ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကိုချစ်ရင် မနမ်းပါနဲ့

ချစ်လိုက်တာနော်။ အသည်းယားလာပြီ အာဘွားတွေလှိမ့်ပေးပစ်လိုက်မယ်ဆိုတာကို စကားအဖြစ်နဲ့ပဲပြောပါနော်။ ဘေဘီလေးကို တကယ်မနမ်းပါနဲ့။ ကလေးကိုနမ်းတာက ချစ်လို့လုပ်တဲ့ အပြုအမူဆိုပေမယ့် ကလေးကို ချစ်ရာမရောက်တာတော့ အမှန်ပါပဲ။ ဒီဆောင်းပါးလေးကနေတဆင့်ပြောချင်တာက ကလေးကို ကိုယ်တိုင်ရော သူစိမ်းတွေကနမ်းတာမျိုး မဖြစ်အောင်ပါ ဂရုစိုက်ပါနော်။ ဘေဘီလေးကိုနမ်းမလို့လား...... မနမ်းပါနဲ့.......... ကလေးကိုချစ်လို့နမ်းတာပဲလေ ဘာမှမဖြစ်လောက်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့ အနမ်းတစ်ချက်က ကလေးကို အသက်အန္တရာယ်ထိခိုက်တာအထိဖြစ်စေနိုင်ပါတယ်နော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ အခုနောက်ပိုင်းကာလတွေမှာရောဂါတွေက ဆန်းပြားလာသလို တံတွေး၊ချွေးတို့ကနေတဆင့်လည်း အလွယ်တကူကူးစက်နိုင်ပါတယ်နော်။ဘေဘီလေးတွေက ကိုယ်ခံအားနည်းကြသလို နုနယ်လွန်းသေးတာကြောင့်ရောဂါပိုးတွေကို ခုခံနိုင်စွမ်းမရှိသေးတာမို့မေမေဖေဖေတို့က အစစအရာရာသတိထားပေးဖို့လိုမှာပါနော်။ ကလေးကိုမနမ်းခိုင်းရတဲ့အကြောင်းအရင်းတွေကတော့ အနမ်းကနေတဆင့် ကလေးကိုရောဂါပေးလိုက်မိသလိုဖြစ်မှာကြောင့်ပါနော်။ ကလေးကိုနမ်းရင် ဘာတွေဖြစ်နိုင်လဲ ကလေးကို ချစ်လို့ပွေ့ချီရာကနေ နမ်းလိုက်မယ်ဆိုရင် ကလေးမှာရောဂါတွေကူးစက်သွားနိုင်မှာပါ။ အရေပြားကနေစလို့ ကိုယ်တွင်းအင်္ဂါတွေဆီအထိရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်နော်။ ရေယုန် ရေယုန်ပိုးရှိတဲ့လူကြီးတစ်ယောက်က ကလေးကိုနမ်းမိလိုက်မယ်ဆိုရင် ကလေးမှာရေယုန်ပေါက်တာမျိုးဖြစ်နိုင်ပါတယ်။ ကိုယ်တောင်မသိလိုက်ရဘဲ ကလေးကိုရေယုန်ဖြစ်စေတဲ့ ပိုးကူးစက်သွားနိုင်ပါတယ်နော်။ ခံတွင်းအနာတွေ ကလေးကိုနမ်းတဲ့အခါ အထူးသတိထားသင့်တာတစ်ခုက ကလေးနှုတ်ခမ်းကို မနမ်းမိစေဖို့ပါ။ ခံတွင်းမျာ အနာရှိနေသူတစ်ယောက်ယောက်က ကလေးနှုတ်ခမ်းကို နမ်းလိုက်မိမယ်ဆိုရင် […]


ကလေးအစာခြေစနစ်ပြဿနာများ

ဝမ်းလျှောနေတဲ့ ကလေးငယ်ကိုပြုစုစောင့်ရှောက်နည်း

လူရယ်လို့ဖြစ်လာရင် အနာေရာဂါနဲ့မကင်းပါဘူး။မွေးကင်းစဘေဘီလေးတွေကစလို့ ဖိုးဖိုးဖွားဖွားတွေအထိ ကိုယ်တွင်း ကိုယ်ပမှာ အနာရောဂါတွေ ခံစားကြရပါတယ်။ ရာသီဥတုအနေအထားကြောင့်ခံစားရတဲ့ရောဂါတွေရှိနိုင်သလို အစားအသောက်ကြောင့်ဖြစ်တဲ့ရောဂါတွေလည်းရှိပါတယ်။ ဒီရောဂါတွေထဲကမှာ အိမ်ရဲ့ အချစ်ဆုံးဘေဘီလေးတွေမှာ ဝမ်းလျှောတာမျိုးဖြစ်ခဲ့ရင် ဘယ်လိုဂရုစိုက်ပေးမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။ ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ရတဲ့ အကြောင်းရင်းခံတွေက ဒီအချက်တွေကြောင့် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ သွားစပေါက်တဲ့အချိန်မှာ ကလေးကမျက်စိရှေ့မှာမြင်ကရာကို သွားဖုံးယားတာကြောင့် ကိုက်တဲ့အခါ အစာမာမာကို စစားတဲ့အခါ အစာခြေစနစ်က ပုံမှန်အလုပ်မလုပ်တဲ့အခါ စားလိုက်တဲ့ အစားအစာကနေတဆင့်ရောဂါပိုးတွေပါသွားတဲ့ခါ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာ နဲ့ ရာသီဥတုအခြေအနေမမှန်တာမျိုးတွေကြောင့် ကလေးငယ်လေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ တကယ်တော့ ဝမ်းလျှောတာက ခန္ဓါကိုယ်တွင်းမှာရှိနေတဲ့ ဘက်တီးရီးယားတွေ၊ အဆိပ်အတောက်တွေ နဲ့ အစာခြေစနစ်အတွင်းမှာရှိနေတဲ့ ဗိုင်းရပ်စ်တွေကို စွန့်ထုတ်ပစ်တဲ့ ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တစ်ရပ်ပါ။ ဝမ်းလျှောရင် ဒီလိုလက္ခဏာတွေဖြစ်နိုင်တယ် ကလေးအများစုမှာတော့ ဝမ်းလျှောတဲ့အခါ အခုပြောပြတဲ့ လက္ခဏာတွေတွေ့ရနိုင်ပါတယ်။ အော့အန်မယ် ဝမ်းသွားမယ် အဖျားတက်မယ် ချမ်းတုန်နေမယ် ခြေလက်တွေမလှုပ်ချင်လောက်အောင် အားကုန်နေမယ် ဗိုက်နာမယ် […]


ကလေးကျန်းမာရေး

ဖျားနေတဲ့ကလေးကို မြန်မြန်သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်း (၇) ခု

ရင်သွေးတိုင်းကို ကျန်းကျန်းမာမာကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ဆန္ဒပါ။ ကလေးကနေ့စဉ်ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာပေးတာကိုတောင်ကျေးဇူးတင်စရာလို့ထင်နေတဲ့စိတ်ကူးမိဘတိုင်းမှာရှိမှာပါ။ ကလေးနေထိုင်မကောင်းဖြစ်တာက မိဘတွေအတွက် အခက်ခဲဆုံး အခြေအနေတစ်ရပ်ကို ရင်ဆိုင်ရသလိုပါ။ ကလေးကငယ်လေလေ အခြေအနေကကိုင်တွယ်ဖြေရှင်းဖို့ခက်လေလေပါ။ ဒီအနေအထားကခက်ခဲတယ်ဆိုပေမယ့်လည်း ကလေးကို အအေးမိဖျားနာဝေဒနာတွေဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ကိုယ်စိတ်တိုင်းကျစေစားလို့မှမရတာ။ ဒီတော့ကလေးကဖျားနာလာပြီဆိုရင် လာမယ့်ဘေးပြေးတွေ့ဆိုရုံကလွဲ ဘယ်တတ်နိုင်ပါ့မလဲ။ ဒီအခြေအနေကို ရင်ဆိုင်ရာမှာ အထောက်အကူဖြစ်စေမယ့် အချက်လေးတွေကို ဒီဆောင်းပါးလေးထဲမှာဖော်ပြပေးထားပါတယ်။ ဖျားနေတဲ့ ကလေးငယ်မြန်မြန်သက်သာစေဖို့ ကလေးတွေက လူကြီးတွေလောက် ကိုယ်ခံအားမကောင်းတာကြောင့် ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အခါမျိုးမှာဖြစ်ဖြစ်၊ အအေးခံတာများသွားတဲ့အခါမျိုးမှာ ဖြစ်ဖြစ် အလွယ်တကူဖျားနာနိုင်ပါတယ်။ ကလေးက ဖျားနာတဲ့အခါ အခုလိုနည်းလမ်းလေးတွေသုံးပြီးမြန်မြန်သက်သာအောင်လုပ်ပေးလို့ရပါတယ်။ (၁) ကလေးကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ ကလေးကဖျားနေတဲ့အချိန်မျိုးမှာတော့ မိဘတွေအနေနဲ့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒထက် ကလေးငယ်ဖြစ်ချင်တဲ့ ဆန္ဒကိုလိုက်လျောပေးလိုက်ပါ။ ကလေးကအိပ်ရာထဲမှာလှဲမနေချင်တာမျိုးကို အတင်းအိပ်ရာထဲမှာလှဲနေခိုင်းတာမျိုးမလုပ်ပါနဲ့။ ကလေးက သူ့ကိုယ်သူသက်တောင့်သက်သာဖြစ်မယ်ထင်တဲ့နေရာမှာနေနိုင်အောင်စီစဉ်ပေးလိုက်ပါ။မေ့မထားသင့်တဲ့နောက်တစ်ခုက ကလေးကို ဖျားနေတာပဲဆိုပြီး အတင်းလေလုံနေတဲ့အခန်းမျိုးမှာ မထားပါနဲ့လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးပါ။ အခန်းအပူချိန်အရမ်းမြင့်တာက ကလေးရဲ့ အဖျားကိုပိုဆိုးစေနိုင်ပါတယ်။ (၂) အစာကြေလွယ်မယ့် အစားအသောက် တွေကျွေးပေးပါ ကလေးက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ရင်သွေးငယ်လေးတွေမှာ အအေးမိတုပ်ကွေးဖြစ်ခဲ့ရင် ဘယ်လိုပြုစုမလဲ

ရာသီဥတုအပြောင်းအလဲမှာ သားသားမီးမီးလေးတွေ အအေးမိ၊ တုပ်ကွေး ဖြစ်မှာကို စိုးရိမ်တဲ့စိတ်မိဘတိုင်းမှာရှိမှာပါ။ ကလေးတွေနေထိုင်မကောင်းဖြစ်တဲ့အခါမေမေတို့အတွက် လူရောစိတ်ပါပင်ပန်းစေမှာ အမှန်ပါ။ သားဦးမိခင်တွေဆို ပိုတောင်ဆိုးပါတယ်။ သားဦးသမီးဦးကလည်းဖြစ် ကိုယ်တိုင်ကလည်း အတွေ့အကြုံမရှိလို့ ဘာလုပ်ပေးရမှန်းမသိတာမျိုးဖြစ်နေနိုင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ မိခင်တိုင်းအတွက် အသုံးတည့်စေမယ့် အအေးမိ၊ တုပ်ကွေးဖြစ်နေတဲ့ သားသားမီးမီးလေးတွေကိုစောင့်ရှောက်နည်းပြောပြပေးထားပါတယ်။ ကလေးကအအေးမိဖျားနာတာဆိုရင် ကလေးမှာ အအေးမိဖျားနာဖြစ်တဲ့အခါ ကိုယ်နွေးနွေးလေးဖြစ်နေပြီး မအီမသာနဲ့ဂျီကျနေတတ်ပါတယ်။ ငယ်တဲ့ကလေးတွေမှာဆိုရင် ပိုတောင်ဆိုးပါမယ်။ သူတို့လေးတွေက ခံစားရတာကို မပြောနိုင်တဲ့အခါ ငိုတာ ဒါမှမဟုတ် အမူအရာတွေနဲ့ဖော်ပြတာမျိုးလုပ်ပြတတ်ကြပါတယ်။ ဒါကြောင့် ကလေးကအအေးမိဖျားနာနေပြီဆိုရင် - ကလေးကို အနားယူခိုင်းပါ - အနားယူတာက ကလေးရဲ့ ခန္ဓါကိုယ်မှာ ခွန်အားပြည့်လာစေပြီးရောဂါပိုးတွေကိုတုံ့ပြန်နိုင်စွမ်းကောင်းလာစေမှာ အသေအချာပါ။ ကလေးကကျောင်းနေအရွယ်မျိုးဖြစ်နေပြီဆိုရင် ကလေးကိုကျောင်းကိုမလွှတ်ဘဲနေအိမ်မှာဘဲ အနားယူခိုင်းပါ။ အရည်များများတိုက်ပါ - အရည်များများသောက်တာက အဖျားကျစေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ကလေးကအော့အန်တာ၊ဝမ်းသွားတာတွေပါဖြစ်နေမယ်ဆိုရင်တော့ ကလေးကို အရည်များများတိုက်ပေးဖို့ပိုလိုပါမယ်။ စိုထိုင်းမှုထိန်းစက်အသုံးပြုပေးပါ -အအေးမိဖျားနာဖြစ်တဲ့အခါ ကလေးငယ်မှာ နှာခေါင်းပိတ်တာနဲ့လည်ချောင်းနာတာတွေပါ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကိုယ့်သားသမီးကို ဆေးကျောင်းထားတော့မယ်ဆိုရင်

ကိုယ့်သားသမီးကို ဆေးကျောင်းထားတော့မယ်ဆိုရင် ၁၆ နှစ်အရွယ်ကလေးတွေ တက္ကသိုလ်ရွေးချယ်ဖို့ အဆုံးအဖြတ်ပေးတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ အောင်စာရင်းထွက်ဖို့က တဖြည်းဖြည်း နီးကပ်လာပါပြီ။ မိဘတယောက်အနေနဲ့ ကိုယ့်သားသမီးကို ကောင်းပေ့၊ညွန့်ပေ့ဆိုတဲ့ အရာတွေအားလုံးကိုပဲ ပိုင်ဆိုင်ချင်၊ဖြစ်စေချင်တာ မိဘတိုင်းရဲ့ အဖြူရောင်အတ္တပါ။ ဒီနေရာမှာ ဆေးတက္ကသိုလ်ဟာ အကောင်းဆုံးလို့ ဆိုလိုချင်တာမဟုတ်ဘဲ စာတော်တဲ့ ကလေးအများစုရဲ့ မိဘတွေ ကြံစည်လေ့ရှိတဲ့ ကိုယ့်သားသမီးကို ဆေးကျောင်းထားပြီး ဆရာဝန်ဖြစ်စေမဟဲ့ဆိုတဲ့ အတွေးအမြင်ကို ဆွေးနွေးသွားဖို့ပဲ ရည်ရွယ်ပါတယ်။ အောင်စာရင်းထွက်လို့ ကိုယ့်သားသမီးကလည်း ဆေးကျောင်းအမှတ်မှီတယ်၊မိမိကိုယ်တိုင်ကလည်း ဆေးကျောင်းတက်စေချင်တယ်ဆိုတဲ့ မိဘများ ဒီဆောင်းပါးလေးကို အရင်ဖတ်ရှုပြီး ကလေးများနဲ့ ဆွေးနွေးဖို့ တိုက်တွန်းလိုပါတယ်။   ၁။ မိဘတယောက်အနေနဲ့ ကိုယ့်သားသမီးကို ဘာလို့ ဆေးကျောင်းထားချင်တာလဲ။ ဆရာဝန်ဖြစ်စေချင်လို့ ဆိုပြီးတော့ အလွယ်မဖြေပါနဲ့။ ဆရာဝန်ကြီးတွေကို မြင်ပြီး အားကျကာ သားသမီးကို အဲ့သလို ဖြစ်စေချင်တာလား၊ငွေကြေးချမ်းသာစေချင်တာလား၊ဂုဏ်ရှိစေချင်တာလား၊လူ့အသက်တွေကို ကယ်တင်တဲ့ လူကောင်းလူမွန်ဖြစ်စေချင်တာလား၊ကိုယ့်တုန်းက ဆရာဝန်မဖြစ်ခဲ့ရလို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဖိုးဖိုးဖွားဖွားတို့ရဲ့ စေတနာ အမှားများ

ဖိုးဖိုးဖွားဖွားတို့ရဲ့ စေတနာ အမှားများ သားအချစ် မြေးအနှစ် ဆိုတာနဲ့အညီ မိမိတို့ရဲ့ ချစ်လှစွာသော သားသမီးတွေကနေ မွေးဖွားလာတဲ့ မြေးကလေးတွေဟာ ဖိုးဖိုးဖွားဖွားတို့ရဲ့ ရင်နှစ်သည်းချာလေးတွေ ဖြစ်တာနဲ့အညီ သူတို့လေးတွေ မွေးဖွားလာပြီဆိုတာနဲ့ ကလေးကျန်းမာရေး၊မိခင်ကျန်းမာရေးက အစပြုလို့ ဖိုးဖိုးဖွားဖွားတွေဟာ အားလုံးကို အကောင်းဆုံး ဖြစ်စေချင်ပါတယ်။ ဒီလို ဖြစ်စေချင်တဲ့အတွက် သူတို့သိထားသမျှ မှန်တယ်၊ကောင်းတယ်လို့ ထင်တဲ့ အရာတွေကို သမီး/ချွေးမ ဖြစ်သူနဲ့ မြေးဖြစ်သူကို ပြုလုပ်ပေးပါတော့တယ်။ ဇာတ်လမ်းက ဒီမှာ စတာပါပဲ၊တချို့တချို့သော ရှေးရိုးစွဲ ဖိုးဖိုးဖွားဖွားတွေရဲ့ အယူအဆတွေဟာ ခေတ်မီသိပ္ပံပညာ၊ဆေးပညာရဲ့ အယူအဆတွေနဲ့ လွဲနေတတ်ပြီး မွေးကင်းစကလေးအပေါ်ကို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်အထိ ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့်တော့ နယ်ဖက်က မြို့နက်ဆေးရုံ၊တိုက်နယ်ဆေးရုံတွေမှာ အတွေ့ရများတတ်တယ်လို့ စစ်ကိုင်းဆေးရုံက ကလေးအထူးကုဆရာဝန်တဦးက ဆိုပါတယ်။   ၁။ ခေါင်းရိတ်ခြင်း ကလေးမွေးပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအာဟာရမှာ ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်ဖို့ဘာကြောင့်လိုအပ်တာလဲ

ဗီတာမင်ဆိုတာလူ့ခန္ဓါကိုယ်အတွက်မရှိမဖြစ်အရေးပါတဲ့အရာတွေပါ။ ဗီတာမင်နဲ့သတ္တုဓါတ်တွေက ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကောင်းမွန်ကျန်းမာစေဖို့ အဓိကအထောက်အကူပြုသလို ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့၊အမြင်အာရုံဖွံ့ဖြိုးဖို့၊အရိုးသန်မာစေဖို့၊ အရေပြားနဲ့ကိုယ်တွင်းအင်္ဂါကျန်းမာစေဖို့၊ရောဂါပိုးတွေကိုခုခံနိုင်ဖို့အတွက် ကူညီပေးပါတယ်။ ဒါ့ကြောင့် ဗီတာမင်နဲ့သတ္တုဓါတ်တချို့ကို ချို့တဲ့တဲ့အခါ ကျန်းမာရေးထိခိုက်မှုကြီးမားတဲ့အထိဖြစ်စေနိုင်ပါတယ်။ ဖွံ့ဖြိုးကာစ ကလေးတွေအတွက်ဆို ပိုလို့တောင်အရေးကြီးပါသေးတယ်။ ကိုယ်ခန္ဓါဖွံ့ဖြိုးကြီးထွားဖို့နဲ့ ကျန်းမာသွက်လက်ဖို့ကအစ ဉာဏ်ရည်ထက်မြက်မှုအထိ မရှိမဖြစ်လိုအပ်နေတဲ့ ဗီတာမင်ဓါတ်နဲ့သတ္တုဓါတ်တွေကို ဘယ်ကရရှိနိုင်မလဲ။ အာဟာရဓါတ်တွေညီညွတ်မျှတအောင် အစုံမစားနိုင်သေးတဲ့အရွယ်ဖြစ်တာကြောင့် သူတို့ကိုကျွေးမယ့်အာဟာရထဲ ဗီတာမင်ဓါတ်ပြည့်ဝနေမှဖြစ်မှာပါ။ မိခင်နို့မှာ အာဟာရပြည့်ဝတယ်ဆိုပေမယ့် မိခင်နို့အပြည့်အဝမရနိုင်တဲ့ကလေးတွေ ဗီတာမင်နဲ့သတ္တုဓါတ်အချိုးမျှတစွာသောက်သုံးနိုင်ဖို့ အာဟာရဓါတ်တွေအပြည့်အဝပါဝင်နေတဲ့ကလေးနို့မှုန့်၊အာဟာရမှုန့်ကိုရွေးချယ်သင့်ပါတယ်။ သူတို့လေးတွေစားမယ့် ကလေးအာဟာရထဲမှာ ဗီတာမင်ဓါတ်တွေဘာလို့ပါဝင်သင့်သလဲဆိုတာတော့အောက်မှာအသေးစိတ်ဖော်ပြလိုက်ပါတယ်။ Iron သံဓါတ်က သွေးတွင်းမှာရှိတဲ့ hemoglobin နဲ့ ကြွက်သားအတွင်းအောက်ဆီဂျင်ထိန်းသိမ်းပေးတဲ့myoglobinဖြစ်ပေါ်မှုအတွက် အရေးပါပြီးသွေးအားကောင်းစေပါတယ်။ Calcium ကယ်လ်စီယမ်က အရိုးနဲ့သွားကို ကြံ့ခိုင်စေတယ်၊ အာရုံကြောအားကောင်းစေတယ်၊ ကြွက်သားသန်မာစေတယ်၊သွေးလည်ပတ်မှုကောင်းစေတယ်၊ ခန္ဓါကိုယ်ကို အစားအစာကနေ ခွန်အားအဖြစ်ပြောင်းလဲနိုင်စွမ်းပိုကောင်းစေပါတယ်။ Essential fatty acids(EFAs) မရှိမဖြစ်လိုအပ်တဲ့fatty acidsတွေက ဆဲလ်တွေနဲ့ အာရုံကြောစနစ်ကို ကျန်းမာအောင် ထိန်းညှိပေးတယ်၊ နှလုံးသွေးကြောစနစ်ကိုကောင်းမွန်စေတယ်၊ကိုယ်ခံအားကောင်းစေတယ်၊ အာဟာရဓါတ်စုပ်ယူနိုင်စွမ်းကောင်းစေတယ်။ ဦးနှောက်လုပ်ဆောင်ချက်နဲ့ အမြင်အာရုံအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ Magnesium မဂ္ဂနီဆီယမ်က […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ကလေးတွေမှာ လည်ချောင်းနာခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများ

နေပူမိုးရွာတစ်လှည့်စီဖြစ်နေတဲ့ ရာသီဥတုဒဏ်ကြောင့် လည်ချောင်းကခြောက်ကပ်ကပ်နဲ့နာနေတာကို ဘယ်လိုသက်သာအောင်လုပ်ရမလဲလို့များတွေးနေလား။ ကိုယ်တိုင်အတွက်ဖြစ်ဖြစ် မိသားစုဝင်တွေ သားသားမီးမီးလေးတွေအတွက်ပဲဖြစ်ဖြစ်ပေါ့။ လည်ချောင်းနာတယ်ဆိုတာ ရာသီဥတုအပြောင်းအလဲမှာ လည်ချောင်းနာလေ့ရှိပါတယ်။ လည်ချောင်းနာတဲ့အခါ အစားအစာတွေမျိုချရခက်တာ၊ လည်ချောင်းထဲမှာခြောက်ကပ်ကပ်ဖြစ်တာတွေကြုံဖူးကြမှာပါ။ ဒီဝေဒနာက လူကြီးတွေမှာတောင် အတော်လေးခံရခက်တဲ့ဝေဒနာပါ။ လည်ချောင်းထဲမှာ တံထွေးမျိုချဖို့တောင်တော်တော်လေးခက်ပါတယ်။ လည်ချောင်းနာတာက များသောအားဖြင့် ကူးစက်ရောဂါပိုးတွေ၊ ပတ်ဝန်းကျင်ကခြောက်သွေ့တဲ့လေထုတွေကြောင့်ဖြစ်ရတာပါ။ လည်ချောင်းနာတာကိုဆေးခန်းပြစရာမလိုဘဲ အိမ်တွင်းကုထုံးတွေနဲ့လည်း သက်သာအောင် ကုသပေးလို့ရပါတယ်။ လည်ချောင်းနာတာကို ဒီလိုအမျိုးအစားခွဲတယ် လည်ချောင်းနာတာကဖြစ်တဲ့အစိတ်အပိုင်းပေါ်မှာမူတည်ပြီး လည်ချောင်းနာတဲ့ အမျိုးအစားကိုခွဲခြားနိုင်ပါတယ်။ ဒါတွေကတော့ - Pharyngitis(ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ဆိုတာက ခံတွင်းအနောက်ဘက် ညာဘက်ပိုင်းကရောင်ရမ်းခြင်းပါ၊ Tonsillitis (အာသီးရောင်ခြင်း) ဆိုတာက ခံတွင်းအနောက်ဘက်ပိုင်းက တစ်ရှုးပျော့လေးတွေ နဲ့ အာသီးနီရဲရောင်ရမ်းနေတာပါ၊ Laryngitis (အသံအိုးရောင်ခြင်း) ဆိုတာက အသံအိုးနီမြန်းရောင်ရမ်းတာပါ၊ လည်ချောင်းနာတာရောဂါပိုးကူးစက်ခံထားရတဲ့လက္ခဏာတစ်ရပ်ပါ။ ကလေးတွေမှာ လည်ချောင်းနာတာဖြစ်တဲ့အခါ အရမ်းနာကျင်ပြီး ကလေးက အစားအသောက်တွေကို မျိုချဖို့ခက်ခဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ လည်ချောင်းနာတာက အသက်အရွယ်အားလုံးမှာဖြစ်နိုင်ပေမယ့် အသက်၂ နှစ်အောက်ကလေးငယ်လေးတွေမှာဖြစ်ရင်တော့ စိုးရိမ်ရပါတယ်။ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ဖျားနေတဲ့ ရင်သွေးလေးကိုဘယ်လိုဂရုစိုက်မလဲ

သားသားမီးမီးလေးတွေကျန်းမာနေတာကမေမေ့အတွက်ပျော်စရာတစ်ခုပါ။ သားသမီးလေးတွေ ကျန်းကျန်းမာမာနဲ့သောင်းကျန်းဆော့ကစားနေတာက ထိန်းရသိမ်းရပင်ပန်းတယ်ဆိုပေမယ့် ဖျားနေတာထက် ပိုကောင်းတယ်ဆိုတာကို လက်ခံတယ်မှတ်လားမေမေတို့။ ဒီခံစားချက်ကိုမေမေတွေပဲပိုနားလည်မှာပါ။ ကလေးနေမကောင်းဖြစ်တာကတော်တော်လေးစိတ်ဖိစီးရသလို ပင်ပန်းခက်ခဲတဲ့ အခြေအနေတစ်ရပ်ပါ။ မိခင်ဘဝရဲ့ ခက်ခဲတဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်း အမှန်ပဲပေါ့။ မေမေတို့အတွက် အသုံးတည့်စေမယ့် ကလေးတွေဖျားနာတဲ့အခါ ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာပြောပြပေးလိုပါတယ်။ ကလေးကအရမ်းငယ်နေသေးတဲ့အရွယ်ဖြစ်မယ်ဆိုရင် မိဘတွေက ကလေးရဲ့ အမူအရာလေးတွေကို ကြည့်ပြီး ဘယ်နေရာမှာနေမကောင်းဖြစ်နေလဲဆိုတာကို စဉ်းစားရတာကလည်း မိခင်ဘဝရဲ့တာဝန်တစ်ရပ်ပါ။ ကိုယ်ရဲ့ ရင်သွေးလေးတွေကို ခံစားနေရတဲ့ဝေဒနာတွေ သက်သာအောင်လုပ်ပေးချင်တာကတော့ မိဘတိုင်းလိုလိုမှာရှိနေမယ့်မေတ္တာတရားပေါ့။ဘေဘီလေးတွေနေထိုင်မကောင်းဖြစ်တဲ့အခါဘယ်လိုများပြုစုပေးမလဲ ဆက်ကြည့်လိုက်ရအောင်ပါ။ ကလေးတွေနေထိုင်မကောင်းတဲ့အခါ အခုလိုပြုစုပေးပါ (၁) ကလေးကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ ကလေးကဖျားနေတဲ့အခါမျိုးမှာ ကလေးကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ။ စိတ်ပိုင်းဆိုင်ရာကျန်းမာလာစေဖို့အတွက်လည်း အားပေးစကားလေးတွေပြောပေးပါ။ အရင်ကထက်ပိုဂရုစိုက်ပေးပါ။ ကလေးအနားမှာထိုင်ပါ၊ ပုံပြင်စာအုပ်ဖတ်ပြပေးပါ၊ သီချင်းဆိုပြပေးပါ၊ ကလေးရဲ့ လက်ကလေးတွေကို ကိုင်ထားပေးပါ၊ ကလေးကအရမ်းငယ်သေးရင်ပွေ့ချီထားပေးပါ။ ဒီအပြုအမူလေးတွေက ကလေးကိုမြန်မြန်နေကောင်းလာစေဖို့ အထောက်အကူရပါတယ်။ (၂) အိပ်ရေးဝဝအိပ်ပါစေ ကလေးတွေကိုပြည့်ပြည့်ဝဝအနားယူခွင့်ပေးတာက ကလေးတွေကို ကျန်းမာလာစေမယ့်နည်းလမ်းတစ်ခုပါ။ ကလေးကဖျားနေတဲ့အခါကျောင်းသွားခိုင်းတာမျိုး၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးတွေကို ရိုက်ပြီးဆုံးမမှဖြစ်မှာလား

ကလေးတွေကို ရိုက်ပြီးဆုံးမမှဖြစ်မှာလား ..... သင်ကိုယ်တိုင်ရော ဘယ်လို ထင်ပါသလဲ။ ကိုယ်တိုင်ရဲ့ ယူဆချက် မှန်ရဲ့လားဆိုတာကို ဆန်းစစ်ကြည့်ရအောင်နော်။ ကလေးတွေကို ရိုက်ပြီးဆုံးမမှဖြစ်မှာလား သားသမီးကို ဆုံးမတာလည်း ဆုံးမတာပေါ့လေ။ ဒါပေမယ့် ကလေးတွေကို  ရိုက်မောင်းပုတ်မောင်း နဲ့ ဆုံးမတာမျိုးကတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ ဆုံးမမှုမျိုးပါ။ သားသမီးတွေကို ရိုက်နှက်ဆုံးမခြင်းအားဖြင့် ကလေးတွေဟာ- လူကြောက်တတ်၊ လူရှိန်တတ်လာမယ်၊ အပေါင်းအသင်းမဆန့်တော့ဘူး။ လူစိမ်းတွေကို ကြောက်တတ်လာမယ်။ ရန်လိုဒေါသထွက်တတ်လာမယ်။ ထိခိုက်အနာတရဖြစ်မယ်။ စိတ်ဒဏ်ရာတွေ ရသွားမယ် အစရှိတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ရိုက်နှက်ဆုံးမရတဲ့ အခြေအနေမဆိုက်ရအောင် ဘာတွေ လုပ်နိုင်မလဲဆိုတာကို ကြည့်ကြရအောင်။ ၁။ ပတ်ဝန်းကျင် အနေအထားကို ပြောင်းပေးပါ။ မီးဖိုချောင်ထဲ၊ ကြောင်အိမ်ထဲကို သင့်ကလေးက မွှေနှောက်သောင်းကျန်းနေတယ်ဆိုရင် ကြောင်အိမ်ကို သော့ခတ်ထားပါ။ မီးဖိုချောင်နဲ့ ကလေးကို ဝေးဝေးထားပါ။ အရုပ်တရုပ်ကို ကလေးက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း