ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ

သန်ကောင် တုပ်ကောင်ဆိုတာ ခန္ဓာကိုယ်မှာ တွယ်ကပ်ပြီး အာဟာရတွေ လုယူနေတဲ့ ကပ်ပါးပိုးတွေပါ။ သန်လုံးကောင်၊ တုပ်ကောင်၊ ချိတ်ပြားသန်ကောင်၊ ကြာပွတ်နဲ့တူတဲ့ သန်ကောင် အစရှိသဖြင့် သန်ကောင်တုပ်ကောင်အမျိုးအစားတွေ အများကြီးရှိပါတယ်။ ဒီလိုသန်ကောင်တွေ ရှိနေရင် ကိုယ့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ရင်သွေးလေးတွေကို မှန်မှန်သန်ချပေးဖို့ လိုအပ်ပါတယ်။ ဒီမှာတော့ ဘယ်အချိန်တွေမှာဆိုရင် သန်ချဖို့လိုအပ်နေပြီလဲဆိုတာကို ဖော်ပြပေးထားပါတယ်။ ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ က ဘာတွေဖြစ်မလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။ ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ သန်ကောင်တွေရှိနေတယ်ဆိုတာ အများအားဖြင့်တော့ လက္ခဏာမပြတတ်ပါဘူး။ ပြခဲ့ရင်လည်း သိပ်မသိသာတာကြောင့် အမှုမဲ့အမှတ်မဲ့နေတတ်ကြပါတယ်။ သန်ချဖို့ဆိုတာ လူကြီးတွေတောင်မေ့လျော့နေတတ်တဲ့ အရာဖြစ်နေတော့ ကလေးတွေမှာဆို သတိထားမိကြပါ့မလား။ ကူးစက်ခံထားရတဲ့ သန်ကောင်ရဲ့ အမျိုးအစားနဲ့ အခြေအနေပြင်းထန်မှုတို့အပေါ် မူတည်ပြီး ကလေးမှာ သန်ထတဲ့လက္ခဏာတွေ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

မွေးကင်းစကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ သက်သာအောင် ဘယ်လိုလုပ်မလဲ

ကလေးလေးပျော်ရွှင်နေဖို့က မိဘတိုင်းရဲ့ ဆန္ဒတစ်ခုဖြစ်သလို တောင်းဆုတစ်ခုဆိုလည်းမမှားပါဘူး။ ကလေးငိုနေရင် စိတ်မကောင်းဖြစ်မိတယ်လေနော်။ ကလေးက အကြောင်းအရင်းလည်းမယ်မယ်ရရမရှိဘဲ မတိတ်တမ်းငိုနေတာမျိုးကြုံဖူးကြလား။ ချော့လို့လည်းမရတာမျိုးလေ။ ဘာများဖြစ်တာလဲဆိုတာမျိုး ကြု့နေရသလား။ ကလေးကချော့မရအောင်ငိုနေတာက ဘာကြောင့်လဲဆိုတာ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကလေးက မရပ်မနား အသည်းအသန် ငိုနေပြီး ဘာအကြောင်းရင်းမှ ရှာမရဘူးဆိုရင် လေနာဝေဒနာဖြစ်နိုင်ပါတယ်။ လေနာဝေဒနာ။ ကလေးတွေမှာအရမ်းအဖြစ်များတဲ့ဝေဒနာတစ်ခုပါ။ မွေးကင်းစကလေးတွေမှာ မရပ်မနားနဲ့ အသည်းအသန်ငိုနေပြီဆိုရင် လေနာဝေဒနာဖြစ်ဖို့များပါတယ်။ လေနာလို့ သတ်မှတ်ဖို့ဆိုရင် ကလေးက တစ်နေ့ကို (၃)နာရီနဲ့အထက် ငိုနေပြီး တစ်ပတ်ကို (၃)ရက်နဲ့အထက်ငိုနေရမယ်။ လေနာရှိတဲ့ကလေးတွေမှာ အချိန်မရွေးနာနိုင်ပေမယ့် ညဘက်တွေ၊ ညနေခင်းတွေမှာပိုဆိုးတတ်ပါတယ်။ လေနာဝေဒနာက ပြင်းထန်တဲ့အရာတစ်ခုမဟုတ်ဘဲ ရောဂါတစ်ခုခုရှိနေလို့ကြောင့်လည်းမဟုတ်ပါဘူး။ ဒါပေမယ့် အသည်းအသန်ငိုနေတဲ့ကိုယ့်သားသမီးလေးကို ကြည့်ရတာတော့ မိဘဘိုးဘွားတွေအတွက် နာကျင်ခံစားရခက်ပါတယ်။ ဘယ်အရွယ်မှာဖြစ်တတ်သလဲ။ ကလေး (၂)ပတ်လောက်ကနေစပြီး လေနာဝေဒနာကိုခံစားရနိုင်ပါတယ်။ ကလေးအသက် ၃ ၄လ ရောက်တဲ့အခါ သူ့ဘာသာပဲသက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကလေးတွေ ကျောင်းတက်ခါစမှာအဆင်ပြေစေဖို့

ကျောင်းဖွင့်တဲ့ရာသီရောက်ပြီဆိုတော့ အဖြူအစိမ်းလေးတွေနဲ့ ကလေးတွေကျောင်းသွားကျောင်းပြန် သွားသွားလာလာမြင်နေရတာ ကြည်နူးစရာကောင်းတဲ့မြင်ကွင်းပါ။ မိဘတွေအနေနဲ့ကိုယ့်သားသမီးတွေ ကျောင်းတက်တာကို စိတ်ပူခြင်းများစွာကြားထဲက အဆင်အပြေဆုံးနဲ့အကောင်းဆုံးဖြစ်အောင် စီစဉ်ပြင်ဆင်ပြီး ကျောင်းကိုပို့ပေးမှာတော့ အသေအချာပါပဲ။ ဒါပေမယ့် အခုမှကျောင်းစတက်တာမဟုတ်တဲ့ကလေးတွေအတွက် ကျောင်းတက်ရတာက အထူးအဆန်းမဖြစ်လောက်ပေမယ့် ကျောင်းစတက်ကာစ ကလေးတွေအတွက်တော့ ဒီလိုအချိန်မျိုးဟာ ပျော်ရွှင်တာထက် ကြောက်လန့်စိတ်ညစ်မှုတွေ ပိုနေမယ်လို့ထင်ပါတယ်။ အခုမှကျောင်းစတက်ကာစကလေးတွေဆိုတာ အသက် ၅နှစ်ပတ်ချာလည်ဆိုတော့ ငယ်သေးတယ်လို့ ဆိုရမှာပါ။ ဒီလိုအသက်ငယ်ငယ်မှာ ကြုံတွေ့ခံစားရတဲ့အရာတွေက ကလေးရဲ့စိတ်ခံစားချက်နဲ့ ဦးနှောက်ပိုင်းဆိုင်ရာအတွက် အရမ်းကိုအရေးကြီးလှပါတယ်။ တကယ်တော့ ကျောင်းစတက်ကာစကလေးအဖို့ ကျောင်းစတက်တဲ့ပထမတစ်ပတ်လောက်ကနေ တစ်လ နှစ်လလောက်အထိကတော့ အထိုင်ကျပြီးအဆင်ပြေဖို့ဆိုတာ ခဲယဉ်းပါတယ်။ နှစ်လသုံးလနောက်ပိုင်းမှာမှ ကလေးက ကျောင်းတက်ရတာကို အပြင်းအထန်ကြောက်လန့်နေသေးတယ်ဆိုရင်တော့ မိဘတွေအနေနဲ့ စဉ်းစားစရာလေးတွေရှိလာပါပြီ။   ပထမဆုံးအနေနဲ့ အချိန်ကာလတစ်ခုကြာတဲ့အထိ ကလေးကကျောင်းတက်ဖို့ကို ခါးခါးသီးသီးငြင်းဆန်နေသေးတယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ဒီအချက်လေးတွေစတင်စဉ်းစားပါ။ ၁။ ကလေးက အပြောင်းအလဲတစ်ခုကိုကြောက်လန့်တဲ့စိတ်ကြောင့် သာမန်လက်မခံနိုင်ခြင်းတွေဖြစ်နေတာလား။ ၂။ ကလေးကိုထားတဲ့ကျောင်းနဲ့ အတန်းပတ်ဝန်းကျင်ပုံစံအနေအထားကဘယ်လိုရှိလဲ။ ၃။ အတန်းထဲမှာ […]


မိခင်နို့တိုက်ကျွေးခြင်း

သင့်ကလေးက ဘယ်လိုနို့စို့သူလဲ

နို့စို့ခြင်းဟာမိခင်ရောကလေးပါ အတူတကွဆောင်ရွက်တဲ့အရာဖြစ်တယ်။ နို့စို့နေစဉ်ပြုမူသမျှ ကလေးရဲ့အပြုအမူတိုင်းကိုကြည့်ပြီး မွေးကင်းစလေးတွေကို နို့စို့တဲ့ပုံစံအမျိုးမျိုးခွဲနိုင်တယ်။ သီအိုရီတွေအရတော့ Yale တက္ကသိုလ်ရဲ့လတ်တလောလေ့လာမှုတွေအရ ကလေးတွေရဲ့ နို့စို့ပုံစံ ၅ မျိုးခွဲနိုင်ပါတယ်။ the Barracuda, the Excited-Ineffective, the Procrastinator, the Gourmet, the Rester တို့ဖြစ်တယ်။ အားမာန်အပြည့်နဲ့ကလေးငယ် (The Barracuda) အချိန်ကြာကြီး(မိနစ် ၂၀ ခန့်) အားနဲ့မာန်နဲ့နို့သောက်နေမယ်ဆိုရင်တော့ သင့်သားသားလေး သို့ မီးမီးလေးဟာ barracuda အမျိုးအစားပဲဖြစ်တယ်။ ထိုပုံစံက ကလေးအတွက်လည်း ထိခိုက်စရာမရှိသလို သင့်အတွက်လည်း အချိန်ကုန်သက်သာစေမှာပါ။ ဒါပေမယ့် ထိုကဲ့သို့ ဆက်တိုက် အချိန်ကြာနို့စို့ခြင်းက မိခင်ရင်သားကိုနာကျင်မှုတော့ ဖြစ်စေနိုင်ပါတယ်။ နို့သီးခေါင်းထိခိုက်ခြင်း၊ အနာတရဖြစ်ခြင်းတွေ ကာကွယ်ဖို့ကတော့ မိခင်က ကလေးငယ်ကိုပုံစံမှန်နဲ့ နို့စို့စေဖို့ အနေအထားပြင်ပေးရမှာဖြစ်တယ်။ ရင်သားရောင်ရမ်းလာပြီဆိုရင် နို့စို့နေတဲ့ပုံစံပြင်ရတော့မှာဖြစ်တယ်၊ ကလေးငယ်ကိုညင်သာစွာ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကျောင်းစတက်မယ့် ကလေးတွေအတွက် အစာအာဟာရဘေးကင်းအောင် စီစဉ်ပေးကြမယ်

မိုးရာသီ အစမှာ ကျောင်းတွေလည်းဖွင့်တော့မယ်ဆိုတော့ကျောင်းသုံးပစ္စည်းလေးတွေဝယ်၊ အဝတ်အစားအသစ်၊ ထီး၊ ဖိနပ်နဲ့ ထမင်းဘူး၊ရေဘူးတွေ ဝယ်ပေးတဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ကျောင်းတက်ရတော့မယ်ဆိုတော့ ကလေး တွေစိတ်အလှုပ်ရှားဆုံးအချိန်ပေါ့။ အိမ်ကနေ ခွဲခွာပြီးကျောင်းတက်ရတော့မှာဖြစ်လို့ ငိုယိုနေတဲ့ အိမ်ပျော်လေးတွေလည်း ရှိသေးတယ်။ အခုမှကျောင်းစတက်မယ့် ကလေးတွေအတွက်စီစဉ်ရင်းနဲ့ ဖေဖေမေမေ တို့လည်း အလုပ်တွေရှုပ်နေမှာပါ။ ဒါပေမယ့် တခြားအရာတွေထက် အလေးထားသင့်တဲ့ တကယ်အရေးကြီးတဲ့အချက်ရှိနေသေးတာကို မမေ့လိုက်ပါနဲ့နော်။ အဲဒါကတော့ ကလေးအတွက်ဘေးကင်းစိတ်ချရတဲ့ အစာအာဟာရ ပေးနိုင်ဖို့ပါ။ အိမ်မှာရှိနေတုန်းတော့ အရိပ်တကြည့်ကြည့်နဲ့ ကျွေးလို့မွေးလို့ရနိုင်ပေမယ့် မိဘနဲ့ခွဲပြီးကျောင်းစတက်ရမယ့်ကလေးဟာ အရင်လောက် အာဟာရပြည့်ဝအောင် အစားဝင်နိုင်ပါ့မလား။ ထမင်းခွံ့မယ့်အမေ မပါတော့ မစားဖြစ်ရင် ဘယ်လိုလုပ်ပါ့မလဲတွေးပူကြပါလိမ့်မယ်။ သရေစာကြိုက်တဲ့ကလေးက မုန့်စားဆင်းချိန်မှာဘေးကင်းမကင်း မသိရတဲ့မုန့်တွေ ဝယ်စားရင်ရော။ ဒီလိုတွေတွေးပူမနေရဖို့ အသုံးဝင်မယ့် အကြံပြုချက်လေးတွေပြောပြမယ်နော်။ အာဟာရပြည့်တဲ့ မနက်စာကျွေးပါ။ မနက်စာကောင်းကောင်းစားတဲ့ ကလေးတွေဟာ မှတ်ဉာဏ်ပိုကောင်းပြီး ခွန်အားပြည့်ဝတယ်လို့လေ့လာမှုတွေကဖော်ပြပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခွန်အားပြည့်ဝမှုအတွက် ကွေကာ၊ နို့၊ ကြက်ဥ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးများသည် သင့်ကို အသက်ပိုရှည်စေနိုင်ပါ သည်။

ကလေးယူခြင်း ဒုက္ခသည် ကြီးမားလှသောကြောင့် မိဘ များစွာသည် ကလေးများကြောင့် အသက်တိုရပါသည်ဟု အခိုင်အမာပြောကြသည်။ အခြားတစ်ဖက်တွင် လူတစ်ယောက် ၏ သက်တမ်းသည် မိဘ ဘဝကြောင့် ပိုရှည်သည်ဟု လေ့လာမှုများက ဆိုသည်။ ၎င်းသည် ကလေး မွေးပြီး ပြုစုစောင့်ရှောက်ဖူးသော မိဘများအတွက် ရယ်စရာ ဖြစ်နေနိုင်သော်လည်း ၎င်းသည် အမှန်တကယ် မှန်ကန် ပါသည်။ သုတေသနနှင့် အံ့အားသင့်ဖွယ် ရလဒ်များ လူပျို၊ အပျိုများထက် မိဘများသည် ပို၍ အသက်ရှည်သ လား ဖော်ထုတ်ရန် ဆွီဒင်ရှိ Karolinska Institute မှ Dr Karin Modig သည် လေ့လာမှုတစ်ခုကို ဆောင်ရွက်ခဲ့သည်။ ဆွီဒင်ရှိ လူဦးရေ အချက်အလက်များကို စစ်ဆေးပြီနောက် ၁၉၁၁ နှင့် ၁၉၂၅ ကြားတွင် ကလေးရှိသော […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင် ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း

ဦးခေါင်းဒဏ်ရာဆိုတာဘာလဲ ကလေးတိုင်းဟာ ဦးခေါင်းမှာ ဒဏ်ဖြစ်တတ်ပါတယ်။ လမ်းလျှောက်သင်ခါစအရွယ်မှာ ချော်လဲပြီး ဖြစ်တတ်ကြပါတယ်။ ဦးခေါင်းဒဏ်ရာ အများစုကတော့ ဦးရေပြားမှာတင် ဖြစ်တတ်ပါတယ်။ ဒဏ်ရာသေးပေမယ့် အဖုထလာတတ်တာကတော့ ဦးရေပြားမှာ သွေးကြောလေးတွေ များစွာရှိနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် နည်းနည်းရှမိတာတောင် သွေးများများ ထွက်တတ်ပါတယ်။ သွေးခြေဥဒဏ်ရာ အများစုကတော့ နဖူးမှာရတတ်ပါတယ်။ တခါတရံ ဒဏ်ရာရပြီး ၃ရက်လောက်ကြာမှ မျက်ကွင်းညိုလာတတ်ပါတယ်။ ဒါဟာ သွေးခြေဥတဲ့သွေးတွေဟာ အောင်ဘက်ကို ရွေ့လာလို့ ဖြစ်ပါတယ်။ ၁ကနေ ၂% ခန့်သာ ဦးခွံရိုးကျိုးတာ ဖြစ်နိုင်ပါတယ်။ ရိုးရိုး ဦးခွံရိုးကျိုးခြင်းဟာ နောက်ဆက်တွဲပြသနာတွေကို မြင့်တက်စေခြင်း၊ ကုသမှုကို ပြောင်းလဲတတ်စေခြင်း မရှိတာကြောင့် ဦးခေါင်းဓါတ်မှန်ကို ရိုက်လေ့ရိုက်ထ သိပ်မရှိပါဘူး။ ထိခိုက်မိတဲ့ နေရာမှာ ခေါင်းကိုက်တာကလွဲလို့ တခြားလက္ခဏာ သိပ်မရှိတတ်ပါဘူး။ ဦးခေါင်းထိခိုက်မိပြီး သတိလစ်သွားတဲ့ကလေးတွေကို ဆရာဝန်နဲ့ပြသဖို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်များ ခင်မင်ရင်းနှီးမှုကို နားလည် တည်ဆောက်နိုင်ရန် ကူညီခြင်း

မိတ်ဆွေဖွဲ့ခြင်းဟာ ဘဝရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဝင်စားမှုတွေ ဝေမျှဖို့၊ ခက်ခဲမှုတွေကို အတူကျော်လွှားဖို့၊ အောင်မြင်မှုတွေကို အားပေးချီးမြှင့်ဖို့ မိတ်ဆွေတွေ လိုအပ်ပါတယ်။ အတန်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အခန်းဖော်တွေနဲ့ ငယ်သူငယ်ချင်းတွေ စတာတွေဟာ အကောင်းဆုံးမိတ်ဆွေတွေပဲ ဖြစ်ပါတယ်။ မိဘများအနေနဲ့ မိမိတို့ သားသမီးများကို ခင်မင်ရင်းနှီးမှု၊ မိတ်ဆွေဖွဲ့မှု ကိစ္စရပ်တွေကို နားလည်အောင် သင်ကြားပေးဖို့ လိုအပ်ပါတယ်။ စံပြဖြစ်အောင်နေပါ တခြားသော ပေါင်းသင်းဆက်ဆံရေး ပု့စံတွေလိုပဲ မိတ်ဆွေဖွဲ့ခြင်းဟာလည်း သင်ယူတတ်မြောက်နိုင်တဲ့ အမူအကျင့်ဖြစ်ပါတယ်။ သင့်ကလေးများဟာ သင်မိတ်ဆွေဖွဲ့ပုံကို တွေ့မြင် အတုခိုးပါလိမ့်မယ်။ အိမ်နီးချင်းတွေဆီ အစားအစာတွေ ယူသွားပေးတာ၊ နေမကောင်းတဲ့ မိတ်ဆွေတွေဆီ သတင်းမေးသွားတာ၊ အဝေးမှာ ရောက်နေတဲ့ မိတ်ဆွေတွေဆီ အမှတ်တရကတ်တွေပို့ပေးတာ စတဲ့ အပြုအမူတွေကို သင်ကြားပေးနိုင်ပါတယ်။ ဒါဟာ မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးအတွက် ရှေးဥိးသင်ခန်းစာများပဲ […]


အခြားကလေးကျန်းမာရေးပြဿနာများ

အိမ်မွေးတိရစ္ဆာန်အပေါ် မသင့်မလျော်ပြုမူတတ်တဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးတွေအနေနဲ့ တိရစ္ဆာန်တွေအပေါ် မသင့်မတော်ပြုမူခြင်း၊ နှိပ်စက်ခြင်းဟာ အန္တရာယ်များလှပါတယ်။ တိရစ္ဆာန်တွေအပေါ် ရက်စက်ရုံသာမက ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြသနာရှိနေတတ်တာကို ပြနေပါတယ်။ ဘယ်အရာတွေက ကလေးတွေကို တိရစ္ဆာန်များအပေါ် ညှဉ်းပန်းမှုဖြစ်စေသလဲ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ သက်သေပြနိုင်ခြင်း မရှိသေးပါဘူး။ တွေ့ဆုံမေးမြန်းခြင်းတွေကနေ ကလေးများအနေနဲ့ ဘာကြောင့် ဒီလိုပြုမူချင်စိတ်တွေပေါ်လာရလဲ ဆိုတာ ဖော်ထုတ်ထားတာတွေရှိပါတယ်။ စူးစမ်းလေ့လာခြင်း စိတ်ဖြေခြင်း ပျင်းရိနေတဲ့၊ စိတ်ဓါတ်ကျနေတဲ့၊ ဝမ်းနည်းနေတဲ့ ကလေးများဟာ သူတို့စိတ်ထွက်ပေါက်အဖြစ် အိမ်မွေးတိရစ္ဆာန်တွေကို ညှဉ်းပန်းတတ်ပါတယ်။ အချင်းချင်းဖိအားပေးခြင်း သူငယ်ချင်းများက တွန်းအားပေးလို့ လုပ်ဖြစ်သွားပါတယ်။ ကလေးအချို့ဟာ သူတို့အဖွဲ့ဝင်အဖြစ် သတ်မှတ်ဖို့ စမ်းသပ်စစ်ဆေးမှု အဖြစ်လည်း ခိုင်းစေတတ်ကြပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုရခြင်း တိရစ္ဆာန်များနဲ့ လိင်ပိုင်းဆိုင်ရာ အားထုတ်ဖို့ စိတ်ဝင်စားခြင်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို ရိပ်စားမိရင် ကုသမှု အကူအညီ ချက်ချင်းယူဖို့ လိုအပ်ပါတယ်။ အဲဒီစိတ်တိမ်းညွတ်မှုဟာ တသက်လုံးစွဲသွားတတ်လို့ ဖြစ်ပါတယ်။ ကလေးများအနေနဲ့ တိရစ္ဆာန်များကို ညှဉ်းပန်းဖို့ သူတို့ကိုလွှမ်းမိုးနိုင်သူများက […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်နှင့် တုပမှုဖိအား

ဆယ်ကျော်သက်အရွယ်မှာ သင့်ကလေးက သူ့သူငယ်ချင်းတွေရဲ့ အပြုအမူနဲ့ အမူအကျင့်တွေကို တုပချင်တယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါ။ တုပမှုဖိအား သို့မဟုတ် တုပမှုလွှမ်းမိုးခြင်းက အမြဲတမ်း ဆိုးရွားတဲ့ လွှမ်းမိုးမှုကိုပဲ ပေးတာမဟုတ်ပေမယ့်လည်း မိဘရော ဆယ်ကျော်သက်အရွယ် သားသမီးတွေအတွက်ပါ စိတ်ပူစရာတွေ ပေးနေတုန်းပါ။ တကယ်လို့ မလိုအပ်တဲ့ လွှမ်းမိုးမှုတွေ ပေါ်ပေါက်လာမယ့်ဆို သူတို့ကို စီမံခန့်ခွဲဖို့ သင်လုပ်ရနိုင်တဲ့ အရာအချို့ကို အောက်မှာ ဖော်ပြထားပါတယ်။ တုပမှု ဖိအားဆိုတာ ဘာလဲ။ တုပမှု ဖိအားဆိုတာ လူတစ်ယောက်က သူ့သူငယ်ချင်းရဲ့အမြင်မှာ သူ့ကို တန်ဖိုးထား လက်ခံအောင် အဲ့သူငယ်ချင်းရဲ့ အပြုအမူတွေကို မသိလိုက်မသိဖာသာ တုပနေခြင်းကို ဆိုလိုတာပါ။ တချို့အခြေအနေတွေမှာ တုပမှုက ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်တာပါ။ တုပမှုဟာ ဆယ်ကျော်သက်တွေရဲ့ အမူအကျင့်တွေအပေါ် အသင်းအဖွဲ့အတွင်း သူတို့ အပြုအမူနဲ့ ခံစားမှုတွေရဲ့ ထိန်းချုပ်မှုက လွှမ်းမိုးထားပါလိမ့်မယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း