ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

သင့်ကလေး ဆယ်ကျော်သက်အရွယ်မှာ ခံစားရလေ့ရှိတဲ့ စိတ်ခံစားမှု ပဋိပက္ခတွေကို ဘယ်လို ကူညီရင်ဆိုင်ပေးမလဲ?

သင့်ကလေး ဆယ်ကျော်သက်အရွယ်မှာ ခံစားရလေ့ရှိတဲ့ စိတ်ခံစားမှု ပဋိပက္ခတွေကို ဘယ်လို ကူညီရင်ဆိုင်ပေးမလဲ? ဟိုးအရင်ကတည်းက ပြောလေ့ရှိတဲ့ စကားလေးလိုပါပဲ ..... 'ဆယ်ကျော်သက်အရွယ်ဆိုတာဟာ လေတိုက်လို့ သစ်ရွက်ကလေး လှုပ်ရင်တောင် ရယ်ချင်သလို ငိုချင်သလို ဖြစ်တဲ့အရွယ်'လေ။ ဒီလို အရွယ်ရောက်ရင် ဆယ်ကျော်သက် အတော်များများဟာ စိတ်ခံစားမှုဆိုင်ရာ ပဋိပက္ခတွေကို ခံစားရလေ့ရှိတာ ဓမ္မတာပါပဲ။ ဆယ်ကျော်သက်တိုင်းတော့ မဟုတ်ဘူးပေါ့လေ။ ခန္ဓါကိုယ်အတွင်း ဇီဝကမ္မဖြစ်စဉ်တွေကြောင့် ကြီးကောင်ဝင်လာပြီ၊စိတ်ကစားချင်လာပြီ၊ကျောင်းစာတွေကလည်း အရင်နှစ်တွေကထက် ပိုများလာမယ်၊ကျောင်းပြင်ပ အားကစားလှုပ်ရှားမှုတွေ၊အဖွဲ့အစည်းနဲ့ စုဖွဲ့လှုပ်ရှားမှုတွေကို ပိုကြုံတွေ့လာရမယ် စသဖြင့် ဒီလိုမျိုး ဘေးတီးပေးနေတဲ့ အချက်တွေကြောင့်လည်း သင့်ကလေးအနေနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှု၊အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်လာရတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ သင့်ဖက်ကနေ သင့်တင့်လျောက်ပတ်တဲ့ နည်းမှန်လမ်းမှန်တွေကို သုံးပြီး ထိန်းကျောင်းပေးမယ်ဆိုရင် ကလေးအတွက် များစွာ အကျိုးဖြစ်ထွန်းမယ့်အပြင် သင့်အနေနဲ့လည်း မိဘတယောက်ရဲ့ ပီတိကို […]


ကလေးအစာခြေစနစ်ပြဿနာများ

ရင်သွေးလေးမှာ အစာခြေစနစ်ပြဿနာရှိနေပြီဆိုတာကို သိနိုင်မယ့် လက္ခဏာများ

တကယ်လို့ သင့်ကလေးက သူ့ရဲ့ပန်းကန်ထဲမှာထည့်ပေးထားတဲ့ အစားအသောက်တွေကို မလှုပ်တလှုပ်နဲ့ ကုန်အောင်မစားတာနဲ့ပဲ ကလေးက အစားအသောက်ကြေးများတဲ့သူလို့မြန်မြန်ဆန်ဆန်ကြီးမဆုံးဖြတ်လိုက်ပါနဲ့။ ကလေးကအစားအသောက်တွေကို ဟက်ဟက်ပက်ပက်ကြီးမစားရတဲ့အကြောင်းအရင်းတွေက အများကြီးရှိနေနိုင်ပါတယ်။ အဖြစ်နိုင်ဆုံးသောအချက်တွေထဲကတစ်ခုကတော့ ကလေးရဲ့ အစာခြေစနစ်မှာ ပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ မေးစရာတစ်ခုရှိလာနိုင်ပါတယ်။ ဒါကတော့ ကလေးမှာ အစာခြေစနစ်ပြဿနာရှိနေလားဆိုတာကို ဘယ်လိုသိနိုင်မှာလဲ ဆိုတဲ့အချက်ပါ။ အစာခြေစနစ်ပြဿနာ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့လက္ခဏာရပ်များ အစာခြေစနစ်ပြဿနာဖြစ်စေတဲ့အကြောင်းအရင်းတွေကဘာတွေများလဲ။ အစာခြေစနစ်ကိုပြဿနာဖြစ်စေတဲ့အကြောင်းအရင်းတွေကရောဂါပိုးကူးစက်တာ၊ အစားအစာဓါတ်မတည့်တာတွေကနေစလို့ဘေဘီလေးတွေကို အခင်းကြီးသွားတတ်အောင်လုပ်ဆောင်ပေးတဲ့အလေ့အကျင့်တွေအထိဖြစ်နိုင်ခြေတွေကတော့ အဆုံးအစမရှိပါပဲ။ ကလေးမှာခံစားနေရတဲ့ အစာခြေစနစ်ပြဿနာက သိပ်မပြင်းထန်ဘူးဆိုရင်ဆေးခန်းပြစရာမလိုဘဲ အိမ်မှာတင်ဘဲ ကုသလို့ရပေမယ့်အောက်မှာပြောပြမယ့်လက္ခဏာတွေထဲက တစ်ခုခုပဲဖြစ်နေပြီဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ အမြန်ဆုံးသွားရောက်ပြသဖို့လိုမှာဖြစ်ပါတယ်။ (၁) ဝမ်းလျှောခြင်း ဝမ်းအရည်တွေသွားနေတာ ချွဲလိုမျိုးဝမ်းတွေသွားနေတာ သွေးဝမ်းသွားနေတာ ကလေးက တစ်နေ့တာအတွင်း ဝမ်း ၅ကြိမ်လောက်သွားနေတာ ၃ရက်ကျော်တဲ့အထိ ကလေးက ဝမ်းလျှောနေတာ (၂) ဝမ်းချုပ်ခြင်း ကလေးက တစ်ပတ်ကို ၃ ကြိမ်လောက်ပဲဝမ်းသွားတာ အော့အန်တာ၊ဖျားတာ၊ကိုယ်အလေးချိန်ကျတာ၊ ဝမ်းဗိုက်ရောင်ရမ်းမှုနဲ့အတူ ဝမ်းချုပ်နေတာ (၃)အော့အန်ခြင်း အန်တဲ့ထဲမှာသွေး […]


ကလေးကျန်းမာရေး

ကလေးအစာခြေစနစ်အတွက်အရေးပါတဲ့ အာဟာရ

lcFOS ဆိုတာဘာလဲ လူ့ခန္ဓါကိုယ်ရဲ့အစာခြေစနစ် အတွင်းမှာ အဏုဇီဝပိုးမွှားလေးတွေ ထရီလျံနဲ့ချီပြီး ရှိနေပါတယ်။ အဲဒီထဲမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့မှိုပိုးတွေ ပါဝင်ပါတယ်။ ဘက်တီးရီးယားဆိုတာနဲ့ မကောင်းတာမဟုတ်ပါဘူး။ တချို့ဘက်တီးရီးယားတွေက အစာကိုချေဖျက်ပြီး အာဟာရဓါတ်စုပ်ယူဖို့ အထောက်အကူပေးတာကြောင့် ခန္ဓါကိုယ်အတွက်ကောင်းကျိုးပြုပါတယ်။ ဒီလိုအကျိုးပြုဘက်တီးရီးယားတွေကိုProbiotics လို့ခေါ်ပါတယ်။Probioticsတွေက အူလမ်းကြောင်းမှာ လုံလောက်တဲ့အရေအတွက်ရှိနေမှ အစာခြေစနစ်ကောင်းမွန်ပြီး ကျန်းမာစေမှာဖြစ်ပါတယ်။ Probioticsတွေအတွက်က lcFOS လို Prebioticsတွေလိုအပ်ပါတယ်။Prebiotics ဆိုတာ အူထဲမှာချေဖျက်စုပ်ယူလို့မရပေမယ့် အစာခြေလမ်းကြောင်းထဲမှာကျန်ရှိနေပြီး အူတွင်းဘက်တီးရီးယားတွေအတွက် အာဟာရအဖြစ်ထောက်ပံ့ပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ သို့မဟုတ် အမျှင်ဓါတ်တွေဖြစ်ပါတယ်။ lcFOS ဆိုတာprebiotic တစ်မျိုးဖြစ်တဲ့long chain fructo-oligosaccharides ရဲ့ အတိုကောက်ဖြစ်ပါတယ်။ မိခင်နို့ နဲ့ နို့မှုန့်တချို့မှာ ပါရှိတဲ့ lcFOS က ကလေးရဲ့အူမကြီးအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ကလေးတွေမှာ ဝမ်းမှန်စေပြီးမွေးကင်းစအရွယ်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။   Prebioticsတွေက အစာချေဖျက်နိုင်စွမ်းနဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သားသားမီးမီးလေးတွေရဲ့ လမ်းပြကြယ်က မေမေပါ

၉ လလုံးလုံး သားအိမ်ထဲမှာနေရင်း အခြားသူတစ်ယောက်ရဲ့ စားသုံးတဲ့အစားအသောက်တွေ၊ ကာကွယ်ပေးမှု နဲ့ အနွေးဓါတ်ပေါ်မှာ မှီခိုနေခဲ့တာပါ။ လူတစ်ယောက်အပေါ်မှာမှီခိုနေရင်း အသက်ရှင်ခဲ့ရမှုကနေတဆင့်ပြောပြဖို့မလွယ်တဲ့ သံယောဇဉ်တစ်ခုတည်ဆောက်နိုင် ခဲ့သလို ရိုသေလေးစားချစ်ခင်မှုတွေပေါက်ဖွားလာခဲ့ပါတယ်။ ဒီလိုမှီခိုနေတာကို ကြည်ကြည်ဖြူဖြူခွင့်ပြုပေးရင်းစောင့်ရှောက်ပေးခဲ့သူက အခြားသူမဟုတ်ပါဘူး မေမေပါ။ ဘဝမှာတွေ့ကြုံရတဲ့ အကောင်းအဆိုးတွေမှန်သမျှကို မျှဝေခံစားပေးတဲ့ အရင်းနှီးဆုံးသူက မိခင်ပါ။ ကမ္ဘာပေါ်မှာ မေတ္တာတရားအကြီးမားဆုံးသူတွေကိုပြပါဆိုရင် မိခင်တွေပဲဖြစ်မှာပါ။ မေမေကတော့ အရွယ်ရောက်ကြီးပြင်းလာတဲ့ တစ်လျှောက်လုံး တွေ့ဆုံခဲ့ရသူတွေထဲမှာ အနွေးထွေးဆုံးသူပါ။ သားသမီးတွေပျော်ရွှင်နေလား၊ စိတ်ညစ်နေလား၊ အခက်အခဲဖြစ်နေလားဆိုတာနဲ့ နှစ်သိမ့်အားပေးမှုကိုလိုအပ်နေလားဆိုတာကို မပြောဘဲသိရှိနိုင်သူကမေမေတွေပါ။ စိတ်ဓါတ်ကျစရာတွေနဲ့တွေ့တိုင်း နှစ်သိမ့်အားပေးရင်းရှေ့ဆက်လျှောက်ဖို့ အင်အားတွေဆောင်ကြဉ်းပေးတာ လုံခြုံနွေးထွေးမှုကို ခံစားရအောင်လုပ်ဆောင်ပေးနိုင်သူက မေမေအပြင်အခြားမရှိပါဘူး။ အူဝဲလို့အော်ရင်း ငိုယိုပြီး လူ့လောကထဲကို ဝင်လာနိုင်ဖို့ ခက်ခက်ခဲခဲမွေးထုတ်ပေးခဲ့ရသူတွေကမေမေတွေပေါ့။ မွေးဖွားသန့်စင်ပြီးချိန်မှာ ကိုယ့်ကိုနွေးနွေးထွေးထွေးလေးပွေ့ဖက်ပြုစုစောင့်ရှောက်ပေးတဲ့ လက်တစ်စုံ ပိုင်ရှင်ကို ဘယ်သူဘယ်ဝါဆိုတာမသိသေးပေမယ့်မေမေကတော့မွေးလာတဲ့သားသားမီးမီးလေးတွေကို ဘယ်လိုပဲဖြစ်ဖြစ် ဘုရားပေးတဲ့ လက်ဆောင်အဖြစ်ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါပြီ။ ကိုယ်ကမရင်းနှီးပေမယ့် […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ) ကဘာလဲ။ လျင်မြန်စွာ ကိုယ်ပူချိန်မြင့်တက်လာသော ကလေးများတွင်အဖျားကြောင့်တက်တတ်သည်။ သင့်ကလေးများ တွင် အဖျားရှိကြောင်းသင်မသိနိုင်သည်လည်းဖြစ်နိုင်သည်။ ထိုသို့ တက်ခြင်းသည် ကိုယ်ပူချိန်တက်လာသည့် အချိန်ခဏအတွင်းတွင်ပင်ဖြစ်ပွားတတ်သည်။ ကိုယ်ပူချိန်သည်အလွန်မြင့်သွားသောအခါ တက်နိုင်ချေသည် ကုန်ဆုံးသွားနိုင်သည်။ ကလေးအများစုသည် 39*C အထက်တွင် ထိုရောဂါဖြစ်ပွားတတ်သည်။ အကယ်၍ အောက်ပါကဲ့သို့ဖြစ်ပါက တက်ခြင်းသည် အဖျားနှင့် ပတ်သတ်နိုင်သည်။ 24နာရီအတွင်းမှာ တစ်ခါတက်နေခြင်း တခါတက်လျှင်15 မိနစ်ထက်မကြာခြင်း တစ်ကိုယ်လုံးတုန်၍တက်ခြင်း ကိုယ်တစ်ခြမ်းသာမတက်ခြင်း တက်သောကလေးသည် 6 လမှ 5နှစ်အတွင်းသာရှိခြင်း ထိုကလေးတွင် အာရုံကြောရောဂါများမရှိခြင်း ထိုကလေးတွင် အရင်ကတည်းက အဖျားကြောင့်တက်ဖူးခြင်း အဖျားကြောင့်တက်ခြင်းသည် ထိတ်လန့်ဖွယ်ကောင်းသော်လည်း ကလေးကို အများအားဖြင့် ဘေးရန်မပေးနိုင်သည့်အပြင် ဦးနှောက် ထိခိုက်ခြင်း၊ဉာဏ်ရည်ထိခိုက်ခြင်း၊(သို့)ဉာဏ်ရည်နိမ့်ပါးခြင်း စသော နာတာရှည်ပြဿနာများကိုလည်း မဖြစ်စေနိုင်ပါ။ Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ 2ရာခိုင်နှုန်းမှ 5ရာခိုင်နှုန်းသော ကလေးများတွင် ဖြစ်ပွားနိုင်ပါသည်။ ကလေးများတွင်နောက်ထပ်တက်နိုင်ပါသည်။ ထပ်၍တက်သွားနိုင်ချေမှာ အသက်ပေါ်မူတည်သော်လည်း […]


အခြားကလေးကျန်းမာရေးပြဿနာများ

Hypothyroidism in Infants, Children, and Teens (ကလေးများတွင်သိုင်းရွိုက်ဟော်မုန်းနည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypothyroidism in Infants, Children, and Teens (ကလေးများတွင်သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ကဘာလဲ။ ကလေးများမှာ သိုင်းရွိုက်ဟော်မုန်းဆိုးဆိုးရွားရွား နည်းခြင်းဟာ ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်း၊ ကြီးထွားမှုနှောင့်နှေးခြင်း စတာတွေကို ဖြစ်စေပါတယ်။ မွေးကင်းစမှာ လက္ခဏာတွေ မတွေ့ရသလောက်ပါပဲ။ ဘယ်အရွယ်လောက်မှာ ချို့ယွင်းချက်တွေ စတွေ့လာရမလဲဆိုတာဟာ ကလေးရဲ့ သိုင်းရွိုက်ဂလင်း ဘယ်လောက်ထိ ကောင်းကောင်းလုပ်နိုင်မလဲဆိုတာပေါ် မူတည်ပါတယ်။ Hypothyroidism in Infants, Children, and Teens (ကလေးများတွင်သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဟာ ရှားပါးပါတယ်။ ကလေးများ၊ မွေးကင်းစများ အပါအဝင် အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများHypothyroidism in Infants, Children, and Teens (ကလေးများတွင်သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မွေးကင်းစများ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဟာ ဘယ်အရွယ်မဆို ဖြစ်တတ်ပေမယ့် လက္ခဏာဟာ ကလေးတွေမှာ ကွာခြားတတ်ပါတယ်။ မွေးကင်းစကလေးတွေမှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ပျော်ရွှင်တဲ့ မိသားစုကနေ မွေးဖွားကြီးပြင်းလာတဲ့ ကလေးတွေက ထူးချွန်ကြတယ်

ကလေးလေးတွေကောင်းမွန်စွာနဲ့ကြီးပြင်းလာစေဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေက မိဘတွေပါ။ ကလေးကိုကောင်းမွန်စွာကြီးပြင်းလာစေဖို့အတွက် အရမ်းအတင်းအကျပ်ကြီးလုပ်ကိုင်တဲ့အခါ အုပ်ထိန်းမှုက လမ်းကြောင်းပြောင်းသွားပြီး ကလေးကို ဝန်ထုတ်ဝန်ပိုးဖြစ်သွားစေတာမျိုးရှိနိုင်ပါတယ်။ ကလေးတွေကိုပြုစုပျိုးထောင်ရတာက အရမ်းကိုအနုစိတ်နိုင်လွန်းပြီး အတွေ့အကြုံများစွာကိုရရှိနိုင်တဲ့ ဘဝအစိတ်အပိုင်းတစ်ခုပါ။ မိဘတိုင်းကတော့ သူတို့ရဲ့ရင်သွေးလေးတွေကိုပြည့်စုံပျော်ရွှင်ပြီး ထူးချွန်တဲ့ ကလေးလေးတွေအဖြစ်ကြီးပြင်းလာစေချင်မှာ အသေအချာပါပဲ။ ကလေးတွေကိုပြုစုပျိုးထောင်တာက ကိုယ်တိုင်မှာလည်း တိုးတက်မှုတွေရရှိစေနိုင်ပါတယ်။ ဒါတင်မဟုတ်ပါဘူး၊ ကလေးတွေမှာတွေ့မြင်ချင်တဲ့ အရည်အချင်းတွေရလာအောင် ကိုယ်တိုင်ဦးဆောင်လမ်းပြရင်း ကိုယ်တိုင်မှာလည်း အရည်အသွေးတွေတိုးတက်လာနိုင်ပါသေးတယ်။ မိသားစုရဲ့နေထိုင်မှုပုံစံက ကလေးငယ်တွေရဲ့ အတွေးအခေါ်၊စိတ်ခံစားမှုနဲ့ လုပ်ဆောင်နိုင်စွမ်းတွေအပေါ်မှာ စိုးမိုးသက်ရောက်မှုရှိနေပါတယ်။ လူတွေနဲ့ဘယ်လိုမျိုးဆက်ဆံရမလဲဆိုတာနဲ့ အပြန်အလှန်လေးစားမှုထားရမလဲဆိုတာတွေကို မိဘတွေထံကနေသင်ယူတာပါ။ မိသားစုနေထိုင်မှုပုံစံက ကလေးတစ်ယောက်ရှင်သန်ကြီးပြင်းမှုအပေါ်မှာ အများကြီးသက်ရောက်မှုရှိနေပါတယ်။ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တဲ့ မိသားစုတွေကနေကြီးပြင်းလာတဲ့ ကလေးတွေက ထူးချွန်ထက်မြက်တယ်လို့ပြောရင် သင့်အနေနဲ့ ဘယ်လိုများဆက်စပ်နေလို့လဲလို့ စဉ်းစားရခက်နေမလား။ ဘာလို့လဲဆိုတဲ့အဖြေကို ကြည့်လိုက်ရအောင်နော်။ ထူးချွန်ထက်မြက်တဲ့ကလေးတွေဖြစ်လာစေချင်သော မိဘများအတွက် ကလေးတွေကိုဖြစ်ချင်ဇောများပြီး အရမ်းတင်းတင်းကျပ်ကျပ်အုပ်ထိန်းမှုက ကလေးငယ်တွေကို စိတ်ဓါတ်ကျတာ၊ စိုးရိမ်စိတ်များစေတာမျိုးတွေခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ထူးချွန်ထက်မြက်စေချင်တယ်ဆိုရင်တော့ အခုပြောတဲ့အချက်လေးတွေကို လုပ်ကြည့်သင့်ပါတယ်။ ကလေးကို ကိုယ်တိုင်သင်ယူခွင့်ပေးလိုက်ပါ ကလေးကို […]


ကလေးပြုစုစောင့်ရှောက်ခြင်း

လူကြီးတွေစားသမျှ ကလေးကိုမခွံ့သင့်တဲ့ အကြောင်းရင်း

ကလေးတစ်ယောက်ကို ကျန်းမာစွာနဲ့ ကြီးထွားဖွံ့ဖြိုးလာစေဖို့၊ ဉာဏ်ရည်ထက်မြက်ဖို့ အာဟာရဓာတ်တွေ ပြည့်ဝအောင် ကျွေးမွေးစောင့်ရှောက်ရမယ်လို့ သိထားကြပါတယ်။ ဒါ့ကြောင့် မမွေးခင် ကိုယ်ဝန်နဲ့ကတည်းက မိခင်တွေမှာ အားဆေးတွေသောက်ရ၊ အစားစုံအောင် စားရနဲ့ သတိထားနေထိုင်ခဲ့ကြသလို မွေးလာတဲ့အခါမှာလည်း အစာအာဟာရပြည့်ဝအောင် မိခင်နို့အတွက် အာဟာရပြည့်အောင်စားရတယ်၊ နို့မှုန့်အတွက်ဆို အာဟာရဓာတ်တွေပြည့်ဝတဲ့အမျိုးအစားကိုရွေးချယ်ကြတယ်။ ဒါပေမယ့် စားစရာဆိုလို့ နို့ရည်သာသောက်သုံးဖူးတဲ့ ကလေးလေးတွေအမြင်မှာ လူကြီးတွေစားသမျှ အထူးအဆန်းတွေပါပဲ။ ခြောက်လကျော်လို့ အစာအမာစကျွေးတဲ့အခါ စူးစမ်းတတ်တဲ့အရွယ်ရောက်လာပြီ၊ သွားလေးတွေ တစ်ချောင်းစ နှစ်ချောင်းစပေါက်လာပြီ၊ တွေ့ကရာပါးစပ်ထဲကောက်ထည့်တတ်လာပြီ။ လူကြီးတွေကလည်း ကလေးကို အစုံစားတတ်အောင်၊ အာဟာရဓာတ်တွေအစုံရအောင် ဆိုပြီး ဟိုတစ်တို့ ဒီတစ်တို့ ပါးစပ်ထဲခွံ့ကြပါတော့တယ်။ ဥပမာ မိဘတွေထမင်းစားရင် လာမျှော်ကြည့်တဲ့အခါ၊ ဟိုဆွဲဒီဆွဲလာရှုပ်တဲ့အခါငြိမ်အောင်လို့ ကြက်ဥလေးကျွေးလိုက်တာမျိုး၊ အသီးစားရင်သေးသေးလေးဖဲ့ကျွေးတာမျိုး၊ကော်ဖီနည်းနည်းတိုက်လိုက်တာမျိုး ရှိနိုင်ပါတယ်။ ကိုယ်ကတော့ အရသာအသစ်တွေ မြည်းစမ်းနိုင်ဖို့ နည်းနည်းလေးကျွေးတာ ဘာမှမဖြစ်လောက်ဘူးထင်နေပေမယ့် အရာရာတိုင်းတော့မကောင်းပါဘူး။ ခပ်ပျော့ပျော့အစားအစာပဲဖြစ်ဖြစ်၊ […]


ကလေးငယ်အာဟာရ

မုယောစပါးအချိုရည် (malt milk) က ထင်သလောက်ဘေးကင်းရဲ့လား

မုယောစပါးထွက်အားဖြည့်အချိုရည်တွေ (Malk milk) တို့လိုမျိုးသောက်စရာတွေကနေ့စဉ်စားသောက်မှုပုံစံတွေရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်နေရာယူလာကြသလို အာဟာရဖြစ်စေတယ်၊လို့ အများကလက်ခံ ယုံကြည်ထားကြပါတယ်။ အာရှဒေသမှာဆိုရင် malt milkတွေကိုတော်တော်လေးသောက်လာကြတယ်လို့လေ့လာမှုတွေအရသိရပါတယ်။ မိခင်တွေက ကလေးတွေအတွက် ကောင်းကျိုးတွေရှိတယ်ဆိုတဲ့ကြော်ငြာချက်တွေကြောင့် သူတို့ရဲ့ ကလေးတွေကိုဈေးကွက်ထဲက နာမည်ကြီးတဲ့ Malt milkတွေကို စိတ်ချလက်ချတိုက်ကျွေးနေမိမယ်ထင်ပါတယ်။ malt milkတွေကို မကောင်းဘူးလို့ ဆိုချင်တာတော့ မဟုတ်ပါဘူး။ malt milkတွေကို အသင့်အတင့်သောက်သုံးတာက ကျန်မာရေးနဲ့ကိုက်ညီတယ်ဆိုပေမယ့် အများကြီးသောက်မိရင်တော့ ကယ်လ်လိုရီတွေ အများကြီးစားသုံးမိသလိုဖြစ်ပြီး ကောင်းကျိုးထက် ဆိုးကျိုးတွေသာ ပိုများပါလိမ့်မယ်။ ဒါကြောင့် malt milkတွေကို ကလေးတွေကို တိုက်ကျွေးချင်တယ်ဆိုရင် မတိုက်ကျွေးခင်မှာ ကလေးအတွက် သင့်တော်ရဲ့လားဆိုတာကို ဆရာဝန်နဲ့ အရင်တိုင်ပင်တာဖြစ်ဖြစ် ဖတ်ရှုလေ့လာတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။ အခုနောက်ပိုင်းမှာ ကျန်းမာရေးအတွက် အထောက်အပံ့ပေးတယ်ဆိုပြီး ထုတ်လုပ်ထားတဲ့သောက်စရာတွေက အမှုန့်ပုံစံနဲ့ထုတ်လုပ်ထားတာဖြစ်ပြီး နို့နဲ့ရောသောက်တာမျိုးဖြစ်ဖြစ်ရေနွေးနဲ့ရောစပ်ပြီးသောက်တာမျိုးဖြစ်ဖြစ်သောက်လို့ရပါတယ်။ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ဖြည့်စွက်အာဟာရသောက်စရာတွေကလည်းတော်တော်လေးများတာကြောင့် အကောင်းဆုံးက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာဖို့ မိခင်ရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိအရေးကြီးလဲ

မိခင်တွေရဲ့ ဂရုစိုက်မှုကိုခံရတဲ့ ကလေးလေးတွေက ပိုပြီးပျော်ရွှင်တတ်ကြသလို ပိုပြီးလည်း ထူးချွန်ထက်မြက်တတ်ကြပါတယ်။ မိခင်တွေက သားသမီးတွေရဲ့ လမ်းပြကြယ်တွေလို့ဆိုရင် လူတိုင်းလက်ခံမယ်ထင်ပါတယ်။ ကလေးတွေရဲ့ ပင်ကိုအသိကိုက မိခင်တွေကို ပိုအားကိုးတာပါ။ ကလေးတွေကို ရင်အုပ်မကွာစောင့်ရှောက်ရာမှာလည်း မိခင်တွေက ဖခင်တွေထက်ပိုပြီးတော်ကြပါတယ်။ အမျိုးသမီးတစ်ဦးအနေနဲ့လည်း မိခင်တစ်ယောက်ဘဝကိုရောက်လာပြီဆိုရင် အရာရာကပြောင်းလဲလာသလို စိတ်ဝင်စားစရာတွေနဲ့ပြည့်နေတဲ့ ဘဝအစိတ်အပိုင်းတစ်ခုကိုရောက်လာတာပါပဲ။ ကလေးတစ်ယောက်ကောင်းမွန်စွာကြီးပြင်းလာစေဖို့အတွက် မိခင်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်အထိအရေးပါလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ မိခင်နဲ့ ကလေးကြားမှာချစ်ခင်မှုတွေနဲ့ပြည့်နှက်နေတဲ့ ဆက်ဆံရေးရှိနေဖို့က ကလေးတစ်ယောက် ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေဖို့အတွက် အရေးအပါဆုံး စိတ်အပိုင်းပါ။ ကိုယ့်ရဲ့ ရင်သွေးကို မိခင်ဖြစ်သူကနွေးနွေးထွေးထွေး ကြင်ကြင်နာနာနဲ့ပြောဆိုဆက်ဆံတာက ကလေးတစ်ယောက်ကောင်းမွန်စွာနဲ့ ကြီးထွားဖွံ့ဖြိုးလာစေဖို့ အရေးပါတဲ့အခြေခံအုတ်မြစ်ဖြစ်သလို ကလေးကို ကောင်းမွန်တဲ့ လူရွယ်လေး အဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်ရာမှာလည်း အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ကလေးကို ချစ်ချစ်ခင်ခင်နဲ့ပျိုးထောင်ပေးမှုက ဘာကြောင့်အရေးပါတာလဲ မိခင်နဲ့ကလေးကြားကဆက်ဆံရေးက ကလေးရဲ့ ပတ်ဝန်းကျင်ပေါ်အမြင်နဲ့ ကလေးရဲ့ဖွံ့ဖြိုးမှုအပါအဝင် အရာရာပေါ်မှာ သက်ရောက်မှုရှိနေတာပါ။ မိခင်နဲ့သူတို့လေးတွေကြားက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း