ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးများနှင့် သက်သတ်လွတ် အစားအစာ

နှလုံးနှင့် သွေးကြောရောဂါများ၊ ဆီးချိုသွေးချို၊ အဝလွန် ခြင်း စသော ကျန်းမာရေး အခြေအနေအမျိုးမျိုး မဖြစ်အောင် လူများစွာသည် သတ်သတ်လွတ် အစားအစာများကို ရွေးချယ် ကြသည်။ အချို့က ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု သို့မဟုတ် လူမျိုးရေး အကြောင်းရင်းများကြောင့် အသား၊ငါးများကို ရှောင်ကြဉ်ကြသည်။ ကလေးတွေ အတွက်ကရော ? ။ သတ်သတ်လွတ် အစားအစာသည် သူတို့အတွက် သင့်တော် ပါသလား။   သတ်သတ်လွတ် အစားအစာဆိုတာ ဘာလဲ။ သတ်သတ်လွတ် အစာ သုံးမျိုးကို အောက်တွင် ဖော်ပြ ထားပါသည်။ Lacto-ovo vegetarians Lacto-ovo vegetarians ဆိုသည်မှာ အသား၊ ငါး၊ ကြက်၊ဘဲ တို့ကို မစားခြင်းဖြစ်သည်။ နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဥများ၊ ပဲများ၊ အခွံမာသီးများ၊ ဟင်းသီးဟင်းရွက်များ စသည်တို့မှ ပရိုတိန်း ရနိုင်သည်။ Lacto-vegetarians Lacto-vegetarian […]


အခြားကလေးကျန်းမာရေးပြဿနာများ

BMI အကြောင်း မိဘတိုင်း သိထားသင့်သော အရာများ

ကလေးများ၏ ခန္ဓါကိုယ်သည် ကြီးပြင်းလာသည်နှင့် အမျှ ပြောင်းလဲလာသည်။ မိဘများသည် သူတို့ ပိန်လွန်း သို့မဟုတ် အဝလွန်ခြင်း မဖြစ်စေရန် သူတို့၏ ကိုယ်အလေးချိန်ကို သေချာ စောင့်ကြည့်သင့်သည်။ မိဘများကို ကူညီပေးနိုင် သော အသုံးအဝင်ဆုံးနှင့် လူသိအများဆုံး နည်းလမ်းတစ်ခု မှာ BMI ဖြစ်သည်။ ဤဆောင်းပါးတွင် သင့်ကလေး ကျန်းမာရေးနှင့်အညီ BMI ချပ်ကို အကောင်းဆုံး အသုံးပြု နိုင်အောင် သင်လိုအပ်သော အချက်အလက်များကို ရေးသားထားပါသည်။   ကလေးငယ်များအတွက် BMI ခန္ဓါကိုယ်အလေးချိန် ညွှန်းကိန်း (BMI) သည် သင်၏ အလေးချိန်နှင့် အရပ်အမြင့်ကို အခြေခံပြီး ခန္ဓါကိုယ်အဆီကို တိုင်းတာခြင်း ဖြစ်သည်။ အသက် ၂၀ နှင့် အထက် အရွယ် ရောက်ပြီးသော ယောက်ျားလေး၊ မိန်းကလေးအများစုတွင် တိုင်းသည်။ BMI […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

သင်၏ ၈နှစ်မှ ၁၂နှစ်အရွယ် ကလေးသည် PE ကိုမကြိုက် ပါက ဘယ်လိုလုပ်မလဲ

လူပျိုပေါက်မဖြစ်မီအရွယ် ၈နှစ်မှ ၁၂နှစ်သည် ဖွဲ့ဖြိုးဆဲ အဆင့်တစ်ခု ဖြစ်သည်။ အစောပိုင်း ကလေးဘဝနှင့် လူပျို ပေါက် အရွယ်ကြား ဖြစ်သည်။ ဤအရွယ်တွင် ကိုယ်ကာယ ပညာရေး (PE) သည် ကလေး၏ ဖွံ့ဖြိုးမှုအတွက် အလွန်အရေး ပါသည်။ သို့သော်လည်း တစ်နေ့တွင် သင့်ကလေးသည် PE ကို မုန်းသည်ဟုလာပြောပါက ဘယ်လိုလုပ်မည်နည်း။ ကိုယ်ကာယ ပညာရေးကို သင့်ကလေး စိတ်ဝင်စားလာအောင် သင် ဘယ်လိုလုပ်သင့် သလဲ။   သင့်ကလေးသည် အားကစားအား ဘာကြောင့်မုန်းသလဲကို သိရှိအောင် ဖော်ထုတ်ပါ။ သင်သည် ဆရာများ၊ သင့်ကလေး၏ သူငယ်ချင်းများ၊ နည်းပြများဖြင့် ဆွေးနွေးခြင်း သို့မဟုတ် သူတို့၏ အပြုအမူ ကို ဖော်ထုတ်ခြင်းဖြင့် သင့်ကလေး ဘာကြောင့် အားကစား ကို မကြိုက်သည်ကို သင်တွေ့ရှိနိုင်သည်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးများ အချင်းချင်း ရန်ဖြစ်သောအခါ

သင့်တွင် ကလေးများစွာ ရှိသောအခါ ကလေး တစ်ယောက်သည် အခြားတစ်ယောက်ကို ရိုက်သော အချိန် ရှိလာလိမ့်မည်။ မိဘတစ်ယောက်အနေဖြင့် သင်ဘယ်လို လုပ်သင့်သလဲ။ ကြိုတင်ကာကွယ်ထားပါ။ ကလေးများသည် တစ်ယောက်နှင့်တစ်ယောက် စိတ်ဆိုး ဒေါသထွက်နိုင်သည်။ ကလေးများသည် မောပန်းသောအခါ၊ ဆာလောင်သောအခါ သို့မဟုတ် ဒေါသထွက်သောအခါ သူတို့ ၏ စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်စွမ်း လျော့လာသည်။ သို့သော်လည်း အများစုတွင် ရန်ဖြစ်ခြင်းသည် မနာလိုမှု ကြောင့် ဖြစ်ပွားသည်။ ထို့ကြောင့် သင်သည် ရန်ဖြစ်လိုသော လက္ခဏာကို သတိပြုမိပါက ကလေးများကို ခွဲထားပါ။ စိတ်ဆိုး နေသော တစ်ယောက်ကို ချီပြီး နှစ်သိမ့်ပေးပါ။ သူတို့ကို သနား ကြင်နာပြပါ။ သူတို့သည် အလွန်ဒေါသထွက်နေပါက ဒေါသ ပေးထွက်လိုက်ပါ။ သင်တာဆီးရန်လိုသည်မှာ ရန်ဖြစ်ခြင်းသာ ဖြစ်သည်။ ကလေး၏ ဒေါသမဟုတ်ပါ။   နာသွားသောကလေးကို အားပေးနှစ်သိမ့်ပါ။ ကာကွယ်ခြင်းလုပ်ထားသော်လည်း […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးသည် ရုပ်မြင်သံကြားကို တစ်နေကုန် ထိုင်ကြည့် သူဖြစ်နေပါက

ကလေး ၁၀ ယောက်မှ ၁ယောက်သည်သာ နေ့စဉ် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု လုံလောက်စွာ ရှိသည်ဟု လေ့လာမှု အသစ်တစ်ခုအရ ဆိုသည်။ ကျန်သော ၉၀ ရာခိုင်နှုန်းသော ကလေးမှာ ရုပ်မြင်သံကြားကို တစ်နေကုန်ထိုင်ကြည့်သူများ ဖြစ်သည်။ ပျင်းရိသော နေထိုင်မှုရှိသော ကလေးများသည် အရွယ်ရောက်လာသောအခါ အဝလွန်ခြင်း၊ နှလုံးရောဂါများ ဖြစ်နိုင်ချေ မြင့်တက်သည်။ ထို့ကြောင့် သင့်ကလေးသည် ရုပ်မြင်သံကြားကို တစ်နေကုန်ထိုင်ကြည့်သူဖြစ်လာပါက သင် ဘာလုပ်သင့်သလဲ။ အရင်းခံ အကြောင်းရင်းများ ကလေးများကို ရုပ်မြင်သံကြား တစ်နေကုန် ထိုင်ကြည့် သူများ ဖြစ်လာစေသော အကြောင်းရင်း အမျိုးမျိုး ရှိသည်။ ကလေးများသည် တစ်ကိုယ်ကောင်းဆန်သော၊ လွတ်လပ်စွာ နေထိုင်လိုသောစိတ် ဖြစ်ပေါ်လာသော ကြောင့် သူတို့သည် သူတို့ဘာသာသူတို့ အခြားဝါသနာ များကို ရှာဖွေကြသည်။ အချို့သည် စာလုပ်ရာတွင် အရမ်းစိတ်ပါလာပြီး […]


အခြားကလေးကျန်းမာရေးပြဿနာများ

ဘာကြောင့်သင့်ကလေးကို ဆွေမျိုးတစ်ယောက်အား ပွေ့ဖက် ရန် တွန်းအား မပေးသင့်သလဲ

လူများစွာသည် ငယ်စဉ်က ဆွေမျိုးတစ်ယောက်အား ပွေ့ဖက်ရန် သို့မဟုတ် နမ်းရန် မိဘများက ခိုင်းခဲ့သည်ကို မှတ်မိကြမည် ဖြစ်သည်။ ၎င်းသည် ဆွေမျိုးများအား ချစ်ခင်ရန် တန်ဖိုးထားတတ်ရန် ခိုင်းခြင်းဖြစ်သည်။ သို့သော်လည်း ယနေ့ ခေတ်တွင် ဆွေမျိုးများက ကလေးငယ်များအပေါ် လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက်မှုနှုန်း မြင့်တက်လာနေသောကြောင့် မိဘ များသည် ထိုအပြုအမှုကို မခိုင်းခင် နှစ်ခါပြန် စဉ်းစား သင့်သည်။ တွန်းအားပေးခြင်းသည် သင့်ကလေးကို ခြိမ်းခြောက်မှုများထံ ပြသနေခြင်း ဖြစ်သည်။ ကလေးများကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်း အများစုတွင် အလွဲသုံးစားလုပ်သူများသည် ကလေး၏ မိသားစုနှင့် ကောင်းစွာသိသူများဖြစ်ပြီး ကလေးနှင့် မိဘများ နှင့် ဆက်ဆံရေးတွင် ယုံကြည်ထိုက်သော နေရာတွင် ရှိသူ များဖြစ်သည်။ ဆွေမျိုးများသည် ခြွင်းချက်မဟုတ်ပါ။ ဆွေမျိုး များအားလုံးသည် မကောင်းသော ရည်ရွယ်ချက် […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

သင့်ကလေးရဲ့လည်ချောင်းနာခြင်းကို ချက်ခြင်းသက်သာစေမယ့် နည်းလမ်း၇ မျိုး။

လည်ချောင်းနာခြင်းကို ချက်ခြင်းကြီးသက်သာစေမယ့်နည်းလမ်းတော့ တကယ်မရှိပါဘူး ဒါပေမယ့် သင့်ကလေးတွေ လည်ချောင်းနာခြင်းရှိခဲ့ပါက သင့်ကလေးနေလု့ိသက်သာစေဖို့အတွက် သင်လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကတော့အများကြီးရှိပါတယ်။ တစ်ခါတစ်လေ ရိုးရှင်းတဲ့နည်းတွေက အကောင်းဆုံးပါပဲ။ သူတို့ ကို အနားယူခိုင်းဖို့နဲ့ ရေသောက်ဖို့ သေချာဂရုစိုက်ပေးပါ။ ကလေးတွေက အရည်အများကြီး ရမယ်ဆိုရင် ချွဲတွေကို ပျော်သွားစေပြီး မြန်မြန် အပြင်ထွက်စေပါတယ်။ အရည်သောက်ပေးခြင်းကလည်း လည်ပင်းနာခြင်းကို သက်သာစေပါတယ်။ သောက်နိုင်တဲ့အရည်တွေကတော့ ၁။ ရေ ကလေးတွေကိုရေအလုံအလောက်သောက်ခိုင်းဖို့ဟာ မရှိမဖြစ်လုပ်ရမယ့်အလုပ်ပါ ပြီးတော့ သူတို့နေလို့မကောင်းချိန်မှာ ရေဓါတ်ပြည့်ဝနေဖို့ကလည်း အလွန်ကိုအရေးကြီးပါတယ်။ ရေသောက်ခြင်းနဲ့ လည်ချောင်းနာခြင်းကို ဖြစ်စေမယ့်ပိုးတွေကို တိုက်ထုတ်နိုင်ပြီး ဖြစ်လာမယ့် ဓါတ်မတည့်မှုတွေကို အဝေး ကိုရှင်းလင်းထုတ်ပေးနိုင်ပါတယ်။ ကလေးတွေမှာ ရေဘယ်လောက်သောက်ဖို့လိုအပ်သလဲဆို တာ လူကြီးတွေလိုပဲ အပြောင်းအလဲရှိပါတယ်။ လူတစ်ယောက်ရဲ့လှုပ်ရှားမှု အပူချိန်နဲ့ရာသီဥတုအနေအထားပေါ်မူတည်ပါတယ်။ နောက်ပြီး အရေရွမ်းတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်စားခြင်းအပေ်ါလည်းမူတည်ပါတယ်။ တကယ်လို့ ဆီးက များသောအားဖြင့် အရောင်ကြည်တယ်ဒါမှမဟုတ် အဝါရောင်ခပ်ဖျော့ဖျော့ရှိတယ်ဆိုပါက သင့်ကလေးဟာရေဓါတ် အလုံအလောက်ရနေတယ်ဆိုတာသိနိုင်ပါတယ်။ ၂။ […]


ကလေးငယ်အာဟာရ

သင့်ကလေးရဲ့ အသက်တစ်နှစ်အောက်မှာ ရှောင်ရှားသင့်တဲ့ အစားအစာ၇မျိုး

သင့်ရဲ့ကလေးကို အစားအစာအမာတွေ စတင်ကျွေးတော့မယ့်အချိန်မျိုးမှာ သင့်ကလေးရဲ့ စားသောက်စာရင်းထဲမှာမထည့်သင့်တဲ့ တချို့အစားအစာ ပုံစံတွေရှိပါတယ်။ သင်က သင့်ကလေးလေးအတွက် လူကြီးစားသလိုအစားတွေကို ကျွေးချင်နေပါလိမ့်မယ် ဒါပေမယ့် တချို့သောအစားအစာတွေက သူတို့ရဲ့ အစာခြေစနစ်ကိုအနှောင့်အယှက်ဖြစ်စေပြီး တစ်ခါတလေမှာ လည်ပင်းမှာတစ်နေ နင်နေတတ်တာမျိုးဖြစ်တတ်ပါတယ်။ သင့်ကလေးကိုမကျွေးသင့်တဲ့အစားအစာ ၇ မျိုးအကြောင်းကို အောက်မှာဆက်လက်ဖတ်ရှုပေးပါ။ ပျားရည် ပျားရည်ဟာ အရသာရှိတယ် အာဟာရဓာတ်တွေပြည့်နေတယ်ဆိုပေမယ့် ကလေးရဲ့စားသောက်စာရင်းထဲအတွက်ဆိုရင်တော့ အဆိပ်အတောက်ဖြစ်စေတတ်ပါတယ်။ ပျားရည်ထဲမှာ Clostridium botulinumလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးမွှားတွေပါနေတတ်ပါတယ်။၎င်းက ဘောကျူလစ်ဇင်လို့ခေါ်တဲ့ရောဂါရဲ့ လက်သည်ပါပဲ။ အသက်တစ်နှစ်အောက်ငယ်တဲ့ကလေးတွေရဲ့ အူလမ်းကြောင်းဟာ အားနည်းနေသေးတာကြောင့် ပျားရည်ထဲမှာပါတဲ့ ဒီဘက်တီးရီးယားပိုးမွှားတွေကို မတားဆီးနိုင်တာ၊ ပြန်မတိုက်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဘောကျူလစ်ဇင်ဆိုတာ ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ သို့သော်လည်း ကလေးတွေကို သေတဲ့ထိဖြစ်စေတာမျိုးတော့ရှားပါတယ်။ ဒါပေမယ့် ကလေးတွေမှာ အစားအသောက်ပျက်တာမျိုး နို့သိပ်မစို့တာမျိုး ဝမ်းချုပ်တာမျိုး ရေဓာတ်ခမ်းခြောက်တာမျိုးတို့ဖြစ်တတ်ပါတယ်။ နွားနို့နှင့် ပဲနို့များ နွားနို့နဲ့ပဲနို့တွေထဲမှာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဒါပေမယ့် […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ခြင်းကြောင့် မိခင်မှာ အကျိုးရှိစေမယ့်အချက် ၉ချက်

နို့်တိုက်ခြင်းဆိုတာ ကလေးတွေအတွက်ကောင်းတယ်ဆိုတာ သိကြပါတယ်။ မိခင်နို့ဆိုတာ ကလေးအတွက် အာဟာရအကုန်ပြည့်စုံပြီး မှန်ကန်တဲ့အချိန် မှန်ကန်တဲ့ အပူချိန်မှာ တစ်ခါတည်းတိုက်ကျွေးနိုင်တဲ့ သဘာဝနည်းလမ်းတစ်ခုပါပဲ။ နို့တိုက်ခြင်းဆိုတာ မိခင်တွေအတွက် သဘာဝကပေးတဲ့လက်ဆောင်တစ်ခုပါပဲ။ မိခင်ကလေးမွေးပြီးချိန်မှာ နို့တိုက်ခြင်းကြောင့် မိခင်ကရရှိတဲ့အကျိုးကျေးဇူးတွေအများကြီးပါပဲ။ မိခင်က သူ့မွေးစကလေးလေးကိုနို့တိုက်ခြင်းက ရတဲ့ ပျော်ရွှင်မှု၊ငြိမ်းချမ်းမှု၊စိတ်ကျေနပ်မှုတို့အပြင် အောက်ကပြောပြမယ့်အကျိုးကျေးဇူးတွေကလည်း ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့အချက်တွေပါ။   မျိုးပွားအင်္ဂါနဲ့ဆိုင်သော ကင်ဆာများ အခုလက်ရှိ လေ့လာထားတဲ့ အချက်အလက်တွေအရ ကလေးကို မိခင်နို့ ၆လနဲ့ ၆လအထက် တိုက်ကျွေးခြင်းကြောင့် အန္တရာယ်ရှိအချက်တွေကို လျှော့ချလို့ရပါတယ်။ ကလေးကို နို့တိုက်ခြင်းကြောင့် သားဥအိမ်ကင်ဆာနဲ့ သားအိမ်ကင်ဆာတို့ဖြစ်နိုင်ချေကိုလျှော့ချပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သားဥကြွေခြင်းနဲ့ သားဥကြွေစေတဲ့ ဟော်မုန်းကို ဖိနှိပ်ထားလို့ကင်ဆာဖြစ်စေနိုင်တဲ့ အခြေအနေကို နည်းစေပါတယ်။ ကင်ဆာဖြစ်ရခြင်းတွေမှာ အဲ့ဒီ သားဥကြွေခြင်းကလည်း အဓိက နေရာကပါဝင်ဆောင်ရွက်နေလို့ဖြစ်ပါတယ်။ မိခင်နို့မတိုက်တဲ့ အမေတွေ ဒါမှမဟုတ် သုံးလအောက်ထိပဲ နို့တိုက်တဲ့မိခင်တွေ နောက်ပြီး ၄လမှ ၁၂လအထိ နို့တိုက်တဲ့မိခင် တွေမှာ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းရဲ့ ကောင်းကျိုးများ

မိခင်နို့ တိုက်ကျွေးခြင်းသည် မွေးကင်းစကလေးငယ်အတွက် မရှိမဖြစ်လိုအပ်သော အစာအာဟာရများကို ဖြည့်တင်းပေးသည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထို့အပြင် မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်အတွက် သိသာထင်ရှားသော ကျန်းမာရေးကောင်းကျိုးများစွာ ပေးစွမ်းပါသည်။ သိပ္ပံနည်းကျစစ်ဆေးချက်များအရ မွေးခါစပထမ ၆ လတွင် မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းသည် မွေးကင်းစကလေးအတွက် အကောင်းဆုံးဖြစ်သည်။ ဒီအချိန်ကျော်လွန်သွားပြီးလျှင် ကလေးငယ်ကို ဖြည့်စွက်စာ စတင်ကျွေးရမည် ဖြစ်ပြီး မိခင်နို့တိုက်ကျွေးခြင်းကို ၂ နှစ် ထက်ပို၍ တိုက်ကျွေးနိုင်သည်။ ရင်သွေးအတွက် မိခင်နို့ တိုက်ကျွေးခြင်းရဲ့ ကောင်းကျိုးတွေက ဘာလဲ မိခင်နို့တွင် ရင်သွေးငယ်ရင်သန်ကြီးထွားရန် အာဟာရဓါတ် အလုံအလောက်ပါရှိသည်။ မိခင်နို့သည် ဗီတာမင်၊ ပရိုတင်း(အသားဓါတ်) နှင့် အဆီဓါတ်များ အပြည့်စုံဆုံးနီးပါး ပေါင်းစပ်ပါဝင်သည်။ ပါဝင်သော အစာအာဟာရအားလုံးသည် ကလေးဖြည့်စွက်စာဖော်မြူလာများနှင့် နှိုင်းယှဉ်လျှင် ပို၍ အစာကြေလွယ်နိုင်သည်။ မိခင်နို့တွင် ဗိုင်းရပ်စ် နှင့် ဘတ်တီးရီးယားပိုးမွှားများကို ကာကွယ်ပေးနိုင်သော ခုခံအားကောင်းစေသည့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း