အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေနှင့် အလှအပ

ဆံပင်များကို သန်စွမ်းနေမည့် ဗီတာမင်နှင့် အာဟာရဓာတ်များ

ဆံပင်များ နက်မှောင်သန်စွမ်းခြင်းဟာ ကျန်းမာခြင်း၊ လှပခြင်းရဲ့ သင်္ကေတလို့ လူအများစုကို ရှုမြင်ကြပါတယ်။ ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေလိုပဲ ဆံပင်များဟာလည်း ကောင်းစွာသန်စွမ်းနိုင်ဖို့ အာဟာရဓာတ် အမျိုးမျိုး လိုအပ်ပါတယ်။ အသက်အရွယ်၊ မျိုးရိုးဗီဇနဲ့ ဟော်မုန်းတွေနဲ့ သက်ဆိုင်တယ်ဆိုပေမယ့် ဆံပင်သန်ဖို့ဆိုရင် အာဟာရဓာတ်တွေဟာ အဓိကကျပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဆံပင်များ သန်းစွမ်းကျန်းမာစေဖို့ အရေးကြီးတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။ ၁။ ဗီတာမင် A ဆဲလ်အားလုံးဟာ ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင် A ကို လိုအပ်ပါတယ်။ ဆံပင်တွေအတွက်လည်း ဒီအတိုင်းပါပဲ။ ဗီတာမင် A ဟာ အရေပြားဂလင်းတွေကနေ ဆီဘမ် (sebum) လို့ခေါ်တဲ့ အဆီဓာတ်တမျိုးကို ထုတ်လုပ်နိုင်ဖို့ အထောက်အကူပြုပါတယ်။ ဆီဘမ်ဟာ ဦးရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ဆံပင်များကို သန်စွမ်းစေပါတယ်။ ဗီတာမင် A ချို့တဲ့ရင်လည်း […]


ဝက်ခြံ

ဝက်ခြံ နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

ဝက်ခြံ ဆိုတာ အဖြစ်အများဆုံး အရေပြားပြဿနာတွေထဲက တစ်ခုပါ။ ဝက်ခြံနဲ့ ပတ်သက်လို့ ဘာကြောင့်ဖြစ်တာလဲဆိုတာရော၊ ဘယ်လိုကုရတယ်ဆိုတာရော ယုံတမ်းစကားတွေ အများကြီးပါပဲ။ ဒီနေ့တော့ ဒါလေးတွေကို နည်းနည်းလောက်ဖြေရှင်းကြည့်ရအောင်။ ဝက်ခြံ ဘာကြောင့်ဖြစ်တာ အရင်ဆုံး ဝက်ခြံဘာကြောင့်ဖြစ်တာလဲက စပြီး လေ့လာကြည့်ရအောင်။ ပြီးမှ ဖြစ်နိုင် မဖြစ်နိုင်စဉ်းစားကြတာပေါ့။ ဝက်ခြံဆိုတာ မျက်နှာ အဆီထွက်များတာ မွေးညင်းပေါက်တွေကို အဆီနဲ့ ဆဲလ်သေတွေ ပိတ်တာ ဘက်တီးရီးယားပိုးဝင်တာ ဟော်မုန်းတွေ များလွန်းတာ (အထူးသဖြင့် အန်ဒရိုဂျင်) ဒါတွေက ဝက်ခြံဖြစ်စေတဲ့ အခြေခံအကြောင်းတွေပါပဲ။ ဒီအကြောင်းတွေကို ဖြစ်စေတဲ့ အပြုအမူတွေက ဝက်ခြံဖြစ်စေတာပဲပေါ့။ ဝက်ခြံနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ  အသက်ကြီးလာရင် ဝက်ခြံမထွက်တော့ဘူး။ ဝက်ခြံဆိုတာ ဆယ်ကျော်သက်တွေနဲ့ပဲ ဆိုင်တဲ့အရာလို့ သတ်မှတ်ကြပါတယ်။ တကယ်တော့ အသက် ၃၀၊ ၄၀၊ ၅၀ အထိ ဝက်ခြံဆိုတာ ထွက်နိုင်သေးတာပါပဲ။ အပေါ်က […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ကျွတ်လွန်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်နေ့ကို ဆံပင် အပင် (၅၀) ခန့် ကျွတ်နိုင်ပါတယ်။ ဒါက ပုံမှန်သတ်မှတ်ထားတဲ့ ကျန်းမာတဲ့လူတစ်ယောက်ရဲ့ ဆံပင်ကျွတ်တဲ့ ပမာဏပါ။ ဒီထက်ပိုပြီး ဆံပင်ကျွတ်တာမျိုး၊ ဆံပင်အထွေးလိုက်ကြီး ကျွတ်တာမျိုး၊ ခေါင်းလျှော်နေရင်း ဆံသားကို လက်နဲ့ဆွဲမိလိုက်တဲ့အခါ အလိုအလျောက်ကျွတ်လာတာမျိုးဆိုရင်တော့ စိုးရိမ်စရာလိုလာပါပြီ။ အသက်ကြီးလာလို့ သဘာဝအတိုင်း ထိပ်ပြောင်တာမျိုးမဟုတ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတာက တော်တော့်ကို အလှအပရေးရာအရ တော်တော်လေးကို အဆင်မပြေတဲ့ ပြဿနာပါ။ နောက်ဆက်တွဲအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာမယ်၊ တခြားသူတွေက လှောင်ပြောင်ကြတဲ့အခါမှာ ကိုယ့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်တယ်၊ တခြားကျန်းမာရေးပြဿနာတွေ ရှိနေမလားဆိုပြီးလည်း စိတ်ထဲ အမြဲစိုးရိမ်ပူပန်နေရမှာပါ။ ဒါဆို ဘာလို့ ဆံပင်တအားကျွတ်လာတာလဲ။ စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ဆံသားမွေးညှင်းပေါက်များကို ထိခိုက်စေတဲ့အတွက် ဆံပင်အများအပြား ကျွတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဆံပင်ကျွတ်တာ မျိုးရိုးလိုက်တဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အိုမင်းရင့်ရော်မှုက မျက်နှာ အသားအရေကို ဘယ်လိုသက်ရောက်သလဲ

လူတစ်ယောက်ရဲ့ မျက်နှာ ပြင်ပေါ်က အသားအရေက အလှအပအတွက်ရော ကျန်းမာသန်စွမ်းမှုနဲ့ နုနယ်ပျိုမြစ်မှုကိုရော ဖော်ပြနိုင်ပါတယ်။ အိုမင်းရင့်ရော် လာတာနဲ့အမျှ အသားအရေလည်း ပျက်စီးလာတတ်တယ်မဟုတ်လား။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ အသက် ၃၀ ခန့်မှာ အရေပြားဟာ စတင်ပျက်စီးပါတယ်။ အသားအရေရဲ့ သဘာဝစိုစွတ်မှုဟာ ကျဆင်းလာပါတယ်။ အသားအရေ ခြောက်သွေ့တာ၊ တင်းမာမှုလျော့နည်းတာနဲ့ အတွန့်အခေါက်စဖြစ်ပေါ်ပါပြီ။ အရေပြားရဲ့ အကာအကွယ်ပြုနိုင်တဲ့အလွှာဟာ အားနည်းလာပြီး ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုဟာ နှေးကွေးလာပါတော့တယ်။ ဒီတော့ တသက်တာလုံးလှပအောင်ပြင်ဆင်ချယ်သလာတဲ့ မျက်နှာလှလှလေးဟာလည်း ဇရာရဲ့ အရိပ်တွေထင်ဟပ်လာတော့တာပေါ့။ အသက်ကြီးလာရင် အသားအရေပြောင်းလဲမယ် လူတိုင်းသိနားလည်ထားကြတဲ့အချက်က အသက်ကြီးလာရင် အသားအရေပြောင်းလဲလာမယ်ပေါ့။ ဒါပေမယ့် ဘာတွေပြောင်းလဲလာလဲဆိုရင်တော့ အတိအကျကြီး သိကြတာနည်းပါတယ်။ ပြောင်းလဲသွားတဲ့အချက်တွေကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။ အိုမင်းရင့်ရော်လာတဲ့အခါ သဘာဝအတိုင်း အောက်ပါအချက်တွေ ပြောင်းလဲသွားပါတယ်။ အရေပြားကြမ်းတမ်းလာမယ်၊ အသားပိုတွေ ထွက်လာမယ်၊ ကျုံ့နိုင်ဆန့်နိုင်စေတဲ့ elastic tissue (elastin) […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာပေါ်က အရေးကြောင်းတွေကို ဘယ်လိုလျှော့ချမလဲ

ပျိုမေတို့အတွက်ပဲဖြစ်ဖြစ် မမတို့ အန်တီတို့အတွက်ပဲဖြစ်ဖြစ် မျက်နှာပေါ်မှာ အရေးကြောင်းတွေ ထနေတာမျိုးက ကြည့်ရဆိုးစေတယ်မဟုတ်လား။ ဘယ်သူမဆို ကိုယ့်မျက်နှာပေါ်မှာ အရေးကြောင်းတွေ အမည်းစက်တွေ ဝက်ခြံတွေမရှိချင်ကြပါဘူး။ အထူးသဖြင့် အရေးကြောင်းတွေဟာ အိုမင်းရင့်ရော်မှုရဲ့ လက္ခဏာလို့ လူတိုင်းက ယုံကြည်ထားကြပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရေးကြောင်းတွေဟာလည်း မရှောင်လွှဲနိုင်သော ကြုံဆုံလာရမယ့်အရာတွေပါ။ အရေးကြောင်းတာက အရေပြားပေါ်ရှိ အတွန့်၊ အခေါက်၊ အရစ်တွေကို ဆိုလိုတာပါ။ များသောအားဖြင့်တော့ အရေးကြောင်းတွေဟာ ၃၅ နှစ်နဲ့ ၄ဝ ကြားမှာ စတင်ပြီးပေါ်လာတတ်ပါတယ်။ အများဆုံးတွေ့နိုင်တာက မျက်နှာပေါ်မှာဖြစ်ပြီးတော့ မျက်စိ၊ ပါးစပ်၊ လည်ပင်းတဝိုက်တွေမှာပါ။ ခန္ဓာကိုယ်က အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် (collagen) နဲ့ ကျုံ့ဆန့်တစ်ရှူး (elastin) တွေထုတ်လုပ်နိုင်စွမ်းကျဆင်းလာချိန်မှာ အရေးကြောင်းတွေဖြစ်ပေါ်လာတာပါပဲ။ အရေးကြောင်းတွေ လျော့ပါးအောင်ဘယ်လို လုပ်ရမလဲ များသောအားဖြင့် အရေးကြောင်းတွေကို တားဆီးဖို့ဆိုရင် ဆေးဝါးများသုံးစွဲကြတာများပါတယ်။ ဒါပေမယ့် သဘာဝနည်းလမ်းတွေနဲ့လည်း အရေးကြောင်းတွေကို […]


အသားအရေ ထိန်းသိမ်းခြင်း

အမွေးအရောင်ချွတ်ခြင်း ဆိုတာ ဘာလဲ

ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေကို မလိုလားကြတဲ့အခါ Wax လုပ်တာ၊ နုတ်တာ၊ ရိတ်တာ၊ လေဆာပစ်တာ စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ ဖယ်ရှားကြပါတယ်။ ဒီထဲမှာမှ အသားနာတာ မကြိုက်တဲ့သူတွေ၊ အရေပြားပေါ်က ဆဲလ်တွေ ထိခိုက်ဒဏ်ရာရမှာကို သဘောမကျတဲ့သူတွေ ရွေးချယ်စရာက အမွေးကျွတ်ခရင်မ် သုံးတာနဲ့ အမွေးအရောင်ချွတ်ခြင်း (၂) နည်းရှိပါတယ်။ ဒီထဲကမှ အမွေးအရောင်ချွတ်ခြင်းဆိုတာ ဘာလဲဆိုတဲ့အကြောင်း ကျွန်မတို့ လေ့လာကြည့်ကြရအောင်။ အမွေးအရောင်ချွတ်တယ်ဆိုတာ အရေပြားပေါ်မှာ ရှိတဲ့ အမွေးတွေကို အရောင်ပြောင်းပြီး သူ့ရဲ့ တည်ရှိမှုကို ဖုံးလိုက်တာပါပဲ။ ဆိုလိုတာက မူလ အမွေး မည်းမည်းလေးတွေကို အရောင်ချွတ်ခရင်မ် သုံးပြီး အသားရောင်အတိုင်း ဖြစ်အောင် ပြောင်းလဲလိုက်တဲ့အခါ အမွေးတွေ ရှိနေတယ်ဆိုတာ မသိသာတော့သလို အသားလည်း ပိုဝင်းလာတယ်လို့ ထင်ကြရပါတယ်။ ဒီလို အရောင်ချွတ်တာ (Bleach လုပ်တာ) ရဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

ခန္ဓာကိုယ်ပေါ်က မလိုလားတဲ့ အမွေးအမျှင်တွေကို ရှင်းလင်းနိုင်မယ့် နည်းလမ်း ၇ မျိုး

ခန္ဓာကိုယ်ပေါ်မှာ အမွေးအမျှင်တွေ ရှိတာကို သဘောကျတဲ့သူတွေ ရှိသလို အမွေးတွေကို အမြစ်ဖြတ်ချင်နေတဲ့သူတွေလည်း မနည်းပါဘူး။ ဒါဆို အမွေးတွေကို အန္တရာယ်ကင်းကင်းနဲ့ ရှင်းလင်းနိုင်မယ့် နည်းလမ်းလေးတွေကို လေ့လာကြည့်ကြရအောင်။ ၁။ ရိတ်ခြင်း ဒါကတော့ လုံးဝ မဆန်းတဲ့ ရိုးရာနည်းပါ။ ရိတ်တာက ကရိကထ မများသလို လွယ်လည်း လွယ်ကူတဲ့ နည်းလမ်းတစ်ခုပါပဲ။ သူက အမွေးရဲ့ အပေါ်ယံလွှာကို အရေပြားမျက်နှာပြင်ပေါ်ကနေ ဖယ်ရှားပေးလိုက်တာပါပဲ။ ဒီတော့ ရိတ်မယ်ဆိုရင် အရေပြားကို ရေဓာတ်ဖြည့်ပါ။ Shaving Cream နဲ့ Hair Conditioner သုံးပါ။ ဘာမှ မရှိဘူးဆိုရင် ဆပ်ပြာသုံးပါ။ ဒါဆိုရင် ရှမိတာမျိုး မရှိဘဲ သပ်သပ်ရပ်ရပ် ရိတ်ပြီးသား ဖြစ်မှာပါနော်။ တစ်ခုရှိတာကတော့ လိင်အင်္ဂါနားတစ်ဝိုက်နေရာမှာ ရိတ်မယ်ဆိုရင် အမွေးတွေက ထွက်မလာဘဲ မြုံပြီး မွေးညင်းပေါက်ထဲမှာတင် လုံးနေတတ်ပါတယ်။ ၂။ […]


ဝက်ခြံ

မိတ်ကပ် ဖော့ နဲ့ ဘရပ်ရှ်တွေကို မဆေးကြောဘဲ ပစ်ထားရင် ဘာတွေ ဖြစ်တတ်လဲ

မိတ်ကပ်တွေ လိမ်းတယ်၊ ပြီးရင် မိတ်ကပ် ဖော့ နဲ့ ဘရပ်ရှ်တွေကို ဆေးကြောသန့်စင်ဖို့ကျ မေ့တယ်ဆိုရင်တော့ ခုလတ်တလော ကြည်လင်ပြီး ဂလိုးနေတဲ့ စကင်းလေးကို ကြိုပြီးသာ တာ့တာပြထားလိုက်ပါတော့။ ဒီလို အရေးကြီးတဲ့ သန့်ရှင်းမှုကို မေ့နေမယ်ဆိုရင် ဘာတွေဖြစ်တတ်လဲဆိုတော့ ဒါတွေဖြစ်တတ်ပါတယ်။ မိတ်ကပ် ဖော့ နဲ့ ဘရပ်ရှ်တွေကို မဆေးကြောဘဲ ပစ်ထားရင် ဘာတွေ ဖြစ်တတ်လဲ မိတ်ကပ် ဖော့နဲ့ ဘရပ်ရှ်တွေကို မဆေးကြောဘဲ ပစ်ထားရင် ဘာတွေ ဖြစ်တတ်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ ၁။ ဘက်တီးရီးယားတွေ ပေါက်ပွားတတ်ပါတယ် ဒါက ပြောနေစရာတောင် မလိုပါဘူး။ ဘယ်အရာကိုမဆို မဆေးဘဲ အကြာကြီး ပစ်ထားရင် ဘက်တီးရီးယားတွေ ပေါက်ဖွားတတ်တာပဲ မဟုတ်လား။ ဘရပ်ရှ်တွေ၊ ဖော့တွေလည်း ဒီလိုပါပဲ။ ဘက်တီးရီးယား၊ ဖုန် နဲ့ အညစ်အကြေးတွေ […]


အခြားအရေပြားပြဿနာများ

တက်တူး ထိုးပြီးချိန် အရေပြား ယားယံတာကို ဘယ်လိုသက်သာအောင် လုပ်မလဲ

တက်တူး ထိုးတာကို အရေပြားပေါ်က အနုပညာလို့ တင်စားခေါ်ကြတယ်။ အရေပြားကို အလှဆင်ခြင်းတစ်မျိုးပေါ့။ လက်ဝတ်ရတနာတွေဝတ်ဆင်ပြီး လူကို အလှဆင်သလိုမျိုးလို့ ယူဆလို့ရပါတယ်။ ဒါပေမယ့် တက်တူးထိုးဖူးသူတိုင်း ကြုံရတတ်တဲ့ ပြဿနာတစ်ခုရှိပါတယ်။ ဒါကတော့ တက်တူးထိုးပြီးချိန်မှာ ယားယံတာပါပဲ။ အရေပြားပေါ်မှာ စုတ်ချက်တွေနဲ့ ဖန်တီးဆေးချယ်ပြီးတဲ့နောက်မှာ အရေပြားဟာ မူလအတိုင်းပြန်ဖြစ်ဖို့ အချိန်ယူရပါတယ်။ ဒီလိုမျိုး သဘာဝအတိုင်း အရေပြားက ပြန်လည်ကုစားနေချိန်မျိုးမှာ ယားယံတာ၊ အနီကွက်တွေထွက်တာတွေ ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို လူတိုင်းနီးပါး ကြုံရတတ်တာပါ။ ဒီလိုကြုံလာပြီဆိုရင် တက်တူးခရေဇီတို့အတွက်တော့ တကယ့် စိတ်ညစ်စရာ ကာလပါပဲ။ ကိုယ်လှလှပပထိုးထားတဲ့ ပုံလေးကိုလည်း မထိခိုက်စေချင်၊ ယားကလဲယားနဲ့ဆိုတော့ တကယ့်အခက်ခဲဆုံးအချိန်ပဲပေါ့။ ဘာလို့ ယားယံနေတာလဲ တက်တူးတွေကို ယားယံစေရတဲ့အကြောင်းအရင်းက အမျိုးမျိုးရှိနေတတ်ပါတယ်။ ပုံမှန်အတိုင်း အရေပြားသဘာဝအလျောက် ပြန်လည်ကုစားတဲ့ဖြစ်စဉ်ကြောင့် ဖြစ်နိုင်သလို အောက်ပါအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်။ တက်တူးထိုးထားတဲ့ အရေပြားအလွှာမှာ […]


အသားအရေ ထိန်းသိမ်းခြင်း

BB Glow Treatment လုပ်ပြီးရင် တကယ်ပဲ လှသွားမှာလား

လတ်တလော အမျိုးသမီးတွေကြား သိပ်ခေတ်စားနေတဲ့ BB Glow Treatment ဆိုတာ ရှိပါတယ်။ ပြုလုပ်ပေးသူတွေ အဆိုအရတော့ ဒီ Treatment လုပ်ပြီးသွားရင် ပါးမို့မို့လေး နှစ်ဖက်မှာ ပန်းသွေးရောင်တောက်ပြီး မျက်နှာလေးကလည်း မိတ်ကပ်မပါဘဲတောင် ကြည်တောက် Glow နေပါတယ်တဲ့။ ဆိုတော့ တကယ်ပဲ BB Glow Treatment ဟာ အန္တရာယ် ကင်းရဲ့လား။ BB Glow Treatment လုပ်ပြီးရင် တကယ်ပဲ လှသွားမှာလား BB Glow Treatment လုပ်ပြီးရင် အရုပ်မလေးလို ပန်းသွေးခြယ်တဲ့ မျက်နှာလေးနဲ့ တကယ်ပဲ လှသွားမှာလား။ ဒါကိုမပြောခင်မှာ အရင်ဆုံး BB Glow Treatment ဆိုတာ ဘာလဲ အရင်လေ့လာကြည့်ရအောင်။ BB Glow Treatment ဆိုတာ BB Glow […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း