ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

ဆပ်ပြာ အဆိပ်သင့်ခြင်း - ကလေးတွေအတွက် ဆပ်ပြာပူဖောင်း အန္တရာယ်

ဆပ်ပြာဆိုတာ ကိုယ်ခန္ဓာ၊ အိမ်ထောင်ပရိဘောဂ ဒါမှမဟုတ် ညစ်ပေနေတဲ့ အရာတွေကို သန့်ရှင်းစေဖို့ အသုံးပြုတဲ့ ပစ္စည်းတစ်ခုပါ။ အရည်ပုံစံ၊ အခဲပုံစံနဲ့ တစ်ခါတလေ သင်းပျံ့တဲ့အနံ့ပါပြီး ရေ၊ ရေမြှုပ်အပိုင်းတွေနဲ့ ပွတ်တိုက်တဲ့အခါ အမြှုပ်အများကြီးကို ဖြစ်စေပါတယ်။ ဆပ်ပြာပူစီဖောင်းလေးတွေနဲ့ ဆော့ရတာ ဘယ်သူမကြိုက်ဘူးလဲ။ အဓိက ကလေး၊ ဆယ်ကျော်သက်တွေနဲ့ တချို့ အရွယ်ရောက်ပြီးသားသူတွေ သဘောကျကြပါတယ်။ နွေပိတ်ရက် အိမ်နောက်ဖက် ကွင်းပြင် ဒါမှမဟုတ် ကမ်းခြေမှာ ကလေးတွေခေါ်ပြီး ကောင်းကင်ဆီ ပူစီဖောင်းတွေ မှုတ်၊ သူတို့လေးတွေကို လိုက်ဖောက်ခိုင်း၊ အဲ့လို ကစားရရင် ပျော်စရာ မကောင်းဘူးလား။ နောက်တစ်မျိုးပြောရရင် ရေချိုးခန်းမှာ ကလေးတွေကို ဆော့ရင်း ဆပ်ပြာတိုက်ပေးရင်းနဲ့ ခန္ဓာကိုယ်ကို ဘယ်လို စနစ်တကျ တိုက်ချွတ်ရလဲ သင်ကြားပေးလို့ရပါတယ်။ အဝတ်လျှော်စက်မသုံးပဲ ဒီအတိုင်း လက်နဲ့ အဝတ်လျှော်ရင်း သင့်ကလေးတွေနဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးများ ပါဝါ မျက်မှန် တပ်ဆင်ဖို့လိုအပ်နေပြီဟု သိနိုင်သော လက္ခဏာများ

ကျွန်ုပ်တို့ဟာ တိုးတက်လာသော နည်းပညာများနှင့် အတူနေထိုင်နေကြပါတယ်။ ကလေးများဟာလည်း နည်းပညာသုံး စက်ကိရိယာများနဲ့ မကင်းကွာကြတော့ပါဘူး။ သို့သော် ထိုပစ္စည်းများကို အသုံးပြုလွန်ပါက နောက်ဆက်တွဲ ဆိုးကျိုးများစွာကို ဖြစ်စေနိုင်ပါတယ်။ ထိုအနက်မှ တစ်ခုမှာ အဝေးမှုန်ခြင်းပဲ ဖြစ်ပါတယ်။ ကလေးများ ဘာလို့ ပါဝါမျက်မှန် တပ်ဆင်ဖို့ လိုအပ်လာပါသလဲ။ ယနေ့ခေတ်တွင် ကလေးအများစုဟာ ဟန်းဖုန်း၊ ကွန်ပျူတာ၊ တီဗွီ စသည်တို့ကို နေ့စဉ် အသုံးပြုလာကြပါတယ်။ အချိန်အားသည်နှင့် ထိုကိရိယာများသုံးကာ ဂိမ်းဆော့ခြင်း၊ ဇာတ်လမ်းကြည့်ခြင်းတို့ဖြင့် အချိန်ကုန်လေ့ရှိကြသည်။ ထိုကိရိယာများတွင် သံလိုက်ဓာတ်လွှင့်နေရာလေး ပါရှိပါတယ်။ ထိုကိရိယာများကို အချိန်ကြာမြင့်စွာ အသုံးပြုပါက မျက်လုံးများ ထိခိုက်နိုင်ပါတယ်။ အဝေးရှိ အရာများကို သေချာပြတ်သားစွာ မမြင်နိုင်ဘဲဖြစ်တတ်ပါတယ်။ မြင်ကွင်းဟာ ဝေဝါးနေပြီး အရာဝတ္ထုများရဲ့ တည်ရှိရာကို သေချာစွာ မမြင်နိုင်တော့ပေ။ အဝေးမှုန်သော ကလေးများဟာ တီဗွီ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင် ဆံပင်ကျွတ်ခြင်း

အရွယ်ရောက်သူများတွင်သာမကပဲ ကလေးများတွင်လည်း နေ့စဉ် ဆံပင်ကျွတ်ခြင်း ဖြစ်နိုင်ပါသည်။ သို့သော် ကလေးများတွင် ဆံပင်ကျွတ်ခြင်းသည် ကလေးဆရာဝန်ထံ လာပြသမျှ လူနာစုစုပေါင်း၏ ၃ရာခိုင်နှုန်းခန့်သာ ရှိပြီး အောက်ပါ အခြေအနေများ ကြောင့်ဖြစ်ရပါသည်။ ကလေးများတွင် ဆံပင်ကျွတ်ရသော အကြောင်းရင်းများ ကလေးများတွင် ပုံမှန်ထက် ဆံပင်ကျွတ်နေရခြင်းမှာ အကြောင်းရင်းများစွာ ရှိနိုင်ပါသည်။ ယင်းအကြောင်းရင်းများကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။ Tinea capitis ဦးရေပြားပွေး သို့မဟုတ် ဒက် ဟုခေါ်ဆိုနိုင်ပြီး ကလေးများတွင် အလွန်ဖြစ်ပွားလွယ်သော ရောဂါ ဖြစ်ပါသည်။ ပုံစံ အမျိုးမျိုးနှင့် တွေ့ရနိုင်ပြီး ဆံပင်ကျွတ်ပြီး အနာဖေးများ ကွာနေသော ပုံစံမှာ စက်ဝိုင်းပုံ သို့မဟုတ် ဘဲဥပုံရှိပါသည်။ ဦးရေပြားမှ ဆံပင်များ လွယ်တကူ ကျွတ်ထွက်တတ်ပြီး ယင်းကို မျက်တောင်မွေးများ နှင့် မျက်ခုံးတွင်ပါ တွေ့ရနိုင်ပါသည်။ ဤရောဂါ ဆရာဝန်များက  မှိုသတ်ဆေး […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေး အသားဝါ

ကလေးအသားဝါခြင်းသည် ရောဂါမဟုတ်ဘဲ လက္ခဏာ တစ်ရပ် သာ ဖြစ်ပါသည်။ အသားဝါဟု ဆိုရာတွင် အရေပြားနှင့် မျက်စိ အဖြူသားများ အဝါရောင် သန်းနေခြင်းကို ဆိုပါသည်။ ရောဂါ မဟုတ်ဟု ဆိုထားသော်လည်း သင့်အနေဖြင့် သင့်ကလေး အသားဝါနေပါက သတိထားရန် လိုအပ်ပါမည်။ အများအားဖြင့် အသားဝါခြင်းသည် လသားများတွင် အတွေ့ရများပါသည်။ အန္တရာယ် မရှိတတ်ပါ။ အသားဝါသည် လသားကလေးများတွင် ဖြစ်ရခြင်းသည် ကလေး၏ သွေးထဲတွင် Bilirubin များလာခြင်းကို ဖော်ပြပါသည်။ ကလေးများတွင် အသားဝါဖြစ်စေသော အကြောင်းရင်းများ သွေးနီဥလေးများသည် ခန္ဓါကိုယ်တွင်း ပုံမှန်အတိုင်း ပြိုကွဲရာမှ bilirubin ကို ထုတ်လုပ်ပေးပါသည်။ ယင်း Bilirubin ကို အသည်း တွင် ဆက်လက်ချေဖျက်ပါသည်။ သန္ဓေသားဘဝတွင်မူ ယင်းသို့ ချေဖျက်သည့် အလုပ်ကို အမေ၏ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးများတွင် ဝမ်းချုပ်ခြင်း

ကလေးများတွင် ဝမ်းချုပ်ခြင်းသည် အတွေ့ရများသော ပြဿနာ ဖြစ်ပါသည်။ ထို့ကြောင့် သင့်ကလေးများ ဝမ်းချုပ်နေပါက အသင့်တော်ဆုံး အဖြေရှာနိုင်ရန် တင်ပြထားပါသည်။ ရောဂါလက္ခဏာများ ရောဂါလက္ခဏာများမှာ တစ်ပတ်လျှင် သုံးကြိမ်အောက်သာ ဝမ်းသွားခြင်း၊ ဝမ်းမာခြင်း၊ ခြောက်ခြင်း၊ ဝမ်းသွားရခက်ခဲခြင်း၊ ဝမ်းသွားလျင် နာကျင်ခြင်းနှင့် ဝမ်းသွားလျင် စမြင်းတုံးခံခြင်း စသည်တို့ ဖြစ်ပါသည်။ ထို့ပြင် အခြားလက္ခဏာများ အနေဖြင့် လေထိုးခြင်း၊ အစာအိမ်အောင့်ခြင်း၊ လေပွခြင်း၊ ဗိုက်နာခြင်း စသည်တို့လည်း ဖြစ်နိုင်သည့်အပြင် ဝမ်းအတုံးပေါ်တွင် သွေးစ များပါလာတတ်ပါသည်။ ဝမ်းချုပ်ခြင်းတွင် ရှုပ်ထွေးစေတတ်သော ပြဿနာမှာ ဝမ်းပျက် ခြင်း ဖြစ်ပါသည်။ ဝမ်းပျက်ရခြင်းမှာ စမြင်းတုံး အလွန်ကြီးသော အခါ ဝမ်းသွားသည့် လမ်းကြောင်းကို ပိတ်ဆို့ပြီး အရည်ဝမ်း အနည်းငယ်သာ ထွက်နိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ပြင် စမြင်း တုံးကို ကျော်အောင် ညှစ်ပြီးသွားရသည့်အခါ နာကျင်ခြင်းကိုပါ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ဦးရည်နှင့် ကြီးထွားဖွံ့ဖြိုးရာတွင် အရေးပါပုံ

ကလေးများအတွက် မိခင်နို့သည် အကောင်းဆုံးအဟာရ ရင်းမြစ်ဖြစ်ကြောင့် ကျွန်တော်တို့အားလုံး သိထားပြီးသာပင်။ မိခင်နို့သည် ကလေးများ ကောင်းမွန်စွာ ဖွံ့ဖြိုးရန်အတွက် အပြည့်စုံဆုံး အာရဟာပင်ဖြစ်သည်။ မိခင်နို့တွင် မွေးကင်းစများအတွက် လိုအပ်သော အာဟာရများ ရောဂါများ ကူးစက်ပိုးများဒဏ်မှ ကာကွယ်ပေးနိုင်သော ပစ္စည်းများ ပါဝင်ပါသည်။ နို့ဦးရည်ဆိုတာဘာလဲ။ နို့ဦးရည်သည် နို့တိုက်သတ္တဝါများ၏ ကိုယ်ဝန်နောက်ဆုံးကာလများ၌ နို့ဂလင်းများမှထုတ်လုပ်သော နို့ပုံစံတစ်မျိုးဖြစ်သည်။ မျိုးစိတ်အများစု၌ နို့ဦးရည်သည် မီးမဖွားခင် ထွက်လာလေ့ရှိသည်။ နို့ဦးရည်တွင် မွေးကင်းစကလေးအား ရောဂါများမှကာကွယ်ပေးနိုင်မည့် ပဋိပစ္စည်းများ ပါ၏။ ယေဘုယျအားဖြင့် နို့ဦးရည်တွင်ပါသော ပရိုတင်းပမာဏမှာ သာမန်နို့ထက် မြင့်မားစွာပါရှိသည်။ အဆီပါဝင်နှုန်းသည်လည်း တစ်ချို့သောမျိုးစိတ်များတွင် ပိုမြင့်လေ့ရှိပါသည်။ အထူးသဖြင့် သိုးနှင့် မြင်းများ။ တစ်ချို့တွင်တော့ ပုံမှန်နို့ထက် အဆီပါဝင်နှုန်း နည်း၏။ ဥပမာ လူနှင့် လားများ။ ဝက်များ၌ မွေးဖွားပြီး ၄၈ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင်ဖြစ်တတ်သော သွေးတိုးရောဂါ

သွေးတိုးတယ်ဆိုတာ ဘာလဲ? သွေးတိုးရောဂါကို hypertension လို့လည်းခေါ်ပြီး သွေးကြောတွင်းဖိအားက တက်လာကာ သွေးကြောနံရံကို တွန်းကန်တဲ့အခါ ဖြစ်ပေါ်ပါတယ်။ နှလုံးဟာ သွေးလွှတ်ကြောနှင့် စီးဆင်းနေတဲ့ သွေးတွေကနေ လာတဲ့သွေးကို ညှစ်နေတာကြောင့် သွေးဖိအားဟာ မိနစ်တိုင်း အမြဲပြောင်းနေတတ်ပါတယ်။ ကလေးအတွက် သွေးတိုးရောဂါကို လိင်တူ၊ အသက်အရွယ်နှင့် အရပ်တူနေသော အခြားကလေး 95 ရာခိုင်နှုန်းနဲ့ တူညီတဲ့ သို့မဟုတ် ပိုကြီးတဲ့ သွေးဖိအားရှိခြင်းအဖြစ် သတ်မှတ်ထားပါတယ်။ ကလေးတွေက ကြီးထွားလာပြီး သွေးဖိအားကလည်း ပြောင်းလဲတတ်တာကြောင့် ကလေးတွေအတွက် ပုံမှန်သွေးပေါင်ချိန် သတ်မှတ်ဖို့ ခက်ခဲတတ်ပါတယ်။ သင့်ဆရာဝန်က တခြားကလေးတွေရဲ့ပုံမှန်သွေးပေါင်ချိန်နှင့် သင့်ကလေး၏သွေးဖိအားကို နှိုငိးယှဉ်ပါလိမ့်မယ်။ ကလေးများအတွက် သွေးဖိအားများနိုင်တဲ့ အန္တရာယ် အများအပြား ရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေလိုပဲ အဝလွန်ခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် လေ့ကျင့်ခန်းမလုပ်ခြင်း စတာတွေဖြစ်ကြပါတယ်။ လူနေမှုပုံစံ ပြောင်းလဲပေးတာက ကလေးတွေအတွက်သွေးတိုးခြင်းကိုလျှော့ချဖို့ ကူညီပေးနိုင်ပါတယိ။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေး သွေးပေါင်ကျခြင်း နှင့် ပတ်သက်ပြီးသိစရာအချက်များ

ကလေးတွေမှာဖြစ်တတ်တဲ့ သွေးပေါင်ချိန်ကျရောဂါဆိုတာကဘာလဲ? သွေးဖိအား ပုံမှန်ထက်နိမ့်သည့်အခါ hypotension အဖြစ်သတ်မှတ်နိုင်ပါတယ်။ ရလဒ်အဖြစ် နှလုံး၊ ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းများ အလုပ်လုပ်ဖို့ လုံလောက်တဲ့သွေးပမာဏရတော့မှာ မဟုတ်ပါ။ သွေးဖိအားဆိုတာ လူတစ်ဦးနဲ့ တစ်ဦး ကွဲပြားပေမယ့် သွေးပေါင်ချိန်ကျတဲ့ လူတွေမှာ များသောအားဖြင့် အပေါ်သွေး 100 mmHg ထက်နိမ့်လေ့ရှိကြပါတယ်။ ဖြစ်လေ့ရှိတဲ့ ပမာဏကတော့ 90 / 60mmHg အောက်ကို နိမ့်လေ့ရှိပါတယ်။ ပြဒါးတိုင်မှာ အပေါ်သွေး(systolic )90 mm Hgနဲ့အောက် သို့မဟုတ် အောက်သွေး(diastolic) 60 mmHg နဲ့အောက်ကို သွေးဖိအားနည်းတယ်လို့ သတ်မှတ်ထားပါတယ်။ ကလေးများအတွက် သွေးဖိအားနည်းတာက ကုသလို့ရပါတယ်။ သို့သော်အရေးကြီးတာက ဖြစ်စေတဲ့ အကြောင်းရင်းကို သေချာသိဖို့နဲ့ ဆေးသေချာပေးဖို့လိုပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်းများ ကလေးတွေမှာဖြစ်တတ်တဲ့ သွေးပေါင်ချိန်ကျရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းများ က ဘာတွေလဲ? အချက်များစွာရှိပါတယ်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးသွေးတိုးသည့်အခါ မိဘများသိသင့်သည့် အချက်များ

ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါဆိုတာ ဘာလဲ? ကလေးအတွက် သွေးတိုးရောဂါကို လိင်တူ၊ အသက်အရွယ်နှင့်အမြင့်တူနေသော အခြားကလေးတွေ 95 ရာခိုင်နှုန်းနဲ့တူညီ သို့မဟုတ် ပိုကြီးတဲ့ သွေးဖိအားရှိတဲ့ ကလေး တွေပေါ်မူတည်ပြီး သတ်မှတ်ထားပါတယ်။ အသက်၁၀နှစ်အောက် ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါဟာ အများအားဖြင့် အဝလွန်ခြင်း ၊မကောင်းမွန်တဲ့ အစားအစားစားရခြင်း၊ လေ့ကျင့်ခန်းမလုပိခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ ပြသနာတွေကြောင့် ဖြစ်ရပါတယ်။   ဖြစ်စေတတ်သော အကြောင်းရင်းများ ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါကို ဖြစ်စေနိုငိတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ? အောက်ပါအချက်များနဲ့ ဆက်စပ်နေပါတယ် - - အဝလွန်ခြင်း - လေ့ကျင့်ခန်းမလုပိခြင်း - မကောင်းမွန်တဲ့ အစားအစားစားရခြင်း - မိသားစုထဲမှာ သွေးတိုးရာဇဝင်ရှိခြင်း စတာတွေဖြစ်ပါတယ်။ ဖြစ်ပွားနှုန်းများစေတဲ့ အချက်များက ဘာတွေလဲ? ကလေးတွေမှာဖြစ်တဲ့ သွေတိုးရောဂါက နောက်ခံကျန်းမာရေး ပြသနာ ၊ဗီဇ၊ လူနေမှုပဲုစံတွေပေါ်မူတည်ပါတယ်။ လက္ခဏာများ ကလေးတွေမှာဖြစ်တဲ့ သွေတိုးရောဂါလက္ခဏာတွေက ဘာတွေလဲ? ယေဘုယျအားဖြင့်ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါဟာလက္ခဏာ သေချာမပြပါ။ ဒါပေမယ့် ဖြစ်ပွားသူ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

သင့်သားသမီး မူးယစ်ဆေးသုံးစွဲနေကြောင်း ဘယ်လိုသိနိုင်မလဲ

သင့်သားသမီး မူးယစ်ဆေးသုံးစွဲနေကြောင်း ဘယ်လိုသိနိုင်မလဲ မိဘတယောက် ဖြစ်ရတာ မလွယ်ပါဘူး။ သားသမီးတွေရဲ့ ပညာရေး၊ကျန်းမာရေး၊လူမှုရေးအားလုံးကို ဘက်စုံထောင့်စုံ လစ်ဟင်းမှုမရှိအောင် ဂရုစိုက်ရပါတယ်။ ဒီကြားထဲ အပေါင်းအသင်းမှားပြီး မူးယစ်ဆေးလက်တည့်စမ်းမှာ၊လမ်းမှားရောက်မှာကိုလည်း ပူရပါသေးတယ်။ မူးယစ်ဆေးဆိုတာ ခေတ်အဆက်ဆက်ရှိခဲ့ပြီး လုံးဝပပျောက်အောင် ပြုလုပ်ဖို့ မဖြစ်နိုင်သလောက် ခက်ခဲတဲ့အရာမို့ ကိုယ့်သားသမီးဖက်က သွားမပတ်သက်ဖြစ်အောင် ဂရုစိုက်ရပါမယ်။ ဒီအတွက် မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေအကြောင်းကို သင့်သားသမီးနားဝင်သဘောပေါက်အောင် ပညာပေးရှင်းပြပေးဖို့ လိုအပ်သလို ကိုယ့်ကလေး မူပျက်နေရင်လည်း သိနိုင်ဖို့အတွက် မူးယစ်ဆေးဝါးနဲ့ ဆိုင်တဲ့ ဗဟုသုတတွေကို သင့်ဖက်က သိရှိထားဖို့ လိုအပ်လှပါတယ်။   ပထမဆုံးအနေနဲ့ ပြည်တွင်းမှာ အသုံးများတဲ့ မူးယစ်ဆေးဝါးတွေနဲ့ သူတို့ကို သုံးစွဲရင် ဖြစ်ပေါ်လာမယ့် လက္ခဏာတွေကို အရင်သိရှိထားသင့်ပါတယ်။ ၁။ ဘိန်းဖြူ ဘိန်းဖြူအကြောင်းကိုတော့ အထူးတလည်မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။ သက်တော်ရှည်ဘိုးဘိုးကြီးလို့ ပြောရင်လည်း ရပါတယ်။ ဘိန်းဖြူအသုံးပြုဖို့ လိုအပ်မယ့် ပစ္စည်းတွေ = […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း