အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

ကျော နဲ့ ခါးမှာ ပေါက်တဲ့ ဝက်ခြံ ဘယ်လိုကုသကြမလဲ

ဝက်ခြံ မှန်သမျှဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာ၊ ဘယ်အစိတ်အပိုင်းမှာပဲ ပေါက်နေပါစေ၊ အဆီပိုတွေ ထွက်ရှိခြင်း၊ ချွေးပေါက်ပိတ်ဆို့ခြင်း၊ ဘက်တီးရီးယားပိုးတွေ ရှိခြင်း၊ အရေပြားရောင်ရမ်းခြင်း တို့ကြောင့် ဖြစ်ရတာ များပါတယ်။ ဆားဝက်ခြံ ၊ ဝက်ခြံဖု အားလုံးက အကြောင်းရင်းတွေက တူတူပါပဲ။ လေ့လာမှုတွေအရ ခန္ဓာကိုယ်မှာ ချွေးပေါက်တွေ ပိတ်နေတာ၊ ဆဲလ်သေတွေ ရှိနေတာနဲ့ ခန္ဓာကိုယ်က ထွက်တဲ့ သဘာဝအဆီတွေက ချွေးပေါက်တွေထဲ ပိတ်မိနေတာတွေက ဘက်တီးရီးယား ပေါက်ဖွားလွယ်စေပြီး ဝက်ခြံတွေ ဖြစ်လာစေပါတယ်။ ခန္ဓာကိုယ် အနှံ့က ဝက်ခြံ ဒီတော့ ဝက်ခြံဆိုတာ မျက်နှာ မှာပဲ ထွက်တတ်တာ မဟုတ်ဘူး ဆိုတာ ရှင်းနေပါပြီ။ မဖြစ်တဲ့သူလည်း မဖြစ်ဘူး ဆိုပေမယ့် တချို့မှာတော့ ကျော သို့မဟုတ် ခါး မှာ အနည်းဆုံး ဆားဝက်ခြံလေးတွေ လောက်တော့ […]


အသားအရေ ထိန်းသိမ်းခြင်း

စတော်ဘယ်ရီသီး နှင့် အသားအရေလှပမှု

အသားအရေလှပကြည်လင်အောင် စားသင့်တဲ့ အစားအစာတွေထဲမှာ အနီရောင်တောက်တောက်လေးရှိတဲ့ စတော်ဘယ်ရီသီး လှလှ လေးတွေဟာလည်း တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ စတော်ဘယ်ရီသီးဟာ သူ့ရဲ့ အရောင်အဆင်းနဲ့ ပုံစံကြောင့်ရော၊ အရသာကြောင့်ရော ကလေးရော၊ လူကြီးပါမကျန် အတော်များများကြိုက်နှစ်သက်ကြတဲ့ အသီးလေးဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲဒီလို လူကြိုက်များတဲ့ စတော်ဘယ်ရီအသီးလေးဟာ အသားအရေအတွက် ဘယ်လို အထောက်အကူပြုနိုင်လဲဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားမှာပါ။ စတော်ဘယ်ရီသီးလေးဟာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဗီတာမင်(အထူးသဖြင့် ဗီတာမင် C နဲ့ folic acid သို့ ဗီတာမင် B9) ၊ သတ္တုဓာတ်တွေ(potassium, magnesium, iron) ၊ အမျှင်ဓာတ်၊ ရေဓာတ်နဲ့ anti-oxidant တွေ ကြွယ်ဝတဲ့ သဘာဝသစ်သီးလေးပဲဖြစ်ပါတယ်။ စတော်ဘယ်ရီသီး ဟာ အသားအရေအတွက် ဘယ်လို အထောက်အကူပြုနိုင်လဲ။ (၁) အထူးသဖြင့် ဗီတာမင် […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ခြေသည်း မှိုစွဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ခြေညှပ်ဖိနပ် စီးချင်ပါတယ်ဆိုမှ ခြေသည်း မှိုစွဲနေတာ နဲ့ ခြေသည်းက မလှမပဖြစ်နေလို့ မစီးရဘူး ဆိုတဲ့ သူလေးတွေရှိလား.......... ဒါဆိုရင်တော့ မှိုပိုးတွေကို သက်သာစေပြီး ခြေသည်းတွေကို တစ်ဖန် ပြန်လည်လှပလာစေမယ့် ခြေသည်း မှိုစွဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးလေးတွေကို ကြည့်လိုက်ရအောင်လား။ ခြေသည်း မှိုပိုးဝင် နေပြီလား......... ခြေသည်း မှိုပိုးဝင်တဲ့အခါ ဝင်တဲ့ တစ်ယောက်နဲ့ တစ်ယောက် လက္ခဏာတွေ အနည်းငယ်ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ ခြေသည်း အရောင် ပြောင်းလာမယ် (ဝါမယ်၊ ညိုမယ်၊ အစိမ်းရောင် ဒါမှမဟုတ် ခြေသည်းက ဖြူနေမယ်) ခြေသည်း အောက်ဘက်မှာ ချေး (ဂျေး)တွေ ဝင်နေမယ် ခြေသည်းခွံက အသားကနေ ကြွနေမယ် ခြေသည်းက ထူထူကြီးဖြစ်နေမယ် ခြေသည်းက အစအစတွေ ထွက်မယ် ခြေသည်း ပါးလာမယ် ခြေသည်းက […]


ဝက်ခြံ

သွားတိုက်ဆေးရဲ့ အလှအပအတွက် အသုံးဝင်ပုံ

သွားတိုက်ဆေးက သွားတွေကို ဖြူစေရုံ၊ ခံတွင်းနံ့ဆိုး ကင်းစေရုံပဲ အသုံးဝင်တာလား။ တကယ်ကတော့ မဟုတ်ပါဘူး။ သွားတိုက်ဆေးက အလှအပအတွက်လည်း အသုံးဝင်ပါတယ်။  သွားတိုက်ဆေးက အလှအပအတွက် ဘယ်လို အသုံးဝင်လဲဆိုတာ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်စေချင်ပါတယ်။ သွားတိုက်ဆေးရဲ့ အလှအပအတွက် အသုံးဝင်ပုံက ခံတွင်းနံ့ ကောင်းစေပြီး သွားတွေကို ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးနေတဲ့ သွားတိုက်ဆေးက အမည်းစက်တွေ သက်သာစေတယ် သွားတိုက်ဆေး လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သံပရိုရည် ၂ စက်လောက်နဲ့ ရောပြီး သမအောင် မွှေပါ။ အမည်းစက်တွေပေါ်မှာ ခပ်ပါးပါး လိမ်းပေးပါ။ ပုံမှန်လေး လုပ်ပေးမယ်ဆိုရင် ၂ ပတ် အတွင်းမှာ သိသာတဲ့ ရလဒ်ကို ရရှိမှာပါ။ အသားဖြူစေတယ် သွားတိုက်ဆေးကို သွားတွေဖြူဖို့တင် မဟုတ်ဘဲ အသားဖြူ စေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ သွားတိုက်ဆေး နည်းနည်းကို ခရမ်းချဉ်သီး အရည်နဲ့ ရောစပ်လိုက်ပါ။ ပြီးရင် […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ခြေသည်း မှိုစွဲတဲ့အခါ

ခြေထောက်ကို ငုံ့ကြည့်လိုက်တိုင်း ခြေသည်းက မှိုပိုးကြောင့် ဝါနေတာ၊ အက်ကွဲနေတာ၊ မည်းနေတာတွေ ဖြစ်လို့ စိတ်ညစ်နေပြီလား။ သေချာတာက ခြေသည်းမှာ ဒီလိုဖြစ်နေတယ်ဆိုတာက ခြေသည်း မှိုပိုး ဝင်နေတာပါ။ ခြေသည်း မှိုပိုးဝင်တယ် ဆိုတာ ခြေသည်း မှိုပိုးဝင်တယ်ဆိုတာက Fungi လို့ခေါ်တဲ့ သေးငယ်တဲ့ အကောင်လေးတွေက ခြေသည်း အောက်ဘက်ကို ဝင်ရောက်ကူးစက်ခြင်း ကနေဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာပါ။ ဒီမှိုပိုးက ခြေသည်းတွေ နဲ့ ခြေသည်းအောက်ဘက်က အရေပြားတွေမှာ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်ပါတယ်။ ခြေသည်း မှိုပိုးဝင်နေတဲ့အခါ တွေ့ရနိုင်တဲ့ လက္ခဏာတွေ ခြေသည်း မှိုပိုးဝင်တဲ့အခါ ဝင်တဲ့ ပိုးအမျိုးအစားကို လိုက်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ ခြေသည်း အရောင် ပြောင်းလာမယ် (ဝါမယ်၊ ညိုမယ်၊ အစိမ်းရောင် ဒါမှမဟုတ် ခြေသည်းက ဖြူနေမယ်) ခြေသည်း အောက်ဘက်မျာ ချေး […]


အသားအရေ ထိန်းသိမ်းခြင်း

Gluthathione ဆိုတဲ့ အသားဖြူဆေးကို သဘာဝအတိုင်း ရနိုင်မယ့် နည်းလမ်းများ

Gluthathione ဆိုတာ တော်တော်များများရင်းနှီးပြီးသား စကားလုံးပါ။ သူဟာ glutamine, glycineနဲ့ cysteine ဆိုတဲ့ အမိုင်နိုအက်စစ် ၃မျိုး ပေါင်းထားတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်ခုပါပဲ။ ခန္ဓာကိုယ်ကနေ Gluthathioneကို သဘာဝအတိုင်း ထုတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာ၊ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေ၊ စိတ်ဖိစီးတာတွေနဲ့ အာဟာရချို့တဲ့တာတွေကြောင့် တဖြည်းဖြည်း နည်းသွားပါတယ်။ ဒါကြောင့် ခုခေတ်မှာ ထိုးဆေးတွေ၊သောက်ဆေးတွေနဲ့ အစားထိုး ဖြည့်တင်းလာကြပါပြီ။ Gluthathioneမှာ အကျိုးကျေးဇူးတွေ အများကြီး ရှိနေပေမယ့် ခုခေတ်မှာ လူသိများကြတာက အသားဖြူဆေးအနေနဲ့ သုံးတာပါ။ ဒါပေမယ့် အသားလည်း ဖြူချင်တယ်။ ထိုးဆေး၊ စားဆေးတွေလည်း မလုပ်ချင်ဘူးဆိုတဲ့ လူတွေအတွက် သဘာဝအတိုင်း Gluthathione များစေမယ့် အစားအစာတွေ၊ နည်းလမ်းတွေအကြောင်း မျှဝေပေးပါမယ်။ Gluthathioneက အသားဖြူစေတယ်ဆိုတာ ခုခေတ်မှာ Gluthathioneကို ထိုးပြီး […]


ဝက်ခြံ

ကိုယ့်မျက်နှာမှာမှ ဝက်ခြံ ဘာလို့ မပြတ်ရတာလဲ

ဝက်ခြံ ဆိုတာ လူတိုင်း‌ ဖြစ်ဖူးကြတဲ့ အသားအရေ ပြဿနာ တစ်ခုပါ။ မျက်နှာကို ခဏခဏ ထိတွေ့လို့၊ အသားအရေ ဂရုမစိုက်လို့၊ ဆယ်ကျော်သက် မို့လို့ စတဲ့ အကြောင်းကြောင်း ပေါင်းများစွာနဲ့ ဝက်ခြံပေါက်လေ့ ရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်ကျမှ ဘာလို့ တခြားသူတွေထက် ဝက်ခြံ ပိုပေါက်နေတာလဲ ဒါမှမဟုတ် သူများလို အချိန်တန်လည်း ပျောက်မသွားဘဲ အလျင်မပြတ် ဝက်ခြံမွေးထားသလို ဖြစ်နေရတာလဲ။ ဒီမေးခွန်းတွေကို အဖြေရှာဖို့အတွက် ဝက်ခြံ ကို နောက်ကွယ်က ပံ့ပိုးနေတဲ့ အကြောင်းရင်းခံတွေကို လေ့လာကြည့်ရအောင်… ဟော်မုန်း အပြောင်းအလဲ ဟော်မုန်း အပြောင်းအလဲတွေက ဝက်ခြံ ပိုပေါက်စေတဲ့ အဓိက အတွေ့အများဆုံး အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲက လူပျိုအပျိုဝင်စအချိန် ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတွေမှာတောင်မှ ဖြစ်နိုင်ပါတယ်။ လူပျို ၊ အပျိုဖော်ဝင်ချိန် ပျိုဖော်ဝင်ချိန်ရောက်ပြီဆို ခန္ဓာကိုယ်မှာ Androgen […]


အသားအရေ ထိန်းသိမ်းခြင်း

နဖူးပေါ်က အရေးအကြောင်းတွေကို ဘယ်လိုဖျောက်မလဲ

သင်အသက်ကြီးလာတာနဲ့အမျှ နဖူးပေါ်က အရေးအကြောင်းတွေဟာ ပိုမိုထင်ရှားလာပါတယ်။ အသက်အရွယ်ကြီးရင့်လာပြီး အရေပြားတင်းရင်းမှုလျော့နည်းလာခြင်း၊ နေလောင်ခြင်း၊ မျိုးရိုးဗီဇ စတဲ့အကြောင်းတရားတွေ မျိုးစုံရှိနိုင်ပါတယ်။ ဇရာကို အန်တုလို့မရနိုင်ပေမယ့် သင်ကြုံတွေ့နေရတဲ့ ဒီလက္ခဏာတွေကို လျော့ပါးအောင်တော့ လုပ်ဆောင်နိုင်ပါတယ်။ နေထိုင်မှုပုံစံ (life style) ပြောင်းလဲခြင်း၊ အလှကုန်ပစ္စည်းများ သုံးစွဲခြင်း စတဲ့နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါနေထိုင်မှုပုံစံများ ပြောင်းလဲခြင်းနဲ့ အလှကုန်ပစ္စည်းများရွေးချယ်ခြင်းဟာ နဖူးအရေးအကြောင်းတွေ လျော့ပါးဖို့အတွက် အရေးကြီးပါတယ်။ ၁။ နေရောင်ခြည်ကို သတိပြုပါ နေရောင်ခြည်ကို ကြာမြင့်စွာထိတွေ့ရင် အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်းများပေါ်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပါတယ်။ သုတေသနတွေအရ SPF 15 နဲ့အထက် နေရောင်ကာခရင်မ်များကို နေ့စဉ်အသုံးပြုခြင်းဟာ မျက်နှာပေါ်က အစက်အပျောက်တွေ၊ အရေးအကြောင်းတွေ ပေါ်လာနိုင်ခြေကို လျော့နည်းစေတယ်လို့ သိရပါတယ်။ ၂။ စိတ်ဖိစီးမှု မဖြစ်ပါစေနဲ့ စိတ်ပူပန်သောကများခြင်းဟာ သင့်နဖူးပေါ်မှာ […]


အသားအရေ ထိန်းသိမ်းခြင်း

အရွယ်တင်နုပျိုစေဖို့ နည်းလမ်း ၆ သွယ်

အစဉ်အမြဲနုပျိုလိုပါသလား။ သင့်ရဲ့နာရီများကိုတော့ ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ ဇရာက ဟန့်တားလို့ မရတာလည်း မှန်ပါတယ်။ ဒါပေမယ့် သင့်ကို ရှိရင်းစွဲအသက်အရွယ်ထက် ပိုပြီးငယ်ရွယ်တယ်ထင်ရအောင် နေထိုင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါနည်းလမ်းတချို့ကို စမ်းကြည့်ပါ။ နူးညံ့တဲ့ မျက်နှာသစ်ဆေးတွေသုံးပါ Skin Care လုပ်ရာမှာ မျက်နှာကို အရင်ဆုံးသန့်စင်ပေးဖို့ အဆင့်ဟာ အရေးကြီးပါတယ်။ တစ်နေ့တာ သင်လိမ်းထားတဲ့ မိတ်ကပ်တွေအပြင် အဆီတွေ၊ ချေးညှော်အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ သင်လိမ်းလိုက်တဲ့ skin care ခရင်မ်၊ လိုးရှင်း စတာတွေဟာ အသားအရေထဲကို စိမ့်ဝင်နိုင်ပြီး ပိုမိုထိရောက်မှာ ဖြစ်ပါတယ်။ မျက်နှာသန့်စင်ဆေးရည်များဟာ အသားအရေကို သန့်ရှင်းစေရုံသာမက ရေဓာတ်ဆုံးရှုံးမှုမရှိအောင်၊ အရေပြားမပျက်စီးရအောင် ထိန်းသိမ်းပေးပါတယ်။ pH မြင့်မားတဲ့ ဆပ်ပြာများဟာ မျက်နှာအသားအရေအတွက် မသင့်တော်ပါဘူး။ အသားအရေကို ပိုမိုထိခိုက်ပျက်စီးစေပါတယ်။ နောက်ထပ်ရှောင်ရှားရမယ့် ဓာတ်ပစ္စည်းတစ်မျိုးကတော့ […]


အသားအရေ ထိန်းသိမ်းခြင်း

ကွမ်းရွက်လေးနဲ့ အလှအပ ထိန်းသိမ်းပါ

ကွမ်းရွက်လို့ ပြောလိုက်ရင် ကွမ်းယာစားဖို့အတွက်ပဲ အသုံးဝင်တယ်လို့ ယူဆနေတုန်းလား။ ကွမ်းရွက်က ကွမ်းယာအတွက်ပဲ မဟုတ်ပါဘူး။ အလှအပအတွက်လည်း အသုံးဝင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ကွမ်းရွက်လေးနဲ့ အလှအပ ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေး အကြောင်း ပြောပြပေးပါရစေ။ ကွမ်းရွက်လေးနဲ့ အလှအပ ထိန်းသိမ်းပါ ကွမ်းရွက်လေးက ဆံပင်ကျွတ်တာ သက်သာစေတယ် ကွမ်းရွက်ကို ဆံသားနဲ့ ဦးရေပြား ပြဿနာ အမျိုးမျိုးအတွက် အသုံးပြုပေးလို့ ရပါတယ်။ ဆံပင်ကျွတ်တတ်သူတွေအနေနဲ့ ကွမ်းရွက် ၅ ရွက် ကနေ ၆ ရွက်ခန့်ကို ကြိတ်ခြေပါ။ ကြိတ်ခြေထားတဲ့ ကွမ်းရွက်ထဲကို နှမ်းဆီ ဒါမှမဟုတ် အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်လို့ သမအောင် မွှေပါ။ ရလာတဲ့ အနှစ်ကို ဦးရေပြားပေါ်မှာ လိမ်းလို့ လက်ချောင်းလေးတွေ သုံးပြီး နှိပ်နယ်ပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ခေါင်းကို လျှော်နေကျ ခေါင်းလျှော်ရည် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း