ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို ပျိုးထောင်ပေးနေတဲ့နည်းလမ်း မှန်ကန်ရဲ့လား

မိဘတိုင်းက ကိုယ့်သားသမီးကိုချစ်ကြတယ်ဆိုတာ တိုင်းဆမရတဲ့မေတ္တာနဲ့ပါ။ သူတို့လေးတွေ လူ့လောကထဲရောက်လာတည်းက ပိုးမွေးသလိုမွေးခဲ့ရတဲ့ မိဘတိုင်းရဲ့မျက်လုံးထဲတော့ သားသမီးဆိုတာ အမြဲတမ်းကလေးလေးတွေပါပဲ။ ဒါပေမယ့် သဘာဝတရားက ဒီအတိုင်းမနေပါဘူး။ ကလေးတွေက တဖြည်းဖြည်းကြီးပြင်းလာရမှာ သဘာဝပဲမို့ အမြဲပဲ ကလေးလို အလိုလိုက်၊ချော့မြှူပြီးထားလို့မရဘူးဆိုတာ မိဘတွေ သတိချပ်ဖို့လိုပါလိမ့်မယ်။ အနှီးလေးနဲ့ပတ်ထားတဲ့ဘေဘီပိစိအရွယ်ကနေလေးဘက်ထောက်တတ်တဲ့အရွယ်၊ လမ်းလျှောက်တတ်တဲ့အရွယ်၊ကျောင်းတက်ရမယ့်အရွယ် စသည်ဖြင့် ကြီးပြင်းလာတာနဲ့အမျှ သူတို့လေးတွေရဲ့သိတတ်နားလည်မှုတွေကလည်းပြောင်းလဲလာပါတယ်။ ငယ်ရွယ်စဉ်မှာ ဖယောင်းရုပ်လို ပုံသွင်းလို့ရတဲ့အရွယ်မို့ ကလေးတွေကိုအမူအကျင့်ကောင်းတွေရရှိစေဖို့က မိဘတွေရဲ့တာဝန်ပါပဲ။ သွန်သင်မှု၊ ပျိုးထောင်မှုနည်းလမ်းမှန်ကန်မှ ကလေးတွေရဲ့အနာဂတ်လမ်းဖြောင့်ဖြူးအောင်မြင်မှာဖြစ်လို့ ငယ်ရွယ်စဉ်အချိန်က အရေးကြီးဆုံးပါပဲ။ ကလေးတွေကို စည်းကမ်းတင်းကျပ်ပြီးပုံစံချလွန်းတာမကောင်းသလို သွန်သင်ထိန်းကျောင်းမှုမရှိလို့လည်းမဖြစ်ပါဘူး။ ကလေးတွေကို ပျိုးထောင်ရာမှာလည်း နည်းလမ်းမှန်ကန်ဖို့ကအရေးကြီးပါတယ်။ ကလေးတွေကို သွန်သင်ထိန်းကျောင်းရင်း မိဘတွေလုပ်မိတတ်တဲ့ အမှားတွေရှိပါတယ်။ မသိလိုက်ဘဲလုပ်မိနေတဲ့ နည်းလမ်းမှားတွေက ကလေးတွေရဲ့ကြီးပြင်းမှုမှာ အကျိုးဆက်မကောင်းတဲ့ဂယက်တွေဖြစ်လာစေနိုင်ပါတယ်။ အခု သင့်ကလေးကို ပျိုးထောင်တဲ့နည်းလမ်းကရောမှန်ကန်ရဲ့လားဆိုတာ အောက်မှာဖော်ပြထားတဲ့ မိဘတွေရဲ့အမှားတွေကိုကြည့်ရအောင်။ အမှားလုပ်တိုင်း အပြစ်ပြောခြင်း ကလေးတွေအမှားလုပ်တိုင်းအပြစ်ပြောတာက ရှက်ရွံ့စိတ်နဲ့ ချိုးနှိမ်ခံရမှုကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်နည်း

မိဘတိုင်းကတော့ သူတို့ရဲ့ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းစေချင်ကြမှာပါ။ ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်လို့ရတဲ့နည်းတွေရှိတယ်ဆိုရင် မိဘတိုင်းစိတ်ဝင်စားကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာအောင် ဘယ်လိုပျိုးထောင်ပေးလို့ရလဲဆိုတာက ဆက်ကြည့်လိုက်ရအောင်ပါ။ ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ပျိုးထောင်ကြမယ် ကလေးတွေရဲ့ လက်ဦးဆရာက မိဘတွေပါ။ ကလေးတွေဆိုတာက ဖယောင်းလေးတွေလိုပါပဲ။ ပုံသွင်းတဲ့အတိုင်းဝင်တဲ့အရွယ်လေးတွေပါ။ ကလေးကို ငယ်စဉ်ကတည်းကသေချာပျိုးထောင်ပေးမယ်ဆိုရင် ကလေးကကောင်းမွန်စွာနဲ့ကြီးပြင်းအရွယ်ရောက်လာမှာ အသေအချာပါပဲ။ (၁) ကလေးတွေကို ချစ်ပေးပါ - ဒါက သိပြီးသားအကြောင်းအရာလို့ထင်စရာရှိပါတယ်။ ဒါပေမယ့်လည်း ကလေးကိုချစ်ခြင်းမေတ္တာပေးဖို့က အရေးကြီးဆုံးအချက်တစ်ခုပါ။ သင့်အနေနဲ့ အားနည်းချက်ရှိနေရင်ဖြစ်ဖြစ် ဘယ်လိုပဲဖြစ်နေနေ ကလေးကိုတော့ ချစ်ခြင်းမေတ္တာတွေအကန့်အသတ်မရှိပေးနိုင်ပါတယ်။ ကလေးတွေအနေနဲ့ မိသားစုတွေဆီကနေ ချစ်ခြင်းကိုလက်ခံရရှိသင့်သလို သူငယ်ချင်းတွေ၊ အတန်းဖော်တွေ နဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ချစ်ခြင်းတွေကိုရရှိဖို့လိုအပ်ပါတယ်။ မတော်တဆက ကလေးကိုအော်ငေါက်မိတာ၊ အသံမာမာနဲ့ပြောမိတာမျိုးရှိခဲ့ရင် ကလေးကိုနွေးနွေးထွေးထွေးပွေ့ဖက်ပြီး သင့်အနေနဲ့ ကလေးကိုချစ်ကြောင်းပြောပြပြီးအော်ငေါက်မိတာအတွက် စိတ်မကောင်းတဲ့အကြောင်းပြောပြပေးပါ။ အကန့်အသတ်မဲ့တဲ့ ချစ်ခြင်းမေတ္တာတွေက ကလေးအတွက် […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

စာမေးပွဲဖြေရမယ့် ကလေးတွေကို ဘယ်လိုဂရုစိုက်အားပေးမလဲ

စာမေးပွဲအချိန်တွေဆို ကလေးတွေရော မိဘတွေပါ စိတ်လှုပ်ရှားပင်ပန်းကြရတာအမှန်ပါပဲ။ဖြေဆိုမယ့်ကလေးတွေရဲ့စိတ်ဖိစီးမှုကတော့ ပိုသိသာတာပေါ့။ "ငါစာတွေတကယ်ရရဲ့လား၊ ဘာများကျန်နေသေးလဲမသိဘူး၊ ငါထပ်ရောကျက်နိုင်ပါတော့မလား၊ အချိန်ကသိပ်မကျန်တော့ဘူး၊ စာတွေမှတ်မိပါ့မလား" စတဲ့မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ်ပြန်ထုတ်ရင်းခေါင်းပိုရှုပ်နေရတတ်ပါတယ်။ ဒီဘာသာကိုတော့ပိုင်ပြီ ဟိုဘာသာရပ်ကိုကြောက်တာ စတဲ့ စိုးရိမ်မှုတွေကလည်း ရှိနေပြန်တဲ့အခါ ရပြီးသားစာတွေကိုပြန်နွှေးတာတောင် အခက်တွေ့ရတတ်ပါတယ်။ အခုဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြရတော့မှာပါ။ တက္ကသိုလ်ဝင်တန်းဆိုတာ ကလေးတွေရဲ့အသက်မွေးပညာလမ်းကြောင်းကို အပြောင်းအလဲဖြစ်စေမယ့် အချိုးအကွေ့တစ်ခုဖြစ်တာကြောင့် မိဘတွေကလည်း အရမ်းကိုမျှော်လင့်ထားကြတဲ့စာမေးပွဲပါ။ ဒီလိုစာမေးပွဲကာလမှာ အဆင်ပြေချောမွေ့စွာနဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ ကိုယ့်ကလေးတွေကိုဘေးကအားပေးကူညီကြတဲ့ မိဘတွေရဲ့ပံ့ပိုးမှုကလည်း အရေးကြီးပါတယ်။ ပျင်းနေတဲ့ကလေးကို စာကြိုးစားအောင်၊ စာကြိုးစားတဲ့ကလေးကို အတိမ်းအစောင်းမဖြစ်အောင်၊စေ့စပ်သေချာတဲ့ကလေးကို ပိုအောင်မြင်အောင် ပံ့ပိုးနိုင်သလို ဖိအားတွေများလွန်းလို့ သို့မဟုတ် ထိန်းသိမ်းတဲ့နည်းလမ်းမမှန်လို့ ကလေးရဲ့အရည်အချင်းတွေ တိမ်ငုပ်သွားစေတာလည်း မိဘတွေရဲ့လက်ထဲမှာပါပဲ။ ဘယ်လိုအားပေးကူညီမလဲ ကလေးမှာ စိတ်ဖိစီးနေတဲ့လက္ခဏာတွေရှိလာသလားစောင့်ကြည့်ပါ ကလေးက အရမ်းစိတ်ပူပန်နေမယ်၊ ထိလွယ်ရှလွယ် စိတ်ခံစားချက်ပြင်းထန်နေမယ်၊ခေါင်းကိုက်တာ ဗိုက်အောင့်တာတွေဖြစ်လာတယ်၊စိတ်ဆတ်လာတယ်၊ကောင်းကောင်းအိပ်မပျော်ဘူး၊ အစားစားဖို့သိပ်စိတ်မပါတော့ဘူး၊စိတ်အလိုမကျတဲ့ပုံဖြစ်လာတယ် စတဲ့စိတ်ဖိစီးမှု လက္ခဏာတွေရှိလာနိုင်ပါတယ်။ မိဘတွေအနေနဲ့သတိထားမိတဲ့အခါ ကလေးကို ပိုဂရုစိုက်ပေးရပါမယ်။ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ချိုတိုက်ကျွေးခြင်းနဲ့ပတ်သက်ပြီး မိခင်တွေသိသင့်သမျှ

နို့တိုက်ကျွေးခြင်းနဲ့ပတ်သက်ပြီး မိခင်တွေသိသင့်သမျှ ကလေးမွေးဖွားလာပြီဆိုရင် မိခင်နို့တိုက်ကျွေးတယ်ဆိုတာသဘာဝပဲဆိုပေမယ့် သားဦးမွေးတဲ့မိခင်တိုင်းအတွက်တော့ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ မကြုံဖူးသေးတဲ့မိခင်တွေအနေနဲ့ နို့တိုက်ကျွေးတာနဲ့ပတ်သက်ပြီးသိချင်တာလေးတွေ မေးဖို့ရှက်နေတာမျိုးလည်းရှိနိုင်ပါတယ်။ မသေချာမှုတွေ၊စိတ်ပူပန်မှု၊စိတ်လှုပ်ရှားမှုတွေနဲ့ပေါ့။ ဒါပေမယ့် သိထားရမှာကအစပိုင်းမှာအခက်အခဲရှိနိုင်တယ်ဆိုပေမယ့် ကလေးအတွက်ရော၊ ကိုယ့်အတွက်ပါ စိတ်ရှည်ဖို့လိုပါတယ်။ မိခင်နို့ မဖြစ်မနေတိုက်ဖို့လိုလား မိခင်နို့တိုက်ခြင်းကကလေးအတွက်ရောမိခင်အတွက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတာသုတေသနတွေကသက်သေပြပြီးဖြစ်ပါတယ်။ မိခင်နို့မှာသဘာဝအလျောက် ပဋိပစ္စည်းတွေပါဝင်ပြီးဖြစ်သလို ကလေးရဲ့ပထမခြောက်လအတွင်းလိုအပ်သမျှ အာဟာရဓါတ်တွေအကုန်ပါရှိပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက ကလေးတွေမှာအစားအစာဓါတ်မတည့်မှုနဲ့ ကိုယ်အလေးချိန်များခြင်းဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်တယ်လို့ သုတေသနအသစ်တွေကဖော်ပြထားပါတယ်။ ကလေးနို့မှုန့်တွေကိုမိခင်နို့အစားတိုက်ကျွေးလို့ရတယ်ဆိုပေမယ့် ကျန်းမာရေးပညာရှင်တွေကတော့ မိခင်နို့ကကလေးအတွက်အကောင်းဆုံးလို့ လက်ခံယူဆကြပါတယ်။ မိခင်အတွက်ဆိုလည်းကလေးကိုနို့တိုက်ကျွေးခြင်းဖြင့် သားဥအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာကိုကာကွယ်နိုင်ပါတယ်။ ကလေးကိုနို့တိုက်ကျွေးတဲ့အခါ သားအမိကြားကမေတ္တာကြိုးပိုခိုင်မာစေတဲ့အပြင် prolactin နဲ့ oxytocin လို့ခေါ်တဲ့ မိခင်ဟော်မုန်းတွေထွက်ရှိစေပါတယ်။ prolactin က ကလေးမွေးပြီးနောက်ပိုင်းမိခင်မှာစိတ်ခံစားချက်အပြောင်းအလဲဖြစ်ခြင်း(baby blues)ကိုဟန့်တားပေးနိုင်ပြီး oxytocin က မွေးလမ်းကြောင်းအတွက် ကောင်းကျိုးပြုပါတယ်။ နို့တိုက်ကျွေးခြင်းအားဖြင့် မိခင်တွေရဲ့ကိုယ်အလေးချိန်ကိုကိုယ်ဝန်မဆောင်ခင်ကအတိုင်းပြန်ဖြစ်စေဖို့လည်းအထောက်အကူပြုပါတယ်။ နို့တိုက်တယ်ဆိုတာနဲ့ရပြီလား ကလေးကိုမိခင်နို့သောက်သုံးစေချင်ပေမယ့် နို့တိုက်ရတဲ့ကိစ္စကိုမကြိုက်တဲ့မိခင်တွေရှိပါတယ်။ ကိုယ်ပိုင်ရွေးချယ်မှုမို့ နို့ညှစ်ပြီးကလေးကိုနို့ဗူးနဲ့ပြန်တိုက်တာကအဆင်ပြေတယ်ဆိုလည်းလုပ်လို့တော့ရပါတယ်။ မိခင်နို့ကိုကလေးကစို့လိုက်တဲ့အခါ နှိုးဆွမှုကိုဖြစ်စေပြီးနို့ရည်ထွက်လာတာပါ။ နို့ကိုညှစ်ထုတ်တဲ့အခါတော့ နှိုးဆွရခက်ခဲတဲ့အတွက် ကလေးကိုတိုက်ရိုက်နို့မတိုက်တဲ့မိခင်တွေမှာနို့ရည်လမ်းကြောင်းပိတ်ဆို့ခြင်းခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ကလေးကိုရောဂါပိုးမရရှိစေဖို့အတွက် နို့ညှစ်ကိရိယာကိုသန့်စင်ဖို့အရေးကြီးပါသေးတယ်။ ဒါ့ကြောင့် […]


ကလေးအစာခြေစနစ်ပြဿနာများ

ဖေဖေမေမေတို့သိထားသင့်တဲ့ ကလေးတွေရဲ့ အစာခြေစနစ်ပြဿနာတွေ

အရွယ်သုံးပါးလုံးအတွက် ကျန်းမာဖို့က အရေးကြီးဆုံးဆိုရင် သဘောတူကြမယ်ထင်ပါတယ်နော်။ လူတစ်ယောက်ကျန်းမာဖို့အတွက် အရေးအကြီးဆုံးအချက်က အစာခြေစနစ်ကောင်းမွန်နေဖို့ပါ။ အသက်အရွယ်ကြီးရင့်လာသူတွေအနေနဲ့ ဘယ်အစားအစာက ကိုယ်နဲ့တည့်တယ် မတည့်ဘူးဆိုတာကို ကိုယ်တိုင်ရွေးချယ်နိုင်ပေမယ့် ကလေးတွေကတော့ဖေဖေ အထူးသဖြင့်မေမေတွေက ဂရုစိုက်ပေးမှရမှာပါ။ အခုတစ်ခေါက်တော့ ကလေးတွေမှာ အဖြစ်များတဲ့ အစာခြေပြဿနာလေးတွေနဲ့မေမေတို့အနေနဲ့ ကိုယ့်ရင်သွေးလေးမှာ အစာခြေစနစ်ဆိုင်ရာပြဿနာတွေမဖြစ်အောင်ဘယ်လိုကာကွယ်စောင့်ရှောက်ပေးလို့ရမလဲဆိုတာကိုပြောပြပေးပါရစေ။ ကလေးလေးတွေမှာ ဘာကြောင့် အစာခြေပြဿနာဖြစ်ရတာလဲ ကလေးတွေရဲ့ အစာခြေစနစ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အနေအထားတွေကတော်တော်လေးတော့များပါတယ်။ အချို့ အစာခြေစနစ်နဲ့ပတ်သက်တဲ့ပြဿနာတွေက သိမြင်လွယ်ပါတယ်။ ကလေးကဗိုက်အောင့်နေတာ၊ ဝမ်းချုပ်နေတာမျိုးကတော့မေမေတွေအနေနဲ့ အလွယ်တကူသတိထားမိနိုင်ပါတယ်။ အချို့အစာခြေပြဿနာတွေကတော့ အလွယ်တကူသိဖို့ဆိုတာ မလွယ်ပါဘူး။ အစာချက်တဲ့လုပ်ငန်းစဉ်အတွင်း စားလိုက်တဲ့အစားအသောက်တွေထဲမှာပါလာတဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်ဖို့ အစာခြေစနစ်က စားလိုက်သမျှအစာအစာတွေကို ချေဖျက်လိုက်ပါတယ်။ ကလေးတွေရဲ့ အစာခြေစနစ်က အပြည့်အဝမဖွံဖြိုးသေးတာကြောင့် အစားအသောက်တိုင်းကို ချေဖျက်ဖို့ကမလွယ်ပါဘူး။ ဒါကြောင့် ကလေးတွေမှာ အစာခြေစနစ်ပြဿနာက လူကြီးတွေထက် ပိုဖြစ်လွယ်ပါတယ်။ ကလေးတွေမှာ အစာခြေစနစ်ပြဿနာ အများဆုံးဖြစ်ရတဲ့ အကြောင်းအရင်းက ကျန်းမာရေးနဲ့မညီညွတ်တဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးရဲ့ဦးနှောက်နဲ့အမြင်အာရုံကောင်းမွန်စွာ ဖွံ့ဖြိုးလာစေဖို့ ဘယ်လိုလုပ်ဆောင်ပေးကြမလဲ

အူဝဲ အူဝဲ ဆိုတဲ့အသံလေးနဲ့ လူ့လောကထဲရောက်ရောက်ချင်းမှာတော့ ဘာကိုမှမသိသေးတဲ့ကလေးတွေပါ။ ဒါပေမယ့် သူတို့တွေရဲ့ဦးနှောက်က အမေ့ဝမ်းထဲမှာတည်းက အချိန်နဲ့အမျှဖွံ့ဖြိုးလာခဲ့တာဖြစ်ပြီး အရွယ်ရောက်တဲ့အခါ ဉာဏ်ရည်မြင့်စေဖို့ အခုချိန်က အခြေခံဖြစ်ပါတယ်။ မွေးလာပြီး မျက်စိပွင့်ကတည်းက သူ့ရဲ့ကမ္ဘာသစ်ကို ကလေးက စူးစမ်းတော့မှာပါ။ မွေးကင်းစမှာ အလင်းရောင်ရှိတဲ့ဘက်ကို လိုက်ကြည့်တတ်တာ၊ သူနဲ့အနီး စင်တီမီတာ ၂၀ လောက်အကွာမှာရှိတဲ့ အရာဝတ္ထုတွေကို အာရုံစိုက်ကြည့်နိုင်တာ၊ သေချာမမှတ်မိသေးပေမယ့် မျက်နှာကိုပဲ သေချာကြည့်တတ်တာတွေနဲ့ အမြင်အာရုံစတင်ဖွံ့ဖြိုးလာပါတယ်။ ကလေးတွေရဲ့ပထမဆုံးဖွံ့ဖြိုးမှုအဆင့်ဖြစ်တဲ့ အသက် တစ်လကနေသုံးလအတွင်းမှာ ပြင်ပလောကမှာ နေထိုင်ကျင့်သားရဖို့အတွက် ခန္ဓါကိုယ်ရော ဦးနှောက်ရောပြောင်းလဲဖွံ့ဖြိုးလာပါတယ်။ပြုံးတတ်ရယ်တတ်လာမယ်၊ လှမ်းခေါ်ရင်သိလာမယ်၊ မျက်နှာတွေရင်းနှီးပြီး လူတွေမှတ်မိလာမယ်၊ နာမည်လေးခေါ်ရင် သိလာမယ်၊ အရာဝတ္ထုတွေကို လက်နဲ့ဆုပ်ကိုင်တတ်လာမယ်၊ စသည်ဖြင့် တိုးတက်မှုတွေက အများကြီးပါ။ ကလေးတွေရဲ့ဦးနှောက်က ဖွံ့ဖြိုးဆဲကာလဖြစ်တဲ့အတွက် မျက်စိကမြင်သမျှနဲ့ ဦးနှောက်ကသိနိုင်စွမ်း အပြည့်အဝမချိတ်ဆက်နိုင်သေးပါဘူး။ ချိတ်ဆက်မှုကောင်းမွန်မှ ကလေးရဲ့လေ့လာသင်ယူနိုင်စွမ်း၊ မှတ်ဉာဏ်နဲ့ ကျန်းမာဖွံ့ဖြိုးမှုတွေရလဒ်ကောင်းစေနိုင်မှာဖြစ်ပါတယ်။ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတွေ ဦးနှောက်ဖွံ့ဖြိုး ဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်

ဦးနှောက်ဖွံ့ဖြိုး မှုဆိုတာ ကလေးတိုင်းအတွက် အရေးပါပါတယ်။ ဦးနှောက်ကောင်းကောင်း ဖွံ့ဖြိုးမှ ငယ်စဉ်မှာ အထိုင်အထ နောက်မကျမှာ ဖြစ်သလို ကြီးလာလို့ စာသင်ကြားတဲ့အခါမှာလည်း စာတွေလိုက်နိုင်ပြီး ထက်မြက်တဲ့ ကလေးဖြစ်လာမှာပါ။ မေမေတို့ ဖြစ်စေချင်တာလည်း ဒါပဲဟုတ်။ ဒီလို ဖြစ်ဖို့ ကလေးတွေရဲ့ အစားအစာတွေထဲမှာ အာဟာရဓာတ်တစ်မျိုး ဖြည့်စွက်ပေးဖို့ လိုတယ်ဆိုတာ မေမေတို့ သိပြီးပြီလား။ ကလေးတွေ ဦးနှောက်ဖွံ့ဖြိုး ဖို့လိုအပ်တဲ့ DHA ဆိုတာက DHA ရဲ့ အဓိပ္ပာယ်အပြည့်အစုံကDocosahexaenoic acid လို့ခေါ်ပါတယ်။ DHA က ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုး မှုအတွက်အရေးပါသလို အရွယ်ရောက်ပြီးသူတွေရဲ့ ဦးနှောက်ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက်လည်း DHA ကိုလိုအပ်ပါတယ်။ ကလေးတွေစားသုံးမယ့်အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပြီး အပြန်အလှန်အားဖြင့် DHA ချို့တဲ့နေမယ်ဆိုရင် ကလေးတွေ သင်ယူနိုင်စွမ်းအားနည်းနိုင်ပါတယ်။ DHA က […]


မိခင်နို့တိုက်ကျွေးခြင်း

Mastitis (နို့နာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Mastitis (နို့နာ ) ကဘာလဲ။ နို့နာ ဆိုတာ နို့တိုက်မိခင်တွေ ရဲ့ ရင်သားမှာ နီရဲ နာကျင်နေပြီး ဖျားချင်သလိုလို မအီမသာ ဖြစ်နေတတ်တာ ဖြစ်ပါတယ်။ မီးဖွားပြီး ၆ ပတ်အတွင်းမှာ အများဆုံး ဖြစ်တတ်ပါတယ်။ Mastitis (နို့နာ ) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကို ရှောင်ခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ ထပ်သိချင်တာတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။   လက္ခဏာများMastitis (နို့နာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရင်သားကို ထိလိုက်ရင် နွေးနေပြီး နူးညံ့နေတတ်ပါတယ်။ ဖျားချင်သလိုလို ခံစားနေရပါမယ်။ ရင်သားရောင်ရမ်းနေပါမယ်။ နို့တိုက်နေတဲ့ အချိန်မှာ ဆက်တိုက် ဆိုသလို ပူလောင်နာကျင်တာကို ခံစားနေရပါမယ်။ အရေပြားတွေ နီရဲနေပြီး ပုံစံက ခပ်ချွန်ချွန် ဖြစ်နေပါမယ်။ အပူချိန် ၁၀၁ ဒီဂရီ ဖာရင်ဟိုက် (၃၈.၃ ဒီဂရီဆဲလ်စီးယပ်စ်) ထက် မြင့်နေပါမယ်။   နို့နာဟာ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

Asperger Syndrome (အက်စ်ပါးဂါးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Asperger Syndrome (အက်စ်ပါးဂါးရောဂါ) ကဘာလဲ။ ၂၀၁၃ထုတ်ဒီအက်အမ် ဖိုက် ရောဂါအတည်ပြုမှုတွင်အက်စ်ပါးဂါးရောဂါကို စိတ်ကွန့်မြူးခြင်း၏အမျိုးအစားတစ်ခုဟုဆိုသည်။ အက်စ်ပါးဂါးရောဂါသည် ခန္ဓါကိုယ်၏အဓိကလုပ်ဆောင်ရေများပြီးဆုံးသွားသောရောဂါတစ်မျိုးဖြစ်သည်။ ကလေးငယ်များတွင်ဖြစ်ပါက ပတ်ဝန်းကျင်နှင့် မဆက်ဆံခြင်း၊ စိတ်သိပ်မဝင်စားခြင်း၊ ကိစ္စတခုတည်းအားထပ်ခါထပ်ခါလုပ်ခြင်းတို့ပြုလုပ်တတ်သည်။ လှုပ်ရှားမှုစနစ်နှေးကွေးခြင်းကြောင့် လက်တုန်ခြင်း လှုပ်ရှားမှုများအတူတကွမလုပ်ဆောင်နိုင်ခြင်းတို့ဖြစ်တတ်သည်။ စိတ်ကွန်မြူး၏အခြားပုံစံများနှင့်နှိုင်းယှဉ်မည်ဆိုပါက ဘာသာစကားသင်ယူခြင်း ဆုံဖြတ်နိုင်ခြင်းစွမ်းရည်တို့နည်းတတ်သည်။ အချို့တွင် အရွယ်စော၍စကားလုံးများပြောတတ်သည်(စိတ်ဝင်စားမှုများတတ်သူတွင်ပိုဖြစ်တတ်သည်) Asperger Syndrome (အက်စ်ပါးဂါးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အက်စ်ပါးဂါးရောဂါအပါအဝင် စိတ်ကွန့်မြူးခြင်းသည် ထင်တာထက်ပိုများများဖြစ်တတ်သည်။ ယူကေတွင် စိတ်ကွန့်မြူးခြင်းခံစားနေရသူ၇၀၀၀၀၀ ယောက် တစ်ရာတွင်တယောက်ထိရှိသည်။ အက်စ်ပါးဂါးရောဂါ သည် မည့်လူမျို့းဘာသာ၊ ပတ်ဝန်းကျင်တွင်မဆိုဖြစ်တတ်သော်လည် ယောက်ျားလေးများတွင်ပိုပေါ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAsperger Syndrome (အက်စ်ပါးဂါးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ အောက်ပါအပြုအမူပြောင်းလဲခြင်းများသည် အက်စ်ပါးဂါးရောဂါနဲ့သက်ဆိုင်နိုင်ပါသည်။ သို့သော် တယောက်ထဲတွင် အကုန်တွေ့နိုင်ခြင်းတော့ရှားသည်။ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိအောင်မဆက်ဆံနိုင်ခြင်း စကားအားစက်ရုပ်ကဲ့သို့ သို့မဟုတ် ခဏခဏပြောခြင်း စကားလုံးမပါပဲဆက်ဆံခြင်း(မျက်နှာပုံ အပြုအမူများ) သည်စကာလုံးပြောဆက်ဆံခြင်းထက်ပိုစွမ်းဆောင်နိုင်သည်။ ကိုယ်တယောက်ထဲစကားပြောတတ်သည် ပတိဝန်းကျင် ၊ခံစားချက်ဆိုင်ရာ သို့မဟုတ် အချို့စာလုံးများကိုနားလည်ရန်ခက်ခဲခြင်း တစ်ပါးသူအကြည့်အားရှောင်လွဲခြင်း အကြောင်းအရာတခုအား ထပ်တလဲလဲ ပြောနေခြင်း ကိုယ်ဘက်ကပဲစကားပြောနေခြင်း လှုပ်ရှားမှုမမှန်ကန်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာ အစာအိမ်အနာနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

အစာအိမ် သို့ ခန္ဓာကိုယ်အတွင်းပိုင်းရှိ ကိုယ်တွင်းအင်္ဂါများ၏ နံရံများပေါက်ပြဲကာ အနာဖြစ်ခြင်းဖြစ်ပါတယ်။ ထိုအနာတွေကြောင့် ပုံမှန်လုပ်ဆောင်နေကျလုပ်ငန်းစဉ်တွေ ထိခိုက်တာမျိုးဖြစ်နိုင်ပါတယ်။ အနာအမျိုးအစားတွေကတော့ အမျိုးမျိုးပါပဲ။ မျိုးပွားအင်္ဂါတွင် ပေါက်သောအနာ၊ ဆီးချိုသွေးချိုကြောင့်ခြေထောက်တွင် ပေါက်သောအနာ၊ အစာအိမ်၊ အူအနာ၊ ပါးစပ်အနာ စသည်ဖြင့်ပါ။ အစာအိမ်၊ အူတို့မှာပေါက်သောအနာက အဖြစ်အများဆုံးဖြစ်ပြီး ၃ မျိုး ၃ စားရှိပါတယ်။ အူသိမ်ဦးပိုင်းတွင်ပေါက်သောအနာ - အဖြစ်အများဆုံးဖြစ်ပါတယ်။ အစာအိမ်တွင်ပေါက်သောအနား - အဖြစ်နည်းပါတယ်။ အစာရေမျိုပြွန်အနာ - ရှားပါးပြီး အစာရေမျိုပြွန်တွင်ပေါက်သောအနာဖြစ်တယ်။ ဆရာဝန်တွေအပါအဝင်လူအများစုက ကလေးတွေမှာ အစာအိမ်အူအနာပေါက်နိုင်ချေနည်းတယ်လို့ထင်ကြပါတယ်။ ဒါပေမယ့် တချို့သောလေ့လာမှုတွေအရ ကလေးတွေမှာလည်း အစာအိမ်၊ အူအနာများပေါက်နိုင်ကြောင်းဆိုထားပါတယ်။ အကြောင်းအရင်းများ အစာအိမ်၊ အူ အနာများပေါက်ရခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းကတော့ H.pylori လို့ခေါ်တဲ့ ဘတ်တီးရီးယားတစ်မျိုးကြောင့် (သို့မဟုတ်)အကိုက်အခဲပျောက်ဆေး အသုံးများသောကြောင့်ဖြစ်တယ်။ သို့သော် ကလေးတွေမှာ လူကြီးတွေနဲ့မတူဘဲ H.pylori […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း