brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Safflower oil ကပေးတဲ့ အသားအရေ ကျန်းမာမှု

အသားအရေက လူ တစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ ဒီ တစ်ခေါက်တော့ လူ တစ်ယောက်ကို အလှ တိုးစေဖို့ အထောက်အပံ့ ပေးတဲ့ သဘာဝ ပစ္စည်းလေး တစ်ခု အကြောင်း ပြောပြ ပေးချင်ပါတယ်။ ဒါကတော့ လူသိနည်း သေးတဲ့ အသားအရေရဲ့ အာဟာရ တစ်မျိုး ဖြစ်တဲ့ Safflower Oil ဆိုတာပါ။ သဘာဝ စစ်စစ် ဖြစ်ပြီး အသားအရေကို ဘယ်လို ထောက်ပံ့ပေး သလဲ သိချင်တယ် ဆိုရင်တော့ ဒီ ဆောင်းပါးလး ထဲမှာ ဖတ်ကြည့် စေချင်ပါတယ်။

Safflower oil ကပေးတဲ့ အသားအရေ ကျန်းမာမှု

Safflower oil ကပေးတဲ့ အသားအရေ ကျန်းမာမှု

ဟင်းချက်ဆီ အဖြစ် အသုံးပြု ကြတဲ့ Safflower Oil က အသားအရေ ကိုလည်း အခုလို အထောက်အကူ ပြုပေး ပါသေးတယ်။

ဝက်ခြံ သက်သာ စေတယ်

ဝက်ခြံ ပေါ်မှာ Safflower oil အသုံးပြု ပေးတာက ဝက်ခြံကို သက်သာစေ ပါတယ်။ အကြောင်းကတော့ safflower oil မှာ ချွေးပေါက်တွေကို ပိတ်ဆို့မှု ကင်းစေတဲ့ အာနိသင် ရှိနေလို့ပါ။ ရောင်ရမ်းမှုကို သက်သာစေပြီး ဝက်ခြံတွေ နီရဲ ရောင်ရမ်းတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

ချွေးပေါက်တွေကို ပွင့်စေပြီး ချွေးပေါက်ထဲက အညစ်အကြေးနဲ့ အဆီတွေကို သန့်စင်ပေးနိုင်တာကြောင့် ဆားဝက်ခြံ မဖြစ်စေဖို့လည်း ကာကွယ်ပေးမှာပါ။ အသားအရေ ဝက်ခြံ ကင်းစေဖို့ safflower oil ကို ညဘက် လိမ်းအိပ်ပေးလို့ ရသလို အခုလိုလည်း ပေါင်းတင်ပေးလို့ ရပါတယ်။

safflower oilကို အုတ်ဂျုံ၊ ပျားရည်တို့နဲ့ ရောစပ်ပါ။ သမအောင် မွှေပြီး ရလာတဲ့ အရောကို မျက်နှာ အနှံ့ လိမ်းပေးပါ။ ၁၀ မိနစ် ထားပြီး မျက်နှာကို ဆေးကြောပေးရုံပါ။

နေလောင်တာကို သက်သာစေတယ်

နေရောင်ခြည်ကို အချိန်ကြာမြင့်စွာ ထိတွေ့မယ်ဆိုရင် အသားအရေမှာ နေလောင်တာနဲ့ အဆိုးဆုံး အဆင့်အထိဆိုရင် အရေပြား ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက် ပျက်စီးမှု ကင်းချင်တယ် ဆိုရင်တော့ ဗီတာမင် E ပါဝင်နေတဲ့ Safflower oilကို အသုံးပြုပေးလို့ ရပါတယ်။

safflower oilက ဗီတာမင် E ကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင် အာနိသင် ပါဝင်နေတာကြောင့် အသားအရေကို နေရောင်ဒဏ် ကနေ အထိရောက်ဆုံး ကာကွယ် ပေးပါတယ်။ နေလောင်ကွက်တွေ နဲ့ အသားအရောင် မညီတာကို သက်သာစေဖို့ အတွက်လည်း အသုံးပြု ပေးလို့ ရပါတယ်။

အရေးအကြောင်းတွေကို သက်သာ စေတယ်

safflower oilမှာ အသားအရေကို နုပျိုအောင် အားဖြည့်ပေးတဲ့ linoleic acid ပါဝင်တာကြောင့် အသားအရေကို ခြောက်သွေ့မှု ကင်းစေပြီး အရေးအကြောင်းတွေကို သိသိသာသာ သက်သာ စေပါတယ်။

safflower oilမှာ ဇရာကြောင့် အသားအရေ ပျက်စီးတာနဲ့ အရေးအကြောင်း ဖြစ်တာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ စွမ်းအားမြင့် ဓာတ်တိုး ပစ္စည်း တစ်မျိုး ဖြစ်တဲ့ ဗီတာမင် E ကြွယ်ဝစွာ ပါဝင် နေပါတယ်။

အရေးအကြောင်း ကင်းစေသလို အရွယ်တင် နုပျိုစေပြီး အရေပြား အစိုဓာတ်ကို ထိန်းပေး ပါတယ်။

အနာကျက်စေနိုင်တယ်

safflower oilမှာ အနာကျက် စေနိုင်တဲ့ linoleic acid ပါဝင်နေ တာကြောင့် အနာ​တွေကို အမြန်ဆုံး ကျက်စေနိုင် ပါတယ်။ ထိခိုက်ရှနာ ဖြစ်တဲ့အခါ မှာလည်း safflower oilကို လိမ်းပေးလို့ ရပါတယ်။

အရေပြားကို အကောင်းဆုံး ကာကွယ်ပေးတယ်

safflower oilရဲ့ နောက်ထပ် အကျိုးကျေးဇူး တစ်ရပ်က အသားအရေကို ပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်၊ မှိုပိုး နဲ့ ဘက်တီးရီးယားတွေ

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 22/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။