမြဲလိုလို ဝယ်လို့ ရနေသလို စျေးလည်း အတော်သက်သာနေပါပြီ။ အသားအရေ အလှအပ အတွက် အကျိုးကျေးဇူးတွေကို သိရရင် နှမျောစိတ်တွေ ဖြစ်တော့မှာ မဟုတ်ပါဘူး။ တကယ့် Skincare ပစ္စည်းတွေ ဝယ်တာကမှ သူ့ထက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း