ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်း : ဘာတွေ အယူအဆ မှားနေကြသလဲ

မိဘနှစ်ပါးရဲ့ မူလဘာသာစကား မတူညီတဲ့ အနေအထားမျိုးအပါအဝင် အမျိုးမျိုးသော အခြေအနေတွေမှာ ကလေးဟာ ဘာသာစကားနှစ်မျိုး စလုံးကို သင်ယူရင်း ကြီးပြင်းလာရတတ်ပါတယ်။ ဒီလို ကြီးပြင်းလာရတာဟာ ကောင်းသလား၊ ဆိုးသလား ဆိုတာနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေလည်း အများအပြား ရှိနေပါသေးတယ်။ ဒီလို အငြင်းပွားမှုတွေထဲမှာ မှားယွင်းစွာ လက်ခံထားကြတဲ့ အချက်အလက်လေးတွေလည်း ရှိနေပါတယ်။ အခု ဆောင်းပါးလေးမှာတော့ အဆိုပါ အယူအဆမှားတွေကို တင်ပြသွားမှာပဲ ဖြစ်ပါတယ်။ ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်း : ဘာတွေ အယူအဆ မှားနေကြသလဲ ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်း : ဘာတွေ အယူအဆ မှားနေကြသလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ၁။ တစ်မျိုးထက်ပိုတဲ့ ဘာသာစကားတွေနဲ့ ကြီးပြင်းလာခြင်းဟာ ကလေးကို ရှုပ်ထွေးသွားစေတယ် ဒါဟာ အယူအဆအမှားတွေ အားလုံးထဲမှာ သဘာဝအကျဆုံး […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

သင့်ကလေးကျောင်းမှာ အနိုင်ကျင့်ခံနေရပြီလား

သင့်ကလေးကျောင်းမှာ အနိုင်ကျင့်ခံနေရပြီလား ဒီရက်ပိုင်းထဲမှာပဲ သုံးတန်းကျောင်းသားလေးကို လေးတန်းကျောင်းသားက ကျောင်းကားပေါ်မှာ အနိုင်ကျင့် ခြေထောက်နဲ့ကန်ကျောက်လို့ အနိုင်ကျင့်ခံရတဲ့ ကလေးခမျာ အင်္ကျီတွေအကုန်လုံး သွေးတွေပေပွနေတာကို လူမှုကွန်ယက်မှာ တွေ့လိုက်ရပါတယ်။ အသက်မတိမ်းမယိမ်း လူအများအပြား တစုတစည်းတည်း နေထိုင်ရတဲ့ ကျောင်း/တက္ကသိုလ်တွေဟာ အနိုင်ကျင့်ခြင်းနတ်ဆိုးရဲ့ စားကျက်ကောင်းဖြစ်နေခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။Netflix ရဲ့ နာမည်ကျော်စီးရီး (ဝတ္ထုကို ဇာတ်လမ်းတွဲပြန်ရိုက်ထားတာ) 13 Reasons Why ဆိုရင်လည်း ကျောင်းတွင်း အနိုင်ကျင့်တဲ့အကြောင်းကို တစေ့တစောင်း တင်ပြထားတာပါ။ ဆိုလိုချင်တာက ကျောင်း/တက္ကသိုလ်တွေမှာ တဦးကိုတဦး အနိုင်ကျင့်ခြင်းဟာ နေရာဒေသမရွေး ရှိနေတယ်ဆိုတဲ့အချက်ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကျောင်းတွင်းအနိုင်ကျင့်ခြင်းနဲ့ ပတ်သက်လို့ သိမှတ်ဖွယ်ရာ၊ဆောင်ရန်/ရှောင်ရန်လေးတွေကို မျှဝေပေးသွားပါမယ်။   အနိုင်ကျင့်ခြင်း ဆိုတာဘာလဲ သူငယ်ချင်း အချင်းချင်း ချစ်လို့ခင်လို့ စနောက်တာနဲ့ အနိုင်ကျင့်ခြင်းကို ကွဲကွဲပြားပြား သိရပါမယ်။ တကယ်တမ်းပြောရမယ်ဆိုရင် သူငယ်ချင်းတွေအကြား တဦးနဲ့တဦးနောက်ပြောင်ကျီစယ်တယ်ဆိုတာ အင်မတန်မှ […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ဆယ်ကျော်သက်တွေ သုံးတတ်တဲ့ မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးများ

ဆယ်ကျော်သက်တွေ သုံးတတ်တဲ့ မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးများ ဆယ်ကျော်သက်ဆိုတာ အင်မတန် လက်တည့်စမ်းတတ်ကြသူတွေပါ။ ဆေးလိပ်၊အရက်က စလို့ မူးယစ်ဆေးဝါးအထိလည်း အဖော်ကောင်းရင်ကောင်းသလို စမ်းတတ်ကြပါတယ်။ ဒီအရွယ်လေးတွေဖို့ မူးယစ်ဆေးဝါးအများစုဟာ ဈေးကြီးသလို လက်လှမ်းလည်း သိပ်မမှီတတ်ကြပါဘူး။ ဒါပေမယ့် မဟုတ်တဲ့နေရာမှာဆို ဉာဏ်ကောင်းလေ့ရှိကြတဲ့ 'တလွဲဆံပင်ကောင်းတတ်သူ'တို့ ထုံးစံအတိုင်း မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးတွေကို အတတ်စမ်းကြပါတော့တယ်။ ဘယ်လိုမျိုးပါလိမ့်လို့ တွေးမနေပါနဲ့။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ (၁) ချောင်းဆိုးပျောက်ဆေးရည် နှစ်နှစ်သားကလေးတောင် ပိုက်ဆံပါရင် ဆေးဆိုင်မှာ သွားဝယ်လို့ရတဲ့ ချောင်းဆိုးပျောက်ဆေးပုလင်း အိမ်မှာရှိနေတာကို ဘယ်မိဘမှ အထူးတလည် ဂရုစိုက်မိမယ် မထင်ပါဘူး။ ဒါပေမယ့် ဒီချောင်းဆိုးပျောက်ဆေးရည်တွေကို ပမာဏများများသောက်သုံးရင် သင့်စိတ်နဲ့အာရုံကို ပြောင်းလဲစေတတ်တဲ့အပြင် ခန္ဓာကိုယ်အပြင်ကို သင့်စိတ်ဝိညာဉ်လွင့်မျောသွားသလို ခံစားရပါလိမ့်မယ်။ ချောင်းဆိုးပျောက်ဆေးရည်ဟာ စွဲတတ်ပါတယ်။ အလွန်အကျွံသောက်သုံးရင် (အထူးသဖြင့် အရက်နဲ့ တွဲစပ်သောက်သုံးရင်) သင့်နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကို နှေးသွားစေတဲ့အတွက် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အန္တရာယ်ကင်းကင်းနဲ့ ဘေဘီလေးကိုရေချိုးပေးနိုင်မယ့် နည်းလမ်းများ

ကလေးလေးကိုရေချိုးပေးဖို့ ဘယ်လိုချိုးပေးရမှန်းမသိဘူးဖြစ်နေလား။ရေချိုးတာကတစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့အရာတစ်ခုဖြစ်တာကြောင့် အရွယ်မရွေးရေချိုးဖို့လိုပါမယ်။ အရွယ်ရောက်နေသူအတွက်ကတော့ရေချိုးတာက ခက်ခဲရှုပ်ထွေးမှုတစ်ခုမဟုတ်သလို အန္တရာယ်များတဲ့ ကိစ္စတစ်ခုလည်းမဟုတ်ဘူးလေ။ ကလေးငယ်ငယ်လေးတွေကို အန္တရာယ်ကင်းကင်းနဲ့ရေချိုးပေးဖို့ကတော့ မိဘတိုင်းအတွက် အရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။ရေချိုးပေးတဲ့အခါ ရင်သွေးလေးကို ထိခိုက်တာတွေ အန္တရာယ်ဖြစ်တဲ့အနေအထားတွေမဖြစ်စေဖို့အတွက် မဖြစ်မနေသတိထားရမယ့်အချက်လေးတွေရှိနေပါတယ်။ ဘာတွေများဖြစ်မလဲ........ ဘေဘီကို အန္တရာယ်ကင်းကင်းနဲ့အခုလိုရေချိုးပေးပါ ရေချိုးတဲ့အချိန်ဟာ မိဘနဲ့သားသမီးကြားကသံယောဇဉ်ကြိုးကို အခိုင်မာဆုံးရစ်နှောင်ပေးနိုင်တဲ့ အချိန်ဖြစ်တာကြောင့် ကလေးကိုရေချိုးချိန်ဟာ အန္တရာယ်ကင်းပြီးပျော်စရာကောင်းတဲ့အချိန်ဖြစ်အောင်ဖန်တီးပေးလိုက်ပါ။ ကလေးငယ်လေးကိုဘေးကင်းကင်းနဲ့ရေချိုးပေးဖို့ဆိုရင် ဒီပစ္စည်းလေးတွေလိုအပ်နိုင်ပါတယ် ကလေးကိုရေချိုးပေးတဲ့ရေချိုးကန် ကလေးကိုရေချိုးပေးချိန်မှာ တင်ထားလို့ရမယ့် အခင်းပြား ရေပိုက်ခေါင်းမှာစွပ်တဲ့ ချစ်စရာအရုပ်လေးတွေ လေထိုးရေချိုးကန်အသေးစား ရေချိုးတဲ့အခါဆော့လို့ရတဲ့ရော်ဘာဘဲရုပ်လိုမျိုးအရုပ်လေးတွေ ဒီပစ္စည်းလေးတွေက ကလေးငယ်ကို ထိခိုက်မှုမဖြစ်အောင် အထောက်အပံ့ပေးပါတယ်။ ဘေဘီကိုရေချိုးပေးရင် လိုက်နာရမယ့်အချက်တွေက ကလေးကိုရေချိုးပေးတဲ့အခါ တစ်ယောက်တည်းထားခဲ့တာမျိုးမလုပ်ပါနဲ့ - ကလေးကိုရေချိုးပေးတဲ့အခါရေချိုးပေးနေရင်းဖုန်းလာလို့ဖြစ်ဖြစ် တစ်ခုခုလိုလို့ဖြစ်ဖြစ် ကလေးကိုတစ်ယောက်တည်းထားခဲ့တာမျိုးမလုပ်ပါနဲ့။ မတော်တဆဖြစ်တာမျိုးတွေဖြစ်လာနိုင်တာကြောင့်ပါ။ ကလေးကိုရေမချိုးခင်ကတည်းက လိုအပ်မှာတွေကို တစ်ခါတည်း ယူထားပါ။ ဧည့်သည်လာနေရင်တောင် တံခါးဖွင့်ပေးဖို့ဆိုရင် ကလေးကိုပါကောက်ပွေ့ခေါ်သွားလိုက်ပါ။ ရေရဲ့အပူချိန်ကို စစ်ဆေးပါ -ကလေးတွေက အချမ်းမခံနိုင်ကြပါဘူး။ ဒါကြောင့်ရေချိုးခန်းထဲဝင်တဲ့အခါရေကအရမ်းအေးနေလားဆိုတာကို အရင်ဆန်းစစ်ပါ။ရေအရမ်းအေးနေရင် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ဖြစ်တဲ့သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးရောဂါကို အများစုကတော့ အပူပိုင်းဒေသနေရာများမှာ တွေ့ရလေ့ရှိပါတယ်။ ဒီလိုနေရာတွေကို ခရီးသွားလာနေတဲ့ ဧည့်သည်တွေကတော့ အဲ့လိုဒေသက ဒေသခံလူတွေလိုပဲ သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ဖို့ အန္တရာယ်ညီတူညီမျှရှိပါတယ်။ အဲ့လိုနေရာတွေကတော့ အရှေ့တောင်အာရှ၊ အိန္ဒိယ,အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်း၊ ကာရေဘီယန်၊ အာဖရိက၊ ပစိဖိတ်ကျွန်းစွယ်များ တို့ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးလေးမျိုးရှိပါတယ်။ ဒီဗိုင်းရပ်စ်တွေကို ပုံစံတူခြင်းအမျိုးအစားနှစ်မျိုး က သယ်ဆောင်ပြီး ရောဂါဖြစ်စေပါတယ်။ အဲ့ခြင်အမျိုးအစားနာမည်များကတော့ Aedes aegypti and Aedes albopictus တို့ဖြစ်ပါတယ်။ တစ်ခြားခြင်အမျိုးအစားတွေကို ညပိုင်းမှာ ကိုက်လေ့မရှိပဲ ဒီ ခြင်အမျိုးအစားနှစ်မျိုးက မနက်စောစောပိုင်းနဲ့ နေမဝင်ခင် ညနေစောင်းတို့မှာကိုက်လေ့ရှိပါတယ်။ သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာများ အခြေအနေတော်တော်များများမှာတော့ သွေးလွန်တုပ်ကွေးရောဂါရှိတဲ့ကလေးတွေက အောက်ပါ လက္ခဏာတွေ တစ်ခုသို့မဟုတ် အဲ့ထက်ပိုပြီး ဖော်ပြနိုင်ပါတယ်။ အဖျားကြီးခြင်း ပျို့ခြင်း၊ အန်ခြင်း အစားအသောက်ပျက်ခြင်း အနီစက်များပေါ်ခြင်း ခေါင်းနဲ့ ကိုယ်တွေမှာကိုက်ခဲခြင်း(အထူးသဖြင့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အစားကြေးများတဲ့ ကလေး ဘယ်လိုချော့ကျွေးကြမလဲ

ကလေးကို ထမင်းစကျွေးပြီဆိုတာနဲ့ မိဘတွေတိုင်ပတ်တဲ့ဇာတ်လမ်းကစလာပါပြီ။ အရာရာသူ့ဘာသာလုပ်မယ်တကဲကဲနဲ့ ဖွံ့ဖြိုးလာတဲ့ ကလေးကြောင့်ပါ။ ဘာကျွေးကျွေး ခုကြိုက်လိုက်၊တော်ကြာထွေးထုတ်လိုက်၊ သူ့လက်နဲ့ပြန်ကောက်စားလိုက် လုပ်ရင်လုပ်တတ်သေးတယ်။ ဘယ်အစားအစာကိုကြိုက်မလဲ မှန်းဆရလည်းတော်တော်ခက်တဲ့အရွယ်ပါ။ အစားတစ်မျိုးကို ခဏပဲကြိုက်တာကိုး။ ဆော့ရင်းကစားရင်း လိုက်ခွံ့ရတာ၊ ထမင်းပန်းကန်ကိုင်ပြီး ကလေးနဲ့စိန်ပြေးလိုက်တမ်းကစားရတာလည်း အမော။ ဒီလိုကာလတွေမှာအတော်ပင်ပန်းရပေမယ့် ဒါဟာ ကလေးတွေရဲ့ပုံမှန်ဖွံ့ဖြိုးမှုအဆင့်တစ်ခုဖြစ်နေပြန်ပါတယ်။ သိပ်စိတ်ပူနေဖို့တော့ မလိုပါဘူး။ မေမေတို့အနေနဲ့ ဉာဏ်ရှိရှိနဲ့ဖြတ်သန်းနိုင်မယ်ဆိုရင် ကလေးလည်းအာဟာရမလျော့ဘဲ အချိန်နဲ့အမျှ အဆင်ပြေလာမှာပါ။ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ကလေးအများစုက တစ်ခါတရံ စားစရာကိုငြင်းဆန်နေရင်တောင်မှ မိဘတွေရဲ့ ကြိုးပမ်းမှု(ဉာဏ်ကစားမှု)ကြောင့် စားသင့်သလောက် စားဝင်ကြပါတယ်။ တစ်ခုသတိထားရမှာက ကလေးရဲ့အစာအိမ်ကသေးသေးလေးရယ်။ ဒီလောက်ဝင်မှဖြစ်မယ်ဆိုပြီး တစ်ကြိမ်တည်းမှာ ပုံတိုက်သတ်မှတ်ပြီး အတင်းမကျွေးမိဖို့ပါ။ ထိုက်သင့်သလောက်စားဝင်ပြီးမှ ကလေးက ဆက်မစားချင်တော့ရင် အတင်းအကျပ်ဆက်မကျွေးသင့်ပါဘူး။ ကဲ ဘယ်လိုနည်းလမ်းတွေသုံးပြီး ဇီဇာကြောင်တဲ့ကလေးကို အစားချော့ကျွေးနိုင်မလဲ ကြည့်ရအောင်။ ကိုယ်နဲ့အတူကျွေးကြည့်ပါ လူကြီးတွေစားတဲ့ထမင်းဝိုင်းနားမှာဖြစ်ဖြစ်၊ တစ်ဝိုင်းတည်းထိုင်ခိုင်းတာဖြစ်ဖြစ် တတ်နိုင်သလောက် တူတူထမင်းစားကြည့်ပါ။ အချိန်မရတဲ့သူတွေအတွက် နည်းနည်းတော့ခက်ခဲနိုင်ပေမယ့် ကလေးတစ်ယောက်တည်းကိုထမင်းခွံ့ရင်း […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ကလေးမှာ တုပ်ကွေးဖြစ်တဲ့အခါ ဘယ်လိုဂရုစိုက်ပေးမလဲ

နှာတွေချေ၊ နှာရည်တွေကျပြီး ကိုယ်တွေပူနေတဲ့ကလေးအတွက်ဖေဖေမေမေတို့ ပျာယာခတ် စိတ်ပူရတာ သဘာဝပါပဲ။ တုပ်ကွေးဒဏ်ကို ပိုခံစားရလေ့ရှိတဲ့သူတွေထဲ အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေပါဝင်ပါတယ်။ ကလေးမှာ တုပ်ကွေးြဖစ်လာရင် ဆရာဝန်ရဲ့အကြံပြုချက်အတိုင်း သင့်တော်တဲ့ကုသမှုခံယူရမှာဖြစ်ပေမယ့် မိဘလုပ်သူတွေက အသေးစိတ်ဂရုစိုက်ပေးမှ ကလေးမှာဝေဒနာခံစားရသက်သာစေမှာပါ။ မဟုတ်ရင် နေမကောင်းလို့အားနည်းနေတဲ့ကလေးမှာ ခံစားရတဲ့ရောဂါလက္ခဏာတွေက ခံရမသက်သာပိုဖြစ်စေပြီး ပိုပင်ပန်းရပါလိမ့်မယ်။ ဒါ့ကြောင့် နေမကောင်းတဲ့ကလေးကိုပြုစုစောင့်ရှောက်ရမယ့်အချက်လေးတွေအကြောင်း ဖေဖေမေမေတို့ကို အကြံပြုပေးလိုက်တယ်နော်။ ဆေးဝါးအကူအညီ လိုအပ်လာနိုင်ပါတယ် တုပ်ကွေးနဲ့ အအေးမိေရာဂါအတွက် သီးသန့်ကုသဆေးမရှိပေမယ့် အဖျားကျစေပြီး ကိုက်ခဲမှုသက်သာစေနိုင်တဲ့ဆေးဝါးတွေကို အသုံးပြုကြပါတယ်။ ကိုယ်ပူမယ်၊ခေါင်းကိုက်မယ်၊ ကြွက်သားနာကျင်ကိုက်ခဲမယ်၊ လည်ချောင်းနာမယ် ဆိုတဲ့ဝေဒနာတွေအတွက် ကလေးတွေကိုacetaminophen လိုမျိုးဆေးတွေ ဆရာဝန်ကညွှန်းပေးနိုင်ပါတယ်။ ဥပမာ ကလေးတွေအတွက် သောက်ရလွယ်စေဖို့ အထူးထုတ်လုပ်ထားတဲ့ acetaminophen ပါဝင်တဲ့ Tylenol (တိုင်လီနော) ဆေးရည်ကို တိုက်ကျွေးနိုင်ပါတယ်။ ဖျားတာရော ကိုယ်လက်တွေနာကျင်ကိုက်ခဲတာတွေရော […]


အခြားကလေးကျန်းမာရေးပြဿနာများ

“ပရုတ်အေး၊ တောင်ကြီးပဲလှော် စတာတွေနဲ့ မတည့်တဲ့ရောဂါ (သို့) G6PD အင်ဇိုင်း ချို့တဲ့ခြင်း"

G6PD ချို့တဲ့ခြင်းဆိုတာ ဘာလဲ။ G6PD ဆိုတာ Glucose 6 Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်းကို အတိုကောက်ခေါ်တာဖြစ်ပြီး ဒီအင်ဇိုင်းက သွေးထဲမှာရှိတဲ့ သွေးနီဥတွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ G6PD ချို့တဲ့တဲ့ရောဂါက ရှားပါးတဲ့ရောဂါတစ်ခုမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ G6PD အင်ဇိုင်းချို့တဲ့မှုကို ခံစားနေရတဲ့ လူပေါင်း သန်း ၄၀၀ ခန့်တောင်ရှိပြီး မြန်မာနိုင်ငံမှာလည်း အများအပြားရှိပါတယ်။ G6PD ချို့တဲ့မှုဟာ မျိုးရိုးလိုက်တဲ့ အဖြစ်အများဆုံးသော သွေးနီဥအင်ဇိုင်းချို့တဲ့ရောဂါတစ်ခုဖြစ်ပြီး အမျိုးသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။ G6PD က ဘယ်လောက်အရေးပါလဲ။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို သွေးနီဥလေးတွေက သယ်ဆောင်ပြီး ခန္ဓာကိုယ်အနှံ့ကို ပို့ပေးရပါတယ်။ ဒီလိုပို့ဆောင်ပေးတဲ့အလုပ်ကို ကောင်းကောင်းလုပ်နိုင်ဖို့ သွေးနီဥလေးတွေအတွက် G6PD အင်ဇိုင်းက အကူအညီပေးသလို အကာအကွယ်လည်းပေးပါတယ်။ G6PD အင်ဇိုင်းချို့တဲ့ချိန်မှာတော့ သွေးနီဥလေးတွေ ဖျက်ဆီးခံရပြီး အသစ်ပြန်မထုတ်နိုင်တာကြောင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေနဲ့သနပ်ခါး။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။

ကလေးလေးတွေက မိသားစုတွေဆီကိုပျော်ရွှင်ခြင်းတွေယူဆောင်လာပေးတဲ့ အိန်ဂျယ်လ်ပိစိလေးတွေပေါ့။ သူတို့လေးတွေ ကိုယ့်ဘဝထဲရောက်လာတာနဲ့နေ့စဉ် သူတို့လေးတွေ ကျန်းမာဖို့က မိဘဖြစ်တဲ့ကိုယ်တွေအတွက် အရေးကြီးဆုံးအရာပဲနော်။ သူတို့ရဲ့ အစားအသောက် ကစလို့ ခန္ဓာကိုယ်တွင်းကိုယ်ပ ကျန်းမာဖို့ကအဆုံး အရာရာကို မပြတ်ဂရုစိုက်ရပြီလေ။ ဒီလိုဂရုစိုက်တဲ့အခါဘေဘီလေးရဲ့ အသားအရေကိုလည်း မဖြစ်မနေထည့်သွင်းရပြီပေါ့။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေနဲ့သနပ်ခါး။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။ ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ဘေဘီလေးတွေနဲ့သနပ်ခါး။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။ ဘေဘီလေးတွေနဲ့သနပ်ခါး။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။ ဆိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ ဘေဘီလေးရဲ့ အသားအရေ မွေးကင်းစဘေဘီလေးတွေရဲ့ အရေပြားက ထိခိုက်လွယ်ပါတယ်။ဘေဘီလေးတွေရဲ့ ကိုယ်ခံအားစနစ်ကလည်းပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကလေးလေးတွေဟာ ဓာတုပစ္စည်းတွေ၊ ရနံ့တွေ၊ အဝတ်အထည်တွေမှာ အသုံးပြုထားတဲ့ ဆိုးဆေးတွေ၊ ဆပ်ပြာမှုန့်တွေ နဲ့ ကလေးတွေအတွက်ထုတ်ထားတဲ့ ပစ္စည်းအချို့မှာပါနေတဲ့ ဓာတုပစ္စည်းတွေကြောင့် အရေပြားခြောက်သွေ့တာတွေ၊ ထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ထိခိုက်လွယ်တဲ့ဘေဘီလေးတွေအသားအရေအတွက် အသင့်တော်ဆုံးက သဘာဝပစ္စည်းစစ်စစ်တွေပါ။ ဒါဆိုဘေဘီလေးတွေအတွက် အသင့်တော်ဆုံးဖြစ်မယ့် အသားအရေထိန်းသိမ်းမှုကို ဘယ်လိုလုပ်ပေးရမလဲတွေးရခက်နေလားမေမေဖေဖေတို့.... မိရိုးဖလာအသုံးပြုခဲ့တဲ့ […]


ကလေးငယ်အာဟာရ

ကလေးကို ကော်ဖီတိုက်လို့ရသလား

ကော်ဖီ၊ လက်ဖက်ရည်ဆိုတာ တော်တော်များများမကင်းနိုင်တဲ့ သောက်စရာဖြစ်ပါတယ်။ သူတို့မှာပါတဲ့ ကဖင်းဓာတ်က လန်းဆန်းစေတဲ့အတွက် နှစ်သက်ကြပါတယ်။ မိုးအေးတဲ့အချိန်ဆို ကော်ဖီပူပူလေးနဲ့မှ၊ အိမ်မှာအနားယူနေလည်း ကော်ဖီလေးနဲ့၊ မိသားစု မုန့်စားကြလည်းကော်ဖီလေးနဲ့။ နေ့စဉ်စားသောက်နေတဲ့အထဲမှာ ချောကလက်၊ ကိုလာနဲ့ အားဖြည့်အချိုရည်တွေလို ကဖင်းဓာတ်ပါတဲ့ တခြားအစားအသောက်တွေကလည်း ပါနေတာပါပဲ။ ပုံမှန်တော့ သတိမထားမိကြပေမယ့် ကလေးရှိတဲ့မိသားစုမှာတော့ ဒါကိုထည့်တွေးသင့်ပါတယ်။ လူကြီးတွေ စားသမျှကို စားချင်နေတဲ့ ကလေးတွေကိုရော ကိုယ်သောက်နေတဲ့ကော်ဖီ သို့မဟုတ် ကဖင်းပါတဲ့သောက်စရာတွေ နည်းနည်းမျှတိုက်လိုက်တာပဲလား။ ကိုယ်ခန္ဓာရဲ့ဖွံ့ဖြိုးကြီးထွားမှု မပြည့်စုံသေးတဲ့အသက်အရွယ်မှာ ကဖင်းဓာတ်ကြောင့် ဘယ်လိုသက်ရောက်မှုရှိစေနိုင်မလဲတွေးမိပါရဲ့လား။ တကယ်လို့ ကလေးက ကဖင်းကိုစွဲလမ်းသွားရင် ကျောင်းတက်လည်းကော်ဖီဘူး၊ အားဖြည့်အချိုရည်ဘူးတွေ မကြာခဏသောက်တော့မှာပါ။ ကဖင်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်နှိုးဆွပေးနိုင်လို့ အာရုံလန်းဆန်းစေတာဖြစ်ပါတယ်။ ဒါပေမယ့် ကလေးရော လူကြီးမှာပါ ကဖင်းဓာတ်လွန်ကဲရင် ဒီလက္ခဏာတွေဖြစ်လာနိုင်ပါတယ် - ကတုန်ကယင်ဖြစ်ခြင်း ဗိုက်အောင့်ခြင်း ခေါင်းကိုက်ခြင်း အာရုံစိုက်မရခြင်း အိပ်မပျော်ခြင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း