ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးကို စိတ်ကူးဉာဏ်ရင့်သန်စေဖို့ လုပ်ပေးသင့်တဲ့ အရာ (၅)မျိုး

ကလေးကို တီထွင်ဖန်တီးမှုကောင်းမွန်သူအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်ပေးဖို့က မိဘတွေမှာတာဝန်ရှိတယ်ဆိုတာကိုပြောပြနေစရာမလိုအောင်သိထားပြီးဖြစ်မှာပါ။ မိဘတိုင်းအနေနဲ့လည်း သားသမီးတွေကို စိတ်ကူးဉာဏ်ရင့်သန်ပြီး ဖန်တီးမှုကောင်းမွန်တဲ့သူတွေအဖြစ် ကြီးပြင်းစေချင်ကြမှာပါ။ ဒါပေမယ့် ဒီဆန္ဒကို အကောင်အထည်ဖော်ဖို့က တစ်ခါတစ်လေမှာ အဆင်မပြေတာမျိုးရှိပါတယ်။ တစ်နေ့တာမှာ များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရင်း ကလေးတွေကိုပြုစုပျိုးထောင်ဖို့အတွက် အချိန်မပေးနိုင်တာမျိုးကြုံရနိုင်သလို ကလေးတွေက ကိုယ့်ကိုလိုအပ်မယ်ဆိုတာကိုမေ့နေတာမျိုးလည်းရှိနိုင်ပါတယ်။ ကံကောင်းတာတစ်ခုက ကလေးတွေက သူတို့သဘာဝအလျောက် အရမ်းကို စိတ်ကူးဉာဏ်ရင့်သန်ကြပြီးမွေးလာကတည်းက ဖန်တီးလိုစိတ်တွေပါလာကြတာပါ။ သူတို့လေးတွေက အသစ်အဆန်းတွေကို ဖန်တီးလိုကြပြီး အတွေ့အကြုံအသစ်တွေနဲ့ ပတ်ဝန်းကျင်အသစ်တွေကို ထိတွေ့တဲ့အခါ စူးစမ်းလိုစိတ်နဲ့အတူ ဖန်တီးဆန်းသစ်လိုစိတ်ကအလိုလိုဖြစ်ပေါ်လာတတ်ကြပါတယ်။ ဒါကြောင့်ဖေဖေမေမေတို့အနေနဲ့ မိမိရင်သွေးကို ဖန်တီးမှုစွမ်းရည်ကောင်းမွန်တဲ့ ကလေးတစ်ဦးအဖြစ်ကြီးပြင်းလာစေဖို့ဆိုရင် ကလေးရဲ့ လုပ်ဆောင်မှုတွေကို အားပေးပေးဖို့လိုသလို ကလေးတွေရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ သွားရောက်ထိန်းချုပ်မိတာမျိုး မဖြစ်စေဖို့ သတိထားသင့်ပါတယ်။ ငယ်စဉ်ကတည်းက စိတ်ကူးဉာဏ်ရင့်သန်တဲ့ ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ တီထွင်ဖန်တီးမှုကောင်းသူတွေအဖြစ်အရွယ်ရောက်လာတတ်ကြပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းကောင်းမွန်သူတွေကပြဿနာတွေကိုလည်းကောင်းကောင်းဖြေရှင်းနိုင်ပါတယ်။ ဒီတော့ ကလေးကိုဖန်တီးမှုစွမ်းရည်ကောင်းမွန်တဲ့သူတစ်ဦးဖြစ်လာစေဖို့ ဒီလိုပျိုးထောင်ပါနော် ၁။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို ဒါတွေမကျွေးပါနဲ့

ကလေးကို အာဟာရြပည့်ဝပြီး ကျန်းမာတဲ့အစားအသောက်တွေကျွေးချင်တဲ့ဆန္ဒ မိဘတိုင်းလိုလိုမှာရှိကြပါတယ်။ တစ်ခါတလေစားကောင်းလို့ ကိုယ်က သူတို့ကိုကျွေးချင်ပေမယ့် ကလေးတွေရဲ့ အစာခြေစနစ်က လူကြီးတွေလိုမျိုး အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။ ဒါပေမယ့် အရာရာတိုင်းက ကိုယ့်အတွက် သင့်တော်တယ်ဆိုရင်တောင် ရင်သွေးလေးနဲ့ သင့်တော်ဖို့က သိပ်မဖြစ်နိုင်ပါဘူး။ ဒီတော့ ကလေးကို ဘာတွေမကျွေးသင့်ဘူးလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။ ဒီအစားအစာတွေက ကလေးကို မကျွေးသင့်ပါဘူး အသင့်စား အစားအစာတွေ ဈေးဝယ်စင်တာမှာ အလွယ်တကူဝယ်ယူလို့ရတဲ့ အသင့်စား အစားအစာတွေက အဆီနဲ့အငန်ဓါတ်ကဲပါတယ်။ လူကြီးတွေအတွက်တောင် ကျန်းမာရေးထိုက်စေနိုင်တဲ့ ဒီအစားအစာတွေက ကလေးတွေကို မကျွေးသင့်ဘူးဆိုတာပြောနေစရာတောင်မလိုပါဘူး။ ဒါကြောင့် ကလေးတွေကိုဈေးဝယ်ခေါ်သွားတဲ့အခါ ကလေး လက်ညှိုးထိုးတိုင်း မဝယ်ပေးပါနဲ့။ ပြုပြင်ထားတဲ့အသားတွေ ပြုပြင်ထားတဲ့ အသားတွေမှာ ဆားနဲ့ နိုက်ထရိတ်တွေအများကြီးပါဝင်နေတတ်ပါတယ်။ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ အမဲသားဆီသွတ်ဗူးတွေအလွန်အကျွံစားသုံးမှုက နှလုံးရောဂါ၊ အစာအိမ်နဲ့ အူမကြီးကင်ဆာအပါအဝင် နာတာရှည်ရောဂါတော်တော်များများကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတွေကိုပြုပြင်ထားတဲ့အသားတွေမကျွေးပါနဲ့။ သကြားလုံးတွေ အချိုတွေအလွန်အကျွံစားသုံးမှုက ကလေးရဲ့ သွားကြွေလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေလည်း ဆီးချိုသွေးချိုအန္တရာယ် ရှိနေနိုင်တယ်နော်

ဆီးချိုသွေးချိုဆိုတာ လူကြီးတွေမှာ(အထူးသဖြင့် သက်ကြီးပိုင်းတွေ) မှာပဲဖြစ်တတ်တဲ့ရောဂါတစ်ခုလို့ ထင်ကြပါတယ်။ ခုခေတ် ဟိုမှာဒီမှာ ကြားရလွန်းလှတဲ့ ဆီးချိုရောဂါဆိုတာ တကယ်တော့ အရွယ်သုံးပါးမရွေးပါဘူးနော်။ သက်ကြီးပိုင်းတင်မကဘူး၊ လူငယ်၊လူလတ်မကျန် ကလေးပေါက်စလေးမှာလည်း ဆီးချိုအန္တရာယ်ရှိနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါနှစ်မျိုးထဲမှာ မွေးရာပါဖြစ်တဲ့ အမျိုးအစား ၁ အန္တရာယ်အတွက်တော့ ကြိုတားဆီးလို့မရနိုင်ပေမယ့် အကြောင်းရင်းခံတချို့ကြောင့်နောက်ပိုင်းမှဖြစ်လာနိုင်တဲ့ အမျိုးအစား ၂ အတွက်တော့ ကြိုတင်ကာကွယ်လို့ရပါတယ်။ပြဿနာက အမျိုးအစား ၂ ရဲ့လက္ခဏာကို မသိလိုက်တာမျိုးရှိတတ်တာပါပဲ။ အများစုကရောဂါတဖြည်းဖြည်းအဆင့်တက်လာတာကို မသိလိုက်ဘဲ လက္ခဏာလည်း သိပ်မတွေ့ရတတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ကလေးမှာ ဆီးချိုအန္တရာယ်ရှိမရှိကို သိနိုင်ဖို့ ဒီလက္ခဏာ (၆) ခုကို အဓိကသတိထားကြည့်သင့်ပါတယ်။ ကလေးက - (၁) ပုံမှန်ထက်ပိုပြီးမောပန်းအားကုန်လွယ်သလား ကလေးတွေကစားနေကျအတိုင်းနည်းနည်းပြေးလွှားဆော့လိုက်ရုံနဲ့ ကိုယ့်ကလေးက ပုံမှန်ထက် ပိုမောနေလား၊ နုံးချိပြီးခွေသွားရောပဲလား သတိထားကြည့်ပါနော်။ ကလေးပုံစံက ပုံမှန်ထက် တအားပိုပင်ပန်းနေပြီး အိပ်ချင်နေပုံရတယ်ဆိုရင်သွေးတွင်းသကြားဓါတ်အပြောင်းအလဲကြောင့် အားကုန်နွမ်းနယ်နေတာဖြစ်နိုင်ပါတယ်။ (၂) ခဏခဏ ဆီးသွားနေလား သွေးထဲမှာရှိတဲ့ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးတွေမှာ တွေ့ရတတ်တဲ့ အာဟာရဓာတ်ချို့တဲ့မှု ပြဿနာ

လူတွေရဲ့ တစ်နေ့တာမှာ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ၊ အာဟာရဓာတ်တွေ ရရှိမှ ကိုယ်ခန္ဓာက ကောင်းစွာ ဖွံ့ဖြိုးကြီးထွားပြီး သာမန်လူတွေထက် ကိုယ်ခံအားရော ကျန်းမာရေးပါ ပိုကောင်းမှာပါ။ ကလေးတွေ အရိုးသန်မာဖို့၊ ကိုယ်ခန္ဓာကြီးထွားဖို့၊ ကျန်းမာရေးကောင်းဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဗီတာမင်နဲ့ အာဟာရဓာတ်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံအချို့မှာ ရှိတဲ့ ကလေးတွေဟာ နေ့စဉ် လုံလောက်တဲ့ အစာအာဟာရတွေ မရရှိကြပါဘူး။ ဒီလိုကလေးတွေဟာ ကြီးပြင်းလာတဲ့အခါမှာ ကိုယ်လက်အင်္ဂါမသန်မစွမ်းဖြစ်တာ၊ ကျန်းမာရေးချူချာတာ၊ အလွယ်တကူ ဖျားနိုင်တာ၊ ကိုယ်ခံအားနည်းတာအပြင် တခြားသော ဘေးဒုက္ခတွေကိုပါ ကြုံတွေ့လာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်အကြောင်း၊ ပြင်ဆင်ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ ကလေးတွေအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘာတွေကြောင့်များ ကလေးကို ဉာဏ်ပိုဖွံ့ဖြိုး၊ ပိုထွားစေတာလဲ

ကလေးကထွားလိုက်တာ လို့အပြောခံချင်တာက ကိုယ်ဝန်စရှိကတည်းကပါ။ လကရင့်လာပြီ ဗိုက်ကမထွက်သေးဘူး၊ ကလေးကညှက်မှာလား မသိဘူးဆိုတဲ့ သုံးသပ်မှုတွေကို မေမေလောင်းတွေမကြားချင်ပါဘူး။မွေးပြီဆိုလည်း ဘယ်နှပေါင်လဲ လို့မေးကြတာထုံးစံ။ ကလေးကထွားတယ်၊ ဘယ်နပေါင်တောင်ရှိတာ လို့ ဒီဘက်ကလည်းပြန်ကြွားချင်တာပေါ့။ ဒီလိုကလေးအတွက်ပျော်ရွှင်မော်ကြွားရဖို့ကို ကိုယ်ဝန်ဆောင်စဉ်တည်းက ဂရုတစိုက်နေထိုင်ခဲ့ရပေမယ့် တကယ့်အရေးကြီးတဲ့အချိန်က အခုမှစမှာပါ။ မွေးပြီးနောက်ပိုင်း ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှန်သမျှကလည်းမေမေတို့လက်ထဲမှာပါပဲ။ ဒါ့ကြောင့် ကလေးရဲ့ဖွံ့ဖြိုးမှု၊ ကြီးထွားမှုတွေကို ဘယ်အချက်တွေက သက်ရောက်မှုရှိနေသလဲဆို သိထားသင့်တယ်လေ။ သိထားမှလည်း အချိန်မီ ပိုဂရုစိုက်သင့်တာစိုက်၊ အတိုးအလျှော့လုပ်နိုင်တော့မှာပေါ့။ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ လွှမ်းမိုးသက်ရောက်နေတဲ့အချက် (၆) ချက် (၁) မျိုးဗီဇ ကလေးတွေက မိဘဆီက မျိုးဗီဇတွေကို လက်ဆင့်ကမ်း ဆက်ခံကြတာသဘာဝပါ။ အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ ခန္ဓါကိုယ်တည်ဆောက်ပုံ၊ မျက်လုံးအရောင်၊ ဆံပင်အရောင်၊ ဉာဏ်ရည်ဉာဏ်သွေး၊ပင်ကိုစွမ်းရည် စတဲ့ အပိုင်းတွေအားလုံးကို လွှမ်းမိုးနိုင်တဲ့အချက်တွေဖြစ်ပါတယ်။ ဒါတွေအပြင် နှလုံး၊ ဆီးချို၊အဝလွန် စတဲ့ရောဂါတွေကိုလည်း မျိုးဗီဇကနေ ဆက်ခံရရှိတတ်ပြီး ဒီအချက်ကြောင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအတွက် ဘေးကင်းတဲ့ ကစားစရာလေးတွေ ဘယ်လိုရွေးမလဲ

ကစားစရာတွေနဲ့ ကလေးတွေဆိုတာ ခွဲထားလို့မရတဲ့ သူငယ်ချင်းတွေပါပဲ။ ကလေးတွေရဲ့ပျော်ရွှင်မှု၊ တက်ကြွမှု၊ ဖွံ့ဖြိုးမှုတွေကို ကစားစရာပစ္စည်းလေးတွေက အထောက်အကူပြုနေသလို ကလေးဘဝရဲ့အမှတ်တရများစွာကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ ကလေးပစ္စည်းအရောင်းဆိုင်တွေရောက်ရင် အသစ်အဆန်းလေးတွေ၊ ကိုယ့်ကလေးကြိုက်လောက်တဲ့ အမျိုးအစားတွေမြင်ရင် ဝယ်ချင်လာကြမှာ မိဘတိုင်းပါပဲ။ဆွေမျိုးတွေနဲ့မိတ်ဆွေတွေကလည်း ကလေးအတွက်ကစားစရာလက်ဆောင်တွေပေးကြမှာပဲ။ သူကလေ အိမ်မှာ ကစားစရာတွေ၊ အရုပ်တွေပုံနေတာ၊ အရုပ်သူဌေး ဆိုပြီး မိဘတွေကပြောတတ်ကြပါတယ်။ ကလေးမှာ ကစားစရာများတိုင်း အကုန်ပေးမကိုင်သင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကလေးတွေအတွက်ဘေးကင်းစိတ်ချရစေဖို့ အသက်အပိုင်းအခြားအလိုက် ခွဲခြားထားတဲ့ကစားစရာတွေကိုပဲပေးသင့်ပါတယ်။ ဥပမာ ပလတ်စတစ်ဓါးလို အရာမျိုးကို တစ်နှစ်ဝန်းကျင်ကလေးကို မပေးသင့်တာမျိုး။ ကလေးငယ်လေးတွေအတွက် အရေးကြီးဆုံးကဘေးအန္တရာယ်ကင်းကင်းနဲ့ကြီးပြင်းလာဖို့ဖြစ်တဲ့အတွက် ကစားစရာရွေးချယ်ရာမှာလည်း ကလေးနှစ်သက်တာ၊လှတာ၊ဈေးကြီးတာတွေထက်ဘေးကင်းရေးကိုပိုအလေးထားသင့်ပါတယ်။ ဒါဆိုကလေးအတွက် အန္တရာယ်ကင်းတဲ့ကစားစရာဘယ်လိုရွေးရမလဲ။ သိပ်တော့မခက်ပါဘူး။ ဒီအချက်လေးတွေဖတ်ထားရင်ပဲတော်တော်လုံလောက်နေပါပြီ။ ခဲဓါတ်ပါတာတွေရှောင်ပါ ခဲဓါတ်ကို အိမ်သုတ်ဆေးတွေထုတ်လုပ်ရာမှာထည့်သွင်းအသုံးပြုလေ့ရှိပြီး ကလေးကစားစရာတွေမှာတော့ သုံးတဲ့ဆေးရောင်၊ ပလတ်စတစ် ဒါမှမဟုတ် သံသတ္တုတွေမှာပါတဲ့ခဲဓါတ်ကိုတွေ့ရတတ်ပါတယ်။ သတ္တု သို့မဟုတ် ပလတ်စတစ်တွေနဲ့လုပ်တဲ့ အရုပ်ကားလေးတွေ၊ စက်ရုပ်တွေမျိုးကို နည်းနည်းအရွယ်ကြီးလာတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ငယ် ရေချိုးပေးမယ်

လူ့လောကထဲရောက်လာတဲ့ အဖွဲ့ဝင်အသစ်လေးကို ကြိုဆိုတဲ့နေရာမှာ ဗဟုသုတတွေလေ့လာသင့်သလောက်လေ့လာထားမှတော်ကာကျပါတယ်။ ကိုယ်လုပ်နေကျအတိုင်း ကလေးကို ဖြစ်ကတတ်ဆန်းလုပ်ပေးရင် တကယ်တမ်း တစုံတခုဖြစ်လာတဲ့အခါ ကိုယ်ပဲရင်နာရမှာပါ။ နုနယ်လွန်းတဲ့ ကလေးလေးတွေရဲ့ဝေယျာဝစ္စတွေက လူကြီးတွေနဲ့မတူပါဘူး။ အသေးစိတ်ကအစ အရာရာဂရုစိုက်ရပါတယ်။ ကလေးကိုပြုစုစောင့်ရှောက်တဲ့နေရာမှာ မိဘတွေကသန့်ရှင်းရေးကို အရမ်းဂရုစိုက်ကြပါတယ်။ရောဂါဝင်မှာကြောက်ပြီး ပစ္စည်းတွေသန့်မှ၊ ပတ်ဝန်းကျင်သန့်မှဖြစ်မယ်လို့ လက်ခံထားကြတာပါ။ ကလေးကိုလည်း သန့်ရှင်းနေမှဖြစ်မယ်ဆိုပြီးရေချိုးပေးဖို့ ကြိုးစားကြပါတယ်။ တကယ်တော့မွေးကင်းစအရွယ်တွေကိုရေချိုးပေးဖို့မလိုသေးပါဘူး။ သူတို့ရဲ့အရေပြားက အရမ်းကိုခြောက်သွေ့လွယ်တဲ့အပြင် ချက်ကြိုးတွေမကြွေသေးတဲ့ကလေးကိုရေပတ်တိုက်သန့်စင်တာပဲ လုပ်ပေးသင့်ပါတယ်။ တစ်လမပြည့်သေးတဲ့ ကလေးငယ်ကိုနေ့တိုင်းရေချိုးပေးဖို့မလိုအပ်ပါဘူး။ အမြဲသန့်စင်ပေးဖို့လိုအပ်တဲ့ မျက်နှာ၊ လည်ပင်းနဲ့ပေါင်ကြားဧရိယာတွေကိုပဲရေမြှုပ် သို့မဟုတ်ရေဝတ်လေးနဲ့သန့်စင်ပေးလို့ရပါတယ်။ ကလေးကို တစ်ပတ်ကို နှစ်ကြိမ်လောက်ထက် ပိုပြီးရေမချိုးပေးပါနဲ့။ ရေပတ်တိုက်ပေးပါ မွေးကာစကလေးငယ်ကိုရေမြှုပ် သို့မဟုတ် တဘက်နုနုလေးကို ကြက်သီးနွေးရေလေးဆွတ်ပြီးရေပတ်တိုက်သန့်စင်ပေးတာအကောင်းဆုံးပါ။ မျက်နှာလေးနဲ့လက်လေးတွေကို မကြာခဏ သန့်စင်ပေးပါ။သေးခံ diaper လဲပြီးတိုင်းပေါင်ကြားတဝိုက်ကို ညင်သာစွာသန့်စင်ပေးပါ။ လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေအသင့်ပြင်ထားပါ ကလေးကိုရေချိုးပေးမယ်ဆိုရင် လိုအပ်မယ့်ပစ္စည်းတွေအသင့်ပြင်ထားဖို့လိုပါတယ်။ရေချိုးဆပ်ပြာ၊ တဘက်၊ ကလေးခေါင်းလျှော်ရည်၊ရေချိုးဇလုံ၊ရေနွေး စတာတွေအပြင်ရေချိုးပြီးရင် ကလေးကိုခြုံပေးမယ့် အနှီး၊ ဝတ်ပေးမယ့် အဝတ်အစားတွေကို အသင့်ပြင်ဆင်ထားပါ။ရေပတ်ပဲတိုက်မယ်ဆိုရင်ရေဝတ်တဘက်နုနု၊ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

HPV က သင့်ရဲ့ကလေးတွေကိုဘယ်လို ထိခိုက်စေနိုင်သလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ

Human Papillomavirus (HPV)ဆိုတာ Human Papillomavirus (HPV)ဆိုတာက လိင်ဆက်ဆံမှုကနေတဆင့် အများဆုံးကူးစက်တဲ့ ရောဂါတစ်မျိုးပါ။ HPVဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် လိင်အင်္ဂါတဝိုက်မှ ကြွက်နို့တွေ ဖြစ်လာနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ၊ လိင်တံကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ လျှာကင်ဆာလိုမျိုး ရောဂါတွေဖြစ်နိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ ကင်ဆာမဖြစ်ရင်တောင်မှ လူမှု့ဘဝနေထိုင်မှုကို ထိခိုက်စေနိုင်တဲ့ လိင်အင်္ဂါတဝိုက် ကြွက်နို့တွေဖြစ်တာကို ဖြစ်စေနိုင်ပါတယ်။ HPVဗိုင်းရပ်စ်က လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်ပြီး တော်တော်များများက ဒီဝေဒနာကို အရွယ်ရောက်ပြီးသူတွေလောက်ပဲ စိုးရိမ်ဖို့လိုအပ်တယ်လို့ ယူဆနေကြပါတယ်။ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာ သင်အနေနဲ့ ကလေးကို ငယ်ငယ်ကတည်းကHPV အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ဘာကြောင့် ကြိုတင်ပြင်ဆင်ထားသင့်တာလဲဆိုတဲ့ အကြောင်းအရင်းတွေကို အောက်မှာ သေသေချာချာရှင်းပြပေးထားပါတယ်။ HPVဗိုင်းရပ်စ်နဲ့ကင်ဆာရောဂါများ- Human Papillomavirus (HPV)ဆိုတာ ကမ္ဘာတလွှားမှာ အရမ်းအဖြစ်များနေတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ HPVဗိုင်းရပ်စ်က အမျိုးအစား၁၀၀ကျော်ရှိနေပြီး ဒီဗိုင်းရပ်စ်တွေထဲက […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ဆယ်ကျော်သက်အရွယ် သားသမီးရှိသူမိဘတိုင်း ဖတ်ထားသင့်တဲ့ အကြောင်းအရာ

မိဘတစ်ယောက်ဖြစ်လာပြီဆိုရင် ဆယ်ကျော်သက်အရွယ် သားသမီးကိုနားလည်နိုင်ဖို့အတွက် ပိုအဆင်ပြေတဲ့အချက်တစ်ချက်က ကိုယ်လည်းဒီအရွယ်ကိုကျော်ဖြတ်ခဲ့ဖူးတယ်ဆိုတာပါပဲ။ အသက် ၉ နှစ်လောက်ရောက်ပြီဆိုရင် ကလေးမှာ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတချို့ဖြစ်လာပြီးလောက်ပါပြီ။ နောက်သုံးနှစ်လောက်ကြာတဲ့အခါ သား သို့မဟုတ် သမီးလေးက မြီးကောင်ပေါက်လို့ခေါ်ကြတဲ့ အရွယ်ကို လုံးလုံး ရောက်ရှိသွားတော့မှာပါ။ အဲဒီအချိန်ကျရင်တော့ ခန္ဓာကိုယ်မှာပဲ အပြောင်းအလဲတွေဖြစ်မှာမဟုတ်တော့ပါဘူး။ စိတ်ပိုင်းဆိုင်ရာရော၊ အပြုအမူပိုင်းမှာပါ ပြောင်းလဲလာပါလိမ့်မယ်။ ဆယ်ကျော်သက်အရွယ် သားသမီးရှိသူမိဘတိုင်း ဖတ်ထားသင့်တဲ့ အကြောင်းအရာ ဆယ်ကျော်သက်အရွယ် သားသမီးရှိသူမိဘတိုင်း ဖတ်ထားသင့်တဲ့ အကြောင်းအရာတွေကတော့ အပြုအမူအပြောင်းအလဲ အများအားဖြင့် ဒီအဆင့်ကိုဖြတ်ကျော်ရတော့မယ့် ဆယ်ကျော်သက်တိုင်းဟာ အပြုအမူပိုင်းမှာ တစ်နည်းမဟုတ် တစ်နည်း ပြောင်းလဲလာတတ်ပါတယ်။ ဆယ်ကျော်သက်ကလေးတွေကို ထိန်းသိမ်းဖို့အတွက် အခက်အခဲဖြစ်ရတဲ့အချက်က ဒီအဆင့်မှာ ကလေးတွေက အကြောက်တရားနည်းပြီး လွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့အတွေးမှားတွေရှိတတ်တာပါ။ ဒီလိုဖြစ်ရတာက မိန်းကလေးရော၊ ယောကျာ်းလေးမှာပါ ခန္ဓာကိုယ်တွင်းဟော်မုန်းအပြောင်းအလဲတွေကြောင့်ပါ။ ဒါပေမယ့် ဒီအနေအထားမှာ မိဘတစ်ယောက်အနေနဲ့ ဘယ်လောက်ကောင်းကောင်းအားပေးစောင့်ရှောက်သလဲဆိုတာပေါ် အများကြီးမူတည်နေပါတယ်။ သားဖြစ်သူ၊ သမီးဖြစ်သူရဲ့ဖွံ့ဖြိုးမှုအတွက်က မိဘဆိုတာ အဓိကကျောထောက်နောက်ခံတစ်ခုပါပဲ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တခုခု ရှိနေပြီလား

မိဘတိုင်းဟာ ကိုယ့်သားသမီးကို ဒီကမ္ဘာပေါ်မှာ အချောဆုံး၊အလှဆုံး၊အတော်ဆုံး၊အထက်မြက်ဆုံး ဖြစ်စေချင်ကြတာ သဘာဝပါ။ ကိုယ့်ဗိုက်ထဲက ရင်သွေးလေး ထွက်လာပြီဆိုတာနဲ့ ကိုယ်လက်အင်္ဂါစုံရဲ့လား၊တခြားပြဿနာ ဘာများရှိနေသလဲ စတဲ့ ပူပန်စိုးရိမ်မှုလေးတွေ ရှိကြစမြဲပါပဲ။ တကယ်လို့ ရင်သွေးလေးမှာ တခုခု ချွတ်ချော်ယွင်းမှားနေပြီဆိုရင် ခေါင်းမိုးကြိုးပစ်ခံလိုက်ရသလို မိုက်ခနဲ၊ဒိန်းခနဲ ဖြစ်သွားတတ်ပါတယ်။ ဒါဟာ သဘာဝပါ။ ဒါပေမယ့် ဒီလိုပြဿနာနဲ့ ရင်ဆိုင်နေရတာ သင်တယောက်တည်း မဟုတ်ပါဘူး။ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေး ဗဟိုဋ္ဌာန (စီဒီစီ)ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုလို နိုင်ငံမှာတောင် နှစ်စဉ်ကလေးပေါင်း ၁၂၀၀၀၀ ဟာ မွေးရာပါချို့ယွင်းချက်တမျိုးမျိုးနဲ့ မွေးဖွားလာတယ်လို့ သိရပါတယ်။ ဒါကြောင့် သင်နဲ့ သင့်ရင်သွေးလေးကို ကူညီပေးနိုင်မယ့် နည်းလမ်းတွေ၊ကျွမ်းကျင်သူလူပုဂ္ဂိုလ်တွေဟာ သင့်လက်တကမ်းမှာပဲ ရှိနေတယ်ဆိုတာကို သိထားဖို့ အထူးအရေးကြီးပါတယ်။   မွေးရာပါ ချို့ယွင်းချက်ဆိုတာ ဘာလဲ   မိခင်ဝမ်းထဲက ကျွတ်ပြီဟေ့ဆိုတဲ့အချိန်မှာပဲ ကလေးနဲ့ အတူတကွ ပါရှိလာတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း